Wednesday, December 30, 2020

အမျိုးသားတွေကြား ရေပန်းစားလာတဲ့ Modern Classic ဖက်ရှင်

အမျိုးသားတွေကြား ရေပန်းစားလာတဲ့ Modern Classic ဖက်ရှင်




အားလုံးသိတဲ့အတိုင်း Classic ဖက်ရှင်ဆိုတာ ရာသီတွေဘယ်လိုပြောင်းပြောင်း နှစ်တွေ ဘယ်လောက်ကြာကြာ ဘယ်တော့မှရိုးသွားတယ်မရှိ တဲ့ စတိုင်လ်တစ်ခုဖြစ်ပြီး လူငယ် လူကြီးမရွေးလက်ခံတဲ့ စတိုင်လ်တစ်ခုဆိုရင်လည်းမမှားပါဘူး။


Classic ဖက်ရှင်လို့ပြောလိုက်ရင် ရှေ့ကြယ်သီးတပ်ရှပ်တွေ၊ Chino ဘောင်းဘီတွေ၊ Cardigan တွေ၊ Blazer တွေ၊ Leather biker jacket တွေ၊ Cotton Sweater Black Dress စတာတွေ အားလုံးတန်းပြီး သတိရကြမှာအမှန်ပါ။ ဒါတွေဟာ တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်ကို ခေတ်စားနေတာမို့ လူငယ်တွေဟာ ဒီ Classic Fashion ဆိုတာနဲ့ ဘာကြီးလဲ၊ ဒါက နည်းနည်းဘတ်မှဝတ်ရတာလို့ ထင်မြင်နေကြရာကနေ အခုအခါမှာတော့ Modern Classic Fashion ကိုတော်တော်လေး စိတ်ဝင်တစားရှိလာကြပါပြီ။


သူ့ကိုအရင်က ထူးခြားတဲ့အခမ်းအနား၊ ပွဲတက်၊ ပါတီ စတဲ့နေရာမျိုးတွေအတွက်သာ သီးသန့်ဝတ်ဆင်ခဲ့ကြပေမယ့် ခုတော့ ထသွားထလာ၊ ဒိတ်တင်ဘာညာတောင် ဒီလိုဝတ်တာမျိုးတွေ့လာရပါပြီ။


ဒါဆို Modern Classic Fashion Style အတွက် ဘယ်လိုတွေ တွဲဝတ်ရမယ်ဆိုတာေြပြောပြပါမယ်။




ကိုယ့်ဆီမှာ တီရှပ်ပြောင်တွေရှိတယ်ဆိုရင် သူတို့ကို Chinos pants၊ Pleated Trouser ၊ Corduroy Trouser ၊ Cropped Pant စတာတွေနဲ့ တွဲဝတ်နိုင်သလို Black Jeans တွေနဲ့လည်း တွဲဝတ်နိုင်ပါတယ်။ ဒါကိုမှ sneaker တွေ၊ running shoe, Boot စသဖြင့် ကိုယ်သဘောကျတဲ့ ဖိနပ်နဲ့ ဆင်မြန်းလိုက်တာကလည်း Modern Classic Fashion Style တစ်ခုပါပဲ။



လူတစ်ယောက်ရဲ့ ဖက်ရှင်စတိုင်လ်ကို Classic Fashion Style မှန်ကြည့်လိုက်တာနဲ့ တန်းသိသွားစေတဲ့ signature ကတော့ wool cardigan တွေပါ။ သူကအပေါ်ထပ်တွေထဲမှာဆိုရင် ခုနောက်ပိုင်းကာလမှ လူငယ်တွေ မျက်စိကျလာခဲ့တဲ့အရာပါ။ သူ့ကိုဆို တီရှပ်တွေ၊ ရှပ်အင်္ကျီတွေနဲ့ Layer သဘောဝတ်နိုင်သလို ဘောင်းဘီဆိုရင်တော့ Style Pant, Cropped Trouser, Pleated Trouser တွေကစပြီး Loose ဖြစ်တဲ့ Jeans ၊ Slim Fit Jeans တွေထိပါ တွဲဝတ်နိုင်ပါတယ်။




Trutleneck လို လည်ပင်းအမြင့်ဆွယ်တာတွေ သဘောကျတယ်ဆိုရင်တော့ သူ့ကို Jeans နဲ့တွဲပြီးဝတ်တာကနေ Chinos ဘောင်းဘီတွေထိ ကိုယ့်စိတ်ကြိုက်တွဲစပ်ဝတ်ဆင်လိုက်ရုံပါပဲ။သည်လိုဝတ်မယ်ဆိုရင်တော့ ဖိနပ်ကို sneaker တွေဘာတွေထက်စာရင် Leather shoe တွေ၊ ankle boot တွေ ဒါမှမဟုတ် loafersေတွေကိုပိုရွေးသင့်ပါတယ်။




Classic Fashion ဆိုရှေ့ကြယ်သီးတပ်ရှပ်တွေကိုအမြဲဦးစားပေးရွေးချယ်ခဲ့ကြသလို အရောင်ဆို အဖြူကမရှိမဖြစ်ပါ။ ဒါပေမယ့် ခုနောက်ပိုင်းတော့ ရှပ်ကိုမှ အပြာနု၊ ပန်းရောင်၊ အညိုထိရွေးချယ်လာကြပါပြီ။




Classic Fashion မှာအရေးပါတဲ့ Suit တွေဝတ်ရာမှာ ပျင်းစရာကောင်းတယ်လို့ ခံစားမိသူတွေအတွက် အရင်လို Suit ဒီဇိုင်းမျိုးတွေမဟုတ်တော့ဘဲ Oversized Suit တွေကိုရွေးချယ်နိုင်ပါပြီ။ အပေါ်ကလည်းအပွ၊ ဘောင်းဘီကလည်းအပွပါပဲ။ ဒီလို outfit မျိုးအတွက် Leather  Shoe တွေကနေ Sneaker, Running Shoeေတွေထိတွဲပြီးဆင်မြန်းနိုင်ပါတယ်။




ကိုယ့်ဆီမှာရှိနေပြီးသား ပြောင် Sweatshirt, Hoodie တွေနဲ့လည်း Chinos Pant တွေ၊ Style Pant စတာတွေနဲ့တွဲဝတ်ပြီး Modern Classic Look ဖန်တီးနိုင်ပါတယ်။ သည်လိုအတွဲအစပ်အတွက်ဆိုရင်တော့ sneaker ဖိနပ်အဖြူလေးတွေကေရွေးချယ်ဖို့အသင့်တော်ဆုံးပါ။




သည်နိုင်ငံမှာဝတ်တာအတွေ့ရနည်းတဲ့ Long Coat တွေကိုလည်း Classic Fashion အတွဲအစပ်ထဲထည့်ရမှာပါပဲ။ သူ့ကိုဆိုပြောင်ကာလာကနေ အကွက်တွေထိ ရွေးချယ်ဆင်မြန်းခဲ့ကြပြီး တီရှပ်၊ turtle neck sweater ၊ ရိုးရိုး sweater တွေပေါ်မှာလည်း အလွယ်တကူ အထာကျကျ ထပ်ဝတ်နိုင်လို့ပါ။ Modern Classic အနေနဲ့ Hoodie တွေပေါ်မှာထပ်ဝတ်ဆင်မြန်းလာကြသလို Cropped Trouser, Checkered Pant, Chinos pantေတွေနဲ့တွဲဝတ်လည်းမိုက်ပါတယ်။




Leather Jacket တွေထဲ Biker Jacket တွေ၊ Shirt Jacket တွေဟာ Classic Fashion ရဲ့မပါမဖြစ် item တစ်ခုပါ။ Leather Jacket ကိုတော့ ရှပ်အဖြူနဲ့ တွဲဝတ်လေ့ရှိသလို တီရှပ်အဖြူ ဒါမှမဟုတ် အနက်ရောင်တွေနဲ့လည်းတွဲပြီး ဆင်မြန်းနိုင်ပါတယ်။ Modern Classic Fashion ဘက်ရောက်ချင်ရင်တော့ Leather Jacket အတွဲအစပ်ကို Jeans အစား Style Pant တွေနဲ့ပါ တွဲဝတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ Shirt Jacket အတွက်ကတော့ ကြိုက်တဲ့တီရှပ်ပြောင်လေးတွေနဲ့တွဲပါ။ သူနဲ့ဆို Chinos Pants တွေ Style Pant တွေ Cropped Trouser တွေက ပိုလိုက်ဖက်ပါတယ်။




နောက်ထပ် Classic Fashion အတွက် ရွေးချယ်နိုင်တာကတော့ Cotton Polo Shirt တွေ၊ Cuban Collar Shirt တွေပါ။ သူ့ကိုပြောင်ပုံစံကနေ အစင်းအကွက်လေးတွေထိ ရွေးချယ်နိုင်ပါတယ်။ဒီဇိုင်းမှာလည်း ကြယ်သီးတပ်နဲ့ ဇစ်ဆွဲစသဖြင့် ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်မှာမို့ လူငယ်ဆန်ဆန်နဲ့ သပ်သပ်ရပ်ရပ်ပုံစံလေးရွေးမယ်ဆို သူ့ကို Pleated Trouser, Cropped Trouser တွေနဲ့တွဲပြီး Sneaker ကနေ Leather Shoe စတာတွေနဲ့ တွဲဝတ်ပါ။


မေသော် (I am Fashion)


(Zawgyi) 

အမ်ိဳးသားေတြၾကား ေရပန္းစားလာတဲ့ Modern Classic ဖက္ရွင္




အားလံုးသိတဲ့အတိုင္း Classic ဖက္ရွင္ဆိုတာ ရာသီေတြဘယ္လိုေျပာင္းေျပာင္း ႏွစ္ေတြ ဘယ္ေလာက္ၾကာၾကာ ဘယ္ေတာ့မွရိုးသြားတယ္မရွိ တဲ့ စတိုင္လ္တစ္ခုျဖစ္ျပီး လူငယ္ လူၾကီးမေရြးလက္ခံတဲ့ စတိုင္လ္တစ္ခုဆိုရင္လည္းမမွားပါဘူး။

Classic ဖက္ရွင္လို႔ေျပာလိုက္ရင္ ေရွ႕ၾကယ္သီးတပ္ရွပ္ေတြ၊ Chino ေဘာင္းဘီေတြ၊ Cardigan ေတြ၊ Blazer ေတြ၊ Leather biker jacket ေတြ၊ Cotton Sweater Black Dress စတာေတြ အားလံုးတန္းျပီး သတိရၾကမွာအမွန္ပါ။ ဒါေတြဟာ တစ္ႏွစ္ျပီးတစ္ႏွစ္ ဆက္တိုက္ကို ေခတ္စားေနတာမို႔ လူငယ္ေတြဟာ ဒီ Classic Fashion ဆိုတာနဲ႔ ဘာၾကီးလဲ၊ ဒါက နည္းနည္းဘတ္မွ၀တ္ရတာလို႔ ထင္ျမင္ေနၾကရာကေန အခုအခါမွာေတာ့ Modern Classic Fashion ကိုေတာ္ေတာ္ေလး စိတ္၀င္တစားရွိလာၾကပါျပီ။

သူ႕ကိုအရင္က ထူးျခားတဲ့အခမ္းအနား၊ ပြဲတက္၊ ပါတီ စတဲ့ေနရာမ်ိဳးေတြအတြက္သာ သီးသန္႔၀တ္ဆင္ခဲ့ၾကေပမယ့္ ခုေတာ့ ထသြားထလာ၊ ဒိတ္တင္ဘာညာေတာင္ ဒီလို၀တ္တာမ်ိဳးေတြ႕လာရပါျပီ။

ဒါဆို Modern Classic Fashion Style အတြက္ ဘယ္လိုေတြ တြဲ၀တ္ရမယ္ဆိုတာ ေျပာျပပါမယ္။

ကိုယ့္ဆီမွာ တီရွပ္ေျပာင္ေတြရွိတယ္ဆိုရင္ သူတို႔ကို Chinos pants၊ Pleated Trouser ၊ Corduroy Trouser ၊ Cropped Pant စတာေတြနဲ႔ တြဲ၀တ္ႏိုင္သလို Black Jeans ေတြနဲ႔လည္း တြဲ၀တ္ႏိုင္ပါတယ္။ ဒါကိုမွ sneaker ေတြ၊ running shoe, Boot စသျဖင့္ ကိုယ္သေဘာက်တဲ့ ဖိနပ္နဲ႔ ဆင္ျမန္းလိုက္တာကလည္း Modern Classic Fashion Style တစ္ခုပါပဲ။

လူတစ္ေယာက္ရဲ႕ ဖက္ရွင္စတိုင္လ္ကို Classic Fashion Style မွန္ၾကည့္လိုက္တာနဲ႔ တန္းသိသြားေစတဲ့ signature ကေတာ့ wool cardigan ေတြပါ။ သူကအေပၚထပ္ေတြထဲမွာဆိုရင္ ခုေနာက္ပိုင္းကာလမွ လူငယ္ေတြ မ်က္စိက်လာခဲ့တဲ့အရာပါ။ သူ႕ကိုဆို တီရွပ္ေတြ၊ ရွပ္အက်ႌေတြနဲ႔ Layer သေဘာ၀တ္ႏိုင္သလို ေဘာင္းဘီဆိုရင္ေတာ့ Style Pant, Cropped Trouser, Pleated Trouser ေတြကစျပီး Loose ျဖစ္တဲ့ Jeans ၊ Slim Fit Jeans ေတြထိပါ တြဲ၀တ္ႏိုင္ပါတယ္။

Trutleneck လို လည္ပင္းအျမင့္ဆြယ္တာေတြ သေဘာက်တယ္ဆိုရင္ေတာ့ သူ႕ကို Jeans နဲ႔တြဲျပီး၀တ္တာကေန Chinos ေဘာင္းဘီေတြထိ ကိုယ့္စိတ္ၾကိဳက္တြဲစပ္၀တ္ဆင္လိုက္ရံုပါပဲ။သည္လို၀တ္မယ္ဆိုရင္ေတာ့ ဖိနပ္ကို sneaker ေတြဘာေတြထက္စာရင္ Leather shoe ေတြ၊ ankle boot ေတြ ဒါမွမဟုတ္ loafers ေတြကိုပိုေရြးသင့္ပါတယ္။

Classic Fashion ဆိုေရွ႕ၾကယ္သီးတပ္ရွပ္ေတြကိုအျမဲဦးစားေပးေရြးခ်ယ္ခဲ့ၾကသလို အေရာင္ဆို အျဖဴကမရွိမျဖစ္ပါ။ ဒါေပမယ့္ ခုေနာက္ပိုင္းေတာ့ ရွပ္ကိုမွ အျပာႏု၊ ပန္းေရာင္၊ အညိဳထိေရြးခ်ယ္လာၾကပါျပီ။

Classic Fashion မွာအေရးပါတဲ့ Suit ေတြ၀တ္ရာမွာ ပ်င္းစရာေကာင္းတယ္လို႔ ခံစားမိသူေတြအတြက္ အရင္လို Suit ဒီဇိုင္းမ်ိဳးေတြမဟုတ္ေတာ့ဘဲ Oversized Suit ေတြကိုေရြးခ်ယ္ႏိုင္ပါျပီ။ အေပၚကလည္းအပြ၊ ေဘာင္းဘီကလည္းအပြပါပဲ။ ဒီလို outfit မ်ိဳးအတြက္ Leather  Shoe ေတြကေန Sneaker, Running Shoe ေတြထိတြဲျပီးဆင္ျမန္းႏိုင္ပါတယ္။

ကိုယ့္ဆီမွာရွိေနျပီးသား ေျပာင္ Sweatshirt, Hoodie ေတြနဲ႔လည္း Chinos Pant ေတြ၊ Style Pant စတာေတြနဲ႔တြဲ၀တ္ျပီး Modern Classic Look ဖန္တီးႏိုင္ပါတယ္။ သည္လိုအတြဲအစပ္အတြက္ဆိုရင္ေတာ့ sneaker ဖိနပ္အျဖဴေလးေတြက ေရြးခ်ယ္ဖို႔အသင့္ေတာ္ဆံုးပါ။

သည္ႏိုင္ငံမွာ၀တ္တာအေတြ႕ရနည္းတဲ့ Long Coat ေတြကိုလည္း Classic Fashion အတြဲအစပ္ထဲထည့္ရမွာပါပဲ။ သူ႕ကိုဆိုေျပာင္ကာလာကေန အကြက္ေတြထိ ေရြးခ်ယ္ဆင္ျမန္းခဲ့ၾကျပီး တီရွပ္၊ turtle neck sweater ၊ ရိုးရိုး sweater ေတြေပၚမွာလည္း အလြယ္တကူ အထာက်က် ထပ္၀တ္ႏိုင္လို႔ပါ။ Modern Classic အေနနဲ႔ Hoodie ေတြေပၚမွာထပ္၀တ္ဆင္ျမန္းလာၾကသလို Cropped Trouser, Checkered Pant, Chinos pant ေတြနဲ႔တြဲ၀တ္လည္းမိုက္ပါတယ္။

Leather Jacket ေတြထဲ Biker Jacket ေတြ၊ Shirt Jacket ေတြဟာ Classic Fashion ရဲ႕မပါမျဖစ္ item တစ္ခုပါ။ Leather Jacket ကိုေတာ့ ရွပ္အျဖဴနဲ႔ တြဲ၀တ္ေလ့ရွိသလို တီရွပ္အျဖဴ ဒါမွမဟုတ္ အနက္ေရာင္ေတြနဲ႔လည္းတြဲျပီး ဆင္ျမန္းႏိုင္ပါတယ္။ Modern Classic Fashion ဘက္ေရာက္ခ်င္ရင္ေတာ့ Leather Jacket အတြဲအစပ္ကို Jeans အစား Style Pant ေတြနဲ႔ပါ တြဲ၀တ္ၾကည့္ဖို႔ အၾကံေပးခ်င္ပါတယ္။ Shirt Jacket အတြက္ကေတာ့ ၾကိဳက္တဲ့တီရွပ္ေျပာင္ေလးေတြနဲ႔တြဲပါ။ သူနဲ႔ဆို Chinos Pants ေတြ Style Pant ေတြ Cropped Trouser ေတြက ပိုလိုက္ဖက္ပါတယ္။




ေနာက္ထပ္ Classic Fashion အတြက္ ေရြးခ်ယ္ႏိုင္တာကေတာ့ Cotton Polo Shirt ေတြ၊ Cuban Collar Shirt ေတြပါ။ သူ႕ကိုေျပာင္ပံုစံကေန အစင္းအကြက္ေလးေတြထိ ေရြးခ်ယ္ႏိုင္ပါတယ္။ဒီဇိုင္းမွာလည္း ၾကယ္သီးတပ္နဲ႔ ဇစ္ဆြဲစသျဖင့္ ကိုယ့္စိတ္ၾကိဳက္ေရြးခ်ယ္ႏိုင္မွာမို႔ လူငယ္ဆန္ဆန္နဲ႔ သပ္သပ္ရပ္ရပ္ပံုစံေလးေရြးမယ္ဆို သူ႕ကို Pleated Trouser, Cropped Trouser ေတြနဲ႔တြဲျပီး Sneaker ကေန Leather Shoe စတာေတြနဲ႔ တြဲ၀တ္ပါ။

ေမေသာ္ (I am Fashion)

No comments: