Saturday, May 18, 2019

SAMSUNG GALAXY S10 PLUS REVIEW EXPERIENCE



 ဒီတစ်ခါ Review လို့ခေါင်းစဉ်တတ်တာထက် User Experience လို့ပြောတာ ပိုမှန်ပါလိမ့်မယ်။ လက်ထဲစမရောက်ခင် Exclusive အနေနဲ့ခေါ်ပြတုန်းက First Impression မှာအတော်ကြွေခဲ့တဲ့ ဖုန်းတစ်လုံးပါ (P30 Pro မထွက်ခင်အထိ)။ Galaxy S10 Plus ဆိုတာက Galaxy S Series ရဲ့ ၁၀ နှစ်ပြည့်ထုတ်လုပ်ထားတဲ့ ဖုန်းတစ်လုံးပါ။ 2010 လောက်က ထုတ်လုပ်ထားတဲ့ Galaxy S နဲ့ ယှဉ်လိုက်မယ်ဆိုရင် အများကြီးတိုးတတ်နေတာကို တွေ့ရမှာပါ။ 4-inch AMOLED ကနေ 6.4-inch curved Dynamic AMOLED Infinity-O Display ထိ၊ Ultra Sonic Under Display Fingerprint Sensor တွေ၊ Glass and Aluminium Design တွေ၊ Triple Camera တွေ Dual-Selfie Cameras တွေ စသဖြင့် အများကြီးပြောင်းလဲသွားပါတယ်။

ဆိုတော့ Galaxy S10 Plus က နောက်ဆုံးပေါ် အမိုက်စား၊ အကောင်းဆုံးဖုန်းတစ်လုံး ဆိုတာလဲ မမှားပါဘူး။ အရမ်းမိုက်တဲ့ ဖုန်းဖြစ်တဲ့အတွက် အပြစ်ရှာမယ်ဆိုရင် အပြစ်နည်းနိုင်သလို Review လုပ်တဲ့အခါမှာလည်း ရင်ခုန်ဖို့အတော်နည်းသွားပါတယ်။ ပြောချင်တာက ဘာပဲ စမ်းသပ် အဆင်ပြေမှုတွေ အားသာချက်တွေ ရှိနေတော့ ပျင်းဖို့ကောင်းတဲ့အထိ ဖြစ်လာပါတယ်။ သုံးစွဲနေတဲ့ကာလတစ်ခုကကြာခဲ့ပြီဆိုတော့ ဘာတွေအားသာတယ် ဘယ်ဟာတွေက လွဲနေလဲဆိုတာကို ရေးသားဖို့ အချိန်ရောက်လာပြီးထင်ပါတယ်။

ဒီ Review ဖြစ်လာဖို့အတွက် ကျွန်တော်တို့မှာ Samsung S10 Plus ဆိုတဲ့ ဖုန်းကြီးပဲရှိပါတယ်။ အခြားသော Sale Unit ကဲ့သို့ ပြည့်စုံခြင်းတရားမရှိခဲ့ပါ။ Battery ပိုင်းဆိုင်ရာစမ်းသပ်ဖို့ Official Adaptor ပါမလာ၊ အသံပိုင်းဆိုင်ရာစမ်းသပ်ဖို့ AKG ဆိုတဲ့ နားကြပ်မျိုးမရှိပါ ဆိုတော့ ဒီအပိုင်းတွေနဲ့ ပက်သက်ရင် ရေးသားတာ နည်းကောင်းနည်းနိုင်ပါတယ်။ နောက်ပြီးတော့ ဒီဖုန်းက Pre-Production Unit ဆိုတာသေချာပါတယ်။ သုံးနေတဲ့အချိန်မှာလဲ Sale Unit နဲ့ ထူးခြားကွဲထွက်တဲ့ ပြဿနာတွေ မတွေ့ရတော့ Final Unit လို့ပြောရင်လဲ မမှားပါဘူး။ ဆိုတော့ Review လေးစလိုက်ရအောင်…


Design and Build Quality

ဖုန်းရဲ့ တည်ဆောက်ပုံနဲ့ Design ကိုကြည့်လိုက်မယ်ဆိုရင် Galaxy Note 8 ကို သွားသတိရစေမှာပါ။ ပြီးတော့ S10 Plus က Samsung ရဲ့ S Series နဲ့မတူတော့ပဲ Note Series နဲ့ပိုတူနေတာကို ခံစားရပါတယ်။ ကျောဘက်ခြမ်း Camera တွေကို တန်းစီထားပေးတာက အတော်လေး သပ်ရပ်သွားတယ်လို့ခံစားရတယ်။ ဒါက Note 8 နဲ့ Note 9 နဲ့ ယှဉ်ရင် Note 8 ကျောဘက်ခြမ်းကို ပိုကြိုက်မိတာကြောင့် ဒီ S10 Plus မှာလဲ Note 8 တုန်းက အကြိုက်ကို ပြန်ရတယ်လို့ ခံစားမိလို့ပါ။

ကျောဘက်ခြမ်းမှာ Heart Rate Sensor ရယ်၊ LED Flashlight ရယ်၊ Main Lens, Tele Lens နဲ့ Ultra Wide Lens တို့ကို စနစ်တကျ တန်းစီထားတာကိုတွေ့ရမှာပါ။ ပြီးတော့ Samsung Logo Trademark ကို မရေးတရေး မသိမသာလေး ဖော်ပြထားတာကိုတွေ့ရမှာပါ။ အဲ့အပြင် ကျောဘက်ပြောင်ကို ရိုးရိုးရှင်းနဲ့ တွေ့ရမှာပါ။ အမှတ်တမဲ့ကြည့်လိုက်ရင် SWAT ကရဲတွေကိုင်တဲ့ ဒိုင်း နဲ့တူပါတယ် :D

ရှေ့ဘက်ခြမ်းကိုကြည့်လိုက်ရင် သင်မြင်နေကြ S Series ဖုန်းနဲ့မတူတော့ပဲ Note နဲ့ဆင်နေသလိုခံစားရမှာပါ။ အပေါ်ဘက် ပါးလွှာတဲ့ ဘောင် အလယ်တည့်တည့်မှာ Speaker ပေါက်လေးကိုမြင်တွေ့ရပြီးတော့ အောက်ဘက် Chin မှာတော့ အရင် Series တွေထက် ပိုသေးငယ်တာကိုမြင်ရမှာပါ။ ပြီးတော့ Display မှာအပေါက်ဖောက် ထည့်ထားတဲ့ Dual Camera ကိုတွေ့ရမှာပါ။ Samsung ကတော့ Infinity-O Display လို့နာမည်ပေးထားပါတယ်။ အပေါ်ဘောင်တွေ ပါးသွားတဲ့အတွက် Proximity Sensor တွေ Ambient Sensor တွေက Display အောက်ကိုရောက်သွားပါတယ်။

Design ပိုင်းမှာတော့ စာရေးသူ အကြိုက်ထဲကတစ်ခုဆိုတာသေချာပါတယ်။ ဆန်းပြားမှုတွေ သိပ်မကြိုက်တဲ့ သူတွေအတွက်ဆိုပိုသင့်တော်မှာပါ။ မြင်တာနဲ့ လုံးဝ Premium ဖုန်းတစ်လုံး (သို့) အမိုက်စား တန်ဖိုးကြီးဖုန်းတစ်လုံးလို့ ခံစားရမှာသေချာပါတယ်။ Hands-on Feeling မှာ လက်ထဲကိုင်ကြည့်ဖူးတဲ့ ဖုန်းတွေထဲမှာ တစ်ကယ်ကို အရသာအရှိဆုံးဖုန်းလို့မြင်မိပါတယ်။ လွဲနေတာ ချောင်နေတာ ပျော့နေတာတွေမရှိပဲ အတော်လေး ကျစ်လစ်သော ဖုန်းတစ်လုံးဆိုတာသေချာပါတယ်။

ဘာရယ်တော့မဟုတ်ဘူး Personal အရ Design နဲ့ BQ ပိုင်းမှာ အလိုမကျတာလေးတွေရှိပါတယ်။ ပထမတစ်ခုက အရမ်းခေါင်းမာလွန်းတဲ့ Samsung လိုပြောရမလားမသိဘူး Bixby Button နဲ့ Vol Rocker ကို နေရာမချိန်းသေးတာပါ။ S8 ကနေ S Series, Note Series ကိုင်လာတဲ့သူတွေအတွက် အကျင့်ဖြစ်နေပေမဲ့ အခြား Brand ကနေပြောင်းကိုင်မဲ့သူတွေအတွက် တစ်ကယ်ကို ကသိကသောက်နိုင်တဲ့ Buttons Placement လို့ပြောရမှာပါ။ Designer အနေနဲ့လည်း Samsung Fan တွေအတွက်ပဲ အာရုံစိုက်လိုက်တဲ့ပုံပေါ်ပါတယ်။ ပြီးတော့ မှားတတ်တယ်ဆိုတဲ့ Feedback ကို ဂရုမစိုက်ပုံပေါ်ပါတယ်။ စာဖတ်သူအနေနဲ့ Samsung Fan ဖြစ်နေတယ်ဆိုရင်တော့ ဒါက ကြီးမားတဲ့အခက်အခဲမဟုတ်ပါဘူး။

Buttons Placement ကဒီမှာတင်ပြီးသွားတာမဟုတ်ပဲ အရင် Model တွေမှာ အဆင်ပြေနေတဲ့ Power Button ကိုတောင် တလွဲလုပ်လိုက်ပါတယ်။ ဖုန်းတွေ အရမ်းကြီးလာတဲ့အခါ လက်တစ်ဖက်နဲ့ Buttons တွေကိုနှိပ်နိုင်ဖို့က လက်နဲ့အဆင်ပြေဖို့နေရာနားမှာထားတာအကောင်းဆုံးပါ။ အခုက အဆင်ပြေနေတဲ့ Power Button Placement က ဖုန်းအပေါ်ကို ပိုရောက်သွားတော့ လက်တစ်ဖက်ထဲကိုင်ပြီး လက်မနဲ့လှမ်းနိုပ်ဖို့မလွယ်တော့ပါဘူး။ ဘယ်လက်နဲ့ ကိုင်နေတဲ့သူ (သို့) ဘယ်သန်တွေအတွက်ဆို ပိုအဆင်မပြေတဲ့အနေအထားတစ်ခုကိုရောက်သွားပါပြီး။ ဖုန်းတစ်ခုလုံး မြင်မြင်ချင်း ကြွေခဲ့တဲ့ Impression တွေက Buttons Placement တွေမှာ စကျတယ်ဆိုရာမှာပါ။

Body Frame မှာ Aluminum ကို Stainless ဖြစ်အောင် လုပ်ထားတာတာ သပ်ရပ်တယ် လှတယ် အဆင်ပြေတယ်မိုက်တယ်ပေါ့။ နည်းနည်းလေးကြာလာတော့ ခံစားမိလာတာက ရှေ့ Glass အကွေးနဲ့ နောက် Glass အကွေားကြားမှာ Frame က အတိမဖြစ်ပဲ အနည်းငယ် Frame ကထွက်ပြီး အထစ်ကလေးဖြစ်နေတယ်လို့ ခံစားရပါတယ်။ အရင် Models တွေမှာ သေချာမခံစားမိပေမဲ့ အခု S10 Plus မှာတော့ အရင်ကထက် ပိုပြီး ဖြစ်နေသလား စိတ်ထဲထင်မိတယ်။ သေချာကြည့်ရင် မသိသာပေမဲ့ လက်နဲ့ပွတ်ကြည့်တဲ့အခါ သေချာပေါက်ခံစားမိမှာပါ။ ပြောရရင် Frame ကကြီးပြီး Glass တွေက အနည်းငယ်သေးနေသလိုဖြစ်နေတာပါ။ ဖြစ်လဲဖြစ်ပေါ့ဆိုပြီး ပေါ့ပေါ့တန်တန်နေပြီး ဘောင်းဘီအိပ်တွေ လွယ်အိပ်တွေထဲကို ဒီအတိုင်းထည့်ထားလိုက်တယ်။ Cover လည်းတပ်မကိုင်တော့ Hands-on feelings ကတော့ အပြည့်အ၀ရတာပေါ့လေ… နောက်မှ သတိထားမိတယ် ဖုန်းရဲ့ ကျောဘက် အပေါ် ညာထောင့်မှာ Frame နဲ့ Glass ကြားမှာ စက္ကူလိုလို၊ တစ်ရှူးလိုလိုလေး ညက်နေတယ်။ ထုတ်မရပြုမရ နောက်ဆုံး ဓာတ်ပုံရိုက်ပြီး ဖော်ပြလိုက်တယ်။

Design နဲ့ Build Quality မှာ အချုပ်အားဖြင့်ပြောရရင် ခေတ်မှီပြီး ရိုးရှင်းတဲ့ Design နဲ့ လှပသေပ်တဲ့ Build Quality လို့ပြောရမှာပါ။ Buttons Placement နဲ့ Frame Glass ကြား စက္ကူက အပြစ်လို့မဆိုလိုချင်ပေမဲ့ ဖြစ်တတ်တဲ့သဘောမှာရှိတဲ့ အားနည်းချက်တစ်ခုလို့ မြင်မိပါတယ်။ ဆိုတော့ အနုအရွနဲ့ ကိုင်ချင်တဲ့သူတွေအတွက်ကတော့ Skin သုံးရင်သုံး (သို့) Cover ကောင်းကောင်းလေးတပ်သုံးဖို့ အကြံပြုလိုပါတယ်။

Display

လက်ရှိအချိန်မှာ အကြိုက်ဆုံး Display ကို ပြောပါဆိုရင် ကျွန်တော် ခေါ်ပြမှာ Galaxy S10 Plus ပါ။ Color accuracy တွေ၊ High image contrast accuracy တွေ၊ Brightness တွေ၊ Color Gamut တွေ၊ Lowest Reflectance တွေမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ Display ပါ။ 6.4inch ကျယ်ပြီးတော့ WQHD+(1440 x 3040) resolution ရှိပြီး HDR10+ ကိုလည်း Support လုပ်ပါတယ်။ Display ပိုင်းကို ပြောရရင် A+ အဆင့်မှာရှိတဲ့ အတွက် အရမ်းကောင်းတဲ့ Display ပါ။

Is that S10 Plus Display Review??

မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး။ ဆက်ပြီးရေးဖို့ရှိပါသေးတယ်။ လိုရင်းကိုဆက်ရအောင် HDR10+??? ကဘာလဲ…. ဒါက Galaxies တွေထဲမှာ ပထမဆုံးပါတဲ့ Feature လို့ပြောရမှာပါ။ “+” ဆိုတာကတော့ Samsung က ဖန်တီးထားတဲ့ Key တစ်ခုပါ။ ဒီအကြောင်းကိုပြောဖို့ ကျွန်တော်တို့ Television တွေကို လက်လွှတ်လိုက်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက Display နည်းပညာပါ။

HDR10+ အကြောင်းမပြောခင် HDR10 နဲ့ Dolby Vision (DV) ကိုထည့်ပြောမှရပါမယ်။ Dolby Vision ဆိုတာ HDR10 ရဲ့ပြိုင်ဘက်ပါ။ TV(Branded) အများစုက HDR10 ကော Dolby Vision ကို Support လုပ်ကြပါ။ ဒါမဲ့ သူတို့တွေ ကြော်ငြာတဲ့အခါ Dolby Vision ကိုပဲ Point အနေနဲ့ အများစုကြော်ငြာလေ့ရှိပါတယ်။ DV နဲ့ HDR10 ဘာကွာလဲဆိုရင် Brightness ပိုင်းမှာ သိသိသာသာ ကွာခြားလေ့ရှိပါတယ်။ DV က 10,000 nits ထိ အလင်းအားပေးနိုင်ပြီး HDR10 ကတော့ 1,000 nits ထိပဲ အများဆုံးထုတ်ပေးနိုင်ပါတယ်။ Color Depth မှာဆိုရင်လည်း Dolby Vision က 12bit, HDR10 က 10bit စသဖြင့်ကွာခြားမှုတွေရှိပါတယ်။ (ဒီမှာပြောခဲ့တဲ့ ကိန်းဂဏန်းတွေက TV တွေမှာ Maximum Number များဖြစ်ပြီး ဖုန်းမှာလဲ အဲ့လိုရလိမ့်မယ်လို့ မဆုံးဖြတ်သင့်ပါ၊ လိုအပ်တဲ့အနေအထားတစ်ခုထိတော့ရတာ သေချာပါတယ်)

HDR10 ကို Samsung ကနေ “+” ပေါင်းထည့်လိုက်တဲ့အခါမှာဆိုရင် Metadata အလုပ်လုပ်ပုံတွေက HDR10 လို Static မဟုတ်တော့ပဲ Dynamic တစ်နည်းအားဖြင့် Frame-by-Frame နည်းနည်းနဲ့ အလုပ်လုပ်ပါတယ်။ ဒါက Dolby Vision နဲ့ အလုပ်လုပ်ပုံခြင်းတူသွားပါပြီ။ Static Metadata က တူညီတဲ့ ပုံရိပ်ကို တူညီတဲ့ Color တွေထပ်ပြီး Contrast Ratio နဲ့ Color Accuracy ကောင်းအောင်လုပ်ထားတာပါ။ Dynamic Metadata မှာတော့ တူညီတဲ့ပုံရိပ်ကို မတူညီတဲ့ Color တွေကိုထပ်ပြီး ပိုကောင်းအောင်လုပ်ထားတာပါ။ ဆိုတော့ HDR10 နဲ့ HDR10+ ကိုယှဉ်ကြည့်မယ်ဆိုရင် HDR10+ က Color Accuracy ပိုင်း၊ Contrast Ratio ပိုင်း နဲ့ Brightness ပိုင်းတွေမှာ ပိုပြီးအားသာပါတယ်။ ပိုပြီး Depth ဖြစ်တဲ့ Color တွေကိုရပါတယ်။ Brightness ပိုင်းမှာဆိုရင်လည်း အများဆုံး 5,000 nits (TV Numbers) ထိထုတ်ပေးနိုင်ပါတယ်။

Galaxy S10 Plus မှာဆိုရင် Brightness ကို On-paper အရ 800 nits ၀န်းကျင်ထိထုတ်ပေးနိုင်သော်လည်း GSMArena ရဲ့တိုင်းတာချက်အရ 385 nits ထိပဲရတယ်လို့သိရပါတယ်။ S10+ ရဲ့ AMOLED Panel ကတော့ 800 nits ထိရတာတော့ သေချာပါတယ်။ သင့်အနေနဲ့ လက်ထဲကဖုန်းကို 800 nits ထိ လင်းဖို့လည်း မလိုအပ်ပါဘူး။ ဖုန်းနဲ့ မီးထွန်းဖို့မှမဟုတ်တာ…


ဆိုတော့ ဒီလိုကောင်းမွန်တဲ့ဖုန်းကို ဒါတွေထည့်ပေးထားလို့ ကောင်းတယ်ဆိုတာမျိုး ရေးထားတာက သင့်အတွက် ပျင်းစရာကောင်းနေမှာပါ။ ဒီဖုန်းက လုံးဝ အပြစ်မရှိတာမျိုးလား?? မဟုတ်ပါဘူး ရှာကြံပြောပါမယ်။ Display ရဲ့ အပေါ်ဘောင်ကို ပါးအောင်လုပ်လိုက်နိုင်သော်လည်း အောက်ဘက် Chin က အပေါ်ဘက် Bezels ယှဉ်ရင် မညီမျှသေးပါ။ သို့သော် အောက်ဘက် Chin က အရင် ဖုန်းတွေထက် ပိုပါးလာပါတယ်။ အပေါ်ဘောင်ကို ပါးလိုက်ရတဲ့အတွက် Iris Scanner ကို ဖြုတ်လိုက်ပြီး Selfie အတွက် Punch Hole လေးကို ညာဘက်အပေါ်ထောင့်မှာ သုံးပေးထားပါတယ်။

Punch Hole က စိတ်အနှောက်အယှက်ဖြစ်စေလားဆိုရင် စသုံးခြင်းမှာတော့ နည်းနည်း ဂကြောင်နိုင်တယ်ဆိုပေမဲ့ နောက်ပိုင်းမှာ အသားကျလာတယ်။ ဒီ Hole လေးက တစ်မျိုးဆန်းတယ်ဆိုပေမဲ့ ရုပ်ရှင်ကြည့်တာ ကြိုက်တဲ့သူတွေအတွက်တော့ အနည်းငယ် မတင်မကျဖြစ်စေမှာပါ။ အပေါ်ထောင်မှာ တစ်ခုခု ကပ်နေသလို၊ အုပ်နေသလို စသဖြင့် ဖြစ်စေမှာပါ။ ကျွန်တော်အနေနဲ့ အပေါက်ပါတဲ့ ဖုန်းကို ၀ယ်တဲ့နောက် ဒါမျိုးဖြစ်မယ်ဆိုတာ ကျိန်းသေသိနေရင် ဒါကို အပြစ်လို့ မမြင်သင့်ပါဘူး။ Software Optimization အရ ဒီ Hole တွေ Notch တွေနဲ့ ပက်သက်လို့လဲ အဆင်ပြေအောင် လုပ်ပေးထားတယ်ဆိုတော့ သုံးစွဲသူအပေါ်ပဲ စိတ်အနှောက်အယှက်ဖြစ်တာ မူတည်မှာပါ။

Movies and Videos တွေကို ကြည့်တဲ့အခါ Hole ကို အပေါ်ဘက်ထောင့်မှာ ထားကြည့်ရင် အနည်းငယ် စိတ်အနှောက်အယှက်စတာကိုလက်ခံပါတယ်။ ဒါမဲ့ သင့်အနေနဲ့ Video ကိုချုံကြည့်လို့ရပါတယ်။ ဒီလိုမှမဟုတ် Full View ကိုမှ ကြည့်ချင်တယ်ဆိုရင် Hole ကို အောက်ဖက်ထားကြည့်ရင် ပိုအဆင်ပြေမယ်လို့ အကြံပေးချင်ပါတယ်။ လူ့မျက်လုံးရဲ့ သဘောအရ View တစ်ခုရဲ့ အပေါ်ဘက်ကို သတိထားမိလွယ်လို့ အောက်ဘက်ထားကြည့်ရင် အနှောက့်အယှက်ကင်းသလိုခံစားရမှာပါ။

Dynamic AMOLED ဆိုတာကလဲ Blue Light ကို Color တွေမကျပဲ မပြောင်းပဲ လျော့ချပေးတာဆိုတော့ မျက်လုံးထိခိုက်မှုတွေမှာပဲ အများကြီးကာကွယ်နိုင်ပါတယ်။ ဒီလိုကောင်းမွန်းတဲ့ Display ရဲ့ အရသာကို အပြည့်အ၀ခံချင်ရင်တော့ အလကားရတဲ့ Source က ရုပ်ရှင်တွေကြည့်မှာထက် Netflix တို့ Amazon Prime တို့ကဟာတွေကြည့်ရင်တော့ ပိုအရသာရှိမှာပါ။ S10 Plus ၀ယ်ယူသူတွေအတွက်လဲ Samsung က Cookie TV Package 3 လစာရရှိမှာဆိုတော့ HBO ကနေ GOT Season 8 အေးဆေးကြည့်လို့ရပါပြီ။

Audio

Headphone jack ကို အခုချိန်ထိထည့်ပေးထားတာ ကျေးဇူးတင်ရမှာပါ။ တစ်ဖက်မှာလည်း ဖြုတ်လိုက်တဲ့ Flagship ဖုန်းအချို့နဲ့ ယှဉ်မိရင် 3.5mm Jack ပါနေတာက ခေတ်နောက်ကျနေတယ်လို့လည်း တွေးမိနိုင်ပါတယ်။ ဒါတွေက သင့်ရဲ့အတွေးပေါ်ပဲမူတည်ပါတယ်။ Samsung လည်းအချိန်တော်တော်ကြာ ထည့်ပေးနေဦးမယ်လို့ မထင်ပါဘူး။ ဒါမဲ့ USB-C Earphone နဲ့လည်း နားထောင်လို့ရပါတယ်သေးတယ်။ တစ်ပြိုက်နက်ထဲ နားထောင်လို့တော့မရပါဘူး။ အသံ Quality ကကောဘယ်လိုနေမလဲဆိုတော့ Excellent Level မှာရှိပါတယ်။ ဒီလို Quality မျိုးကို သူ့မှာပါတဲ့ AKG နဲ့နားထောင်ပြီးဇိမ်ယူလိုက်ပါ။ Review Unit မှာ Earphone မပါတဲ့အတွက် ဇိမ်မယူဖြစ်ခဲ့ဘူး။ Speaker ပိုင်းမှာဆိုရင် Stereo Speaker ကိုတပ်ဆင်ပေးထားတယ်။ Loudness ပိုင်းကော Clarity ပိုင်းမှာကော လုံးဝ Impressive ဖြစ်ပါတယ်။ Galaxy S9 နဲ့ Note 9 တို့ထက် ပိုကောင်းပါတယ်။

Performance

မြန်မာပြည်ကိုသွင်းတဲ့အလုံးက သိတဲ့အတိုင်းပဲ Exynos 9820 ကိုသုံးထားတာပါ။ Exynos 9820 က Snapdragon 855 လို 7nm(Nanometer) မဟုတ်ပါဘူး။ Tech နဲ့ရင်းနီးတဲ့သူတွေတော်တော်များများက ဒီ Nanometer တွေကဘာကိုဆိုလိုလဲဆိုတာ သိကြပေမဲ့ မရင်းနီးတဲ့သူတွေအတွက်တော့ အကြမ်းဖျင်းရှင်းပြထားပါတယ်။ ဒီ Nanometer လေးတွေက SoC (Exynos 9820/SD 855) ပေါ်မှာတည်ဆောက်ထားတဲ့ Transitor လေးတွေရဲ့ Size ကိုပြောတာပါ။ ဒါလေးတွေက ဂဏန်းသေးလေ Size သေးတာဖြစ်တဲ့အတွက် Power သုံးစွဲခြင်းပိုသက်သာသလို Performance လည်းပိုကောင်းပါတယ်။ Mobile SoC တွေမှာ 7nm ထိတည်ဆောက်လာကြပါပြီ။ Kirin 980, Snapdragon 855 နဲ့ A12 Chip တို့က 7nm ထိအပြိုင်အဆိုင် တည်ဆောက်နေတဲ့အချိန်မှာ Samsung က 8nm ကိုပဲသုံးနေပါသေးတယ်။ ကိန်းဂဏန်းအရ ပြောရရင် Exynos 9820 က နှေးနိုင်တယ်လို့ပြောလို့ရနိုင်ပေမဲ့ လက်တွေ့သုံးကြည့်တဲ့အခါ သိသိသာသာ ကွာခြားတာမျိုးမရှိသလို သေချာပေါက်မြန်ဆန်လွန်းတယ်လို့လဲပြောလို့မရသေးပါဘူး။ စာဖတ်သူသေချာပေါက် တွက်ထားသင့်တယ်။ 7nm နဲ့ Samsung ရဲ့နောက်ဆုံးပေါ် SoC ရယ် One UI ရယ်ကြောင့် သွက်လက်လန်ပြန်နေမှာပါ။ လက်ရှိအချိန်မှာ အမြန်ဆုံးမဟုတ်တောင် အမြန်ဆုံးဖုန်းတွေထဲက တစ်လုံးပါ။

Bug
Bug
Samsung ရဲ့ နောက်ဆုံးပေါ်ဖုန်းဖြစ်တဲ့အပြင် Android Pie အခြေခံထားတဲ့ One UI အသစ်နဲ့ Exynos 9820, RAM 8GB တို့က လက်ရှိအချိန်မှာ လုံးဝ Lag တဲ့ဖုန်းမဟုတ်တာသေချာပါတယ်။ စာဖတ်သူ ဘာသုံးသုံး အဆင်ပြေနေမှာကိုတွေ့ရမှာပါ။ ဒါမဲ့အချို့အပိုင်းတွေမှာ Software ကြောင့် Bug တွေရှိနေသေးတာကိုတော့ အသိပေးပါရစေ…

Heat management ပိုင်းမှာတော့ စိတ်တိုင်းမကျသေးပါဘူး။ လက်ထဲဖုန်းကို လွတ်တဲ့သူမဟုတ်တော့ နွေးနွေးလေးဖြစ်တဲ့ Feel ကို ခံစားရပါတယ်။ Wifi Hotspot လွှင့်တဲ့အခါ ဖုန်းတိုင်းပူတတ်ပေမဲ့ S10 Plus ရဲ့ နွေးထွေးမှုက လွန်ကဲနေသလိုခံစားရပါတယ်။ Heat အပိုင်းမှာ အမြဲပူတတ်တာမျိုးမဟုတ်ပဲ Brightness တွေ အများအပြားတင်ကြည့်တာတွေ Data သုံးတာတွေ Game ဆော့တဲ့အခါမျိုးတွေမှာ ဖြစ်တတ်တာပါ။ ဒါမျိုးကလဲ S10 Plus တစ်ခုထဲဖြစ်တာမဟုတ်ပဲ Flagship တိုင်း Powerfull သုံးရင် ဖြစ်တတ်ပေမဲ့ S10 Plus အနည်းငယ်ပိုနေသလိုခံစားရတယ်။ ဒါမဲ့ အရင် S9 ထက်တော့ တိုးတတ်လာသာ သေချာပါတယ်။

သို့သော် စာဖတ်သူက SoC ကိုသာ အဓိကထားမဲ့သူဖြစ်ခဲ့မယ်ဆိုရင် S10 Plus ရဲ့ Exynos Version ကိုစဉ်းစားမှမဟုတ်ပါဘူး။ ဘာများကွာနိုင်လို့လဲ ကွာခြားချက်တွေကကော အရေးကြီးလားဆိုရင် ဒါက Personal Preference ပါလို့ပြောပါရစေ…

Experience

Samsung ဖုန်းတွေကို အရင်က ခံစားလို့မရတဲ့အပိုင်းတွေထဲမှာ UI ပါပါတယ်။ စာဖတ်သူက အရင်ဖုန်းတွေမှာ သုံးခဲ့တဲ့ TouchWiz UI ကို ကြိုက်ခဲ့သူမဟုတ်ပါ။ S8 မှစလို့ Experience UI အသစ်ကို မြင်တွေ့ခဲ့ပြီး စာရေးသူအမြင်တွေပြောင်းလာခဲ့ပါတယ်။ အခု One UI အသစ်မှာ အများကြီးပိုမိုက်သွားတယ်၊ ပိုကောင်းသွားတယ်ဆိုတဲ့ Feeling ကိုရလာပါတယ်။ လက်ရှိအချိန်မှာတော့ Pixel UI ပြီးရင် ဒုတိယအကြိုက်ဆုံးက One UI ဖြစ်လာခဲ့ပါပြီ။ သို့သော်မထင်မှတ်ထားတဲ့ Bug မချို့တွေရှိပါတယ်။ ဒါကို Software ပိုင်းမှာပြောသွားပါ့မယ်…

Software

ဖုန်းလက်ထဲကို စရောက်တော့ ပုံမှန်သုံးနေကြ ကိုယ့်အတွက် လိုအပ်သော Social App တွေ Game တွေ Productivity App တွေပါသွင်းလိုက်တယ်။ ထို့နောက် ကိုယ့် ဖုန်းကဲ့သို့ စိတ်ကြိုက်စသုံးပါတယ်။ One UI ရဲ့ တိုးတတ်ပြောင်းလဲမှုက တစ်ကယ်ကိုမိုက်ပါတယ်။ ရှင်းလင်းတဲ့ Interface တွေ လှပသေသပ်တဲ့ Icon အသစ်တွေက တစ်ကယ်ကို ဆွဲဆောင်မှုရှိပါတယ်။ S10e မှာ One UI က သေးငယ်တဲ့ Screen ပေါ်မှာ Run တာပြဿနာမရှိပေမဲ့ S10 Plus လိုဖုန်းမျိုးမှာကျ စိတ်အလိုမကျစရာလေးကို တွေ့ရပါတယ်။ အပြစ်ရှာတာမဟုတ်ပဲ ခံစားမိတာလေးကို ရေးသားခြင်းပါ။ S10 Plus လိုဖုန်းမျိုးက QHD+ Resolution ကိုရတဲ့ဖုန်းပါ ဒီလိုဖုန်းကို One UI ရဲ့ လှပတဲ့ Icon တွေနဲ့ အလှဆင်ရင် ဘယ်လောက်တောင် တောက်ပလိုက်မလဲ?? သို့သော် One UI Launcher မှာ Default Style က Icon တွေကို ကြီးပေးထားပါတယ်။ စေတနာနဲ့ကြီးထားတယ်ဆိုပေမဲ့ ကြီးမားတဲ့ Resolution ပေါ်မှာ Icon တွေက မကြည်သလို ခံစားရတယ်။ ဘယ်လိုပြောရမလဲ Resolution သေးတဲ့ပုံကို BillBoard အတွက် ချဲ့ကူးထားသလိုဖြစ်နေတာပါ။ လှပပုံ Icon လေးတွေက အစွန်းလေးတွေမှာ အနည်းငယ် Blur မိသလို မပြတ်သားတာတွေတွေ့ရပါတယ်။ ဒါကပြဿနာမဟုတ်ပါဘူး S10 Plus ပေါ်မှာ ခံစားမိချင်းပါ။

နောက်တစ်ခုက Widget Bug ပါ Default Launcher မှာ icon တွေကြီးနေလို့ သွားကလိတယ်ဆိုပါတော့ Home Screen Settings ထဲမှာ icon တွေသေးအောင် အများကြီးထည့်လိုက်တော့ Weather Widget က အောက်ပိုင်း အပျက်တွေ ဖြစ်ကုန်ပါတယ်။ Widget Space သေးလို့လားဆိုပြီး ချဲ့ကြည့်ပါတယ် Bug တစ်ခုလို့အဆင်မပြေတာကိုတွေ့ရပါတယ်။

Widget Bug
သတိမထားမိတဲ့ဖြစ်ရပ် – စာရေးသူက iOS သုံးသူပါ Facebook ကိုလည်း Two-Factor authentication လုပ်ထားပါတယ်။ iOS မှာ Facebook ကိုဝင်ရင် Code တောင်းပါတယ် ဖြည့်ပြီးဝင်လိုက်တာ အဆင်ပြေတယ်။ အဲ့နောက် Page Manager ကိုလည်း One Click နဲ့အေးဆေးပါပဲ။ S10 Plus ကိုစပြောင်းတော့ တိုင်ကပတ်ပြီ Facebook ကို Code ဖြည့်ပြီး ၀င်လို့ရပေမဲ့ Page Manager ထဲကို One Click နဲ့ ၀င်လို့မရဘူး “Application does not have permission for this action (10)” ဆိုတဲ့စာသားနဲ့အတူပေါ်လာပါတယ်။ ဘာများလဲပေါ့။ အခြားဖုန်းမှာ ၀င်ထားလို့လားဆိုပြီး Log Out လုပ်ပြီး ပြန်ဝင်ကြည့်တယ် အဆင်မပြေပြန်ဘူး။ နောက်တော့ One Click မဟုတ်ပဲ E-Mail နဲ့ Password အစအဆုံး သေချာရိုက်ထည့်ပြီးဝင်မှ Code ထပ်ပို့ပြီး ၀င်လို့ရခဲ့ပါတယ်။ ဒါက iOS မှာ ဘာမှမဖြစ်ခဲ့ပေမဲ့ S10 Plus မှာ စမ်းမိမှာ သတိထားမိတာပါ။ ထို့နောက် P30 Pro မှာ စမ်းတာလဲ အလားတူ ပြဿနာဖြစ်ခဲ့ပါတယ်… ဒါက S10 Plus ပြဿနာမဟုတ်ပါဘူး Facebook Page သုံးသူတွေကော Two-Factor authentication ထည့်ထားတဲ့သူတွေ သတိထားနိုင်အောင်လို့ပြောပြတာပါ။

နောက်တစ်ခုက Instant Article တွေကို Facebook မှာဖတ်ရင် စာအစွန်းတွေပျောက်နေပါတယ်… :3 အခြားဖုန်းတွေမှာမဖြစ်ပဲ Samsung S10 Plus မှာဖြစ်နေတာပါ။ ကျွန်တော်တို့ PLANET X page က Instant Article ကိုသုံးထားတော့ ကိုယ့် Page ကိုပြန်ဖတ်ကြည့်တဲ့အခါ ရေးထားတဲ့ စာတွေနဲ့ ဘယ်စွန်း ညာစွန်းတွေအပြည့်မပေါ်ပါဘူး။ အခြား Media Page တွေမှာလဲ ထိုနည်း ၄င်းကောင်းပါပဲ… ဒါက Samsung ရဲ့ One UI ကို Language မှာ English (Zawgyi) သုံးရင် ဖြစ်တတ်ပြီး English (Unicode) သုံးတဲ့အခါမျိုးမှာ မဖြစ်တတ်ပါဘူး…

Camera

နောက်ဆုံးပိုင်းရောက်လာပြီလို့ပြောရမှာ အလွယ်လေးပြောလိုက်ရရင် Camera ကောင်းတဲ့ဖုန်းဆိုတာသေချာပါတယ်။ ကျောဘက် Camera ၃ လုံးဖြစ်သွားပြီး Front Camera အနေနဲ့ ၂ လုံးဖြစ်သွားပါတယ်။ ကျောဘက်ခြမ်းမှာ Main Camera နဲ့ Tele Lens က S9 နဲ့အတူတူပဲ။ ဒါမဲ့ Ultrawide တစ်လုံး အပိုပါလာတယ် 16MP f/2.2 ကိုသုံးထားပြီး Field of view မှာ 12mm full frames lens လို ကျယ်တာကိုတွေ့ရပါတယ်။ S9 မှာတုန်းက Main Lens Dual Aperture က f/1.5 မှာဆိုရင် အနည်းငယ်ဖြူတာတွေ Sharpness ကျတွေရှိခဲ့ပေမဲ့ S10 Plus မှာတိုးတတ်လာတယ်လို့ပြောလို့ရပါတယ်။ သို့သော် အချိန်ကြာလာတဲ့နဲ့အမျှ Dual Aperture ရဲ့ အသုံးဝင်မှုက ဒီဖုန်းမှာ ပျောက်လာသလိုခံစားရတယ်။

ဒီဖုန်းကိုစမ်းသပ်ချိန်တုန်းက Lowlight Mode ရယ်လို့ သီးသန့်မထွက်သေးပေမဲ့ Samsung ရဲ့ Camera ပိုင်းဆိုင်ရာ တိုးတတ်မှုတွေကြောင့် ညဘက်ရိုက်တဲ့အခါမှာ အတော်လေးအဆင်ပြေလာတာကိုတွေ့ရပါတယ်။ အရင်က f/1.5 နဲ့ f/2.4 Dual Aperture ထည့်ပေးထားတဲ့ ရည်ရွယ်ချက်က ညဘက်ရိုက်တဲ့အခါမှာ Lowlight ပုံကောင်းကောင်းထွက်ဖို့အတွက် အလင်းဖမ်းဖို့ တံခါးကျယ်ကျယ်ဖွင့်ပေးတဲ့သဘောပါ။ အခုချိန်မှာ Lowlight ကို Image Stacking နည်းတွေ Pixel Binning နည်းတွေနဲ့ ပိုကောင်းလုပ်နေကြပြီ။ ဒီလိုခပ်ဆင်ဆင်နည်းပညာနဲ့ Lowlight ကိုကောင်းအောင်လုပ်ပေးထားတဲ့ S10 Plus မှာ f/1.5 Aperture ဆိုတာလိုသေးလို့လား???

နောက်တစ်ခုက Dual Aperture က ဖုန်းတွေမှာသေသွားပြီလို့မြင်မိပါတယ်။ ဒီနည်းပညာကို အခြား ဘယ် Company မှလည်း လိုက်မလုပ်သလို ထူးခြားပြောင်မြောက်ပြီး အသုံးလဲမ၀င်ပါဘူး။ ဖုန်း Camera တွေဘယ်လောက်ပဲတိုးတက်လာ Camera တွေလိုလုပ်လို့မရတာတွေရှိပါတယ်။ Camera မှာ Aperture ကျဉ်းကျယ်က အလင်းဖမ်းဖို့အတွက် အများကြီးအသုံးဝင်သလို Focus ပြတ်ပြီး Blur တဲ့အခါမှာလဲ အများကြီးအသုံးဝင်ပါတယ်။ Samsung ရဲ့ Dual Aperture မှာဆိုရင် f/1.5 နဲ့ f/2.4 ကိန်းဂဏန်း ၂ မျိုးပဲသုံးလို့ရပါတယ်။ ကြားထဲက ဂဏန်းတွေ သုံးလို့မရပါဘူး။ အသုံးဝင်တဲ့နေရာပြပါဆိုရင် f/2.4 က နေ့ဘက်မှာ Detail တွေ Sharpness တွေကောင်းအောင် Overexposed မဖြစ်အောင် ရိုက်လို့ရတယ် f/1.5 က Lowlight ကောင်းဖို့အတွက် သုံးလို့ရပါတယ်။ Lowlight ကောင်းဖို့အတွက် Image Stacking ရှိနပြေီပဲ f/1.5 ကလိုသေးလို့လား??

Daylight မှာ ပုံထွက်ကောင်းဖို့အတွက် Aperture လျော့လိုက်ပေါ့ f/1.5 မှမလိုတော့တာ f/2.4 အထိလည်းထိုးဆင်းဖို့မလိုပါဘူး Lowlight အတွက်ကော Daylight အတွက်ပါ အသုံးဝင်မဲ့ Aperture အနေအထားဆိုရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော်အထင် Samsung က တွက်ကိန်းမှားသွားတယ်ထင်ပါတယ် ဘယ်သူမှလိုက်မလုပ်တဲ့ Dual Aperture လေးကို အသုံးလဲဝင်ချင်တယ်၊ ပိုကောင်းမယ်ထင်ပြီး ကြိုးစားပြီးထည့်ထားပါသေးတယ် ထည့်ထားပြီး မကောင်းလာခဲ့ရင်??? လို့ တွေးမိတဲ့ပုံပဲ။ 3 သိန်းတန် ဖုန်းတွေမှာတောင် Image Stacking နည်းနဲ့ Lowlight ကို ကောင်းတဲ့အနေအထားဖြစ်အောင် Mode တွေ ထည့်ပေးနေတော့ Dual Aperture ဖြစ်ပြီး Lowlight မကောင်းရင် အပြောခံရမှာဆိုးလို့ Software နဲ့ပါ မသိမသာလေးထည့်ပေးလိုက်တာနေမှာပါ။ နောက်ပိုင်းမှာ Lowlight Mode သက်သက်အနေနဲ့ထည့်ပေးလိုက်တော့ f/1.5 ကဘယ်နားသွားသုံးမလဲ???

Image Quality ပိုင်းမှာတော့ အပြစ်ပြောစရာနည်းတယ်ဆိုရမှာပါ။ Point and Shoot တွေ ပဲဖြစ်ဖြစ် ရုတ်တရက်ထရိုက်တာပဲဖြစ်ဖြစ် Quality ကောင်းတဲ့ ရုပ်ထွက်ပေးနိုင်တာ သေချာပါတယ်။ သူ့ရဲက Ultra Wide မှာဆိုရင်လည်း စာရေးသူ သဘောအကျဆုံး Ultra Wide တစ်ခုဖြစ်ခဲ့ပါတယ်။ Scene optimizer ဖွင့်ရိုက်ရင်တော့ တစ်ကယ်ပိုလှတဲ့ ရုပ်ထွက်ကိုရပါတယ်။

Selfie မှာတော့ 10MP ကိုဖြစ်သွားတဲ့အပြင် 8MP Depth Sensor ပါဝင်ပါတယ်။ ဒီနေရာမှာလဲ အတွေးမှားတယ်လို့ပြောချင်ပါတယ်။ Depth Sensor ထည့်ပေးမဲ့အစား Ultra Wide ကိုထည့်သင့်ပါတယ်။ Depth Sensor က Live Focus အချိန်လေးပဲ အသုံးဝင်ခဲ့တာ ကျန်တဲ့အချိန်မှာ အပိုကြီးသက်သက်ဖြစ်နေသလိုကြီးပဲ ပိုဆိုးတာက Selfie ကို Dual Camera ပါလို့ပိုကောင်းပါတယ်လို့ ပြောရောင်းတာက……. သို့သော် ကွာခြားမှုမရှိဘူးလားဆိုရင် မဟုတ်ပါဘူး S10 နဲ့ယှဉ်တဲ့အခါ ပိုအဓိပ္ပာယ်ရှိတဲ့ Focus ကိုရပေမဲ့ ၀ယ်သုံးတဲ့သူတွေ သတိတောင်ထားမိမယ်မထင်ဘူး။ အဲ့အစားပိုအသုံးဝင်တဲ့ Ultra ကိုထည့်ပေးသင့်တယ်လို့မြင်မိတယ်။

Video ပိုင်းမှာ အတော်လေးမိုက်တယ် သူ့ရဲ့ Super Steady feature က အတော်ငြိမ်နေက ကျွစ်ဆင်ကြီးပါ။ အကြိုက်ဆုံးထဲက တစ်ခုက Shot Suggestions ဆိုတဲ့ Features ပါ သင်က ဓာတ်ပုံကောင်းကောင်းမရိုက်တတ်ရင်တောင် ဘယ်လို Angle မျိုးမှာရိုက်ရင်လှတယ်ဆိုတာမျိုးကို Suggest လုပ်ပေးတာပါ။

အချုပ်အားဖြင့် ပြောရရင် S10 Plus က Multi-Media ပိုင်းမှာ အတော်လေး ကျေနပ်စေတဲ့ဖုန်းဆိုတာ သေချာပါတယ်။ ကင်မရာကောင်းတယ်ဆိုပေမဲ့ Huawei လို လုပ်နိုင်တဲ့အင်အားမျိုးမပြနိုင်သေးဘူး…


အချုပ်အားဖြင့် ပြောရရင် S10 Plus က Multi-Media ပိုင်းမှာ အတော်လေး ကျေနပ်စေတဲ့ဖုန်းဆိုတာ သေချာပါတယ်။ ကင်မရာကောင်းတယ်ဆိုပေမဲ့ Huawei လို လုပ်နိုင်တဲ့အင်အားမျိုးမပြနိုင်သေးဘူး ဒီအချက်တွေကြောင့် Huawei ရဲ့ ကျော်တတ်ခြင်းကို ခံရဖိုပမြင်နေတယ်လို့ပြောတာပါ။ ဘာလို့ဒီစကားပြောလဲဆိုရင် Huawei က Camera ဦးစားပေးတစ်ခုထဲနဲ့ရင် 2019 Q1 မှာ Apple ကိုကျော်တတ်ခဲ့ပါပြီ သူ့အထက်မှာ Samsung တစ်ခုပဲရှိတော့တယ် ဒါတောင် Q1 ကာလ ကျော်တတ်ခဲ့စဉ်က P30 Series တွေရောင်းရတဲ့ အနေအထားမပါသေးပါဘူး။ ဒါကြောင့် Samsung အနေနဲ့ All Round ပြည့်စုံတဲ့ဖုန်းအနေအထားမှာ ရှိနေသော်လည်း Camera ဘက်ကိုသာ ပိုအားစိုက်လိုက်မယ်ဆိုရင်… ဆိုတော့ ဒီ S10 Plus က All Round ကောင်းတဲ့ဖုန်းမို့ စာဖတ်သူလိုချင်နေတဲ့ လောဘတွေကို ဖြည့်စီးပေးနိုင်ပါတယ်။ Game အပိုင်းလား? Movie ကြည့်ဖို့လား? သီချင်းပဲနားထောင်မလား? Camera ပဲရိုက်မလား? စသဖြင့်အကုန်ပြည့်စုံအောင် လုပ်ပေးထားသောလည်း စာဖတ်သူဝယ်တဲ့အခါ ခွင့်လွှတ်နိုင်တဲ့ မပြည်စုံတရားလေးတွေက ဒီဖုန်းမှမဟုတ်ဘူး ဖုန်းတိုင်းလိုလိုရှိနေဦးမှာ ဖြစ်ကြောင်းရေးသားရင်း…


မူလရေးသားတင်ဆက်သော စာမျက်နှာ - Planet X

No comments: