Wednesday, March 20, 2019

Huawei Mate X : Folding Into Future (Exclusive Impression)



Foldable Phone; First Thing to Shake Off 2019. And where Everyone is Complaining Concept Level Impracticality & Expensive Price Tag. Tech Gadget happened to be one of the very first Local Tech Reviewers to experience Huawei Mate X in person.

ဒီနှစ်အတွက် Blockbuster (သို့) Anticipated အဖြစ်ဆုံးဆိုရင် 5G နဲ့ Foldable Phone လို့ပဲဖြေမိမှာပါ။ ဒါပေမယ့် ဒီနှစ်မှာ 5G က ဒီနိုင်ငံအတွက် ဖြစ်လာဖို့ခက်နေပြီးတော့ နောက်တစ်ခုဖြစ်တဲ့ Foldable Phone ကတော့ ဒီနှစ်ထဲမှာတင် ဝယ်လို့ရလာမယ့် Device တစ်ခုဖြစ်လာပါတယ်။ နောက်ပြီး Tech Gadget အနေနဲ့ လက်ရှိ Foldable Phone ၂ မျိုးထဲက တစ်ခုဖြစ်တဲ့ Huawei Mate X ကို ရှားရှားပါးပါး အနီးကပ် Impression တစ်ခုရေးနိုင်လောက်တဲ့အထိ သေသေချာချာကို လေ့လာခွင့်ရခဲ့ပါတယ်။ Galaxy S10 တုန်းကတော့ Exclusive မကျတကျလို့ ပြောခဲ့ပေမယ့် ဒီတစ်ခါကတော့ လောလောဆယ်အထိ Locally လက် ၅ ချောင်းတောင် မပြည့်တဲ့ Media တွေပဲ Mate X ကို သေချာစမ်းခွင့်ရထားပြီး Tech Gadget အနေနဲ့ အခုလိုမျိုးရေးခွင့်ရတဲ့အတွက် Huawei Mobile ကိုတော့ တကယ်ကျေးဇူးတင်ရမှာပါ။

So let's start the thoughts.

အရင်ဆုံး... ဒီကြေညာထားပြီးသား Foldable Phone ၂ မျိုးစလုံးရဲ့ ဈေးနဲ့စပါမယ်။ ဒီ သန်း ၃၀ ဒါမှမဟုတ် သိန်း ၄၀ လောက်ပေးရလောက်အောင် ဒီဖုန်းတွေက တန်ရဲ့လားဆိုရင် လူတိုင်း... Tech Reviewer တော်တော်များများကိုယ်တိုင်က မတန်ဘူး။ လူတိုင်းအတွက် မဟုတ်တဲ့ Luxury ပစ္စည်းတစ်ခုဆိုပြီး ဒါဝယ်မယ့်အစား ဘာပဲဝယ်မှာပေါ့လို့ ပြောနေကြတာပါ - မှားတယ်တော့ မပြောချင်ပေမယ့် Tech Gadget အမြင်မှာတော့ ဒါက မှားနေပါတယ်။ Tech Gadget အတွက်တော့ ဒီဈေးနဲ့ဆိုရင်တောင် Foldable Phone တွေက Luxury ပစ္စည်းတစ်ခုအနေနဲ့ မရှိနေပါဘူး။ ဒီ Foldable ဆိုတာက ဘာမှမဟုတ်ဘူးဆိုပေမယ့် ဒီဆယ်စုနှစ်တစ်ခုလောက်ကြာပြီးတော့မှ ပထမဆုံးအနေနဲ့ Physical Limitation တွေရဲ့ ကန့်သတ်ချက်တစ်ခုကို ဖောက်ထွက်လာတဲ့ ဖြစ်လာနိုင်တဲ့ Concepts တွေ၊ Potential တွေအများကြီးရှိနေတဲ့ နာမည်တစ်ခုဖြစ်လာပါတယ်။ This is Wild & We just can't let it fail because of Price Tag.


Episode 1 : Physical Limitations 

အရာတိုင်းမှာ စိတ်ပါတိုင်း လိုက်လုပ်နိုင်ဖို့ဆိုတာခက်ခဲပါတယ် - စကားပုံတစ်ခုပြန်တူးမယ်ဆိုရင် "လူ့အလို နတ်မလိုက်နိုင်" (ဆိုင်မဆိုင်တော့မသိ)

ပြောချင်တာက လူတယောက်မှာ ဦးနှောက်၊ ခြေလက် နောက်ပြီး စဉ်းစားနိုင်စွမ်းဆိုတဲ့အရေးကြီးဆုံးအရာတစ်ခု... ဒါတွေက လူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီ Concept တစ်ခုကို ဒီလိုစဉ်းစားတယ်၊ ဒီလက်တွေက အခု စာရိုက်နေတဲ့ Keyboard မှာ စိတ်ကသွားနိုင်သလောက်ကို အလျှင်မှီအောင် စာလုံးတွေကို လိုက်ရိုက်တယ် - ဒါပေမယ့် စိတ်ထဲမှာ အခုရေးမယ့် Article တစ်ခုလုံးကို စာစီပြီးသွားပေမယ့် အခုအချိန်အထိ ဒီလက်ချောင်းတွေက အခုဒီ Episode #1 မှာတင် Physical Limitations ဆိုတဲ့ အရာတစ်ခုအောက်မှာ ပိတ်မိနေပြီး ကိုယ်တိုင်အသားကျနေတဲ့ အမြန်ဆုံးဆိုတဲ့ Words Per Min နံပါတ်တစ်ခုအောက်မှာပဲရှိနေတုန်းပါ။

ဒီ Concept က နေ့တိုင်းမရှိမဖြစ်ကို သုံးနေတဲ့ စမတ်ဖုန်းတွေမှာလည်း အလားတူအသုံးကျပါတယ်။ ၂၀၀၇ ခုနှစ်က စပြီး Touch Screen Display ကို သေချာသုံးလာနိုင်တဲ့ iPhone 1st Gen ထဲက အခုအချိန်အထိ ဒီ Touch Screen Display တစ်ခုပါတဲ့ဖုန်းတွေက ဒီအခြေခံပုံစံတစ်ခုအောက်မှာပဲရှိနေတုန်းပါ။ Size ပိုကြီးလာတယ်... Consume လုပ်တဲ့ Content တွေ Quality ပိုကောင်းလာတယ် - နောက်ဆုံး အခုနှစ်ပိုင်းမှာဆိုရင် အသားကျနေတဲ့ 16:9 ကနေ 18:9, နောက်ဆုံး 19:9 က Standard ဖြစ်လာပြီး အခုဆိုရင် Cinema Wide 21:9 Concept ကိုပါ ဖုန်းတွေမှာရှိလာကြပြီ။

ဒါပေမယ့် ဒီ Screen Ratio ပြောင်းတာက Physical Limitation တစ်ခုကို ကျော်တာလားဆိုရင် မဟုတ်ပြန်ပါဘူး။ Modification လုပ်တယ်လို့တောင် ပြောလို့မရနိုင်တဲ့အဆင့်တစ်ခုမှာပဲရှိတာပါ - Bezels ပါတာ၊ Notch ဖြစ်တာ၊ Holepunch ကနေ Sliding Camera တွေအထိပေါ့။ ဒါပေမယ့် Foldable Phone ဆိုတာက လက်ရှိ ရှိနေတဲ့ခြေလက်တွေကို နောက်ထပ်အလားတူ ခြေလက်တစ်စုံ၊ တစ်ချို့ Case တွေမှာ ၂ စုံအထိ ထပ်တပ်ပေးလိုက်တာပါ - Yes, Think of Human becoming Spiders.

အခုအချိန်အထိ ဘာလို့ Foldable Phone တွေက အသုံးဝင်တာလဲဆိုတာ စဉ်းစားနေကြတဲ့သူတွေရှိဦးမှာပါ - ဖြန့်လိုက်ရင် Tablet ဖြစ်သွားတာပဲ... ဖုန်းတစ်လုံးနဲ့ Tablet တစ်ခုက ပိုမကောင်းဘူးလား။ ငါ့မှာ Laptop ရှိနေတာပဲ၊ ဘာလို့ Convertible Laptop တစ်ခုထပ်ဝယ်ဖို့လိုမှာလဲ... ဘာလို့ ဒီ Tech Gadget က Exclusive ရတိုင်း လျှောက်ရေးနေတဲ့ဒီ Concept တစ်ခုကို နားထောင်နေရမှာလဲ။ ပိုအသုံးဝင်ပေမယ့် ငါအဲ့လောက် ပိုက်ဆံအကုန်ခံပြီး ဒီ ပိုကောင်းမယ့် Productivity Product တစ်ခုကို ဝယ်စရာလိုလို့လား?

Well, let's move on another Episode.

Episode 2: The Display (S)

Huawei Mate X ကို စထွက်တုန်းက ခေါက်ထားတဲ့အချိန်မှာ နောက်ဖက်က Display ကို Gimmick တစ်ခုလို့ပဲ ထင်ထားတာပါ။ အရှေ့ဘက်ကတော့ Notch မပါတဲ့ Full Screen Display ကို သုံးရတယ်ဆိုပြီး သဘောကျမိခဲ့တယ်။ ဒါပေမယ့် တကယ်လည်း စမ်းကြည့်ဖြစ်တော့ နောက်ဖက်က Display တစ်ခုပါသွားတာရဲ့ Potential တစ်ခုနဲ့တင် ဒီ Concept ကိုပိုသဘောကျလာတယ်... And again, This is Wild.

လောလောဆယ်မှာ Huawei က နောက်ဖက်က Display ကို Primary LEICA Sensor တွေနဲ့ Selfie ပြန်ရိုက်ရုံနဲ့ သူများကို ဓါတ်ပုံရိုက်ပေးတဲ့အချိန်မှာ မျက်နှာကို Detect လုပ်မိတာနဲ့ ကိုယ်ဘယ်လိုပုံမျိုး Pose ပေးရမလဲဆိုတာ ပြန်ပြပေးတဲ့ Mirror Mode တစ်ခုပဲပါနေတာပါ။ ဒါက တကယ်တမ်းသုံးတဲ့နေရာမှာ ကိုယ့်ဖုန်းကို သူများပေးပြီး ဓါတ်ပုံရိုက်ခိုင်းတာတွေ၊ Selfie ပြန်ရိုက်တာတွေမှာ ထင်ထားတာထက် ပိုပြီး အသုံးဝင်နိုင်တဲ့ Buying Factor တွေဖြစ်လာမှာသေချာနေပါတယ်။ It's like something you thought you don't need but you won't be to live without once you have it.

နောက်တစ်ခု... ဒါကတော့ Pure Wild Concept တစ်ခုပါ။ S.H.I.E.L.D ရဲ့ Helicarrier က Invisible Clock အလုပ်လုပ်သလိုမျိုး ဒီလို Sensor တွေ၊ Camera တွေပါလာပြီး ကင်မရာနေရာလက်ကိုင်တစ်ခုကလွဲပြီး အရှေ့ရော၊ အနောက်ပါ Display ဖြစ်နေတာက ဒီ Camera Setup နဲ့ Sensor တွေကိုသုံးပြီး Mirror Mode ကနေ Invisible Cloak တစ်ခုလို Transparent Panel တစ်ခုဖြစ်အောင် လုပ်လို့ရနိုင်ပါတယ်။ ဒီ Foldable Display Concept ကိုသာ ဆက်ယူသွားပြီး ဖြစ်အောင်လုပ်လာနိုင်တယ်ဆိုရင် Minority Report ရုပ်ရှင်ကလို 2054 ကို ရောက်ဖို့ စောင့်နေစရာမလိုပဲ လာမယ့် ၃ နှစ်အတွင်းမှာတင် ဒါကတကယ်ဖြစ်လာနိုင်ဖို့ အလားအလာအရှိဆုံး Concept တစ်ခုပါ။

But why do we need Transparent Invisible Display? 

It looks Cool ဆိုတာထက် ဒါက အခုအချိန်ကစပြီး စမတ်ဖုန်းကုမ္ပဏီတိုင်းပြေးကြတော့မယ့် လမ်းကြောင်းတစ်ခုအတွက်အစဖြစ်လာတာပါ။ အထဲက Internal Part တွေကို အခု 5mm လောက်ကနေ 3mm လောက်အတွင်းမှာ ရအောင်ထည့်လာနိုင်ပြီး Transparent Display ဖြစ်လာမယ်ဆိုရင် အဲ့ဒါက နောက်ထပ် Concept အသစ်တွေကို ထပ်ဖြစ်လာစေဦးမှာပါ။ If you still don't know what is that - AR and Holograms.

Corning က နောက် ၃ နှစ်အတွင်းမှာ Foldable or Rollable Glass ထုတ်လာနိုင်ပြီး Transparent ဖြစ်နေအောင် Camera Sensor တွေသုံးမယ့်အစား Holographic Display ဖြစ်လာအောင် Panels ထဲကို Light Emitting Diode တွေကို နေရာချပေးနိုင်ခဲ့ရင်.. အခု OLED တွေမှာ Black Pixel တွေကို ပါဝါမပေးသလို လိုတဲ့နေရာကလွဲပြီး ကျန်တဲ့နေရာတွေမှာ Diode တွေက အလုပ်မလုပ်ပဲ Transparent Piece of Glass အနေနဲ့ပဲရှိနေမယ်ဆိုရင်... ဒါက Samsung က Next 10 Years of Galaxy Video မှာပြသွားသလို AR နည်းပညာက တကယ် Real Life မှာ အခုစဉ်းစားနိုင်တဲ့ Concept တွေအားလုံးကနေ ပြောင်းလဲပစ်နိုင်နေပါပြီ။

Is it Really Possible or Just Random Childish Thoughts? 

ကျွန်တော်တို့ အကုန် Samsung ရဲ့ Video ကို ကြည့်ပြီးလောက်ပါပြီ။ Samsung နဲ့ Huawei ကတော့ ဒီလမ်းကြောင်းပေါ်မှာ ပြေးဖို့စပြီးတာစူနေတာလည်း ကျိန်းသေနေပြီ.. နောက်ပြီး ဒီလို Company ကြီး ၂ ခုကလုပ်နေပြီဆိုတာနဲ့ ဒီထက်ပိုသာပြီး ပိုမြန်မြန်ထုတ်နိုင်တဲ့ Chinese Market တစ်ခုလုံးက နောက်မှာရှိနေဦးမှာပါ။ 5G ကိုလည်း ကုမ္ပဏီတိုင်းက Apps တွေကို SOC အစား Cloud Computing အတွက် အဓိက Power ပေးနိုင်ဖို့လုပ်နေပြီး ဖုန်းထဲမှာပါတဲ့ Hardware တွေကို လျော့ဖို့၊ ပိုပါးဖို့ ကြိုးစားနေကြတာပါ။ အဲ့တော့ Tech Gadget အနေနဲ့တော့ Huawei Mate X ကို စမ်းဖြစ်တာတစ်ခုထဲကနေ ဒီ Concept တွေ၊ ဖြစ်လာနိုင်တဲ့ အနာဂတ်တွေအကုန်လုံး မျက်စိထဲရောက်လာပြီး ဒီအခုပြသွားတဲ့ Foldable Phone တွေဆိုတာက ပထမဆုံးအနေနဲ့ Physical Limitation တွေကို ချိုးဖောက်ပြပြီး Sci-Fi ရုပ်ရှင်တွေထဲက အနာဂတ်ဆိုတဲ့ သက္ကရာဇ်တစ်ခုရောက်အောင် စောင့်နေစရာမလိုတော့ဘူးဆိုပြီး ကြက်သီးထမိတဲ့ Concept တစ်ခုဖြစ်လာပါတယ်။

You guys wouldn't know How much We felt Happy to be alive at this Era.

ဒါပေမယ့် ဒီနေရာမှာ Bug ဖြစ်တာတစ်ခုရှိလာပြန်ပါတယ်။ ကျွန်တော်တို့ မြင်ခဲ့ရတာက ဖုန်းကို ခေါက်ထားတဲ့အချိန်မှာ Gap လုံးဝမရှိတဲ့ Display ၂ ဖက်လုံးပါတဲ့၊ ၂ ဖက်စလုံးပြိုင်တူသုံးလို့ရတဲ့ Huawei Mate X ပါ။ အဲ့တော့ Concept လုံးဝမတူတဲ့ Galaxy Fold က ဘယ်လိုမျိုး အနာဂတ်ကို ကျွန်တော်တို့မြင်ရနိုင်လဲဆိုတာက စိတ်ထဲအခုထိ မတင်မကျဖြစ်နေဆဲပါ။ Maybe ကျွန်တော်တို့ မြင်တဲ့အမြင်ကို အခုပြောလို့ရကောင်းရမယ်၊ ဒါပေမယ့် Mate X မှာလည်း မိတ်ဆက်တုန်းက စိတ်ကူးနဲ့ အခု တကယ်စမ်းပြီးစိတ်ထဲဝင်လာတဲ့ Concept တွေက လုံးဝ ဆီနဲ့ရေပါ။ So, we will hold our thought until we can test Galaxy Fold in hand.

But wait. Display အကြောင်းဆိုပြီး ဖြစ်လာနိုင်တဲ့ ပေါတောတော Concept တွေပဲ ထပ်ပြောပြီး တကယ်ဘာလို့ Mate X ကို ဈေးတန်တယ်ဆိုတဲ့စကားမပြောသေးတာလဲ? Still Clickbaiting the Audience?

Episode 3: Current Advantages (From Foldable Phone)

ပထမဆုံး Mate X က တခြားဖုန်းတွေထက်ဘာကောင်းမလဲဆိုရင် ကျိန်းသေပေါက်သေချာပြောလို့ရတာက ဖြန့်လိုက်ရင်ရလာမယ့် Tablet Size Display ပါ။ ဒါပေမယ့် Display အကြီးကို ဘယ်လိုနေရာတွေမှာ ပိုသုံးလို့အဆင်ပြေမှာလဲ?

အရင်ဆုံး Game သမားတွေပါ - Weibo မှာ ခေါက်ထားတုန်း ဂိမ်းဆော့နေပြီး ဖြန့်လိုက်တဲ့အချိန်မှာ Game က Crash မဖြစ်သွားပဲ Tablet Display မှာဆော့လို့ရတာတစ်ခုထဲက တကယ် Hype ဖြစ်စရာ Feature တစ်ခုပေမယ့် Real Racing 3 ကိုတော့ ဖြန့်ထားပြီး ဆော့နေတာကနေ ခေါက်လိုက်လို့မရသေးပါဘူး... ဒါက အများကြီးရင်ဆိုင်လာရတော့မယ့် Software Compatibility ပြဿနာတွေထဲက တစ်ခုပါ (More on that later)

ဘာပဲဖြစ်ဖြစ် လောလောဆယ် PUBG ၊ ML or ဘာဂိမ်းပဲဖြစ်ဖြစ် ဆော့နေတဲ့သူတွေရှိတယ်ဆိုရင် အခုလက်ရှိ Cover တပ်ပြီး ကိုင်နေတဲ့ဖုန်းအရွယ်လောက်ကိုပဲ အေးဆေးဘောင်းဘီအိတ်ထဲထည့်သွားနိုင်ပြီးတော့ ဂိမ်းဆော့တဲ့အချိန်ကြရင် Tablet တစ်ခုလိုမျိုး Field of View ကောင်းကောင်းနဲ့ ဂိမ်းဆော့နိုင်မယ်ဆိုရင် ဒီအချက်တစ်ခုထဲကတင် ဒီ Foldable Phone တွေကို Ultimate Gaming Device တွေလို့ နာမည်တပ်လို့ရနေပါပြီ - ဒါတောင် ဒီ Foldable Phone တွေပဲ အရင်ဆုံးရလာနိုင်တဲ့ Ultrafast 5G Modem တွေ၊ 7nm နဲ့ 5nm Chipset တွေရဲ့ Performance တွေ၊ Best in Class Fast Charging စနစ်တွေကို ထည့်မတွက်သေးပါဘူး။

အဲ့တော့ iPad Pro လို Tablet တစ်ခု၊ ROG or Razer လို Gaming Phone တစ်ခုကိုတောင် ဒေါ်လာ ၁၀၀၀ လောက်ပေးသုံးနေကြတဲ့သူတွေရှိနေပြီးသားပါ - ဘာလို့ ဒီ Device ၂ ခုစလုံးကို တစ်ခုထဲနဲ့သုံးနိုင်ပြီး စွမ်းဆောင်ရည်လည်း ပိုကောင်းဦးမယ့် Device တစ်ခုကို ဈေး ၂ ဆ (မကြာခင် ၁ဆခွဲ) ပိုပေးပြီး သုံးမယ့်သူမရှိရမှာလဲ?

နောက်တစ်ခု.. Mobile Productivity က သေလောက်အောင်အရေးကြီးတဲ့သူတွေပါ။ အထူးသဖြင့် Flagship ဖုန်းတစ်ခုရှိပေမယ့် ဖုန်းပေါ်မှာ အလုပ်လုပ်လို့မရလို့ iPad Pro ဝယ်တဲ့သူတွေ၊ Convertible Laptop or Ultrabook တွေကို ဈေးကြီးပေးပြီး ဝယ်တဲ့သူတွေပါ။ လောလောဆယ်မှာတော့ Android OS ရဲ့ Multitasking က It SUCKS ဆိုတာကနေ မတက်လာသေးတဲ့အခြေအနေမှာရှိနေပါသေးတယ်။ ဒါပေမယ့် အခုလို Hardware ပိုင်းပြောင်းလဲနေပြီး Software ပိုင်းပဲ လိုက်ဖို့လိုတဲ့အခြေအနေတစ်ခုက ဒီ First Generation မှာတင် အများကြီးပြောင်းလဲသွားနိုင်ပါတယ်။

What do we mean? 

Galaxy Fold မှာ Dex Mode ကို Support လုပ်ပါတယ် - တကယ်လို့သာ External Display နဲ့ ချိတ်စရာမလိုပဲ Dex Mode ကို Galaxy Tab S4 ပုံစံ Galaxy Fold မှာ သုံးလို့ရလာခဲ့ရင်... Samsung က သရုပ်ပြသွားတဲ့ 3 Apps Multitasking တွေက တကယ်တမ်း ဘာ Bug မှမရှိပဲ သုံးနိုင်ခဲ့ရင်... Huawei ကိုယ်တိုင်ကလည်း ဒီလိုမျိုး Apps ၂ ခုကို Split-Screen ထက်ပိုကောင်းပြီး Picture-in-Picture Mode ကို System Wide Support ပေးနိုင်ခဲ့ရင် ဒီ Foldable Phone တွေက Screen ကို ဖြန့်လိုက်တဲ့အချိန်မှာ လက်ရှိမှာ အကောင်းဆုံး Mobile Productivity Tools တွေဖြစ်လာနိုင်ပါတယ်။ ဒါက တကယ်ဈေးကွက်ထဲရောက်တာနဲ့ အနှေးနဲ့အမြန်ဖြစ်လာတော့မယ့် အားသာချက်တွေပါ။

The Best Part is You Are still Carrying a Phone - Not Additional Half a Kilo Tablet.

နောက်ဆုံး.. For Literally Everyone ပါ။ (Only when Not thinking of the 4 digits Price Tag)

ဘာကြောင့်လဲ... ငါမှ ဒီ Foldable Phone ကို မလိုတာဆိုရင် ဒီဆက်တိုက်ပြောသွားမယ့် အချက်တွေကို အရင်လိုက်မှတ်ကြည့်တာပေါ့ - ဒါကလည်း လောလောဆယ် ပိုလုပ်နိုင်မယ့်အချက်တွေပါပဲ။

Selfie Camera သီးခြားတပ်ထားတဲ့ဘယ်ဖုန်းကမှမယှဉ်နိုင်တဲ့ Selfie တွေရိုက်နိုင်မယ်၊ လမ်းမှာ မသိတဲ့သူ၊ သူငယ်ချင်းတစ်ယောက်ယောက်ကို ဓါတ်ပုံရိုက်ခိုင်းတိုင်း ထွက်လာတဲ့ပုံကို အားမရလို့ အဲ့တယောက်ကိုလည်း အားနာပြီး အနားကထွက်သွားမှ နောက်တယောက်ကို ရိုက်ခိုင်းရတဲ့ဒုက္ခမရှိတော့ဘူး၊ Excel File တွေကို ဖုန်းမှာ ဘယ်လိုမှမလုပ်နိုင်လို့ Tablet or Laptop ကို သယ်သွားရမယ့်ကိစ္စမရှိတော့ဘူး၊ 4:3 or 1:1 Ratio လောက်ဖြစ်သွားတော့ Instagram or Social Media သုံးတဲ့အချိန်မှာ ပိုပြီး အသုံးဝင်လာမယ်၊ Dual Player ဂိမ်းတွေဆိုရင် Tablet တစ်ခုပေါ်မှာ ဆော့နေရတဲ့အတိုင်းဖြစ်နေမယ်၊ Game ဆော့တိုင်း Field of View နဲ့ Control ပိုအားရမယ်၊ စာဖတ်တတ်တဲ့သူတွေအတွက် ပိုအဆင်လာမယ်... နောက်ဆုံး ဒီ အချက်တွေအကုန်လုံးကို လက်ရှိ Cover တပ်ကိုင်ပြီး သုံးနေတဲ့ဖုန်းထက် ဘာမှပိုမကြီးသွား၊ ပိုမလေးသွားတဲ့ Form Factor တစ်ခုအတိုင်း သယ်သွားလို့ရဦးမယ်။

NO - Still too Expensive? 

ဒီလိုပြန်စဉ်းစားကြည့်တာပေါ့ - တကယ်လို့ လက်ရှိ Huawei Mate X or Galaxy Fold တွေက Foldable Phone မဖြစ်နေဘူး၊ ဒါပေမယ့် Specs တွေကတော့ မလျော့သွားဘူးဆိုရင် ဘယ်ဈေးလောက်ရှိနေမယ်လို့ ခန့်မှန်းမလဲ?

Maybe, Xiaomi is Life ဖြစ်နေတဲ့သူတွေအတွက်ကတော့ ဒီလို 5G Supported ဖြစ်ပြီး Best in Class Specs ပါနေပေမယ့် ဒေါ်လာ ၅၀၀ အောက်ရမှတန်မယ်ဆိုပြီး အော်ကောင်းအော်နေဦးမှာပါ။

 ဒါပေမယ့် 5G ဖုန်းတောင်မဟုတ်တဲ့ Samsung Galaxy S10+ RAM 12GB, 1TB Ceramic Edition ဈေးက ဒေါ်လာ ၁၆၀၀ ပါ။ အဲ့တော့ ဒီလို အနာဂတ်တဖြစ်လဲ Foldable Phone တွေက S10+ Ceramic Edition ထက် ဒေါ်လာ ၄၀၀၊ ၅၀၀ လောက် ဈေးပိုတာက မတန်တဆလို့ သတ်မှတ်နိုင်ဦးမှာလား?

We honestly don't think so. အဲ့အပြင် ဒီထုတ်သွားတဲ့ Foldable ၂ ခုအပြင် Second Gen ပိုဈေးသက်သာနိုင်တဲ့ Foldable Phone တွေကိုပါ Samsung နဲ့ Huawei ကပဲ နှစ်မကုန်ခင်ထပ်မြင်ရဦးမှာဆိုတော့ ဈေးက Overprice ဖြစ်လွန်းတယ်၊ မတန်ဘူးဆိုတာကတော့ ဒီအခြေအနေမှာ ဖြစ်လာနိုင်တဲ့ Concept တစ်ခုကို ကြည့်နိုင်တယ်၊ မြင်နိုင်တယ်ဆိုရင် မပြောဖြစ်တဲ့စကားတစ်ခုပဲဖြစ်သွားသင့်ပါတယ်။

------------
အဲ့တော့ အခုပဲ Maxed out Gaming Laptop or Ultrabook ဝယ်နိုင်တဲ့ ပိုက်ဆံကို Foldable Phone တွေကို မျက်စိမှိတ်ဝယ်ရတော့မှာလား?

Here's the Some Downsides (At This Moment)

Episode 4.1 : The Physical Downfalls 

အရင်ဆုံး Display ကိုပဲ ထပ်ပြောရမှာပါ - Mate X ကိုစမ်းတုန်းက Screen ကို ဖြန့်ထားတဲ့အချိန်မှာ Display ကိုသုံးနေတဲ့အချိန်မှာတော့ လုံးဝမသိသာပေမယ့် Black Screen ဖြစ်နေတဲ့အချိန်မှာ Screen ကို ချိုးတဲ့နေရာမှာ အရာတစ်ခုဖြစ်နေတာကို မြင်ရပါတယ်။ ဒါက တကယ်ချိုးနိုင်တဲ့ Glass Display ကို သုံးလို့မရနိုင်သေးတဲ့အတွက် Plastic OLED ကို သုံးထားတာကြောင့်ပါ - Huawei ကတော့ Final Retail Unit မှာ Display က ပိုကောင်းမယ်လို့ ပြောထားတော့ ဒီအချက်က ပိုကောင်းလာနိုင်တယ်ဆိုပေမယ့် အားနည်းချက်တစ်ခုဖြစ်နေဆဲပါ။

နောက်တစ်ခုက No Weather Resistant ပါ။ ဒါကလည်း ဒီ Foldable Phone တွေက ရေစိုခံနိုင်ဖို့ လွယ်ကိုမလွယ်သေးတာပါ။ ဖုန်းတစ်ခု၊ Tablet တစ်ခုထက် Display Hinge ပါတဲ့ Laptop တွေ ရေစိုမခံသေးသလိုပဲ Foldable Phone တွေ ရေစိုခံဖို့ဆိုတာလည်း တော်တော်လေးကို အချိန်စောင့်ရမယ့်သဘောမှာရှိပါတယ်။

နောက်ဆုံးတစ်ခုကတော့ Damage ဖြစ်နိုင်ခြေ၊ ပျက်နိုင်ခြေပိုများလာတာပါ - အမှန်အတိုင်းပြောရင်တော့ ဒါက လူတော်တော်များများစိတ်ပူနေကြတာဆိုပေမယ့် လက်ရှိဖုန်းတွေ၊ Tablet တွေနဲ့ သိပ်မကွာတဲ့အရာတစ်ခုပါ။ ဘယ် Flagship ဖုန်းမှာ မှန်ကွဲရင် အပေါ်မှန်ပဲလဲမယ်ဆိုပြီး သောင်းဂဏန်းလောက်နဲ့ ပြန်လဲလို့ရတာမျိုးမဟုတ်တော့ တကယ်လို့ ဒီ Foldable Phone တွေရောင်းလာခဲ့ရင် Premium Care Coverage တွေက ကျိန်းသေရှိနေမှာပါ။ Plastic OLED ဖြစ်နေတော့ အစင်းရာထင်တာတွေအတွက်လည်း Tempered Glass မရရအောင် ထုတ်မယ့် တရုတ်တွေရှိနေတော့ ဒါက စိုးရိမ်စရာပေမယ့် အခု Flagship ဖုန်းတွေနဲ့ သိပ်ကွာမှာမဟုတ်တဲ့အရာပါ။

Episode 4.2: The Non-Physical Downfalls 

အခုနက ဒီ Foldable Phone တွေဖြစ်လာနိုင်တဲ့ Concept တွေပြောသွားတဲ့အထဲမှာ "Software က လိုက်ပြီး Support ပေးနိုင်ရင်" ဆိုတာက အရေးအကြီးဆုံးပါ။ ဘာကြောင့်လဲဆိုရင် ဒီနောက်က Software ပိုင်းမှာ Foldable Phone တွေက Tablet ဒါမှမဟုတ် Smartphone ထက် ပိုသာတဲ့ အားသာချက်မရှိနေရင် ဒီတချက်ထဲနဲ့တင် ဈေးဒီထက် ထက်ဝက်ကျသွားရင်တောင် မဝယ်နဲ့လို့ တားရမယ့်ကိန်းရှိပါတယ်။

ဒါပေမယ့် အခုလိုမျိုး ကုမ္ပဏီတွေကိုယ်တိုင် လုပ်နေတဲ့အချိန်မှာတော့ Software ပိုင်း Optimize မဖြစ်လာဘူးဆိုတာက သိပ်မဖြစ်နိုင်တဲ့အရာတစ်ခုပါ။ နောက်ဆုံး ဒီနှစ်ထဲအကုန်မပြောင်းရင်တောင် လာမယ့် April ၊ May မှာ ဒီ Foldable Phone တွေ ဈေးကွက်ထဲစရောက်ရင်.. နောက်ပြီး Google I/O 2019 မှာ ဒီ Foldable Phone တွေအတွက် သီးသန့်  Android Feature တွေ မြင်လာရမယ်လို့ မျှော်လင့်ပါတယ်။

So, this is still 50/50.

ကဲ.. ပြောချင်တာတွေတော့ ပြောလို့ပြီးသလောက်ဖြစ်ပြီ။ ဒါပေမယ့် အခုအချိန်အထိ Bangkok အထိ ပြေးပြီး စမ်းထားတဲ့ Mate X အကြောင်း ဘာမှမပြောရသေးတော့ ဖုန်းအကြောင်းပြောပြီးပဲ သိမ်းတာပေါ့။

Episode 5: The Huawei Mate X

Interstellar Blue ဆိုထဲက အကြိုက်ဆုံးရုပ်ရှင်နာမည်ပါတော့ ခေါင်းထောင်လာတာ တကယ်လည်း ဖုန်းကို မြင်ရတော့ အခုအရောင်က တော်ေ်တ်ာလေးကို Classic ဖြစ်ပြီး တော်တော်လည်း လှပါတယ်။ ဒါပေမယ့် နောက်ဖက်မှာ Advanced Composite Material လို့ Body ကို စာကပ်ထားတော့ ဒါက Aluminum မဟုတ်၊ Glass မဟုတ်၊ လက်ရှိ Metal ဖုန်းတွေလို Feeling မရတဲ့ Material တစ်ခုနဲ့ လုပ်ထားတာဖြစ်ဖို့များပါတယ် - Maybe Polycarbonate/Metal Composite.

Build Quality နဲ့ Design ပိုင်းမှာတော့ ဒါက Final Unit မဟုတ်သေးတဲ့အတွက် ပြောဖို့ခက်ပါတယ် - ဒါပေမယ့် ကျိန်းသေပြောနိုင်တာက Hinge Release Button ၊ ဘေး Frame တွေ၊ Hinge တွေ၊ Display တွေ၊ Camera Setup တွေ... အပြစ်တော်တော်ရှာဖို့ခက်တဲ့ Design ပိုင်းတွေအကုန်ပေါင်းပြီး မြင်လိုက်ရတဲ့အချိန်မှာ Huawei Mate X က Production Ready ဖုန်းတစ်ခုပါ။ Maybe Only Us but ဒါက ဘယ်လိုမှ Prototype Device တစ်ခု၊ Luxury Device တစ်ခု... အနာဂတ်က Device တစ်ခုဆိုတဲ့ Feeling မရပါဘူး။

အဲ့ဒီအစား တကယ်လို့ စရောင်းလို့ သုံးတဲ့သူတွေရှိလာပြီဆိုရင်လည်း Luxury Device တစ်ခုထက် အခုနက ပြောသွားတဲ့ အားသာချက်တွေကိုပဲ ပုံမှန်ဖုန်းတစ်ခု၊ Tablet တစ်ခုသုံးသလို Casual သုံးနေမယ့် Device တစ်ခုလို့ပဲ မြင်မိပါတယ်။ We will be seeing a lot of people using these on the roads or public transportation before end of this year.

ဒီနေရာမှာ ဖြန့်လိုက်တဲ့အချိန်မှာ မတရားပါးနေတာက တကယ်ကို Stunning ဖြစ်စေတဲ့ Engineering တစ်ခုပါ။ လက်ကိုင်နေရာ၊ ကင်မရာနေရာကို ထူထားပေးတာက လွန်ခဲ့တဲ့ ၅ နှစ်လောက်က Lenovo Yoga Tablet Design တွေကိုတောင် Throwback ဖြစ်ပါသေးတယ်။

Display Quality ပိုင်းလည်း တော်တော်ကောင်းတယ်၊ Speakers ပိုင်းလည်း Flagship Level ရှိနေတယ်.. ပြီးတော့ Camera ကတော့ အသေးစိတ် Specs တွေမသိသေးသလို လောလောဆယ်သုံးထားတာကလည်း Final Camera App မဟုတ်သေးသလို ခံစားရပါတယ်.. Wide, Normal နဲ့ Tele Lens တွေကို သုံးထားပေမယ့် Camera ပိုင်း Performance နဲ့ Feature တွေကတော့ အခုအချိန်မှာ ပြောလဲမပြောသလို စမ်းကြည့်ပေမယ့်လည်း ခန့်မှန်းလို့မရသေးပါဘူး။

Same goes to Battery Life & Charging Speed Test. လုံးဝ Limited Environment တစ်ခုထဲမှာဖြစ်နေတော့ ဒါကလည်း တကယ်ထွက်လာတော့မှာ စမ်းရမှာပါ။ လောလောဆယ်မှာတော့ Fingerprint ကို Power Button မှာပဲတပ်ထားပြီး Under-Display မထားနိုင်တာက Safe မဖြစ်သေးတာကြောင့်ဖြစ်နိုင်ပြီးတော့ Selfie Camera လည်း မပါတော့ Face Unlock လည်း သုံးလို့မရတာကြောင့် ဖြစ်နိုင်ပါတယ်။

ဒီ Mate X မှာ အကြိုက်ဆုံးဆိုရင်တော့ Display Hinge ကို မြင်နေရတာပဲဖြစ်မှာပါ - Teaser ဓါတ်ပုံလိုပဲ တကယ်လည်း Mate X ကို အချိန်တစ်ခုယူပြီး Review လုပ်ဖြစ်တဲ့အချိန်ကြရင် ဒီ Hinge ကိုပဲ အလှဆုံးဖြစ်အောင် ဓါတ်ပုံတွေထိုင်ရိုက်နေမိတော့မှာပါ။ တကယ်လည်း အချိန်အများကြီး ဆက်မစောင့်ရပဲ ဒီ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်လာနိုင်မယ့် Foldable Phone - Huawei Mate X ကို အစောဆုံး In-Depth Review လုပ်ခွင့်ရချင်ပါသေးတယ်။


Thanks to Huawei Mobile for Such An Exclusive Content. And Thank you all for hearing out our two cents on Foldable Phone (& Mate X).

မူရင်းရေးသားတင်ဆက်သူ စာမျက်နှာ - TechGadgetMM

No comments: