Thursday, June 6, 2013

ဘာသာတရားသည် ငြိမ်းချမ်းရေးအပြာ ထိုအရိပ်အောက်တွင် ပဋိပက္ခနှင့် အကြမ်းဖက်မှု မည်သည့်စာမျက်နှာတွင်မှ မပါ



ပြဿနာသည် လုပ်ကြံဖန်တီးမှု ကြောင့်ဖြစ်ပွား သည်ဟု ဆိုရ လောက်အောင်  မဆန်းပြားဟု ထင်၏။ ထို့အတူ သာမန်ပဋိပက္ခ ဖြစ်ပွားမှုဟု ဆိုရ လောက်အောင် ရိုးရှင်းသော ကိစ္စလည်း မဟုတ်ဟု ထင်၏။ ပြဿနာသည် ကံ ကံ၏ အကျိုးကြောင့်လည်း မဟုတ်ပေ။ ဘုရားသခင် အလိုတော် အတိုင်းလည်း မဟုတ်ပေ။ ထုတည် ကြီးမားသော အမုန်း တရားပေါ် အခြေခံပြီး လူကိုလူလို မမြင် နိုင်သော အတ္တအမုန်း အစိုင်အခဲများ ကြောင့် သာ ဖြစ်သည်ဟု ထင်၏။ ယင်း အစိုင်အခဲသည် ရခိုင်ပြည် နယ် ကျောက်နီမော် ဒေသ၌ အမျိုးသမီး တစ်ဦးအား အမျိုးသား သုံးဦးက အဓမ္မ ပြုကျင့်သတ်ဖြတ်မှု မီးပွားတစ်စ က ရခိုင်ပြည်နယ် အတွင်းရှိ ရွာပေါင်းများ စွာကို မီးလောင် ပြာကျ စေခဲ့သည်။

မိတ္ထီလာမြို့ ဈေးအနီး ရွှေဆိုင်၌ ဖြစ်ပွား ခဲ့သောရွှေ အရောင်း အဝယ် အငြင်းပွား မှုမီးစမှသည် မိတ္ထီလာမြို့ကြီး မီးဟုန်း ဟုန်းဖြင့် အိုးမဲ့ အိမ်မဲ့များ စွာဖြစ် ခဲ့ရပြန် သည်။ ယင်းနောက် ပဲခူးတိုင်း ဒေသကြီး အနောက် ဘက်ခြမ်းဒေသများ၊ ရန်ကုန် တိုင်းဒေသကြီး ဥက္ကံအစ ရှိသော ဒေသ များထိ မီးသည်ပျံ့နှံ့ လာခဲ့သည်။ ထို့ နောက် ရှမ်းပြည်နယ် လားရှိုးထိ ကူး စက်ခဲ့သည်။ ယင်းမီးသည် ရွာပေါင်း များစွာကို လောင်ကျွမ်း ခဲ့သည်။ အရာ ဝတ္ထုများတင် မဟုတ် ရွာသူရွာသား များ၏ စိတ်နှလုံး ကိုပါ ကူးစက် လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။

ထိုမီးသည် ရွာပေါင်း များစွာ၊လူပေါင်း များစွာ၊ ပျက်စီး ဆုံးရှုံးမှု များစွာ၊ အိုးမဲ့အိမ်မဲ့၊ အမိအဖမဲ့များစွာ။ ကူကယ်ရာမဲ့ များစွာ၊ ယူကျုံးမရမှုများစွာ ကိုကမ်းစပ်၌ တင်ကျန်ရစ်သည့် အမှိုက် များလို ချန်ထားရစ်ပြီး လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်။ ဤနေရာတွင်ကမ္ဘာကျော် မေတ္တာ ကရုဏာရှင် မာသာထရီဆာ ပြောခဲ့ သော စကားလေးတစ်ခွန်းကို သတိရမိ သည် ။ မာသာ ထရီဆာက ”ယနေ့ ဖြစ် ပွားနေသော အဆိုးရွားဆုံးရောဂါ ဘယသည် ပိုလီယိုရောဂါ။ အဆုတ်နာ တီဘီရောဂါ မဟုတ်ပါဘူး။လူတစ်ဦးနဲ့ တစ်ဦး အလိုမရှိသည့် ခံစား ချက်သာ ဖြစ်သည်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်
။မြန်မာနိုင်ငံ၌လည်း ထိုရောဂါ ပျံ့နှံ့နေ ခဲ့ပြီလော။ ယင်းသည် ကိုးကွယ်ယုံကြည်မှု ဘာသာတရားကြောင့် မဟုတ်ပေ။ ယင်းကြောင့်ဟု ဆိုခြင်းသည် အတ္တ အမုန်းအစိုင်အခဲအား ဖုံးကွယ်ချင်၍ အသုံးချခြင်းသာလျှင်ဖြစ်သည်။ မြန်မာ နိုင်ငံ၌ လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ခွင့် အားအခြေခံဥပဒေက ပေးအပ်ထား ပြီး ဖြစ်သလို ရှိထား ပြီးသော ကမ္ဘာ့ဘာ သာကြီး လေးမျိုး၏ အနှစ်သာရအရ သည်လည်း မေတ္တာတရားက လွှမ်းခြုံပြီး သားဖြစ်သည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ အားလုံးသော ဘာသာ များသည် လူတစ်ဦးနှင့်တစ်ဦး မေတ္တာ ထားရန် ဆုံးမတော်မူထားခဲ့ပြီးဖြစ်၏။ ဆိုင်ရာ ဆိုင်ရာ ပညတ်ချက် များချမှတ် ထားပြီးဖြစ်၏။ မိမိယုံကြည်သက်ဝင် ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရား သည် မိမိအတွက် အမှန်တရားပင်ဖြစ် သည်။ ဘာသာ တရား၏ အဆုံးအမ သည် မိမိလိုက်နာရာပင်ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်မည်။ ဘုရားဂုဏ်တော် တရား ဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကို ဆည်းကပ်မည်။ဘုရားရှင်၏ အဆုံးအမ များကိုလိုက်နာမည်။ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် အားလုံးသည်လည်း ထို့နည်း အတိုင်းပင် ဖြစ်သည်။ ဒါသည်အမှန် တရားပင် ဖြစ်သည်။ ဒါသည် အပြစ် တစ်ခုမဟုတ်ပေ။ ဆည်းကပ်ကိုးကွယ် မှု၊ လိုက်နာကျင့်သုံးမှုသည် အပြစ် မဟုတ်ပေ။ ယင်းအားပြုမူသူ၏ အပြု အမူမှားယွင်းခြင်း သည်သာ အပြစ်ဖြစ် ၏။ ဤသို့ပင် မည်သည့် ဘာသာဝင် တစ်ဦးမဆို ၄င်းပြုမူရာ အပြုအမူသည် ဘာသာတရားနှင့် မသက်ဆိုင်ပေ။ ၄င်း၏အပြုအမူနှင့်သာ သက်ဆိုင်ခြင်း ဖြစ်သည်။ သို့သော် …
၂ဝ၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ နယ် ကျောက်နီမော်ရွာသူ မသီတာထွေး အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ်မှ စတင်၍ဘာ သာရေးအသွင်ဆောင်သော အကြမ်း ဖက်မှုများ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားလာခဲ့၏။ ဖြစ်စဉ်တိုင်းတွင်လည်း နေအိမ်၊ ဘာသာရေး အဆောက်အအုံ၊ ဈေးဆိုင် ခန်းများ မီးရှို့ဖျက်ဆီးခံရသလို လူအချို့ လည်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရ၏။ ၂ဝ၁၃ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွား ခဲ့သော လားရှိုးမြို့ ဘာသာရေးအသွင်ဆောင်အကြမ်းဖက်မှုဖြစ်စဉ် ပျက်စီးမှု နှင့်သေဆုံးမှုများ ထည့်သွင်းရေတွက် မည်ဆိုပါက တစ်နှစ်ကာလ အတွင်း ဘာသာရေး အသွင်ဆောင်အကြမ်း ဖက်မှုကြောင့် နေအိမ်၊ ဘာသာရေး အ ဆောက်အအုံ၊ ဈေးဆိုင်ခန်းများ မီးရှို့ခံ ရမှု စုစုပေါင်း ၁ဝ၃၆၆ ရှိခဲ့ပြီး လူပေါင်း ၂၃၇ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်၏။
ထို့ပြင် လူပေါင်း ၃၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိုးမဲ့အိမ်မဲ့၊ အမိအဖမဲ့ စုစုပေါင်း တစ်သိန်းရှစ် သောင်းခန့်ရှိခဲ့သည်။ ထို ပျက်စီးဆုံးရှုံးမှုများနှင့် လူအချို့ သေဆုံးဖိတ် စင်ခဲ့မှုများအတွက် မည်သူတွေ အကျိုး ဖြစ်ထွန်းခဲ့သနည်း။ သေချာသည်က အချိန်တစ်နှစ် ကျော်လာသည့်တိုင် ဆုံး ရှုံးမှုများကို ပြန်လည် ရင်းစားမတည် ဆောက် နိုင်သေးသလို ဒုက္ခသည်စခန်း များ၌ ဒုက္ခသည် များစွာအဖြစ် ဘဝကို ရပ်တည်နေရဆဲပင် ဖြစ်သည်။ ထို့အတူ အတ္တအမုန်း အစိုင်အခဲများလည်း ပို၍ ပို၍ ကြီးထွားလာခဲ့ခြင်းပင် ဖြစ်၏။

ယင်းသည် မိမိယုံကြည်ကိုးကွယ် ရာ ဘာသာ၏ အနှစ်သာရကို လေ့ လာခြင်းမရှိဘဲ အခြားဘာသာများ အပေါ် ပုတ်ခတ်ပြောဆိုမှုများနှင့် မနာ လိုမှုများကြောင့် ဖြစ်ကြောင်း စိန့်အန် ထော်နီဘုရားကျောင်းအုပ် ဖာသာဂျိုး ဆက်မောင်ဝင်းက ပြောသည်။ ”ဖာသာ့အမြင်ကို ပြောရမယ်ဆို ရင် လူတွေဟာကိုယ်ကိုးကွယ်တဲ့ ဘာ သာတရားရဲ့ အနှစ်သာရကို သေသေ ချာချာ မသိကြတော့ဘူး။ သိအောင် လည်းမကြိုးစားကြတော့ဘူး။ အပေါ်ယံ အနေနဲ့ပဲ ငါတို့က ဘာဘာသာ ကိုး ကွယ်တယ်။

သူတို့ကတော့ဘာဘာသာ ကိုးကွယ်တယ်ဆိုပြီး ဝိဝါဒကွဲလွဲနေကြ တာ။ အမြင်ကျဉ်ြးေ မာင်းမှုလေးတွေကို ဝမ်းနည်းစွာဖြင့် တွေ့နေရတယ်”ဟု ဖာ သာဂျိုးဇက်မောင်ဝင်းက ပြောသည်။ ထို့အတူ ရွှေဝါရောင်သံဃာတော် များ ကွန်ရက်ဦးဆောင်ဆရာတော် (ရွှေတောင်ကျောင်းတိုက် ဆရာတော်) ဦးဇင်းပြည်ကျော်ကလည်း ”အဓိက က တော့ စည်းကမ်းချက် တွေကိုလိုက် နာ ဖို့လိုတယ်။ ဘာသာကြီး လေးမျိုးမှာ သူ့စည်းကိုယ့်စည်းရှိပြီးသား။ ဂေါတမ မြတ်စွာဘုရားဖြစ်ဖို့ သတ္တဝါ အားလုံးကို ကယ်တင်မယ်ဆိုတဲ့ မူနဲ့ အဓိဌာန်ခဲ့တာ။ ထေရဝါဒက ဗုဒ္ဓလမ်း စဉ်အတိုင်းဆိုရင် တစ်ဘာသာနဲ့ တစ်ဘာသာ တိုက်ခိုက် တဲ့တရားတွေ ဟောစရာ မလိုဘူး” ဟု မိန့်သည်။

အခြားသော ဘာသာဝင်များနှင့် တစ်စုံတစ်ရာ ပဋိပက္ခဖြစ်ပွားမှုနည်းပါး သော်လည်း မြန်မာနိုင်ငံ၌ အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် တို့၏ ပဋိပက္ခသည် ဖြစ်ပွားမှုများပြားသည်ဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် ၁၉၆၂ ခုနှစ်နောက် ပိုင်း၌ ပိုမိုများပြားသည်ဟု ဆိုရမည်ဖြစ်၏။ ယင်းမတိုင်မီ ရှေး ဘုရင်များ လက်ထက်ကတည်းကပင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာ သာဝင်များသည် အတူတကွနေထိုင်ခဲ့ ကြခြင်းဖြစ် ပြီး ကိုလိုနီလက်အောက်ခံ ဘဝ၊ သူ့ကျွန်ဘဝမှ လွတ်မြောက်ရန် နယ်ချဲ့အားတော်လှန်ပုန်ကန်မှု၊ လွတ် လပ်ရေးတိုက်ပွဲများတွင် အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။
ယင်း ကြောင့်ပင် မင်းတုန်းမင်းလက်ထက် နန်းတွင်းရှိ အစ္စလာမ်ဘာသာကိုးကွယ် သူများအတွက် ဝတ်ပြုနိုင်ရန် ဗလီတစ် လုံးဆောက် လုပ်ပေးထားခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့၏ မြို့လေးပြင်လေးရပ် တွင်လည်း ဗလီများတည်ဆောက်ပေး ထားခဲ့ခြင်း ဖြစ်သည်။ ထို့အတူ အစ္စလာမ်ဘာသာဝင် အမျိုးသားအာဇာနည်ကြီး ဦးရာဇတ် သည် မြန်မာနိုင်ငံ၌ အမျိုးသားပညာ ရေးထွန်းကားပြန့်ပွားရန် ဦးဆောင်ဦး ရွက်ပြုခဲ့သူတစ်ဦး ဖြစ် သည်။ ထို့အတူ မြန်မာပြည်အလယ်ပိုင်း၌ ကျဆုံးခဲ့သော အစ္စလာမ်ဘာသာဝင် ဗိုလ်ရာကွတ် သည် နယ်ချဲ့ကိုတော်လှန် တိုက်ခိုက်ရန် တပ်ရင်းတပ်ဖွဲ့ကို ဦးဆောင်ရင်း ကိုယ် တိုင်အသက်ပေးသွားခဲ့သော ဂုဏ်ပြု ထိုက်သူဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာ သာဝင်တို့သည် အတူအကွ တစ်မြေ တည်းနေ တစ်ရေတည်းသောက် နေ ထိုင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ၁၉၆၂ ခုနှစ်နောက်ပိုင်း တွင် ယင်းအခြေအနေပျက်ယွင်းသွားရန် ဖန်တီးမှုများအောက်တွင် ထွေးရော ယှက်တင်အခြေအနေသည် ယိုင်နဲ့သွား ခဲ့ခြင်းဖြစ် သည်။ ထိုမှသည် ၁၉၈၁-၈၂ ဧရာဝတီတိုင်းညောင်တုန်း၊ မော်လမြိုင် ကျုံဒိုး၊၁၉၈၈ ဇူလိုင်တွင် ပြည်၊ရှမ်းပြည်နယ် တောင်ကြီး၊ ၂ဝဝ၁ ခုနှစ်တွင် ရခိုင်ပြည် နယ် စစ်တွေ၊ တောင်ငူ၊တောင်ကြီး ၊ ရေတာရှည်၊ညောင်လေးပင်၊ တောင် တွင်းကြီး၊ ပြည်၊ ဟင်္သာတ၊ ပဲခူး အစရှိ သော ဒေသများတွင် အကြမ်းဖက်မှု၊ အဓိကရုဏ်း၊ ပဋိပက္ခများ ဖြစ်ပွားခဲ့ သည်။

”ကိုယ့်ဒူးကိုယ်ချွန်လို့ ချမ်းသာ သွားတယ်။ သူ့ဘုရားသခင်အလိုတူလို့ ချမ်းသာသွားတယ်။ ဒါကို ကုလားတွေ ချမ်းသာတယ်ဆိုပြီး မနာလိုဖြစ်နေ တာ ကိုတော့ ကျွန်တော်တို့ လက်မခံဘူး။ ဗုဒ္ဓဘာသာလည်းကြိုးစားရင် ချမ်းသာ မှာပဲ။ ခရစ်ယာန်လည်း ကြိုးစားရင်ချမ်း သာမှာပဲ။ ဟိန္ဒူလည်း ကြိုးစားရင်ချမ်း သာမှာပဲ။ဘာသာပေါင်းစုံမှာလည်း ချမ်း သာတဲ့သူတွေရှိကြပါတယ်။ အစ္စလာမ် ဘာသာမှ ထူးချွန်ပြီးချမ်းသာနေတာမဟုတ်ပါဘူး” ဟု တစ်ဦးပေါ်တစ်ဦး မကျေလည်သော အမုန်းတစ်ပိုင်းတစ်စ နှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ဌာနချုပ် တွဲဖက်အတွင်း ရေးမှူး ဦးရဲနောင်သိန်းက သုံးသပ်ပြ သည်။

အမှန်တကယ်တွင် ယင်းသည် လူပုဂ္ဂိုလ်ချင်းပြဿနာသာဖြစ်သည်။ ဘာသာတရားချင်းပြဿနာမဟုတ်ပေ။ လူချင်းတိုးတိုက်မိခြင်း၊ လူချင်း ခိုက် ရန်ဖြစ်ပွားခြင်း၊ လူချင်းအကြမ်း ဖက် ခြင်းသည် လူလူချင်းပြဿနာဖြစ်သည်။ ပြစ်မှုခင်းတစ်ခုဖြစ်သည်။ယင်းအား ဘာသာရေးပဋိပက္ခအဖြစ် ဖန်တီးလာ ခြင်းသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း ကြီး ထွားလာသော အမုန်းအစိုင်အခဲကြောင့် သာဖြစ်သည်။ ထို့ပြင် ဘာသာချင်း အပြန်အလှန် ယဉ်ကျေးမှုချင်း၊ အနှစ် သာရချင်း၊ လေးစားမှုချင်းနည်းပါးခဲ့ ခြင်းကြောင့်ဖြစ်သည်။

ယင်းနည်းပါး ခြင်း နှင့်မိရိုးဖလာဖြစ်မှုများသည် ဘာသာများ အကြားအစွန်းရောက်မှုများကို ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။ ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုများအား ပြန်လည်လေ့လာကြည့်မည် ဆိုလျှင် ယင်းသို့အစွန်းရောက်မှုများ ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် တရား ဥပဒေစိုးမိုးမှုနှင့် ယင်းအားဆောင်ရွက် သူတို့၏ ထိန်းသိမ်းမှုနှောင့်နှေးခြင်းကလည်း အခြေအနေကို ပိုမို ဆိုးရွားစေခဲ့ခြင်းဖြစ်သည်။ ရခိုင်၊ မိတ္ထီလာ၊ လားရှိုး အကြမ်းဖက်မှုဖြစ်စဉ်များကို လေ့ လာကြည့်လျှင် လုံခြုံရေးပြည်သူ့ရဲများရှိသော်လည်း အကြမ်းဖက်သူများက လက်နက်ကြီးငယ်ကိုင်ဆောင်ကာ ပြည်သူ့ရဲများရှေ့၌ပင် အော်ဟစ် ကြွေးကြော်မှုများ ပြုမူခဲ့ကြခြင်းဖြစ် သည်။
”ဒါက တရားဥပဒေ မစိုးမိုးဘူးဆို တာကို ပြတာ ။ လူနှစ်ဦး ရန်ဖြစ်ရင် လူ နှစ်ဦးကိစ္စပဲ။ အခုက မဟုတ်ဘူး။ မိနစ် ပိုင်းအတွင်း လူအများကြီးေ ရာက် လာ တယ်။ အမှန်ဆိုရောက်လာစရာအ ကြောင်းမရှိဘူး”ဟု မြန်မာ မွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာ မောင်သဲနီက ပြောသည်။ ”ထေရဝါဒ သာသနာက အရမ်း သိမ်မွေ့တယ်။ အဲဒါကို လူ့ဥပဒေနဲ့ ပြဋ္ဌာန်းလို့မရဘူး။

ဘုရားရှင်ဟော ထားတဲ့ ဥပဒေကရှိပြီးသား။ တကယ့် ရဟန်း တစ်ပါး ငယ်ငယ်ကတည်းက ဝတ်လာတဲ့ ငယ်ဖြူရဟန်းတစ်ပါးဟာ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင် ခွင့်မရှိဘူး။ ဒေါသပေါက်ကွဲခွင့်မရှိဘူး။ ဒီမှာက တချို့က ဒုလ္လဘဝတ်ကြတယ်။ ဝိနည်းတွေမသိကြဘူး။ ပဋိပက္ခ တွေမှာ များသောအားဖြင့် ဒုလ္လဘတွေ ပါဝင်တာများတယ်။ အသွင်သဏ­္ဌာန် ကို ကြည့်ရင်သိသာပါတယ်။ လမ်း လျှောက်ပုံကအစ မတူဘူး။ အဲဒီအားနည်းချက်က မြန်မာ့သာသနာမှာရှိနေ တယ်”ဟု ရွှေတောင်ကျောင်းတိုက် ဆရာတော်ဦးဇင်းပြည်ကျော်က မိန့် သည်။

ဗုဒ္ဓဘာသာအား ကာကွယ်စောင့် ရှောက်ခြင်းသည် အခြားသောဘာသာ များအား ပုတ်ခတ် ဟောပြောခြင်း မဟုတ်ဘဲ ဘုရားရှင်၏ အဆုံးအမ များ ကို ဝိနည်းအကျင့်အကြံများကို စောင့် ထိန်းခြင်းသာဖြစ်ကြောင်း ဦးဇင်းက မိန့်သည်။”ကိုယ့်ဗမာတွေဆိုလည်း သူများ နိုင်ငံမှာ ၃ သန်းလောက် ရှိတယ်။ ဒီမှာ ပြဿနာ တက်လို့ အဲဒီလူ ၃ သန်း အိမ်မပြန်နိုင်ရင် ဘယ်လိုလုပ်မလဲ” ဟု ဦးဇင်းပြည်ကျော်က မေးခွန်းထုတ် ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များ၌ ဘာ သာရေး အဆောက်အအုံအချို့ မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။ ယင်းသည် ထိုဘာ သာရေးအဆောက်အအုံအတွင်း၌ တစ်စုံတစ်ခုရှိသည်ဆိုသော သံသယ စိတ်ဖြင့် ဖျက်ဆီးကြခြင်းဖြစ်နိုင်သည်။ ဘာသာခြားအများစုသည်အစ္စလာမ် ဘာသာ၏ ဘာသာရေး အေ ဆာက်အအုံ ဖြစ်သော ဗလီနှင့်ပတ်သက်၍ သံသယ များ ရှိနေခဲ့ကြသည်။ ဗလီအတွင်း ဘာ သာခြားများ ဝင်ရောက်ခွင့်မပြုခြင်းသည် ဗလီအတွင်း တစ်စုံတစ်ရာ လျှို့ဝှက်ကြံ စည်လျက်ရှိခြင်းဟု ထင်မြင်ယူဆချက် များသည် ဗလီအပေါ်သံသယ ကြီးထွား လာခြင်းပင် ဖြစ်သည်။ ”ဗလီတွေမှာ အခြားဘာသာဝင် တွေ မဝင်ရဘူးဆိုတာမဟုတ်ပါဘူး။ ဘယ် ဘာသာခြားမှ မဝင်ရဘူးလို့ သတ်မှတ် မထားပါဘူး။ မြန်မာအမျိုး သမီးတွေလည်း မြန်မာဝတ်စုံဝတ်ပြီး ဗလီထဲဝင်ရောက်လေ့လာနိုင်ပါတယ်” ဟု မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရွှေမောင်က ပြောသည်။

 ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ လုံးဆိုင်ရာ မော်လဝီအဖွဲ့ဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးရဲနောင်သိန်း ကလည်း ဗလီများအခိုင်အခန့်ဆောက် ထားခြင်းနှင့်ဗလီအများစုသည် ယင်းကဲ့ သို့ ရှိနေခြင်းသည် ထာဝရအတွက်ရည်ရွယ်တည်ဆောက်ခြင်းကြောင့်သာ ဖြစ်ပြီး မည်သည့်ဗလီမှ ခံတပ် အဖြစ် တည်ဆောက်ခဲ့ခြင်းမဟုတ်ကြောင်း ဗလီအတွင်း၌လည်းမည်သည့်အရာမျှမရှိကြောင်း တရားဟောဆရာ နမတ် ဖတ်ရာစင်မြင့်တစ်ခု သာရှိပြီး အားလုံး သည်တန်းတူသာဖြစ်ကြောင်း ဖြည့်စွက် ပြောကြားသည်။ အမှန်တကယ်တမ်းတွင် ဘာသာ ကြီးလေးခုသည် မွန်မြတ်သော ဘာသာ တရားများပင်ဖြစ်ပြီး ပျက်စီးခြင်းအ ကြောင်းလည်းရှိမည် မဟုတ်ပေ။ ခိုင် မာသောအဘိဓမ္မာအကျင့်ပညတ် စည်း ကမ်းအမိန့်တော်များသည် ကောင်းမြတ် မှုများကြောင့် ယနေ့တိုင်နှစ်ပေါင်းများ စွာ တည်တံ့လာနိုင်ခဲ့ခြင်း ပင်ဖြစ်သည်။

ယင်းတည်တံ့မှုသည် လူတို့၏ အတ္တ အမုန်းစိတ် အစိုင်အခဲများကြောင့် ပျက်စီးသွားရန် အကြောင်းမရှိသော် လည်း လူတို့၏ ပျက်စီးခြင်းသည်သာ ရှိခဲ့ပြီ ဖြစ်သည်။ ထိုအတ္တအမုန်း အစိုင်အခဲများ ပြေလျော့သွားရန် လူတို့ပင်စွမ်းဆောင် နိုင်မည်ဖြစ်သည်။ ထိုဘာသာတရားများပေါင်းစည်းညီညွတ်မှုကို လူတို့ ပြန် လည်တည်ဆောက်ရန်လိုအပ်မည် ဖြစ် သည်။ အထူးသဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် အောက်ခြေထိ ရောက်ရှိရန် စွမ်းစွမ်းတ မံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့်လည်း ဘာ သာဝင်များအကြား ရှိနေသော သံသယ များ၊ အတ္တအမုန်းစိတ်များ အနည်းနှင့် အများပြေလျော့သွားရန် ဆောင်ရွက်ပေးဖို့လိုအပ်မည်ဖြစ်သည်။ တရားဥပဒေ စိုးမိုးမှုအသက်ဝင်ရန် ဆောင်ရွတ်ဖို့လို အပ်မည် ဖြစ် သည်။ မည်သည့်ဘာသာတရားတွင်မျှ လူသတ်ရန်၊ သူ့ဥစ္စာခိုးရန်၊ သူများ သားမယားစော်ကားရန် ဟောကြား တော်မူခဲ့ခြင်း၊ ညွှန်ပြခဲ့ခြင်းမရှိပေ။ အားလုံးသော ဘာသာများ၌ တစ်ဦး ပေါ်တစ်ဦး မေတ္တာတရား ထားရှိရန်သာ ဟောကြားတော်မူခဲ့ကြခြင်းဖြစ်သည်။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် မစံမီနောက်ဆုံးအမှာစကားအဖြစ်’ချစ် သားတို့ မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့် အကျင့်သိက္ခာကို ပြည့် စုံစေရစ်ကြ’ဟု မှာကြားတော် မူခဲ့သည်။ထို့အတူ အားလုံးသော ဘာသာ တရား၏ နောက်ဆုံးနုတ်မြွတ်စကား များသည်လည်း ထိုနည်းအတိုင်းပင်ဖြစ် သည်။အသိတရားဖြင့် တစ်ဦးပေါ်တစ်ဦး မေတ္တာထားရင်း အတ္တအမုန်းများ အ မြန်ဖြေလျှော့ရန်လိုအပ်နေသည် က တော့ အမှန်ပင်ဖြစ်သည်။ 

ဥာဏ်လင်းအောင်၊ မေဇင်ဝင်း၊ ကျော်ရဲလင်း
By Popular News

No comments: