Friday, March 29, 2019

ဆားငန်ဘဲဥပြည်ကြီးငါးကြော် - ခုံးထောင်း - ငါးပေါင်းပဲငံပြာရည် - ကင်းမွန်အစာသွပ်ပေါင်း


ဆားငန်ဘဲဥပြည်ကြီးငါးကြော်
-------------------
ပြည်ကြီးငါး                               - ၄၀၀ ဂရမ်
ဆားငန်ဘဲဥအနှစ်                      - ၄ လုံး
ကြက်ဥ                                   - ၂ လုံး
ထောပတ်                                - ၃၀ ဂရမ်
ကြက်သွန်ဖြူ                            - ၂ မြှောင့် (နုပ်နုပ်စဉ်းထားပါ)
ငရုတ်သီးစိမ်းနီ                          - ၃ တောင့် + စိမ်း ၃ တောင့် (ပါးပါးလှီးထားပါ)
ပျဉ်းတော်သိမ်                          - ၂ ခက် (ခြွေထားပါ)
ငရုတ်ကောင်းအဖြူ                    - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား                                      - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား                                   - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့်                               - အနည်းငယ်
ဂျုံမှုန့်                                      -  ၁၀ ဇွန်း
ပြောင်းဖူးမှုန့်                             - ၆ ဇွန်း

ပြုလုပ်ပုံ
1. ပြည်ကြီးငါးကို ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ နယ်ထားပါ။
2. ပြီးလျှင် ကြက်ဥခေါက်ထည့်ပြီး နယ်ပါ။ ပြီးနောက် ရေခဲသေတ္တာထဲမှာ ၁၅မိနစ်ခန့် သိမ်းထားပါ။
3. ဆားငန်ဘဲဥကို ဖောက်ပြီး အနှစ်ကိုယူပြီး ပန်းကန်ထဲထည့်ပါ။
4. ပြီးလျှင် ပေါင်းအိုးထဲထည့်ပေါင်းပါ။ ဆယ်ယူပြီး ခြေထားပါ။
5. ပန်းကန်လုံးတစ်လုံးထဲကို ဂျုံမှုန့်နဲ့ ပြောင်းဖူးမှုန့် ထည့်ပြီး စပ်ထားပါ။
6. ပြီးလျှင် ရေခဲသေတ္တာထဲမှထုတ်ပြီး ရောစပ်ထားတဲ့ ဂျုံမှုန့်တွင် လူးပြီး ဆီပူတွင်ကြော်ပါ။ အရောင်ရလာပြီဆိုရင် ဆယ်ထားပါ။
7. ဒယ်အိုးထဲထောပတ်ထည့်ပြီး အပူပေးပါ။
8. ထောပတ်ပျော်တာနဲ့ကြက်သွန်ဖြူ ဆီသတ်ပါ။ ခြေထားတဲ့ ဆားငန်ဘဲဥအနှစ်ထည့်ပြီး မွှေပေးပါ။ ငရုတ်သီး၊ ပျဉ်းတော်သိမ်ထည့်ပြီး မွှေပေးပါ။
9. ပြီးလျှင် ကြော်ထားတဲ့ ပြည်ကြီးငါးထည့်ပြီး မွှေပါ။ အရသာအတွက် သကြားနဲ့ အရသာမှုန့် ထည့်ပါ။

ခုံးထောင်း
..............


ပါဝင်ပစ္စည်းများ
• ခုံး - ၅၀ဝ ဂရမ်
• ခရမ်းချဉ်သီး - ၁ လုံး
• ခရမ်ြးွကပ်သီး - ၁ လုံး
• သံပရာသီး - ၂ လုံး
• ကြက်သွန်မြိတ် - အနည်းငယ်
• ကြက်သွန်ဖြူ - ၄ မြွှာ
• ငရုတ်သီးစိမ်း - ၅ တောင့်ခန့်
• ငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ထန်းလျက်အနှစ် - စားပွဲဇွန်း ၁ ဇွန်း
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• မြေပဲ - စားပွဲဇွန်း ၁ ဇွန်း
• ပုစွန်ခြောက် - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ် - အနည်းငယ်

ပြုလုပ်နည်း
၁။ ခုံးကို ရေနွေးဆူဆူထဲမှာ သံပရာရည်ထည့်ပြီး ၃ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ရေထဲမှ ဆယ်ယူပြီး အအေးခံထားပါ။
၂။ ခရမ်းချဉ်သီးနှင့် ခရမ်ြးွကပ်သီးတို့ကို အနေ တော်အတုံးများ လှီးဖြတ်ထားပါ။
၃။ ဆုံထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ထောင်းပါ။
၎။ ပြီးလျှင် ငါးပိနှင့် ပုစွန်ခြောက်ထည့်ပြီး ထောင်း ပါ။
၅။ ထန်းလျက်အနှစ်၊ မြေပဲဆံ၊ အရသာများ၊ သံပရာရည်၊ ခရမ်းချဉ်သီးနှင့်  ခရမ်ြးွကပ်သီး တို့ကို ထည့်ပြီး ထောင်းပါ။
၆။ အရသာပြည့်စုံပြီဆိုလျှင် ခုံးထည့်ပြီး မွှေပါ။
၇။ အားလုံးပြည့်စုံသွားပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး ကြက်သွန်မြိတ်ထည့်၍ သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်

Steamed Fish Soy Sauce (ငါးပေါင်းပဲငံပြာရည်)
...................................................


 ငါးပေါင်းပဲငံပြာရည်ကတော့ တရုတ်လူမျိုးတွေ အရမ်းကြိုက်ကြသလို တော်တော်များများလည်း စားကြပါတယ်။ ကျွန်တော်ကတော့ ကကတစ်ငါးနှင့် လုပ်ပြပါမယ်။ ရိုးရိုးရှင်းရှင်းပဲပေါ့။

ပါဝင်ပစ္စည်းများ
• ကကတစ်ငါး - ၁ ကောင် (၃၅ ကျပ်သား)
• ချင်း - ၁ မြွှာ
• ကြက်သွန်ဖြူ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ် - ၂ ပင်
• နှမ်းဆီ - ထမင်းစားဇွန်း ၁ ဇွန်း
• သကြား - အနည်းငယ်
• ပဲငံပြာရည်အကြည် - ၅၀ ဂရမ်
• ငါးအသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆန်အရက် - အနည်းငယ်
• ငရုတ်နီအရှည် - ၁ တောင့်
• ဆီ - ၁၀ဝ ဂရမ်
• ဆား၊ ငရုတ်ကောင်းမှုန့် - အနည်းငယ်

ပြုလုပ်နည်း
၁။ ငါးအကောင်လိုက်ကို သေချာစွာ သန့်ရှင်းရေးလုပ်ပြီး ဓားဖြင့် မိမိစိတ်ကြိုက်မွှန်းပါ။ ပြီးလျှင် ဆား၊ ငရုတ်ကောင်း၊ ဆန်အရက်ဖြင့် နယ်ပါ။ ချင်း၊ ကြက်သွန်မြိတ်တို့ကို ငါးနှင့်ထည့်ပြီး အသားကျက်အောင် ပေါင်းပါ။
၂။ အသားကျက်ပါက ဆီကို အပူပေးပြီး ငါးအပေါ်မှ လောင်းချပါ။ ထိုသို့လုပ်ခြင်းဖြင့် ငါးအသားများ ခပ်တင်းတင်းဖြစ်သွားပြီး အညှီနံ့များလည်း ပျောက်သွားပါမယ်။
၃။ ပဲငံပြာရည်ဆော့စ်လုပ်ရန် အိုးတစ်လုံးထဲ ချင်း၊ ကြက်သွန်ဖြူ ဆီသတ်ပြီး ပဲငံပြာရည် ထည့်ပါ။ သကြား၊ ငါးအသားမှုန့်၊ ငရုတ်ကောင်းတို့ဖြင့် အရသာယူပါ။ ပြီးလျှင် နှမ်းဆီထည့်ပြီး ငါးအပေါ်မှ လောင်းထည့်ပါ။
......................
Win Zaw @ Mario Win Zaw

ကင်းမွန်အစာသွပ်ပေါင်း ♡ 
Stuffed Squid in Spicy Lime Sauce
(Thai Style )


❀ ❀ ❀
ကင်းမွန်အစာသွပ်ပြုလုပ်ရန်အတွက်လတ်ဆပ်သောကင်းမွန်လိုအပ်ပါတယ်။ကင်းမွန်အကောင်လိုက်ကိုအပေါ်အရေခွံခွာပြီးဗိုက်ထည်းရှိအညစ်အကြေးများကိုဆေးကျောသန့်စင်ကာရေစစ်ထားပါ။ကင်းမွန်နှစ်ကောင်မှသုံးကောင်စာအတွက်လိုအပ်သောပစ္စည်းများ ကိုပြင်ဆင်ပါ။

အစာသွပ်ရန်လိုအပ်သောပစ္စည်း
******************
ပဲကြာဆန်ရေစိမ်ပြီးသား - လက်တစ်ဆုပ်
ကြက်သားစင်းကော - ၄၀ဂရမ်
(နှစ်သက်ရာအသား)
နံနံပင်အမြစ် - ၃ပင် နုတ်နုတ်စင်း
ပဲငံပြာရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
ခရုဆီ -တစ်ဇွန်း စားပွဲတင်ဇွန်း
ကော်မှုန့် -တစ်ဇွန်းစားပွဲတင်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ပါဝင်ပစ္စည်းအားလုံးကိုပန်းကန်တခုတွင်ထည့်ပြီးသမအောင်ရောမွေထားပါ။

ဆော့စ်ပြုလုပ်ရန်အတွက်လိုအပ်သောပစ္စည်း
***********************
ကြက်သွန်ဖြူ - လေးမြောင်း
ငရုပ်သီးစိမ်း နီ - ငါးတောင့်
ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲတင်ဇွန်း
သံပုရာရည် - ၂ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
နံနံပင်အရိုး အမြစ်-  တစ်ဇွန်း (နုတ်နုတ်စင်း)စားပွဲတင်ဇွန်း
နံနံပင် ၊ ပူစီနံ - အလှဆင်ရန်

ဆော့ပြုလုပ်နည်း
********* (၁)ကြက်သွန်ဖြူ၃မြောင်းကိုနုတ်နုတ်စင်းပြီးတစ်မြောင်းကိုပါးပါးစိတ်ထားပါ။
(၂)ငရုပ်သီးစိမ်းနှင့်နံနံပင်အရိုးအမြစ်ကိုနုတ် နုတ်စိတ်ထားပါ။
(၃)ပန်းကန်လုံးတခုတွင်ကြက်သွန်ဖြူ၊ငရုပ်သီး၊နံနံရိုးစင်းထားသည်တို့ကိုထည့်ပြီးငံပြာရည်၊သံပုရာရည်၊ဟင်းခတ်မှုန့်၊သကြားတို့ကိုထည့်၍မွေပေးပါ။
(၄)အရသာလိုအပ်ပါကဖြည့်စွက်ပြီးအဆင်သင့်ထားပါ။ဆော့စ် များ များနှစ်သက်ပါကဆတိုးပြုလုပ်ထားပါ။

ကင်းမွန်အစာသွပ်ပေါင်း
***************
(၁)ပေါင်းမည့်ရေနွေးအိုးကိုအဆင်သင့်တည်ထားပါ။
(၂)လိုအပ်သောပစ္စည်းများအားလုံးအဆင်သင့်ဖြစ်ပါကကင်းမွန်၏ဗိုက်တွင်းသို့အစာသွပ်ပြီးထိပ်ဘက်ကိုသွားကြားထိုးတံဖြင့်ထိုးပြီးပိတ်ပေးပါ။
(၃)ပြီးလျှင်ပန်းကန်တွင်ထည့်ပြီးရေဆူတွင်၁၂မိနစ်မှ ၁၅မိနစ်ထိ ပေါင်းပါ။
(၄)အတွင်းမှကြက်သားကျက်ပါကပေါင်းအိုးမှဖယ်ထုတ်ပြီးလိုသလိုလှီးဖြတ်ကာပန်းကန်တွင်ထည့်ပြီးအသင့်ဖျော်ထားသောဆော့စ်ကိုအပေါ်မှဆမ်းပေးကာနံနံပင်ပူစီနံတို့ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia(10.02.2015)

No comments: