Sunday, October 9, 2011

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ ၁၃ရက်တွင်
နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဒီဇင်ဘာ ၁၇ရက်တွင်
ရန်ကုန်တိုင်းမ်ဂျာနယ်မှ ဒေါ်အောင်ဆန်းစုကြည်အား
သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ယင်းအချိန်က ဒေါ်အောင်ဆန်းစုကြည်နှင့်
ရန်ကုန်တိုင်းမ်ဂျာနယ်တို့ တွေ့ဆုံမေးမြန်းဖြေကြားချက်များကို
အကြောင်းအမျိုးမျိုးကြောင့် တင်ဆက်နိုင်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့်
မျက်မှောက်နိုင်ငံရေး
အချိန်အခါနှင့်ဆီလျော်မှုမရှိသည်များကိုချန်လှပ်ထားခဲ့ပြီး
မျက်မှောက်နိုင်ငံရေး အချိန် အခါနှင့်ဆီလျော်ကိုက်ညီမှုရှိသည်များကိုသာ
ပြန်လည်ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
မျက်မှောက်မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက် မှုများနှင့်
နှိုင်းယှဉ်သုံးသပ်နိုင်ရန်ရည်ရွယ်၍ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
(အယ်ဒီတာ)

ရန်ကုန်တိုင်းမ်- အန်တီအမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းဆိုတာ၊
အန်တီ ယူဆတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ
ဘယ်လိုဟာမျိုးကိုပြောတာလဲ။ မြန် မာနိုင်ငံမှာရော
အမျိုးသားပြန်လည်သင့်မြတ် ရေးဖြစ်လာမယ်လို့ အန်တီ့အနေနဲ့ ယုံကြည် ပါသလား။

ဒေါ်အောင်ဆန်းစုကြည်- အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ မတူတဲ့သဘောထား
တွေကိုအခြေခံပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆွေးနွေးပြီးပြေလည်အောင်
အဖြေရှာရမှာပေါ့။ စိတ်ဝမ်းကွဲနေတဲ့ ပြန်လည် သင့်မြတ်ရေးပေါ့။ အဲဒီတော့
တချို့က မေးတာ ဘယ်တုံးကကွဲနေလို့လဲ မေးတဲ့သူ တွေလဲရှိမယ်လေ။ ဘယ်တုံးကမှ
မသင့်မြတ် ဘူး။ ဒါပေမဲ့ ပထမ အခုသင့်မြတ်အောင် လုပ်ရမှာပေါ့။
မတူတဲ့စိတ်ထားတွေကိုညှိပြီး ကိုယ်သဘောတူနိုင်တဲ့ ကိစ္စတွေမှာ ပထမ
အခြေခံပြီးတော့ ပြောရမှာပေါ့။သဘောမတူနိုင်ပေမယ့် မတူဘူးဆိုပြီး
ကွဲကြပြဲကြစရာအကြောင်းမရှိဘူး။ ကိုယ့်ရဲ့အမြင်
သူ့ရဲ့အမြင်ညှိပြီးသွားရမယ်။ မြန်မာပြည်မှာ ဖြစ်လာနိုင်လား ဆိုတော့
ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမဖြစ်လို့ နောက်
မဖြစ်ဘူးဆိုတာ ဘယ်လိုမှအဓိပ္ပာယ်မရှိဘူး။ သူ့ရဲ့ စိတ်ဓာတ်ခွန်အား၊
ဦးနှောက်ခွန်အားကို သုံးလို့ရှိရင် ဖြစ်တာပေါ့။ ဖြစ်ကိုဖြစ်လာရမှာပေါ့။
ဒါပေမဲ့ ဆန္ဒရှိရမယ်။ ဗမာအမြင်နဲ့ပြောရမယ်ဆိုရင် အောင်မြင်ခြင်းတရား
လေးပါးပေါ့။ ဆန္ဒရှိရမယ်။ ၀ီရိယရှိရမယ်။ စိတ်ဓာတ်ရှိရမယ်။ ဦးနှောက်ရှိရ
မယ်။ အဲဒီအပေါ်မှာအခြေခံပြီး ဖြစ်အောင် လုပ်ရမှာပေါ့။

ရန်ကုန်တိုင်းမ်- အဲဒီတော့ အန်တီ့အနေနဲ့ ဒီအတွက် စိတ်ရှည်ရှည်နဲ့အချိန်ယူ
ပြီးဆောင်ရွက်မယ်ဆိုတဲ့ သဘောမျိုးလား။

ဒေါ်အောင်ဆန်းစုကြည်- စိတ်ကတော့ ရှည်ရမယ်။ ဒါပေမဲ့အချိန်ကတော့
အမြန်ဆုံးလုပ်ရင် ကောင်းတာပဲ။ စိတ်ရှည်တယ်။ အချိန်ယူတယ်ဆိုတာ ဒီလိုပါ။
အေးအေးဆေးဆေးအချိန်ဆွဲပြီး လုပ်သွားမယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။
ကိုယ်ဖြစ်စေချင်သလောက် မြန်မြန်မဖြစ်ရင်တောင် ကိုယ့် စိတ်ကိုယ်ထိန်းပြီး
ဝီရိယနဲ့ ဇွဲနဲ့လုပ်သွားမယ်ဆိုတဲ့သဘောပါ။

ရန်ကုန်တိုင်းမ်-အန်တီပြောချင်တာကတော့ မည်သည့်အခြေအနေအချိန်
အခါမှာပဲဖြစ်ဖြစ် ပြည်သူလူထုကို အခြေခံနိုင်တဲ့ နိုင်ငံရေးကိုဆက်လုပ်သွား
မယ်ဆိုတဲ့ သဘောမျိုးပေါ့။

ဒေါ်အောင်ဆန်းစုကြည်- ဟုတ်ပါတယ်။

ရန်ကုန်တိုင်းမ်- တိုင်းပြည်ကောင်းစားဖို့ဆိုရင်
မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားပါမယ်။ အဲဒါဆိုရင်
နောက်တက်လာမယ့် အစိုးရ ကိုရောလက်တွဲသွားဖို့ရှိလား။
(နောင်တက်လာမယ့်အစိုးရဆိုသည်မှာ ယခုလက်ရှိ အစိုးရသစ်ကို
ဆိုလိုခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

ဒေါ်အောင်ဆန်းစုကြည်- ဘယ်သူနဲ့မဆို လက်တွဲဆောင်ရွက်သွားမှာပါ။ အဲဒီလို
စကားပြောရတာ ဘာလို့လဲဆိုတော့ တိုင်းပြည်ကောင်းစားဖို့အတွက် မည်သည့်
အဖွဲ့အစည်းနဲ့မဆို လက်တွဲဆောင်ရွက်နိုင်ပါတယ်ဆိုတော့ ဟိုလူမပါ။
ဒီလူမပါလို့မရဘူး။ အဓိကတော့ ဟိုဘက်ကလည်း တိုင်းပြည်ကို ကောင်းစား
စေချင်တယ်။ တိုင်းပြည်ကောင်းစားစေချင်တဲ့စိတ်နဲ့သာလုပ်မယ်ဆိုရင်
လက်တွဲနိုင်ပါတယ်။ လက်မတွဲနိုင်စရာအကြောင်း ဘာမှ မရှိပါဘူး။
ကိုယ့်အချင်းချင်းကတောင် တိုင်းပြည်ကိုမကောင်း စားစေချင်ဘူးဆိုရင်
သူတို့နဲ့ ဆက်လက်တွဲလို့မရတော့ ဘူး။ ဒါကတော့ ရည်ရွယ်ချက်ချင်းက
တူရမှာပေါ့။ နောက် ပြီး အန်တီတို့ဘက်ကချည်း လူကောင်းတွေရှိတယ်လို့ မ
သတ်မှတ်ပါဘူး။ အခြားတစ်ဖက်မှာလဲ လူကောင်းတွေရှိ မယ်ဆိုတာ လက်ခံပါတယ်။
ရန်ကုန်တိုင်းမ်- အန်တီလဲ နေအိမ်အကျယ်ချုပ်ကျပြီး ခဏ
ခဏလွတ်လာခဲ့တာတွေလည်းရှိတော့ အခု နောက်ဆုံး တစ်ကြိမ်လွတ်မြောက်လာရတာနဲ့
ကွာခြားမှုရှိလား။ ဘာ တွေကွာခြားသွားတာရှိပါလဲ။

ဒေါ်အောင်ဆန်းစုကြည်- အဲ့ဒီကွာခြားမှုတွေတော့ ပထမနေ့
ထွက်ထွက်ချင်းကတည်းကတွေ့ရတာ တယ်လီဖုန်းလေး တွေ၊ အန်တီ
တော်တော်အံ့အားသင့်တယ်။ တယ်လီဖုန်း တွေ ဟိုထောင်၊ ဒီထောင်နဲ့ အဲ့ဒါတွေနဲ့
ဓာတ်ပုံရိုက်နေကြ တာပေါ့။ အန်တီတစ်ခါမှ ဟန်းဖုန်းမကိုင်ဖူးဘူး။
လွန်ခဲ့တဲ့ ခုနစ်နှစ်က ဒါတွေ မရှိဘူးလေ။ မြင်ဖူးတယ်။ လုံခြုံရေး
အရာရှိတွေရဲ့လက်ထဲမှာ မြင်ဖူးတယ်။ အခုလိုမြင်ရတာ
တော်တော်အံ့အားသင့်သွားတယ်။ နောက်တစ်ခုက လူငယ် တွေပေါ့။ အဲ့ဒီနေ့က
လူငယ်တွေ အရမ်းများတယ်။ နောက် ပြီး လူငယ်တွေက တက်တက်ကြကြနဲ့
အရင်ခုနစ်နှစ်တုန်းကနဲ့ မတူဘူး။ နောက်တစ်ခုက မီဒီယာပေါ့။ ဒါဟာလည်း
ဆက်သွယ်ရေးလမ်းကြောင်းတွေ။ ဒါကလဲ ဆက်စပ်တယ်။ မီဒီယာတွေနဲ့ထိတွေမှုဟာ
အရမ်းများလာတယ်။ အား လုံးသိတဲ့အတိုင်းပဲ ဂျာနယ်လစ်တွေကို မပေးဘူး။ မပေး
ပေမယ့်လည်း လာနေကြတာပဲ။ ဘယ်လိုလာနေကြလဲ မသိဘူး။ အန်တီကတော့
အင်တာဗျူးတောင်းရင် ပေးလိုက် တာပဲ။ နိုင်ငံခြားက ဆက်သွယ်တာ။ အဲ့ဒါကိုတော့
အန်တီ ကပြောရမှာပဲ။ အဲ့ဒါကို အန်တီ့တယ်လီဖုန်းကို လေး ရက်လောက်
ဖြတ်လိုက်တယ်။ ဒါပေမဲ့ အခုဟာက ဖြတ် တာလဲ မထိရောက်တော့ဘူး။
ဒီတယ်လီဖုန်းတွေမသုံး ကြတော့ဘူး။ သုံးတာက ဟန်းဖုန်းတွေပဲလေ။ ဒါကြောင့်
အဲ့ဒီဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်လို့မရဘူး။ နောက် တစ်ခုက
အခုရောက်နေတဲ့သတင်းထောက်တွေ ပြည်တွင်း သတင်းထောက်တွေ အရမ်းများလာတယ်။
အထူးသဖြင့် လူငယ်သတင်းထောက်တွေ များလာတယ်။ အဲဒါကို သိပ် သဘောကျတယ်။ ဒါလဲ
အပြောင်းအလဲပဲ။ ဒါဟာ ကောင်းတဲ့အပြောင်းအလဲပဲ။

ရန်ကုန်တိုင်းမ်- အရင်ကဆိုရင် ပြည်တွင်းမီဒီယာတွေရော
အန်တီတို့အဖွဲ့တွေနဲ့ တွေ့တာပဲဖြစ်ဖြစ် အတားအဆီးတွေ ရှိတယ်။ အခုဟာ
တော်တော်လေးလွတ်လွတ်လပ်လပ်တွေ့ ခွင့်ရလာတယ်။ အဲဒီအပေါ်မှာ
အန်တီဘယ်လိုမြင်ပါ သလဲ။
ဒေါ်အောင်ဆန်းစုကြည်- အဲဒါကို အန်တီသဘောကျတယ်။ ခွင့်ပြုချက်ပေးတဲ့
အာဏာပိုင်တွေကိုလည်း လေးစားပါ တယ်။ ချီးမွမ်းပါတယ်။
လုံးဝမဟုတ်သေးပေမယ့်လည်း အရင်ခုနစ်နှစ်ထက်စာရင်
အများကြီးတိုးတက်မှုရှိပါတယ်။ ပြောကြတယ်။
အကောင်းမပြောနိုင်ဘူးလားလို့ပြောပါ တယ်။ အကောင်းမြင်ရင်
အကောင်းပြောမှာပဲ။ အဲလိုဂျာ နယ်တွေကို တွေ့ခွင့်ရတာ၊
ဂျာနယ်တွေလုပ်ခွင့်ရအောင် အခြေအနေတွေပေးတာတို့ အန်တီက သဘောကျတန်
ဖိုးထားတယ်လို့ ပြောလို့ရပါတယ်။

ရန်ကုန်တိုင်းမ်-အန်တီ့အနေနဲ့ လူမှုရေးလုပ်ငန်းတွေကို ဘယ်လိုကဏ္ဍတွေမှာ
ဆက်လက်လုပ်ဆောင်ဖို့ရှိပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်- လုပ်စရာတွေကတော့ အများကြီးပဲ။ အဲဒါကြောင့်
အလှူထည့်ချင်ရင် ထည့်ကြပါလို့ ပြောတာ ပေါ့။ အခုလောလောဆယ်တော့
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီ အက်စ်တွေဘက်မှာ တော်တော်လေးအရှိန်ရနေပြီ။
နောက် ပြီး ဂီရိမုန်တိုင်းသင့်ခံရတဲ့ ဒေသတွေဘက်ကို လှည့်နေ တယ်။
နောက်ပြီး လုပ်ဖို့ရှိတာက နိုင်ငံရေးအကျဉ်းကျ နေတဲ့လူတွေရဲ့ မိသားစုတွေ
တော်တော်ဒုက္ခရောက်နေ တယ်။ အန်တီတို့လဲ တတ်နိုင်သမျှ ကူညီတာပဲ။ ဒါပေမဲ့
ကူညီနိုင်တဲ့ အတိုင်းအတာနဲ့ လိုအပ်တာက နည်းနည်း တော့ ကွာနေတယ်။ အဲဒါအပြင်
အများပြည်သူနဲ့ဆိုင်တဲ့၊ လုပ်ငန်းနဲ့ဆိုင်တဲ့လုပ်ငန်းတွေ
အရင်တုန်းကစခဲ့တယ်။ ဆက်ပြီးလုပ်ချင်တာရှိတယ်။ ဥပမာဆိုရင် အ၀ီစိတွင်းတူး
တဲ့ကိစ္စကို နာဂစ်တုန်းက စခဲ့တယ်။ မနှစ်တုန်းက ရေ ရှားပါးတဲ့
ပဲခူးတိုင်းဘက်ရောက်တယ်။ မူလတန်းကျောင်း တွေအတွက်
သင်ထောက်ကူပစ္စည်းတွေနိုင်သမျှပံ့ပိုးတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


by ကိုကို (စက်မှုတက္ကသိုလ်)

Credit: http://yangonmedia.net/news/news_detail.asp?nid=4565

No comments: