Monday, March 18, 2019

-Sexually active ပြန်ဖြစ်အောင် Gym ဆော့ခြင်းက ကူညီနိုင်ပါသလား ???-



နိုး နိုး။ ဒီလို မေးခွန်းမျိုးဟာ ပေါက်ကရတွေပါလို့ သင်ဟာတွေးမိချင် တွေးမိပါလိမ့်မယ်။

" ကျုပ်တို့ဆိုတာ မြှင့်တင်စရာကို မလိုတာ။ မီးလိုကိုတောက်လို့ "

လူတစ်ချို့က ဒီလိုကို ဆိုကြပါလိမ့်မယ်။

အဲ၊ ဒါပေမယ့် ဒီလူတွေနဲ့ မတူတဲ့ ဆန့်ကျင်ဘက် အခြမ်းက လူတွေကရော။ အတွင်းက မီးတောက်တွေ အားနည်းတဲ့ ဒီလိုလူတွေကရော ဘာ့ကြောင့်များ အားနည်းသွားပါသလဲ။

တစ်ချို့လူတွေမှာ ဘာလို့ မီးလိုတောက်၊ တစ်ချို့လူတွေမှာ ဘာလို့ အားနည်း။

ဒါ့ထပ် ပိုမေးရရင် လူတစ်ယောက်ထဲမှာတင် အရင်က မီးလိုတောက်သလောက် အခုအချိန်မှာ လုံးဝချုပ်ငြိမ်းသွားသလို ဖြစ်တာမျိုး၊ ဒါမှမဟုတ်ပဲ အချိန်တို ကာလအတွင်းမှာပဲ ဒီရက်ပိုင်း မီးလိုတောက်လိုက်၊ နောင်ရက်ပိုင်း ချုပ်ငြိမ်းသွားလိုက်ဖြစ်ရပါသလဲ။

ဒီမေးခွန်းလေးတွေရဲ့ အဖြေ၊ လိင်ဆက်ဆံလိုစိတ်ပြန်လည် ပြင်းထန်လာအောင် လုပ်နိုင်မလဲရဲ့ အဖြေကို ထုံးစံအတိုင်း Golden_Dreams page နဲ့ အတူကြည့်လိုက်ရအောင်။

********************************************

ဒီ Page ကို ဖတ်နေကြသူတွေအတွက်တော့ ရင်းနှီးမယ်ထင်ပါတယ်။

Testosterone ဆိုတဲ့ ဟော်မုန်းပေါ့။ အရင်ဆောင်းပါးတွေမှာ ဒီဟော်မုန်းဟာ ကြွက်သားဖွံ့ထွားမှု အတွက် အရေးပါပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအကြီး (ပေါင်၊ တင်ပါး၊ ရင်ဘတ်၊ နောက်ကျော) တွေကို သုံးပြီး အလေးမတဲ့အခါ အများဆုံးထွက်လာတယ်လို့ ရေးဖူးတာကို မှတ်မိတယ်ဟုတ်။

ဒီဟော်မုန်းက ယောင်္ကျားလေးတွေဆို ဝှေးကထွက်ပြီး မိန်းကလေးတွေဆို Ovaries ဥကနေထွက်တယ်ပေါ့။ သူ့ရဲ့ အလုပ်က ကြွက်သားကြီးထွားဖို့ တစ်ခုထဲအတွက်တင်မဟုတ်ပါဘူး။ သူဟာ လူတစ်ယောက်ရဲ့ စွမ်းရည်ပိုင်း၊ ဘ၀တစ်ခုရဲ့ Quality ပေါ်မှာပဲ တော်တော်သက်ရောက်ထားတာကိုး။

အရင်ဆုံးအနေနဲ့ ဒီ Testosterone ထုတ်တာ နည်းနေရင် ဘာတွေဖြစ်မလဲကို ကြည့်လိုက်ရအောင်။

Testosterone ထုတ်တာ နည်းနေရင်

- နုံးနယ် အားမရှိခြင်း
- လိင်စိတ် ခြောက်ခမ်းခြင်း၊ မမာနိုင်ခြင်း
- Weight တက်လာခြင်း
- စိတ်မကြည်ခြင်း
- စိတ်ဓါတ်ကျခြင်း
- မိမိကိုယ်ကို ယုံကြည်မှုကျခြင်း
- အမွှေးအမျှင်နည်းခြင်း (ဆံပင်လဲပါပါတယ်)
- အရိုးပါးခြင်း

(Testosterone ထုတ်တာနည်းလို့ ၀လာတာမျိုးဖြစ်တယ်၊ ကြွက်သားထုက အဆီနဲ့ ယှဉ်ရင် နည်းနေတာမျိုးဖြစ်တယ်ဆိုပေမယ့် ဒီနေရာမှာတော့ နှစ်လမ်းသွားပါ။ ဟော်မုန်းထုတ်တာနည်းလို့ ၀လာနိုင်သလို ၀လာလို့လဲ ဟော်မုန်းထုတ်တာ နည်းသွားပါတယ်။)

ဒါကို ကြည့်ပြီး သင်ဟာ " အား ပါး ပါး၊ ဒီလောက်ထိန်းချုပ်ထားနိုင်တဲ့ဟာ အကြောင်းကို တစ်စေ့တစ်ဆန်မှလဲ မသိခဲ့ပါလား " တွေးမိချင် တွေးမိပါလိမ့်မယ်။ ဒါ့ကြောင့်ပဲ ဒီဆောင်းပါးကို ရေးလိုက်ရခြင်းပေါ့။ အိုကေ၊ ပြန်ဆက်လိုက်ရအောင်။

Testosterone ဟာ ကြွက်သားတည်ဆောက်မှုရယ်၊ အပေါ်ကပြောတဲ့ ခန္ဓာကိုယ်အပေါ်သက်ရောက်မှုတွေရယ် အပေါ်သက်ရောက်မှုရှိတယ်ဆိုတာ သိပြီးပြီ။ Testosterone ထုတ်တာနည်းနေတဲ့ ခန္ဓာကိုယ်ဟာ ဒီလိုဟာတွေ ခံစားရသလို ဒီလူဟာ အလေးဆော့ရင်လဲ ဆော့သလောက် တခြားသူနဲ့ ယှဉ်ရင် ကြွက်သားတက်တာ နည်းတယ် ဖြစ်ကုန်တာပါပဲ။

*****************************


ဒါဆိုရင် ဒီလို လူတစ်ယောက်အတွက် အရေးပါတဲ့ Testosterone ကို ဘယ်လို မြှင့်တင်မလဲ ???

မြှင့်တင်တဲ့အခါမှာ နှစ်မျိုးရှိပါတယ်။

၁- သဘာဝနည်းအတိုင်း အစားအစာ၊ လေ့ကျင့်ခန်းတွေက မြှင့်တင်တာ
၂- တားမြစ်ထားတဲ့ ဥပဒေပြင်ပက ဆေးတွေသုံးတာ

ဒီနေရာမှာဖြတ်ပြောချင်တာက Testosterone မြင့်ရင် ကောင်းတယ်ဆိုပေမယ့် သဘာဝအတိုင်း Limit တစ်ခုအထိပဲ ကောင်းပါတယ်။ သဘာဝထပ်ပိုပြီး ရှိနေရင်၊ အပြင် တားမြစ်ဆေးတွေသောက်လိုက်ရင် ပြသနာများစွာပေးပါတယ်။ လူတစ်ယောက်ရဲ့ အရွယ်၊ စိတ်ခံစားချက်တွေကိုတောင် ပြောင်းပေးနိုင်တဲ့ ဟော်မုန်းတစ်ခုဟာ လိုတာထပ်ပိုနေရင် ကလီစာတွေကို အလုပ်အများကြီး ပိုလုပ်စေ၊ ဒဏ်ဖြစ်စေပါတယ်။

ဒါ့ကြောင့် တားမြစ်ထားတဲ့ ဆေးတွေ သုံးတဲ့ နည်းအကြောင်း ဒီဆောင်းပါးမှာ မပြောတော့ပါဘူး။ စာဖတ်သူတွေကိုလဲ အဲလို Testosterone နဲ့ ပတ်သက်တဲ့ ဆေးမျိုးဆို လက်တည့်မစမ်းစေချင်ပါ။

ဒါဆို သဘာဝနည်းအတိုင်း ဘယ်လိုမြှင့်တင်နိုင်မလဲ ???

ဟိုး အရင်ကဆောင်းပါးတွေမှာ ပြောခဲ့တဲ့အတိုင်း လူတစ်ယောက်ရဲ့ အသွင်အပြင်၊ ခန္ဓာကိုယ် ကျန်းမာမှုကို ထိန်းချုပ်ထားတာ အာဟာရဓါတ်တွေနဲ့ လေ့ကျင့်ခန်းပါပဲ။ တစ်နည်းပြောရရင် အစားအစာနဲ့ လေ့ကျင့်ခန်းပေါ့။

ပထမဆုံးအနေနဲ့ ဘယ်လို ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို စားခြင်းဖြင့် Testosterone ကို မြင့်စေနိုင်မလဲ ကြည့်ကြတာပေါ့။

Zinc ဓါတ်ကြွယ်တဲ့ အစားအစာ -

ပင်လယ်စာ၊ အမဲသား ၊ သိုးသား၊ နှမ်းစေ့၊ ဖရုံစေ့ စတာတွေစားခြင်း။

Vitamin D ဓါတ်ကြွယ်တဲ့ အစားအစာ -

မှို ၊ ကြက်ဥအနှစ်၊ Tuna ငါး၊ Salmon ငါး၊ Cheese စတာတွေစားခြင်း၊ ဒါမှမဟုတ် နေရောင်အောက်မှာ ၅မိနစ်-၁၀မိနစ်ခန့် နေခြင်း။

Vitamin A  ဓါတ်ကြွယ်တဲ့ အစားအစာ -

မုန်လာဥ၊ ကန်စွန်းဥ၊ ပန်းဂေါ်ဘီ ဖြူစိမ်း စတာတွေစားခြင်း။

ဒီလိုမျိုး အစားအစာတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်အတွင်း Testosterone ထုတ်ခြင်းကို မြင့်စေနိုင်ပါတယ်။

လေ့ကျင့်ခန်းအနေနဲ့က သာမန်လေ့ကျင့်ခန်းကို ဆိုလိုတာမဟုတ်ပဲ အလေး ဆော့တာကို ဆိုလိုပါတယ်။ ကြွက်သားကြီး အစိတ်အပိုင်းတွေဖြစ်တဲ့ ရင်ဘတ်၊ နောက်ကျော၊ ဆုံ နဲ့ အောက်ပိုင်း အလေးထိုင်တာတွေဟာ Testosterone ထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။

ဒီနေရာမှာ အလေးဆော့သူတွေ အတွက်ဖြတ်ပြောချင်တာတစ်ခုရှိပါတယ်။

ကြွက်သားထုနည်းရင် (၀ရင်) Testosterone နည်းတယ်လို့ အပေါ်မှာ ပြောခဲ့တယ်ဟုတ်။ ဒါဆိုရင် ဆန့်ကျင့်ဘက်အနေနဲ့  ကြွက်သားထုများတဲ့သူတွေမှာ Testosterone များလို့လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် ကြွက်သားထုတင်တဲ့ အခါမှာ အရမ်းဝသွားတဲ့အထိ မတင်သင့်ဘူးဆိုကြတာပါ။ သင်ဟာ ထုတင်ရင်း အဆိများလာလေ၊ Testosterone နည်းသွားလေမလို့ နောက်ပိုင်းမှာ ကြွက်သားထပ် အဆီသာ ပိုပိုဖြစ်လာတော့တာပါပဲ။

Testosterone ရှူထောင့်ကကြည့်ပြီး ထုတင်ရင် အရမ်း ၀မသွားစေနဲ့လို့ ပြောကြတာကို အမှတ်ရစေချင်ပါတယ်။

*****************************************************

အပေါ်က ပြောခဲ့တာတွေက Testosterone ကို ဘယ်လို မြှင့်တင်နိုင်မလဲပေါ့။ ဒါပေမယ့် လူတွေ အပြင်မှာ တစ်ကယ်ကြုံတွေ့နေရတဲ့ ပြသနာက ဒါနဲ့ တင် မဖြေရှင်းနိုင်သေးပါဘူး။

အဓိက ပြသနာက Testosterone ကျဆင်းနေအောင် ဘာတွေလုပ်မိသလဲပါ။ ဘယ်လို မြှင့်တင်နိုင်မလဲက အရေးကြီးသလို ဘယ်လို မဖျက်စီး၊ မလျော့နည်းစေမလဲကလဲ အရေးကြီးပါတယ်။

ဒီလို တန်ဖိုးကြီးတဲ့ Testosterone တွေကို ထုတ်လုပ်မှုနည်းအောင် ဘယ်အရာတွေက လုပ်နေပါသလဲ။

၁၊ Insulin

ဆေးဂျာနယ်မဟုတ်လို့ အကျယ်မရေးတော့ပါဘူး။ အလွယ်နားလည်ဖို့ပဲ အရေးကြီးတယ်ဟုတ်။

Insulin ဆိုတာ သွေးထဲမှာ ရှိတဲ့ သကြားဓါတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်းတစ်ခုပါပဲ။ သူက အာဟာရတွေကို စုပ်ယူတာ ၊ သကြားဓါတ်ကို ပယ်ဖျက်တာမျိုးကို လုပ်ပါတယ်။ ဥပမာ သွေးထဲမှာ သကြားပမာဏ ဒီလောက်ပဲ ရှိရမယ်ဆိုတာမျိုးပေါ့။

ဒီ Insulin မရှိတော့တဲ့ အခါမျိုးမှာ သွေးထဲမှာ လိုတာထပ် သကြားပမာဏများသွားမယ်၊ အာဟာရတွေ မစုပ်ယူနိုင်တော့ဘူး။ ဆီးချိုသွေးချို ဆိုတာ ဖြစ်လာတာပါပဲ။

ဒီလို စဖြစ်လာရတဲ့ အကြောင်းက အချိုတွေစားတာများပြီး သကြားဓါတ်ကို ပြန်မချေနိုင်တာကစတာပါပဲ။ အချိုတွေစားတာများရင် Insulin များများထုတ်ရမယ်၊ ဒါပေမယ့် ခဏ ခဏလိုအပ်တာထပ် အများကြိး ထုတ်ထုတ်ပေးနေရတဲ့ အခါ Pancreas (Insulin ကို ထုတ်ပေးတဲ့ အပိုင်း) က ထပ်ထုတ်မပေးတော့ပါဘူး။ ဒါ့ကြောင့် အာဟာရစုပ်ယူမှုပိုင်း၊ သကြားစုပ်ယူမှုပိုင်းတွေ မရှိတော့ပဲ ဆီးချို သွေးချိုမှသည် အခြားကြီးမားတဲ့ ပြသနာတွေ ဆင့်ကဲ ဖြစ်ကုန်တာပေါ့။

အဲ၊ ဆိုလိုချင်တာက ဒါတွေမဟုတ်ပါဘူး။ အကြမ်းဖျင်းနားလည်အောင်နဲ့ ဆီးချို သွေးချိုဆိုတာ ပေါ့ပေါ့မဟုတ်ကြောင်း သိစေချင်လို့။

အဲလို Insulin ပြသနာတွေဖြစ်လာရင် Testosterone ကျလာတာပါပဲ။ အဲတာကြောင့် လူတစ်ယောက်မှာ ဟော်မုန်းတွေ မျှတနေဖို့ အရေးကြီးတယ်ဆိုကျတာပါပဲ။

နည်း ၁-

ဒီလို Insulin ပြသနာဖြစ်ကတာကို လျှော့ချင်ရင် အစားခဏခဏ စားခြင်းကို ရှောင်ရှောင်ပေးခြင်းလုပ်နိုင်ပါတယ်။ တစ်နည်းပြောရရင် Fasting လုပ်ခြင်း၊ ဥပုဒ် ဆောင့်ခြင်းမျိုးကို ရံဖန်ရံခါလုပ်ပေးပေါ့။

နည်း ၂-

သကြားကို ရှောင်ပါ။ သကြားကိုရှောင်ပါဆိုတာ သကြားအပြင် သကြားပါတဲ့ အချိုရည်၊ ကိတ်၊ ကွတ်ကီး အားလုံးပါ။ လူတစ်ယောက်မှာ တစ်နေ့တာဝင်သင့်တဲ့ သကြားပမာဏက လက်ဖက်ရည်တစ်ဇွန်းစာပါ။
(အချိုရည်တစ်ဗူးမှာ ၁၀ဇွန်း နည်းပါး ပါပါတယ်၊ ဒီလောက်ဆို မလိုအပ်ပဲ ဘယ်လောက်တောင် ပိုစားနေလဲ၊ Testosterone ကို လျော့အောင် မသိလိုက် မသိဘာသာ လုပ်နေလဲဆိုတာ သိနိုင်ပါတယ်)

၂၊ Estorgen

ဒီဟော်မုန်းကလဲ Testosterone အပေါ်သက်ရောက်မှု ရှိပါတယ်။ လူတွေရဲ့ သဘာဝအရ အရွယ်ရလာလေ Estrogen များလာပြီ၊ Testosterone ကျလာလေပါပဲ။

နောက်တစ်ချက်က ၀လာတဲ့သူတွေမှာ အဆီတွေရှိတယ်ဟုတ်။ အဲဒီအဆီတွေကို Aromatase ဆိုတဲ့ Enzymes ကလဲ Testosterone ကို Estrogen အဖြစ် ပြောင်း ပြစ်ပါတယ်။

ဒီတော့ Estrogen လျော့နည်းစေမယ့် အစာတွေ စားပေးခြင်းကလဲ Testosterone လျော့နည်းစေမယ့် ပြသနာကို အများကြီး ဖြေရှင်းပေးနိုင်ပါတယ်။ ဥပမာ အစာတွေကတော့

- ပန်းဂေါ်ဘီ (ဒါ့ကြောင့်လဲ Bodybuilding ရဲ့ နာမည်ကြီး အစာတစ်ခုဖြစ်နေတာပေါ့)
- ဂေါ်ဘီ
- သံလွင်ဆီ
- မှို
- ဆလပ်ရွက်စိမ်း
- မုန်လာဥဖြူ

စတဲ့ အစားအစာတွေပါပဲ။ ကဲ၊ လူတစ်ယောက်ရဲ့ ကျန်းမာရေး၊ လိင်စိတ်၊ ကြွက်သားဖွံ့ဖြိုးမှု Fitness အတွက် အစားအစာ Diet က ဘယ်လောက် အရေးကြီးလဲဆိုတာ သိပြီဟုတ်။

၃၊ Cortisol

ဒီဟော်မုန်းကတော့ စိတ်ဖိစီးမှုများရင် ထွက်တဲ့ ဟော်မုန်းပါပဲ။ ဒီဟော်မုန်းကလဲ Testosterone ကိုလျော့နည်းစေပါတယ်။

စိတ်ဖိစီးလေ Testosterone ကျလေ၊ Testosterone ကျလေ စိတ်မကြည်လေ ၊ စိတ်ဓါတ်ကျ၊ ဆံပင်တွေကျွတ်၊ ပေါင်ချိန်တွေတက်။ ပြသနာတွေ ဆက် ဆက်သွားတာ မြင်ပြီဟုတ်။

ဒါ့ကြောင့် စိတ်ဖိစီးမှု လျော့နည်းအောင် နေခြင်းဟာ ကြွက်သားထုတက်အောင် ကူညီရုံတင်မက လိင်စိတ်ကိုပါ မြင့်တက်ဖို့ အကူအညီပေးပါတယ်။

တရားထိုင်ခြင်း၊ အကြောလျှော့ခြင်းတွေတင်သာမက လောကကို အကောင်းမြင် ရှုထောင့်ကနေ ကြည့်ခြင်းဟာလဲ မရှိမဖြစ်ပါပဲ။

*********************************


ဒီလောက်ဆိုရင် သင်ဟာ အမှုမဲ့ အမှတ်မဲ့နဲ့ ဘယ်လောက်တောင် ဂရုမထားမိလဲဆိုတာ မြင်နိုင်ပါပြီ။ ဘာ့ကြောင့် လေ့ကျင့်ခန်းက အရေးကြီးတယ်၊ ဘာ့ကြောင့် ဦးနှောက်နဲ့ ပြင်ဆင်တဲ့ နေ့လည်စာ၊ ညစာက အရေးကြီးတယ်ဆိုတာ မြင်လောက်ပါပြီ။ အစားအသောက်ကို ပြင်ဆင်ပါဆိုလို့ ဈေးကြီးပေး၊ ငွေကုန်မယ်လို့ မြင်စရာမလိုပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်တွေဟာ ဈေူးသက်သာတုန်းပဲါဟုတ်။

သင်ဟာ ငယ်ရွယ်စဉ်ဟာ ကြီးထွားဟော်မုန်းတွေ မြင့်တဲ့အရွယ်မလို့ Testosterone နည်းတဲ့ ပြသနာကို ဆယ်ကျော်သက်မှာ ကြုံမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လဲ ငယ်တုန်းဆော့သူတွေ အတက်မြန်တာပေါ့။

ဒါပေမယ့် လူဆိုတာ အမြဲတမ်း ငယ်နေတာမဟုတ်တာမလို့ ရှေ့ဆက်ရမယ့် ခရီးမှာ ဒီလိုအချက်တွေကို သတိထားဖို့လိုပါတယ်။ သင်ဟာ လက်ရှိမှာ ပြသနာ မကြုံနေဖူးဆိုရင်တောင် ဒီအချက်တွေဟာ ပိုကောင်းအောင် လုပ်ပေးနိုင်ပါလိမ့်မယ်။

မယုံမရှိပါနဲ့၊ အစားအစာ Diet ပြောင်းမယ်၊ အလေးဆော့မယ်၊ စိတ်ဖိစီးမှု လျှော့မယ့် စသဖြင့် လုပ်ကြည့်ပါ။ သင့်ရဲ့ ဘ၀ Quality ပိုမြင့်လာမှာကို လက်တွေ့ ခံစားပါ။

ကဲ၊ လိုအပ်မယ့်သူတွေအတွက် အကျိုးများမယ် ယူဆလို့ Admin တော့ အရှည်ကြီး ရေးပြီးပါပြီ။ ကြိုက်နှစ်သက်ရင် ပြန်လည်ဝေမျှနိုင်ပါတယ်။ အသိမိတ်ဆွေတွေလဲ အကျိုးရှိမှာ မြေကြီး လက်ခတ်မလွဲဘူး မဟုတ်လား။ 😊
________________

မူရင်းရေးသားတင်ဆက်သည့် စာမျက်နှာ - Golden _ Dreams  ❤️

No comments: