Wednesday, August 17, 2011

အိမ်မှာ ပိုးသတ်ဆေးနှင့် ဓာတုပစ္စည်းများ အသုံးပြုတဲ့အခါ

အိမ်တွေမှာ ကြွက်၊ခြင်၊ယင်၊ သန်း၊လှေး၊ ပုရွက်ဆိတ် အစရှိတဲ့
အင်းဆက်တွေကို သတ်ဖို့ ပိုးသတ်ဆေး၊ အင်းဆက်သတ်ဆေးနဲ့ ကြွက်
သတ်ဆေးစတာတွေကို အသုံးပြုလေ့ရှိကြပါတယ်။ ဒါ့အပြင် ဥယျာဉ်ထဲမှာ
အသုံးပြုဖို့ ပေါင်းသတ်ဆေးတွေ၊အရွက်ဖျန်းဆေးတွေ၊ အပင်
အားဖြည့်ဟော်မုန်းဆေးတွေလည်း အိမ်မှာ ဆောင်ထားတတ်ကြပါတယ်။ ဒါတွေဟာ
တကယ်တော့ အဆိပ်တွေပါပဲ။ အိမ်က မိသားစု ၀င်တွေ၊ အထူးသဖြင့် ကလေးတွေကို
အဲဒီအဆိပ်တွေနဲ့ ထိတွေ့မှုဘေး၊ ဒါမှမဟုတ် မတော်တဆ သောက်မိတဲ့
ဘေးအန္တရာယ်တွေမှ ကင်းဝေးအောင် သတိထားသင့်ပါတယ်။ အဲဒီ အဆိပ်တွေဟာ
ပိုးမွှားကောင်တွေရဲ့ အသက်ကိုသာမက လူသားတွေကိုလည်း သေစေနိုင် လို့ပါပဲ။
ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲရင်၊ စည်းမဲ့ကင်းမဲ့ စွန့်ပစ်ရင်
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက အခြား ကုန်းနေ၊ရေနေ
သတ္တ၀ါလေးတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

- အင်းဆက် သတ်ဆေးများ (ဥပမာ - Insect Killer ဖျန်းဆေးဘူးများ) ၊
အိမ်သုံးသန့်စင်ဆေးရည်များ၊ (ဥပမာ - ကြွေချေးချွတ်ဆေး များ)၊
အိမ်မွေးတိရစ­္ဆာန်အတွက် သုံးသောပစ္စည်းများ (ဥပမာ - ခွေး၊ကြောင်
သန်းသတ်ဆေး)၊ ဟာ အသုံးပြုမှုလွန်ကဲရင် အန္တရာယ်ဖြစ် စေနိုင်ပြီး သုံးရမယ့်
ပမာဏထက် လျော့နည်းရင် ထိရောက်မှုမရှိတဲ့အတွက် အသုံးပြုနည်းလမ်းညွှန်ကို
သေချာစွာဖတ်ရှုပါ။

- အင်းဆက်သတ်ဆေး အပါအ၀င် အိမ်သုံးဓာတုပစ္စည်းများကို ကလေးများ
လက်လှမ်းမမီသော နေရာမှာသိမ်းဆည်းပါ။ ဥပမာ - သော့ ခတ်ထားသော
ဗီရိုထဲသိမ်းဆည်းပါ။

- အိမ်အတွင်းပိုင်းကို မှုတ်ဆေး၊ ဖျန်းဆေးများဖြင့်ဖျန်းပြီး
ပိုးမွှားသတ်မည်ဆိုပါက ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ လေ၀င်လေထွက်
ကောင်းမွန်ပါစေ။

- ပိုးသတ်ဆေးများ ဖျန်းမည်ဆိုပါက ဖျန်းမည့်ဧရိယာတွင် ကလေးများ၊
ကစားစရာအရုပ်များ၊ အိမ်မွေးတိရစ္ဆာန်များကို ဖယ်ရှားထားပါ။ ဖျန်းထားသော
ဓာတုပစ္စည်းခြောက်သွေ့မသွားခင်အချိန်အထိ၊ အနံ့ပြယ်မသွားခင်အချိန်အထိ
အဲဒီနေရာကို မည်သူမှ မသွားပါနှင့်။

- ပိုးသတ်ဆေး ဒါမှမဟုတ် ဓာတုပစ္စည်းတစ်မျိုးမျိုး မှောက်ကျ၊ပွင့်ကျလျှင်
အဖုံးကို ချက်ချင်းပြန်ပိတ်ပါ။ ကလေးများ လက်လှမ်းမမီ အောင် အဲဒီပုလင်းကို
သိမ်းဆည်းပါ။ မှောက်ကျထားတဲ့နေရာကိုလည်း ကလေးများ မလာရောက်ပါစေနှင့်။

- ဓာတုပစ္စည်းတွေကို မူရင်းပုလင်းထည့်စရာများမှ အစားအစာထည့်သော
အခြားထည့်စရာဘူးများ (ဥပမာ - အချိုရည်ဘူးခွံ၊ ရေသန့် ဘူးခွံများ)ထဲသို့
ပြောင်းပြီးမထည့်ထားပါနှင့်။ ကလေးတွေက စားသောက်စရာမှတ်ပြီး မှားယွင်းပြီး
သောက်မိမှာစိုးလို့ဖြစ်ပါတယ်။

- ကလေးတွေကို ခြင်နှင့် အင်းဆက်ပိုးမွှား ကိုက်ခံရမှုမှ ကာကွယ်ရန်
လိုးရှင်းလိမ်းသလို လိမ်းပေးရတဲ့ insect repellent များကို လိမ်း
ပေးတဲ့အခါ ကလေးငယ်ရဲ့ အရေပြားက ပြတ်ရှနာ၊ အနာနဲ့ ရောင်ရမ်းယားယံနေတဲ့
အရေပြားတွေပေါ်မှာ မလိမ်းပေးရပါ။ ဒါ့အပြင် မျက်လုံး၊ ပါးစပ်၊
လက်များ၊မျက်နှာ စသည့်အစိတ်အပိုင်းများမှာ insect repellent
တိုက်ရိုက်ထိတွေ့ခြင်း မပြုရပါ။

- ကြမ်းပြင်များ၊ ပြတင်းပေါက်ဘောင်များ အစရှိတဲ့ မျက်နှာပြင်တွေမှာ
ခဲဓာတ်အကြွင်းအကျန်တွေ ရှိနေနိုင်သဖြင့် မကြာခဏ သန့်
ရှင်းရေးပြုလုပ်ပေးပါ။
- ၁၉၇၈ ခုနှစ်မတိုင်မီက ဆောက်လုပ်ခဲ့တဲ့ နေအိမ်တိုက်ခန်းတွေမှာ ခဲဓာတ်ရဲ့
အန္တရာယ် (Lead hazards) မြင့်မားနေတတ်ပါတယ်။

Ref: Green Tips

No comments: