Sunday, December 27, 2020

ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်းအကြား ဆက်စပ်မှုရှိသလား

ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်းအကြား ဆက်စပ်မှုရှိသလား




#Helloဆရာဝန်

#အဝလွန်

#ကိုယ်အလေးချိန်များ

#ပန်းသေပန်းညိုး


(အခုခေတ်မှာ အားကစားခန်းမ Gym တွေသွားတာ၊ ကိရိယာ လွတ် လေ့ကျင့်ခန်းတွေ ဖိဖိစီးစီး ကစားနေကြတာတွေက ကိုယ်ကာယ ကောက်ကြောင်းလှပဖို့သက်သက်ဆိုတာ တွေထက် ပိုပါတယ်။ အသက်ရလာ လမ်းလျှောက်နိုင်တဲ့အထိ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို စွဲမြဲလုပ်ကြဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် စားသောက်ပုံလေးကောပါရမှာပေါ့ဗျာ)


#ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

#ရေးသားသူ Dr.Thant Zin


ပန်းညှိုးခြင်းဆိုတာကတော့ အမျိုးသားတွေ လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အမြဲတမ်းဖြစ်သွားတတ်သလို ယာယီညှိုးတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ ယောက်ျားအများစုအတွက် လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေကို မကြာခဏ ကြုံဖူးနိုင်ပါတယ်။ ရေရှည်မှာ မထောင်မတ်ရင်တော့ ပန်းညှိုးတယ်လို့ သတ်မှတ်နိုင်ပါတယ်။


ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပြီး နှလုံးကျန်းမာရေးလည်း အပါအဝင် ဖြစ်ပါတယ်။ သွေးထဲမှာ ကိုလက်စထရောများခြင်းကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။


ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်းအကြား ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာပါပဲ။


သုတေသနတွေအရ ပန်းညှိုးခြင်းရဲ့ အဓိကအကြောင်းအရင်းက သွေးကြောများမာပြီး ကျဉ်းမြောင်းသွားလို့ ဖြစ်ပါတယ်။ သွေးကြောများကိုကျဉ်းစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ ကိုလက်စထရောမြင့်မားခြင်းပဲ ဖြစ်ပါတယ်။ ကိုလက်စထရောများဟာ သွေးကြောတွေထဲမှာ စုပုံလာတတ်ပြီး သွေးကြောများ ကျဉ်းမြောင်းခြင်းကို ဖြစ်စေပါတယ်။


သုတေသီတွေအနေနဲ့ ပန်းညှိုးခြင်းနဲ့ ကိုလက်စထရောများခြင်းအကြား ဆက်စပ်မှုရှိနေတယ်လို့ ယူဆထားခဲ့ကြပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးပေမယ့် ပန်းညှိုးခြင်းကို ကုသတဲ့ဆေးတွေမှာ ကိုလက်စထရောကျဆေးတွေကို ထည့်သွင်းအသုံးပြုဖို့ ကြိုးစားခဲ့ကြပါတယ်။


#Statin ဆေးများနှင့် ပန်းညှိုးခြင်း


Statin ဟာ ကိုလက်စထရောကျစေတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ၂၀၁၇ မှာ လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ ကိုလက်စထရောကျဆေး atorvastatin နဲ့ ကုသရာမှာ ပန်းညှိုးခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ်။ သုတေသီတချို့ရဲ့ တခြားအယူအဆအရ ကိုလက်စထရောကျခြင်းကြောင့် မဟုတ်ဘဲ သွေးကြောနံရံတွေ ပြန်လည်ကောင်းမွန်လာလို့ ဖြစ်ပါတယ်။


#စားသောက်ပုံ၊ ကိုလက်စထရောနှင့် ပန်းညှိုးခြင်း


အဆီအဆိမ့်များတဲ့ အစားအစာတွေ စားသောက်ခြင်းကြေင့် ကိုလက်စထရော တက်နိုင်ပါတယ်။ တစ်နည်းပြောရရင် သင်စားလိုက်တဲ့ အစားအစာတွေဟာ ပန်းညှိုးခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ဖွယ်ရာတွေ၊ အထူးသဖြင့် Mediterranean စားသောက်မှုပုံစံ ဖြစ်ပါတယ်။

Mediterranean စားသောက်မှုပုံစံတွေမှာ အဓိကပါဝင်တဲ့ ပုံစံတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။


– ငါးနှင့် ပုစွန်၊ ခရုကမာ စသည့် ပင်လယ်စာများ


– အသီးများ။ ပန်းသီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ထောပတ်သီး


– အသီးအရွက်များ။ ခရမ်းချဉ်သီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနွယ်၊ ကြက်သွန်နီ


– အစေ့အဆန်များ။ ဘာလီ၊ အုတ်


– သံလွင်ဆီ


– အခွံမာသီးများ


#ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့


• ပုံပြောင်းဆီပါသော အစားအစာများ။ ဥပမာ မာဂျရင်း၊ ပီဇာ၊ အသင့်စားစားစရာများ


• သကြားများသော စားစရာများ


• ဟင်းသီးဟင်းရွက်ဆီများ။ ဥပမာ ကနိုလာဆီ


• အဆင့်ဆင့်ပြုပြင်ထားသော အသားများ၊ အစားအစာများ စတာတွေ ဖြစ်ပါတယ်။


ဗီတာမင် B12 ရေရှည်ချို့တဲ့ခြင်းဟာလည်း ပန်းညှိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ပါတဲ့ စားစရာတွေ အားဆေးတွေ စားသောက်သုံစွဲသင့်ပါတယ်။


#ပန်းညှိုးခြင်းဖြစ်စေနိုင်တဲ့ အခြားဖြစ်နိုင်ခြေ အကြောင်းအရင်းများကတော့


– အဝလွန်ခြင်း


– အမျိုးအစား ၂ ဆီးချို


– နာတာရှည်ကျောက်ကပ်ရောဂါ


– Multiple sclerosis


– လိင်တံအနာဖြစ်ခြင်း


– ဆီးအိမ်ကင်ဆာ ခွဲစိတ်ထားခြင်း


– ဆီးကျိတ်ကင်ဆာကုသထားခြင်း


– လိင်တံ၊ ကျောရိုးအာရုံကြောမကြီး၊ ဆီးအိမ်၊ ဆီးခုံ၊ ဆီးကျိတ်စသည်တို့ ထိခိုက်မိခြင်း


– အရက်/ဆေးလိပ်သောက်ခြင်း၊ ဆေးဝါးအချို့ သုံးစွဲခြင်း


– စိတ်ဖိစီးမှု


– စိတ်ကျရောဂါ


– စိတ်ပူပန်ခြင်း စတာတွေ ဖြစ်ပါတယ်။


#တချို့သောဆေးဝါးတွေဟာ ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါဆေးတွေကတော့


– သွေးတိုးကျဆေးများ


– ဆီးကျိတ်ကင်ဆာကုဆေးများ


– စိတ်ကျရောဂါကုဆေးများ


– စိတ်ငြိမ်ဆေးများ


– အနာကျက်ဆေးများ


#ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ


သင့်အနေနဲ့ ပန်းညှိုးခြင်းပြဿနာကို သိသိချင်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ပန်းညှိုးခြင်းဟာ နှလုံးရောဂါတခုခုရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းအရင်းကို သေချာစွာ စစ်ဆေးသင့်ပါတယ်။


#ပန်းညှိုးခြင်းလက္ခဏာတွေဖြစ်တဲ့


– တခြားအချိန်များတွင် ထောင်မတ်နိုင်သော်လည်း လိင်ဆက်ဆံခါနီးတွင် လိင်တံမထောင်မတ်နိုင်ခြင်း


– လိင်တံထောင်မတ်နိုင်သော်လည်း လိင်ဆက်ဆံရန် လုံလောက်သော ကြာချိန်အထိ ထောင်မတ်မှု မရှိခြင်း


– လိင်တံ လုံး၀ မထောင်မတ်နိုင်ခြင်း


¬ကိုလက်စထရောမြင့်တက်ခြင်းဟာ ဘာလက္ခဏာမှ မပြပါဘူး။ ကိုလက်စထရောပမာဏကို သိရအောင် သွေးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။


ပန်းညှိုးခြင်းကို ရောဂါရှာဖွေနိုင်ဖို့ စမ်းသပ်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ ကျားဟော်မုန်းစစ်ဆေးခြင်းလို ဓာတ်ခွဲစစ်ဆေးခြင်းလည်း ပါဝင်ပါတယ်။


#ကုသမှုနည်းလမ်းများ

ပန်းညှိုးခြင်းကိုကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နေ့စဉ် နေထိုင်မှုပုံစံရော ဆေးဝါးကုသခြင်းတွေပါ အကျုံးဝင်ပါတယ်။ ပါဝင်တဲ့နည်းလမ်းတွေကတော့


– နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း


– သုံးစွဲနေသော ဆေးဝါးများ ပြောင်းလဲခြင်း


– တက်စတိုစထရုန်းအစားထိုးကုသခြင်း


– လိင်တံစုပ်ပြွန် (Penis Pump) သုံးခြင်း စတာတွေ ဖြစ်ပါတယ်။


#နိဂုံး

သုတေသီတွေအနေနဲ့ ကိုလက်စထရောမြင့်တက်ခြင်းဟာ ပန်းညှိုးခြင်းကို တိုက်ရိုက်ဖြစ်စေသလား မဆုံးဖြတ်နိုင်သေးပါဘူး။ ဒါပေမယ့် ဆက်စပ်မှု ရှိနေတာတော့ သေချာပါတယ်။ ဒါကြောင့် လိင်တံထောင်မတ်ခြင်းနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေသူများဟာ ကိုလက်စထရောကျစေမယ့် နေထိုင်မှုပုံစံတွေ၊ စားသောက်မှုပုံစံတွေကို ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။ ရေရှည်မှာ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

ကိုလက္စထေရာမ်ားျခင္းနဲ႔ ပန္းညႇိုးျခင္းအၾကား ဆက္စပ္မွုရွိသလား




#Helloဆရာဝန္

#အဝလြန္

#ကိုယ္အေလးခ်ိန္မ်ား

#ပန္းေသပန္းညိဳး


(အခုေခတ္မွာ အားကစားခန္းမ Gym ေတြသြားတာ၊ ကိရိယာ လြတ္ ေလ့က်င့္ခန္းေတြ ဖိဖိစီးစီး ကစားေနၾကတာေတြက ကိုယ္ကာယ ေကာက္ေၾကာင္းလွပဖို့သက္သက္ဆိုတာ ေတြထက္ ပိုပါတယ္။ အသက္ရလာ လမ္းေလၽွာက္နိုင္တဲ့အထိ ကိုယ္လက္လွုပ္ရွား အားကစားတစ္ခုခုကို စြဲျမဲလုပ္ၾကဖို့လိုပါတယ္။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္ စားေသာက္ပုံေလးေကာပါရမွာေပါ့ဗ်ာ)


#ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

#ေရးသားသူ Dr.Thant Zin


ပန္းညႇိုးျခင္းဆိုတာကေတာ့ အမ်ိဳးသားေတြ လိင္တံမေထာင္မတ္နိုင္တဲ့ အေျခအေနျဖစ္ပါတယ္။ အျမဲတမ္းျဖစ္သြားတတ္သလို ယာယီညႇိုးတဲ့ အေျခအေနေတြလည္း ရွိတတ္ပါတယ္။ တကယ္ေတာ့ ေယာက္်ားအမ်ားစုအတြက္ လိင္တံမေထာင္မတ္နိုင္တဲ့ အေျခအေနကို မၾကာခဏ ၾကဳံဖူးနိုင္ပါတယ္။ ေရရွည္မွာ မေထာင္မတ္ရင္ေတာ့ ပန္းညႇိုးတယ္လို့ သတ္မွတ္နိုင္ပါတယ္။


ပန္းညႇိုးျခင္းကို ျဖစ္ေပၚေစတဲ့ အေျခအေနေတြ အမ်ားႀကီးရွိၿပီး ႏွလုံးက်န္းမာေရးလည္း အပါအဝင္ ျဖစ္ပါတယ္။ ေသြးထဲမွာ ကိုလက္စထေရာမ်ားျခင္းကလည္း ႏွလုံးက်န္းမာေရးကို ထိခိုက္ေစနိုင္ပါတယ္။


ယခုဆက္လက္ေဖာ္ျပမွာကေတာ့ ကိုလက္စထေရာမ်ားျခင္းနဲ႔ ပန္းညႇိုးျခင္းအၾကား ဆက္စပ္မွု ရွိ၊ မရွိ ဆိုတာပါပဲ။


သုေတသနေတြအရ ပန္းညႇိုးျခင္းရဲ့ အဓိကအေၾကာင္းအရင္းက ေသြးေၾကာမ်ားမာၿပီး က်ဥ္းေျမာင္းသြားလို့ ျဖစ္ပါတယ္။ ေသြးေၾကာမ်ားကိုက်ဥ္းေစတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခ်က္ကေတာ့ ကိုလက္စထေရာျမင့္မားျခင္းပဲ ျဖစ္ပါတယ္။ ကိုလက္စထေရာမ်ားဟာ ေသြးေၾကာေတြထဲမွာ စုပုံလာတတ္ၿပီး ေသြးေၾကာမ်ား က်ဥ္းေျမာင္းျခင္းကို ျဖစ္ေစပါတယ္။


သုေတသီေတြအေနနဲ႔ ပန္းညႇိုးျခင္းနဲ႔ ကိုလက္စထေရာမ်ားျခင္းအၾကား ဆက္စပ္မွုရွိေနတယ္လို့ ယူဆထားခဲ့ၾကပါတယ္။ ျဖစ္စဥ္အေသးစိတ္ကို မသိရေသးေပမယ့္ ပန္းညႇိုးျခင္းကို ကုသတဲ့ေဆးေတြမွာ ကိုလက္စထေရာက်ေဆးေတြကို ထည့္သြင္းအသုံးျပဳဖို့ ႀကိဳးစားခဲ့ၾကပါတယ္။


#Statin ေဆးမ်ားႏွင့္ ပန္းညႇိုးျခင္း


Statin ဟာ ကိုလက္စထေရာက်ေစတဲ့ ေဆးဝါးေတြ ျဖစ္ပါတယ္။ ၂၀၁၇ မွာ ေလ့လာခဲ့တဲ့ သုေတသနတစ္ခုအရ ကိုလက္စထေရာက်ေဆး atorvastatin နဲ႔ ကုသရာမွာ ပန္းညႇိုးျခင္းကို သက္သာေစတယ္လို့ ဆိုပါတယ္။ သုေတသီတခ်ိဳ့ရဲ့ တျခားအယူအဆအရ ကိုလက္စထေရာက်ျခင္းေၾကာင့္ မဟုတ္ဘဲ ေသြးေၾကာနံရံေတြ ျပန္လည္ေကာင္းမြန္လာလို့ ျဖစ္ပါတယ္။


#စားေသာက္ပုံ၊ ကိုလက္စထေရာႏွင့္ ပန္းညႇိုးျခင္း


အဆီအဆိမ့္မ်ားတဲ့ အစားအစာေတြ စားေသာက္ျခင္းေၾကင့္ ကိုလက္စထေရာ တက္နိုင္ပါတယ္။ တစ္နည္းေျပာရရင္ သင္စားလိုက္တဲ့ အစားအစာေတြဟာ ပန္းညႇိုးျခင္းနဲ႔ ဆက္စပ္ေနပါတယ္။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ စားေသာက္ဖြယ္ရာေတြ၊ အထူးသျဖင့္ Mediterranean စားေသာက္မွုပုံစံ ျဖစ္ပါတယ္။

Mediterranean စားေသာက္မွုပုံစံေတြမွာ အဓိကပါဝင္တဲ့ ပုံစံေတြဟာ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။


– ငါးႏွင့္ ပုစြန္၊ ခ႐ုကမာ စသည့္ ပင္လယ္စာမ်ား


– အသီးမ်ား။ ပန္းသီး၊ စပ်စ္သီး၊ စေတာ္ဘယ္ရီ၊ ေထာပတ္သီး


– အသီးအရြက္မ်ား။ ခရမ္းခ်ဥ္သီး၊ ပန္းပြင့္စိမ္း၊ ဟင္းႏုႏြယ္၊ ၾကက္သြန္နီ


– အေစ့အဆန္မ်ား။ ဘာလီ၊ အုတ္


– သံလြင္ဆီ


– အခြံမာသီးမ်ား


#ေရွာင္ၾကဥ္သင့္တဲ့ အစားအစာေတြကေတာ့


• ပုံေျပာင္းဆီပါေသာ အစားအစာမ်ား။ ဥပမာ မာဂ်ရင္း၊ ပီဇာ၊ အသင့္စားစားစရာမ်ား


• သၾကားမ်ားေသာ စားစရာမ်ား


• ဟင္းသီးဟင္းရြက္ဆီမ်ား။ ဥပမာ ကနိုလာဆီ


• အဆင့္ဆင့္ျပဳျပင္ထားေသာ အသားမ်ား၊ အစားအစာမ်ား စတာေတြ ျဖစ္ပါတယ္။


ဗီတာမင္ B12 ေရရွည္ခ်ိဳ့တဲ့ျခင္းဟာလည္း ပန္းညႇိုးျခင္းကို ျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ဗီတာမင္ B12 ပါတဲ့ စားစရာေတြ အားေဆးေတြ စားေသာက္သုံစြဲသင့္ပါတယ္။


#ပန္းညႇိုးျခင္းျဖစ္ေစနိုင္တဲ့ အျခားျဖစ္နိုင္ေျခ အေၾကာင္းအရင္းမ်ားကေတာ့


– အဝလြန္ျခင္း


– အမ်ိဳးအစား ၂ ဆီးခ်ိဳ


– နာတာရွည္ေက်ာက္ကပ္ေရာဂါ


– Multiple sclerosis


– လိင္တံအနာျဖစ္ျခင္း


– ဆီးအိမ္ကင္ဆာ ခြဲစိတ္ထားျခင္း


– ဆီးက်ိတ္ကင္ဆာကုသထားျခင္း


– လိင္တံ၊ ေက်ာရိုးအာ႐ုံေၾကာမႀကီး၊ ဆီးအိမ္၊ ဆီးခုံ၊ ဆီးက်ိတ္စသည္တို့ ထိခိုက္မိျခင္း


– အရက္/ေဆးလိပ္ေသာက္ျခင္း၊ ေဆးဝါးအခ်ိဳ့ သုံးစြဲျခင္း


– စိတ္ဖိစီးမွု


– စိတ္က်ေရာဂါ


– စိတ္ပူပန္ျခင္း စတာေတြ ျဖစ္ပါတယ္။


#တခ်ိဳ့ေသာေဆးဝါးေတြဟာ ပန္းညႇိုးျခင္းကို ျဖစ္ေပၚေစပါတယ္။ အဆိုပါေဆးေတြကေတာ့


– ေသြးတိုးက်ေဆးမ်ား


– ဆီးက်ိတ္ကင္ဆာကုေဆးမ်ား


– စိတ္က်ေရာဂါကုေဆးမ်ား


– စိတ္ၿငိမ္ေဆးမ်ား


– အနာက်က္ေဆးမ်ား


#ဘယ္အခ်ိန္မွာ ဆရာဝန္ျပသင့္လဲ


သင့္အေနနဲ႔ ပန္းညႇိုးျခင္းျပႆနာကို သိသိခ်င္း ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။ ပန္းညႇိုးျခင္းဟာ ႏွလုံးေရာဂါတခုခုရဲ့ လကၡဏာလည္း ျဖစ္ေနနိုင္ပါတယ္။ ဒါေၾကာင့္ အေၾကာင္းအရင္းကို ေသခ်ာစြာ စစ္ေဆးသင့္ပါတယ္။


#ပန္းညႇိုးျခင္းလကၡဏာေတြျဖစ္တဲ့


– တျခားအခ်ိန္မ်ားတြင္ ေထာင္မတ္နိုင္ေသာ္လည္း လိင္ဆက္ဆံခါနီးတြင္ လိင္တံမေထာင္မတ္နိုင္ျခင္း


– လိင္တံေထာင္မတ္နိုင္ေသာ္လည္း လိင္ဆက္ဆံရန္ လုံေလာက္ေသာ ၾကာခ်ိန္အထိ ေထာင္မတ္မွု မရွိျခင္း


– လိင္တံ လုံး၀ မေထာင္မတ္နိုင္ျခင္း


¬ကိုလက္စထေရာျမင့္တက္ျခင္းဟာ ဘာလကၡဏာမွ မျပပါဘူး။ ကိုလက္စထေရာပမာဏကို သိရေအာင္ ေသြးစစ္ၾကည့္ရမွာ ျဖစ္ပါတယ္။


ပန္းညႇိုးျခင္းကို ေရာဂါရွာေဖြနိုင္ဖို့ စမ္းသပ္စစ္ေဆးျခင္းေတြ ျပဳလုပ္ပါလိမ့္မယ္။ က်ားေဟာ္မုန္းစစ္ေဆးျခင္းလို ဓာတ္ခြဲစစ္ေဆးျခင္းလည္း ပါဝင္ပါတယ္။


#ကုသမွုနည္းလမ္းမ်ား

ပန္းညႇိုးျခင္းကိုကုသနိုင္တဲ့ နည္းလမ္းေတြ အမ်ားႀကီး ရွိပါတယ္။ ေန႔စဥ္ ေနထိုင္မွုပုံစံေရာ ေဆးဝါးကုသျခင္းေတြပါ အက်ဳံးဝင္ပါတယ္။ ပါဝင္တဲ့နည္းလမ္းေတြကေတာ့


– ႏွစ္သိမ့္ေဆြးေႏြးအႀကံေပးျခင္း


– သုံးစြဲေနေသာ ေဆးဝါးမ်ား ေျပာင္းလဲျခင္း


– တက္စတိုစထ႐ုန္းအစားထိုးကုသျခင္း


– လိင္တံစုပ္ႁပြန္ (Penis Pump) သုံးျခင္း စတာေတြ ျဖစ္ပါတယ္။


#နိဂုံး

သုေတသီေတြအေနနဲ႔ ကိုလက္စထေရာျမင့္တက္ျခင္းဟာ ပန္းညႇိုးျခင္းကို တိုက္ရိုက္ျဖစ္ေစသလား မဆုံးျဖတ္နိုင္ေသးပါဘူး။ ဒါေပမယ့္ ဆက္စပ္မွု ရွိေနတာေတာ့ ေသခ်ာပါတယ္။ ဒါေၾကာင့္ လိင္တံေထာင္မတ္ျခင္းနဲ႔ ပတ္သက္ၿပီး အခက္အခဲရွိေနသူမ်ားဟာ ကိုလက္စထေရာက်ေစမယ့္ ေနထိုင္မွုပုံစံေတြ၊ စားေသာက္မွုပုံစံေတြကို ထိန္းသိမ္းသြားရမွာ ျဖစ္ပါတယ္။ ေရရွည္မွာ အဆင္မေျပဘူးဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ျပသပါ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမွုမ်ားႏွင့္ ကုသမွုမ်ား မျပဳလုပ္ေပးပါ။

No comments: