Tuesday, March 26, 2019

Bad Employer


▪️▪️▪️▪️▪️▪️

လူတိုင်းမကောင်းသလို ၊ လူတိုင်းမဆိုးတဲ့ အခြေအနေမှာ  ကျွန်မတို့ပတ်ဝန်းကျင်မှာ လူပေါင်းစုံ ၊စိတ်အခြေ အနေ ပေါင်းစုံနဲ့ လူတွေ နဲ့အတူတကွ ရှိနေရတာ ထူးဆန်းလွန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ သင့်ရဲ့ လုပ်ငန်းခွင်ထဲမှာကော ၀န်ထမ်းကောင်း ၊မန်နေဂျာကောင်း ၊ အလုပ်ရှင်ကောင်း တွေ ကြုံတွေ့ခဲ့ရဖူးရသလို  မကောင်းတဲ့ အလုပ်ရှင်လည်း ရှိဦးမှာပါ ၊ ကောင်းတယ် မကောင်းတယ် အသာထား လုပ်နိုင်သလောက်တော့ လုပ်နေကြရတဲ့ အခြေအနေကို ကျွန်မတို့ တော်တော်များများ ကြုံဖူးကြမှာပါ ။

လုပ်ငန်းရှင်တစ်ယောက်ကို သင်ဘယ်လောက်ရွေးချယ်ခွင့်ရှိမလဲ ? 🤔🤔

ကောင်းမွန်တဲ့ လုပ်ငန်းမျိုးဆိုတာ သင့်အတွက် ဘယ်လောက်ထိ တိုးတတ်အောင် ပံ့ပိုးပေးနိုင်သလဲ ဆိုတဲ့ အချက်နဲ့လည်း သက်ဆိုင်ပါတယ် ။  လူတွေက ဘ၀ရပ်တည်ဖို့ အလုပ်လုပ်ရတဲ့အခါ အလုပ်ရှင်ကို ရွေးချယ်ဖို့ရာခက်ခဲပါတယ် ။  ရွေးချယ်ဖို့ ရနိုင်တဲ့အခြေအနေမှာရှိနေရင်တော့ သင့်အတွက် စဉ်းစားစရာ ရှိပေမဲ့ ရွေးချယ်လို့မရတဲ့ အခြေအနေမှာတော့  သင်ခဏ တဖြုတ်ပဲဖြစ်ဖြစ် ဆက်လက်လက်တွဲ လုပ်ကိုင်နေရဦးမှာပါ ။ ဒီအခြေအနေကို မရောက်ခင် သင့်အလုပ်ရှင်က အလုပ်ရှင်ကောင်းဖြစ်ရဲ့လား ၊ ဆိုးတဲ့ အလုပ်ရှင်လား ဆိုတာကို လေ့လာနိုင်ဖို့ အချက် အလက် တစ်ချို့ကို တင်ပြပေးပါရစေ…

🔹Your employer is focused on failures

မအောင်မြင်မှုတွေအပေါ်မှာပဲ အာရုံစိုက်တတ်တဲ့ အခါ သင့်အတွက် သင်အောင်မြင် အောင် ဆောင်ရွက်ချက် တွေက အရေးပေးမခံရတတ်တော့ပါဘူး ။သင့် အောင်မြင်မှုတွေအတွက် မေ့လျော့ထားတတ်ပြီး မအောင်မြင်မှု အဆင်မပြေမှုတွေကိုသာ မြင်တွေ့ တတ်သူဆိုရင်တော့ သင်စဉ်းစားရမယ့် အချက်ပါပဲ ။

🔹You do not get support

ငြင်းစရာမလိုတဲ့ ဒုတိယ အချက်ကတော့ ပံ့ပိုးဆောင်ရွက်မှုတွေမရတာ ၊ ဒီအချက်ကို တော်တော်များများ ကြုံဖူးမှာပါ ၊ လုပ်ငန်းလုပ်ဖို့တာဝန်ပေးတယ်  လုပ်ပိုင်ခွင့်နဲ့ပံ့ပိုးပေးမှုတွေ ပါမလာဘူး ၊ ဒီလိုအခြေအနေ တွေမှာမဖြစ်ဖြစ်အောင် လုပ်ဆောင်နေရတဲ့ အခက်အခဲတွေကြောင့် အဆင်မပြေတာတွေဖြစ်လာတော့တာပါပဲ ၊ ဒီအပေါ်မှာ အပြစ်ပြောဆိုရင်း  ပထမဆုံးအချက်ဆီကို ပြန်ရောက် သွားတတ်ပါတယ် ။

🔹You don't get appreciation

ဝန်ထမ်းဆိုတာ ကြီးကျယ်မြင့်မြတ်တဲ့ အခမ်းအနားတွေနဲ့ မဟုတ်ပဲ ၊ ကျေးဇူးတင်ကြောင်းကို ရိုးရိုးလေး  အလုပ်ရှင်ဆီက ရရင်တောင်  ကျေနပ်နေကြမဲ့ သူတွေပါ ၊ သင်တို့ရဲ ကြိုးစားမှုအတွက်သင့်အလုပ်ရှင်ဆီက ချီးကျူး ဂုဏ်ပြုမှု ပြီးခဲ့တဲ့  တစ်နှစ်အတွင်းမှာ ဘယ်နှစ်ခါ ရခဲ့ဖူးသလဲ ဆိုတာ သင်ပြန်စဉ်းစားကြည့်ပါ ။

🔹He doesn't trust you

သင့်ကို ယုံကြည်မှုမရှိတဲ့ သူဆီမှာ သင်အလုပ်ဆက်လုပ်နေခြင်း အခွင့်အလမ်းတံခါးကို ပိတ်ထား လိုက် သလိုပါပဲ ၊ သင့် အလုပ်ရှင် ယုံကြည်မှု ရအောင်တော့ သင်ကိုယ်တိုင်ကြိုးစားဖို့လိုပါတယ် ။  တကယ်လို့ ကြိုးစားအောင်မြင်ပါရက်နဲ့ သင့်အပေါ်မှာမယုံကြည်တာ ၊ သံသယစိတ်တွေ များနေတာတွေ က အမြဲရှိနေရင် တော့ သင့်အတွက် အခက်အခဲရှိလာပါပြီ။

🔹You work in a mess

ရှုပ်ထွေးလွန်းတဲ့ လုပ်ဆောင်ချက် တွေ ၊ များပြားတဲ့ ခေါင်းစဉ်တွေ အောက်မှာ တစ်နေ့တစ်မျိုးမရိုးရအောင် လုပ်ဆောင်နေရတဲ့ အတွက် သင့်အလုပ်တွေ တအားများနေရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး ၊ တစ်ခါတစ်လေ သင့်အလုပ်ရှင်ဆီက ဆုံးဖြတ်ချက်မကြာခဏ ပြောင်းလဲတာ ၊ ခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ် တာတွေ ကြုံဖူးမှာပါ ။ ဒီလို ရှုပ်ယှက်ခတ်နေတဲ့ လုပ်ငန်းတွေကြား သင်ဘယ်လောက် ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နိုင်မလဲ ဆိုတာကို စဉ်းစားကြည့်ပါ ။

🔹Your employer does not make decisions

ကြုံဖူးမှာပါ ဆုံးဖြတ်ချက် မချပေးတတ်တဲ့ လူကြီးတွေနဲ့ပေါ့ ၊  ကိုယ်တိုင်လုပ်ရမလား ဆိုတော့လည်း မဟုတ်သေး ၊ ဒါဆို လုပ်ဆောင်ရဖို့အတွက် ဆုံးဖြတ်ချက် ပေးဆိုတော့လည်း အဲ့လိုလည်းမဟုတ် …  ၀န်ထမ်းတော်တော်များများက မိမိတို့လုပ်ငန်းအတွက် ဆုံးဖြတ်ချက် ပြတ်သားတဲ့ အလုပ်ရှင်မျိုးကို ပိုအလိုရှိကြပါတယ် ၊ အဲ့လို မဟုတ်ပဲ သေသေချာချာမပြောနိုင်တဲ့ ဆုံးဖြတ်ချက်တွေအတွက် ကျွန်မတို့ဆီမှာ မသေချာခြင်းတွေ ပဲ စုံပုံကျန်နေရစ်မှာပါ ။

🔹Your employer gives over Promise

ရေရာသေချာမှုမရှိတဲ့ ကတိစကားတွေကို မပြောမိစေဖို့လိုပါတယ်၊လိုချင် တဲ့ ရလာဒ်တစ်ခုအတွက် အလုပ်ရှင်က ၀န်ထမ်းတွေဆီက ကတိစကားတွေ ပြောတတ်ကြပါတယ် ၊  ၀န်ထမ်းတွေကလည်း ကြိုးစားကြသလို ၊အကောင်အထည်ဖော်ဖို့အတွက်လည်း အားတတ်သရော လုပ်ဆောင်ကြပြီးမှ တကယ်တမ်း ဖြစ်မလာတဲ့ အခြေအနေတွေမှာ သင့် လုပ်ငန်းခွင်အတွင်းအဆင်မပြေတာတွေ ရှိလာတတ်ပါပြီ။ ဒါကြောင့် လုပ်နိုင် သလောက် ကြိုးစားပြီး  ချီးမြင့်အားပေးမှု ပြုခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ် ။

သင်က အလုပ်ရှင်တစ်ယောက်ဆိုရင် ဒီအချက်တွေကို မဖြစ်အောင် ကြိုးစားဖို့လိုသလို ၊ သင်က ၀န်ထမ်းဆိုရင်လည်း ဒီလိုအခြေအနေမျိုးမှာ ရုန်းထွက်ဖို့ ကြိုးစားဖို့လိုပါတယ်။   အားလုံးတော့ မဟုတ်ရင် တောင် ကျွန်မတို့ ဆီမှာက တော်တော်များများက တစ်ချက် ၊နှစ်ချက်စီတော့ ရှိနေတတ်ကြပါတယ် ။ ၀န်ထမ်းကောင်းရင် အလုပ်ရှင်အတွက် အကျိးကျေးဇူး အများဆုံးဖြစ်မှာပါ ၊ ဒါတွေပြင်ဆင်ရင်း အကောင်းဆုံးလျောက်လှမ်းနိုင်ဖို့ ကြိုးစားရင်း အဖွဲ့အစည်းအတွက် အလုပ်ရှင်ကောင်းများ ဖြစ်ကြပါစေ  ….


မူလရေးသားတင်ဆက်သူShweYee_GoldieKyaw

No comments: