Sunday, June 9, 2013

ILO တွင် HIV/AIDS အစီအစဉ် အတွက် ကူညီရေး ၀န်ထမ်းများ လိုအပ်


AIDS ထက် ပိုဆိုးသည့် ရောဂါ တစ်မျိုး
လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ အနက် AIDS ထက် ပိုဆိုးသည့် ရောဂါ တစ်မျိုးကို ဂျပန်တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရောဂါကို ဖြစ်ပွားစေသော ရောဂါပိုးသည် လက်ရှိ အစွမ်းထက်သည့် ကူးစက်ရောဂါ တိုက်ဖျက်ဆေးများကို ကောင်းစွာ ခံနိုင်ရည် ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ Gonorrhea ခေါ် ဆေးဝါး ဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ် လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDS ကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန် သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေး ခဲ့သည်။

လတ်တလောတွင် အမေရိကန် လွှတ်တော်၌ အဆိုပါ ပိုးကို တိုက်ဖျက်နိုင်မည့် ဆေးဝါးသစ် သုတေသနပြု ဖော်ထုတ်ရန် ဒေါ်လာ (၅၄) သန်း ရန်ပုံငွေ ခွင့်ပြုရေး အတွက် တောင်းဆိုမှုများ ပြုလုပ်နေရသည်။ "ဒီပိုးရဲ့ အကျိုးဆက်က အချိန်တိုလေး အတွင်းမှာတင် AIDS ထက် ပိုဆိုးလိမ့်မယ်။ ဒီဘက်တီးရီးယား ပိုးမွှားရဲ့ ထိခိုက်မှုက ပိုပြင်းထန်တယ်။ လူတွေကိုလည်း ပိုပြီးမြန်မြန် ကူးစက်စေနိုင်တယ်" ဟု အဆိုပါ ပိုးမွှားနှင့် ပတ်သက်ပြီး လေ့လာနေသည့် ဆရာဝန် တစ်ဦးဖြစ်သော အလန်ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။ H041 ဟု Code သတ်မှတ်ထားသော Gonorrhea ကို (၂၀၀၉) ခုနှစ်က ဂျပန်ရှိ လိင်လုပ်သား တစ်ဦးထံတွင် စတင် တွေ့ရှိခဲ့သည်။

ထိုစဉ် ကတည်းက ဆေးဝါးဒဏ် ခံနိုင်သည့် စူပါရောဂါပိုး တစ်မျိုးအဖြစ် ပညာရှင်များက အသိအမှတ် ပြုလာကြသည်။ (၂၀၁၁) ခုနှစ်၊ မေလတွင်မူ ဟာဝိုင်ယီတွင် အခြား တစ်ဦး၌လည်း ယင်းပိုးမွှား ကူးစက် နေကြောင်း တွေ့ရှိ လာသည်။ ယင်းဘက်တီးရီးယားသည် အမျိုးသမီးများ၏ သန္ဓေတည်မှု ဖြစ်စဉ်ကိုလည်း အမှား အယွင်းများ ဖြစ်အောင် နှောင့်ယှက်နိုင်သည့် အခြေအနေမျိုး ရှိကြောင်း ပညာရှင်များက ယူဆထားသည်။  အဆိုပါ ပိုးမွှား၏ ပျံ့နှံ့မှုသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားနှင့် နော်ဝေးနိုင်ငံ တို့သို့လည်း ရောက်ရှိနေပြီဟု ယုံကြည်ရသည်။ AIDS ရောဂါကြောင့် နှစ်စဉ် လူပေါင်း သန်း (၃၀) မျှ သေဆုံးလျှက် ရှိနေပြီး ယခု စူပါပိုးမွှားသည့် H041 သည်လည်း အလားတူ ဆိုးရွားလှသည့် အကျိုးဆက်များ ဖြစ်လာစေနိုင်ပြီး အန္တရာယ် ကြီးလွန်းကြောင်း ပညာရှင်များက ဝန်ခံထားသည်။

Source: RT
Planet - AIDS ထက် ပိုဆိုးသည့် ရောဂါ တစ်မျိုး

ILO တွင် HIV/AIDS အစီအစဉ် အတွက် ကူညီရေး ၀န်ထမ်းများ လိုအပ်
 နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) သည် HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ အစီအစဉ်နှင့် ပူးပေါင်းကာ HIV/ AIDS ရောဂါဝေဒနာရှင်အား ရောဂါ ရှာဖွေရေး၊ နှစ်သိမ့်ဆွေးနွေးရေး၊ လျှို့ဝှက်ချက်အား ထိန်သိမ်း ထားပေးရေး လုပ်ငန်းများကို လုပ်ပေးနိုင်သော အကူအညီပေးရေး လုပ်အားပေး ငါးသန်းအား ၂၀၁၅ ခုနှစ် မတိုင်မီ ရရှိရေး အစီအစဉ်ကို ဇွန် ၆ ရက်က စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကူညီရေး အဖွဲ့ဝင်များသည် HIV ကူးစက်ခံရသူ လူနာများကို နှစ်သိမ့်ဆွေးနွေး ပညာပေးမှုမျာနှင့် လိုအပ်ပါက ဆေးဝါးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေး ရမည်ဟု အိုင်းအယ်လ်အိုက ပြောကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှ အလုပ်သမား ၀န်ကြီးဌာနများ၊ အလုပ် သမားများနှင့် အလုပ်သမား အဖွဲ့အစည်း များအား ခေါ်ယူ ပူးပေါင်းကာ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ အစီအစဉ်မှ ထုတ်ပြန်ချက်အရ လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ AIDS ရောဂါဝေဒနာရှင် ခုနစ်သန်းခန့်သည် ဆေးကုသခွင့် မရဖြစ်နေကြောင်း သိရသည်။

(ဆင်ဟွာ)


AIDS ဖြစ်ပွားမှု သုည အဆင့်ထိ ရောက်ရှိရေး သုတေသန မော်လမြိုင်ကို ရွေးချယ်

AIDS ရောဂါ ဖြစ်ပွားမှု သုည အဆင့်ထိ ရောက်ရှိရေး သုတေသန ပြုလုပ်ရန် မော်လမြိုင် မြို့ကို ရွေးချယ်ထားကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

AIDS ရောဂါ ဖြစ်ပွားမှု လျော့နည်း ပပျောက် သုည အဆင့်ထိ ရောက်ရှိရေး သုတေသနပြုလုပ် ခြင်းကို အာဆီယံ နိုင်ငံများရှိ မြို့များတွင် ပြုလုပ် ရန် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် အရ အာဆီယံ ၈ နိုင်ငံတွင်းရှိ မြို့ ၁၃ မြို့တွင် သုတေသန ပြုလုပ်ရန် သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

ပြည်နယ် ခုခံအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ သန့်ဇင်မင်းက မြန်မာနိုင်ငံ အနေဖြင့် သုတေသန ပြုလုပ် ရန် မော်လမြိုင်မြို့ကို ရွေးချယ် ရခြင်းမှာ မော်လမြိုင်မြို့သည် နယ်စပ် မြို့ဖြစ်ခြင်း၊ တစ်ဖက်နိုင်ငံသို့ ဝင်ထွက် သွားလာမှု လွယ်ကူခြင်း၊ စီးပွားရေး ကောင်းမွန်ခြင်း၊ သုတေသန ပြုလုပ်ရန် မြို့အနေ အထား၊ လူဦးရေ အနေအထား၊ အလွှာ စုံရှိခြင်း၊ NGO အဖွဲ့အစည်း များလည်း ရှိခြင်း တို့ကြောင့် ရွေးချယ် ရခြင်းဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် AIDS ရောဂါဖြစ်ပွားမှုမှာ ၂ဝ၁ဝ ပြည့်နှစ်တွင် ကောက်ယူသော စာရင်းအရ လူနာဦးရေ ၂ဝ၆ဝဝဝ ခန့် ရှိကြောင်း အာဆီယံ နိုင်ငံများ အတွင်း AIDS ရောဂါဖြစ်ပွားမှု အများဆုံး သုံးနိုင်ငံ တွင် မြန်မာနိုင်ငံ ပါရှိကြောင်း၊ AIDS ရောဂါ ကာကွယ်ရေးကို မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားရေး အသွင် တိုက်ဖျက်ရမည့် ရောဂါတစ်ခု အဖြစ် သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ သုတေသန လုပ်ငန်းများကို မော်လ မြိုင်မြို့တွင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် များမှသည် ရောဂါရှိ သူများအထိ တစ်ဦးချင်း စစ်တမ်းကောက် ယူသွားမည် ဖြစ်ကြောင်း၊ သုတေသနပြု တွေ့ရှိ ချက်များကို အဖြေရှာပြီး တင်ပြ သွားမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်း များကို ဇူလိုင်လကုန် အထိ ဆောင်ရွက်ပြီး အစီရင်ခံ တင်ပြ သွားမည်ဖြစ်ပါ ကြောင်း၊ တွေ့ရှိချက် များကို အခြေခံ၍ ဆုံးဖြတ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သုတေသနပြု ချက်များမှ တွေ့ရှိချက် များကို အခြေခံ၍  ၂ဝ၁၅ ခုနှစ်တွင် သုည အဆင့် ရောက်ရှိရေး ရည်မှန်း ချက်များကို အကောင်အထည် ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ခုခံအား ကျဆင်းမှု နှင့် ကာလ သားရောဂါ တိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာမြင့်ရွှေ က ပြောသည်။

ထူးထူး (မော်လမြိုင်)

No comments: