Friday, March 8, 2019

ငါးခြစ်ဗယာကြော်အစပ် - ကြက်ဖင်ဆီဖု ကင် - မြင်းခွာရွက်သုပ် - လက်ဖက်မွှေးကြက်ဥ


ကြက်ဖင်ဆီဖု ကင် (Chicken Buttock Bake)

လွယ်ကူလျင်မြန်ပြီး ကြက်ဖင်ဆီဖုကင် ကျွတ်ကျွတ် အရသာရှိရှိ တစ်ခါကိုက်လေးတွေနဲ့ ဧည့်ခံကျွေးမွေးချင်သူများ အတွက် ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်ဖင်ဆီဖု ၅၀ ကျပ်သား (၃ ခုစီ ဒုတ်ထိုးတာပါ)
နနွင်းမှုန့် ဇွန်းတစ်ဝက်ဇွန်း
သံလွင်ဆီ ၁ ဇွန်း စားပွဲဇွန်း
ဆားကြမ်း ၁ ဇွန်း စားပွဲဇွန်း
Cajun မှုန့် ၂ ဇွန်း လက်ဖက်ဇွန်း
ပျားရည် ၂ ဇွန်း လက်ဖက်ဇွန်း
သံပုရာရည် ၁ ဇွန်း စားပွဲဇွန်း


ပြုလုပ်နည်း
၁။ ဖန်ဇလုံးအကြီးထဲ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး နယ်နှပ်ထားပါ။ ပြီးလျင် ကြက်ဖင်ဆီဖုများကို အကင်ဒုတ်တံတစ်ချောင်း ကို ဖင်ဆီဖု ၃ ခုစီထိုးပါ။
၂။ အာဗင်ထဲ ၁၂၀ ဒီဂရီဖြင့် ၃-၅ မိနစ် လောက် အပေါ်အရေခွံ ရွှေရောင်သန်းပြီးကျွတ်လာလျင်  လှည့်လှည့်ပေးပါ ပတ်လည် ကျွတ်ပြီး ရွှေရောင်သန်းလာလျင် ရပါပြီး။
၃။ပူပူလေး ကြိုက်နှစ်သက်ရာ ဆော့ဖြင့်တို့စားပါ။

ငါးခြစ်ဗယာကြော်အစပ် (Spicy Pound Fish Yellow Split Pea Fritter)



by Syi Lwin Foods Garden

          ငါးခြစ်ကို ဗယာကြော်အမှုန့်ဖြင့် နယ်ပြီး ကြွပ်ကြွပ်လေးကြော်စားရတဲ့အရသာက တစ်မျိုးဆွဲဆောင်မှုရှိပြီး စားပြီးရင်း စားချင်စိတ်ပေါက်စေတာကြောင့် အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးခြစ်  –  ၂၅ ကျပ်သား

ဗယာကြော်မှုန့်  –  စားပွဲဇွန်း ၅ ဇွန်း

ငရုတ်သီးစိမ်း  –  ၅ တောင့် (ခပ်ပါးပါး နုပ်နုပ်လှီးထားပါ)

ပျဉ်းတော်သိမ်ရွက်  –  ၄ ရွက် (ခပ်ပါးပါး နုပ်နုပ်လှီးထားပါ)

ကြက်သွန်မြိတ်  –  ၅ ပင် (ခပ်နုပ်နုပ်လှီးထားပါ)

နံနံပင်  –  ၅ ပင် (ခပ်နုပ်နုပ်လှီးထားပါ)

ဆော်ဒါမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူ  –  ၃ မြွှာ (ညက်အောင် ထောင်းထားပါ)

ဇီရာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ချင်း  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း (ညက်ညက်ထောင်းထားသော အနှစ်)

ဆား  –  လက်ဖက်ရည်ဇွန်း  ၂  ၁/၂ ဇွန်း

ဆီ  –  ကြော်ရန်

ပြုလုပ်နည်း

၁။       ဖန်ဇလုံအကြီးထဲ ဆီမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီး သေချာ နယ်နှပ်ပါ။   ၁၅ မိနစ်ခန့် နှပ်ထားပါ။

၂။       ဇောက်နက်ဒယ်အိုးထဲ ဆီထည့်ပြီး သေချာပူအောင် အပူပေးပါ။ ဆီပူလာလျှင် နယ်နှပ်ထားသော ဗယာကြော်များကို လက်မအရွယ် အလုံးကြီးများလုံးပြီး ဆီ ပူပူထဲ ထည့်ကြော်ပါ။ ကြွပ်ရွပြီး ရွှေရောင်သန်းလာလျှင် ဆီအိုးမှ ဆယ်ယူပြီး ဆီစစ်ထားပါ။ ပူပူလေး ကြိုက်ရာမန်ကျည်းသီးနှစ်အချဉ်ရည် (သို့) ငရုတ်ဆီ အချဉ်ရည် ဖြင့် အတူတွဲစားပါ။

မြင်းခွာရွက်သုပ်
-----------------------------


ပါဝင်သောပစ္စည်းများ

၁။ မြင်းခွာရွက် (Pennywort) – ၂စည်း (ရေစင်အောင် ဆေးပြီ ရေစစ်၍ နှုတ်နှုတ်စဉ်းပါ)
၂။ ခရမ်းချဉ်သီး (Tomato) – တ၀က် (အရှည်ပါးပါးလှီးပါ)
၃။ ကြက်သွန်နီ (Onion) – ၂လုံး ( ပါးပါးလှီးပါ)
၎။ ပုဇွန်ခြောက်မှုန့် (shrimp powder)- စားပွဲတင်ဇွန်း ၁ဇွန်း
၅။ မြေပဲ (peanut)- စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက်လေး ထောင်းပေးပါ)
၆။ နှမ်း (sesame)- စားပွဲတင်ဇွန်း တ၀က်
ရ။ ဆား (salt)- လက်ဖက်ရည်ဇွန်း တ၀က်
၈။ သကြား (sugar)- လက်ဖက်ရည်ဇွန်း တ၀က်
၉။ နှမ်းဆီ (seasame 0il)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၀။ သံပရာသီး (lime)- ၁လုံး (အရည်ညှစ်ထည့်ပါ)
၁၁။ ပဲအကျက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
-----------------------------
အသုပ်သုပ်နည်း

၁။ အရင်ဆုံး ကြက်သွန်နီ ဆီချက် အရင်လုပ်ပါမည်။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီ ၁လုံးကို ထည့်၍ အညှိရောင်သန်းလာသည်အထိ မွှေပေးပါ။

၂။ ပြီးနောက် ကြက်သွန်နီကြော်များကို ပန်းကန် တစ်ခုထဲ ပြန်ဆယ်ထားပေးပါ။

၃။ ခု မြင်းခွာရွက်သုတ်ကို စသုတ်ပါတော့မည်။

၎။ ဇလုံတစ်ခုထဲသို့ ပါဝင်သောပစ္စည်များ ဖြစ်သော (မြင်းခွာရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်မှုန့်၊ မြေပဲ၊ နှမ်း၊ ဆား၊ သကြား၊ နှမ်းဆီ၊ သံပရာသီး၊ ပဲမှုန့်၊ ဆီချက်(စားပွဲတင်ဇွန်း ၁ဇွန်း) အားလုံးတို့ကို ထည့်၍ သမအောင် ရောနုယ်လိုက်ပါ။
-----------------------------
Wutyee Food House
-----------------------------

လက်ဖက်မွှေးကြက်ဥ


လက်ဖက်မွှေးကြက်ဥ ကတော့ အစာပြေပဲစားစား ထမင်းနဲ့ ပဲစားစား စားလို့ ကောင်းတဲ့ကြက်ဥပြုတ် တမျိုးပါ။ ကြက်ဥကို အရင်ပြုတ်ပြီးမှ အခွံကို အက်သွားအောင်လုပ်ပြီး လက်ဖက်နဲ့ ကျန်သော အမွှေးအနံ့ တွေနဲ့ မွှေးနေအောင်ပြန် ပြုတ်ထားတာပါ။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်ဥပြုတ် - ၆ လုံး
၂။ ရေ - ၁ လီတာ
၃။ သစ်ချပိုးခေါက် - ၁ ခု
၎။ နံနတ်ပွင့် - ၂ ခု
၅။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
၆။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၃ ဇွန်း
၇။ ပဲငံပြာရည် အပျစ် (ကြာညို့ ) - ထမင်းစားဇွန်း ၂ ဇွန်း
၈။ ဦးကာက လက်ဖက်ခြောက်အချိုခြောက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ပြုလုပ်နည်း
၁။ ကြက်ဥပြုတ်များကို ပြုတ်ပြီး ရေအေးနဲ့ မဆေးပါနဲ့ ။ ရေအေးနဲ့ ဆေးလိုက်ရင် အခွံတွေ ကွာလွယ်ပြီး မလှပဲဖြစ်နေပါလိမ့်မည်။ ကြက်ဥပြုတ်များ လက်နဲ့ ကိုင်လို့ ရတဲ့ အနေအထားမှာ ဇွန်း ကိုသုံးပြီး အခွံလေးများ အက်ကွဲသွားအောင် ကြက်ဥခွံကို အသာလေး ရိုက်ပေးပါ။
၂။ အိုးတခုထဲတွင် ရေ၊ သစ်ဂျပိုးခေါက်၊ နံနတ်ပွင့်၊ သကြား၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည်အပျစ်၊ လက်ဖက်ခြောက်တို့ ကို ထည့်ရ်ျ ပွက်လာသည်အထိတည်ပါ။
၃။ ပွက်လာလျှင် ၅ မိနစ်လောက်ဆက်တည်ပြီး မီးအေးအေးကို ပြောင်းလိုက်ပါ။ အခွံများအက်နေသော ကြက်ဥများကို ထည့်ပြီး မီးအေးအေးဖြင့် အနည်းဆုံး ၁ နာရီခန့် ထည့်ပြုတ်ပါ။
၎။ လက်ဖက်မွှေး ကြက်ဥကို ပူပူလေး သုံးဆောင်ရင် ပိုကောင်းပါတယ်။
(ချက်ချင်း မစားသေးရင် ထမင်းပေါင်းအိုးထဲမှာ ကြက်ဥပြုတ်ကော အရည်တွေကော အကုန်ထည့်ပြီး မီးခလုတ်ဖွင့်ထားပြီး အပူပေးထားနိုင်ပါတယ်။ ရောင်းတန်းဆိုင်တွေက ထမင်းပေါင်းအိုးထဲထည့်ပြီး ရိုးရိုးအပူပေးထားပါတယ်။)

#Ukarka #Eisanshomemadeinspiration

No comments: