Friday, October 14, 2011

Gmail Inbox

Gmail  နဲ့ပတ်သက်တဲ့ နည်းပညာတစ်ခုကတော့ Gmail Inbox ထဲကိုလိုချင်တာလေးတွေကို နောက်ထပ် inbox လေးတွေ ထပ်ဖွင့်ပြီး ခွဲထုတ်တဲ့နည်းလေးပါ။

 

(၁) အရင်ဦးဆုံး gmail account လေးကို sign in အရင်ဝင်လိုက်ပါ။ ပြီးရင်gmail ရဲ့ ညာဘက်ထောင့်နားက setting  ထဲကိုဝင်လိုက်ပါ။ ပြီးရင် labs ဆိုတဲ့အထဲကိုဝင်လိုက်ပါ။

 

(၂) labs ထဲကိုဝင်ပြီးတာနဲ့ labs pages ထဲကနေ စာအိတ်ပုံစံလေးနဲ့ Multiple Inboxesဆိုတာလေးကို ရှာလိုက် ပါ။

 

(၃) Multiple Inboxes တွေ့ပြီဆိုရင် ဘေးနားက Enable ကိုနှိပ်ပြီး(ညာဘက်စွန်းမှာ Enable နဲ့Disable ဆိုပြီး နှစ်ခုရှိတဲ့အထဲက) အောက်က Save changesကိုနှိပ်ကာ Save  လိုက်ပါ။ အဲဒီမှာ ကိုယ့်ရဲ့Inbox ရှိနေတဲ့ page ကို ပြန်ရောက်သွားပါလိမ့်မယ်။ နောက်ထပ် settingထဲကိုပဲပြန်ဝင်လိုက်ပါ။ အဲဒီထဲဝင်လိုက်ပြီဆိုရင် ခုနက Labs အတန်း မှာပဲ Multiple Inbox ဆိုတာကိုတွေ့ရမှာပါ။

 

အဲဒီထဲကိုဝင်လိုက်ရင် အဲဒီထဲက Search query ရဲ့အောက်က box လေးတွေထဲမှာ ကိုယ်ခွဲထားချင်တဲ့ဟာကို ရိုက် ထည့်ပေးပါ။ ဥပမာ - ကိုယ်က ကိုယ့်ကောင်မလေးရဲ့မေးလ်ကို ထားချင်တယ်ဆိုရင်တော့ ကိုယ့်ကောင်မလေးရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ပါ။ မဖတ်ရသေးတဲ့စာတွေဆိုရင်တော့ is:unread လို့ရိုက်ထည့်ပေးလိုက်ပေါ့။ မပို့ဖြစ်ဘဲ သိမ်းထားတဲ့ စာတွေကိုပါ ခွဲထုတ်မယ်ဆိုရင်တော့ is:Drafts ပေါ့။

 

ကျန်တဲ့ starred, trashes, chat, sent mail, spamစတာတွေကိုလည်း ခွဲထုတ်လို့ရပါသေးတယ်။ အများဆုံးငါးခု အထိ ခွဲထုတ်လို့ရပါတယ်။ ပြီးရင်တော့ ကိုယ်ခွဲထားတဲ့ Inbox လေးတွေတစ်ခုဆီကို စာကြောင်းလေး ဘယ်လောက် ပေါ်စေချင်လဲဆိုတာကိုတော့ Maximum Page Sizeမှာ ရိုက်ထည့်ပါ။ ပြီးရင် သူ့အောက်တစ်ကြောင်းကပဲ Extra Panels Positioning မှာ အဲဒီ Inbox လေးတွေ ထားမယ့်နေရာကို ရွေးပေးပါ။

 

(a) Right side of the inbox က ညာဘက်မှာ ထားစေချင်တဲ့အခါ နှိပ်ရမည့်ဟာပါ။

(b) Above the inbox ဆိုရင် နောက်ပေါ်လာမယ့် inbox က နဂိုရှိပြီးသား Inbox ရဲ့အပေါ်မှာထားချင်ရင် နှိပ်ရမည့်ဟာပါ။

(c) Below the inbox ဆိုရင် နောက်ပေါ်လာမယ့် inbox က နဂိုရှိပြီးသား inbox ရဲ့အောက်မှာ ထားချင်တဲ့အခါ ကလစ် ပေးရမယ့်ဟာပါ။ အားလုံးသုံးခုရှိပါတယ် ကြိုက်တာရွေးပြီး ထားနိုင်ပါတယ်။

 

အားလုံးပြီးရင်တော့Save Changesဆိုတာလေးကိုနှိပ်လိုက်ပါ။ ဒါဆို အိုကေသွားပါပြီ။ တကယ်လို့ မြန်မာစာတန်း လေးတွေနဲ့မြင်ချင်တယ်ဆိုရင်တော့ Panel title (optional) အောက်က box လေးတွေမှာ ကိုယ်မြင်ချင်တဲ့စာကို ရိုက်ထည့်လိုက်ပါ။

 

MP3 သီချင်းများကို လွယ်လင့်တကူ နားဆင်ရန်နှင့် ဘလော့ပို့စ်အဖြစ် ထည့်သွင်းနည်း

 

သီချင်းများတင်ရာတွင် အောက်ပါအဆင့်များကို အစီအစဉ်အတိုင်းလုပ်သွားပါက လွယ်ကူသက်သာစွာတင်နိုင် မည် ဖြစ်ပါသည်။ လိုအပ်ချက်များကတော့ connection အနည်းငယ်ကောင်းရမည်။ စက်ထဲတွင် သီချင်းဖိုင်များ Mp3 ဗားရှင်းရှိရမည်။ အခြားဖိုင်များကိုလည်း uploadိ ခွင့်ြ့ပုချက်များရှိပါသည်။

 

ဒီ Link ကိုနှိပ်ပါ။ http://kiwi6.com  အပေါ်ညာဘက်နားတွင် Register လုပ်ပါ။ ရပြီဆိုပါက Upload files ဆိုသော ခလုတ်ကိုနှိပ်ပါ။ Browse ကိုနှိပ်ပါ။ မိမိထည့်သွင်းလိုသော သီချင်းကိုရွေးပါ။ ငါးပုဒ်အထိ ရွေးထည့်နိုင် ပါသည်။ ထို့နောက် မိမိရွေးချယ်လိုက်သော သီချင်းများအောက်တွင် အ၀ါရောင်လေးဖြင့် ရေးထားသော Start upload ကိုနှိပ်လိုက်ပါ။ အချိန်အနည်းငယ်စောင့်ရပါမည်။ upload ပြီးသောအခါ မိမိထည့်သွင်းလိုက်သော သီချင်း ဘေးတွင် (ဥပမာ) http://mysong.sdekfee ဆိုသော Linkု ကလေးပေးပါမည်။ ထို Link မှ တိုက်ရိုက်တင်လည်း ရသလို မိမိ upload လုပ်လိုက်သော သီချင်းများအားလုံးကို Myfiles ထဲတွင် ထည့်သွင်းသိမ်းဆည်းပေးထားပါသည်။ ပြီးရင် Myfiles ကို နှိပ်ပါ။ မိမိသွင်းထားသော သီချင်းတစ်ပုဒ်ချင်းစီကို ရွေးချယ်ပြီး နှိပ်လိုက်ပါ။

 

ထိုနေရာတွင်Share/Embed ဆိုသောTab လေးနှစ်ခုကိုတွေ့ရမည်။ Embed  ကိုနှိပ်ပါ။ အောက်ဆုံးမှ Music Playerဆိုသော အကွက်ထဲမှData များအားလုံးကို Copy (Ctrl+C) ဖြင့်ကူးယူလိုက်ပါ။ ပြီးရင် ဘလော့ပို့စ်တင် မည်ဆိုသောနေရာသို့သွား၍ ပို့စ်အသစ်တင်လိုက်ပါ။HTML Editor ကိုကလစ်လုပ်ပါ။ ထို့နောက် Media ကို ကလစ်လုပ်ပါ။ စောစောက ကူးယူထားသော Embed code များကို paste ( Ctrl+V) လုပ်လိုက်ပါ။ ပြီးရင် မလို အပ်တဲ့ Data များကိုဖျက်လိုက်ပါ။ ပြီးရင် Ok ဆိုတာလေးကို နှိပ်လိုက်ပါ။ မိမိထည့်ချင်တဲ့စာများ၊ ရေးချင်သော စာများကို ဘလော့ပို့စ်အပေါ်တွင် စိတ်တိုင်းကျရေးပါ။ အစီအစဉ်ချပါ။ ထို့နောက် Publish ကိုနှိပ်လိုက်ပါ။ တိုက်ရိုက် Publishမလုပ်ခင် html editor ကနေ ပြန်ပြောင်းကြည့်ချင်တယ်ဆိုလည်း ကြည့်လို့ရပါတယ်။ အဲလိုကြည့်ပြီး စာသား တွေထည့်၊ လိုအပ်တာတွေကို ပြုပြင်လိုက်ပြီးမှ Publish  လုပ်လည်းပဲရ့ပါတယ်။ ဒါဆို အဆင်ပြေပါပြီ။

 

From: Forward Mail

No comments: