Monday, December 21, 2020

How to Respect a Transgender Person

Trans ကိုကို မမတွေကို ဘယ်လိုလေးစားသမှုပြုကြမလဲ (How to Respect a Transgender Person)





စာဖတ်သူဟာ ကိုယ့်ဘဝသက်တမ်းမှာ တစ်ခါမှ မစဉ်းစားဖူးတဲ့ ဆန့်ကျင်ဘက်လိင်အသွင် ပြောင်းလဲဝတ်ဆင်နေထိုင်သူ တစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ကို လေ့လာရတယ်ဆိုပါစို့။ သူ့ရဲ့ ကျားဖြစ်ခြင်း မဖြစ်ခြင်း ‘လိင်စိတ်ဝိသေသ’ အထောက်အထားနဲ့ ပတ်သက်ပြီး နားမလည် ခြင်းဖြစ်နိုင်သလို သူတို့ အဝန်းအဝိုင်းမှာ စိတ်မခုစေဘဲ သို့မဟုတ် ဘုဂလန့်အသွင်မပေါက်စေဘဲ စာဖတ်သူအနေနဲ့ ဘယ်လိုသရုပ် ဆောင်ရမယ်ဆိုတာ မသေချာသလိုဖြစ်နေနိုင်ပါတယ်။ 


ဒီဆောင်းပါးခေါင်းစဉ်မှာ ရည်ညွှန်းထားတဲ့ ‘ဆန့်ကျင်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်နေထိုင်သူ တစ်ယောက် (a Transgender Person) ဆိုတာက အမိဝမ်းကကျွတ်စပြုချိန်တွင် ထင်ထင်ရှားရှား ပါဝင်လာသော လိင်အင်္ဂါအရ သို့မဟုတ် လိင်ဝိသေသလက္ခဏာ အရမဟုတ်ဘဲ ဆန့်ကျင်ဘက်အသွင်ပြုမူဝတ်ဆင်နေထိုင်သူတစ်ယောက်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ 


ဆန့်ကျင်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေ အတော်များများဟာ ကမ္ဘာအနှံ့မှာ ကျယ်ပြန့်လှတဲ့ အမျိုးမျိုးသော ယဉ်ကျေးမှုအသွင်ပြင်များဖြင့် ဟိုးယခင်ခေတ်အဆက်ဆက်ကရှိခဲ့ကြသလို အခုလဲရှိနေကြပါတယ် နောက်လည်းရှိနေပါဦးမယ်။ တိုင်းပြည်တစ်ပြည်အရ ဒါမှမဟုတ် ယဉ်ကျေးမှုတစ်ရပ်ဟာတော့ဖြင့် သူတို့တွေရဲ့ ဝိသေသလက္ခဏာဖြစ်ပါတယ်လို့ အမည်တပ်ဖို့က ခဲယဉ်းပါတယ်။ ယနေ့လူမှုအဖွဲ့အစည်းမှာ သူတို့တွေရဲ့ လိင်ဝိသေသ အခြေအနေကို ရှင်းလင်းပြဖို့ အမြဲတမ်းလွယ်ကူနေတယ် ဆိုတာ မျိုးတော့ မဟုတ်ပါဘူး။ 


ယောက်ျား မိန်းမဖြစ်တည်မှု လိင်ဝိသေသ ပြီးတော့ လိင်ကိစ္စတွေနဲ့ပတ်သက်ပြီး စာဖတ်သူရဲ့အတွေးအခေါ် အပေါ် စိန်ခေါ်မှု ဖြစ်စေတဲ့သူတစ်ဦးတစ်ယောက်အပေါ် နားလည်မှုနဲ့ လေးစားသမှုကို ပေးရပါလိမ့်မယ်။ စာဖတ်သူဟာ လူပီသသူ၊ တစ်ဖက်သားကို နားလည်မှုပေးတတ်သူဖြစ်ကြောင်း သက်သေပေါ့လေ။ ယောက်ျား၊ မိန်းမ ၊ ယောက်ျားပီသခြင်း သို့မဟုတ် မိန်းမ ဆန်ခြင်း စတဲ့ခေါင်းစဉ်ခွဲတွေ၊အတန်းအစားသတ်မှတ်ချက်တွေ၊ လွယ်လွယ်ပြောလို့မရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ကောပေါ့နော်။ 


လူတစ်ယောက်ရဲ့ ကိုယ်ပိုင် လိင်ဝိသေသလက္ခဏာနှင့် ပတ်သက်ပြီး သူတို့ကိုယ်သူတို့သတ်မှတ် ထားတဲ့ နာမ်စား အခေါ်အဝေါ် အသုံးအနှုန်းတွေအတိုင်း ပြောဆိုခေါ်ဝေါ်သုံးစွဲပေးလိုက်ခြင်းဖြင့် စာဖတ်သူရဲ့ လူတစ်ယောက်အပေါ် လေးစားသမှု ပေးတတ် နားလည်ပေးတတ်ပါကြောင်း စိတ်ထားကိုစတင်ပြသနိုင်ပါတယ် ခင်ဗျ။


(၁) ခေါင်းစဉ်တပ်စရာမလို

စာဖတ်သူဟာ ဘဝမှာ စာဖတ်သူလိုလူတွေနဲ့ ဘယ်နေရာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် အထူးသဖြင့် လိင်ဝိသေသနဲ့ပတ်သက်ပြီး အထူးတလည် ခေါင်းစဉ်တပ်ပြောရလောက်တဲ့ အကြောင်းအရာလို့ မထင်မှတ်ဘဲ နေထိုင်ပြောဆိုခဲ့ကြပါတယ်။ လူတွေဟာ လိင်ဝိသေသကို ဝန်ခံအသိအမှတ်ပြုတတ်တဲ့ အကူးအပြောင်းတစ်ရပ်ဖြစ်လာပါပြီ။ စာဖတ်သူဟာ ဘယ်လိုလူပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ အလေးအမြတ်ပြုစေသကဲ့သို့ အခြားလူတစ်ဦးချင်းစီတိုင်းကိုလည်း လေးစားသမှုပြုရပါမယ်။


တစ်စုံတစ်ခုသော ‘အဘယ့်ကြောင့်ဆိုသော်’ ဆိုတဲ့ကိစ္စကြောင့် တစ်စုံတစ်ယောက်နဲ့ ပတ်သက်ပြီးစကားစမြည်ပြောဖြစ်တဲ့အခိုက်အတန့် လေးကို နားလည်သဘောပေါက်သင့်တယ်။ ယခုလက်ရှိ လုံးဝဥဿုံ သူတို့ရဲ့ လိင်ဝိသေသအတိုင်းခေါ်ပြောဆက်ဆံတဲ့အခိုက်အတန့် ဆိုတာ ကိုယ်ကိုယ်တိုင်က သူတို့ကဲ့သို့ဖြစ်နေတယ်လို့ အဓိပ္ပာယ်မှမသက်ရောက်တာ။  တစ်စုံတစ်ယောက်ကို စာဖတ်သူက လေးစားသမှု ထားဖို့ ရည်စူးထားပါလျှင် သူတို့ရဲ့ကွဲပြားခြားနားချက်ကြောင့် စာဖတ်သူဟာ သီးခြားထင်ရှားမှုတစ်ခုကို အလေးထားတယ်၊ အဆိုပါလူရဲ့ ပုဂ္ဂလိကဖြစ်တည်မှုကြောင့် အခြားသူများနဲ့ ကွဲပြားသွားရတယ်လို့ မဆိုနိုင်ပါ။


အပေါ်ကပြောခဲ့တဲ့အချက်အလက်များအရ အဆိုပါကွဲပြားခြားနားသူတွေကို စာဖတ်သူဟာ သူတို့ကိုယ်သူတို့ ညွှန်းဆိုထားတဲ့ လိင်ဝိသေသအတိုင်း၊ အမည်အတိုင်း နာမ်စားအတိုင်း ခေါ်ပြောဆက်ဆံနေထိုင်ဖို့အရေးပါပါတယ်။ (သူတို့ရဲ့ ထင်သာမြင်သာ ဝတ်စား ဆင်ယင်ပုံ အသွင်အပြင်များအရဖြစ်စေ၊ ဖွင့်ဟဝန်ခံထားသူ မဟုတ်ဘူး ဒါမှမဟုတ် အခြားနည်းအားဖြင့် စာဖတ်သူကိုပြောပြထားသူ မဟုတ်ဘူးဆိုတာမျိုးကြောင့် တကယ်မသေချာရင်တော့ စကားလမ်းကြောင်းသင့်ချိန်မယ် အဆင်ပြေချိန်မှာ သူတို့ကိုသေချာလေး မေးမြန်းကြည့်ပါ။)


(၂) အတိတ်ကာလများကို ညွှန်းဆိုရာမှာသတိပြုဖို့ 


စကားစမြည်ပြောကြလို့ အတိတ်ကာလတွေအကြောင်း စကားစပ်မိတဲ့အခါ ‘အရင် ယောက်ျား/မိန်းမတစ်ယောက် ဖြစ်ချိန်က (a previous gender) ဒါမှမဟုတ် ‘ယောက်ျား/မိန်းမတစ်ယောက်အဖြစ် မွေးချိန်’ ဆိုတဲ့ စကားစုတွေကို တတ်နိုင်သမျှ မသုံးမိဖို့ကြိုးစား ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဆန့်ကျင်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်နေထိုင်သူ (Transgender) အများစုဟာ စာဖတ်သူကို ဖွင့်ဟဝန်ခံထားပြီးသား လိင်ဝိသေသ (the gender) အပေါ် အမြဲတစေခံစားချက်ရှိနေလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာအကြောင်းအရာပဲ ဖြစ်ဖြစ် ဖုံးကွယ်ဖို့ ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့နဲ့လိုက်လျောညီထွေ ဆက်ဆံလုပ်ကိုင်ဖို့ပါ။


အတိတ်ကာလတွေအကြောင်း စကားပြောဆိုကြချိန်မှာ လိင်ဝိသေကို မှီးငြမ်း ညွှန်းဆိုတာရှောင်ရှားဖို့ ဖြေရှင်းနည်းတစ်ခုကတော့ အခြား အကိုးအကား အခြားစကားသုံးပုံစံ ဘောင်တစ်မျိုးကို အသုံးပြုခြင်းဖြစ်ပါတယ်။ ယခင်နှစ်က၊ ခင်ဗျား ကလေးတစ်ယောက်ဖြစ်စဉ်က၊ ခင်ဗျား အထက်တန်းကျောင်းတက်ချိန်က စသဖြင့်ပေါ့။ အတိတ်ဖြစ်ရပ်အကြောင်းစကားပြောဆိုစဉ် လိင်ဝိသေသအပြောင်းအလဲအား ညွှန်းဆိုပြောကြားချင်ရင်တော့ ‘ခင်ဗျား ဖွင့်ဟဝန်ခံခြင်းမပြုခင်က’ ဒါမှမဟုတ် ‘ခင်ဗျား စပြီးအကူးအပြောင်းတွေ မလုပ်ဖြစ်ခင်’ စသော အသုံးမျိုးတွေသုံးပါ။ (သင့်လျော်လိုက်ဖက်ရင်ပေါ့လေ)


(၃) လူပုဂ္ဂိုလ်ရဲ့ လိင်ဝိသေသအတိုင်း သီးခြားဘာသာစကားကိုအသုံးပြုပါ


အဆိုပါ ဆန့်ကျင်ဘက်လိင်အသွင်ဝတ်ဆင်နေထိုင်သူတစ်ယောက် သူတို့ကိုယ်သူတို့ညွှန်းဆိုအသုံးပြုတဲ့ နာမ်စားအတိုင်း မေးခေါ်သုံးစွဲ ခြင်းဖြင့် သူတို့အပေါ်ဂရုပြုအလေးထားသော စကားသုံးရွေးချယ်မှုဖြစ်နိုင်ပါတယ်။ ဥပမာ မိန်းကလေး၊အမျိုးသမီး တစ်ယောက်လို့ ဖော်ထုတ်ပြဆိုနေထိုင်သူ တစ်စုံတစ်ယောက်ကို သူမ၊ သူမပစ္စည်း၊ မင်းသမီး၊ အမျိုးသမီးစားပွဲထိုး စသော အမျိုးသမီးဆန်ဆန် စကားလုံးများ၊ နာမ်စားများအသုံးပြုခြင်းဖြစ်ပါတယ်။ ယောက်ျားသား၊ အမျိုးသားတစ်ယောက်ကဲ့သို့ ဖော်ထုတ်ပြဆိုနေထိုင်သူ တစ်ယောက်ကို ယောက်ျားဆန်သော စကားရပ်တွေဖြစ်တဲ့ သူ၊ သူ့ဟာ စသဖြင့် အသုံးပြုပြောဆိုခြင်းမျိုးပါပဲ။ အခြားသော ဆန့်ကျင်ဘက်လိင်အသွင်ဝတ်ဆင်နေထိုင်သူများကတော့ လိင်ဝိသေသစကားသုံးကို ကြားနေစကားသုံး နာမ်စားများဖြစ်တဲ့ သူတို့၊ သူတို့ဟာ၊ သူတို့ရဲ့ စတဲ့နာမ်စားတွေကို စတင်အသုံးပြုနေကြပါပြီ။စာဖတ်သူအနေနဲ့ သူတို့ပြောပြတဲ့အမည်နဲ့ နာမ်စားတွေကို အသုံးပြုပါ။


သူငယ်ချင်းဖြစ်တဲ့ ဇော်ဇော်တစ်ယောက် စာဖတ်သူဆီလာရောက်ပြီး transgender တစ်ယောက်ဖြစ်ကြောင်းဖွင့်ဟဝန်ခံကာ မေရီလို့ ခေါ်ဆိုပေးဖို့ ဆန္ဒရှိကြောင်းပြောလာပြီဆိုပါစို့။ 

‘ဒါ ကျွန်တော့်သူငယ်ချင်း ဇော်ဇော်ပါ။ ကျွန်တော် သူ့ကို အထက်တန်းကျောင်းတက်ကတည်းက သိခဲ့တာ’ လို့မပြောဘဲ၊ 

‘ဒါ ကျွန်တော့်သူငယ်ချင်း မေရီပါ။ ကျွန်တော် သူမကို အထက်တန်းကျောင်းတက်ကတည်းက သိခဲ့တာ’လို့ ညွှန်ပြတာမျိုးလုပ်ရတော့မယ့် အခြေအနေရောက်ပါပြီ။


မေရီနဲ့ စာဖတ်သူ သီးသန့်စကားပြောခွင့်ရတဲ့ အခြားသော အချိန်၊ အခြေအနေအတွက် စိတ်အထာမကျမှု ခံစားရကောင်း ခံစားရနိုင် ပါတယ်။ မေရီနဲ့ သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုလျှင်တော့ မေရီရဲ့ စိတ်ဆန္ဒရယ်၊ လက်ရှိ ပစ္စုပ္ပန်မှာ သူမဘယ်သူဆိုတာ ညွှန်းဆိုထားခြင်းတွေအပေါ် စာဖတ်သူက ဂရုထားလေးစားဖို့လိုပါလိမ့်မယ်။ ယခင်က စာဖတ်သူ သိခဲ့တဲ့သူမဟုတ် တော့ပါဘူး။ စာဖတ်သူသိရှိခဲ့ဖူးတဲ့ ဆန့်ကျင်ဘက်လိင်အသွင်ဝတ်စားဆင်ယင်နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အခု သူတို့ကို ပိုမို သိရှိလောက်ပြီထင်ပါရဲ့။


(၄) မေးခွန်းထုတ်ဖို့ မကြောက်ရွံ့ပါနဲ့


မေးခွန်းထုတ် မေးမြန်းကြည့်ဖို့ဆိုတာကို မကြောက်ရွံ့သင့်ပါ။ တစ်ခုရှိတာက သူတို့ရဲ့ ID သို့မဟုတ် လိင်ဝိသေသ (gender) နဲ့ဆက်နွယ်တဲ့ မေးခွန်းအားလုံးကို ဆန့်ကျင့်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်ထားသူများ ဖြေပေးလိမ့်မယ်လို့တော့ သေချာ ပြောမရပါဘူး။ အဆိုပါလူတွေဟာ စာဖတ်သူရဲ့ ဆုံးမသွန်သင် နည်းပေးလမ်းပြမှုခံရမယ့်သူတွေအဖြစ်တော့ ဘယ်လိုဖြစ်ဖြစ် မမျှော်လင့်ပါနဲ့။ဒါက စာဖတ်သူကိုယ်ကိုယ့်ကိုယ် သတိပေးရမယ့် တာဝန်ယူမှုပါ။ သည်လိုပါပဲ Trans တစ်ယောက်က စာဖတ်သူရဲ့ မေးခွန်းတွေကိုဖြေပေးဖို့ သက်သောင့်သက်သာမဖြစ်ဘူးလို့ ခံစားရချိန်မှာ သူတို့ဆီက အဖြေတွေကို အတင်းညှစ်မထုတ်ရပါဘူး။


ကျန်းမာရေးအတွက် ဆေးစစ်ဖို့ အထောက်အပံ့ဖြစ်အောင် စီစဉ်ရာမှာ သိဖို့လိုတာကြောင့် အင်္ဂါဇာတ်အကြောင်း၊ ခွဲစိတ်မှုတွေအကြောင်း ပြီးတော့ လွန်ခဲ့သောကာလက နာမည်အကြောင်း မေးမြန်းမှု မေးခွန်းများဟာ Trans တစ်ယောက်အတွက် လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး တစ်ရပ်အဖြစ် စိတ်ကသိကအောင့်မဖြစ်စေတဲ့ အမေးများပါ။ ဒါမှမဟုတ် ဥပဒေဆိုင်ရာစာရွက်စာတမ်းများအတွက် မှတ်ပုံတင်ပါ နာမည်ကို သိဖို့လိုတာမျိုးဖြစ်တတ်ပါတယ်။


(၅) တကိုယ်ရေလွတ်လပ်ခွင့်ကို လေးစားပေးပါ


ဆန့်ကျင်ဘက်လိင်အသွင်ရှိသူတွေရဲ့ ကိုယ်ရေးကိုယ်တာလိုအပ်ချက်တွေအပေါ် ဂရုထားလေးစားပေးဖို့လိုပါတယ်။ ခွင့်ပြုတဲ့အရိပ် အယောင်မပြဘဲ သူတို့ရဲ့ဖြစ်တည်မှုကို တပါးသူအား တဆင့်ခံဖွင့်ထုတ်မပြောသင့်ပါ။ သူတို့ဟာ Transgender လူပုဂ္ဂိုလ်ဖြစ်ကြောင်း စာဖတ်သူကို ဖွင့်ဟဝန်ခံပြောဆိုခြင်းဟာ အတော်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ပေါ့ပေါ့ပါးပါးမဟုတ်ခဲ့ပါဘူး။ နောက်တစ်မျိုး ပြောရရင် သူတို့ရဲ့ခွင့်ပြုချက်မရဘဲ အပြင်ခေါ်ထုတ် အပျင်းပြေလမ်းလျှောက်ထွက်တာမျိုး လုပ်ခြင်းဟာ စာဖတ်သူနဲ့သူတို့ကြား ဆက်ဆံရေးကို တွက်ချက်မိစေပြီး ယုံကြည်မှုအပေါ် သစ္စာဖောက်ခြင်းတစ်ရပ်မည်ပါတယ်။့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်လို့ သူတို့ကို အန္တရာယ်စက်ကွင်းထဲထည့်ရာရောက်သလို အန္တရာယ်ပြုမူခံရခြင်း ဒါမှမဟုတ် ပြောဖို့မသင့်တဲ့ များပြားသော ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တာပါ။ သူတို့အတွက် အရာရာ အသင့်ဖြစ်ချိန် ဒါမှမဟုတ် အသင့်ဖြစ်ရင် သူတို့ပြုလုပ်ချင်ရင် စာဖတ်သူကိုပြောပြပါလိမ့်မယ်။


ပြောပြခဲ့တဲ့ အကြံဉာဏ်က အချိန်ပြည့်ဆန့်ကျင်ဘက်လိင်အသွင်ကူးပြောင်းနေထိုင် ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်အသွင်ကူးပြောင်း မနေထိုင်သေးသူအတွက် ဖြစ်နိုင်ပါတယ်။ အချိန်ပြည့် ဆန့်ကျင်ဘက်လိင်အသွင် ဝတ်ဆင်နေထိုင်သူတွေကျတော့ သူတို့ရဲ့ သီးခြား လိင်ဝိသေသ (proper gender role) အရ ဆန့်ကျင်ဘက်လိင်အသွင်ကူးပြောင်းပြီးတဲ့ လက်ရှိအခြေအနေကို သိမှီသူတွေထက် ယခင် ဆန့်ကျင်ဘက်လိင်အသွင်မကူးပြောင်းခင်က သိမှီသူတွေအပေါ် မလိုလားတဲ့စိတ်များတယ်ခင်ဗျ။


(၆) လူတွေရဲ့ အတွေ့အကြုံကို သိဟန်မဆောင်ပါနဲ့


လူအတော်များများရဲ့ အတွေ့အကြုံတွေ ကြုံဆုံဖြစ်ပျက်ခဲ့တာတွေအပေါ် စာဖတ်သူ သိပါတယ်လို့ ဟန်တောင်တာမျိုး မပြုလုပ်သင့်ဘူး လို့ ပြောချင်တာပါ။ ကွဲပြားခြားနားတဲ့ လိင်ဝိသေသသတ်မှတ်ချက်ကို ဖော်ပြဖို့ဆိုတာ ကွဲပြားခြားနားတဲ့ ဖြစ်တည်မှုလမ်းအများကြီးရှိပါ တယ်။ ‘အမျိုးသား/အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာမှာ ပိတ်မိခဲ့ခြင်း’ ဆိုတဲ့အတွေးကိုကြည့်ရအောင်။ အမျိုးသမီးအသွင်ဝတ်ဆင်နေထိုင်တဲ့ Trans women တွေက အလွန်တရာ အမျိုးသမီးဆန်တယ်၊ အမျိုးသားအသွင်ဝတ်ဆင်နေထိုင်တဲ့ Trans men တွေက တော်တော် ယောက်ျားဆန်တယ်လို့ ယုံကြည်ကြတာပါ။ 


ပြီးတော့ အဆိုပါ Trans တွေဟာ ဟော်မုန်းဆေးတွေနဲ့ ခွဲစိတ်ပြုပြင်ချင်းကိုအမြဲလိုလား ရှာဖွေနေတယ်လို့လဲ လှေနံဓားထစ်ယုံကြတယ်။ ဒါတွေဟာ အချို့လူတွေအတွက်တော့ မှန်ကောင်းမှန် နိုင်ပေမယ့် အခြားသော မလိုလားသူတွေရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အခြေအနေအကြောင်း စာဖတ်သူကိုပြောပြလာရင် လမ်းမှန် ညွန်ကြားပေးပြီး တင်ကူးကြိုတင်မှန်းဆ ယူဆချက်တွေမပါဘဲ နားထောင်ပေးလိုက်ရပါမယ်။


စာဖတ်သူသင်ကြားလေ့လာခဲ့တဲ့ သီအိုရီတွေအရ တင်းကြပ်တာ ဒါမှမဟုတ် စာဖတ်သူ သိရှိခဲ့တဲ့ အခြားသော Trans လူတွေရဲ့အတွေ့ အကြုံတွေအရ သိဟန်ဆောင် ဒါမှမဟုတ် စာဖတ်သူရဲ့ရှေ့မှာရှိနေသူရဲ့ ဖြစ်တည်မှုအခြေအနေတူတဲ့ ကြားဖူးတဲ့အကြောင်းအချက် အလက်များအရ အတူတူပဲလို့ ညီမျှခြင်းမချပါနဲ့။ သူတို့ဘဝထဲ အတိတ်က တုန်လှုပ်မှုဖြစ်ရပ်ကြောင့် ဆန့်ကျင်ဘက်လိင်အသွင် ကူးပြောင်းနေခြင်း ဒါမှမဟုတ် သူတို့ကိုယ်ခန္ဓာထဲက စိတ်အခြေအနေကို လွတ်မြောက်ဖို့နည်းတစ်ခုအနေနဲ့ လိင်ဝိသေသပြောင်းလဲခြင်း တွေပါလို့ မထင်မှတ်ရပါ။


(၇) လိင်ဝိသေသအထောက်အထားနဲ့ လိင်သဘာဝနှစ်ခုကြား ကွဲပြားချက်ကို အသိအမှတ်ပြုပါ


Trans တွေရဲ့ လိင်ဝိသေသ (gender) နဲ့ သူတို့ရဲ့ လိင်သဘာဝ(sexuality) အပြန်အလှန်ဆက်စပ်မှုရှိသယောင် ယူဆလို့မရပါ။ မယူဆသင့်ပါဘူး။ အဲဒီနှစ်ခုကြားက ကွာခြားချက်ကို စတင်အသိအမှတ်ပြုဖို့လိုပါတယ်။ သည်နေရာမှာ ဆန့်ကျင်ဘက်လိင်ကို သဘောကျသူ၊ လိင်တူခြင်း သဘောကျသူ အမျိုးသား၊ လိင်တူခြင်းသဘောကျသူ အမျိုးသမီး၊ လိင်နှစ်မျိုးစလုံးသဘောကျသူ၊ လိင်ကိစ္စဘာမှစိတ်မဝင်စားသူ၊ ဆန့်ကျင်ဘက်လိင်အသွင်ဝတ်စားဆင်ယူသူ စသဖြင့် အမျိုးမျိုးသော လိင်စိတတ်တိမ်းညွှတ်မှုရှိနေပါ တယ်လို့ပြောပြချင်တယ်။ လူတစ်ဦးတစ်ယောက်က စာဖတ်သူဆီလာပြီး သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို ဖွင့်ဟတယ်ဆိုပါစို့။ သူတို့အသုံးပြုပြောဆိုတဲ့ ဝေါဟာရ သတ်မှတ်ချက်အတိုင်း ပြန်လည်တုန့်ပြန်ပေးပါ။


(၈) တန်းတူရည်တူ ဆက်ဆံပေးပါ


ဆန့်ကျင်ဘက်လိင်အသွင်ဝတ်စားဆင်ယင်သူတွေလို့ပဲပြောပြော ဘယ်လိုလိင်စိတ်တိမ်းညွှတ်မှုရှိသူဖြစ်ပါစေ ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘဲ တန်းတူရည်တူဆက်ဆံပေးရပါမယ်။ စာဖတ်က သူတို့အပေါ် အထူးတလည်ဂရုတစိုက်ဆက်ဆံပေးမှုကို အလေးထား ကျေနပ်နိုင်သော်လည်း တစ်ဦးချင်းစီအလိုက်ကတော့ ကျေးဇူးတင်တာ အသိအမှတ်ပြုတာမျိုးတွေ လုပ်လိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး စာဖတ်သူက ဗဟုသုတများစွာရှိသော်မှ လစ်လျူရှု ဘေးချိတ်မထားမိဖို့ သေသေချာချာ ဂရုပြုရပါမယ်။ သူတို့ဖွင့်ဟဝန်ခံခြင်းမပြုခင်ကရှိခဲ့သော ထူးခြားတဲ့ကိုယ်ရေကိုယ်သွေးများဟာ အခြေခံအားဖြင့် မပြောင်းမလဲရှိ နေပါတယ်။ ဒါကြောင့် အခြားသူများကို ဆက်ဆံသကဲ့သို့ပဲ တမူထူးဆက်ဆံတာမျိုး မဟုတ်သော်မှ ပုံမှန်အတိုင်းပဲဆက်ဆံပေးပါ။


နားထောင်ချင်တဲ့စိတ်ဆန္ဒသဘောရှိရမယ်။ TG လူအများစုက သူတို့အတွေ့အကြုံတွေ သူတို့စိတ်ဆန္ဒတွေကို မျှဝေနိုင်တဲ့ အဝန်းအဝိုင်း ကကျဉ်းပြီး မျိုးတူ TG ဦးရေကလည်း အကန့်အသတ်ရှိကြတယ်။ သူတို့အတွေ့အကြုံတွေကို နားထောင်၊ လိုအပ်မှုတွေကို ဝေမျှ ပညာ ပေးပြောဆိုခြင်းဖြင့် စာဖတ်သူကော သူတို့အတွက်ကော နှစ်ဦးနှစ်ဖက် အကျိုးများတာကိုတွေ့ရမှာပါ။ 


ဇဝေဇဝါ မဖြစ်သင့်ပါ။ အကြောင်းအရာ တစ်စုံတစ်ခုကို စာဖတ်သူက ဖွေရှာအဖြေထုတ်ဖို့အခက်တွေ့နေပါက သူတို့ကိုအသိပေးလိုက်ပါ။ ရိုးသားမှုတစ်ခု ဖြောင့်မှန်သော တုန့်ပြန်ချက်တစ်ရပ်ဟာ သူတို့နဲ့ အပေးအယူလုပ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဆက်ဆံရေးကို ဖြတ်တောက်ပစ်လိုက်တာထက် အဆင်ပြေမှာပါ။


သူတို့နဲ့ အချိန်ဖြုန်းပါ (Hang out)။ နေ့စဉ်စာဖတ်သူ ဆက်ဆံနေကြ အခြားသူငယ်ချင်းများနဲ့ အချိန်ဖြုန်းသလိုမျိုး ပြောဆိုဆက်ဆံ ဖြတ်သန်းနေပါက သူတို့သည် ‘ဇော်ဇော်’ ဖြစ်ဖြစ် ‘မေရီ’ဖြစ်ဖြစ် နောက်များမကြာခင်မှာ စာဖတ်သူအတွက်ထူးဆန်းသောသူတစ်ယောက် မဟုတ်တော့ကြောင်းတွေ့ရပါလိမ့်မယ်။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတစ်ယောက် စာဖတ်သူပိုင်ဆိုင်ရမှာသေချာပါတယ်။


(၉) အထောက်အပံ့ဖြစ်ပါစေ


စာဖတ်သူဟာ မိမိမဟုတ်တဲ့ တစ်ပါးသူအတွက် အနှောင့်အယှက်မဖြစ်ဘဲ အထောက်အပံ့ရသူဖြစ်သင့်ပါတယ်။ မိခင်ဝမ်းကနေ မွေးဖွားစဉ် ပါရှိပိုင်ဆိုင်ထားသော လိင်အင်္ဂါရယ် အသွင်အပြင်တွေရယ်နဲ့ ဆန့်ကျင်သော လိင်ဝိသေသတစ်ရပ်ကို ဖွင့်ဟဖော်ပြသူ တစ်ယောက်အနေဖြင့် ဘဝရဲ့အဓိကအပြောင်းအလဲ အဖြစ်အပျက်တစ်ရပ်အဖြစ်ကြုံနေရတာပါ။ 


‘စိတ်ရှည်သည်းခံခြင်း၊ နားလည်ခြင်း၊ ပြီးတော့ သည်လိုအပြောင်းအလဲကိစ္စတွေကို ဆွေးနွေးတိုင်ပင်ရာမှာ လိုက်လုပ်ပေးချင်သော ဆန္ဒတစ်ရပ်တို့သည်’ ခက်ခဲပြီး စိတ်လှုပ်ရှား ထိခိုက်လွယ်သောအချိန်တစ်ခုကို သူတို့ဖြတ်သန်းရာမှာ အကူအညီဖြစ်သွားပါလိမ့်မယ်။ သူတို့မျှဝေချင်တဲ့ အကြောင်းအရာတွေကို သက်သောင့်သက်သာဖြစ်စေမယ့် ခွင့်ပြုလောက်တဲ့ အဖွင့်မေးခွန်းလေးတွေ၊ စကားထောက်လေးတွေနဲ့ဆို ကောင်းမွန်အဆင်ပြေ ပါတယ်။


ဥပမာ - ‘ဘာတွေဖြစ်နေတာလဲ သူငယ်ချင်း’၊ ‘မင်းကြည့်ရတာ စိတ်ဖိစီးနေတယ်ထင်တယ်။ ကိုယ့်ကို ပြောပြချင်လား’၊ ‘သူငယ်ချင်းကြည့်ရတာ တကယ်ပျော်နေပုံပဲ။ ကောင်းတာတစ်ခုခုဖြစ်နေတယ်လား’ ၊ ‘မင်း ဆွေးနွေးချင် ပြောပြချင်တဲ့ ကိစ္စတွေအတွက် ငါနားထောင်ပေးဖို့အသင့်ပဲနော်’ 


ပြောစရာ အချို့ (Tips)


ဆန့်ကျင်ဘက်လိင်အသွင် ဝတ်စားဆင်ယင်နေထိုင်တာကို နှစ်ခြိုက်သူ Transgender များဟာ ကိုယ်ရေကိုယ်သွေးချို့ယွင်းနေသူ များမဟုတ်ပါ။ 


လိင်စိတ်တိမ်းညွှတ်မှုအရ ကျားဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတဲ့ ဝိသေသရွေးချယ်မှုအပေါ် အထင်သေးပြီး ခွဲခြားဆက်ဆံခြင်းမပြုရပါ။


ဖြစ်တည်မှုကို အပျော်သဘောဖွင့်ဟဝန်ခံခြင်းမဟုတ်တဲ့အတွက် ဟာသတစ်ပုဒ်နားထောင်ရသလို ရယ်ပွဲမဖွဲ့သင့်ပါ။


သူတို့ကိုယ်သူတို့ ရည်ညွှန်းခေါ်ဝေါ်ပြောဆိုချင်တဲ့အတိုင်း အသုံးပြုပြောဆိုခေါ်ဝေါ်ဆက်ဆံပေးပါ။


ပညာတတ်၊ဘွဲ့ရဆိုတဲ့ ပညတ်ချက်ထား အလေးပေးဆက်ဆံတာထက် လူတစ်ယောက်ရဲ့ဖြစ်တည်မှုအပေါ်လေးစားသမှု ထားဖို့ပြော နေခြင်းဖြစ်တာကြောင့် ဒါကိုကွဲပြားဖို့လိုပါတယ်။


Alex Aung (19 December 2020)


 (Zawgyi) 

Trans ကိုကို မမေတြကို ဘယ္လိုေလးစားသမွုျပဳၾကမလဲ (How to Respect a Transgender Person)



စာဖတ္သူဟာ ကိုယ့္ဘဝသက္တမ္းမွာ တစ္ခါမွ မစဥ္းစားဖူးတဲ့ ဆန႔္က်င္ဘက္လိင္အသြင္ ေျပာင္းလဲဝတ္ဆင္ေနထိုင္သူ တစ္ေယာက္ရဲ့ ဘဝျဖစ္စဥ္ကို ေလ့လာရတယ္ဆိုပါစို့။ သူ႔ရဲ့ က်ားျဖစ္ျခင္း မျဖစ္ျခင္း ‘လိင္စိတ္ဝိေသသ’ အေထာက္အထားနဲ႔ ပတ္သက္ၿပီး နားမလည္ ျခင္းျဖစ္နိုင္သလို သူတို့ အဝန္းအဝိုင္းမွာ စိတ္မခုေစဘဲ သို့မဟုတ္ ဘုဂလန႔္အသြင္မေပါက္ေစဘဲ စာဖတ္သူအေနနဲ႔ ဘယ္လိုသ႐ုပ္ ေဆာင္ရမယ္ဆိုတာ မေသခ်ာသလိုျဖစ္ေနနိုင္ပါတယ္။ 


ဒီေဆာင္းပါးေခါင္းစဥ္မွာ ရည္ညႊန္းထားတဲ့ ‘ဆန႔္က်င္ဘက္လိင္အသြင္ေျပာင္းလဲဝတ္ဆင္ေနထိုင္သူ တစ္ေယာက္ (a Transgender Person) ဆိုတာက အမိဝမ္းကကၽြတ္စျပဳခ်ိန္တြင္ ထင္ထင္ရွားရွား ပါဝင္လာေသာ လိင္အဂၤါအရ သို့မဟုတ္ လိင္ဝိေသသလကၡဏာ အရမဟုတ္ဘဲ ဆန႔္က်င္ဘက္အသြင္ျပဳမူဝတ္ဆင္ေနထိုင္သူတစ္ေယာက္ကိုဆိုလိုျခင္းျဖစ္ပါတယ္။ 


ဆန႔္က်င္ဘက္လိင္အသြင္ေျပာင္းလဲဝတ္ဆင္ေနထိုင္သူေတြ အေတာ္မ်ားမ်ားဟာ ကမၻာအႏွံ့မွာ က်ယ္ျပန႔္လွတဲ့ အမ်ိဳးမ်ိဳးေသာ ယဥ္ေက်းမွုအသြင္ျပင္မ်ားျဖင့္ ဟိုးယခင္ေခတ္အဆက္ဆက္ကရွိခဲ့ၾကသလို အခုလဲရွိေနၾကပါတယ္ ေနာက္လည္းရွိေနပါဦးမယ္။ တိုင္းျပည္တစ္ျပည္အရ ဒါမွမဟုတ္ ယဥ္ေက်းမွုတစ္ရပ္ဟာေတာ့ျဖင့္ သူတို့ေတြရဲ့ ဝိေသသလကၡဏာျဖစ္ပါတယ္လို့ အမည္တပ္ဖို့က ခဲယဥ္းပါတယ္။ ယေန႔လူမွုအဖြဲ႕အစည္းမွာ သူတို့ေတြရဲ့ လိင္ဝိေသသ အေျခအေနကို ရွင္းလင္းျပဖို့ အျမဲတမ္းလြယ္ကူေနတယ္ ဆိုတာ မ်ိဳးေတာ့ မဟုတ္ပါဘူး။ 


ေယာက္်ား မိန္းမျဖစ္တည္မွု လိင္ဝိေသသ ၿပီးေတာ့ လိင္ကိစၥေတြနဲ႔ပတ္သက္ၿပီး စာဖတ္သူရဲ့အေတြးအေခၚ အေပၚ စိန္ေခၚမွု ျဖစ္ေစတဲ့သူတစ္ဦးတစ္ေယာက္အေပၚ နားလည္မွုနဲ႔ ေလးစားသမွုကို ေပးရပါလိမ့္မယ္။ စာဖတ္သူဟာ လူပီသသူ၊ တစ္ဖက္သားကို နားလည္မွုေပးတတ္သူျဖစ္ေၾကာင္း သက္ေသေပါ့ေလ။ ေယာက္်ား၊ မိန္းမ ၊ ေယာက္်ားပီသျခင္း သို့မဟုတ္ မိန္းမ ဆန္ျခင္း စတဲ့ေခါင္းစဥ္ခြဲေတြ၊အတန္းအစားသတ္မွတ္ခ်က္ေတြ၊ လြယ္လြယ္ေျပာလို့မရတဲ့သူေတြနဲ႔ပတ္သက္ၿပီးေတာ့ေကာေပါ့ေနာ္။ 


လူတစ္ေယာက္ရဲ့ ကိုယ္ပိုင္ လိင္ဝိေသသလကၡဏာႏွင့္ ပတ္သက္ၿပီး သူတို့ကိုယ္သူတို့သတ္မွတ္ ထားတဲ့ နာမ္စား အေခၚအေဝၚ အသုံးအႏွုန္းေတြအတိုင္း ေျပာဆိုေခၚေဝၚသုံးစြဲေပးလိုက္ျခင္းျဖင့္ စာဖတ္သူရဲ့ လူတစ္ေယာက္အေပၚ ေလးစားသမွု ေပးတတ္ နားလည္ေပးတတ္ပါေၾကာင္း စိတ္ထားကိုစတင္ျပသနိုင္ပါတယ္ ခင္ဗ်။


(၁) ေခါင္းစဥ္တပ္စရာမလို

စာဖတ္သူဟာ ဘဝမွာ စာဖတ္သူလိုလူေတြနဲ႔ ဘယ္ေနရာပဲျဖစ္ျဖစ္ ဘယ္မွာပဲျဖစ္ျဖစ္ အထူးသျဖင့္ လိင္ဝိေသသနဲ႔ပတ္သက္ၿပီး အထူးတလည္ ေခါင္းစဥ္တပ္ေျပာရေလာက္တဲ့ အေၾကာင္းအရာလို့ မထင္မွတ္ဘဲ ေနထိုင္ေျပာဆိုခဲ့ၾကပါတယ္။ လူေတြဟာ လိင္ဝိေသသကို ဝန္ခံအသိအမွတ္ျပဳတတ္တဲ့ အကူးအေျပာင္းတစ္ရပ္ျဖစ္လာပါၿပီ။ စာဖတ္သူဟာ ဘယ္လိုလူပုဂၢိဳလ္ျဖစ္တယ္ဆိုတာ အေလးအျမတ္ျပဳေစသကဲ့သို့ အျခားလူတစ္ဦးခ်င္းစီတိုင္းကိုလည္း ေလးစားသမွုျပဳရပါမယ္။


တစ္စုံတစ္ခုေသာ ‘အဘယ့္ေၾကာင့္ဆိုေသာ္’ ဆိုတဲ့ကိစၥေၾကာင့္ တစ္စုံတစ္ေယာက္နဲ႔ ပတ္သက္ၿပီးစကားစျမည္ေျပာျဖစ္တဲ့အခိုက္အတန႔္ ေလးကို နားလည္သေဘာေပါက္သင့္တယ္။ ယခုလက္ရွိ လုံးဝဥႆုံ သူတို့ရဲ့ လိင္ဝိေသသအတိုင္းေခၚေျပာဆက္ဆံတဲ့အခိုက္အတန႔္ ဆိုတာ ကိုယ္ကိုယ္တိုင္က သူတို့ကဲ့သို့ျဖစ္ေနတယ္လို့ အဓိပၸာယ္မွမသက္ေရာက္တာ။  တစ္စုံတစ္ေယာက္ကို စာဖတ္သူက ေလးစားသမွု ထားဖို့ ရည္စူးထားပါလၽွင္ သူတို့ရဲ့ကြဲျပားျခားနားခ်က္ေၾကာင့္ စာဖတ္သူဟာ သီးျခားထင္ရွားမွုတစ္ခုကို အေလးထားတယ္၊ အဆိုပါလူရဲ့ ပုဂၢလိကျဖစ္တည္မွုေၾကာင့္ အျခားသူမ်ားနဲ႔ ကြဲျပားသြားရတယ္လို့ မဆိုနိုင္ပါ။


အေပၚကေျပာခဲ့တဲ့အခ်က္အလက္မ်ားအရ အဆိုပါကြဲျပားျခားနားသူေတြကို စာဖတ္သူဟာ သူတို့ကိုယ္သူတို့ ညႊန္းဆိုထားတဲ့ လိင္ဝိေသသအတိုင္း၊ အမည္အတိုင္း နာမ္စားအတိုင္း ေခၚေျပာဆက္ဆံေနထိုင္ဖို့အေရးပါပါတယ္။ (သူတို့ရဲ့ ထင္သာျမင္သာ ဝတ္စား ဆင္ယင္ပုံ အသြင္အျပင္မ်ားအရျဖစ္ေစ၊ ဖြင့္ဟဝန္ခံထားသူ မဟုတ္ဘူး ဒါမွမဟုတ္ အျခားနည္းအားျဖင့္ စာဖတ္သူကိုေျပာျပထားသူ မဟုတ္ဘူးဆိုတာမ်ိဳးေၾကာင့္ တကယ္မေသခ်ာရင္ေတာ့ စကားလမ္းေၾကာင္းသင့္ခ်ိန္မယ္ အဆင္ေျပခ်ိန္မွာ သူတို့ကိုေသခ်ာေလး ေမးျမန္းၾကည့္ပါ။)


(၂) အတိတ္ကာလမ်ားကို ညႊန္းဆိုရာမွာသတိျပဳဖို့ 


စကားစျမည္ေျပာၾကလို့ အတိတ္ကာလေတြအေၾကာင္း စကားစပ္မိတဲ့အခါ ‘အရင္ ေယာက္်ား/မိန္းမတစ္ေယာက္ ျဖစ္ခ်ိန္က (a previous gender) ဒါမွမဟုတ္ ‘ေယာက္်ား/မိန္းမတစ္ေယာက္အျဖစ္ ေမြးခ်ိန္’ ဆိုတဲ့ စကားစုေတြကို တတ္နိုင္သမၽွ မသုံးမိဖို့ႀကိဳးစား ရပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဆန႔္က်င္ဘက္လိင္အသြင္ေျပာင္းလဲဝတ္ဆင္ေနထိုင္သူ (Transgender) အမ်ားစုဟာ စာဖတ္သူကို ဖြင့္ဟဝန္ခံထားၿပီးသား လိင္ဝိေသသ (the gender) အေပၚ အျမဲတေစခံစားခ်က္ရွိေနလို့ျဖစ္ပါတယ္။ ဒါေပမဲ့ ဘာအေၾကာင္းအရာပဲ ျဖစ္ျဖစ္ ဖုံးကြယ္ဖို့ ဒါမွမဟုတ္ အနည္းဆုံးေတာ့ သူတို့နဲ႔လိုက္ေလ်ာညီေထြ ဆက္ဆံလုပ္ကိုင္ဖို့ပါ။


အတိတ္ကာလေတြအေၾကာင္း စကားေျပာဆိုၾကခ်ိန္မွာ လိင္ဝိေသကို မွီးျငမ္း ညႊန္းဆိုတာေရွာင္ရွားဖို့ ေျဖရွင္းနည္းတစ္ခုကေတာ့ အျခား အကိုးအကား အျခားစကားသုံးပုံစံ ေဘာင္တစ္မ်ိဳးကို အသုံးျပဳျခင္းျဖစ္ပါတယ္။ ယခင္ႏွစ္က၊ ခင္ဗ်ား ကေလးတစ္ေယာက္ျဖစ္စဥ္က၊ ခင္ဗ်ား အထက္တန္းေက်ာင္းတက္ခ်ိန္က စသျဖင့္ေပါ့။ အတိတ္ျဖစ္ရပ္အေၾကာင္းစကားေျပာဆိုစဥ္ လိင္ဝိေသသအေျပာင္းအလဲအား ညႊန္းဆိုေျပာၾကားခ်င္ရင္ေတာ့ ‘ခင္ဗ်ား ဖြင့္ဟဝန္ခံျခင္းမျပဳခင္က’ ဒါမွမဟုတ္ ‘ခင္ဗ်ား စၿပီးအကူးအေျပာင္းေတြ မလုပ္ျဖစ္ခင္’ စေသာ အသုံးမ်ိဳးေတြသုံးပါ။ (သင့္ေလ်ာ္လိုက္ဖက္ရင္ေပါ့ေလ)


(၃) လူပုဂၢိဳလ္ရဲ့ လိင္ဝိေသသအတိုင္း သီးျခားဘာသာစကားကိုအသုံးျပဳပါ


အဆိုပါ ဆန႔္က်င္ဘက္လိင္အသြင္ဝတ္ဆင္ေနထိုင္သူတစ္ေယာက္ သူတို့ကိုယ္သူတို့ညႊန္းဆိုအသုံးျပဳတဲ့ နာမ္စားအတိုင္း ေမးေခၚသုံးစြဲ ျခင္းျဖင့္ သူတို့အေပၚဂ႐ုျပဳအေလးထားေသာ စကားသုံးေရြးခ်ယ္မွုျဖစ္နိုင္ပါတယ္။ ဥပမာ မိန္းကေလး၊အမ်ိဳးသမီး တစ္ေယာက္လို့ ေဖာ္ထုတ္ျပဆိုေနထိုင္သူ တစ္စုံတစ္ေယာက္ကို သူမ၊ သူမပစၥည္း၊ မင္းသမီး၊ အမ်ိဳးသမီးစားပြဲထိုး စေသာ အမ်ိဳးသမီးဆန္ဆန္ စကားလုံးမ်ား၊ နာမ္စားမ်ားအသုံးျပဳျခင္းျဖစ္ပါတယ္။ ေယာက္်ားသား၊ အမ်ိဳးသားတစ္ေယာက္ကဲ့သို့ ေဖာ္ထုတ္ျပဆိုေနထိုင္သူ တစ္ေယာက္ကို ေယာက္်ားဆန္ေသာ စကားရပ္ေတြျဖစ္တဲ့ သူ၊ သူ႔ဟာ စသျဖင့္ အသုံးျပဳေျပာဆိုျခင္းမ်ိဳးပါပဲ။ အျခားေသာ ဆန႔္က်င္ဘက္လိင္အသြင္ဝတ္ဆင္ေနထိုင္သူမ်ားကေတာ့ လိင္ဝိေသသစကားသုံးကို ၾကားေနစကားသုံး နာမ္စားမ်ားျဖစ္တဲ့ သူတို့၊ သူတို့ဟာ၊ သူတို့ရဲ့ စတဲ့နာမ္စားေတြကို စတင္အသုံးျပဳေနၾကပါၿပီ။စာဖတ္သူအေနနဲ႔ သူတို့ေျပာျပတဲ့အမည္နဲ႔ နာမ္စားေတြကို အသုံးျပဳပါ။


သူငယ္ခ်င္းျဖစ္တဲ့ ေဇာ္ေဇာ္တစ္ေယာက္ စာဖတ္သူဆီလာေရာက္ၿပီး transgender တစ္ေယာက္ျဖစ္ေၾကာင္းဖြင့္ဟဝန္ခံကာ ေမရီလို့ ေခၚဆိုေပးဖို့ ဆႏၵရွိေၾကာင္းေျပာလာၿပီဆိုပါစို့။ 

‘ဒါ ကၽြန္ေတာ့္သူငယ္ခ်င္း ေဇာ္ေဇာ္ပါ။ ကၽြန္ေတာ္ သူ႔ကို အထက္တန္းေက်ာင္းတက္ကတည္းက သိခဲ့တာ’ လို့မေျပာဘဲ၊ 

‘ဒါ ကၽြန္ေတာ့္သူငယ္ခ်င္း ေမရီပါ။ ကၽြန္ေတာ္ သူမကို အထက္တန္းေက်ာင္းတက္ကတည္းက သိခဲ့တာ’လို့ ညႊန္ျပတာမ်ိဳးလုပ္ရေတာ့မယ့္ အေျခအေနေရာက္ပါၿပီ။


ေမရီနဲ႔ စာဖတ္သူ သီးသန႔္စကားေျပာခြင့္ရတဲ့ အျခားေသာ အခ်ိန္၊ အေျခအေနအတြက္ စိတ္အထာမက်မွု ခံစားရေကာင္း ခံစားရနိုင္ ပါတယ္။ ေမရီနဲ႔ သူငယ္ခ်င္းမိတ္ေဆြဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းလိုလၽွင္ေတာ့ ေမရီရဲ့ စိတ္ဆႏၵရယ္၊ လက္ရွိ ပစၥဳပၸန္မွာ သူမဘယ္သူဆိုတာ ညႊန္းဆိုထားျခင္းေတြအေပၚ စာဖတ္သူက ဂ႐ုထားေလးစားဖို့လိုပါလိမ့္မယ္။ ယခင္က စာဖတ္သူ သိခဲ့တဲ့သူမဟုတ္ ေတာ့ပါဘူး။ စာဖတ္သူသိရွိခဲ့ဖူးတဲ့ ဆန႔္က်င္ဘက္လိင္အသြင္ဝတ္စားဆင္ယင္ေနထိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ အခု သူတို့ကို ပိုမို သိရွိေလာက္ၿပီထင္ပါရဲ့။


(၄) ေမးခြန္းထုတ္ဖို့ မေၾကာက္ရြံ့ပါနဲ႔


ေမးခြန္းထုတ္ ေမးျမန္းၾကည့္ဖို့ဆိုတာကို မေၾကာက္ရြံ့သင့္ပါ။ တစ္ခုရွိတာက သူတို့ရဲ့ ID သို့မဟုတ္ လိင္ဝိေသသ (gender) နဲ႔ဆက္ႏြယ္တဲ့ ေမးခြန္းအားလုံးကို ဆန႔္က်င့္ဘက္လိင္အသြင္ေျပာင္းလဲဝတ္ဆင္ထားသူမ်ား ေျဖေပးလိမ့္မယ္လို့ေတာ့ ေသခ်ာ ေျပာမရပါဘူး။ အဆိုပါလူေတြဟာ စာဖတ္သူရဲ့ ဆုံးမသြန္သင္ နည္းေပးလမ္းျပမွုခံရမယ့္သူေတြအျဖစ္ေတာ့ ဘယ္လိုျဖစ္ျဖစ္ မေမၽွာ္လင့္ပါနဲ႔။ဒါက စာဖတ္သူကိုယ္ကိုယ့္ကိုယ္ သတိေပးရမယ့္ တာဝန္ယူမွုပါ။ သည္လိုပါပဲ Trans တစ္ေယာက္က စာဖတ္သူရဲ့ ေမးခြန္းေတြကိုေျဖေပးဖို့ သက္ေသာင့္သက္သာမျဖစ္ဘူးလို့ ခံစားရခ်ိန္မွာ သူတို့ဆီက အေျဖေတြကို အတင္းညႇစ္မထုတ္ရပါဘူး။


က်န္းမာေရးအတြက္ ေဆးစစ္ဖို့ အေထာက္အပံ့ျဖစ္ေအာင္ စီစဥ္ရာမွာ သိဖို့လိုတာေၾကာင့္ အဂၤါဇာတ္အေၾကာင္း၊ ခြဲစိတ္မွုေတြအေၾကာင္း ၿပီးေတာ့ လြန္ခဲ့ေသာကာလက နာမည္အေၾကာင္း ေမးျမန္းမွု ေမးခြန္းမ်ားဟာ Trans တစ္ေယာက္အတြက္ လိင္ပိုင္းဆိုင္ရာ ဆက္ဆံေရး တစ္ရပ္အျဖစ္ စိတ္ကသိကေအာင့္မျဖစ္ေစတဲ့ အေမးမ်ားပါ။ ဒါမွမဟုတ္ ဥပေဒဆိုင္ရာစာရြက္စာတမ္းမ်ားအတြက္ မွတ္ပုံတင္ပါ နာမည္ကို သိဖို့လိုတာမ်ိဳးျဖစ္တတ္ပါတယ္။


(၅) တကိုယ္ေရလြတ္လပ္ခြင့္ကို ေလးစားေပးပါ


ဆန႔္က်င္ဘက္လိင္အသြင္ရွိသူေတြရဲ့ ကိုယ္ေရးကိုယ္တာလိုအပ္ခ်က္ေတြအေပၚ ဂ႐ုထားေလးစားေပးဖို့လိုပါတယ္။ ခြင့္ျပဳတဲ့အရိပ္ အေယာင္မျပဘဲ သူတို့ရဲ့ျဖစ္တည္မွုကို တပါးသူအား တဆင့္ခံဖြင့္ထုတ္မေျပာသင့္ပါ။ သူတို့ဟာ Transgender လူပုဂၢိဳလ္ျဖစ္ေၾကာင္း စာဖတ္သူကို ဖြင့္ဟဝန္ခံေျပာဆိုျခင္းဟာ အေတာ္ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ၿပီး ေပါ့ေပါ့ပါးပါးမဟုတ္ခဲ့ပါဘူး။ ေနာက္တစ္မ်ိဳး ေျပာရရင္ သူတို့ရဲ့ခြင့္ျပဳခ်က္မရဘဲ အျပင္ေခၚထုတ္ အပ်င္းေျပလမ္းေလၽွာက္ထြက္တာမ်ိဳး လုပ္ျခင္းဟာ စာဖတ္သူနဲ႔သူတို့ၾကား ဆက္ဆံေရးကို တြက္ခ်က္မိေစၿပီး ယုံၾကည္မွုအေပၚ သစၥာေဖာက္ျခင္းတစ္ရပ္မည္ပါတယ္။့ ပတ္ဝန္းက်င္အေျခအေနေပၚမူတည္လို့ သူတို့ကို အႏၲရာယ္စက္ကြင္းထဲထည့္ရာေရာက္သလို အႏၲရာယ္ျပဳမူခံရျခင္း ဒါမွမဟုတ္ ေျပာဖို့မသင့္တဲ့ မ်ားျပားေသာ ဆုံးရွုံးမွုေတြ ျဖစ္လာနိုင္တာပါ။ သူတို့အတြက္ အရာရာ အသင့္ျဖစ္ခ်ိန္ ဒါမွမဟုတ္ အသင့္ျဖစ္ရင္ သူတို့ျပဳလုပ္ခ်င္ရင္ စာဖတ္သူကိုေျပာျပပါလိမ့္မယ္။


ေျပာျပခဲ့တဲ့ အႀကံဉာဏ္က အခ်ိန္ျပည့္ဆန႔္က်င္ဘက္လိင္အသြင္ကူးေျပာင္းေနထိုင္ ဒါမွမဟုတ္ ဆန႔္က်င္ဘက္လိင္အသြင္ကူးေျပာင္း မေနထိုင္ေသးသူအတြက္ ျဖစ္နိုင္ပါတယ္။ အခ်ိန္ျပည့္ ဆန႔္က်င္ဘက္လိင္အသြင္ ဝတ္ဆင္ေနထိုင္သူေတြက်ေတာ့ သူတို့ရဲ့ သီးျခား လိင္ဝိေသသ (proper gender role) အရ ဆန႔္က်င္ဘက္လိင္အသြင္ကူးေျပာင္းၿပီးတဲ့ လက္ရွိအေျခအေနကို သိမွီသူေတြထက္ ယခင္ ဆန႔္က်င္ဘက္လိင္အသြင္မကူးေျပာင္းခင္က သိမွီသူေတြအေပၚ မလိုလားတဲ့စိတ္မ်ားတယ္ခင္ဗ်။


(၆) လူေတြရဲ့ အေတြ႕အၾကဳံကို သိဟန္မေဆာင္ပါနဲ႔


လူအေတာ္မ်ားမ်ားရဲ့ အေတြ႕အၾကဳံေတြ ၾကဳံဆုံျဖစ္ပ်က္ခဲ့တာေတြအေပၚ စာဖတ္သူ သိပါတယ္လို့ ဟန္ေတာင္တာမ်ိဳး မျပဳလုပ္သင့္ဘူး လို့ ေျပာခ်င္တာပါ။ ကြဲျပားျခားနားတဲ့ လိင္ဝိေသသသတ္မွတ္ခ်က္ကို ေဖာ္ျပဖို့ဆိုတာ ကြဲျပားျခားနားတဲ့ ျဖစ္တည္မွုလမ္းအမ်ားႀကီးရွိပါ တယ္။ ‘အမ်ိဳးသား/အမ်ိဳးသမီးတစ္ေယာက္ရဲ့ ကိုယ္ခႏၶာမွာ ပိတ္မိခဲ့ျခင္း’ ဆိုတဲ့အေတြးကိုၾကည့္ရေအာင္။ အမ်ိဳးသမီးအသြင္ဝတ္ဆင္ေနထိုင္တဲ့ Trans women ေတြက အလြန္တရာ အမ်ိဳးသမီးဆန္တယ္၊ အမ်ိဳးသားအသြင္ဝတ္ဆင္ေနထိုင္တဲ့ Trans men ေတြက ေတာ္ေတာ္ ေယာက္်ားဆန္တယ္လို့ ယုံၾကည္ၾကတာပါ။ 


ၿပီးေတာ့ အဆိုပါ Trans ေတြဟာ ေဟာ္မုန္းေဆးေတြနဲ႔ ခြဲစိတ္ျပဳျပင္ခ်င္းကိုအျမဲလိုလား ရွာေဖြေနတယ္လို့လဲ ေလွနံဓားထစ္ယုံၾကတယ္။ ဒါေတြဟာ အခ်ိဳ့လူေတြအတြက္ေတာ့ မွန္ေကာင္းမွန္ နိုင္ေပမယ့္ အျခားေသာ မလိုလားသူေတြရွိပါတယ္။ သူတို့ရဲ့ ကိုယ္ပိုင္ အေျခအေနအေၾကာင္း စာဖတ္သူကိုေျပာျပလာရင္ လမ္းမွန္ ညြန္ၾကားေပးၿပီး တင္ကူးႀကိဳတင္မွန္းဆ ယူဆခ်က္ေတြမပါဘဲ နားေထာင္ေပးလိုက္ရပါမယ္။


စာဖတ္သူသင္ၾကားေလ့လာခဲ့တဲ့ သီအိုရီေတြအရ တင္းၾကပ္တာ ဒါမွမဟုတ္ စာဖတ္သူ သိရွိခဲ့တဲ့ အျခားေသာ Trans လူေတြရဲ့အေတြ႕ အၾကဳံေတြအရ သိဟန္ေဆာင္ ဒါမွမဟုတ္ စာဖတ္သူရဲ့ေရွ႕မွာရွိေနသူရဲ့ ျဖစ္တည္မွုအေျခအေနတူတဲ့ ၾကားဖူးတဲ့အေၾကာင္းအခ်က္ အလက္မ်ားအရ အတူတူပဲလို့ ညီမၽွျခင္းမခ်ပါနဲ႔။ သူတို့ဘဝထဲ အတိတ္က တုန္လွုပ္မွုျဖစ္ရပ္ေၾကာင့္ ဆန႔္က်င္ဘက္လိင္အသြင္ ကူးေျပာင္းေနျခင္း ဒါမွမဟုတ္ သူတို့ကိုယ္ခႏၶာထဲက စိတ္အေျခအေနကို လြတ္ေျမာက္ဖို့နည္းတစ္ခုအေနနဲ႔ လိင္ဝိေသသေျပာင္းလဲျခင္း ေတြပါလို့ မထင္မွတ္ရပါ။


(၇) လိင္ဝိေသသအေထာက္အထားနဲ႔ လိင္သဘာဝႏွစ္ခုၾကား ကြဲျပားခ်က္ကို အသိအမွတ္ျပဳပါ


Trans ေတြရဲ့ လိင္ဝိေသသ (gender) နဲ႔ သူတို့ရဲ့ လိင္သဘာဝ(sexuality) အျပန္အလွန္ဆက္စပ္မွုရွိသေယာင္ ယူဆလို့မရပါ။ မယူဆသင့္ပါဘူး။ အဲဒီႏွစ္ခုၾကားက ကြာျခားခ်က္ကို စတင္အသိအမွတ္ျပဳဖို့လိုပါတယ္။ သည္ေနရာမွာ ဆန႔္က်င္ဘက္လိင္ကို သေဘာက်သူ၊ လိင္တူျခင္း သေဘာက်သူ အမ်ိဳးသား၊ လိင္တူျခင္းသေဘာက်သူ အမ်ိဳးသမီး၊ လိင္ႏွစ္မ်ိဳးစလုံးသေဘာက်သူ၊ လိင္ကိစၥဘာမွစိတ္မဝင္စားသူ၊ ဆန႔္က်င္ဘက္လိင္အသြင္ဝတ္စားဆင္ယူသူ စသျဖင့္ အမ်ိဳးမ်ိဳးေသာ လိင္စိတတ္တိမ္းညႊတ္မွုရွိေနပါ တယ္လို့ေျပာျပခ်င္တယ္။ လူတစ္ဦးတစ္ေယာက္က စာဖတ္သူဆီလာၿပီး သူတို့ရဲ့လိင္စိတ္တိမ္းညႊတ္မွုကို ဖြင့္ဟတယ္ဆိုပါစို့။ သူတို့အသုံးျပဳေျပာဆိုတဲ့ ေဝါဟာရ သတ္မွတ္ခ်က္အတိုင္း ျပန္လည္တုန႔္ျပန္ေပးပါ။


(၈) တန္းတူရည္တူ ဆက္ဆံေပးပါ


ဆန႔္က်င္ဘက္လိင္အသြင္ဝတ္စားဆင္ယင္သူေတြလို့ပဲေျပာေျပာ ဘယ္လိုလိင္စိတ္တိမ္းညႊတ္မွုရွိသူျဖစ္ပါေစ ခြဲျခားဆက္ဆံတာမ်ိဳး မလုပ္ဘဲ တန္းတူရည္တူဆက္ဆံေပးရပါမယ္။ စာဖတ္က သူတို့အေပၚ အထူးတလည္ဂ႐ုတစိုက္ဆက္ဆံေပးမွုကို အေလးထား ေက်နပ္နိုင္ေသာ္လည္း တစ္ဦးခ်င္းစီအလိုက္ကေတာ့ ေက်းဇူးတင္တာ အသိအမွတ္ျပဳတာမ်ိဳးေတြ လုပ္လိမ့္မယ္လို့ ေမၽွာ္လင့္လို့ မရပါဘူး။ အဆိုပါအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး စာဖတ္သူက ဗဟုသုတမ်ားစြာရွိေသာ္မွ လစ္လ်ဴရွု ေဘးခ်ိတ္မထားမိဖို့ ေသေသခ်ာခ်ာ ဂ႐ုျပဳရပါမယ္။ သူတို့ဖြင့္ဟဝန္ခံျခင္းမျပဳခင္ကရွိခဲ့ေသာ ထူးျခားတဲ့ကိုယ္ေရကိုယ္ေသြးမ်ားဟာ အေျခခံအားျဖင့္ မေျပာင္းမလဲရွိ ေနပါတယ္။ ဒါေၾကာင့္ အျခားသူမ်ားကို ဆက္ဆံသကဲ့သို့ပဲ တမူထူးဆက္ဆံတာမ်ိဳး မဟုတ္ေသာ္မွ ပုံမွန္အတိုင္းပဲဆက္ဆံေပးပါ။


နားေထာင္ခ်င္တဲ့စိတ္ဆႏၵသေဘာရွိရမယ္။ TG လူအမ်ားစုက သူတို့အေတြ႕အၾကဳံေတြ သူတို့စိတ္ဆႏၵေတြကို မၽွေဝနိုင္တဲ့ အဝန္းအဝိုင္း ကက်ဥ္းၿပီး မ်ိဳးတူ TG ဦးေရကလည္း အကန႔္အသတ္ရွိၾကတယ္။ သူတို့အေတြ႕အၾကဳံေတြကို နားေထာင္၊ လိုအပ္မွုေတြကို ေဝမၽွ ပညာ ေပးေျပာဆိုျခင္းျဖင့္ စာဖတ္သူေကာ သူတို့အတြက္ေကာ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးမ်ားတာကိုေတြ႕ရမွာပါ။ 


ဇေဝဇဝါ မျဖစ္သင့္ပါ။ အေၾကာင္းအရာ တစ္စုံတစ္ခုကို စာဖတ္သူက ေဖြရွာအေျဖထုတ္ဖို့အခက္ေတြ႕ေနပါက သူတို့ကိုအသိေပးလိုက္ပါ။ ရိုးသားမွုတစ္ခု ေျဖာင့္မွန္ေသာ တုန႔္ျပန္ခ်က္တစ္ရပ္ဟာ သူတို့နဲ႔ အေပးအယူလုပ္ဖို့ ပိုမိုလြယ္ကူေစပါတယ္။ ဆက္ဆံေရးကို ျဖတ္ေတာက္ပစ္လိုက္တာထက္ အဆင္ေျပမွာပါ။


သူတို့နဲ႔ အခ်ိန္ျဖဳန္းပါ (Hang out)။ ေန႔စဥ္စာဖတ္သူ ဆက္ဆံေနၾက အျခားသူငယ္ခ်င္းမ်ားနဲ႔ အခ်ိန္ျဖဳန္းသလိုမ်ိဳး ေျပာဆိုဆက္ဆံ ျဖတ္သန္းေနပါက သူတို့သည္ ‘ေဇာ္ေဇာ္’ ျဖစ္ျဖစ္ ‘ေမရီ’ျဖစ္ျဖစ္ ေနာက္မ်ားမၾကာခင္မွာ စာဖတ္သူအတြက္ထူးဆန္းေသာသူတစ္ေယာက္ မဟုတ္ေတာ့ေၾကာင္းေတြ႕ရပါလိမ့္မယ္။ သူငယ္ခ်င္းေကာင္း၊ မိတ္ေဆြေကာင္းတစ္ေယာက္ စာဖတ္သူပိုင္ဆိုင္ရမွာေသခ်ာပါတယ္။


(၉) အေထာက္အပံ့ျဖစ္ပါေစ


စာဖတ္သူဟာ မိမိမဟုတ္တဲ့ တစ္ပါးသူအတြက္ အေႏွာင့္အယွက္မျဖစ္ဘဲ အေထာက္အပံ့ရသူျဖစ္သင့္ပါတယ္။ မိခင္ဝမ္းကေန ေမြးဖြားစဥ္ ပါရွိပိုင္ဆိုင္ထားေသာ လိင္အဂၤါရယ္ အသြင္အျပင္ေတြရယ္နဲ႔ ဆန႔္က်င္ေသာ လိင္ဝိေသသတစ္ရပ္ကို ဖြင့္ဟေဖာ္ျပသူ တစ္ေယာက္အေနျဖင့္ ဘဝရဲ့အဓိကအေျပာင္းအလဲ အျဖစ္အပ်က္တစ္ရပ္အျဖစ္ၾကဳံေနရတာပါ။ 


‘စိတ္ရွည္သည္းခံျခင္း၊ နားလည္ျခင္း၊ ၿပီးေတာ့ သည္လိုအေျပာင္းအလဲကိစၥေတြကို ေဆြးေႏြးတိုင္ပင္ရာမွာ လိုက္လုပ္ေပးခ်င္ေသာ ဆႏၵတစ္ရပ္တို့သည္’ ခက္ခဲၿပီး စိတ္လွုပ္ရွား ထိခိုက္လြယ္ေသာအခ်ိန္တစ္ခုကို သူတို့ျဖတ္သန္းရာမွာ အကူအညီျဖစ္သြားပါလိမ့္မယ္။ သူတို့မၽွေဝခ်င္တဲ့ အေၾကာင္းအရာေတြကို သက္ေသာင့္သက္သာျဖစ္ေစမယ့္ ခြင့္ျပဳေလာက္တဲ့ အဖြင့္ေမးခြန္းေလးေတြ၊ စကားေထာက္ေလးေတြနဲ႔ဆို ေကာင္းမြန္အဆင္ေျပ ပါတယ္။


ဥပမာ - ‘ဘာေတြျဖစ္ေနတာလဲ သူငယ္ခ်င္း’၊ ‘မင္းၾကည့္ရတာ စိတ္ဖိစီးေနတယ္ထင္တယ္။ ကိုယ့္ကို ေျပာျပခ်င္လား’၊ ‘သူငယ္ခ်င္းၾကည့္ရတာ တကယ္ေပ်ာ္ေနပုံပဲ။ ေကာင္းတာတစ္ခုခုျဖစ္ေနတယ္လား’ ၊ ‘မင္း ေဆြးေႏြးခ်င္ ေျပာျပခ်င္တဲ့ ကိစၥေတြအတြက္ ငါနားေထာင္ေပးဖို့အသင့္ပဲေနာ္’ 


ေျပာစရာ အခ်ိဳ့ (Tips)


ဆန႔္က်င္ဘက္လိင္အသြင္ ဝတ္စားဆင္ယင္ေနထိုင္တာကို ႏွစ္ၿခိဳက္သူ Transgender မ်ားဟာ ကိုယ္ေရကိုယ္ေသြးခ်ိဳ့ယြင္းေနသူ မ်ားမဟုတ္ပါ။ 


လိင္စိတ္တိမ္းညႊတ္မွုအရ က်ားျဖစ္ျခင္း၊ မျဖစ္ျခင္းဆိုတဲ့ ဝိေသသေရြးခ်ယ္မွုအေပၚ အထင္ေသးၿပီး ခြဲျခားဆက္ဆံျခင္းမျပဳရပါ။


ျဖစ္တည္မွုကို အေပ်ာ္သေဘာဖြင့္ဟဝန္ခံျခင္းမဟုတ္တဲ့အတြက္ ဟာသတစ္ပုဒ္နားေထာင္ရသလို ရယ္ပြဲမဖြဲ႕သင့္ပါ။


သူတို့ကိုယ္သူတို့ ရည္ညႊန္းေခၚေဝၚေျပာဆိုခ်င္တဲ့အတိုင္း အသုံးျပဳေျပာဆိုေခၚေဝၚဆက္ဆံေပးပါ။


ပညာတတ္၊ဘြဲ႕ရဆိုတဲ့ ပညတ္ခ်က္ထား အေလးေပးဆက္ဆံတာထက္ လူတစ္ေယာက္ရဲ့ျဖစ္တည္မွုအေပၚေလးစားသမွု ထားဖို့ေျပာ ေနျခင္းျဖစ္တာေၾကာင့္ ဒါကိုကြဲျပားဖို့လိုပါတယ္။


Alex Aung (19 December 2020)

No comments: