တရုတ်မုန်ညင်းစိမ်းထမင်း
ပေါ်ဆန်မွှေးဆန် - ၃ ခွက်
ရေ - ၄ ခွက်
ကြက်သွန်ဖြူ - ၅ မြှောင့်(နုပ်နုပ်စဉ်းပါ)
ကြက်သွန်နီဥအသေး - ၁၂၀ ဂရမ် (နုပ်နုပ်စဉ်းပါ)
ပဲပြား - ၁ ပြား (အတုံးသေးသေးတုံးထားပြီးကြော်ထားပါ)
မုန်ညင်းစိမ်း - ၁၇၀ ဂရမ်(ပါးပါးလှီးထားပါ)
ဆီ - ၃+၂+၂ စားပွဲဇွန်း
မုန်လာဥခြောက် - ၂၀ ဂရမ် (နုပ်နုပ်စဥ်းထားပါ)
ပုစွန်ခြောက် - စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်းထားပါ)
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
သစ်ကြံပိုးခေါက် - လက်မအရွယ် ၁ ချောင်း
နာနတ်ပွင့် - ၂ ပွင့်
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲပြုတ် - စားပွဲဇွန်း ၄ ၊ ၅ ဇွန်း
ပြုလုပ်နည်း
1. ပထမဦးဆုံးဆန်ကို သန့်ရှင်းအောင် နှစ်ကြိမ် သုံးကြိမ်ခန့်ဆေးပြီး ရေစစ်ထားပါ။
2. ပြီးလျှင် ဒယ်အိုးတစ်လုံးတွင် ဆီ ၃ ဇွန်းထည့်ပြီး နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီကို ကြော်ပါ။
3. အနံ့မွှေးလာလျှင် အဆင်သင့်ဆေးထားတဲ့ ဆန်၊ သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်ထည့်ပြီး သမအောင်မွှေပါ။
4. ပြီးနောက် ပဲငံပြာရည်အကြည်နဲ့အနောက် ခရုဆီထည့် မွှေပေးပါ။
5. ဆီသတ်ထားတဲ့ဆန်ကို လျှပ်စစ် ထမင်းပေါင်းအိုးထဲ ပြောင်းထည့်ပြီး ရေ ၄ ခွက်ထည့်ပြီး ချက်ပါ။
6. ထမင်းချက်နေစဉ်မှာ ပဲပြားကို အတုံးသေးသေးတုံးပြီး မကပ်တဲ့ဒယ်အိုးအပြားအသေးထဲကို ဆီ ၂ ဇွန်းထည့်ပြီး ပဲပြားကို ကြွပ်အောင်ကြော်ပြီး ဆယ်ထားပါ။
7. သန့်ရှင်းထားတဲ့ မုန်ညင်းကို ပါးပါးလှီးပါ။
8. ပြီးလျှင် မုန်ညင်းကြော်ဖို့အတွက် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူသည်နှင့် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊ ပုစွန်ခြောက် နှင့် မုန်လာဥခြောက်ထည့်ပြီး ဆီသတ်ပါ။
9. အနံ့မွှေးလာသည်နှင့် လှီးထားတဲ့ မုန်ညင်းကိုထည့်ပြီး ကြော်ပါ။
10. ပြီးလျှင် စောစောကကြော်ထားတဲ့ ပဲပြားကို မုန်ညင်းနှင့်ရောမွှေပြီး ပန်းကန်လုံးထဲကို ထည့်ထားပါ။
11. ထမင်းပေါင်းအိုးထဲမှ ထမင်းချက်လျှင် ကြော်ထားတဲ့ မုန်ညင်းကို ထမင်းပေါင်းအိုးထဲထည့်ပါ။ ဆားနဲ့အရသာမှုန့်၊ ပဲပြုတ်အနည်းငယ်ထည့်ပြီး ထမင်းနှင့်ရောမွှေပါ။ အဖုံးပြန်ဖုံးပြီး ၁၀ မိနစ်လောက်ထားပါ။
12. ဒါဆိုရင်တော့ အရသာရှိတဲ့ တရုတ်မုန်ညင်းစိမ်းထမင်း အဆင်သင့်ဖြစ်ပါပြီ။
“လီမွန်ထမင်းနဲ့ ကြက်ဥမဆလာဟင်း”
လီမွန်ထမင်း
ပါဝင်ပစ္စည်းများ
ပေါ်ဆန်မွှေး - ၄ ခွက် ( ထမင်းပေါင်းအိုးထဲကခွက်)
ထောပတ် - ၁၀၀ ဂရမ်
ကြက်သွန်ဖြူ - ၄ မြှောင့် (နုပ်နုပ်စဉ်းထားပါ)
ကြက်ပြုတ်ရည် /ရေ - ၅ ခွက်
Cape Jasmine Fruits(ဇီဇဝါပန်း.Gardenia) - ၃ စေ့
လီမွန်အခွံ - ၂ လုံး
လီမွန်ရည် - ၁ လုံး
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
1. Cape Jasmine (ဇီဇဝါပန်း Gardenia) ၃ စေ့ ကို ထုပြီး တစ်ညရေစိမ်ထားပါ။ ဒါမှ လိမ္မော်ရောင်အရည်ကို ရမှာဖြစ်ပါတယ်။
2. အနှစ်ထောင်းဖို့အတွက် လှော်ထားတဲ့ ဇီရာနဲ့ဖာလာစေ့ကို ထောင်းပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ပြီးနောက် ငရုတ်သီးနဲ့ နနွင်းမှုန့််ထည့်ထောင်းပါ။ ပြီးလျှင် ပန်းကန်ထဲထည့်ထားပါ။
3. ဆန်ကို ရေဆေးပြီး စစ်ထားပါ။
4. ထောပတ် ၅၀ ဂရမ်ကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။ ကျန်တဲ့ထောပတ် ၅၀ ဂရမ်ကို သိမ်းထားပါ။ ထောပတ်ပျော်လျှင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ မကြွမ်းပါစေနဲ့။ ဆန်ထည့်ပြီးမွှေပေးပါ။ ဆန်အားလုံးဆီစုပ်သွားပြီးဆိုရင် ချက်မဲ့ပေါင်းအိုးထဲ ပြောင်းထည့်ပါ။
5. ပြီးလျှင် လီမွန်အခွန်ခြစ်ပြီးထည့်ပါ။ လီမွန်အရည်ထည့်ပါ။ ဆားနဲ့အသားမှုန့် ထည့်ပါ။
6. ရေ ဒါမှမဟုတ် ကြက်ရိုးပြုတ်ရည် ၅ ခွက်နဲ့ Gardenia ပန်းစေ့ရည် ၂-၃ ဇွန်း ထည့်ပြီး မွှေပါ။ ပြီးနောက် လျှပ်စစ်ထမင်းပေါင်းအိုးထဲထည့်ပြီး ချက်ပါ။
7. ထမင်းကျက်ရင်တော့ ကျန်တဲ့ ထောပတ်ထည့်ပြီး မွှေပေးပါ။
ကြက်ဥမဆလာဟင်း
ပါဝင်ပစ္စည်းများ
ကြက်ဥ - ၅ လုံး (ပြုတ်ပြီးထားပါ)
ကြက်ဥကြော်ရန်ဆီ
ကြက်သွန်နီ - ၃ လုံး.(၁၂၀ ဂရမ်) ပါးပါးလှီးထားပါ
ငရုတ်သီးစိမ်းအတောင့်ရှည် - ၂ တောင့် (ပါးပါးလှီးထားပါ)
ထောပတ် - စားပွဲဇွန်း ၃ ဇွန်း
အုန်းနို့ - စားပွဲဇွန်း ၄ ဇွန်း
နံနံပင် - ၅ ပင် (ပါးပါးလှီးထားပါ)
ပူစီနံ - ၁ စည်း (ခြွေထားပါ)
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အသားမှုန့်် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အုန်းရည်ရှလကာရည် - စားပွဲဇွန်း ၁ ဇွန်း
အနှစ်ထောင်းရန်လိုအပ်တာတွေကတော့…
ဇီရာ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်သီးခြောက် - ၃တောင့် (ပြုတ်ထားပါ)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဖာလာစေ့ - ၂ စေ့
ကြက်သွန်နီ - ၂ လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ - ၁၅ ဂရမ်
ချင်း - ၁၀ ဂရမ်
ပြုလုပ်ပုံ
1. ပြုတ်ထားတဲ့ ကြက်ဥကို အခွံခွာပြီး ခက်ရင်းနဲ့ထိုးဖောက်ထားပါ။
2. ပြီးလျှင် နီညိုရောင်သန်းသည်အထိ ကြော်ပြီး ဆယ်ထားပါ။
3. အနှစ်ထောင်းရန်အတွက် ငရုတ်ဆုံထဲကို cumin seeds နဲ့ cardmon ထည့်ပြီး ထောင်းပါ။
4. ပြီးလျှင် ကြက်သွန်ဖြူ၊ ချင်းထည့်ပြီး ထောင်းပါ။
5. ကြေညက်သွားရင် ငရုတ်သီး၊ ကြက်သွန်နီထည့်ပြီး ထောင်းပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
6. ဆီသတ်ရန်အတွက် အိုးထဲထောပတ်ထည့်ပါ။ ဆီပူလာရင် ကြက်သွန်နီထည့် နနွင်းမှုန့်ထည့်ပြီး ရွှေဝါရောင်သန်းသည်အထိ ကြော်ပါ။
7. ပြီးနောက် ထောင်းထားတဲ့အနှစ်ထည့်ပြီး ဆီသတ်ပေးပါ။
8. အားလုံးသမပြီး မွှေးလာပြီဆို အုန်းနို့ထည့်ပါ။ ပြီးနောက် ကြက်ဥ၊ ပူစီနံ၊ နံနံပင်ထည့်ပြီး မွှေပေးပါ။
9. အရသာအတွက် ဆားနဲ့ အသားမှုန့် ထည့်ပါ။
10. နောက်ဆုံးမှာ အုန်းရည်ရှလကာရည်ထည့်ပြီး မွှေပေးပါ။
“ထောပတ်သီးစုံထမင်းနှင့် ၀က်စတူး”
ထောပတ်သီးစုံထမင်း
-------------------
ပါဝင်ပစ္စည်းများ
ပေါ်ဆန်းမွှေး - ၃ ခွက် (ရေဆေးပြီးစစ်ထားပါ)
ရေ - ၄ ခွက်
ကြက်သွန်ဖြူ - ၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ကရဝေးရွက် - ၂ ရွက်
ထောပတ် - ၁၂၅ ဂရမ်
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ရယ်ဒီမိတ်သီးစုံ - ၁ ခွက်
ပြုလုပ်ပုံ
1. ဒယ်အိုးထဲထောပတ်ထည့်ပြီး အပူပေးပါ။ ထောပတ်ပျော်သည်နှင့် ကရဝေးရွက်၊ ဆန်ထည့်ပြီး မွှေပေးပါ။ အသားမှုန့်ထည့် မွှေပေးပါ။
2. ထောပတ်ဆီအားလုံး ဆန်ထဲစိမ့်ဝင်သွားသည်နှင့် ချက်မည့်အိုးထဲပြောင်းထည့်ပါ။
3. ပြီးလျှင် ရေထည့်ပြီး ချက်ပါ။
4. ထမင်းကျက်သည်နှင့် သီးစုံနဲ့ ထောပတ်နည်းနည်းထပ်ထည့်ပြီး မွှေပေးပါ။ ပြီးနောက် အဖုံးပြန်ဖုံးပြီး ၁၀ မိနစ်ခန့်ထပ်ပြီး ချက်ပါ။
ဝက်စတူး
-----------
ပါဝင်ပစ္စည်းများ
ဝက်သားလက်+ဝက်ခြေထောက် - ၁.၅ ကီလိုဂရမ်
တရုတ်မှိုခြောက် - ၅ ပွင့်
ကြက်ဥပြုတ် - ၅ လုံး
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၄ ဇွန်း
ခရုဆီ - စားပွဲဇွန်း ၂ ဇွန်း
ပဲငံပြာရည်အနောက် - စားပွဲဇွန်း ၂ ဇွန်း
ပတဲကော - အနည်းငယ်
နံနံပင်အမြစ် - ၄ မြစ်
ကြက်သွန်ဖြူ - ၅ မြွှာ
သစ်ကြံပိုးခေါက် - ၁ ချောင်း
နာနတ်ပွင့် - ၂ ပွင့်
ငရုတ်ကောင်းစေ့အဖြူ - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ထိုင်းထန်းလျက် - စားပွဲဇွန်း ၁ ၁/၂ ဇွန်း
မုန်ညင်းချဉ် - အနည်းငယ်
ရေ - ၁.၈ လီတာ
အချဉ်အတွက်လိုအပ်တာတွေကတော့….
ကြက်သွန်ဖြူ - ၃ မြွှာ (ညက်အောင်ထောင်းထားပါ)
ငရုတ်သီးစိမ်း - ၁၀ တောင့် (ညက်အောင်ထောင်းထားပါ)
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
ရှလကာရည် - စားပွဲဇွန်း ၄ ဇွန်း
အဆင့်ဆင့်ချက်ပြုတ်နည်း………………………………..
1. ချက်မည့်အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ထားပါ။
2. ရေဆူသည်နှင့် ဝက်သားထည့်ပါ။ ပြီးလျှင် ပတဲကော၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်၊ ငရုတ်ကောင်းစေ့၊ မုန်ညင်းချဉ် ထည့်ပါ။
3. ပြီးလျှင် ပဲငံပြာရည်အနောက်၊ ထိုင်းထန်းလျက်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်ထည့်ပြီး မီးအေးအေးဖြင့် ဝက်သားနူးသည်အထိ ချက်ပါ။
4. အချဉ်ရည်ဖျော်ထားပါ။ ညက်အောင်ထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြည်၊ ရှလကာရည်ရောပြီး ဖျော်ပါ။
5. ဝက်သားနူးလာရင် ဝက်သားတုံးများကို ဆယ်ပြီး အိုးထဲမှ ဟင်းခတ်အမွှေးအကြိုင်များကို စစ်ထုတ်ပစ်ပါ။
6. ပြီးလျှင် ဟင်းရည်ကို အိုးထဲပြန်ထည့်ပြီး အပူပေးပါ။
7. အဆင်သင့်ချက်ထားတဲ့ ထောပတ်ထမင်းပေါ်မှာ ဟင်းရည်ပျစ်ပျစ်ဆမ်းပြီး ၀က်သားများကိုတင်ကာ အချဉ်ရည်နှင့်တွဲပြီးစားပါ။
ပုစွန် ကညွတ် ဘေကွန်လိပ်နှင့် ဝက်အူချောင်းထမင်းကြော်
(Bacon Wrapped Prawns & Asparagus with Sausage Fried Rice)
.......................................
ဖော်ပြပေးလိုက်တဲ့ အစားအစာလေးကတော့ အနောက်တိုင်းအစားအစာပြင်ဆင်နည်းနဲ့ အရှေ့တိုင်းအစားအစာပြင်ဆင်နည်းကို ပေါင်းစပ်ဖန်တီးထားတဲ့ "Fusion Style" တွဲဖက်အစားအစာတစ်မျိုးဖြစ်တဲ့ Bacon Wrapped Prawns & Asparagus with Sausage Fried Rice (ပုစွန် ကညွတ် ဘေကွန်လိပ်နှင့် ဝက်အူချောင်းထမင်းကြော်) အတွဲ အစပ်လေးပဲ ဖြစ်ပါတယ်။ ပုစွန်နဲ့ ကညွတ်ကို ဝက်သားပြားအငန်နဲ့ပတ်ပြီး အိုးကပ်ကြော်ထားတာမို့ ထမင်းကြော်လေးနဲ့ အလွန်လိုက်ဖက်ပါတယ်။ ကဲ ချက်ကြည့်ရအောင်... OK...
ပါဝင်ပစ္စည်းများ
• ဝက်သုံးထပ်သားပြားအငန် - ၉ ပြား
• ဝက်အူချောင်း - ၁ ချောင်း
• ပုစွန်ကျား - ၄ ကောင်
• ကြက်ဥ - ၁ လုံး
• ကညွတ် - ၅ ချောင်း
• ထမင်းဖြူ - ၁၆၀ ဂရမ်
• ကြက်သွန်ဖြူ - ၂ မြွှာ (နုပ်နုပ်စဉ်းပြီး)
• နေကြာဆီ - ၂ ဇွန်း
• သီးနှံစုံ - ၁ ဇွန်း (အသင့်ပြုတ်ပြီး)
• ဆား၊ ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ကြက်သားမှုန့် - အနည်းငယ်
• နှမ်းဆီမွှေး - အနည်းငယ်
• ကြက်သွန်မြိတ် - အနည်းငယ်
• ရှမ်းငရုတ်နီ - ၁ တောင့်
• သခွားသီး - ဝ.၅ လုံး
• ကြက်သွန်နီ - ၁ လုံး
• သံပရာရည် - ၁ ဇွန်း
• ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ရှလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နံနံပင် - အနည်းငယ်
• သကြားရည် - ၁ ဇွန်း
ပြုလုပ်နည်း
၁။ ပုစွန်ကျားကို သန့်စင်ပြီး ကညွတ်ကိုလည်း အမျှင်ထုတ်ထား၍ ဝက်သုံးထပ်သားပြား အငန် (Bacon) နှင့် လိပ်ပတ်ထားပါ။
၂။ ဒယ်အိုးမှာ နေကြာဆီကို အပူပေးပြီး အသင့်နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူကို ဆီသတ်၍ ပါးပါးလှီးထားသော ဝက်သုံးထပ်သားပြားအငန်၊ ဝက်အူချောင်းနှင့် ပုစွန်ကျားတို့ကို အနည်းငယ်မွှေးလာသည်အထိ ကြော်ပြီး ဖယ်ထုတ်ထားပါ။
၃။ ဒယ်အိုးထဲ နေကြာဆီ အနည်းငယ်ထပ်ဖြည့်ပြီး အသင့်နုပ်နုပ်စဉ်းထားသော ကြက်သွန် ဖြူကို ဆီသတ်၍ ကြက်ဥထည့်မွှေကြော်ပြီး ကြက်ဥကျက်လျှင် အသင့် ပြုတ်ထားသော သီးနှံစုံထည့်ကြော်ပါ။ အရသာကို ဆား၊ ကြက်သားမှုန့်တို့နှင့် ထိန်းညှိထားပါ။
၎။ သီးနှံစုံကျက်လျှင် အသင့်အအေးခံထားသော ထမင်းဖြူထည့်ကြော်ပြီး အသင့်ကြော် ထားသော ဝက်သုံးထပ်သားပြားအငန်၊ ဝက်အူချောင်းနှင့် ပုစွန်ကျားတို့ကို ရောထည့်၍ သမအောင်ကြော်ပါ။ အရသာကို ကြက်သားမှုန့်အနည်းငယ်နှင့် ထိန်းညှိပေးပြီး နှမ်းဆီ မွှေးအုပ်၍ ပြင်ဆင်ထားပါ။
၅။ အသင့်ပြင်ဆင်ထားသော ပုစွန်ဘေကွန်လိပ်နှင့် ကညွတ်ဘေကွန်လိပ်များကို ဒယ်အိုးမှာ အနည်းငယ်ကျက်အောင်ကြော်ပြီး အသင့်ကြော်ထားသော ထမင်း ကြော်နှင့် တွဲဖက်၍ ရှမ်းငရုတ်နီ၊ ကြက်သွန်မြိတ်တို့နှင့် အလှဆင်ပြင်ဆင်ထားပါ။
၆ ။ သခွားသီး၊ ကြက်သွန်နီနှင့် ရှမ်းငရုတ်နီတို့ကို ပါးပါးလှီး၍ သံပရာရည်၊ ရှလကာရည်၊ ငါးငံပြာရည်၊ သကြားရည်၊ နံနံပင်တို့နှင့် စိမ်ထားပြီး အသင့်ကြော်ထားသော ပုစွန်၊ ကညွတ်၊ ဘေကွန်လိပ်၊ ဝက်အူချောင်းထမင်းကြော်တို့နှင့် တွဲဖက်တည်ခင်းပါ။
....................
Celebrity Chef ကိုဆန်နီ
ဘဲဥဆားငန်ထမင်းသုပ်
..............................
ပါဝင်ပစ္စည်းများ
• ဘဲဥဆားငန် - ၂ လုံး
• ထမင်း - ပန်းကန်လုံး ၁ လုံး
• ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• မန်ကျည်းရည် - စားပွဲဇွန်း ၁ ဇွန်း
• ပဲမှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်သီးမှုန့် - စားပွဲဇွန်း ၁/၂ ဇွန်းခန့်
• ကြက်သွန်နီဆီချက် - စားပွဲဇွန်း ၁ ဇွန်း
• ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အသားမှုန့် - အနည်းငယ်
• ပြောင်းဖူး - ၁ ဖူး
ပြုလုပ်နည်း
၁။ ထမင်းဖြူ မပူမအေးထဲ ဘဲဥဆားငန်လေးများ ခြေထည့်ပါ။
၂။ ထို့နောက် ဆား၊ အသားမှုန့်၊ ပဲမှုန့်၊ ငံပြာရည်၊ အချဉ်ရည်၊ ငရုတ်သီးမှုန့်များ ကြက်သွန်နီဆီချက် ထည့်ပါ။
၃။ အချို့ဆီနီ (ငရုတ်သီးဆီသတ်) ရှိလျှင် ပိုကောင်းပါတယ်။ အရောင်လည်း လှသလို မွှေးလည်း မွှေးပါတယ်။ နံနံပင် (သို့) ကြက်သွန်မြိတ်များလည်း ကြိုက်နှစ်သက်ပါက ထည့်နိုင်ပါတယ်။
၎။ အားလုံးထည့်ပြီးလျှင် ရောသမမွှေပြီး ပြောင်းဖူးကင် (သို့) အာလူးကင်လေးများဖြင့် တွဲဖက် စားနိုင်ပါတယ်။
..........................
မေဖြိုးသီ

No comments:
Post a Comment