Friday, December 4, 2020

Wanton Mee - italian style meatballs spaghetti - Pork Sticks

အသားလုံး စပါဂ်တီ


---------------------------------------------------




အီတလီ စတိုင် အသားလုံး စပါဂ်တီလေးပါ။ အသားလုံး စပါဂ်တီက တမျိုးစားလို့ ကောင်းပါတယ်။ စပါဂ်တီချစ်သူတွေ ကြိုက်နှစ်သက်မယ့် ချက်နည်း အသစ်လေးပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…


---------------------------------------------------


စပါဂ်တီတွင် ပါဝင်ပစ္စည်များ




စပါဂ်တီ ခေါက်ဆွဲထုပ် – တဝက် (၁၅၀ ဂရမ်)


ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ


ရေ – ၂လီတာ


သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ


ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း


Parmansen ချိစ် – ၂ပြား (ဖြူးရန် ခြစ်တံခြစ်ထားပါ)


---------------------------------------------------


အသားလုံး ပါဝင်ပစ္စည်းများ




အမဲသား - ၂၀၀ ဂရမ် ( နှုတ်နှုတ်စဉ်းပါ)


ဝက်သား – ၁၀၀ ဂရမ် ((နှုတ်နှုတ်စဉ်းပါ)


ပါမုန့်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း


ကြက်ဥ – ၁လုံး (ခလောက်ထားပါ)


ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)


ကြက်သွန်နီ – ၃ပုံ၁ပုံ (နှုတ်နှုတ်စဉ်းပါ)


ဆား – လက်ဖက်ရည်ဇွန်း တဝက်


ချိစ် – စားပွဲတင်ဇွန်း ၁ဇွန်းစာ( ခြစ်တံဖြင့် ခြစ်ထားသော)


ပင်စိမ်း - အနည်းငယ် (ပါးပါးလှီးပါ)


တရုတ်နံနံပင် - အနည်းငယ် (ပါးပါးလှီးပါ)


---------------------------------------------------


ဆော့အတွက် ပါဝင်သောပစ္စည်းများ




ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)


ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)


ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တဝက်


ခရမ်းချဉ်သီး အနှစ် (Tomato Paste) – စားပွဲတင်ဇွန်း ၄ဇွန်း


ခရမ်းချဉ်သီး – ၃လုံး (ပြုတ်ပြီ အစေ့ထုတ် အတုံးသေးလေးများ တုံးထားပါ)


ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ


သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း


ငရုတ်ကောင်းမှုန့် (အမဲ) – စားပွဲတင်ဇွန်း တဝက် (ထောင်းပြီးသား အမှုန့်)


သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း


Oregano၊ Thyme – စားပွဲတင်ဇွန်း တဝက်စီ (အနောက်တိုင်း ဟင်းခတ် အမွေးအကြိုင်)


(City Mart Market Place တွင် Oregano, Thyme အမွှေးအကြိုင်များ ဝယ်ယူနိုင်သည်)


---------------------------------------------------


ပြင်ဆင်နည်း




၁။ ဒယ်အိုးတစ်ခုထဲ ရေ(၂လီတာ) ထည့်ကာ ဆူအောင် တည်ထားပါ။




၂။ ပြီနောက် ရေဆူလာလျှင် သံလွင်ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ စပါဂ်တီခေါက်ဆွဲများကို ၁၀မိနစ်မှ ၁၅မိနစ် ထိ ကျက်သည်အထိ ပြုတ်ပေးပါ။




၃။ စပါဂ်တီခေါက်ဆွဲ ကျက်လျှင် ရေအေးပြန်စိမ် ပေးပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။


---------------------------------------------------




ချက်ပြုတ်နည်း




၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (အမဲသား၊ ဝက်သား၊ ပါမုန့်ခြောက်၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချိစ်၊ ပင်စိမ်း၊ တရုတ်နံနံပင်၊ ဆား၊ ကြက်သားမှုန့်) တို့ကို ရောနုယ်ပေးပါ။




၂။ ပြီမှ ပုံတွင်ပါသည့်တိုင်း အသားလုံများ းလုံးပေးပါ။




၃။ ထို့နောက် ဒယ်ထဲထည့်ပြီ pan grill ၁၅မိနစ်ခန့် အဖုံးအုပ်ပြီ ကင်ပေးပါ။ Oven ရှိလျှင် oven ဖြင့်ကင်ပါ။ 




၄။ ကင်ပြီလျှင် အသားလုံးများကို oven ထဲမှ ပြန်ထုတ်ထားပါ။




၅။ ပြီလျှင် ခရမ်းချဉ်သီးဆော့ ချက်ပါမည်။




၆။ ဒယ်ထဲ သံလွင်ဆီ ((စားပွဲတင်ဇွန်း ၄ဇွန်း) ထည့် ကြက်သွန်ဖြူ၊ နီထည့်ဆီသပ် အညှိရောင်သန်းလာသည် အထိ မွှေပေးပြီ ငရုတ်သီးမှုန့်ထည့်ပေးပါ။




ရ။ ပြီးလျှင် အသားလုံး၊ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ်၊ ဆား၊ သကြားတို့ကို ထည့်ပေးပါ။




၈။ ပြီမှ အပေါ်မှ oregano၊ thyme၊ ငရုတ်ကောင်းမှုန့် တို့ကို ဖြူးပေးပါ။




၉။ အသားလုံး ခရမ်းချဉ်သီးဆော့ ရပြီဆိုမှ ဒယ်ထဲ ( ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ) ထည့်ပြီ ဇကာ စစ်ထားသော စပါဂ်တီခေါက်ဆွဲ ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးက အနံ့ရော အရသာပါ ပိုမိုကောင်းမွန်သော စပါ(ဂ်)တီ ခေါက်ဆွဲကို ရရှိမှာပါ။




၁၀။ စပါဂ်တီ တစ်ပွဲစာ ပြင်ရန် ခေါက်ဆွဲ တဝက်ကို ပန်းကန်ပြားထဲ ထည့်လိုက်ပါ။




၁၁။ အသားလုံး ဆော့ရည် တဝက်ကို ထည့်ကာ အပေါ်မှ ချိစ်များ ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…




 မလေးရှားစတိုင် ဖက်ထုပ် ခေါက်ဆွဲ (၄ယောက်စာ)


---------------------------




မလေးရှားမှာ လူကြိုက်များတဲ့ ဖက်ထုပ် ခါက်ဆွဲ လေးပါ။ မလေးရှားလို Wanton Mee လို့ ခေါ်ပါတယ်။ ဒီခေါက်ဆွဲ လုပ်နည်းက လုပ်စားချင်နေတာတော့ ကြာပြီ။ ခုမှ လုပ်စားဖြစ်တာ၊ အိမ်သားတွေ တော်တော်ကြိုက်ကြတယ်။ ခေါက်ဆွဲ အရသာက ချိုပြီ ဝက်သားကင်၊ ဖက်ထုပ်၊ ကိုက်လန်၊ ငရုတ်သီးချဉ် တို့နှင့် တွဲဖက် စားရတာမို့ ထူးခြားကောင်းမွန်ပါတယ်။ ဝက်သားကင်၊ ဖက်ထုပ်၊ ငရုတ်သီးချဉ် လုပ်နည်းတွေပါ ရေးပေးထားတာမို့။ ခုပဲ တူတူလုပ်ကြည့်ရအောင်…


---------------------------


Time Preparation: 4hrs (Grill Pork)၊ 2hrs (Pickled Chilli)၊ Cooking Time: 1hr


---------------------------


ပါဝင်ပစ္စည်းများ




ကြက်ဥ ခေါက်ဆွဲ –  ၃၀၀ ဂရမ် (ရေနွေးဖြင့် ၅မိနစ်ခန့်ပြုတ်ပေး၍၊ ရေအေးပြန်စိမ်ပြီ ဇကာဖြင့် စစ်ထားပါ)


ကိုက်လန် – ၁စည်း (၂လက်မ အရွယ်လေးများ ပိုင်းဖြတ်ပါ) ( ရေနွေးဖြင့် ၂မိနစ်ခန့်ပြုတ်ပြီ ပြန်ဆယ်ထားပါ)




---------------------------


ဖက်ထုပ်တွင် ပါဝင်ပစ္စည်းများ




ဖက်ရွက် – ၁၅ရွက်


ဝက်သား – ၁၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)


ပုဇွန် – ၁၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)


ကြက်ဥ အကာ – စားပွဲတင်ဇွန်း ၁ဇွန်း


ခရုဆီ – စားပွဲတင်ဇွန်း တဝက်


နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း


ဆား – လက်ဖက်ရည်ဇွန်း တဝက်


ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်


သကြား – လက်ဖက်ရည်ဇွန်း တဝက်


ငရုတ်ကောင်းမှုန့် – အနည်းငယ်


---------------------------


ငရုတ်သီးချဉ်တွင် ပါဝင်ပစ္စည်းများ




ငရုတ်သီးတောင့်ရှည် – ၃ခု (ပါးပါးလှီးပါ)


ဗီနီကာ – ခွက် ၃ပုံ၁ပုံ


ဆား – လက်ဖက်ရည်ဇွန်း တဝက်


သကြား – စားပွဲတင်ဇွန်း ၂ဇွန်း


---------------------------


ဆော့ရည်တွင် ပါဝင်ပစ္စည်းများ




ရေ – ၁ခွက်


ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)


ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း


ဆား – လက်ဖက်ရည်ဇွန်း တဝက်


ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း


ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ


ငရုတ်ကောင်းမှုန့် – အနည်းငယ်


---------------------------


ဝက်သားကင်တွင် ပါဝင်ပစ္စည်းများ




ဝက်သား – ၃၀၀ ဂရမ် (အတုံးကြီး ၂တုံး ပိုင်းဖြတ်ပါ)


ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)


ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ


ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ


ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ


ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း


ငရုတ်ကောင်းမှုန့် – အနည်းငယ်


နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း


တရုတ်ဟင်းခတ် အမွှေးအကြိုင် – လက်ဖက်ရည်ဇွန်း တဝက်


Roast Red seasoning မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း (Optional)


(CityMart တွင် Roast red pork mix ထုပ် နှင့် Chinese Five-Spices မှုန့်တို့ကို မေးဝယ်ယူနိုင်သည်)


--------------------------


ဝက်သားကင်နည်း




၁။ အရင်ဆုံး ဝက်သားကင်ရန် ပါဝင်ပစ္စည်းဖြစ်သော (ကြက်သွန်ဖြူ၊ ဆီ၊ ပျားရည်၊ ပဲငံပြာရည်၊ ဝိုင်၊ ငရုတ်ကောင်းမှုန့်၊ red coloring မှုန့်၊ တရုတ်ဟင်းခတ်၊ နှမ်းဆီ၊ ဝက်သား) တို့ကို သမအောင် ရောနုယ်လိုက်ပါ။




၂။ ပြီနောက် ရေခဲသေတ္တာထဲတွင် ထည့်ပြီ ၄နာရီခန့် နုပ်ထားပေးပါ။




မှတ်ချက်။ ။ ဝက်သား နုပ်ထားစဉ်အတွင်း ဖက်ထုပ်၊ ငရုတ်သီးချဉ်တို့ ပြုလုပ်နိုင်သည်။




၃။ ထို့နောက် ဝက်သားကို တဖက် ၁၅မိနစ်ခန့် နာရီဝက်ခန့် မီးကင်ပြား(သို့) Oven ဖြင့် ကင်ပေးပါ။




၄။ ကင်ပြီလျှင် ဝက်သားကင်များကို ပါးပါးလှီးပေးပါ။


---------------------------


ငရုတ်သီးချဉ် ပြုလုပ်နည်း




၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ပါးပါးလှီးထားသော ငရုတ်သီးတောင့်ရှည်များကို ၁မိနစ်ခန့် ရေနွေးဖျော်ပေးပါ။




၂။ ပြီမှ ခွက်တစ်ခုထဲ ဗီနီကာ၊ ဆား၊ သကြား၊ ရောမွှေပါ။




၃။ ထို့နောက် ရေနွေးဖျော်ထားသော ငရုတ်သီးများကို ရေစစ်ပြီ ဗီနီကာ ခွက်ထဲ ထည့်ပြီ ရေခဲသေတ္တာထဲထည့်ကာ ၂နာရီခန့် အချဉ်သိပ်ထားပါ။


---------------------------


ဖက်ထုပ် လုပ်နည်း




၁။ ဖက်ထုပ်တွင် ပါဝင်ပစ္စည်းများဖြစ်သော (ဝက်သား၊ ပုဇွန်၊ ကြက်ဥအကာ၊ ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ နှမ်းဆီ၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောမွှေပါ။




၂။ ပြီလျှင် ဖက်ရွက်အလယ်တွင် ဝက်သား(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။




၃။ ပြီလျှင် ပုံတွင် ပါသည့်အတိုင်း ဖက်ရွက်ထိပ်လေးတွေကို စုပြီ လက်ကို ရေအနည်းငယ်စွတ်ပြီ ဖိလိုက်ပါ။




၄။ ထိုနည်းအတိုင်း ကျန်ဖက်ထုပ်များကို ပြုလုပ်ပါ။




၅။ ဒယ်အိုးထဲ ရေတဝက်ခန့်ထည့်ပြီ ရေဆူလာလျှင် ဖက်ထုပ်များကို ကျက်သည်အထိ ၂မိနစ်ခန့် ထည့်ပြုတ်ပြီ ပြန်ဆယ်ထားပါ။


---------------------------


ဆော့ရည် ချက်နည်း




၁။ ဆော့ရည် ချက်ရန် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပါ။




၂။ ပြီမှ (ရေ(၁ခွက်)၊ ပဲငံပြာရည်၊ ကြက်သားမှုန်ပ၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်)တို့ကို ထည့်ပြီ ၁မိနစ်ခန့် တည်ထားပါ။


---------------------------


ခေါက်ဆွဲ ပြုလုပ်နည်း




၁။ ခေါက်ဆွဲအတွက် ပြင်ဆင်ရန် ဇလုံတစ်ခုထဲတွင် (ခေါက်ဆွဲ ၁ယောက်စာ၊ ဆော့ရည်(စားပွဲတင်ဇွန်း ၈ဇွန်း)၊ ပဲငံပြာရည် အချို(အနောက်)(စားပွဲတင်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)၊ သကြား(လက်ဖက်ရည်ဇွန်း တဝက်)) တို့ကိုထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။




၂။ ပြီလျှင် ထိုခေါက်ဆွဲများကို ပန်းကန်ပြားပေါ်သို့ တင်လိုက်ပါ။




၃။ ပြီမှ ခေါက်ဆွဲကို ကိုက်လန်၊ ဝက်သားကင်၊ ဖက်ထုပ်၊ ငရုတ်သီးချဉ်တို့ဖြင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ…




ဝက်သား ဒုတ်ထိုး

---------------------------------------




ဒီနေ့ အိမ်မှာ ဝတ်ရည် အထူးစပယ်ရှယ် ဝက်သား ဒုတ်ထိုးလုပ်စား ဖြစ်ပါတယ် 😋😋😋 ဒုတ်ထိုး အရမ်းစားကောင်းတာမို့ ချစ်ညီအစ်မ၊ ညီအစ်ကို၊ ဦးဦး၊ အန်တီတို့ အတွက် ချက်နည်းလေး ပြန်လည် ဝေမျှပေးလိုက်ပါတယ်ရှင့် 🥰🥰🥰 

---------------------------------------

ပါဝင်သောပစ္စည်းများ


ကိုယ်ကြိုက်နှစ်သက်ရာ ဝက်အစုံ (ဝက်အူမ၊ အူချို၊ အူပိတ်၊ ဝက်နားရွက်၊ ဝက်အရွတ်၊ လျှာ၊ ဝက်ကလီစာ၊ ဝက်အသဲ၊ ဝက်အူ၊ ဝက်သား) – ၁ပိသာ

ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ထားပါ)

ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း

ပျားရည် – စားပွဲတင်ဇွန်း ၁၀ဇွန်း

ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၅ဇွန်း

ရှာလကာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ကြက်သားမှုန့် – လကဖက်ရည်ဇွန်း ၂ဇွန်း

သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

အချိုမှုန့် – လက်ဖက်ရည်ဇွန်း တဝက်

နတ်နတ်ပွင့် – ၇ခု

သစ်ဂျပိုး – ၄ခု

ကလဝေရွက် – ၆ခု

နတ်မတ် (ဇာဒီပ္ဖိုလ်သီး) – ၂ခု (ခြစ်ထည့်ပေးပါ)

---------------------------------------

ချက်ပြုတ်နည်း


၁။ ဝက်အစုံ အရင်သန့်စင်အောင် ဆေးကြောပါ။ ဝက်အူမအတွက် ဝက်အူကို ပြောင်းပြန်လှန်ပြီ ၃ထပ်လောက် အစာသွပ်ပေးပါ။


၂။ ပြီးလျှင် ဝက်အစုံအားလုံးကို ( ဆား၊ ကြက်သားမှုန့်၊ သကြား၊ အချိုမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့်၊ သစ်ဂျပိုး၊ ကလဝေရွက်၊ နတ်မတ် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။


၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။


၄။ ပြီးမှ ဒယ်အိုးကြီးထဲ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့် နုယ်ထားသော ဝက်အစုံကို ၂မိနစ်ခန့် အရောင်ရသည်အထိ ရောမွှေပေးပါ။


၅။ ဆီပြန်လျှင် ရေကို ဝက်အစုံမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ပထမ တစ်ရေဆီပြန်လာလျှင် အသဲ၊ နှလုံး၊ လျှာတို့ကို ပြန်ဆယ်ထားပါ။


၆။ ပြီနောက် ပြုတ်ထားသော ကြက်ဥ ၂လုံးကို ထည့်ပြီ ဝက်အစုံ နောက်ထပ် ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး ကျက်သည်အထိ အဖုံးအုပ်ပြီ တည်ပေးပါ။


၅။ ဝက်အစုံ ကျက်၍ ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။


၆။ ထို့နောက် ဝက်အစုံကို ဓားဖြင့် ခပ်ပါးပါးလှီးပေးပြီ အပေါ်က ဆော့ရည်များ လောင်းထည့်ပါ။


၈။ ပြီးလျှင် ဝက်သားကို တုတ်ထိုး ပေးပါ။ အိမ်တွင် အလွယ်တကူလုပ်စားနိုင်မည့် ဝက်သားတုတ်ထိုးရရှိပါသည်။


၉။ ဝက်သားတုတ်ထိုးကို ငရုတ်သီးဆော့၊ ကြာဇံကြော်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ တို့ဖြင့် အရသာရှိစွာ တွဲဖက်စားနိုင်ပါသည်။

---------------------------------------

ကြာဇံကြော်တွင် ပါဝင်ပစ္စည်းများ


ဆန်ကြာဇံ -၄၀၀ ဂရမ်

ဂေါ်ဖီ – တစိတ်(လက်မဝက်အရွယ်များ ပိုင်းဖြတ်ပါ)

မုန်လာဥနီ – ၂ခု (အခွံနွှာပြီ အဝိုင်း ပါးပါးလှီးပြီ ၄ပိုင်းပိုင်းပေးပါ)

ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)

ကြက်သွန်မြိတ် – ၁စည်း (၁လက်မအရွယ် လှီးပါ)

ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း

ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း တဝက်

သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

---------------------------------------

ကြာဇံကြော်နည်း


၁။ အရင်ဆုံး ကြာဇံ( ဂရမ်)ကို ရေ၁၅မိနစ်ခန့် စိမ်ထားပါ။ ပြီလျှင် ဇကာဖြင့် ကြာဇံများ ရေပြန်စစ်ပေးထားပါ။


၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။


၃။ ထို့နောက် ဂေါ်ဖီ၊ မုန်လာဥနီ၊ ရေ(ခွက်၃ပုံ၁ပုံ)၊ ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ ဆား၊ သကြား) တို့ကို ထည့်ပြီ ၁မိစန်ခန့် တည်ထားပါ။


၄။ ပြီလျှင် ဆန်ကြာဇံ ထည့်ပြီ သမအောင် ရောမွှေပေးပါ။


၅။ အရသာအနေတော်လျှင် ကြက်သွန်မြိတ်များ ဖြူပေးပြီ ဝက်သားဒုတ်ထိုးနဲ့ တွဲဖက် သုံးဆောင်လို့ရပါပြီ…

---------------------------------------

ဆော့ပြုနည်း


၁။ ဆော့ပြုလုပ်ရန် (Tan Choon Hwa) ငရုတ်သီးဆော့ဘူး တဝက်ကို ဒယ်ထဲ ထည့်ပြီ သကြား(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပြီ မီးပိတ်လိုက်ပါ။


မှတ်ချက် ။ ။ Tan Choon Hwa ငရုတ်သီးဆော့ဗူးကို ဈေးမှာပင် အလွယ်တကူ မေးဝယ်နိုင်ပါသည်။


၂။ ဝက်သားတုတ်ထိုးနဲ့ တွဲဖက်စားသုံးရန် ငရုတ်သီးဆော့ရပါပြီ...


Chef: Wutyee Foodhouse 


(Zawgyi) 

အသားလုံး စပါဂ္တီ

---------------------------------------------------




အီတလီ စတိုင္ အသားလုံး စပါဂ္တီေလးပါ။ အသားလုံး စပါဂ္တီက တမ်ိဳးစားလို့ ေကာင္းပါတယ္။ စပါဂ္တီခ်စ္သူေတြ ႀကိဳက္ႏွစ္သက္မယ့္ ခ်က္နည္း အသစ္ေလးပါ။ ခုပဲ တူတူလုပ္ၾကည့္ရေအာင္…

---------------------------------------------------

စပါဂ္တီတြင္ ပါဝင္ပစၥည္မ်ား


စပါဂ္တီ ေခါက္ဆြဲထုပ္ – တဝက္ (၁၅၀ ဂရမ္)

ေထာပတ္ – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ

ေရ – ၂လီတာ

သံလြင္ဆီ – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ

ဆား – လက္ဖက္ရည္ဇြန္း ၁ဇြန္း

Parmansen ခ်ိစ္ – ၂ျပား (ျဖဴးရန္ ျခစ္တံျခစ္ထားပါ)

---------------------------------------------------

အသားလုံး ပါဝင္ပစၥည္းမ်ား


အမဲသား - ၂၀၀ ဂရမ္ ( ႏွုတ္ႏွုတ္စဥ္းပါ)

ဝက္သား – ၁၀၀ ဂရမ္ ((ႏွုတ္ႏွုတ္စဥ္းပါ)

ပါမုန႔္ေျခာက္ – စားပြဲတင္ဇြန္း ၁ဇြန္း

ၾကက္ဥ – ၁လုံး (ခေလာက္ထားပါ)

ၾကက္သြန္ျဖဴ – ၂မႊာ (ႏွုတ္ႏွုတ္စဥ္းပါ)

ၾကက္သြန္နီ – ၃ပုံ၁ပုံ (ႏွုတ္ႏွုတ္စဥ္းပါ)

ဆား – လက္ဖက္ရည္ဇြန္း တဝက္

ခ်ိစ္ – စားပြဲတင္ဇြန္း ၁ဇြန္းစာ( ျခစ္တံျဖင့္ ျခစ္ထားေသာ)

ပင္စိမ္း - အနည္းငယ္ (ပါးပါးလွီးပါ)

တ႐ုတ္နံနံပင္ - အနည္းငယ္ (ပါးပါးလွီးပါ)

---------------------------------------------------

ေဆာ့အတြက္ ပါဝင္ေသာပစၥည္းမ်ား


ၾကက္သြန္နီ – ၁လုံး (ႏွုတ္ႏွုတ္စဥ္းပါ)

ၾကက္သြန္ျဖဴ – ၂မႊာ (ႏွုတ္ႏွုတ္စဥ္းပါ)

င႐ုတ္သီးမွုန႔္ – လက္ဖက္ရည္ဇြန္း တဝက္

ခရမ္းခ်ဥ္သီး အႏွစ္ (Tomato Paste) – စားပြဲတင္ဇြန္း ၄ဇြန္း

ခရမ္းခ်ဥ္သီး – ၃လုံး (ျပဳတ္ၿပီ အေစ့ထုတ္ အတုံးေသးေလးမ်ား တုံးထားပါ)

ဆား – လက္ဖက္ရည္ဇြန္း ၂ဇြန္းခြဲ

သၾကား – လက္ဖက္ရည္ဇြန္း ၂ဇြန္း

င႐ုတ္ေကာင္းမွုန႔္ (အမဲ) – စားပြဲတင္ဇြန္း တဝက္ (ေထာင္းၿပီးသား အမွုန႔္)

သံလြင္ဆီ – စားပြဲတင္ဇြန္း ၄ဇြန္း

Oregano၊ Thyme – စားပြဲတင္ဇြန္း တဝက္စီ (အေနာက္တိုင္း ဟင္းခတ္ အေမြးအႀကိဳင္)

(City Mart Market Place တြင္ Oregano, Thyme အေမႊးအႀကိဳင္မ်ား ဝယ္ယူနိုင္သည္)

---------------------------------------------------

ျပင္ဆင္နည္း


၁။ ဒယ္အိုးတစ္ခုထဲ ေရ(၂လီတာ) ထည့္ကာ ဆူေအာင္ တည္ထားပါ။


၂။ ၿပီေနာက္ ေရဆူလာလၽွင္ သံလြင္ဆီ(စားပြဲတင္ဇြန္း ၁ဇြန္း)၊ ဆား(လက္ဖက္ရည္ဇြန္း ၁ဇြန္း) တို့ကို ထည့္ေပးၿပီ စပါဂ္တီေခါက္ဆြဲမ်ားကို ၁၀မိနစ္မွ ၁၅မိနစ္ ထိ က်က္သည္အထိ ျပဳတ္ေပးပါ။


၃။ စပါဂ္တီေခါက္ဆြဲ က်က္လၽွင္ ေရေအးျပန္စိမ္ ေပးၿပီ ဇကာျဖင့္ ျပန္စစ္ေပးပါ။

---------------------------------------------------


ခ်က္ျပဳတ္နည္း


၁။ အရင္ဆုံး ေဇာက္ခြက္တစ္ခုထဲတြင္ (အမဲသား၊ ဝက္သား၊ ပါမုန႔္ေျခာက္၊ ၾကက္ဥ၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်ိစ္၊ ပင္စိမ္း၊ တ႐ုတ္နံနံပင္၊ ဆား၊ ၾကက္သားမွုန႔္) တို့ကို ေရာႏုယ္ေပးပါ။


၂။ ၿပီမွ ပုံတြင္ပါသည့္တိုင္း အသားလုံမ်ား းလုံးေပးပါ။


၃။ ထို့ေနာက္ ဒယ္ထဲထည့္ၿပီ pan grill ၁၅မိနစ္ခန႔္ အဖုံးအုပ္ၿပီ ကင္ေပးပါ။ Oven ရွိလၽွင္ oven ျဖင့္ကင္ပါ။ 


၄။ ကင္ၿပီလၽွင္ အသားလုံးမ်ားကို oven ထဲမွ ျပန္ထုတ္ထားပါ။


၅။ ၿပီလၽွင္ ခရမ္းခ်ဥ္သီးေဆာ့ ခ်က္ပါမည္။


၆။ ဒယ္ထဲ သံလြင္ဆီ ((စားပြဲတင္ဇြန္း ၄ဇြန္း) ထည့္ ၾကက္သြန္ျဖဴ၊ နီထည့္ဆီသပ္ အညႇိေရာင္သန္းလာသည္ အထိ ေမႊေပးၿပီ င႐ုတ္သီးမွုန႔္ထည့္ေပးပါ။


ရ။ ၿပီးလၽွင္ အသားလုံး၊ ခရမ္းခ်ဥ္သီး၊ ခရမ္းခ်ဥ္သီးအႏွစ္၊ ဆား၊ သၾကားတို့ကို ထည့္ေပးပါ။


၈။ ၿပီမွ အေပၚမွ oregano၊ thyme၊ င႐ုတ္ေကာင္းမွုန္႔္ တို့ကို ျဖဴးေပးပါ။


၉။ အသားလုံး ခရမ္းခ်ဥ္သီးေဆာ့ ရၿပီဆိုမွ ဒယ္ထဲ ( ေထာပတ္(စားပြဲတင္ဇြန္း ၁ဇြန္းခြဲ) ထည့္ၿပီ ဇကာ စစ္ထားေသာ စပါဂ္တီေခါက္ဆြဲ ထည့္ကာ ၁မိနစ္ခန႔္ ေရာေမႊေပးက အနံ့ေရာ အရသာပါ ပိုမိုေကာင္းမြန္ေသာ စပါ(ဂ္)တီ ေခါက္ဆြဲကို ရရွိမွာပါ။


၁၀။ စပါဂ္တီ တစ္ပြဲစာ ျပင္ရန္ ေခါက္ဆြဲ တဝက္ကို ပန္းကန္ျပားထဲ ထည့္လိုက္ပါ။


၁၁။ အသားလုံး ေဆာ့ရည္ တဝက္ကို ထည့္ကာ အေပၚမွ ခ်ိစ္မ်ား ျဖဴးေပးၿပီ အရသာရွိစြာ သုံးေဆာင္နိုင္ပါၿပီ…


 မေလးရွားစတိုင္ ဖက္ထုပ္ ေခါက္ဆြဲ (၄ေယာက္စာ)

---------------------------




မေလးရွားမွာ လူႀကိဳက္မ်ားတဲ့ ဖက္ထုပ္ ခါက္ဆြဲ ေလးပါ။ မေလးရွားလို Wanton Mee လို့ ေခၚပါတယ္။ ဒီေခါက္ဆြဲ လုပ္နည္းက လုပ္စားခ်င္ေနတာေတာ့ ၾကာၿပီ။ ခုမွ လုပ္စားျဖစ္တာ၊ အိမ္သားေတြ ေတာ္ေတာ္ႀကိဳက္ၾကတယ္။ ေခါက္ဆြဲ အရသာက ခ်ိဳၿပီ ဝက္သားကင္၊ ဖက္ထုပ္၊ ကိုက္လန္၊ င႐ုတ္သီးခ်ဥ္ တို့ႏွင့္ တြဲဖက္ စားရတာမို့ ထူးျခားေကာင္းမြန္ပါတယ္။ ဝက္သားကင္၊ ဖက္ထုပ္၊ င႐ုတ္သီးခ်ဥ္ လုပ္နည္းေတြပါ ေရးေပးထားတာမို့။ ခုပဲ တူတူလုပ္ၾကည့္ရေအာင္…

---------------------------

Time Preparation: 4hrs (Grill Pork)၊ 2hrs (Pickled Chilli)၊ Cooking Time: 1hr

---------------------------

ပါဝင္ပစၥည္းမ်ား


ၾကက္ဥ ေခါက္ဆြဲ –  ၃၀၀ ဂရမ္ (ေရေႏြးျဖင့္ ၅မိနစ္ခန႔္ျပဳတ္ေပး၍၊ ေရေအးျပန္စိမ္ၿပီ ဇကာျဖင့္ စစ္ထားပါ)

ကိုက္လန္ – ၁စည္း (၂လက္မ အရြယ္ေလးမ်ား ပိုင္းျဖတ္ပါ) ( ေရေႏြးျဖင့္ ၂မိနစ္ခန႔္ျပဳတ္ၿပီ ျပန္ဆယ္ထားပါ)

---------------------------

ဖက္ထုပ္တြင္ ပါဝင္ပစၥည္းမ်ား


ဖက္ရြက္ – ၁၅ရြက္

၀က္သား – ၁၀၀ ဂရမ္ (ႏွုတ္ႏွုတ္စဥ္းပါ)

ပုဇြန္ – ၁၀၀ ဂရမ္ (ႏွုတ္ႏွုတ္စဥ္းပါ)

ၾကက္ဥ အကာ – စားပြဲတင္ဇြန္း ၁ဇြန္း

ခ႐ုဆီ – စားပြဲတင္ဇြန္း တဝက္

ႏွမ္းဆီ – လက္ဖက္ရည္ဇြန္း ၁ဇြန္း

ဆား – လက္ဖက္ရည္ဇြန္း တဝက္

ၾကက္သားမွုန႔္ – လက္ဖက္ရည္ဇြန္း တဝက္

သၾကား – လက္ဖက္ရည္ဇြန္း တဝက္

င႐ုတ္ေကာင္းမွုန႔္ – အနည္းငယ္

---------------------------

င႐ုတ္သီးခ်ဥ္တြင္ ပါဝင္ပစၥည္းမ်ား


င႐ုတ္သီးေတာင့္ရွည္ – ၃ခု (ပါးပါးလွီးပါ)

ဗီနီကာ – ခြက္ ၃ပုံ၁ပုံ

ဆား – လက္ဖက္ရည္ဇြန္း တဝက္

သၾကား – စားပြဲတင္ဇြန္း ၂ဇြန္း

---------------------------

ေဆာ့ရည္တြင္ ပါဝင္ပစၥည္းမ်ား


ေရ – ၁ခြက္

ၾကက္သြန္ျဖဴ – ၂မႊာ (ႏွုတ္ႏွုတ္စဥ္းပါ)

ပဲငံျပာရည္ – လက္ဖက္ရည္ဇြန္း ၂ဇြန္း

ဆား – လက္ဖက္ရည္ဇြန္း တဝက္

ၾကက္သားမွုန႔္ – လက္ဖက္ရည္ဇြန္း ၁ဇြန္း

ခ႐ုဆီ – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ

င႐ုတ္ေကာင္းမွုန႔္ – အနည္းငယ္

---------------------------

၀က္သားကင္တြင္ ပါဝင္ပစၥည္းမ်ား


၀က္သား – ၃၀၀ ဂရမ္ (အတုံးႀကီး ၂တုံး ပိုင္းျဖတ္ပါ)

ၾကက္သြန္ျဖဴ – ၂မႊာ (ႏွုတ္ႏွုတ္စဥ္းပါ)

ဆီ – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ

ပ်ားရည္ – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ

ပဲငံျပာရည္ – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ

ဆန္ဝိုင္ – စားပြဲတင္ဇြန္း ၁ဇြန္း

င႐ုတ္ေကာင္းမွုန႔္ – အနည္းငယ္

ႏွမ္းဆီ – လက္ဖက္ရည္ဇြန္း ၁ဇြန္း

တ႐ုတ္ဟင္းခတ္ အေမႊးအႀကိဳင္ – လက္ဖက္ရည္ဇြန္း တဝက္

Roast Red seasoning မွုန႔္ – စားပြဲတင္ဇြန္း ၁ဇြန္း (Optional)

(CityMart တြင္ Roast red pork mix ထုပ္ ႏွင့္ Chinese Five-Spices မွုန႔္တို့ကို ေမးဝယ္ယူနိုင္သည္)

--------------------------

၀က္သားကင္နည္း


၁။ အရင္ဆုံး ဝက္သားကင္ရန္ ပါဝင္ပစၥည္းျဖစ္ေသာ (ၾကက္သြန္ျဖဴ၊ ဆီ၊ ပ်ားရည္၊ ပဲငံျပာရည္၊ ဝိုင္၊ င႐ုတ္ေကာင္းမွုန႔္၊ red coloring မွုန႔္၊ တ႐ုတ္ဟင္းခတ္၊ ႏွမ္းဆီ၊ ဝက္သား) တို့ကို သမေအာင္ ေရာႏုယ္လိုက္ပါ။


၂။ ၿပီေနာက္ ေရခဲေသတၱာထဲတြင္ ထည့္ၿပီ ၄နာရီခန႔္ ႏုပ္ထားေပးပါ။


မွတ္ခ်က္။ ။ ဝက္သား ႏုပ္ထားစဥ္အတြင္း ဖက္ထုပ္၊ င႐ုတ္သီးခ်ဥ္တို့ ျပဳလုပ္နိုင္သည္။


၃။ ထို့ေနာက္ ဝက္သားကို တဖက္ ၁၅မိနစ္ခန႔္ နာရီဝက္ခန႔္ မီးကင္ျပား(သို့) Oven ျဖင့္ ကင္ေပးပါ။


၄။ ကင္ၿပီလၽွင္ ဝက္သားကင္မ်ားကို ပါးပါးလွီးေပးပါ။

---------------------------

င႐ုတ္သီးခ်ဥ္ ျပဳလုပ္နည္း


၁။ အရင္ဆုံး ခြက္တစ္ခုထဲတြင္ ပါးပါးလွီးထားေသာ င႐ုတ္သီးေတာင့္ရွည္မ်ားကို ၁မိနစ္ခန႔္ ေရေႏြးေဖ်ာ္ေပးပါ။


၂။ ၿပီမွ ခြက္တစ္ခုထဲ ဗီနီကာ၊ ဆား၊ သၾကား၊ ေရာေမႊပါ။


၃။ ထို့ေနာက္ ေရေႏြးေဖ်ာ္ထားေသာ င႐ုတ္သီးမ်ားကို ေရစစ္ၿပီ ဗီနီကာ ခြက္ထဲ ထည့္ၿပီ ေရခဲေသတၱာထဲထည့္ကာ ၂နာရီခန႔္ အခ်ဥ္သိပ္ထားပါ။

---------------------------

ဖက္ထုပ္ လုပ္နည္း


၁။ ဖက္ထုပ္တြင္ ပါဝင္ပစၥည္းမ်ားျဖစ္ေသာ (ဝက္သား၊ ပုဇြန္၊ ၾကက္ဥအကာ၊ ပဲငံျပာရည္၊ ခ႐ုဆီ၊ ဆား၊ ၾကက္သားမွုန႔္၊ ႏွမ္းဆီ၊ သၾကား၊ င႐ုတ္ေကာင္းမွုန႔္) တို့ကို သမေအာင္ ေရာေမႊပါ။


၂။ ၿပီလၽွင္ ဖက္ရြက္အလယ္တြင္ ဝက္သား(စားပြဲတင္ဇြန္း ၁ဇြန္း) ထည့္ပါ။


၃။ ၿပီလၽွင္ ပုံတြင္ ပါသည့္အတိုင္း ဖက္ရြက္ထိပ္ေလးေတြကို စုၿပီ လက္ကို ေရအနည္းငယ္စြတ္ၿပီ ဖိလိုက္ပါ။


၄။ ထိုနည္းအတိုင္း က်န္ဖက္ထုပ္မ်ားကို ျပဳလုပ္ပါ။


၅။ ဒယ္အိုးထဲ ေရတဝက္ခန႔္ထည့္ၿပီ ေရဆူလာလၽွင္ ဖက္ထုပ္မ်ားကို က်က္သည္အထိ ၂မိနစ္ခန႔္ ထည့္ျပဳတ္ၿပီ ျပန္ဆယ္ထားပါ။

---------------------------

ေဆာ့ရည္ ခ်က္နည္း


၁။ ေဆာ့ရည္ ခ်က္ရန္ ဒယ္ထဲ ဆီ(စားပြဲတင္ဇြန္း ၂ဇြန္း) ထည့္ၿပီ ၾကက္သြန္ျဖဴ ဆီသပ္ပါ။


၂။ ၿပီမွ (ေရ(၁ခြက္)၊ ပဲငံျပာရည္၊ ၾကက္သားမွုန္ပ၊ ခ႐ုဆီ၊ င႐ုတ္ေကာင္းမွုန႔္)တို့ကို ထည့္ၿပီ ၁မိနစ္ခန႔္ တည္ထားပါ။

---------------------------

ေခါက္ဆြဲ ျပဳလုပ္နည္း


၁။ ေခါက္ဆြဲအတြက္ ျပင္ဆင္ရန္ ဇလုံတစ္ခုထဲတြင္ (ေခါက္ဆြဲ ၁ေယာက္စာ၊ ေဆာ့ရည္(စားပြဲတင္ဇြန္း ၈ဇြန္း)၊ ပဲငံျပာရည္ အခ်ိဳ(အေနာက္)(စားပြဲတင္ဇြန္း ၁ဇြန္း)၊ ႏွမ္းဆီ(လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ဆား(လက္ဖက္ရည္ဇြန္း ၄ပုံ၁ပုံ)၊ သၾကား(လက္ဖက္ရည္ဇြန္း တဝက္)) တို့ကိုထည့္ၿပီ သမေအာင္ ေရာေမႊလိုက္ပါ။


၂။ ၿပီလၽွင္ ထိုေခါက္ဆြဲမ်ားကို ပန္းကန္ျပားေပၚသို့ တင္လိုက္ပါ။


၃။ ၿပီမွ ေခါက္ဆြဲကို ကိုက္လန္၊ ဝက္သားကင္၊ ဖက္ထုပ္၊ င႐ုတ္သီးခ်ဥ္တို့ျဖင့္ အရသာရွိစြာ တြဲဖက္သုံးေဆာင္နိုင္ပါၿပီ…


၀က္သား ဒုတ္ထိုး
---------------------------------------




ဒီေန႔ အိမ္မွာ ၀တ္ရည္ အထူးစပယ္ရွယ္ ၀က္သား ဒုတ္ထိုးလုပ္စား ျဖစ္ပါတယ္ 😋😋😋 ဒုတ္ထိုး အရမ္းစားေကာင္းတာမို့ ခ်စ္ညီအစ္မ၊ ညီအစ္ကို၊ ဦးဦး၊ အန္တီတို့ အတြက္ ခ်က္နည္းေလး ျပန္လည္ ေ၀မၽွေပးလိုက္ပါတယ္ရွင့္ 🥰🥰🥰
---------------------------------------
ပါဝင္ေသာပစၥည္းမ်ား

ကိုယ္ႀကိဳက္ႏွစ္သက္ရာ ဝက္အစုံ (ဝက္အူမ၊ အူခ်ိဳ၊ အူပိတ္၊ ဝက္နားရြက္၊ ဝက္အရြတ္၊ လၽွာ၊ ဝက္ကလီစာ၊ ဝက္အသဲ၊ ဝက္အူ၊ ဝက္သား) – ၁ပိသာ
ၾကက္ဥ – ၂လုံး (က်က္ေအာင္ ျပဳတ္ထားပါ)
ခ႐ုဆီ – စားပြဲတင္ဇြန္း ၅ဇြန္း
ပ်ားရည္ – စားပြဲတင္ဇြန္း ၁၀ဇြန္း
ပဲငံျပာရည္ အေနာက္ – စားပြဲတင္ဇြန္း ၅ဇြန္း
ရွာလကာရည္ – စားပြဲတင္ဇြန္း ၄ဇြန္း
ဆား – လက္ဖက္ရည္ဇြန္း ၂ဇြန္း
ၾကက္သားမွုန႔္ – လကဖက္ရည္ဇြန္း ၂ဇြန္း
သၾကား – စားပြဲတင္ဇြန္း ၂ဇြန္း
အခ်ိဳမွုန႔္ – လက္ဖက္ရည္ဇြန္း တဝက္
နတ္နတ္ပြင့္ – ၇ခု
သစ္ဂ်ပိုး – ၄ခု
ကလေဝရြက္ – ၆ခု
နတ္မတ္ (ဇာဒီပၹိဳလ္သီး) – ၂ခု (ျခစ္ထည့္ေပးပါ)
---------------------------------------
ခ်က္ျပဳတ္နည္း

၁။ ဝက္အစုံ အရင္သန႔္စင္ေအာင္ ေဆးေၾကာပါ။ ဝက္အူမအတြက္ ဝက္အူကို ေျပာင္းျပန္လွန္ၿပီ ၃ထပ္ေလာက္ အစာသြပ္ေပးပါ။

၂။ ၿပီးလၽွင္ ဝက္အစုံအားလုံးကို ( ဆား၊ ၾကက္သားမွုန႔္၊ သၾကား၊ အခ်ိဳမွုန႔္၊ ခ႐ုဆီ၊ ပဲငံျပာရည္အေနာက္၊ ပ်ားရည္၊ ရွာလကာရည္၊ နတ္နတ္ပြင့္၊ သစ္ဂ်ပိုး၊ ကလေဝရြက္၊ နတ္မတ္ ) ထည့္ေရာႏုယ္ေပးၿပီး ၃နာရီခန႔္ ေရခဲေသတၱာထဲတြင္ ႏုပ္ထားေပးပါ။

၃။ မခ်က္ခင္ ေရခဲေသတၱာထဲမွ နာရီဝက္ခန႔္ ႀကိဳထုတ္ထားပါ။

၄။ ၿပီးမွ ဒယ္အိုးႀကီးထဲ ဆီ(စားပြဲတင္ဇြန္း ၅ဇြန္း) ထည့္ ႏုယ္ထားေသာ ဝက္အစုံကို ၂မိနစ္ခန႔္ အေရာင္ရသည္အထိ ေရာေမႊေပးပါ။

၅။ ဆီျပန္လၽွင္ ေရကို ဝက္အစုံျမဳပ္သည္အထိထည့္ မီးျပင္းျပင္းျဖင့္တည္ထားေပးပါ။ ပထမ တစ္ေရဆီျပန္လာလၽွင္ အသဲ၊ ႏွလုံး၊ လၽွာတို့ကို ျပန္ဆယ္ထားပါ။

၆။ ၿပီေနာက္ ျပဳတ္ထားေသာ ၾကက္ဥ ၂လုံးကို ထည့္ၿပီ ဝက္အစုံ ေနာက္ထပ္ ၃ႀကိမ္ခန႔္ ေရထပ္ထည့္ၿပီး က်က္သည္အထိ အဖုံးအုပ္ၿပီ တည္ေပးပါ။

၅။ ဝက္အစုံ က်က္၍ ဆီျပန္လာၿပီးဆိုလၽွင္ ေဆာ့ရည္အနည္းငယ္ခ်န္၍ မီးပိတ္လိုက္ပါ။

၆။ ထို့ေနာက္ ဝက္အစုံကို ဓားျဖင့္ ခပ္ပါးပါးလွီးေပးၿပီ အေပၚက ေဆာ့ရည္မ်ား ေလာင္းထည့္ပါ။

၈။ ၿပီးလၽွင္ ဝက္သားကို တုတ္ထိုး ေပးပါ။ အိမ္တြင္ အလြယ္တကူလုပ္စားနိုင္မည့္ ဝက္သားတုတ္ထိုးရရွိပါသည္။

၉။ ဝက္သားတုတ္ထိုးကို င႐ုတ္သီးေဆာ့၊ ၾကာဇံေၾကာ္၊ င႐ုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴ တို့ျဖင့္ အရသာရွိစြာ တြဲဖက္စားနိုင္ပါသည္။
---------------------------------------
ၾကာဇံေၾကာ္တြင္ ပါဝင္ပစၥည္းမ်ား

ဆန္ၾကာဇံ -၄၀၀ ဂရမ္
ေဂၚဖီ – တစိတ္(လက္မဝက္အရြယ္မ်ား ပိုင္းျဖတ္ပါ)
မုန္လာဥနီ – ၂ခု (အခြံႏႊာၿပီ အဝိုင္း ပါးပါးလွီးၿပီ ၄ပိုင္းပိုင္းေပးပါ)
ၾကက္သြန္ျဖဴ – ၂မႊာ (ပါးပါးလွီးပါ)
ၾကက္သြန္ၿမိတ္ – ၁စည္း (၁လက္မအရြယ္ လွီးပါ)
ပဲငံျပာရည္ အၾကည္ – စားပြဲတင္ဇြန္း ၂ဇြန္း
ပဲငံျပာရည္ အေနာက္ – စားပြဲတင္ဇြန္း ၁ဇြန္း
ဆား – လက္ဖက္ရည္ဇြန္း တဝက္
သၾကား – လက္ဖက္ရည္ဇြန္း ၁ဇြန္း
---------------------------------------
ၾကာဇံေၾကာ္နည္း

၁။ အရင္ဆုံး ၾကာဇံ( ဂရမ္)ကို ေရ၁၅မိနစ္ခန႔္ စိမ္ထားပါ။ ၿပီလၽွင္ ဇကာျဖင့္ ၾကာဇံမ်ား ေရျပန္စစ္ေပးထားပါ။

၂။ ဒယ္ထဲ ဆီ(စားပြဲတင္ဇြန္း ၃ဇြန္း) ထည့္ၿပီ ဆီပူလာလၽွင္ ၾကက္သြန္ျဖဴ ဆီသပ္ေပးပါ။

၃။ ထို့ေနာက္ ေဂၚဖီ၊ မုန္လာဥနီ၊ ေရ(ခြက္၃ပုံ၁ပုံ)၊ ပဲငံျပာရည္(အၾကည္)၊ ပဲငံျပာရည္(အေနာက္)၊ ဆား၊ သၾကား) တို့ကို ထည့္ၿပီ ၁မိစန္ခန႔္ တည္ထားပါ။

၄။ ၿပီလၽွင္ ဆန္ၾကာဇံ ထည့္ၿပီ သမေအာင္ ေရာေမႊေပးပါ။

၅။ အရသာအေနေတာ္လၽွင္ ၾကက္သြန္ၿမိတ္မ်ား ျဖဴေပးၿပီ ဝက္သားဒုတ္ထိုးနဲ႔ တြဲဖက္ သုံးေဆာင္လို့ရပါၿပီ…
---------------------------------------
ေဆာ့ျပဳနည္း

၁။ ေဆာ့ျပဳလုပ္ရန္ (Tan Choon Hwa) င႐ုတ္သီးေဆာ့ဘူး တဝက္ကို ဒယ္ထဲ ထည့္ၿပီ သၾကား(စားပြဲတင္ဇြန္း ၅ဇြန္း) ထည့္ၿပီ ၁မိနစ္ခန႔္ ေရာေမႊၿပီ မီးပိတ္လိုက္ပါ။

မွတ္ခ်က္ ။ ။ Tan Choon Hwa င႐ုတ္သီးေဆာ့ဗူးကို ေဈးမွာပင္ အလြယ္တကူ ေမးဝယ္နိုင္ပါသည္။

၂။ ဝက္သားတုတ္ထိုးနဲ႔ တြဲဖက္စားသုံးရန္ င႐ုတ္သီးေဆာ့ရပါၿပီ...

Chef: Wutyee Foodhouse 

No comments: