Friday, June 21, 2013

Website လိပ်စာလေးတွေ


သင်နဲ့သင့်ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကြားမှာဖြစ်ဖြစ် မိတ်ဆွေတွေကြားမှာဖြစ်ဖြစ် မျက်နှာစုံညီစကားပြောရဖို့ အခြေအနေဖြစ် လာလို့ တစ်ယောက်တကွဲစီဖြစ်နေတဲ့အခါ အွန်လိုင်းပေါ်မှာ ဆုံတွေ့နိုင်မယ့် ၀က်ဘ်ဆိုက်လေးပဲဖြစ်ပါတယ်။ အသုံးပြုသူ ငါးဦးအထိ တစ်ချိန်တည်းမှာ တွေ့မြင်နိုင်မှာဖြစ်ပြီး အသုံးပြုဖို့အတွက်လည်း Sign up ပြုလုပ်ထားဖို့ မလိုအပ်ပါဘူး။ အလွယ်ကူဆုံးနဲ့ အရိုးရှင်း ဆုံးနည်းလမ်းတွေကို အသုံးပြုပြီး ၀က်ဘ်ဆိုက်ကနေတစ်ဆင့်တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Profile စာမျက်နှာကိုပြုလုပ်ထားနိုင်ပြီး ဘယ်အချိန်အခါမဆို တခြားသူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြစ်နေဖို့ အကူအညီပေးပါလိမ့်မယ်။

အွန်လိုင်းပေါ်မှာ ကိုယ်အပျော်တန်းရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပြုပြင်ပြီး လူမှုကွန်ယက်တွေပေါ်တင်ဖို့ အဆင်သင့်ဖြစ်စေနိုင်တဲ့ ၀က်ဘ်ဆိုက်လေးဖြစ်ပါတယ်။ Register ပြုလုပ်စရာမလိုဘဲ အသုံးပြုလို့ရတဲ့ဆိုက်လေးဖြစ်ပါတယ်။ Crop, Rotate, Exposure, Colors, Sharpen, Resize စတာတွေကို အလွယ်တကူဆုံးပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ရုပ်လုံးကြွပုံစံထည့်သွင်းမှုနဲက တခြား Effect တွေကိုလည်း ပြုလုပ်နိုင်မှာပါ။

လူကြိုက်အများဆုံးဂီတထဲမှာအပါအ၀င်ဖြစ်တဲ့ ဟစ်ဟော့ပ်ဂီတနဲ့ပတ်သက်ပြီး စွယ်စုံကျမ်းတစ်ခုသဖွယ်ဖတ်ရှုနိုင်တယ်၊ ကိုယ်ကြိုက် တာလေးတွေကိုမျှဝေနိုင်တယ်၊ မျိုးဆက်သစ် ဟစ်ပ်ဟော့ပ်ဂီတသူရဲကောင်းလေးတွေက ကိုယ့်လက်ရာတွေကို နိုင်ငံတကာအား မျှဝေပေးနိုင်မယ့်အခွင့်အလမ်းလေးတွေပေးနိုင်တဲ့ ၀က်ဘ်ဆိုက်လေးဖြစ်ပါတယ်။

(၄) Houzz.com
အိမ်တွေရဲ့ကဗျာလို့ တင်စားနိုင်တဲ့ ၀က်ဘ်ဆိုက်လေးဖြစ်ပါတယ်။ အိမ်အလှအပြင်အဆင်သူတွေကြည့်နိုင်၊ နေအိမ်ဆောက်လုပ်ရေး အင်ဂျင်နီယာတွေအတွက်လည်း ဒီဇိုင်းပုံစံသစ်တွေဖန်တီးမှုမှာ များစွာအားသာချက်ရှိစေဖို့ ထောက်ပံ့ပေးနိုင်မယ့်ဆိုက်လေးပါ။ ၀က်ဘ်ဆိုက်ရဲ့ Database ထဲမှာ မတူညီကွဲပြားတဲ့ အခန်းအိမ်တွင်းပြင်ဆင်မှုပုံစံ ဓာတ်ပုံပေါင်းသောင်းဂဏန်းကို စုစည်းပေးထားပြီး ဗိသုကာပညာရှင်တွေရဲ့ အနုပညာမြောက်သရုပ်ဖော်မှုတွေကိုလည်းခံစားရမှာပါ။

အထက်ပါနာမည်လေးနဲ့ Application လေးကိုရှာဖွေဒေါင်းပြီး မိမိရဲ့ဖုန်းထဲမှာ Run ထားလိုက်ရင် တော်တော်အဆင်ပြေပါတယ်။ Android စမတ်ဖုန်းတွေကတစ်ဆင့် စာအုပ်တွေကို ၀င်ဖတ် ကြိုက်တာတွေ့ရင် download လုပ်တာတွေလုပ်နိုင်တဲ့စာအုပ်ပေါင်း ထောင်ချီရှိပြီး နေ့စဉ် update လုပ်ပေးတဲ့ application လေးဖြစ်ပါတယ်။ ထုံးစံအတိုင်း Reg, username, password, Gmail account တွေလိုအပ်ပြီး log in ၀င်ရင်း စာအုပ်ပေါင်းများစွာကိုဖတ်နိုင်၊ဒေါင်းနိုင်ပါပြီ။

ကဲနောက်တစ်ခါ ကောင်းတာလေးတွေတွေ့ရင် ကူးယူပြီးဝေငှပါဦးမယ်နော်။

No comments: