Saturday, August 13, 2011

Facebook ကို ယှဉ်ပြိုင်မယ့် Google+ လူမှုကွန်ယက် ၀က်ဘ်ဆိုဒ်

Facebook ကို ယှဉ်ပြိုင်မယ့် Google+ လူမှုကွန်ယက် ၀က်ဘ်ဆိုဒ်

Jul 22, '11 3:26 AM
by kotoe for everyone

 


ကမ္ဘာ့ အအောင်မြင်ကျော်ကြားဆုံး Google ဆိုဒ်က ဒုတိယ အောင်မြင်အကျာ်ကြားဆုံး ဖြစ်နေတဲ့ Facebook ဆိုဒ်နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ဂူဂဲလ်ဟာ ဘာကြောင့် ပုံစံတူ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တွေကို အထပ်ထပ် လုပ်ဆောင်လာခဲ့တာပါလဲ။ Orkut, Jaiku, Wave, Buzz စတဲ့ တစ်ခုနဲ့တစ်ခု ထူးမခြားနားဖြစ်နေတဲ့ ဆိုဒ်တွေကို ထုတ်ခဲ့ပြီးပါပြီ။ အခုတခါလဲ Google+ ဆိုတာကို ပွဲထုတ်လာပြန်ပါတယ်။


ဒါဟာ ဂူဂဲလ်ရဲ့ facebook လို ဖြစ်လာစေရေး လုပ်ဆောင်မှုတွေထဲက နောက်ဆုံးလုပ်ထားတာတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် အရင်ဟာတွေနဲ့ မတူခြားနားတာက အခုလုပ်ဆောင်ချက်က တကယ် အောင်မြင်အသုံးတည့်မယ့် အနေအထား ရှိပါတယ်။

အသုံးပြုရာမှာ ရှုပ်ထွေးနေတဲ့ Waveနဲ့ ပုဂ္ဂလိက လုံခြုံမှုကို စိန်ခေါ်မှုတွေရှိနေတဲ့ Buzz စတာတွေကို လုပ်ခဲ့စဉ်ကလို ခြေလှမ်းကျဲကျဲ လှမ်းဝင်လာတာမျိုးမဟုတ်ဘဲ၊ Googleက သူ့ရဲ့ Google+ ကို တစိမ့်စိမ့် ထိုးဖောက်ပျံ့နှံစေတာဟာ ဗိုင်းရက်စ် ပျံ့နှံ့ကူးစက်သလိုပါပဲ။


Google+ကို sign up လုပ်ရုံဖြင့် အသုံးပြုနိုင်မှာမဟုတ်ဘဲ၊ အဖွဲ့ဝင်ဖြစ်ပြီးသား တစ်ယောက်ယောက်က ဖိတ်ခေါ်မှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  ဒါနဲ့တောင် အခုဆိုရင် Google+ဟာ အဖွဲ့ဝင် ၁၀သန်း ရှိနေပါပြီ။  လက်ရှိခြေအနေမှာသန်း ၇၅၀ ရှိနေတဲ့ Facebook လို မဟုတ်သေးပေမယ့်၊ ဒီနက်ဝပ်ခ်ရဲ့ အကျိုးဆက်ကို စောင့်ကြည့်ကြရမှာပါ။


Google+ ဟာ စစခြင်းမှာတော့ Facebookကို အရှက်မရှိ ပုံတူကူးထားတာမျိုးနဲ့ တူနေဟန် ရှိပါတယ်။ သူ့မှာ facebook wall မှာရှိတဲ့ 'your thoughts' တို့ 'News' တို့နဲ့တူတဲ့ Post တွေတင်လို့ရတဲ့ နေရာတစ်ခုပါမယ်၊ facebook news and feed လိုရှည်လျားထွေပြားလှတဲ့ မိတ်ဆွေတွေတင်ထားတဲ့ Post တွေကို ကြည့်လို့ရတဲ့ စာမျက်နှာပါမယ်၊ facebook ရဲ့ "Like" ကို ကလုံး လုပ်ထားတာလို့ဆိုရမယ့် "+1" ဆိုတဲ့ ဘာတွန်လေး တစ်ခုလဲ ပါပါသေးတယ်။ Google+ ဆိုတာ အဲဒါလေးကို  အစွဲပြုပြီး အမည်ပေးထားပုံရပါတယ်။


ဒါပေမဲ့ Google+ မှာထူးထူးခြားခြားနဲ့စွဲဆောင်မှုရှိတာက "Circles" ဆိုတဲ့ feature ပါပဲ။ Google+ မှာ အမျိုးမျိုးအစားစားကွဲပြားနေတဲ့ လူမှုအသိုင်းအ၀ိုင်းတွေကို မိမိအနေနဲ့ သက်ဆိုင်ရာအသိုင်းအ၀ိုင်းအလိုက် "Circles" တွေထဲမှာ ထည့်ထားနိုင်မှာပါ။ ဒါဟာ Groups သဘောမျိုးဖြစ်သလို၊ အမျိုးအစားအလိုက် ခွဲခြားလိုက်ခြင်းလည်း ဖြစ်ပါတယ်။


ဂူဂဲလ် က Friends, Acquaintances, Family, Following စတဲ့ "Circles" အလွတ်လေးတွေ ဖန်တီးပေးပြီး အစပြုပေးထားပါတယ်။ Following ဆိုတဲ့ circleကတော့ Twitterမှာလို မသိသေးပေမယ့် မိမိအနေနဲ့ follow လုပ်ချင်တဲ့သူတွေကို ထည့်ထားနိုင်ဖို့ပါ။ နောက်ထပ် Circles အသစ်တွေ ထပ်တိုးနိုင်ဖို့ကိုလည်း အလွယ်တကူဖန်တီးလို့ရပါတယ်။


Circles တွေဟာလည်း အဖိုးအဖွားနှစ်ယောက်တည်းကို ထားရှိမယ့် circle အသေးလေးတွေကနေ၊ တစ်မိသားစုလုံးရဲ့ဆွေစဉ်မျိုးဆက်အကုန်လုံးကိုထည့်ထားမယ့် Family Treeလို circleတွေနဲ့ အဖွဲ့အစည်း တစ်ခုလုံးစာအထိ ကြီးမားတဲ့ circle တွေလည်း ဖြစ်နိုင်ပါတယ်။

မိမိအနေနဲ့ ဘယ်ချိန်ခါမဆို news item တစ်ခုခု။ အတွေးတစ်စ၊ ပုံတစ်ပုံ၊ chat invitation တစ်ခုခုကို ရှယ်လုပ်တိုင်း ဘယ်အသိုင်းအ၀ိုင်း circle ကသာ လက်ခံသိရှိရနိုင်မယ်ဆိုတာကို တိတိကျကျ ရွေးချယ်သတ်မှတ်ပေးလို့ ရပါတယ်။ ဒါဟာ facebookမှာ နှစ်ပေါင်းများစွာကြာအောင် ပြသနာတစ်ရပ် ဖြစ်နေခဲ့တဲ့ privacy ပြသနာကို Google ကတစ်ထိုင်ထဲဖြေရှင်းပေးထားတာလည်း ဖြစ်ပါတယ်။


မိမိကလေးတွေ ပါတီမှာ သောက်စားမူးယစ်နေတဲ့ ပုံတွေကြောင့် လွှတ်တော်အမတ်မင်းတွေရဲ့ စိတ်အနှောင့်အရှက် ဖြစ်ခဲ့ရမှုတွေ၊ ကိုယ့်အလုပ်ရှင် ဖြစ်လာနိုင်မယ့်သူက ကိုယ့်ရဲ့ ညပိုင်းမီးကုန်ယမ်းကုန် အပျော်ကျူးထားတာတွေကို ဖတ်မိလိုက်တာမျိုးတွေ၊ ကိုယ့်ရည်းစားကောင်လေးတွေရဲ့ နောက်လှမ်းဖို့ လုပ်နေတဲ့ ခြေလှမ်းတွေအကြောင်း ချစ်သူကောင်မလေးတွေက မတော်တဆသိသွားခဲ့တာမျိုးတွေဟာ ခုဆိုရင် Circleတွေကြောင့် ပျောက်သွားတော့မှာပါ။

ဘာလို့လဲဆိုတော့ အကြောင်းအရာ တစ်ခုခြင်းစီကို သိသင့်သိထိုက်သူတွေကိုပဲ မိမိအနေနဲ့ မျှဝေကြည့်ရှုစေနိုင်တော့မှာဖြစ်ပြီး မသက်ဆိုင်တဲ့သူတွေနဲ့ မသိစေချင်သူတွေကို မိမိအနေနဲ့ ဖယ်ထုတ်ထားနိုင်မှာမို့ပါ။


နောက် ကလစ်တစ်ချက်နှိပ်ရုံနဲ့ မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေချည်းရဲ့ ပို့စ်တွေကိုပဲ ကြည့်နိုင်သလို၊ ကောလိပ်က သူငယ်ချင်းတွေနဲ့ အဖိုးအဖွားတွေရဲ့ပို့စ်သက်သက်တွေကိုပဲ ရွေးချယ်ကြည့်နိုင်တာမို့ ရှည်လျားထွေပြားလှတဲ့ အကြောင်းအရာတွေကို စီစစ်ဖြတ်တောက်ပြီးသားဖြစ်ပြီး Circle တစ်ခုချင်းစီရဲ့ ခေါင်းစဉ်ကို ကလစ် ခေါက်ကြည့်လိုက်ရုံပါပဲ။

Facebook မှာလဲ Circle သဘောမျိုးသုံးနိုင်တဲ့ Groupဆိုတာ ရှိပါတယ်။ သို့သော်လည်း Circleနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ ၎င်းဟာ မြုပ်နေပြီး သုံးမယ်ဆိုရင်တောင် အလုပ်တော်တော်လေး ရှုပ်ပါတယ်။ Google+မှာ post တစ်ခုခြင်းနဲ့ ပုံတစ်ခုခြင်းကို လက်ခံသိရှိနိင်မယ့်သူတွေကို သေချာရွေးချယ်ပေးရတာမို့ စိတ်အနှာင့်အယှက် ဖြစ်စရာဖြစ်သလို လက်ပေါက်ကပ်သလို ထင်ရပေမယ့် အားလုံးခြုံကြည့်လိုက်ရင်တော့ အကျိုးရှိပြီး အဆင်ပြေစေတာတော့ အမှန်ပါပဲ။


Google+မှာ အခုလို privacy-control feature တွေအပြင် နောက်ထပ်စွဲဆောင်မှုအပြည့်ရှိတဲ့ feature တစ်ခုကတော့ "Spark" ပါ။ ၎င်းဟာ Google Alert ကဲ့သို့ဖြစ်ပြီး personal press-clipping service လိုမျိုးပါပဲ။ မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ရေးချပြီး ရှာဖွေလိုက်တာနဲ့ Google+က သက်ဆိုင်ရာ အကြောင်းအရာနဲ့ပတ်သတ်တဲ့ ဆောင်းပါး၊ သတင်းတွေနဲ့ ဗွီဒီယိုတွေကို ၀က်ဘ်ကြီးတစ်ခုလုံးကနေ ရှာဖွေပေးမှာပါ။


Facebook အနေနဲ့ ခုထိ မလုပ်နိုင်သေးတဲ့ နောက်ထပ်စိတ်ဝင်စားဖွယ် feature တစ်ခုက "Hangouts"ဆိုတဲ့ video conferencing feature ပါ။ တစ်ချိန်တည်းမှာ လူ၁၀ယောက် ၀င်ရောက်ဆွေးနွေးပြောဆိုနိုင်ပါတယ်။

ပါဝင်ပြောဆိုနေသူတိုင်းရဲ့ video feed တွေကို ၁လက်မ/၂.၅ စင်တီမီတာအကွက်လေးတွေအဖြစ် video screen ရဲ့ အောင်မှာပြပေးထားမှဖြစ်ပြီး လက်ရှိပြောဆိုနေသူ ဘယ်သူဆိုတဲ့အပေါ်လိုက်ပြီး Google+ က လက်ရှိပြောနေသူကို scree အကျယ်ကြည့်လို့ရအောင် အလိုလျောက် စီစဉ်ပေးလဲ ဖြစ်ပါတယ်။ Skype, iChat နဲ့ ခုထိ တစ်ယောက်တည်းနဲ့သာပြောလို့ရတဲ့ facebook video chat တွေနဲ့ဆင်တူနေပေမယ့်၊ Google+ မှာပါတဲ့တခြား featureတွေကြောင့် သုံးရတာ ပိုကောင်းပါတယ်။

ရုပ်ပုံတွေကိုလည်း မိမိကွန်ပျူတာထဲကနေ dragလုပ်လာပြီး ကိုယ့်ရဲ့ နောက်သတင်းအချက်အလက်တွေ ရေးထားတဲ့ box ထဲထည့်ပေးလိုက်ရုံနဲ့ အလွယ်တကူ ရှယ်လုပ်လို့ရမှာဖြစ်ပြီး၊ တခြားသူတွေရဲ့ ပုံတွေကိုလည်း လှပတဲ့ အနက်ရောင်နောက်ခံ gallery ပေါ်မှာ ကြည့်ရှုလို့ ရနိုင်ပါတယ်။


သို့သော် Google+ မှာလည်း ထုံးစံအတိုင်း စိတ်ရှုပ်စရာလေးတွေကတော့ ရှိနေစဲပါ။ အဲဒါတွေကတော့ Circle တစ်ခုထဲက လူတွေက မိမိရဲ့ private post တွေကို တခြား Circleတွေမှာ ပြန်တင်ပြီး ရှယ်လုပ်လေမလား ဆိုတာမျိုးတွေနဲ့ Circleထဲကနေ ဖယ်ထုတ်ခံလိုက်ရပြီး သူအနေနဲ့ အရင်တင်ထားတဲ့ ပို့စ်တွေကို ကြည့်လို့ရနေဦးမှာလားဆိုတဲ့ စိတ်အနှောက်ယှက်ဖြစ်စရာလေးတွေပါ။

Google ကတော့သူ့ရဲ့ Google+ ကို ပရောဂျက်တစ်ခုလို့ ဆိုပါတယ်။ Google အနေနဲ့ ဆက်လက်ပြီး မွန်းမံမှုတွေ ပြုလုပ်သွားမှာဖြစ်သလို feature အသစ်တွေ ထပ်ထည့်ရင်း ကောင်းသထက်ကောင်းအောင် လုပ်ဆောင်သွားမှာပါ။


ယခု လောလောဆယ် အချိန်အထိ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်လောကကို facebook နဲ့ Twitter တို့က လွှမ်းမိုးမှု အရှိဆုံးဆိုဒ်တွေ ဖြစ်နေပါတယ်။ Google ရဲ့အခု service အသစ်ကလဲ အရမ်းကို ကောင်းမွန်နေပါတယ်။ ခုလောလောဆယ်မှာတင် အောင်မြင်လွှမ်းမိုးလာဦးမယ့် +1လို့ ပြောလို့ရနေပါပြီ။

No comments: