Saturday, June 1, 2013

သဘာဝပစ္စည်းများဖြင့် အလှပြုပြင် ထိန်းသိမ်းနည်းများ




သင့်မျက်နှာ ပေါင်းတင်ဖို့၊ မျက်နှာ ချေးချွတ်ဖို့ ဓာတု ပစ္စည်းတွေ အသုံးမပြု ချင်ဘူး ဆိုရင်တော့ အခုပြောပြမယ့် သဘာဝ ပစ္စည်းတွေနဲ့ အလွယ်တကူပြု လုပ်နိုင်တဲ့ အလှပြင် ထိန်းသိမ်း နည်းတွေ ကို လုပ်ဆောင် ကြည့်ပါ။ 

ရွှေဖရုံသီး မျက်နှာပေါင်းတင် ခရင်မ်


ရွှေဖရုံ သီးမှာ အင်တီ အောက်ဆီး ဒင့်တွေများစွာ ပါပြီး အရေပြား ရောင်ရမ်း မှုမဖြစ်အောင် ကာကွယ်တာ၊ မှိုပိုးသတ် ပေးနိုင်တဲ့ အာနိသင် ရှိတာတွေ အပြင် အရေပြား နီရဲပြီး ယားယံမှု မဖြစ်အောင်ပါ ကာကွယ်ပေး နိုင်ပါတယ်။ ရွှေဖရုံသီးမှာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်းက အရေ ပြားတင်းရင်း စေတဲ့ ကိုလာဂျင်တွေ မပျက် စီးအောင် ထိန်းသိမ်း ပေးတာကြောင့် အရွယ်တင် နုပျိုစေပါတယ်။

အသုံးပြုနည်း
ပန်းကန်လုံး အသေး တစ်လုံးကို ယူပြီး ရွှေဖရုံသီး ပန်းကန်လုံး လေးပုံတစ်ပုံစာနဲ့ ပျားရည်လက်ဖက်စား ဇွန်းတစ်ဇွန်း ထည့်ကာ နှံ့အောင်မွှေပါ။ မျက်နှာသစ်ပြီး ရေစင်အောင် သုတ်ထား တဲ့ မျက်နှာပေါ် သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ မျက်နှာသစ်ပါ။ ရေဓာတ် ဖြည့်ပေး တာကြောင့် သင့်အသားအရေ ကို စိုပြည်နူးညံ့ စေပါတယ်။ မျက်နှာနီရဲ တာ၊ ယားယံတာတွေ ရှိပါက ရွှေဖရုံသီးနဲ့ ပျားရည် မျက်နှာပေါင်းတင် ခရင်မ်ကို အ သုံးပြုပြီး တစ်ပတ်တစ်ကြိမ် ပေါင်းတင် ပေးပါ။

ခရင်မ်ဘယ်ရီကြေးချွတ်ခရင်မ်


ဘယ်ရီသီးတွေထဲမှာ ပိုလီဖီနော အင်တီအောက်ဆီးဒင့်တွေများစွာပါဝင်ပြီး အီလစ်ဂျစ်အက်စစ်လည်း ပါဝင်ပါတယ်။ အီလစ်ဂျစ်အက်စစ်က အရေပြားမှာရှိတဲ့ အသားအရေတင်းရင်းစေတဲ့ ကိုလာဂျင် နဲ့ အီလက်စတင်တွေကို ပျက်စီးစေတဲ့ အင်ဇိုင်းကို တားဆီးပေးပါတယ်။ အီလစ် တားဆီးပေးပါတယ်။

အသုံးပြုနည်း
ပန်းကန်လုံး တစ်လုံးထဲ ကို ဂျုံမှုန့် တစ်ခွက်ရဲ့လေးပုံ တစ်ပုံ၊ ကြိတ် ခြေထားတဲ့ ခရင်မ်ဘယ်ရီသီး ထမင်းစား ဇွန်း နှစ်ဇွန်း၊ ထောပတ် ထမင်းစားဇွန်း တစ်ဇွန်း၊ ပျားရည် လက်ဖက်စားဇွန်း နှစ် ဇွန်းတို့ကို နှံ့အောင် ရောမွှေပါ။ ရလာတဲ့ ခရင်မ်ကို မျက်နှာအနှံ့ ညင်သာစွာ ပွတ်ပြီး လိမ်းပါ။ ၂-၃ မိနစ် လောက်ထားပြီး ကြက်သီးနွေး ရေနဲ့ မျက်နှာ သစ်ပါ။ တစ်ပတ်ကို ၁-၂ ကြိမ် ပြုလုပ် နိုင်ပါတယ်။

သစ်ကြံပိုးခေါက်မှုန့် ကြေးချွတ်ခရင်မ်


သစ်ကြံပိုးခေါက်က သွေးလှည့်ပတ် မှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို စွမ်း အင်ရရှိစေကာ အသားအရေကို ကြည် လင်တောက်ပ စေပါတယ်။ ဒါ့အပြင် ဘက်တီးရီးယား ပိုးသေစေတဲ့ အာနိသင်နဲ့ မှိုပိုးသေစေတဲ့ အာနိသင်တွေလည်း ရှိ တာကြောင့် ဝက်ခြံမဖြစ်အောင် တားဆီး ပေးပါတယ်။ အသုံးပြုနည်း သကြားခွက် တစ်ခွက် စာ၊ သံလွင်ဆီ ခွက်တစ်ခွက်ရဲ့ လေးပုံ တစ်ပုံ၊ သစ်ကြံပိုး ခေါက်မှုန့် လက်ဖက်စား ဇွန်း တစ်ဝက်တို့ကို ရောပြီး မွှေပါ။ သင့် တစ်ကိုယ်လုံးကို လိမ်းပြီး ညင်သာစွာ နှိပ် နယ်ပေးပါ။

ပန်းသီးတိုနာ


ပန်းသီးမှာ အသားအရေခြောက် သွေ့မှုမဖြစ်အောင် ကာကွယ် ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ် တစ်မျိုးက အ သားအရေကို တင်းရင်းစေပြီး ဘက်တီး ရီးယားပိုးတွေကို သေစေ နိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ် ရှားပေးနိုင်တဲ့ အမိုင်းလေ့အင်ဇိုင်းလည်း ပါဝင်ပါတယ်။

အသုံးပြုနည်း
ပန်းသီးတစ်လုံးကို ကြိတ်ခြေပြီး အရည်ကို ရယူပါ။ ရလာတဲ့ အရည်ကို သန့်ရှင်းတဲ့ ပုလင်းအလွတ် တစ်လုံးထဲ ထည့်ထားပါ။ မျက်နှာသစ်ပြီး အခါ အဲဒီအရည်ကို ဂွမ်းစနဲ့တို့ယူပြီး မျက်နှာကို လိမ်းပါ။ မနက်မျက်နှာသစ်ပြီး တစ်ကြိမ်နဲ့ ညအိပ်ရာ ဝင်ခါနီး တစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ သင့်အသားအရေ က ခြောက်သွေ့လွန်း သူဆိုရင်တော့ တစ် နေ့ကို တစ်ကြိမ်သာ အသုံးပြုပါ။ 

ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

No comments: