Saturday, December 26, 2020

“မြန်မာအမျိုးသမီးတွေ တွေးခေါ်ပြောင်းလဲ သင့်တဲ့ လိင်ကိစ္စအပေါ် ခံယူစိတ် “

 “မြန်မာအမျိုးသမီးတွေ တွေးခေါ်ပြောင်းလဲ သင့်တဲ့ လိင်ကိစ္စအပေါ် ခံယူစိတ် “




မြန်မာအမျိုးသမီးတွေရဲ့ အမြင် မှာ-  


လိင်ကိစ္စဟာ - (၁)ကိုယ့် တဖက်လူရဲ့ ဆန္ဒအတွက် မိမိ အချစ်ကို သက်သေပြစရာ အရာတစ်ခု 


-(၂) အမျိုးသမီးတွေ အတွက် ပေးဆပ်ခြင်း ၊ အမျိုးသားတွေ အတွက် ရယူခြင်း လို့ ခံယူကြတဲ့အရာတခု


-(၃)အသိမကြွယ်ပဲ ကိုယ်ကိုကိုယ် မကာကွယ်တတ်တာကို သိက္ခာပိုရှိတယ် ထင်ကြတဲ့ အရာတစ်ခု 


-(၄)ကိုယ့်ကို တကယ်မချစ်တဲ့ ယောကျ်ားတစ်ယောက်ကို တွယ်ကပ်ဖို့ သက်သေခံ မျက်ရည်ခံထိုးရမဲ့ အရာတစ်ခု


-(၅)လိင်ကိစ္စ နဲ့ မိမိ သိက္ခာတန်ဖိုး ကို ကိုယ်တိုင် ညီမျှခြင်း ချပြီး ကိုယ့်ကိုကိုယ် တန်ဖိုး ဆွဲချတတ်တဲ့ အရာ တစ်ခု 


-(၆)ကျန်းမာရေး ရှူထောင့် နဲ့ သဘာဝ တရား ရဲ့ ရှူထောင်ကို ပွင့်လင်းရိုးသားစွာ မတွေးပဲ ရှူပ်ထွေးနေတဲ့ အရာတစ်ခု 



လင်ကို ဘုရားလို ရိုသေပြီး ရှိခိုကန်တော့ ဦးချအပ်တယ်၊ ကျွန်လို လုပ်ကျွေးပြီး ပြည့်တန်ဆာ လို ပြုစုရတယ်ဆိုတဲ့ မနက်ဖန် သဘက်ခါ ပွင့်တော့မဲ့ ဘုရားလောင်း လင်ယောကျ်ား အပေါ် ပါရမီ ဖြည့်နေရသလိုလိုနဲ့ ဘုမသိဘ မသိ နဲ့ အဆုံးအမ ခံရဖူးမယ် ထင်တယ် ၊ဒီလို ဆုံးမစာတွေလည်း ဖတ်ခဲ့ဖူးကြမယ် ။ “ Domestic Abuse ( အိမ်တွင်း အကြမ်းဖက်မှု) “ မှန်း မသိ ၊ ဆိုးသမျှ ရိုက်နှက်သမျှ ၊ ယုတ်မာသမျှ နဲ့ ဖောက်ပြန်သမျှ ကို သည်းခံပေါင်း ပြီး ပါရမီ ဖြည်ခဲ့တယ်ဆိုတဲ့ ဘုရား ဖြစ်မဲ့ အုတ်နီခဲ လိုမျိုး အူတူတူ မိန်းမ တွေလည်း ရှိခဲ့ ပါသေးတယ်။ 



ဒီလို လွဲမှား တဲ့ လင်ချစ်ဂါထာ အဆုံးအမတွေ အယူအဆ နဲ့ ယဉ်ကျေးမှု တွေရဲ့ ရိုက်သွင်းမှုတွေဟာ .. ကနေယောကျ်ားဆိုရင် အလိုလို မြင့်မြတ်ပြီး မိန်းမ ဆို ရင် ယောကျ်ား တွေရဲ့ အဖြည့်ခံ သဘောနဲ့ နာမ် နိမ်ခဲ့ကြတာဟာ ယနေ့ထိပဲ။အမျိုးသမီး တစ်ဦး ရဲ့ တန်ဖိုးကို  Virgin ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ တိုင်းတာကြပြီးတော့ .. တနေ့ တဖက်အမျိုးသားရဲ့ ဆန္ဒကို လိင်ကိစ္စ ပြု ဖြည့်တင်းဖို့အတွက်  အမျိုးသမီးတွေက လက်မထပ်ခင်ထိ စောင့်ထိန်း နိုင်မှသာ တန်ဖိုး သိက္ခာရှိသလို အဆိုပြုခဲ့လို့လည်း မြန်မာမိန်းမတွေ ဘဝ မှာ လိင်ကိစ္စဟာ သိက္ခာ ကြီး တစ်ခုလို  ချုပ်တည်း စောင့်ထိန်းနေရတာပဲ။ 



တကယ်တော့ .. လိင်ကိစ္စဟာ အဖိုအမ ( ယောကျ်ား ၊ မိန်းမ) နှစ်ယောက်ကြားက .. မျိုးဆက်သစ် မွေးထုတ်ဖို့ ရာ အပိုင်း တစ်ခုထဲ  မဟုတ်သလို လူသား တစ်ယောက် ရဲ့ စိတ်ပိုင်း / ခန္ဓာရုပ်ပိုင်း ဆိုင်ရာ ကျေနပ်မှု နဲ့  ခန္ဓာဗေဒအပေါ် ကျန်းမာရေးအရ ထောက်ပံ မှုတွေပါ အများကြီးပေးထားတဲ့ ဇီဝဗေဒ ဆိုင် ရာ ရုပ်ခန္ဓာရဲ့ လိုအပ်ချက် ၊ ခံစားချက် တခုဆိုတာပါပဲ။ 



( ဒီစာကနေ အမျိုးသမီးတွေကို ခံယူချက်နဲ့ ရစေချင်တဲ့ Message က - ယောကျာ်းတကာ နဲ့ လိုက်အိပ် ၊ ဖြစ်ချင်သလိုဖြစ် ၊ သိက္ခာမကျသွားဘူးလို့  ဆိုလို ထား ခြင်း မဟုတ်သလို ..  လွဲနေတဲ့ ခံယူချက်တွေကြောင့် မိန်းမဘဝ စိတ်ရော ကိုယ်ပါ နစ်နာရတာချည်းတွေ မဖြစ်အောင် / ကိုယ့်ကိုကိုယ် ကာကွယ်တတ်အောင်  အသိပညာပေးလိုခြင်းသာ ဖြစ်ပါတယ်) 




(၁) ကိုယ့် တဖက်လူရဲ့ ဆန္ဒအတွက် မိမိ အချစ်ကို သက်သေပြစရာ အရာတစ်ခု 



“ ချစ်လို့ ပေးဆပ်တာနော် “ ဆိုတဲ့ သက်သေတစ်ခုအတွက် နဲ့ ကိုယ့်ရဲ့ Virginity ( အပျိုရည်) နဲ့ Sex ကို အချစ်သက်သေ လုပ်လိုက်ကြတဲ့ အမျိုးသမီးတွေ ဒုနဲ့ဒေး ရှိဖူးကြမယ်။  လိင်ကိစ္စဟာ သောက်မပြေတဲ့ ပင်လယ်ရေပဲ .. တခါစားဖူး ပိုငတ်ကြတဲ့ သဘာဝကြီးက နေ တခါ အချစ်သက်သေပြပြီးရင် နောက်တခါလဲ ဒီလို အချစ်သက်သေမျိုး ထပ် ပြနေရမှာပဲ ။ ကိုယ့်ရဲ့ Partner ရဲ့ ဆန္ဒကြောင့် ချစ်ရင်လာ “ အတူတူအိပ်ပေး “ ဆိုတဲ့ ဆိုလိုရင်းရောက်အောင် Mentally အရကော Physically အရပါ Rape ခံနေရတဲ့ Love Victims (အချစ်ဒုက္ခ)သည် မဖြစ်ပါစေနဲ့။ 


“Sex”  နဲ့ “Love “ ကို ကွဲဖို့ လိုတယ်။ ချစ်သူသဘာဝ Sex ကိစ္စရှိလာဖို့ ဟာ ကိုယ် ခွင့်ပြုမှ ဖြစ်မဲ့ ကိစ္စတွေ ဆိုတော့ ကိုယ့်ရဲ့ သဘောတူညီမှု အပြင် ကိုယ်ကိုတိုင်ကော တကယ် လိုချင်ရဲ့လား ဆိုတာ ထည့်တွေးရမဲ့ အချက်ပဲ။ 




(၂) အမျိုးသမီးတွေ အတွက် ပေးဆပ်ခြင်း ၊ အမျိုးသားတွေ အတွက် ရယူခြင်း လို့ ခံယူကြတဲ့အရာတခု



မြန်မာ Logic မှာ .. လိင်ကိစ္စဟာ အမျိုးသမီးတွေ အတွက် ပေးဆပ်ခြင်း ၊ အမျိုးသားတွေ အတွက် ရယူခြင်း လို့ ခံယူကြတယ်။ 



လင်သားရဲ့ ဆန္ဒတစ်ခု ကို ဖြည့်တင်းပြီး  သားသမီးတွေ မွေး ပေး ခဲ့လိုက်ကြ တယ် Orgasm ဆိုတာ ဘာမှန်း မသိပဲ သေသွားခဲ့တဲ့ မြန်မာအမျိုးသမီးတွေ အများကြီးပဲ ရှိကြမယ် ။  မိသားစု၊ အိမ်ထောင်မှု ကိစ္စတွေကြားကနေ စိတ်ပင်ပန်း လူပင်ပန်းတဲ့ ကြားက လိင်ကိစ္စဟာ စိတ်အပန်းဖြေစရာ တခုလို ခံစား ဖို့ နေနေသာသာ ၊ ယောကျ်ား အလိုမကျ ငြိုငြင်မှာစိုးလို့ တာဝန်ကျေစရာ တခုလို ဖြည့်တင်းပေးရတဲ့ မြန်မာမိန်းမတွေ ဘဝဟာ သနားစရာပဲ။  လိုချင်လို့ ကိုယ်တိုင် လိုလိုချင်ချင် နဲ့ ရယူနေမျိုးမဟုတ်ပဲ တာဝန် ဝတ္တရားအရ ဖြည့်စီး နေသလိုမျိုး။ ယောကျ်ားဘက်က အရာရာမှာ တာဝန်ကျေတာ ရှိကောင်းရှိနိုင်သလို လိင်ကိစ္စတခုထဲကိုပဲ သိမ်းကြုံးကြည့်ပြီး အရမ်းကြီး အရေးပါသလို ပြောနေတာ မဟုတ်ပါဘူး ။ ကိုယ် မလိုချင်ရင် အတင်းတွေ တာဝန် ဝတ္တရားအရ .. နေပေးနေရတာဟာ မုဒိန်းကျင့် ခံနေရတာနဲ့ အတူတူပါပဲ။  ကိုယ့်အပေါ် စိတ်ပိုင်းဆိုင်ရာ အရ ၊ ချစ်ခြင်းမေတ္တာအရ ၊ ကျန်းမာရေး အရ အိမ်ထောင်ဘက်/ ချစ်သူ partner အနေနဲ့ .. လေးစားမှု မရှိပဲ သူလိုချင်တိုင်း ယူနေရင် အဆင်တော့ မပြေပါဘူး ၊ ဒါက ရှင်းပါတယ်။ 



“ လိင်ကိစ္စဟာ အဖိုအမ အပေးအယူ မျှ တ ပြီး အန္တရာယ် လည်း ကင်းစေဖို့ အဆုံးထိ ပွင့်လင်း ရမဲ့ အရာဖြစ်သလို ကိုယ်က ချည်း ပေးလိုက်ရတာမျိုး မဟုတ်ပဲ နဲ့ ကိုယ်က လိုအပ်လို့ ကိုယ်တိုင် ယူတဲ့ အရာ”မျိုး ပဲ.. ဖြစ်သင့်ပါ တယ်။ 



(၃)အသိမကြွယ်ပဲ ကိုယ်ကိုကိုယ် မကာကွယ်တတ်တာကို သိက္ခာပိုရှိတယ် ထင်ကြတဲ့ အရာတစ်ခု



 မြန်မာအမျိုးသမီးတွေ ရဲ့ ခေတ်ကာလ အပေါ် လေ့လာလိုက်စား ပြီး Smart ဖြစ်မှု ဟာ မိုင်ကုန်မပြေးပဲ ဟိုမရောက် ဒီမရောက်နဲ့ အလွန် ဂွကျပါတယ်။ အဆိုးဆုံးကတော့ Smart ဖြစ်တာနဲ့ experienced ဖြစ်တာ ကို ရောချပြီး တလွဲဆံပင် ကောင်း ၊ တန်ဖိုးထားခံလိုခြင်းပါ။ အတွေ့အကြုံ နည်း တာနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်တတ်တာ ဟာ မတူညီပါဘူး။ အမျိုးသား Partner တစ်ဦးနဲ့ ဘယ်လို ပင် စိတ်ချရတဲ့ ပတ်သက်မှု အနေအထား ပြင်ရှိပါစေ ၊ အချိန် မတန်သေးဘူး.. ငါ မိဘဖြစ်ဖို့ Ready မဖြစ်သေးတဲ့ ကာလ တခုထိ “ 100% Safety First “ ဖြစ်ဖို့ ကို ဦးစားပေးပြီး မိမိကိုယ်ကို ကာကွယ်တတ်ပါစေ။ 



အဲ့အတွက် မိမိ Partner ကို အကာအကွယ် အပြည့်အဝ သုံးပြီး ဆောင်ရန် ၊ ရှောင်ရန် နဲ့ .. ဆေးပညာ ဗဟုသုတ ကို အပွင့်လင်းဆုံး မျှဝေ သင့်သလို masterpiece experienced လို့ တလွဲ အထင်ခံရတာနဲ့  ဘေးဥပါတ်မရှိ ကိုယ့်ကိုကိုယ် အပြည့်အဝ ကာကွယ်နိုင်တာ ဒီနှစ်မျိုးမှာ ဘယ်ဟာ က Smart ပိုဖြစ်မလဲ ?? 



-(၄)ကိုယ့်ကို တကယ်မချစ်တဲ့ ယောကျ်ားတစ်ယောက်ကို တွယ်ကပ်ဖို့ သက်သေခံ မျက်ရည်ခံထိုးရမဲ့ အရာတစ်ခု



ကိုယ့် အပေါ် စာနာစိတ် မရှိပဲမချစ်တဲ့ ယောကျ်ားတစ်ယောက်ကို လိင်ကိစ္စအတွက် တာဝန်ယူခံပြီး တစ်ဘဝလုံးပေါင်း သင်းဖို့ မျက်ရည်ခံ ထိုးတာဟာ အမျိုးသမီး တချို့ရဲ့ တကယ့်ကို မဟာ အမှားပဲ။ အမျိုးသမီး ချင်း သိက္ခာကို ထည့် မတွက်လို့ မဟုတ်သလို Sex= Dignity  လို့ ထင်နေရင် .. 


ဘဝ မှာ နေစရာတောင် ကျန်တော့မှာ မဟုတ်ဘူး။ 


ဒါဟာ သိက္ခာမရှိလို့ ပြောတဲ့ စကား မဟုတ်ဘူး ၊ အမျိုးသမီး တစ်ဦးရဲ့ ဂုဏ်သိက္ခာဆိုတာ လိင်ကိစ္စ ပြုခြင်းမပြုခြင်းနဲ့ ဆုံးဖြတ်ပေးရမဲ့ အရာမဟုတ်ဘူး။ 


အိမ်ထောင်မပြုခင် လိင်ကိစ္စ လွန်ကျူး ပြီးရင် တန်ဖိုး မရှိတော့ သလို အမျိုးသမီးတွေကို ပဲ ဖိနိပ် ပြောဆိုဆက်ဆံ ကြလွန်းလို့ လည်း .. ယောကျ်ားတွေဟာ လွန်ကျူး ဖို့ အသားစီး ပိုရတာ ဖြစ်တယ်၊ အမျိုးသားတွေကတော့ သူ အိမ်ထောင်မပြုခင်ထိ တော့ အယောက်(၁၀၀)နဲ့ အိပ်လဲ Virgin ပဲ ။ အေးလေ.. Virgin Men ဖြစ်ကြောင်း သက်သေပြစရာ မှ မရှိတာ ..။ အမျိုးသမီးတွေကျ မင်္ဂလာဦးညမှာ အိပ်ယာခင်းမှာ သွေးမစွန်းလို့ , အပျိုအမြှေးပါး ပျက်စီးလို့ .. စောင်တလွဲ စံနှုန်းတွေနဲ့ ဘောင်ကျဉ်းလွန်းတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝ။ 



လိင်ကိစ္စကို အကြောင်းပြပြီး မျက်ရည်ထိုးမှ ကိုယ့် ကိုကိုယ် သိက္ခာ ရှိမယ် လို့ ထင်ရင် လူဖြစ်ရှူံးပြီလို့ သာ မှတ်လိုက်တော့။ ကိုယ့်ကို တကယ်.. မစာနာ တဲ့ တကယ် မချစ်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ အနားမှာ တသက်လုံးနေဖို့ ဆုံးဖြတ်ပြီ ဆိုကတည်းက ကိုယ့်ဘဝဟာ တကယ်ကို လုံးပါးပါးပြီ။ ဘယ်ချိန် ထဖောက်ပြန်မလဲ .. ၊ သူ မခွဲနိုင်မခွါရက် ချစ်လှပါပြီတဲ့ တခြား မိန်းမကို ဘယ်ချိန် အိမ်ခေါ်တင်လာမလဲ စောင့်ကြည့်ရမဲ့ ဘဝမျိုး နဲ့.. တစ်ခါ သာယာလို့ မှားဖူးတဲ့ အမှားအတွက် ငါ့ သိက္ခာ လို့ ခေါင်းစဉ်တပ် ပြီး ၊ ကိုယ့် ဘဝကိုပါ ဆွဲချလိုက်တာ တန်ရဲ့လား လို့ သာ တွေးကြည့် ပါ။ 



(၅)လိင်ကိစ္စ နဲ့ မိမိ သိက္ခာတန်ဖိုး ကို ကိုယ်တိုင် ညီမျှခြင်း ချပြီး ကိုယ့်ကိုကိုယ် တန်ဖိုး ဆွဲချတတ်တဲ့ အရာ တစ်ခု 



ချစ်သူရည်းစားထားပြီး ချစ်သူသဘာဝ ချစ်ရည်လူးပြီးနောက် မြန်မာအမျိုးသမီးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ပြဿနာကတော့ ... 



Sex= Dignity 


Sex=Love လို့ ထင်နေခြင်းပဲ။ 


သူမှ မယူရင် ငါ့ဘဝတော့ သွားပြီ။ ငါတော့ သိက္ခာ မရှိတော့ဘူး၊ သူနဲ့ အဲ့လောက်ထိ တွဲခဲ့ပြီးမှ ငါ့ကို ဘယ်ယောကျ်ားမှ ယူမှာ မဟုတ်ဘူး လို့ တွေးမိတတ်ကြတာပါပဲ။  Life goal ဆိုတာ ကိုယ့်ရဲ့ စိတ်ကူးအိမ်မက် ထဲမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ နေချင်တဲ့ အိမ် ၊ လိုချင်တဲ့ ဝင်ငွေ နဲ့ ဘဝကို တည်ဆောက်ခြင်းပဲ၊ အခြေခိုင်ပြီ ဆိုမှ Family life ကိုသွားကြတာ ဖြစ်တယ်။ ဒါပေမဲ့ မြန်မာလူငယ်တွေ အများစုမှာ 


ယောကျ်ားယူတာ/ အိမ်ထောင်ပြုတာကို ဘဝပန်းတိုင် တခုလို ဘာလို့ တွေးမိတတ်ကြလဲ၊ ချစ်သူရှိခြင်း/မရှိခြင်းဟာ ဂုဏ်သိမ်တခုလို ဘာလို့  ခံယူကြလဲ ၊မက်စရာ အိမ်မက်တွေက မရှိကြတာလား ပဲ.. 


စဉ်းစားစရာပဲ ပေါ့နော်..



ဒီလို လိင် ကိစ္စ လွန်ကျူးပြီးတာနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုး မရှိတော့ ဘူး .. ၊ သူကလွဲပြီး တခြားတစ်ယောက် မရနိုင်တော့ဘူးလို့ Sexual mindset မှာ လွဲမှားနေကြတယ်။ လိင်ကိစ္စအပေါ် ပွင့်လင်း မြင်သာမှု မရှိတော့ပဲ ကိုယ့်ကိုကိုယ် တန်ဖိုးဆွဲချတဲ့ အရာ တခု အနေနဲ့ Depress ဖြစ်ကြ


တဲ့ အမျိုးသမီးငယ်လေးတွေ အတော်များများ ရှိပါတယ်။ အဲ့လို အထင်မြင်လွဲမှားနေမှုတွေကြောင့်လဲ ဒီ တစ်ဦးတစ်ယောက်ကို ကပ်တွယ်လိုမှု ၊ အချစ်ခံလိုမှု တွေနဲ့ 


လိင်ကိစ္စကို ကိုယ်တိုင်က မလိုချင်ပဲ၊ မလိုအပ်ပဲ နဲ့ 


တဖက်လူကို အမြတ်ထုတ်ခွင့် ပေးလိုက်တယ်။ 


ဒါကြောင့်လဲ မြန်မာအမျိုးသမီးတွေ အပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်ခြင်း နဲ့ အလိုမတူ အဓမ္မမှုတွေ များသထက် များလာရတဲ့ အကြောင်းအရင်းထဲက တခုပဲ။ လိင်ကိစ္စဟာ ရှက်ကြောက်စရာ၊ ဖုံးကွယ်စရာ ၊ သိက္ခာကျစရာလို့ ခံယူထားတော့လည်း  မသမာသူတွေ အဖို့ ရှက်ကြောက်နုတ်ဆိတ်နေကြတဲ့ အမျိုးသမီးတွေ အပေါ် အသားစီးရနေခြင်း ဖြစ်တယ်။



အဲ့ဒီ အတွက် မိဘ, ကျောင်းပညာရေး ၊ လူ့အသိုင်းအဝိုင်း အဖွဲ့အစည်း တခုခု ကနေ Sexual Knowledge/Education နဲ့အတူ Sexual Mindset ကိုပါ သင်ကြားပေးသင့်တယ် ဆိုတာပါပဲ။



-(၆)ကျန်းမာရေး ရှူထောင့် နဲ့ သဘာဝ တရား ရဲ့ ရှူထောင်ကို ပွင့်လင်းရိုးသားစွာ မတွေးပဲ ရှူပ်ထွေးနေတဲ့ အရာတစ်ခု 



သဘာဝ တရားကြီးရဲ့ ဖန်တီးမှုအရ လူသား အနေနဲ့ ဖြစ်လာခဲ့ရင် Biologically လိင်စိတ် ဆိုတာ လူသား အဖိုအမ တိုင်းမှာ ပါဝင်ပြီးသား ဖြစ်သလို ထိန်းချုပ်နိုင်တဲ့ စိတ်အနည်းအများသာလျှင် ကွာပါလိမ့်မယ်။ Sexual  Desirability များတာလည်း အမျိုးသမီးတွေ ဖြစ်သလို ထိန်းချုပ်မှု အားကောင်းတာလည်း အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ လိင်ကိစ္စမှ ပေးစွမ်းသော Orgasm ခံစားမှု ဟာ ကိုယ်ခန္ဓာကို အရမ်းကို အထောက်အကူပြုသော အရာဖြစ်သလို Orgasm ကို ခံစားဖို့ လွယ်ကူတာကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုနုပျိုရတဲ့ အချက်ထဲက တခုလည်းဖြစ်ပါတယ်။ 



လိင်ကိစ္စဟာ ပုထုဇဉ် လူသား ကိုယ်ခန္ဓာရဲ့ အာသီသ အရ လိုအပ်တဲ့ အရာ တခုဖြစ်သလို အမျိုးသားတွေ ဘက်အနေနဲ့ .. ရယူလိုစိတ်နဲ့ ဦးဆောင် ပွင့်လင်းသလို အမျိုးသမီးတွေဟာလည်း ကိုယ့်ဘက်က ဆုံးရှူံးလိုက်ရတာမျိုး မဟုတ်ပဲ ရယူတတ်ဖို့ ကြိုးစားသင့်တယ် ဆိုတာပါပဲ။ အဲ့ဒီလို ရယူတတ်မှု မှာ Sexual Desirability စိတ် ထန်ကြောင်း သိက္ခာကျစရာ၊ အပုတ်ချ ပြောဆိုခံရစရာ ဘာအကြောင်းမှ မရှိသလို .. အပြောခံရပြီဆိုကတည်းက ကိုယ့်Partner လူ က စည်းမရှိ၊ သမာ သမှတ် မရှိတာဟာ သိသာလွန်းတဲ့ အချက်ဖြစ်တယ်။ ကိုယ်တိုင် မလိုချင်ရင် ဘာဆိုဘာမှ ကိုယ့်ဘက်က ဘာမှ မပေးပါနဲ့၊ အားနာနာနဲ့ ပေးလိုက်ရတဲ့ အရာတွေထဲမှာ ကိုယ်ရဲ့ ကိုယ်ခန္ဓာ ကိုယ်တခုလုံး ပါသွားတယ် ဆိုတာမျိုးတော့ လုံးဝ မဖြစ်ပါစေနဲ့ အမျိုး သမီးတို့ ... Be Smart and safe until the end !!! 


—————————————————————

 “ျမန္မာအမ်ိဳးသမီးေတြ ေတြးေခၚေျပာင္းလဲ သင့္တဲ့ လိင္ကိစၥအေပၚ ခံယူစိတ္ “





ျမန္မာအမ်ိဳးသမီးေတြရဲ့ အျမင္ မွာ-  



လိင္ကိစၥဟာ - (၁)ကိုယ့္ တဖက္လူရဲ့ ဆႏၵအတြက္ မိမိ အခ်စ္ကို သက္ေသျပစရာ အရာတစ္ခု 


-(၂) အမ်ိဳးသမီးေတြ အတြက္ ေပးဆပ္ျခင္း ၊ အမ်ိဳးသားေတြ အတြက္ ရယူျခင္း လို့ ခံယူၾကတဲ့အရာတခု


-(၃)အသိမႂကြယ္ပဲ ကိုယ္ကိုကိုယ္ မကာကြယ္တတ္တာကို သိကၡာပိုရွိတယ္ ထင္ၾကတဲ့ အရာတစ္ခု 


-(၄)ကိုယ့္ကို တကယ္မခ်စ္တဲ့ ေယာက်္ားတစ္ေယာက္ကို တြယ္ကပ္ဖို့ သက္ေသခံ မ်က္ရည္ခံထိုးရမဲ့ အရာတစ္ခု


-(၅)လိင္ကိစၥ နဲ႔ မိမိ သိကၡာတန္ဖိုး ကို ကိုယ္တိုင္ ညီမၽွျခင္း ခ်ၿပီး ကိုယ့္ကိုကိုယ္ တန္ဖိုး ဆြဲခ်တတ္တဲ့ အရာ တစ္ခု 


-(၆)က်န္းမာေရး ရွူေထာင့္ နဲ႔ သဘာဝ တရား ရဲ့ ရွူေထာင္ကို ပြင့္လင္းရိုးသားစြာ မေတြးပဲ ရွူပ္ေထြးေနတဲ့ အရာတစ္ခု 



လင္ကို ဘုရားလို ရိုေသၿပီး ရွိခိုကန္ေတာ့ ဦးခ်အပ္တယ္၊ ကၽြန္လို လုပ္ေကၽြးၿပီး ျပည့္တန္ဆာ လို ျပဳစုရတယ္ဆိုတဲ့ မနက္ဖန္ သဘက္ခါ ပြင့္ေတာ့မဲ့ ဘုရားေလာင္း လင္ေယာက်္ား အေပၚ ပါရမီ ျဖည့္ေနရသလိုလိုနဲ႔ ဘုမသိဘ မသိ နဲ႔ အဆုံးအမ ခံရဖူးမယ္ ထင္တယ္ ၊ဒီလို ဆုံးမစာေတြလည္း ဖတ္ခဲ့ဖူးၾကမယ္ ။ “ Domestic Abuse ( အိမ္တြင္း အၾကမ္းဖက္မွု) “ မွန္း မသိ ၊ ဆိုးသမၽွ ရိုက္ႏွက္သမၽွ ၊ ယုတ္မာသမၽွ နဲ႔ ေဖာက္ျပန္သမၽွ ကို သည္းခံေပါင္း ၿပီး ပါရမီ ျဖည္ခဲ့တယ္ဆိုတဲ့ ဘုရား ျဖစ္မဲ့ အုတ္နီခဲ လိုမ်ိဳး အူတူတူ မိန္းမ ေတြလည္း ရွိခဲ့ ပါေသးတယ္။ 



ဒီလို လြဲမွား တဲ့ လင္ခ်စ္ဂါထာ အဆုံးအမေတြ အယူအဆ နဲ႔ ယဥ္ေက်းမွု ေတြရဲ့ ရိုက္သြင္းမွုေတြဟာ .. ကေနေယာက်္ားဆိုရင္ အလိုလို ျမင့္ျမတ္ၿပီး မိန္းမ ဆို ရင္ ေယာက်္ား ေတြရဲ့ အျဖည့္ခံ သေဘာနဲ႔ နာမ္ နိမ္ခဲ့ၾကတာဟာ ယေန႔ထိပဲ။အမ်ိဳးသမီး တစ္ဦး ရဲ့ တန္ဖိုးကို  Virgin ျဖစ္ျခင္း မျဖစ္ျခင္းနဲ႔ တိုင္းတာၾကၿပီးေတာ့ .. တေန႔ တဖက္အမ်ိဳးသားရဲ့ ဆႏၵကို လိင္ကိစၥ ျပဳ ျဖည့္တင္းဖို့အတြက္  အမ်ိဳးသမီးေတြက လက္မထပ္ခင္ထိ ေစာင့္ထိန္း နိုင္မွသာ တန္ဖိုး သိကၡာရွိသလို အဆိုျပဳခဲ့လို့လည္း ျမန္မာမိန္းမေတြ ဘဝ မွာ လိင္ကိစၥဟာ သိကၡာ ႀကီး တစ္ခုလို  ခ်ဳပ္တည္း ေစာင့္ထိန္းေနရတာပဲ။ 



တကယ္ေတာ့ .. လိင္ကိစၥဟာ အဖိုအမ ( ေယာက်္ား ၊ မိန္းမ) ႏွစ္ေယာက္ၾကားက .. မ်ိဳးဆက္သစ္ ေမြးထုတ္ဖို့ ရာ အပိုင္း တစ္ခုထဲ  မဟုတ္သလို လူသား တစ္ေယာက္ ရဲ့ စိတ္ပိုင္း / ခႏၶာ႐ုပ္ပိုင္း ဆိုင္ရာ ေက်နပ္မွု နဲ႔  ခႏၶာေဗဒအေပၚ က်န္းမာေရးအရ ေထာက္ပံ မွုေတြပါ အမ်ားႀကီးေပးထားတဲ့ ဇီဝေဗဒ ဆိုင္ ရာ ႐ုပ္ခႏၶာရဲ့ လိုအပ္ခ်က္ ၊ ခံစားခ်က္ တခုဆိုတာပါပဲ။ 



( ဒီစာကေန အမ်ိဳးသမီးေတြကို ခံယူခ်က္နဲ႔ ရေစခ်င္တဲ့ Message က - ေယာက်ာ္းတကာ နဲ႔ လိုက္အိပ္ ၊ ျဖစ္ခ်င္သလိုျဖစ္ ၊ သိကၡာမက်သြားဘူးလို့  ဆိုလို ထား ျခင္း မဟုတ္သလို ..  လြဲေနတဲ့ ခံယူခ်က္ေတြေၾကာင့္ မိန္းမဘဝ စိတ္ေရာ ကိုယ္ပါ နစ္နာရတာခ်ည္းေတြ မျဖစ္ေအာင္ / ကိုယ့္ကိုကိုယ္ ကာကြယ္တတ္ေအာင္  အသိပညာေပးလိုျခင္းသာ ျဖစ္ပါတယ္) 




(၁) ကိုယ့္ တဖက္လူရဲ့ ဆႏၵအတြက္ မိမိ အခ်စ္ကို သက္ေသျပစရာ အရာတစ္ခု 



“ ခ်စ္လို့ ေပးဆပ္တာေနာ္ “ ဆိုတဲ့ သက္ေသတစ္ခုအတြက္ နဲ႔ ကိုယ့္ရဲ့ Virginity ( အပ်ိဳရည္) နဲ႔ Sex ကို အခ်စ္သက္ေသ လုပ္လိုက္ၾကတဲ့ အမ်ိဳးသမီးေတြ ဒုနဲ႔ေဒး ရွိဖူးၾကမယ္။  လိင္ကိစၥဟာ ေသာက္မေျပတဲ့ ပင္လယ္ေရပဲ .. တခါစားဖူး ပိုငတ္ၾကတဲ့ သဘာဝႀကီးက ေန တခါ အခ်စ္သက္ေသျပၿပီးရင္ ေနာက္တခါလဲ ဒီလို အခ်စ္သက္ေသမ်ိဳး ထပ္ ျပေနရမွာပဲ ။ ကိုယ့္ရဲ့ Partner ရဲ့ ဆႏၵေၾကာင့္ ခ်စ္ရင္လာ “ အတူတူအိပ္ေပး “ ဆိုတဲ့ ဆိုလိုရင္းေရာက္ေအာင္ Mentally အရေကာ Physically အရပါ Rape ခံေနရတဲ့ Love Victims (အခ်စ္ဒုကၡ)သည္ မျဖစ္ပါေစနဲ႔။ 


“Sex”  နဲ႔ “Love “ ကို ကြဲဖို့ လိုတယ္။ ခ်စ္သူသဘာဝ Sex ကိစၥရွိလာဖို့ ဟာ ကိုယ္ ခြင့္ျပဳမွ ျဖစ္မဲ့ ကိစၥေတြ ဆိုေတာ့ ကိုယ့္ရဲ့ သေဘာတူညီမွု အျပင္ ကိုယ္ကိုတိုင္ေကာ တကယ္ လိုခ်င္ရဲ့လား ဆိုတာ ထည့္ေတြးရမဲ့ အခ်က္ပဲ။ 




(၂) အမ်ိဳးသမီးေတြ အတြက္ ေပးဆပ္ျခင္း ၊ အမ်ိဳးသားေတြ အတြက္ ရယူျခင္း လို့ ခံယူၾကတဲ့အရာတခု



ျမန္မာ Logic မွာ .. လိင္ကိစၥဟာ အမ်ိဳးသမီးေတြ အတြက္ ေပးဆပ္ျခင္း ၊ အမ်ိဳးသားေတြ အတြက္ ရယူျခင္း လို့ ခံယူၾကတယ္။ 



လင္သားရဲ့ ဆႏၵတစ္ခု ကို ျဖည့္တင္းၿပီး  သားသမီးေတြ ေမြး ေပး ခဲ့လိုက္ၾက တယ္ Orgasm ဆိုတာ ဘာမွန္း မသိပဲ ေသသြားခဲ့တဲ့ ျမန္မာအမ်ိဳးသမီးေတြ အမ်ားႀကီးပဲ ရွိၾကမယ္ ။  မိသားစု၊ အိမ္ေထာင္မွု ကိစၥေတြၾကားကေန စိတ္ပင္ပန္း လူပင္ပန္းတဲ့ ၾကားက လိင္ကိစၥဟာ စိတ္အပန္းေျဖစရာ တခုလို ခံစား ဖို့ ေနေနသာသာ ၊ ေယာက်္ား အလိုမက် ၿငိဳျငင္မွာစိုးလို့ တာဝန္ေက်စရာ တခုလို ျဖည့္တင္းေပးရတဲ့ ျမန္မာမိန္းမေတြ ဘဝဟာ သနားစရာပဲ။  လိုခ်င္လို့ ကိုယ္တိုင္ လိုလိုခ်င္ခ်င္ နဲ႔ ရယူေနမ်ိဳးမဟုတ္ပဲ တာဝန္ ဝတၱရားအရ ျဖည့္စီး ေနသလိုမ်ိဳး။ ေယာက်္ားဘက္က အရာရာမွာ တာဝန္ေက်တာ ရွိေကာင္းရွိနိုင္သလို လိင္ကိစၥတခုထဲကိုပဲ သိမ္းၾကဳံးၾကည့္ၿပီး အရမ္းႀကီး အေရးပါသလို ေျပာေနတာ မဟုတ္ပါဘူး ။ ကိုယ္ မလိုခ်င္ရင္ အတင္းေတြ တာဝန္ ဝတၱရားအရ .. ေနေပးေနရတာဟာ မုဒိန္းက်င့္ ခံေနရတာနဲ႔ အတူတူပါပဲ။  ကိုယ့္အေပၚ စိတ္ပိုင္းဆိုင္ရာ အရ ၊ ခ်စ္ျခင္းေမတၱာအရ ၊ က်န္းမာေရး အရ အိမ္ေထာင္ဘက္/ ခ်စ္သူ partner အေနနဲ႔ .. ေလးစားမွု မရွိပဲ သူလိုခ်င္တိုင္း ယူေနရင္ အဆင္ေတာ့ မေျပပါဘူး ၊ ဒါက ရွင္းပါတယ္။ 



“ လိင္ကိစၥဟာ အဖိုအမ အေပးအယူ မၽွ တ ၿပီး အႏၲရာယ္ လည္း ကင္းေစဖို့ အဆုံးထိ ပြင့္လင္း ရမဲ့ အရာျဖစ္သလို ကိုယ္က ခ်ည္း ေပးလိုက္ရတာမ်ိဳး မဟုတ္ပဲ နဲ႔ ကိုယ္က လိုအပ္လို့ ကိုယ္တိုင္ ယူတဲ့ အရာ”မ်ိဳး ပဲ.. ျဖစ္သင့္ပါ တယ္။ 



(၃)အသိမႂကြယ္ပဲ ကိုယ္ကိုကိုယ္ မကာကြယ္တတ္တာကို သိကၡာပိုရွိတယ္ ထင္ၾကတဲ့ အရာတစ္ခု



 ျမန္မာအမ်ိဳးသမီးေတြ ရဲ့ ေခတ္ကာလ အေပၚ ေလ့လာလိုက္စား ၿပီး Smart ျဖစ္မွု ဟာ မိုင္ကုန္မေျပးပဲ ဟိုမေရာက္ ဒီမေရာက္နဲ႔ အလြန္ ဂြက်ပါတယ္။ အဆိုးဆုံးကေတာ့ Smart ျဖစ္တာနဲ႔ experienced ျဖစ္တာ ကို ေရာခ်ၿပီး တလြဲဆံပင္ ေကာင္း ၊ တန္ဖိုးထားခံလိုျခင္းပါ။ အေတြ႕အၾကဳံ နည္း တာနဲ႔ ကိုယ့္ကိုကိုယ္ ကာကြယ္တတ္တာ ဟာ မတူညီပါဘူး။ အမ်ိဳးသား Partner တစ္ဦးနဲ႔ ဘယ္လို ပင္ စိတ္ခ်ရတဲ့ ပတ္သက္မွု အေနအထား ျပင္ရွိပါေစ ၊ အခ်ိန္ မတန္ေသးဘူး.. ငါ မိဘျဖစ္ဖို့ Ready မျဖစ္ေသးတဲ့ ကာလ တခုထိ “ 100% Safety First “ ျဖစ္ဖို့ ကို ဦးစားေပးၿပီး မိမိကိုယ္ကို ကာကြယ္တတ္ပါေစ။ 



အဲ့အတြက္ မိမိ Partner ကို အကာအကြယ္ အျပည့္အဝ သုံးၿပီး ေဆာင္ရန္ ၊ ေရွာင္ရန္ နဲ႔ .. ေဆးပညာ ဗဟုသုတ ကို အပြင့္လင္းဆုံး မၽွေဝ သင့္သလို masterpiece experienced လို့ တလြဲ အထင္ခံရတာနဲ႔  ေဘးဥပါတ္မရွိ ကိုယ့္ကိုကိုယ္ အျပည့္အဝ ကာကြယ္နိုင္တာ ဒီႏွစ္မ်ိဳးမွာ ဘယ္ဟာ က Smart ပိုျဖစ္မလဲ ?? 



-(၄)ကိုယ့္ကို တကယ္မခ်စ္တဲ့ ေယာက်္ားတစ္ေယာက္ကို တြယ္ကပ္ဖို့ သက္ေသခံ မ်က္ရည္ခံထိုးရမဲ့ အရာတစ္ခု



ကိုယ့္ အေပၚ စာနာစိတ္ မရွိပဲမခ်စ္တဲ့ ေယာက်္ားတစ္ေယာက္ကို လိင္ကိစၥအတြက္ တာဝန္ယူခံၿပီး တစ္ဘဝလုံးေပါင္း သင္းဖို့ မ်က္ရည္ခံ ထိုးတာဟာ အမ်ိဳးသမီး တခ်ိဳ့ရဲ့ တကယ့္ကို မဟာ အမွားပဲ။ အမ်ိဳးသမီး ခ်င္း သိကၡာကို ထည့္ မတြက္လို့ မဟုတ္သလို Sex= Dignity  လို့ ထင္ေနရင္ .. 


ဘဝ မွာ ေနစရာေတာင္ က်န္ေတာ့မွာ မဟုတ္ဘူး။ 


ဒါဟာ သိကၡာမရွိလို့ ေျပာတဲ့ စကား မဟုတ္ဘူး ၊ အမ်ိဳးသမီး တစ္ဦးရဲ့ ဂုဏ္သိကၡာဆိုတာ လိင္ကိစၥ ျပဳျခင္းမျပဳျခင္းနဲ႔ ဆုံးျဖတ္ေပးရမဲ့ အရာမဟုတ္ဘူး။ 


အိမ္ေထာင္မျပဳခင္ လိင္ကိစၥ လြန္က်ဴး ၿပီးရင္ တန္ဖိုး မရွိေတာ့ သလို အမ်ိဳးသမီးေတြကို ပဲ ဖိနိပ္ ေျပာဆိုဆက္ဆံ ၾကလြန္းလို့ လည္း .. ေယာက်္ားေတြဟာ လြန္က်ဴး ဖို့ အသားစီး ပိုရတာ ျဖစ္တယ္၊ အမ်ိဳးသားေတြကေတာ့ သူ အိမ္ေထာင္မျပဳခင္ထိ ေတာ့ အေယာက္(၁၀၀)နဲ႔ အိပ္လဲ Virgin ပဲ ။ ေအးေလ.. Virgin Men ျဖစ္ေၾကာင္း သက္ေသျပစရာ မွ မရွိတာ ..။ အမ်ိဳးသမီးေတြက် မဂၤလာဦးညမွာ အိပ္ယာခင္းမွာ ေသြးမစြန္းလို့ , အပ်ိဳအေျမႇးပါး ပ်က္စီးလို့ .. ေစာင္တလြဲ စံႏွုန္းေတြနဲ႔ ေဘာင္က်ဥ္းလြန္းတဲ့ ျမန္မာအမ်ိဳးသမီးေတြရဲ့ ဘဝ။ 



လိင္ကိစၥကို အေၾကာင္းျပၿပီး မ်က္ရည္ထိုးမွ ကိုယ့္ ကိုကိုယ္ သိကၡာ ရွိမယ္ လို့ ထင္ရင္ လူျဖစ္ရွူံးၿပီလို့ သာ မွတ္လိုက္ေတာ့။ ကိုယ့္ကို တကယ္.. မစာနာ တဲ့ တကယ္ မခ်စ္တဲ့ ေယာက်္ားတစ္ေယာက္ရဲ့ အနားမွာ တသက္လုံးေနဖို့ ဆုံးျဖတ္ၿပီ ဆိုကတည္းက ကိုယ့္ဘဝဟာ တကယ္ကို လုံးပါးပါးၿပီ။ ဘယ္ခ်ိန္ ထေဖာက္ျပန္မလဲ .. ၊ သူ မခြဲနိုင္မခြါရက္ ခ်စ္လွပါၿပီတဲ့ တျခား မိန္းမကို ဘယ္ခ်ိန္ အိမ္ေခၚတင္လာမလဲ ေစာင့္ၾကည့္ရမဲ့ ဘဝမ်ိဳး နဲ႔.. တစ္ခါ သာယာလို့ မွားဖူးတဲ့ အမွားအတြက္ ငါ့ သိကၡာ လို့ ေခါင္းစဥ္တပ္ ၿပီး ၊ ကိုယ့္ ဘဝကိုပါ ဆြဲခ်လိုက္တာ တန္ရဲ့လား လို့ သာ ေတြးၾကည့္ ပါ။ 



(၅)လိင္ကိစၥ နဲ႔ မိမိ သိကၡာတန္ဖိုး ကို ကိုယ္တိုင္ ညီမၽွျခင္း ခ်ၿပီး ကိုယ့္ကိုကိုယ္ တန္ဖိုး ဆြဲခ်တတ္တဲ့ အရာ တစ္ခု 



ခ်စ္သူရည္းစားထားၿပီး ခ်စ္သူသဘာဝ ခ်စ္ရည္လူးၿပီးေနာက္ ျမန္မာအမ်ိဳးသမီးငယ္ေလးေတြမွာ ျဖစ္တတ္တဲ့ ျပႆနာကေတာ့ ... 



Sex= Dignity 


Sex=Love လို့ ထင္ေနျခင္းပဲ။ 


သူမွ မယူရင္ ငါ့ဘဝေတာ့ သြားၿပီ။ ငါေတာ့ သိကၡာ မရွိေတာ့ဘူး၊ သူနဲ႔ အဲ့ေလာက္ထိ တြဲခဲ့ၿပီးမွ ငါ့ကို ဘယ္ေယာက်္ားမွ ယူမွာ မဟုတ္ဘူး လို့ ေတြးမိတတ္ၾကတာပါပဲ။  Life goal ဆိုတာ ကိုယ့္ရဲ့ စိတ္ကူးအိမ္မက္ ထဲမွာ ကိုယ္လုပ္ခ်င္တဲ့ အလုပ္၊ ေနခ်င္တဲ့ အိမ္ ၊ လိုခ်င္တဲ့ ဝင္ေငြ နဲ႔ ဘဝကို တည္ေဆာက္ျခင္းပဲ၊ အေျခခိုင္ၿပီ ဆိုမွ Family life ကိုသြားၾကတာ ျဖစ္တယ္။ ဒါေပမဲ့ ျမန္မာလူငယ္ေတြ အမ်ားစုမွာ 


ေယာက်္ားယူတာ/ အိမ္ေထာင္ျပဳတာကို ဘဝပန္းတိုင္ တခုလို ဘာလို့ ေတြးမိတတ္ၾကလဲ၊ ခ်စ္သူရွိျခင္း/မရွိျခင္းဟာ ဂုဏ္သိမ္တခုလို ဘာလို့  ခံယူၾကလဲ ၊မက္စရာ အိမ္မက္ေတြက မရွိၾကတာလား ပဲ.. 


စဥ္းစားစရာပဲ ေပါ့ေနာ္..



ဒီလို လိင္ ကိစၥ လြန္က်ဴးၿပီးတာနဲ႔ ကိုယ့္ကိုကိုယ္ တန္ဖိုး မရွိေတာ့ ဘူး .. ၊ သူကလြဲၿပီး တျခားတစ္ေယာက္ မရနိုင္ေတာ့ဘူးလို့ Sexual mindset မွာ လြဲမွားေနၾကတယ္။ လိင္ကိစၥအေပၚ ပြင့္လင္း ျမင္သာမွု မရွိေတာ့ပဲ ကိုယ့္ကိုကိုယ္ တန္ဖိုးဆြဲခ်တဲ့ အရာ တခု အေနနဲ႔ Depress ျဖစ္ၾက


တဲ့ အမ်ိဳးသမီးငယ္ေလးေတြ အေတာ္မ်ားမ်ား ရွိပါတယ္။ အဲ့လို အထင္ျမင္လြဲမွားေနမွုေတြေၾကာင့္လဲ ဒီ တစ္ဦးတစ္ေယာက္ကို ကပ္တြယ္လိုမွု ၊ အခ်စ္ခံလိုမွု ေတြနဲ႔ 


လိင္ကိစၥကို ကိုယ္တိုင္က မလိုခ်င္ပဲ၊ မလိုအပ္ပဲ နဲ႔ 


တဖက္လူကို အျမတ္ထုတ္ခြင့္ ေပးလိုက္တယ္။ 


ဒါေၾကာင့္လဲ ျမန္မာအမ်ိဳးသမီးေတြ အေပၚ လိင္ပိုင္း ဆိုင္ရာ အျမတ္ထုတ္ျခင္း နဲ႔ အလိုမတူ အဓမၼမွုေတြ မ်ားသထက္ မ်ားလာရတဲ့ အေၾကာင္းအရင္းထဲက တခုပဲ။ လိင္ကိစၥဟာ ရွက္ေၾကာက္စရာ၊ ဖုံးကြယ္စရာ ၊ သိကၡာက်စရာလို့ ခံယူထားေတာ့လည္း  မသမာသူေတြ အဖို့ ရွက္ေၾကာက္ႏုတ္ဆိတ္ေနၾကတဲ့ အမ်ိဳးသမီးေတြ အေပၚ အသားစီးရေနျခင္း ျဖစ္တယ္။



အဲ့ဒီ အတြက္ မိဘ, ေက်ာင္းပညာေရး ၊ လူ႔အသိုင္းအဝိုင္း အဖြဲ႕အစည္း တခုခု ကေန Sexual Knowledge/Education နဲ႔အတူ Sexual Mindset ကိုပါ သင္ၾကားေပးသင့္တယ္ ဆိုတာပါပဲ။



-(၆)က်န္းမာေရး ရွူေထာင့္ နဲ႔ သဘာဝ တရား ရဲ့ ရွူေထာင္ကို ပြင့္လင္းရိုးသားစြာ မေတြးပဲ ရွူပ္ေထြးေနတဲ့ အရာတစ္ခု 



သဘာဝ တရားႀကီးရဲ့ ဖန္တီးမွုအရ လူသား အေနနဲ႔ ျဖစ္လာခဲ့ရင္ Biologically လိင္စိတ္ ဆိုတာ လူသား အဖိုအမ တိုင္းမွာ ပါဝင္ၿပီးသား ျဖစ္သလို ထိန္းခ်ဳပ္နိုင္တဲ့ စိတ္အနည္းအမ်ားသာလၽွင္ ကြာပါလိမ့္မယ္။ Sexual  Desirability မ်ားတာလည္း အမ်ိဳးသမီးေတြ ျဖစ္သလို ထိန္းခ်ဳပ္မွု အားေကာင္းတာလည္း အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္။ လိင္ကိစၥမွ ေပးစြမ္းေသာ Orgasm ခံစားမွု ဟာ ကိုယ္ခႏၶာကို အရမ္းကို အေထာက္အကူျပဳေသာ အရာျဖစ္သလို Orgasm ကို ခံစားဖို့ လြယ္ကူတာေၾကာင့္လည္း အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ ပိုႏုပ်ိဳရတဲ့ အခ်က္ထဲက တခုလည္းျဖစ္ပါတယ္။ 



လိင္ကိစၥဟာ ပုထုဇဥ္ လူသား ကိုယ္ခႏၶာရဲ့ အာသီသ အရ လိုအပ္တဲ့ အရာ တခုျဖစ္သလို အမ်ိဳးသားေတြ ဘက္အေနနဲ႔ .. ရယူလိုစိတ္နဲ႔ ဦးေဆာင္ ပြင့္လင္းသလို အမ်ိဳးသမီးေတြဟာလည္း ကိုယ့္ဘက္က ဆုံးရွူံးလိုက္ရတာမ်ိဳး မဟုတ္ပဲ ရယူတတ္ဖို့ ႀကိဳးစားသင့္တယ္ ဆိုတာပါပဲ။ အဲ့ဒီလို ရယူတတ္မွု မွာ Sexual Desirability စိတ္ ထန္ေၾကာင္း သိကၡာက်စရာ၊ အပုတ္ခ် ေျပာဆိုခံရစရာ ဘာအေၾကာင္းမွ မရွိသလို .. အေျပာခံရၿပီဆိုကတည္းက ကိုယ့္Partner လူ က စည္းမရွိ၊ သမာ သမွတ္ မရွိတာဟာ သိသာလြန္းတဲ့ အခ်က္ျဖစ္တယ္။ ကိုယ္တိုင္ မလိုခ်င္ရင္ ဘာဆိုဘာမွ ကိုယ့္ဘက္က ဘာမွ မေပးပါနဲ႔၊ အားနာနာနဲ႔ ေပးလိုက္ရတဲ့ အရာေတြထဲမွာ ကိုယ္ရဲ့ ကိုယ္ခႏၶာ ကိုယ္တခုလုံး ပါသြားတယ္ ဆိုတာမ်ိဳးေတာ့ လုံးဝ မျဖစ္ပါေစနဲ႔ အမ်ိဳး သမီးတို့ ... Be Smart and safe until the end !!! 


မူရင်းရေးသားမျှဝေသူ - Truth but Bitter Page


No comments: