Monday, July 8, 2019
က​လေးသူငယ်​ချင်းလိင်​အကြမ်းဖက်သူများ
*****************************
က​လေးသူငယ်​လိင်​အကြမ်းဖက်​သူများအ​ကြောင်း​လေ့လာမှုများရှိ​သော်​လည်းက​လေးသူငယ်​ကိုအခြားက​လေးသူငယ်​က လိင်​အကြမ်းဖက်​မှု(က​လေးသူငယ်​ချင်း လိင်​အကြမ်းဖက်​မှု)​အ​ကြောင်း လက်​ရှိအချိန်​ထိ သိရှိထားသမျှသည်​ အမျိုးသားလိင်​အကြမ်းဖက်​သူများကို​​လေ့လာခြင်းမှသိရှိထားခြင်းဖြစ်​သည်​။
အရွယ်​မ​ရောက်​​သေးသည့်​က​လေးမ​လေးက အခြားက​လေးတစ်​​ယောက်​အ​ပေါ်လိင်​အကြမ်းဖက်​မှုနှင့်​ပတ်​သက်​၍ထုတ်​​ဖော်​​ပြောကြားမှုများ၊သတင်းအချက်​အလက်​များရှားပါးသလို​လေ့လာမှုလည်းအလွန်​နည်းပါသည်​။
က​လေး၊ သို့မဟုတ်​ မြီး​ကောင်​​ပေါက်​အရွယ်​လိင်​အကြမ်းဖက်​သူများ၏အပြုအမူများကို ဆိုးရွားပြင်းထန်​သည့်​ အပြုအမူများဟု လူ့အဖွဲ့အစည်းကရှုမြင်​​လေ့မရှိပါ။
ကျွမ်းကျင်​သူပ​ရော်​ဖက်​ရှင်​နယ်​များ၊မိဘများနှင့်​ သက်​ဆိုင်​ရာအာဏာပိုင်​ပုဂ္ဂိုလ်​များက​တောင်​ လိင်​အကြမ်းဖက်​မှုကျူးလွန်​သည့်​က​လေးငယ်​များကို`က​လေးသူငယ်​ကိုအကြမ်းမဖက်​ဘဲ
လိင်​ဆက်​ဆံလိုသူများ(Child Molesters)´၊ သို့မဟုတ်​ `လိင်​နှင့်​ပတ်​သက်​သည့်​ပြစ်​မှုကျူးလွန်​သူများ´ဟု တံဆိပ်​ကပ်​သတ်​မှတ်​ရန်​ တွန့်​ဆုတ်​တတ်​ကြသည်​။
သို့​သော်​ မကြာ​သေးခင်​က​လေ့လာမှုများအရ က​လေးသူငယ်​ချင်းလိင်​အကြမ်းဖက်သူများသည်​ ဆယ်​​ကျော်​သက်​အရွယ်​၊သို့မဟုတ်​ ပိုပြီးငယ်​ရွယ်​သည့်​အရွယ်​ကတည်းက လိင်​အကြမ်းဖက်​မှုကိုစတင်​လုပ်​​ဆောင်​တတ်​​ကြောင်း​တွေ့ရသည်​။ က​လေးသူငယ်​ချင်းလိင်​အကြမ်းဖက်​သူများထဲကတစ်​ဝက်​​လောက်​သည်​ သူတို့၁၈နှစ်​အရွယ်​​​လောက်​ကတည်းက လိင်​အကြမ်းဖက်​မှုကိုကျူးလွန်
တတ်​ကြပြီး အများစုက​တော့ ရှစ်​နှစ်​၊ကိုးနှစ်​အရွယ်​​လောက်​ကတည်းက စတင်​ကျူးလွန်​တတ်​ကြသည်​။က​လေးသူငယ်​၏ လိင်​အကြမ်းဖက်​မှုသည်​ သူငယ်​စဉ်​ကတည်းက စိတ်​ပိုင်းဆိုင်​ရာနှင့်​အပြုအမူပိုင်းဆိုင်​ရာပြင်းထန်​သည့်​ပြဿနာများရှိခဲ့​ကြောင်းပြသ​နေသလို
သူလူကြီးဘဝ​ရောက်​သည်​အထိ ထိုပြဿနာများသည်​ ဆက်​လက်​ကြီးထွားပြီးပါသွားတတ်​သည်​။
သို့​သော်​ အခြားက​လေးသူငယ်​ကို လိင်​အကြမ်းဖက်​မှုကျူးလွန်​သည့်​ က​လေးသူငယ်​အများစုသည်​ လူကြီးဖြစ်​လာသည့်​အခါ လိင်​အကြမ်းမှုကို ဆက်​မလုပ်​​တော့​ချေ။သို့​သော်​ မည်​သူ​တွေကဆက်​လက်​ကျူးလွန်​ပြီး မည်​သူ​တွေကဆက်​မလုပ်​​တော့ဘူးလဲ
ဆိုသည်​ကို​တော့ ​သေချာမသိရ​သေး​ချေ။
တစ်​ကြိမ်​မကလိင်​အကြမ်းဖက်​မှုကျူးလွန်​ဖူးသူများ၊ အခြားသူကို ပြင်းပြင်းထန်​ထန်​လိင်​အကြမ်းဖက်​ဖူးသူများ၊ဆယ်​​ကျော်​သက်​အရွယ်​​ရောက်​မှလိင်​အကြမ်းဖက်​ဖူးသူများက​တော့ လူကြီးဖြစ်​လာပြီး​နောက်​ပိုင်းမှာလည်း က​လေးသူငယ်​လိင်​အကြမ်းဖက်​မှုကို
ဆက်​လက်​ကျူးလွန်​ရန်​အလားအလာပိုများသည်​။
လေ့လာမှု​များအရ က​လေးတစ်​​ယောက်​က အခြားက​လေးတစ်​​ယောက်​ကိုလိင်​အကြမ်းဖက်​ရသည့်​ အ​ကြောင်းရင်းအများကြီးရှိသလို အကြမ်းဖက်​မှုဆီဦးတည်​သွား​စေသည့်​လမ်း​ကြောင်း​တွေလည်းအများကြီးရှိပါသည်​။
လိင်​အကြမ်းဖက်​မှုကျူးလွန်​သည့်​က​လေးအားလုံးမှာ ​တွေ့ရသည့်​ အ​​ကြောင်းရင်းတစ်​ခု၊ပုံစံတစ်​ခုတည်း​ပြောပါဆို​မည်​သူမမျှမ​ပြောနိုင်​​ချေ။
လိင်​အကြမ်းဖက်​မှုကျုးလွန်​သည့်​​ကောင်​​လေး​တွေကို ခွဲခြားနိုင်​သည့်​ စနစ်​အ​မြောက်​အမြားကိုပညာရှင်​​တွေကအကြုံပုထားပြီးဖြစ်​ပါသည်​။ အ​မေရိကန်​စိတ်​ပညာရှင်​များဖြစ်​သည့်​ Michael O'Brienနှင့်​ Walter Bera တို့​ဖော်​ထုတ်​ထားသည့်​ လိင်​အကြမ်းဖက်​မှုကျူးလွန်​သည့်​က​လေးသူငယ်​အမျိုးအစား ၇မျိုး သည်
အသုံးဝင်​ပါသည်​။
မြီး​ကောင်​​ပေါက်​အရွယ်​လိင်​အကြမ်းဖက်​သူတိုင်းအတွက်​ကျင့်​သုံးနိုင်​မည့်​ နည်းလမ်းတစ်​ခုကိုမည်​သူမျှမရှင်းပြနိုင်​ပါဘူးဟု Michael O'Brienနှင့်​ Walter Bera တို့ကအ​လေးအနက်​​ပြောထားပါသည်​။
သူတို့​ဖော်​ထုတ်​ခဲ့သည့်​ လိင်​အကြမ်းဖက်​မှုကျူးလွန်​သည့်​က​လေးသူငယ်​အမျိုးအစား ၇မျိုး တွင်​ လိင်​အကြမ်းဖက်​မှုကျူးလွန်​သူအမျိုးမျိုး၏ အ​စောပိုင်းဖွံ့ဖြိုးမှုပုံစံကို​တွေ့နိုင်​သည်​။
အ​တွေ့အကြုံမရှိ​သေးသည့်​ လက်​​တွေ့စမ်းသပ်​သူ
+++++++++++++++++++++
လိင်​အကြမ်းဖက်​မှုကျူးလွန်​သည့်​က​လေးသူငယ်​အမျိုးအစား ၇မျိုး တွင်​ပထမတစ်​မျိုးမှာ အ​တွေ့အကြုံမရှိ​သေးသည့်​ လက်​​တွေ့စမ်းသပ်​သူဖြစ်​သည်​။
ထိုက​လေးများသည်​ အသက်​၁၁နှစ်​မှ၁၄နှစ်​ကြားရှိတတ်​ပြီး ငယ်​စဉ်​ကပြဿနာရှိခဲ့သည့်​​​နောက်​​ကြောင်းရာဇဝင်​ရှိခဲ့သည်​။သူသည်​ မြီး​ကောင်​​ပေါက်​အရွယ်​များနှင့်​​​ပေါင်းသင်းဆက်​ဆံ​ရေး​ကောင်းမွန်​​သော်​လည်းလိင်​ပိုင်းဆိုင်​ရာအရ အ​တွေ့အကြုံမရှိ​သေးသည့်​ အဖြူထည်​​လေးဖြစ်​သည်​။သူသည်​ ခြိမ်း​ခြောက်​ခြင်း၊အင်​အားသုံးခြင်းမရှိဘဲအခြားက​လေးငယ်​နှင့်​ လိင်​ပိုင်းဆိုင်​ရာစူးစမ်းသည့်​အပြုအမူအချို့ကို လုပ်​တတ်​သည်​။သူ့ကို​လိင်​အကြမ်းဖက်​မှုကျူးလွန်​​အောင်​​​စေ့​ဆော်​သည့်​အရာမှာအသစ်​ဖွံ့ဖြိုးလာသည့်​ လိင်​ပိုင်းဆိုင်​ရာခံစားချက်​များ​ကြောင့်​​ ​လေ့လာစူးစမ်းပြီးလက်​​တွေ့စမ်းသပ်​လိုစိတ်​ဖြစ်​ပုံရသည်​။
အ​ဖော်​မမင်​ဘဲ နိုင်​ထက်​စီးနင်းလုပ်​သူ
+++++++++++++++++++++
လိင်​အကြမ်းဖက်​မှုကျူးလွန်​သည့်​က​လေးသူငယ်​ ဒုတိယတစ်​မျိုးမှာ အ​ဖော်​မမင်​ဘဲ နိုင်​ထက်​စီးနင်းလုပ်​သူဖြစ်​သည်​။သူသည် ​များ​သောအားဖြင့်​ တစ်​​ယောက်​တည်း၊ သို့မဟုတ်​ သူ့ကိုအသိအမှတ်​ပြု​လေးစားလက်​ခံသည့်​​က​လေးများနှင့်​သာကစားတတ်​သည်​။
သူ့အရွယ်​သက်​တူရွယ်​တူ​တွေနှင့်​ယှဉ်​လျှင်​ သူ့ကိုယ်​သူမလုံခြုံသလိုလို၊ မပြည့်​စုံသလိုလို ခံစား​နေတတ်​သည်​။သူ့မိသားစုကိုကြည့်​လျှင်​လည်း အကဲပိုလွန်းသည့်​အ​မေနှင့်​​အေးတိ​အေးစက်​နှင့်
အ​ဝေး​​ရောက်​​နေတတ်​သည့်​အ​ဖေမျိုးရှိတတ်​သည်​။
လိင်​အကြမ်းဖက်​မှုကျူးလွန်​ဖြစ်​​အောင်​ သူ့ကို​စေ့​ဆော်​သည့်​အရာမှာ များ​သောအားဖြင့်​ ရင်းနှီးကျွမ်းဝင်​မှုရရှိလိုမှုနှင့်​ သူ့ကိုယ်​သူ
အ​ရေးပါအ​ရောက်​သူလိုအထင်​ခံလိုမှုတို့ဖြစ်​သည်​။
အ​ဖော်​မမင်​ဘဲ  နိုင်​ထက်​စီးနင်းလုပ်​သူ
တစ်​ဦး၏​ပြောပြချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်​​တော့်​ညီငယ်​၊သူ့သူငယ်​ချင်းနှစ်​​ယောက်​နဲ့ကျွန်​​တော်​တို့ အဖွဲ့တစ်​ခုဖွဲ့တယ်​။ကျွန်​​တော်​က​ခေါင်း​ဆောင်​လုပ်​ပြီး စည်းကမ်း​တွေချမှတ်​ရတယ်​။ကျွန်​​တော်​​ပြောသမျှသူတို့လုပ်​တာ​ပေါ့။အဲဒီ​တော့အရမ်းမိုက်​တာ​ပေါ့။
ကျွန်​​တော်​တို့အိမ်​​နောက်​က ​တောအုပ်​​ရှေ့မှာ အဲဒီကစားနည်းကိုကျွန်​​တော်​တို့အချိန်​အ​တော်​ကြာကစားခဲ့တယ်​။နေ့တိုင်းနီးပါးကျွန်​​တော်​တို့ရဲ့လျှို့ဝှက်​ကိစ္စတစ်​ခုကိုလုပ်​ကြတယ်​။ ကျွန်​​တော်​တို့ကစားဖို့လုပ်​ထားတဲ့ခံတပ်​​နောက်​ကိုသွားပြီး ​သေးပန်းတယ်​၊ပြီး​တော့ သူတို့ကို တစ်​​ယောက်​တန်​ဆာ တစ်​​ယောက်​အပြန်
အလှန်​ကိုင်​​ဆော့ခိုင်းတယ်​။ကျွန်​​တော်​က​တော့ သူတို့ဟာ​တွေကိုဘယ်​​တော့မထိသလို သူတို့ကိုလည်း ကျွန်​​တော့်​ဟာကိုလာမထိခိုင်းဘူး။သူတို့အချင်းချင်းကိုပဲကျွန်​​တော်​ကလုပ်​ခိုင်းတာပါ၊သူတို့ကလည်း ကျွန်​​တော်​​ပြောသမျှ ဘာမဆိုလုပ်​ခဲ့တာပဲ။
အ​ဖော်​မင်​ဟန်​​ဆောင်​ထားသည့်​ နိုင်​ထက်​စီးနင်းလုပ်​သူ
+++++++++++++++++++++++++++
လိင်​အကြမ်းဖက်​မှုကျူးလွန်​သည့်​က​လေးသူငယ်​တတိယတစ်​မျိုးမှာ ​အ​ဖော်​မင်​ဟန်​​ဆောင်​ထားသည့်​ နိုင်​ထက်​စီးနင်းလုပ်သူဖြစ်​သည်​။သူသည်​ ​သက်​တူရွယ်​တူများနှင့်​​ပေါင်းသင်းဆက်​ဆံ​ရာမှာမ​ကြောက်​သလိုယုံကြည်​မှုရှိသလိုထင်​ရသည်​။သူသည်​များ​သောအားဖြင့်​​ပေါင်းသင်းဆက်​ဆံ​ရေး​ကောင်းသည့်​မြီး​ကောင်​​ပေါက်​အရွယ်​ဖြစ်​သလို ပြဿနာဖြစ်​ဖူးသည့်​​နောက်​​ကြောင်းရာဇဝင်​လည်းမရှိ​ပေ။သူသည်​သွက်​သွက်​လက်​လက်​ထက်​ထက်​မြက်​မြက်​နှင့်​ လုပ်​ချင်​ကိုင်​ချင်​စိတ်​ရှိသူဖြစ်​သည်​။
သူသည်​ အ​စောပိုင်းက​လေးဘဝတုန်းက လိင်​အကြမ်းဖက်​ခံသား​ကောင်​ဖြစ်​ခဲ့ဖူးနိုင်​သလို ​​​သေချာပြုစုပျိုး​ထောင်​ခြင်းမခံခဲ့ရသူဖြစ်​တတ်​သည်​။
သူ၏ ရန်​လိုသည့်​အပြုအမူသည်​ အချိန်​အ​တော်​ကြာဆက်​ရှိ​နေတတ်​သည်​။သူ့အပြုအမူကိုသူ​အကျွမ်းတဝင်​ရှိပြီး နိုင်​ထက်​စီးနင်းမရှိဟုမြင်​ပြီး အခြားက​လေး​တွေကလည်း လိုလိုလားလားရှိသည်​ဟုယူဆသည်​။
သူ့အပြုအမူသည်​ အကျိုးသင့်​အ​ကြောင်းသင့်​ဖြစ်​သည်​ဟုယူဆပြီး အပြစ်​ရှိသလို၊ ​နောင်​တရသလို ခံစားရခြင်းသိပ်​မရှိ​ပေ။လိင်​အကြမ်းဖက်​မှုကျူးလွန်​ဖြစ်​​အောင်​ သူ့ကို​စေ့​ဆော်​သည့်​အရာမှာ
သူ့လိင်​ပိုင်းဆိုင်ရာ​ပျော်​ရွှင်​မှုအတွက်​ အပြစ်​ကင်းစင်​သည့်​က​လေးငယ်​ကို နိုင်​ထက်​စီးနင်းလုပ်​ပြီး အတ္တကို​ရှေ့တန်းတင်​လိုခြင်းဖြစ်​သည်​။
နိုင်​ထက်​စီးနင်းလုပ်​သူတစ်​ဦး၏​ပြောပြချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်​​တော်​အဲဒီကိစ္စကိုညတိုင်း​တော့မလုပ်​နိုင်​ဘူး။ ဘာဖြစ်​လို့လဲဆို​တော့အချိန်​အကြာကြီးယူရတာရယ်​၊ ကျွန်​​တော်​အိပ်​ဖို့လိုတာရယ်​​ကြောင့်​ပါ။
ကျွန်​​တော်​လုပ်​တာကိုကျွန်​​တော့်​ညီမဘယ်​​တော့မှမသိခဲ့ပါဘူး။ဘာဖြစ်​လို့လဲဆို​တော့ကျွန်​​တော်​လုပ်​တာကသူ့ကိုနာကျင်​ထိခိုက်​​စေပုံမရဘူး၊သူဘယ်​​တော့မှလည်းမနိုးဘူး၊ဘာ​ဖြစ်​လို့လဲဆို​တော့ ကျွန်​​တော်​ကအချိ​န်​ယူပြီး ​သေချာဂရုတစိုက်​လုပ်​တာကိုး၊
လူတိုင်းအိပ်​​မောကျပြီဆိုတာနဲ့ ကျွန်​​တော်​သူ့အခန်းထဲကိုဝင်​သွားပြီး သူ့အိပ်​ရာ​ဘေးမှာထိုင်​တယ်​။ဖြေး​ဖြေးချင်း ကျွန်​​တော့်​လက်​ကို အိပ်​ယာခင်း​အောက်​က​နေလျှိုသွင်းတယ်​။ပြီး​တော့သူ့ညဝတ်​အကျီ​အောက်​က​နေလက်​ကိုသွင်းပြီး သူ့ရဲ့ကိုယ်​ကိုထိုးလိုက်​တယ်​။
နည်းနည်း​လေးပါပဲ။အဲဒီလိုလုပ်​ရတာတကယ့်​ကိုစိတ်​လှုပ်​ရှားဖို့​ကောင်းပါတယ်​။ကျွန်​​တော်​ကိစ္စမပြီးခင်​ သူ့အခန်းထဲက​နေပြန်​လစ်​ထွက်​ပြီး ကျွန်​​တော့်​အခန်းထဲကိုပြန်​သွားရတာ​ခက်​ပါတယ်​။
လိင်​ပိုင်းဆိုင်​ရာကြမ်းတမ်းခက်​ထန်​သူ
++++++++++++++++++++
သူငယ်​ချင်းအ​ပေါင်းအသင်းခင်​မင်​ပြီး ​​ရော​နှော​နေတတ်​သည့်​က​လေးမျိုးဖြစ်​သည်​။ဖရိုဖရဲနှင့်​စရိုက်​ကြမ်းသည့်​မိသားစုမှဆင်းသက်​လာတတ်​ပြီးခိုက်​ရန်​ဖြစ်​ပွားခြင်း၊အများပိုင်​ပစ္စည်းဖျက်​လိုဖျက်​ဆီးလုပ်​ခြင်း၊မူးယစ်​​ဆေးဝါးသုံးစွဲခြင်းလို လူ့အဖွဲ့အစည်းနှင့်​ဆန့်​ကျင်​သည့်​အမူအကျင့်​​တွေရှိသည့်​ ​နောက်​​ကြောင်းရာဇဝင်​ရှိတတ်​သည်​။အလိုမတူဘဲ လိင်​ပိုင်းဆိုင်​ရာပြုမူမှု​တွေလုပ်​နိုင်​ရန်​ အကြမ်းဖက်​၊ခြိမ်း​ခြောက်​မှုများကိုလုပ်​​ဆောင်​တတ်​သည်​။လိင်​အကြမ်းဖက်​ခြင်းအားဖြင့်​သား​ကောင်​အ​ပေါ်လွှမ်းမိုးနိုင်မှုက​နေ သူ့ကိုယ်​သူပါဝါရှိသလိုခံစားရခြင်း၊ ​​ဒေါသကို​ဖော်​ပြနိုင်​ခြင်း၊သား​ကောင်​ကိုလွှမ်းမိုးပြီးဂုဏ်​သိက္ခာကျဆင်း​အောင်​လုပ်​နိုင်​ခြင်းတို့က သူ့စိတ်​ကိုတက်​ကြွ​စေပါသည်​။ သူတို့သည်​ တစ်​ခါတစ်​ရံ အကြမ်းဖက်​မှုကိုပြုမှသာ လိင်​စိတ်​နှိုးကြွတတ်​ခြင်းမျိုးလည်းရှိတတ်​သည်​။
လိင်​ပိုင်းဆိုင်​ရာစိတ်​စွဲမလုပ်​မ​နေနိုင်​သူ
++++++++++++++++++++
စိတ်​စွဲမလုပ်​မ​နေနိုင်​သူသည်​ လူ​ရှေ့မှာ ကိုယ့်​အင်္ဂါကိုလှစ်​ပြခြင်း၊ပြတင်း​ပေါက်​မှ​ခြောင်းကြည့်​ခြင်း၊ဖုန်း​ခေါ်ပြီးညစ်​ညမ်းစွာ​ပြောခြင်းလို လိင်​ပိုင်းဆိုင်​ရာအပြုအမူ​တွေကို မကြာခဏမလုပ်​မ​နေနိုင်​လုပ်​တတ်​သည်​။
ထိုအပြုအမူ​တွေလုပ်​ပြီဆိုလျှင်​လည်း​​သေချာအစီအစဉ်​ချပြီးမှ
တစ်​ကိုယ်​​တော်​လုပ်​တတ်​သည်​။ထိုသို့လုပ်​ခြင်းအားဖြင့်​ စိုးရိမ်​စိတ်​နှင့်​တင်းကျပ်​မှု​ကို​ဖြေ​လျှော့နိုင်​ပြီး ​​နေလို့ထိုင်​လို့​ကောင်းသွားတတ်​သည်​။သူတို့သည်​များ​သောအားဖြင့်​ ​နွေး​နွေး​ထွေး​ထွေးနှင့်
အကျွမ်းတဝင်​မရှိသည့်​ စိတ်​ခံစားမှုဆိုင်​ရာပြဿနာရှိသည့်​မိသားစုမှဆင်းသက်​လာတတ်​သည်​။
လိင်​ပိုင်းဆိုင်​ရာအပြုအမူ​တွေကို စိတ်​စွဲမလုပ်​မ​နေနိုင်​ထပ်​ခါတလဲလဲလုပ်​ခြင်းအားဖြင့်​ သူ၏တင်းကျပ်​​နေသည့်​စိတ်​ခံစားချက်​တွေ​လျော့ပါးသက်​သာပြီး စိတ်​ကိုတက်​ကြွလာ​​စေပါသည်​။
လိင်​ပိုင်းဆိုင်​ရာစိတ်​စွဲမလုပ်​မ​နေနိုင်​သူ
တစ်​ဦး၏​ပြောပြချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်​​တော့်အသက်​ ၁၅နှစ်​​လောက်​မှာ မ​မျှော်​လင့်​ဘဲ ပထမဆုံးအကြိမ်​စလုပ်​ခဲ့ပြီး အဲဒီအချိန်​ကစပြီး နှစ်​​ပေါင်းအ​တော်​ကြာထပ်​ခါတလဲလဲလုပ်​ခဲ့တယ်​။အနီးအနားဝန်းကျင်​​လျှောက်​သွားပြီ ညဘက်​ဆို ပြတင်း​ပေါက်​​​တွေက​နေ​ခြောင်းကြည့်​တယ်​။
ကျွန်​​တော်​ဘယ်​​နေရာမှာလည်းဆိုတာအ​မေဘယ်​​တော့မှသတိမထားမိတဲ့အတွက်​ ကျွန်​​တော့်​အတွက်​လစ်​ထွက်​ရတာလွယ်​လွယ်​​လေးပဲ။
အမျိုးသမီး​ကြီး​တွေနဲ့​ကောင်​မ​လေး​တွေကိုပဲ​​ခြောင်းကြည့်​တာပါ။တစ်​ခါတ​လေ​တော့ သူတို့အဝတ်​အစားဝတ်​တာ၊ချွတ်​တာလို တစ်​ခုခုလုပ်​ကိုင်​​နေတာကိုကြည့်​ရုံနဲ့လုံ​လောက်​ပါတယ်​။တစ်​ခါတ​လေ​​တော့သူတို့ကို​ခြောင်းကြည့်​​နေရင်းနဲ့ ကျွန်​​တော့်
ဘာသာလက်​နဲ့တစ်​ကိုယ်​ရည်​အာသာ​ဖြေတယ်​။
အတွင်းခံ​ဘောင်းဘီ၊ပါးပါးလျလျအကျီင်္​လေးနဲ့အဝတ်​အစားမလုံ့တစ်​လုံဝတ်​ပြီး သူတို့​လျှောက်​သွားလုပ်​ကိုင်​​နေတာကိုကြည့်​ရတာအကြိုက်​ဆုံးပဲ။ဝတ်​လျစ်​စားလစ်​ထက်​ မလုံ့တလုံမ​ပေါ့
တ​ပေါ်​လေးကပို​ကောင်းတယ်​။
မ​မျှော်​လင့်​ဘဲရုတ်​တရက်​ထလုပ်​သူ
+++++++++++++++++
မ​​မျှော်​လင့်​ဘဲရုတ်​တရက်​ထလုပ်​တတ်​သူသည်​များ​သောအားဖြင့်​ ပြင်းထန်​သည့်​စိတ်​ပိုင်းဆိုင်​ရာနှင့်​စိတ်​ခံစားမှုဆိုင်​ရာအခက်​အခဲ​တွေရှိ​နေတတ်​သည်​။
များ​သောအားဖြင့်​ လိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​မှုကိုရုတ်​တရက်​မ​မျော်​လင့်​ဘဲ၊ကြိုတင်​ခန့်​မှန်းလို့မရဘဲထလုပ်​တတ်​ပြီး ထူးထူးဆန်းဆန်းလိင်​ပိုင်းဆိုင်​ရာအပြုအမူ​တွေကိုက​လေး​တွေ၊သူငယ်​ချင်း​တွေနှင့်​လူကြီး​တွေအ​ပေါ်ပြုမူတတ်​သည်​။
မ​မျှော်​လင့်​ဘဲရုတ်​တရက်​ထလုပ်​သူတစ်​ဦး၏​ပြောပြချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျောင်းပြီးရင်​ ​နေ့တိုင်းကျွန်​​တော်​တို့အတူတူဘတ်​စ်​ကားစီးတယ်​။တစ်​ခါတ​လေ​တော့ သူ(မ)က ကျွန်​​တော့်​ကိုနှစ်​သက်​သ​ဘောကျသလို​ပုံစံမျိုးနဲ့စကား​ပြောတယ်​။
ကျွန်​​တော်​သူ့အ​ပေါ်လုပ်​နိုင်​တာအားလုံးကို အ​တော်​​လေးစဉ်းစားခဲ့တယ်​။တစ်​ည​တော့သူ့ကိုပါတီတစ်​ခုမှာ​တွေ့တယ်​။သူမူး​နေတယ်​။ကျွန်​​တော်​သူ့ကို​​ခေါ်ထုတ်​ခဲ့တယ်​၊ပုလင်းတစ်​လုံးကိုလှမ်းဆွဲလိုက်​ပြီး ပုလင်းလည်​ပင်းကိုချိုးလိုက်​တယ်​။ ပြီး​တော့အဲဒီပုလင်းနဲ့သူ့ကိုမုဒိမ်းကျင့်​တယ်​။ သူကုန်း​အော်​တယ်​။သွေး​တွေ​က​နေရာအနှံ့ပဲ။ အရမ်းမိုက်​တာပဲ။
သူတို့ရဲ​တွေ​ခေါ်လိုက်​တယ်​၊ကျွန်​​တော်​ဂရုမစိုက်​ပါဘူး။
အုပ်​စုလွှမ်းမိုးမှု​ကြောင့်​ လိင်​အကြမ်းဖက်​သူ
+++++++++++++++++++++
များ​သောအားဖြင့်​ ဆယ်​​ကျော်​သက်​အရွယ်​ဖြစ်​တတ်​ပြီး​ပြဿနာဖြစ်​ခဲ့ဖူးသည့်ေ​နာက်​​ကြောင်းရာဇဝင်​လည်းရှိခဲပါသည်​။လိင်​အကြမ်းဖက်​မှုကို သူငယ်ချင်းအ​ပေါင်း​အ​ဖော်​​တွေနှင့်​အုပ်​စုလိုက်​ကျမှလုပ်​ခြင်းဖြစ်​သည်​။
အကြမ်းဖက်​သူသည်​ သူ့လုပ်​ရပ်​ကိုသား​ကောင်​အ​ပေါ်ပုံချတတ်​သလို အုပ်​စုမှာပါဝင်​သည့်​သူငယ်​ချင်းအ​ပေါင်းအသင်း​တွေအ​ပေါ်လည်းလွှဲချတတ်​သည်​။
သူငယ်​ချင်း​တွေနှင့်​အုပ်​စုလိုက်​လိင်​အကြမ်းဖက်​မှုကိုစိတ်​တူကိုယ်​တူလိုက်​လုပ်​လျှင်​ သူငယ်​ချင်း​များ၏အာရုံစိုက်​၊အသိအမှတ်​ပြုခံရမှုကိုရမည်​ဟု​မျော်​လင့်​သည့်​အတွက်​ သူ့ကိုလိင်​အကြမ်းဖက်​​အောင်​​စေ့​ဆော်​မှု​သည်​ သူငယ်​ချင်း​တွေ၏ဖိအား​ပေးမှုကလာခြင်းဖြစ်​သည်​။
#######
က​လေးသူငယ်​လိင်​အကြမ်းဖက်​သူအများစုသည်​ သူတို့၏ပထမဆုံးလိင်​အကြမ်းမှုကို သူတို့ကိုယ်​တိုင်​က​လေးအရွယ်​ရှိစဉ်​ကပင်
လုပ်​​ဆောင်​ကြခြင်းဖြစ်​သည်​။ လူကြီးလိင်​အကြမ်းဖက်​သူများလိုပင်​ က​လေးသူငယ်ချင်းလိင်​အကြမ်းဖက်​သူများတွင်​လည်း အကြမ်းဖက်​မှုပုံစံများနှင့်​ အကြမ်းဖက်​​အောင်​လှုံ့​ဆော်​သည့်​အရာများသည်​တစ်​ဦးနှင့်​တစ်​ဦးအ​တော်​​လေးကွဲပြားခြားနားပါသည်​။
{စိတ်​၏သား​ကောင်​များစာအုပ်​မှထုတ်​နှုတ်​​ဖော်​ပြသည်​}
No comments: