မုန့်လေပွေအစို
မွှေးဆန်မှုန့် - ၁ ထုပ် ( ၁၅၀ ဂရမ်)
မွှေးကော်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
ရေ - ၅၀၀ မီလီလီတာ
ဆီ - စားပွဲဇွန်း ၁ ဇွန်း + စားပွဲဇွန်း ၂ ဇွန်း(ဗန်းသုတ်ရန်)
တွဲဖက်စားရန်အတွက်….
စားတော်ပဲပြုတ် - စားပွဲဇွန်း ၂ ဇွန်း
နှမ်းလှော် - စားပွဲဇွန်း ၁ /၂ ဇွန်း (ထောင်းထားပါ)
မြေပဲလှော်. - စားပွဲဇွန်း ၁ ဇွန်း (ထောင်းထားပါ)
ကြက်သွန်မြိတ် - ၁ ပင် (ပါးပါးလှီးထားပါ)
ဆီ - စားပွဲဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
စားနည်းနောက်တစ်မျိုးအတွက်လိုအပ်တာတွေကတော့…
ပုစွန်ခြောက် - ၇၅ ဂရမ် (ရေစိမ်ပြီးနုပ်နုပ်စဉ်းထားပါ)
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ - စားပွဲဇွန်း ၁ ဇွန်း ( နုပ်နုပ်စဉ်းပြီးသား)
ဆီ - စားပွဲဇွန်း ၆ ဇွန်း
ပြုလုပ်နည်း
1. မုန့်လေပွေလုပ်ဖို့အတွက် မုန့်နှစ်အရင်ဖျော်ရမှာဖြစ်ပါတယ်။ ဇလုံကြီးတစ်လုံးထဲကို ဆန်မှုန့်၊ ကော်မှုန့်ထည့်ပြီး မွှေပါ။
2. ပြီးလျှင် ရေထည့်ပြီး နှံ့စပ်အောင်မွှေပေးပါ။ ပြီးနောက် မုန့်နှစ်ကျဲကျဲကို ဆန်ခါဖြင့်စစ်ပါ။
3. ပြီးလျှင် ဆီထည့်ပြီး မွှေပေးပါ။
4. ပေါင်းအိုးထဲရေထည့်ပြီး ဆူအောင်တည်ထားပါ။
5. ပေါင်းအိုးထဲဆံ့မည့် လင်ဗန်းကို ဆီ အနည်းငယ်သုတ်ထားပါ။
6. ပြီးလျှင် မုန့်နှစ်ရည်ကျဲကျဲ ဇွန်းကြီး ၂ ဇွန်းခွဲ လောင်းထည့်ပြီး ဗန်းရဲ့ကန်မျက်နှာပြင်ညီအောင်ညှိပေးပါ။
7. ပြီးနောက် ပေါင်းအိုးထဲထည့်ပြီး ၃-၄ မိနစ်ခန့်ပေါင်းပါ။
8. မုန့်ကျက်လာရင် ပေါင်းအိုးထဲမှထုတ်ယူပြီး ယောက်မဖြင့်ဖြည်းဖြည်းချင်း လိပ်ယူပါ။
9. ကျန်မုန့်နှစ်များကုန်အောင်ဆက်ပြီး လုပ်ပါ။
10. ပုစွန်ခြောက်ကြော်ရန်အတွက် ဆီအိုးတည်ပါ။ ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူထည့်ပြီး ကြော်ပါ။ ပြီးလျှင် ငရုတ်သီးမှုန့်နှင့်ပုစွန်ခြောက်ထည့်ပြီး ကြော်ပါ။ ပြီးလျှင် ပန်းကန်ထဲထည့်ထားပါ။
11. စားသုံးမည်ဆိုပါက မုန်လေပွေအစိုလိပ်ကို ဓားဖြင့်လှီးပြီး နှမ်းထောင်း၊ မြေပဲထောင်း၊ ကြက်သွန်မြိတ်၊ ဆားဖြူး၊ ဆီဆမ်းပြီးသုံးဆောင်ပါ။ စားတော်ပဲနဲ့စားမယ်ဆိုလျှင် စားတော်ပဲ၊ ဆား၊ ဆီဆမ်းပြီးလည်းစားလို့ရပါတယ်။ ဒါမှမဟုတ် ပုစွန်ခြောက်ကြော်နဲ့လည်းစားနိုင်ပါတယ်။
သက်သတ်လွတ် ဆီချက်ခေါက်ဆွဲအစပ်
Spicy ဆီချက်ခေါက်ဆွဲကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ စားလေ့စားထ မရှိပါဘူး။ ဒါပေမဲ့ သက်သတ်လွတ်စားတဲ့သူတွေအတွက် အင်မတန်ကောင်းတဲ့ခေါက်ဆွဲ ဖြစ်တဲ့အပြင် အလွယ်တကူလုပ်စားနိုင်တဲ့အတွက် ရွေးထားတာပါ။ အခုပြောပြထားတဲ့ ချက်နည်းမှာပါတဲ့ ဆီချက်အနီကို ကိုယ်တိုင်ချက်ပြီး ထည့်နိုင်သလို Super Market မှာ ရောင်းတဲ့ Chilli Oil ကိုလည်း သုံးနိုင်ပါတယ်။ ထိုင်း၊ ငရုတ်သီးဆော့စ်ကလည်း အိမ်တိုင်းမှာရှိနိုင်တဲ့ ဆော့စ်ပါ။ ဒီလိုမျိုး အဆင်သင့်ရှိနေပြီဆိုလျှင် အဲဒီခေါက်ဆွဲကို လုပ်စားလို့ ရနေပါပြီ။
ပါဝင်ပစ္စည်းများ
ခေါက်ဆွဲအပြားအစို – ၅၀ ကျပ်သား
ပဲငံပြာရည်အကြည် – စားပွဲဇွန်း ၅ ဇွန်း
ပဲငံပြာရည်အနောက် – လက်ဖက်ရည်ဇွန်း ၅ ဇွန်း
တရုတ်ရှလကာရည်အမည်း – လက်ဖက်ရည်ဇွန်း ၅ ဇွန်း
တရုတ်နှမ်းဆီမွှေး – လက်ဖက်ရည်ဇွန်း ၅ ဇွန်း
ထိုင်းငရုတ်သီးဆော့စ် – လက်ဖက်ရည်ဇွန်း ၅ ဇွန်း
ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၅ ဇွန်း (နုပ်နုပ်စဉ်း)
ချင်း – လက်ဖက်ရည်ဇွန်း ၅ ဇွန်း (နုပ်နုပ်စဉ်း)
ငရုတ်သီးဆီချက်အနီ – စားပွဲဇွန်း ၅ ဇွန်း
မြေပဲလှော် – စားပွဲဇွန်း ၅ ဇွန်း (မညက်တညက်ထောင်းပါ)
ကြက်သွန်မြိတ် – ၃ ပင် (ပါးပါးလှီးထားပါ)
နံနံပင် – ၃ ပင် (ပါးပါးလှီးထားပါ)
ငရုတ်ကောင်းအဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
မုန်ညင်းချဉ် (သို့) ငရုတ်သီးစိမ်းချဉ်
(ငရုတ်သီးဆီချက်အနီ ချက်နည်းကို ခရမ်းသီးမီးဖုတ်စပ်မွှေးချက်နည်းမှာ ကြည့်ပါ)
ပြုလုပ်နည်း
၁။ ပွဲပြင်တဲ့အခါ ပန်းကန်လုံးထဲ ပဲငံပြာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်သီးဆီချက် အနီ စားပွဲဇွန်း ၁ ဇွန်း၊ ထိုင်း ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး အနည်းငယ်၊ မြေပဲထောင်း စားပွဲဇွန်း ၁ ဇွန်း၊ တရုတ် ရှလကာရည်အမည်း လက်ဖက်ရည် ဇွန်း ၁ ဇွန်း၊ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူနှင့် ချင်း၊ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီထည့်ပြီး မွှေပါ။ ပြီးလျှင် ခေါက်ဆွဲကို ရေနွေးဖြောပြီး ထည့်ပါ။ ပြီးလျှင် ကြက်သွန်မြိတ်၊ နံနံပင်နှင့် ငရုတ်ကောင်းအဖြူမှုန့်တို့ကို အနည်းငယ်ထည့်ပြီး နယ်ပါ။
၂။ ငရုတ်သီးစိမ်းချဉ် ဒါမှမဟုတ် မုန်ညင်းချဉ်နဲ့ တွဲပြီးစားပါ။ (မုန်ညင်းချဉ်နဲ့ ပိုပြီးလိုက်ဖက်ပါတယ်။)
ငါးခေါက်ဆွဲ
ဆန်ခေါက်ဆွဲခြောက် - ၁ထုပ် (ရေစိမ်ထားပါ)
ငါးရံ့ - ၆၀၀ ဂရမ်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ - ၁.၈ လီတာ
ခရမ်းချဉ်သီး - ၄၅၀ ဂရမ်
ကြက်သွန်မြိတ် - ၂၀၀ ဂရမ်
ဆန်မှုန့်အစိမ်း - စားပွဲဇွန်း ၄ ဇွန်း
ငါးအသားမှုန့် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူဆီချက်ရန်………………
ကြက်သွန်ဖြူနုပ်နုပ်စဉ်းပြီးသား - စားပွဲဇွန်း ၄ ဇွန်း
ဆီ - စားပွဲဇွန်း ၁၀ ဇွန်း
ငရုတ်သီးကြော်ဆီချက်ချက်ရန်အတွက်……..
ငရုတ်သီးအကြမ်းဖတ် - စားပွဲဇွန်း ၅ ဇွန်း ( ၅၀ ဂရမ်)
ဆီ - စားပွဲဇွန်း ၁၀ ဇွန်း
ကြက်သွန်ဖြူ - စားပွဲဇွန်း ၁ ဇွန်း
နံနံပင်
သံပရာသီး
ပြုလုပ်နည်း
1. ငါးကိုဆား နနွင်းမှုန့်နဲ့နယ်ပြီး ပြုတ်ထားပါ။ ငါးကျက်ရင် ဆယ်ပြီး အအေးခံထားပါ။ ငါးပြုတ်ရည်ကို သိမ်းထားပါ။
2. ငါးကိုအသားထွင်ပြီး အရိုးကို ထောင်းပြီး အရည်စစ်ယူပါ။ ပြီးလျှင် ငါးပြုတ်ရည်အိုးထဲလောင်းထည့်ပါ။
3. ခရမ်းချဉ်သီးကို နူးအောင်ပြုတ်ပြီးလျှင် စက်ဖြင့်ကြိတ်ထားပါ။
4. ကြက်သွန်မြိတ်ကို အရှည်လိုက်လှီးဖြတ်ပြီး ထားပါ။
5. ငါးပြုတ်ရည်အိုးကို မီးဖိုပေါ်တင်ပြီး ဆူအောင်တည်ထားပါ။ ပြီးနောက် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ် ထည့်ပါ။
6. ပြန်ဆူလာရင် ဆန်မှုန့်ကို ရေအနည်းငယ်နဲ့ရောပြီး ထည့်ပါ။
7. ပြီးလျှင် ဆား၊ ငါးအသားမှုန့်နဲ့ ထွင်ထားတဲ့ ငါးအသားထည့်ပြီး တည်ထားပါ။
8. ဟင်းရည်ပျစ်လာပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။
9. ကြက်သွန်ဖြူဆီချက်ချက်ရန်အတွက် ဒယ်အိုးအသေးထဲဆီထည့်ပါ။ ဆီပူလာရင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ကြက်သွန်ဖြူမွှေးပြီး ကြွပ်လာသည်အထိကြော်ထားပါ။ ပြီးလျှင် ပန်းကန်လုံးထဲထည့်ထားပါ။
10. ငရုတ်သီးကြော်ဆီချက်ချက်ရန်အတွက် ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာရင် ကြက်သွတ်ဖြူထည့်ကြော်ပါ။ ပြီးလျှင် ငရုတ်သီးအကြမ်းဖတ်ထည့်ပြီး ကြော်ပါ။ ဆားနည်းနည်းထည့်ပြီး မွှေပါ။ ပြီးနောက် ပန်းကန်လုံးထဲ ထည့်ထားပါ။
11. စားသုံးမည်ဆိုပါက ပန်းကန်ထဲကို ဆန်ခေါက်ဆွဲထည့်ပါ။ ဟင်းရည်လောင်းထည့်ပါ။ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက်၊ နံနံပင်ထည့်ပြီး သံပရာရည်ညှစ်ပြီး သုံးဆောင်ပါ။
လက်ဖက်ရည်နှင့် ထောပတ်သီးရှိတ် (Tea and Avocado Shake)
....................
ထောပတ်သီးကို လက်ဖက်ရည်ပျစ်ပျစ် ဖန်ဆိမ့်ဆိမ့်လေးနဲ့ အတူတွဲဖျော်ရတဲ့ အရသာက တစ်မျိုးထူးခြားသလို အရသာကလည်း အံ့အားသင့်စေပါတယ်။ ဖျော်သောက်ကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ
ထောပတ်သီး - ၂ လုံး (အသားများ ခြစ်ထုတ်ထားပါ)
နို့စိမ်း - စားပွဲဇွန်း ၅ ဇွန်း
နို့ဆီ - စားပွဲဇွန်း ၃ ဇွန်း
နွားနို့ - ၁ ခွက်
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
လက်ဖက်ရည် - ၂ ထုပ် (အသင့်ဖျော်ထုပ် Authentic Myanmar Tea)
ရေခဲတုံး - ၁ ခွက်
ပြုလုပ်နည်း
၁။ ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ပါ။ ဇွန်းဖြင့် အသားများ ခြစ်ထုတ်ပါ။
၂။ ကြိတ်စက်ထဲ ထောပတ်သီး၊ ဆား၊ နို့စိမ်း၊ နို့ဆီ၊ နွားနို့နှင့် လက်ဖက်ရည်ထုပ်များ ထည့်ပြီး မွှေပါ။ ရေခဲတုံးများကို ဖန်ခွက်ထဲ ထည့်ပြီး ချက်ချင်းသောက်သုံးပါ။
...................
Syi Lwin Food Garden
စတော်ဘယ်ရီ ဖျော်ရည်
ခုလိုပူအိုက်တဲ့ နွေရဲ့ နေ့လည်ခင်းလေးတွေအတွက် စတော်ဘယ်ရီ ဖျော်ရည်လေးက အကောင်းမွန်ဆုံး အဖော်မွန်လေးပါ။
ပါဝင်ပစ္စည်း
မေမြို့စတော်ဘယ်ရီ ၃၀ သား
မလိုင် ၅ ကျပ်သား
နွားနို့ ကော်ဖီပန်းကန်လုံး ၂ ခွက်
နို့ဆီ စားပွဲဇွန်း ၄ ဇွန်း
ပြုလုပ်နည်း
၁။ စတော်ဘယ်ရီကို အညှာခြွေပြီး သန့်စင်သွားအောင်ရေဆေးပြီး ရေစစ်ထားပါ။ ရရင် ခြေပါ။ ကျွန်မကတော့ အမြှုပ်မကြိုက်တာမို့ သစ်သီးဖျော်စက်နဲ့ မခြေဖြစ်ပါဘူးရှင့်။
၂။ ဖန်ဇလုံကြီးထဲကို စတော်ဘယ်ရီ၊ ကျန်ပါဝင်ပစ္စည်းများ၊ ရေခဲ ၅ တုံးလောက် ထည့်ပြီး နှံ့သွားအောင်မွှေလိုက်ပါ။ အချို၊ အဆိမ့် အရသာများအတွက် မိမိနှစ်သက်သလို ပြုပြင်နိုင်ပါတယ်ရှင့်။
စတော်ဘယ်ရီဖျော်ရည်ရဲ့ 'ချိုချဉ်စိမ့်အေး' အရသာလေးကို နှစ်သက်ကြမှာပါရှင့်။
~ ဟင်းကောင်းလက်ရာ

No comments:
Post a Comment