Thursday, October 13, 2011

One More Foundation

လူတစ်ယောက်ကို ငွေတစ်ထောင်ကျပ်လှူတာပဲလက်ခံတယ် ပြီးတော့ လစဉ်အလှူငွေကို လူတန်းစားမရွေး ၁၀၀၀ကျပ်ပဲလက်ခံပါတယ်၊ ပြီးတော့ ပရဟိတကျောင်းတွေဖြစ်တဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီလရှင်သင် မယ်သီလရှင်ကျောင်းနဲ့ မိဘမဲ့ကလေးတွေရဲ့ ပညာရေး၊ကျန်းမာရေးအတွက် အဓိက ရည်ရွယ် ပါတယ်ဆိုတဲ့ One More ပရဟိတအဖွဲလေးအကြောင်း အရင်လက်ဆင့်ကမ်းမယ်။

 

 - မင်းသားဂျက်လီရဲ့ One Foundation ကိုနမူနာယူပြီး One More ကိုစခဲ့တယ်

 

- လစဉ် အလှူရှင်ဦးရေရဲ့ နောက်မှာ သုညသုံးလုံးထည့်ပြီး လက်ကျန်ငွေ မချန်ဘဲ လှူနိုင်ဖို့ကြိုးစားမယ်။ ဂျာနယ်တွေမှာ ဒီနမူနာပုံစံအတိုင်း လစဉ်ဖော်ပြပါမယ်။

 

 - One More ကို ပွင့်လင်းမြင်သာမှု၊ ယုံကြည်စိတ်ချရမှု၊ ရေရှည် ရှင်သန်မှု၊ လှူရတာ လွယ်ကူ အဆင်ပြေမှုနဲ့ လျှင်မြန်ထိရောက်တဲ့ လှူဒါန်းမှုတွေ ဖြစ်စေချင်တယ်။

 

- သိမ်ငယ်နေတဲ့ကလေးတွေကို မေတ္တာနဲ့နွေးထွေးစေ ပညာတတ်စေပြီး ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုကောင်းမွန်စေမယ်။

 

 -One More မှာ ဆင်းရဲချမ်းသာမရွေး လစဉ် ၁ထောင်ကျပ်နှုန်းပဲအလှူခံလိုပါတယ်။ တစ်ဦးတည်းက အများကြီး လှူတာထက် သူ့ မိသားစုနဲ့ အလုပ်သမားတွေ တစ်ဦးချင်း ကျပ်တစ်ထောင်စီပါဝင်လှူဒါန်းစေချင်တယ်။

 

- လှူဒါန်းတဲ့ငွေ၊ ပစ္စည်းစာရင်းကို အဖွဲ့ဝင်နဲ့လှူဒါန်းသူတွေ သိရအောင် www.onemore1000.net မှာ လစဉ်လှူဒါန်းဖြစ်ခဲ့သမျှ အလှူငွေစာရင်းတွေရော အလှူဒါနလှုပ်ရှားမှုတွေကိုရော တင်သွားဖို့ရှိပါတယ်။

 

One More အလှူငွေလက်ခံပေးသော နေရာများ

(၁၂လစာထက် ပိုပြီးလက်မခံသေးပါ)

ရန်ကုန်

- Media Corner (စိတ်ကူးချိုချို) မြို့တော်ခန်းမရှေ့

- ရနံ့သစ်မဂ္ဂဇင်း ၊အမှတ် ၂၁၅၊ ပထပ်(ယာ)၊၃၈လမ်း(ထက်)

- လှိုင်လှိုင်ဖြိုးမွေ့ယာ၊ စ/၂၅ စမ်းချောင်းလမ်း၊ပုဒ္ဒမာကွင်းဘေး

- အလင်းအိမ် မီဒီယာ၊ အခန်း ၁၂၊မြေညီထပ် Asia Plaza

- အင်းဝ စာအုပ်တိုက်၊ ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း

- ဦးမင်းလွင် လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး၊ မင်္ဂလာဈေးသစ်

 

မန္တလေး

- ရာပြည့်မန္တလေးစာအုပ်ဆိုင်(၁) ၃၅လမ်း၊ ၇၂၇၃ကြား

- ရာပြည့်မန္တလေး စာအုပ်ဆိုင်(၂) ၃၄လမ်း၊ ၈၀၈၁ကြား

- ဥတ္တရလွင်ပြင်စာပေ၊ ၃၇၁/၂၊၈၃လမ်း၊၃၃/၃၄ကြား

- လူထုစာအုပ်ဆိုင်၊ ၈၄လမ်းနှင့် ၃၃လမ်းထောင့်

- ဒေါက်တာဒန္တီ သွားနှင့်ခံတွင်းဆေးခန်း၊Ruby Mart ၊ ၇၈လမ်း

 

နေပြည်တော်၊ပျဉ်းမနား

- လ၀န်းဖြူစာပေ၊ ပ-၁၅၈၊ပွဲရုံတန်း၊သပြေကုန်းဈေး

- မျိုးတေဇာမောင်၊ ၈/၃၅၊ ဦးရာဇတ်လမ်း၊ရန်အောင် ၂ရပ်ကွက်၊

- ပညာရိပ်သာဘော်ဒါ (ဖုန်း - ၀၆၇၂၂၂၉၂)

 

ပြည်

-          Happy Mart ဂျာနယ်ဆိုင် ၊အမှတ်(၁၃) ၊မီးရထားတိုက်တန်း

 

ဘားအံ့

-          ကိုဇော်၊ ဦးဆောက်ပန်းစာပေ၊ အထက(၁)ကျောင်းလမ်း၊ (ဖုန်း - ၀၅၈ ၂၁၃၁၀)

 

လားရှိုး

-ဒေါက်တာ လင်းထွဋ် (ဖုန်း - ၀၉-၅၂၆၁၆၀၂)

 

ကျောက်ပန်းတောင်း

-          ကိုခင်မောင်ချို၊ နွေနှင်းဝေစာအုပ်ဆိုင်၊ ရန်ကုန်-ပြည်-မန္တလေးလမ်းမကြီး

 

ချောက်

- ဖေတင်ညွန့်၊ သူရိန်နှင့် သူရဲကောင်းများစာပေ၊ ပျဉ်းမလမ်း

 

အဖွဲ့ကိုဆက်သွယ်ချင်ရင်

www.onemorethousand@gmail.com  နဲ့ ဆရာပြည်သွေးနိုင်( ၀၉-၅၀၇၉၆၇၈)၊ ဆရာမောင်သာချို(၀၉-၅၀၆၅၉၈၉)၊ ဆရာအော်ပီကျယ်(၀၉-၅၁၅၇၁၇၄) တို့ကိုဆက်သွယ်နိုင်သလို နယ်ကနေဆိုရင် နယ်ကိုယ်စား လှယ်တွေဆီဆက်သွယ်လို့ရပါတယ်။

 

ကဲသူငယ်ချင်းတို့ရေ ပိုက်ဆံတစ်ထောင်ဆိုတာ ခေါက်ဆွဲတစ်ပွဲဖိုးထက်နည်းနည်းလေးပိုပြီး ကြေးအိုးတစ်ပွဲစာ တောင်မရှိပါဘူး။ နည်းနည်း လေးအစားလျှော့စား၊ မလိုအပ်တဲ့အပိုသုံးလေးတွေလျော့ပြီး တစ်လတစ်ထောင် လှူကြဖို့ဆိုမဖြစ်နိုင်ဘူးလို့ဆိုနိုင်မလား။ တို့တွေ ငွေတစ်ထောင်ဆိုတာထက် မေတ္တာတရား၊ အကြင်နာတရားနဲ့ တတ်နိုင်သလောက်လေး ကူညီချင်တဲ့ ပရဟိတ စိတ်လေးရှင်သန်ကြရအောင် သွားလှူကြမယ်လေ။

No comments: