တရားဓမ္မဆိုတာ
လက်တွေ့ဘ၀နဲ့ မသက်ဆိုင်တဲ့
သီးခြားအကြောင်းအရာ မဟုတ်ဘဲ
လက်တွေ့ဘ၀ထဲက
အကြောင်းအရာ အဖြစ်အပျက်တွေကိုပဲ
အကောင်းအဆိုး
အကြောင်းအကျိုး မှန်ကန်စွာ
စနစ်တကျ နားလည်သိမြင်ခြင်း
ဖြစ်ပါတယ်။
ဘ၀ကို အပြုသဘောနဲ့
နားလည်သိမြင်ရင်
ကောင်းသော တရားဓမ္မ၊
မြတ်သော တရားဓမ္မဖြစ်လာပြီး
ဘ၀ကို အဖျက်သဘောနဲ့
နားလည်သိမြင်ရင်တော့
ဆိုးသောတရားဓမ္မ၊
ယုတ်သော တရားဓမ္မ ဖြစ်သွားပါတယ်။
Credit:
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) - စိတ်အားဖြည့် ဓမ္မပန်းပွင့် စာအုပ်
No comments:
Post a Comment