Wednesday, August 3, 2011

ဂျီတော့ပ်မှာစာရိုက်တဲ့အခါတက်လာတဲ့အသံနှင့် ဖုန်းခေါ်တဲ့အသံလေးတွေကို တစ်မျိုးပြောင်းကြည့်ကြမယ်

အခုရန်ကုန်ကအိမ်တွေမှာရှိတဲ့ ကြိုးဖုန်းတွေမှာပဲဖြစ်ဖြစ် လက်ကိုင်ဖုန်းတွေမှာပဲဖြစ်ဖြစ် ဖုန်းလာရင် ကိုယ်ကဖုန်းဆက်ရင် တီးလုံးသံ သီချင်းသံလေးတွေမည်တဲ့ အသံဝန်ဆောင်မှုက ခေတ်စားနေကြတာကြာလာပါပြီ။ ကိုယ်ကြိုက်တဲ့သီချင်းလေးက ထထမည်နေပြီဆိုရင် ဖုန်းလာပြီပေါ့နော်။


အခု ကျွန်တော်တို့ လူငယ်လောကမှာအသုံးများတဲ့ ဂျီတော့ပ်သုံးတဲ့အခါမှာ စာရိုက်တာပဲဖြစ်ဖြစ် ဖုန်းခေါ်တာပဲဖြစ်ဖြစ် တစ်ဖက်က မက်ဆေ့စ်ရိုက်လိုက်လို့ဝင်လာတာပဲဖြစ်ဖြစ် 'တုန်...တုန်'ဆိုတဲ့အသံကလွဲလို့တခြားအသံလေးတွေမမည်တတ်ပါဘူး။ အဲဒါကို ကျွန်တော်တို့နည်းတစ်နည်းသုံးပြီးဖြေရှင်းကြည့်ရအောင်ပါ။


(1)           အရင်ဦးဆုံးတော့ http://Foreverfriends.ning.com/profiles/blogs/gtalk-357 လိပ်စာကို ရှာဖွေဝင်ရောက်ရပါ့မယ်။ ပြီးတော့ resk hacker.exe ဆိုက်ကိုဝင် ဒါမှမဟုတ် http://download.softwaretipspalace.com/Windows/System-Utilities/Text-Document-Editors/Resource-Hacker_183.html ဒါမှမဟုတ် http://www.brothersoft.com/resource-hacker-60545.html မှ resource hacker installer version 3.4.0 ဆိုတာကိုရှာပြီး Download လုပ်ရပါ့မယ်။


(2)           ဖိုင်ကို ကလစ်လုပ်ပြီး open စာလုံးကို ကလစ်ထပ်လုပ်ကာ google talk ဆိုတဲ့ file လေးကိုရှာ၊ open နှင့်ဖွင့်ပေါ့နော်။ တူပုံသဏ္ဌာန်ပေါ်လာရင် ကလစ်ထပ်လုပ်ပေါ့။


(3)           ပုံကျလာရင် wave ကို ကလစ်လုပ်၊ပြီးရင် နံပါတ်(၂) ၁၂၆ကို ကလစ်လုပ် >အစိမ်းရောင်ပန်းပွင့်ပုံမျိုးလေးကို အရင် ကလစ်တစ်ချက်နှိပ် > Play wave ဆိုတာကိုနှိပ်လိုက်တဲ့အခါ ဂျီတော့ပ်ဖုန်းဝင်တဲ့အသံလေးကိုကြားရပါမယ်။


(4)           အဲသည့်အသံကိုပြောင်းဖို့အတွက်တော့ အစိမ်းရောင်ပန်းလေးရဲ့ ဘေးမှာရှိတဲ့ {0} လေးကို Right Click လုပ်ပြီး replace source ဆိုတာကိုကလစ်လုပ်ရပါ့မယ်။ ပြီးရင် type ဆိုတဲ့အကွက်လေးမှာ wave ကိုရိုက်ထည့် Name ဆိုတဲ့အကွက်လေးမှာ 126 ရိုက်၊Language ဆိုတဲ့အကွက်မှာ O ကိုရိုက်ထည့်ရပါမယ်။ အားလုံးပြီးရင် replace ကိုနှိပ်ပေါ့။ ပြီးတဲ့အခါ Play ကိုနှိပ်ကာနားထောင်ကြည့်နိုင်ပါတယ်။


(5)           ဂျီတော့ပ် ပင်ကိုယ်သံအစား တစ်ဖက်လူရဲ့ ခေါ်လိုက်ရင်ကြားရတဲ့အသံကိုပြောင်းချင်ရင်တော့ နံပါတ် ၁၂၅ကိုနှိပ်ပြီး တော့ သည်ပုံစံအတိုင်းလုပ်လိုက်ရပါမယ်။ စိတ်ကြိုက်ပြင်ဆင်ပြီးပြီဆိုရင်တော့ file – save ကို နှိပ်ကာ save လုပ်ရ ပါမယ်။


အထက်ပါ setting တွေချိန်းနေစဉ်မှာ ဂျီတော့ပ်တွေဝင်ထားတာကို ထွက်ထားရပါ့မယ်။ အသုံးပြုမနေရပါဘူး။


Mozilla Firefox မှာ ဂျီတော့ပ်တစ်ခုသုံးလို့ရအောင်


Mozilla Firefox ကိုသုံးနေသူများအဆင်ပြေစေမယ့်နည်းလမ်းလေးတစ်ခုပါပဲ။ Mozilla Firefox 4.0 beta အဆင့်ဝန်းကျင်ရှိသူများက Tools Menu > Add-ons >Get Add-ons မှာသွားပြီး gtalk sidebar ကိုရှာရပါ့မယ်။ တွေ့ရင် Add to Firefox > install add - ons ဆိုတာကို ကလစ်နှိပ် လိုက်ပါ။ ပြီးတော့ Mozilla Firefox Restart လုပ်ပါလိမ့်မယ်။ Mozilla Firefox Browser ကိုဖွင့်ပြီး Gtalk ကိုသုံးချင်တဲ့အခါမှာ Ctrl+G ကိုနှိပ်လိုက်တာနဲ့ Gtalk အသုံးပြု လို့ရမှာပါလို့။

No comments: