Friday, August 5, 2011

China’s assessment calls for Burma’s Myitsone Dam to be scrapped

 မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းကို "လုံးဝ" ပယ်ဖျက်ရန်အတွက် မြန်မာ့မြစ်ဆုံရေကာတာဆန်းစစ်ချက်က တရုတ်ပြည်ကို တောင်းဆိုခြင်း

 

China Power Investment Corporation is forging ahead with its controversial Myitsone dam in northern Burma despite its own assessment calling for the project to be cancelled.

 

တရုတ်ပြည်၊ တရုတ်စွမ်းအင် ရင်းနှီးမြုပ်နှံရေး (CPI) ကော်ပိုရေးရှင်းက ၄င်း အဖွဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဆန်းစစ် မှုတွေမှ မြန်မာပြည် မြောက်ပိုင်းမှာ ဆောက်လုပ်နေတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆောက်လုပ်မှုများ ရပ်ဆိုင်း သင့်ကြောင်း တောင်းဆိုမှုတွေကို လစ်လျှူရှုပြီးအစွမ်းကုန်အောင်မြင်အောင် ဆက်လက်လုပ်ဆောင်နေပါတယ်။

 

The 945--‐page "environmental impact assessment," fully funded by China's CPI

Corporation and conducted by a team of Burmese and Chinese scientists, recommends

that the Irrawaddy Myitsone Dam not proceed. "There is no need for such a big dam to be constructed at the confluence of the Irrawaddy River" says the assessment.

 

၎င်း စီပီအိုင် ကော်ပိုရေးရှင်း အဖွဲ့ရဲ့ ရာနှုန်းပြည့် ငွေကြေးစိုက်ထုတ်မှု နဲ့ တရုတ်၊ မြန်မာ သိပ္ဗံပညာရှင်များက "သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုဆိုင်ရာ လေ့လာ ဆန်းစစ်ချက်"တရပ်လုပ်ခဲ့ပါတယ်။ စာမျက်နာ ၉၄၅ မျက်နှာ ရှိတဲ့ ၄င်း လေ့လာ ဆန်းစစ်ချက်က ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက်ဆောက်လုပ်ခြင်းများ ရပ်တန့် ရန် အကြံ ပြုထား ပါတယ်။ "ဧရာဝတီ မြစ်ရဲ့ မြစ်ဆုံမှာ အဲ့လောက်ကြီးမားတဲ့ ရေကာတာ ဆောက်လုပ်ရန် မလို

အပ်ကြောင်း" လဲ ၄င်း လေ့လာဆန်းစစ်မှုက ဆိုပါသေးတယ်။

 

CPI is planning to build and operate seven mega dams on the Irrawaddy and its tributaries. According to the assessment the dams will impact millions that depend on the river and threaten biodiverse ecosystems: "The fragmentation of the Irrawaddy River by a series of dams will have serious social and environmental problems not only at upstream of dams but also very far downstream to the coastal area."

 

ဧရာဝတီမြစ် နဲ့ ၄င်း ရဲ့ မြစ်လက်တက်တွေမှာ ကြီးမားတဲ့ ရေကာတာကြီး ၇ ခုကို ဆောက်လုပ်မောင်းနှင်ဖို့ စီပီအိုင်က စီစဉ်နေပါတယ်။ လေ့လာဆန်းစစ်ချက်များအရကတော့ အဲ့သည် ရေကာတာတွေကိုဆောက်လုပ်အသုံးပြုခဲ့ရင် မြစ်ကို မှီတင်းနေထိုင်ကြတဲ့ သန်းချီတဲ့ လူတွေ အပေါ်မှာ သာမက သတ္တဂေဟစနစ်တွေ အပေါ်မှာပါ ခြိမ်းခြောက်မှုတွေရှိလာ မှာဖြစ်ပါတယ်။"မြစ်ကို ပိုင်းဖြတ်ပြီး ရေကာတာတွေ အစဉ်လိုက်ဆောက်လုပ်ခြင်းအားဖြင့် မြစ်အထက်ပိုင်း ရေကာတာ ဆောက်လုပ်ရာ နေရာများမှာသာမက မြစ်အောက်ဆုံးပိုင်းဖြစ်တဲ့ မြစ်ဝကျွန်းပေါ် နဲ့ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာပါ ပြင်းထန်တဲ့ လူမှုရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

 

Last month fighting broke out between the Kachin Independence Organization and the Burma Army near China's Dapein Dams, also in Burma's northern Kachin State. An estimated 30,000 people have been displaced.

 

ပီးခဲ့တဲ့လက တာပိုင် (Dapein) တရုတ် ရေကာတာအနီး နဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာ ကချင်လွတ်လပ် ရေးအဖွဲ့ နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ခန့်မှန်းခြေ လူ ၃ သောင်းခန့် နေရာပြောင်းရွေ့ ပေးခဲ့ရ ပါတယ်။

 

Mega dams in Kachin State and Burma are deeply unpopular and numerous appeals to

Chinese companies and government to stop the dams have gone unanswered. CPI's own

assessment warned, "the majority of  local  races oppose construction of  the dams" and

called for consultation with and consent  of affected peoples.

 

မြန်မာပြည်တွင်း နှင့် ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ ရေကာတာကြီးများနဲ့ပတ်သက်ပြီး လူအများ မကျေနပ်ချက် များကြောင့် ရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်တန့် ပစ်ဖို့အတွက် တရုတ်ကုမ္ဗဏီ နဲ့ အစိုးရဆီ တောင်းဆို ထားမှုတွေဟာလဲ အခုချိန်ထိ အကြောင်းပြန်ချက် တစုံတရာ မရရှိသေးဘဲဖြစ်နေပါတယ်။ စီပီအိုင် ကုမ္ဗဏီ ကိုယ်တိုင်က ပြုလုပ်ခဲ့တဲ့ဆန်းစစ်ချက်ကလဲ "ဒေသတွင်း မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားအများစုက ရေကာတာဆောက်လုပ်ခြင်း ကို ဆန့်ကျင်ကြကြောင်း" ဖော်ပြပါရှိပြီး၊ ဆောက်လုပ်ရေးကြောင့် ထိခိုက်နစ်နာမယ့်သူများရဲ့ သဘောထား နဲ့ ခွင့်ပြုချက် တွေကို ရယူဖို့ သတိပေးထားပါတယ်။

 

Although finished in late 2009, the assessment has never been made public.

 

လေ့လာဆန်းစစ်မှုများအားလုံးဟာ ၂၀၀၉ ခုနှစ်မှာ ပြီးဆုံးခဲ့ပေမယ့် စစ်တမ်း ကိုတော့ လူထု နဲ့ အများစု သိအောင် ကြေငြာ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

 

"Chinese companies are increasing their investments in Burma yet they are not following

their own standards" said Sai Sai, coordinator of the Burma Rivers Network. "While CPI

Corporation is hiding its assessment from the people of Burma, construction of the dams

is speeding ahead."

 

"တရုတ်ကုမ္ဗဏီအများစုဟာ မြန်မာပြည်တွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုတိုးချဲ့ လုပ်ဆောင်လာခဲ့ကြပေမယ့် သူတို့ကုမ္ဗဏီရဲ့ ကိုယ်ပိုင် စံတွေကို လိုက်နာကျင့်သုံးမှု မရှိနေကြသေးပါဘူး" လို့ မြန်မာမြစ်ကြောင်းများ ကွန်ယက် ညှိနှိုင်းရေး အရာရှိ ကိုစိုင်းစိုင်း က ပြောပါတယ်။ စီပီအိုင်ကော်ပိုရေးရှင်းက မြန်မာပြည်သူတွေအပေါ် လေ့လာချက်စစ်တမ်းကို ဖုံးကွယ်ထားပြီး ရေကာတာ ဆောက်လုပ်ရေးတွေကိုလဲ မြန်နှုန်းမြှင့်ပြီး လုပ်ဆောင်လျက်ရှိနေပါတယ်။

 

The study also recommends a full social impact assessment be conducted along the length of the whole river but this has not happened.

 

လေ့လာချက်စစ်တမ်းမှာ နောက်တချက်အနေနဲ့ မြစ်ကြောင်းတလျောက် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ အတွက် ပြည့်ပြည့်ဝဝ လေ့လာဖို့ အကြံပြုထားပေမယ့် လုပ်ဆောင်ခြင်းမရှိသေးပါဘူး။

 

ဆက်သွယ်ရန်

စိုင်းစိုင်း

(+ ၆၆) ၈၈၄၁၅၄၃၈၆

အနန်

(+၆၆) ၈၄၈၈၅၄၁၅၄

 

လေ့လာချက်စစ်တမ်း အပြည့်အစုံ ကိုဖတ်ရှုရန်အတွက်

www.burmariversnetwork.org

No comments: