Tuesday, December 15, 2020

ဆံပင်ကျွတ်တဲ့ပြဿနာကို ကြုံတွေ့နေရလား?

ဆံပင်ကျွတ်တဲ့ပြဿနာကို ကြုံတွေ့နေရလား? 




Hair Loss ဖြစ်တာကို ဆေးပညာအသုံးအနှုန်းအရ Alopecia လို့ခေါ်ပါတယ်။ Hair Loss ဖြစ်တာက ဦးရေပြားမှာတင်မဟုတ်ပါဘူး၊ တစ်ကိုယ်လုံးမှာပါ ဖြစ်တတ်ပါတယ်။ တချို့တွေ အသက်ငယ်ငယ်နဲ့ ဆံပင်ပါး၊ ထိပ်ပြောင်နေလို့ ဆံပင်ပုံပြောင်းတာတို့၊ ဆံပင်တုတပ်တာတို့၊ Make Up နဲ့ဖုံးတာတို့၊ Scarf (ခေါင်းစည်းပဝါ) နဲ့ အုပ်တာတို့၊ ဦးထုပ်ဆောင်းတာတို့နှင့် ဖုံးကွယ်နေရတယ်။ အဲ့အတွက်ကြောင့်မို့ ယုံကြည်မှုတွေ လျော့နည်းလာတတ်ကြတယ်။ဒီအခက်အခဲလေးတွေကို အနည်းငယ်ဖြေရှင်းနိုင်ဖို့...

👇🏻👇🏻👇🏻

ဒီအပတ် Charming Life with Dr. Yell page ကနေ ပြောပြပေးမယ့် Health and Beauty Tips ကတော့ ဆံပင်ကျွတ်ခြင်းအကြောင်းပါပဲ။


ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ သန်း ၈၀ လောက်က ဒီဆံပင်ကျွတ်တဲ့ ပြဿနာကို လူကြီး၊ လူငယ်၊ ကလေးပါမကျန် ခံစားနေကြရပါတယ်။ ပုံမှန်အားဖြင့် တနေ့ကို ဆံပင်အပင်ရေ ၅၀ ကနေ ၁၀၀ အတွင်းကျွတ်တတ်ကြပါတယ်။ ကျနော်တို့ရဲ့ ခေါင်းမှာ ဆံပင်အပင်ရေပေါင်း တသိန်းကျော်ရှိတဲ့အတွက် သတိထားမိမှာမဟုတ်ပါဘူး။

ဆံပင်ကျွတ်တာက နှစ်ကြာရှည်စွာဖြည်းဖြည်းချင်း ကျွတ်လာတာရှိမယ်။ ရုတ်တရက်ကျွတ်သွားတာရှိမယ်။ ရုတ်တရက် ကျွတ်တာဆိုရင် တော်တော်များများ စိုးရိမ်တတ်ကြပါတယ်။ ဒီဆံပင်ကျွတ်တာ Temporary (ယာယီ)လား ဒါမှမဟုတ် Permanent (တသက်လုံး) လားဆိုပြီး တွေးမိကြပါလိမ့်မယ်။ တချို့အချက်တွေက Temporaryပဲဖြစ်တတ်ပြီး  မကုသဘဲထားမယ်ဆိုရင်တော့ Permanent ဖြစ်သွားနိုင်ပါတယ်။


⁉️ဒါဆို ကျနော်က ဆံပင်ဘာလို့ကျွတ်တာလဲ⁉️ဆိုတဲ့ အချက်လေးတွေ ပြောပြပေးမယ်နော်။


📌မျိုးရိုးလိုက်ခြင်း📌

အခြေခံအကျဆုံးနှင့် အဖြစ်များဆုံးအချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မိဘ၊ အဖေ သို့ အမေ ရဲ့ ဆွေမျိုးထဲက တစ်ယောက်ယောက်မှာ ထိပ်ပြောင်တဲ့သူ ပါလာရင် ဖြစ်တတ်ပါတယ်။


📌အိုမင်းလာခြင်း📌

သဘာဝအရ ကျနော်တွေ အသက်အရွယ်တဖြည်းဖြည်း အိုမင်းလာတာနဲ့အမျှ ကျနော်တို့ ဆံပင်ဖွံ့ဖြိုးနှုန်းကလဲ နှေးသွားပါတယ်။ အဲ့ဒီအတွက် အသက် ၃၀/ ၄၀ အရွယ်မှာ ဆံပင်ကျွတ်ပြီး ပါးလာတာကို စတင် သတိထားမိလာတတ်ကြပါတယ်။


📌ကျန်းမာရေးမကောင်းတဲ့ချိန်📌

- ကင်ဆာကုသမှုခံယူနေတဲ့ချိန်

- အပြင်းအထန်နာမကျန်းဖြစ်တဲ့ချိန်

- ဦးခေါင်းကို ထိခိုက်ဒါဏ်ရာရတဲ့ချိန်

အဲ့လို အချိန်မျိုးတွေမှာ ခေါင်းဖြီးတာဖြစ်ဖြစ်၊ ခေါင်းအုံးပေါ်မှာဖြစ်ဖြစ် ဆံပင်ကျွတ်တွေကို သတိထားမိကြပါလိမ့်မယ်။


📌Hormones အပြောင်းအလဲဖြစ်ချိန်📌

ဒါကတော့ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အချက်ပါ။ ဟော်မုန်းတွေပြောင်းလဲများတဲ့ချိန်တွေမှာ ဆံပင်ကျွတ်နိုင်ခြေ များပါတယ်။ ဘယ်လိုချိန်မျိုးလဲဆိုရင်

- ကိုယ်ဝန်ဆောင်နေစဉ်

- ကလေးမွေးပြီးချိန်ကနေ လအနည်းငယ်အထိ

- တချို့တားဆေး သောက်တာရပ်လိုက်ပြီးချိန်

- သွေးဆုံးခါနီးချိန်

- Ovary နဲ့ ဆိုင်သောအမျိုးသမီးရောဂါ


📌စိတ်ဖိစီးမှုများတဲ့အချိန်📌

စိတ်ဖိစီးမှုက လူတိုင်းမှာ အနည်းနဲ့ အများရှိတတ်ပါတယ်။ ဒါပေမယ့် မိမိအတွက်အရမ်း စိတ်ထိခိုက်ရတဲ့အချိန်မျိုး ဥပမာ ကွာရှင်းပြတ်ဆဲကြတဲ့ချိန်၊ မိမိချစ်ခင်ရတဲ့သူ သေဆုံးသွားချိန် အဲ့လိုချိန်တွေဆို ပုံမှန်ထက် စိတ်ဖိစီးမှုများလို့ ဆံပင်ကျွတ်တတ်ကြပါတယ်။


📌Medical Condition📌

တချို့သောရောဂါတွေက side effect အနေနဲ့ ဆံပင်ကျွတ်တဲ့ လက္ခဏာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဥပမာ - Thyroid ရောဂါ၊ Alopecia areata လို့ခေါ်တဲ့ Hair Follicles တွေကိုပဲ အဓိကထားပြီးဖျက်စီးတဲ့ Autoimmune disease, ဦးရေပြားမှာ ပိုးဝင်ပြီး အမာရွတ်ကျန်စေတဲ့ Scalp Infection စတဲ့ အခြေအနေမျိုးတွေမှာ ဆံပင်ကျွတ်တာ ပိုဆိုးနိုင်ပါတယ်။


📌သောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး📌

တချို့သောဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆံပင်တွေအနည်းနဲ့အများ ကျွတ်လာတတ်ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ မိမိပြနေတဲ့ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်တာကို ရပ်လိုက်တာမျိုးတွေမလုပ်မိပါစေနဲ့။ ဘယ်လိုဆေးတွေက ဆံပင်ကျွတ်စေလဲဆိုရင်…

- Vitamin A (Retinoid) ပါတဲ့ဆေး

- ပိုးသတ်ဆေး

- အကိုက်အခဲ၊ အယောင်ကျဆေး

- ကင်ဆာရောဂါကုသရာမှာသုံးသောဆေး

- သွေးကျဆေး၊ သွေးကျဲဆေး

- စိတ်ကျရောဂါကုသသောဆေး

- ကိုလက်စထေရော ( Cholesterol) ကျဆေး

- အဆီကျဆေး

- Thyroid ရောဂါ ကုသဆေး

- ဝက်ရူးပြန်ရောဂါကုသဆေး

- Hormonal Replacement Therapy တွေပါပဲ။


📌အာဟာရ📌

ကျနော်တို့တွေ နေ့စဉ်စားနေတဲ့ထဲမှာ လိုအပ်တဲ့ ဗီတာမင် သတ္တုဓာတ်တွေ ညီမျှနေဖို့လိုအပ်ပါတယ်။ အဲ့ထဲကမှ Biotin, Protein, Iron, Zinc စတာတွေ ( အထူးသဖြင့် Diet လုပ် ဝိတ်ချနေသောသူတွေမှာ) လိုအပ်နေရင် ဆံပင်ကျွတ်တဲ့ ပြဿနာကြုံလာနိုင်ပါတယ်။


📌အလေ့အကျင့်📌

ဒါကတော့ ဆံပင်ကို မကြာခဏဆွဲတတ်တဲ့အကျင့်ရှိတဲ့သူ၊ ဆံပင်ကို တင်းနေအောင် စည်းတာမျိုးတွေ၊ ဦးထုပ်ဆောင်းတာ၊ ဆံပင်တုစွပ်တာ အကျင့်ရှိသူတွေမှာ ဆံပင်ကျွတ်တာတွေ တွေ့ရတတ်ပါတယ်။


ဒါဆို ကျနော်တို့တွေ ⁉️ဆံပင်ကျွတ်သက်သာအောင် ဘယ်လိုကာကွယ် ဂရုစိုက်ကြမလဲ⁉️


✅ Minoxidil (Rogaine) ပါတဲ့ Hair serum, hair tonic စတဲ့ အလွယ်တကူဝယ်လို့ရတဲ့ products ကို ဦးရေပြားကိုတိုက်ရိုက် တနေ့ ၂ကြိမ် လိမ်းပေးနိုင်ပါတယ်။ လိုအပ်တဲ့ နေရာကိုပဲ ဂရုစိုက်လိမ်းပေးဖို့လိုပါတယ်။ မလိုအပ်တဲ့ နဖူးတို့ မျက်နှာတို့မှာပါ လိမ်းမိရင် အမွှေးအမျှင်လေးတွေ ပေါက်လာနိုင်ပါတယ်။ သိသာစေတဲ့ resultရဖို့ဆိုရင် စိတ်ရှည်ရှည်နဲ့ မှန်မှန်လေး အချိန်လိမ်းပေးရပါမယ်။

✅ FDA approve ရထားတဲ့ သောက်ဆေးတွေကို သောက်ပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနည်းငယ် ရှိတာကြောင့်မို့ Dermatologist နဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှ လိုအပ်ရင် သောက်နိုင်ပါတယ်။

✅ ခုခေတ်မှာ ဆံပင်ကျွတ်တာအတွက်သီးသန့်ထုတ်ထားတဲ့ Laser Comb ဆိုတာပေါ်နေပါပြီ။ ဒီ လေဆာခေါင်းဘီးကို အသုံးပြုပေးခြင်းက ဆံပင်တွေပြန်ပေါက်လာတယ်ဆိုတဲ့ လေ့လာချက်တွေ တွေ့ရှိရပါတယ်။

✅ Hair Care Products & Shampoo အသုံးပြုတာသတိထားဖို့ပါ။ Ketokonazol, Caffeine, Biotin, Saw Palmetto စတဲ့ ingredients ပါတဲ့ products နဲ့ Chemical နည်းပြီး organic and natural ဖြစ်တဲ့ products တွေ ရွေးသုံးပေးရပါမယ်။ ဒါမှမဟုတ် Baby Shampoo လေးတွေသုံးပေးလို့ရပါတယ်။

✅ ခေါင်းလျှော်တဲ့အကြိမ်အရေအတွက်လဲအရေးကြီးပါတယ်။ ပုံမှန်ဆံသားရှိတဲ့သူကတော့ အဆင်ပြေသလိုလျှော်နိုင်ပါတယ်။ ဆံသားခြောက်တဲ့သူဆို တပတ်ကို နှစ်ကြိမ်၊ ဆံသားအဆီပြန်တဲ့သူဆို တရက်ခြား တကြိမ် လျှော်ပေးရပါမယ်။

✅ ရေပူနဲ့လျှော်တာ တတ်နိုင်သမျှရှောင်ပေးပါ။

✅ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို အတတ်နိုင်ဆုံး ဖွဖွသုတ်ပေးပါ။

✅ ဆံပင် ဆေးဆိုး၊ ကောက်၊ ဖြောင့် တာကို နားလည်ကျွမ်းကျင်တဲ့ Hairstylist တွေနဲ့ သေချာတိုင်ပင်ပြီးမှလုပ်သင့်ပါတယ်။

✅ သဘာဝအဆီအနှစ်တွေဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီ စတာတွေကို ဦးရေပြားထဲလိမ်းပြီး သွေးလည်ပတ်မှုအားကောင်းအောင် နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်ကျွတ်တာသက်သာစေပါတယ်။

✅ အစားအသောက်အနေနဲ့ biotin, iron and protein ဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားသုံးပေးရပါမယ်။ ဥပမာ. အသား၊ ပုဇွန်၊ ကမာ၊ ဆယ်မွန်ငါး၊ ဥအမျိုးမျိုး၊ Berries, အစေ့အဆန်၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်ရွက်၊ နွားနို့၊ အာလူး၊ ထောပတ်သီး စတဲ့အစားအစာတွေက ဆံပင်ကျွတ်တာကို ပြန်လည်ကောင်းမွန်စေပါတယ်။

✅ Lifestyles ပြောင်းပေးတာမျိုးတွေလုပ်ပေးရပါမယ်။ ဥပမာ- ဆေးလိပ်၊အရက် သောက်တာ၊ ဆံပင်ကို တင်းနေအောင် စည်းထားတာ၊ လက်ကဆံပင်ကိုဆွဲနေတတ်တဲ့အကျင့်ရှိတာ စတာတွေကို ဂရုစိုက်ပြီးမလုပ်မိအောင် ဆင်ခြင်ပေးပါ။


⁉️ဆံပင်ကျွတ်တာအတွက် ဘယ်လိုကုသမှုတွေ ရှိလဲ? ⁉️ ဆိုတာ ဆက်ကြည့်ရအောင်။


💉PRP (သွေးရည်ကြည်) for Hair Loss💉


ကျနော်တို့ သွေးထဲမှာရှိတဲ့ သွေးရည်ကြည်က သဘာဝအရ Growth Factor နဲ့ Protein တွေပါတဲ့အတွက် ဆံပင်ကျွတ်တာကုသတဲ့နေရာမှာ အများကြီးအထောက်အကူပြုပါတယ်။ ရရှိလာတဲ့သွေးရည်ကြည်ကို ဦးရေပြားရဲ့ လိုအပ်ချက်ရှိနေတဲ့နေရာကို ထိုးတာ သို့ micro-needling နဲ့ပေါင်းလုပ်ခြင်းဖြင့် ဆံပင်ကျွတ်သက်သာခြင်း၊ ဆံပင်များပိုထူလာခြင်း စတဲ့အကျိုးကျေးဇူးတွေရပါတယ်။


💉Mesotherapy💉


ဒီနောက်ပိုင်းမှာ ခေတ်စားလာတဲ့ Aesthetic Procedure တခုပါ။ ဆံပင်ကျွတ်ခြင်းအတွက်သီးသန့်ထုတ်ထားတဲ့ ဆေးရည်တမျိုးကို ဦးရေပြားအတွင်းသို့ သေးငယ်တဲ့ အပ်လေးနဲ့ ထိုးသွင်းကုသရခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၃ကြိမ် သို့ ၄ကြိမ်မြောက်မှာ စပြီးသိသာတဲ့ result ကို ရရှိပါတယ်။ အကြိမ်အရေအတွက်ကတော့ လူတစ်ဦးချင်းစီကွာခြားတာမို့ သက်ဆိုင်ရာ Dermato & Aesthetic ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်နိုင်ပါတယ်။


💉Hair Transplant💉


ဆံပင်အစားထိုးကုသခြင်းပါ။ ဒါကတော့ သိသာဆုံးနဲ့ အထိရောက်ဆုံးနည်းလို့ ယူဆရပါတယ်။ ဆံပင်အရမ်းပါးပြီး ပြောင်နေတဲ့သူမျိုးဆို ဒီနည်းလမ်းကို ရွေးချယ်သင့်ပါတယ်။ လိုအပ်တဲ့နေရာမှာ ဆံပင်ကို ပြန်စိုက်ပေးတဲ့နည်းပါ။ သဘာဝအတိုင်း ဆံပင်ပြန်ပေါက်လာတဲ့ result ကို ရရှိပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်အရမ်းများနိုင်တဲ့အတွက် သေချာတိုင်ပင်ဆွေးနွေးဆုံးဖြတ်ပြီးမှ လုပ်ပါလို့ အကြံပေးပါရစေနော်။


သိစေချင်တဲ့အချက်လေးတွေ များသွားတာမို့ စာလဲတော်တော်ရှည်သွားပြီ။ အနည်းငယ်လောက် သိသွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။


ကျနော့်ကို ပိုပြီးကျေနပ်ပျော်ရွှင်သွားအောင် အခုပိုစ့်ကို Like and share လေး လုပ်ပေးလို့ရတယ်နော်။


အားလုံးပဲ ကျန်းမာလှပပျော်ရွှင်သောနေ့ရက်လေးတွေ ပိုင်ဆိုင်ပါစေနော်။ 🙏🏻


𝙻𝚎𝚝 𝚖𝚎 𝚝𝚊𝚔𝚎 𝚌𝚊𝚛𝚎 𝚘𝚏 𝚢𝚘𝚞𝚛 𝙱𝚎𝚊𝚞𝚝𝚢 & 𝙻𝚒𝚏𝚎!

🥰With Loves🥰

Dʀ.Yᴇʟʟ


#beautytips #healthtips #hairfall #hairloss #prevention #haircare #hairtreatment #hairshampoo #ဆံပင်ကျွတ်ခြင်း

#charminglifewithdryell

#healthyliving #healthylife

#beautylife #charminglife #healthylifestyle

#healthytips #beautytips 

#haircaretips


 (Zawgyi) 

ဆံပင္ကၽြတ္တဲ့ျပႆနာကို ၾကဳံေတြ႕ေနရလား? 




Hair Loss ျဖစ္တာကို ေဆးပညာအသုံးအႏွုန္းအရ Alopecia လို့ေခၚပါတယ္။ Hair Loss ျဖစ္တာက ဦးေရျပားမွာတင္မဟုတ္ပါဘူး၊ တစ္ကိုယ္လုံးမွာပါ ျဖစ္တတ္ပါတယ္။ တခ်ိဳ့ေတြ အသက္ငယ္ငယ္နဲ႔ ဆံပင္ပါး၊ ထိပ္ေျပာင္ေနလို့ ဆံပင္ပုံေျပာင္းတာတို့၊ ဆံပင္တုတပ္တာတို့၊ Make Up နဲ႔ဖုံးတာတို့၊ Scarf (ေခါင္းစည္းပဝါ) နဲ႔ အုပ္တာတို့၊ ဦးထုပ္ေဆာင္းတာတို့ႏွင့္ ဖုံးကြယ္ေနရတယ္။ အဲ့အတြက္ေၾကာင့္မို့ ယုံၾကည္မွုေတြ ေလ်ာ့နည္းလာတတ္ၾကတယ္။ဒီအခက္အခဲေလးေတြကို အနည္းငယ္ေျဖရွင္းနိုင္ဖို့...

👇🏻👇🏻👇🏻

ဒီအပတ္ Charming Life with Dr. Yell page ကေန ေျပာျပေပးမယ့္ Health and Beauty Tips ကေတာ့ ဆံပင္ကၽြတ္ျခင္းအေၾကာင္းပါပဲ။


ကမၻာေပၚမွာရွိတဲ့ လူဦးေရရဲ့ သန္း ၈၀ ေလာက္က ဒီဆံပင္ကၽြတ္တဲ့ ျပႆနာကို လူႀကီး၊ လူငယ္၊ ကေလးပါမက်န္ ခံစားေနၾကရပါတယ္။ ပုံမွန္အားျဖင့္ တေန႔ကို ဆံပင္အပင္ေရ ၅၀ ကေန ၁၀၀ အတြင္းကၽြတ္တတ္ၾကပါတယ္။ က်ေနာ္တို့ရဲ့ ေခါင္းမွာ ဆံပင္အပင္ေရေပါင္း တသိန္းေက်ာ္ရွိတဲ့အတြက္ သတိထားမိမွာမဟုတ္ပါဘူး။

ဆံပင္ကၽြတ္တာက ႏွစ္ၾကာရွည္စြာျဖည္းျဖည္းခ်င္း ကၽြတ္လာတာရွိမယ္။ ႐ုတ္တရက္ကၽြတ္သြားတာရွိမယ္။ ႐ုတ္တရက္ ကၽြတ္တာဆိုရင္ ေတာ္ေတာ္မ်ားမ်ား စိုးရိမ္တတ္ၾကပါတယ္။ ဒီဆံပင္ကၽြတ္တာ Temporary (ယာယီ)လား ဒါမွမဟုတ္ Permanent (တသက္လုံး) လားဆိုၿပီး ေတြးမိၾကပါလိမ့္မယ္။ တခ်ိဳ့အခ်က္ေတြက Temporaryပဲျဖစ္တတ္ၿပီး  မကုသဘဲထားမယ္ဆိုရင္ေတာ့ Permanent ျဖစ္သြားနိုင္ပါတယ္။


⁉️ဒါဆို က်ေနာ္က ဆံပင္ဘာလို့ကၽြတ္တာလဲ⁉️ဆိုတဲ့ အခ်က္ေလးေတြ ေျပာျပေပးမယ္ေနာ္။


📌မ်ိဳးရိုးလိုက္ျခင္း📌

အေျခခံအက်ဆုံးႏွင့္ အျဖစ္မ်ားဆုံးအခ်က္ျဖစ္ပါတယ္။ ကိုယ့္ရဲ့ မိဘ၊ အေဖ သို့ အေမ ရဲ့ ေဆြမ်ိဳးထဲက တစ္ေယာက္ေယာက္မွာ ထိပ္ေျပာင္တဲ့သူ ပါလာရင္ ျဖစ္တတ္ပါတယ္။


📌အိုမင္းလာျခင္း📌

သဘာဝအရ က်ေနာ္ေတြ အသက္အရြယ္တျဖည္းျဖည္း အိုမင္းလာတာနဲ႔အမၽွ က်ေနာ္တို့ ဆံပင္ဖြံ့ၿဖိဳးႏွုန္းကလဲ ေႏွးသြားပါတယ္။ အဲ့ဒီအတြက္ အသက္ ၃၀/ ၄၀ အရြယ္မွာ ဆံပင္ကၽြတ္ၿပီး ပါးလာတာကို စတင္ သတိထားမိလာတတ္ၾကပါတယ္။


📌က်န္းမာေရးမေကာင္းတဲ့ခ်ိန္📌

- ကင္ဆာကုသမွုခံယူေနတဲ့ခ်ိန္

- အျပင္းအထန္နာမက်န္းျဖစ္တဲ့ခ်ိန္

- ဦးေခါင္းကို ထိခိုက္ဒါဏ္ရာရတဲ့ခ်ိန္

အဲ့လို အခ်ိန္မ်ိဳးေတြမွာ ေခါင္းၿဖီးတာျဖစ္ျဖစ္၊ ေခါင္းအုံးေပၚမွာျဖစ္ျဖစ္ ဆံပင္ကၽြတ္ေတြကို သတိထားမိၾကပါလိမ့္မယ္။


📌Hormones အေျပာင္းအလဲျဖစ္ခ်ိန္📌

ဒါကေတာ့ အမ်ိဳးသမီးေတြနဲ႔ ဆိုင္တဲ့ အခ်က္ပါ။ ေဟာ္မုန္းေတြေျပာင္းလဲမ်ားတဲ့ခ်ိန္ေတြမွာ ဆံပင္ကၽြတ္နိုင္ေျခ မ်ားပါတယ္။ ဘယ္လိုခ်ိန္မ်ိဳးလဲဆိုရင္

- ကိုယ္ဝန္ေဆာင္ေနစဥ္

- ကေလးေမြးၿပီးခ်ိန္ကေန လအနည္းငယ္အထိ

- တခ်ိဳ့တားေဆး ေသာက္တာရပ္လိုက္ၿပီးခ်ိန္

- ေသြးဆုံးခါနီးခ်ိန္

- Ovary နဲ႔ ဆိုင္ေသာအမ်ိဳးသမီးေရာဂါ


📌စိတ္ဖိစီးမွုမ်ားတဲ့အခ်ိန္📌

စိတ္ဖိစီးမွုက လူတိုင္းမွာ အနည္းနဲ႔ အမ်ားရွိတတ္ပါတယ္။ ဒါေပမယ့္ မိမိအတြက္အရမ္း စိတ္ထိခိုက္ရတဲ့အခ်ိန္မ်ိဳး ဥပမာ ကြာရွင္းျပတ္ဆဲၾကတဲ့ခ်ိန္၊ မိမိခ်စ္ခင္ရတဲ့သူ ေသဆုံးသြားခ်ိန္ အဲ့လိုခ်ိန္ေတြဆို ပုံမွန္ထက္ စိတ္ဖိစီးမွုမ်ားလို့ ဆံပင္ကၽြတ္တတ္ၾကပါတယ္။


📌Medical Condition📌

တခ်ိဳ့ေသာေရာဂါေတြက side effect အေနနဲ႔ ဆံပင္ကၽြတ္တဲ့ လကၡဏာေတြ ၾကဳံေတြ႕ရတတ္ပါတယ္။ ဥပမာ - Thyroid ေရာဂါ၊ Alopecia areata လို့ေခၚတဲ့ Hair Follicles ေတြကိုပဲ အဓိကထားၿပီးဖ်က္စီးတဲ့ Autoimmune disease, ဦးေရျပားမွာ ပိုးဝင္ၿပီး အမာရြတ္က်န္ေစတဲ့ Scalp Infection စတဲ့ အေျခအေနမ်ိဳးေတြမွာ ဆံပင္ကၽြတ္တာ ပိုဆိုးနိုင္ပါတယ္။


📌ေသာက္ေဆးေတြရဲ့ ေဘးထြက္ဆိုးက်ိဳး📌

တခ်ိဳ့ေသာေဆးေတြက ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ဆံပင္ေတြအနည္းနဲ႔အမ်ား ကၽြတ္လာတတ္ပါတယ္။ အဲ့လိုအေျခအေနမ်ိဳးမွာ မိမိျပေနတဲ့ ဆရာဝန္နဲ႔ မတိုင္ပင္ဘဲ ကိုယ့္သေဘာနဲ႔ကိုယ္ ေဆးေသာက္တာကို ရပ္လိုက္တာမ်ိဳးေတြမလုပ္မိပါေစနဲ႔။ ဘယ္လိုေဆးေတြက ဆံပင္ကၽြတ္ေစလဲဆိုရင္…

- Vitamin A (Retinoid) ပါတဲ့ေဆး

- ပိုးသတ္ေဆး

- အကိုက္အခဲ၊ အေယာင္က်ေဆး

- ကင္ဆာေရာဂါကုသရာမွာသုံးေသာေဆး

- ေသြးက်ေဆး၊ ေသြးက်ဲေဆး

- စိတ္က်ေရာဂါကုသေသာေဆး

- ကိုလက္စေထေရာ ( Cholesterol) က်ေဆး

- အဆီက်ေဆး

- Thyroid ေရာဂါ ကုသေဆး

- ဝက္႐ူးျပန္ေရာဂါကုသေဆး

- Hormonal Replacement Therapy ေတြပါပဲ။


📌အာဟာရ📌

က်ေနာ္တို့ေတြ ေန႔စဥ္စားေနတဲ့ထဲမွာ လိုအပ္တဲ့ ဗီတာမင္ သတၱဳဓာတ္ေတြ ညီမၽွေနဖို့လိုအပ္ပါတယ္။ အဲ့ထဲကမွ Biotin, Protein, Iron, Zinc စတာေတြ ( အထူးသျဖင့္ Diet လုပ္ ဝိတ္ခ်ေနေသာသူေတြမွာ) လိုအပ္ေနရင္ ဆံပင္ကၽြတ္တဲ့ ျပႆနာၾကဳံလာနိုင္ပါတယ္။


📌အေလ့အက်င့္📌

ဒါကေတာ့ ဆံပင္ကို မၾကာခဏဆြဲတတ္တဲ့အက်င့္ရွိတဲ့သူ၊ ဆံပင္ကို တင္းေနေအာင္ စည္းတာမ်ိဳးေတြ၊ ဦးထုပ္ေဆာင္းတာ၊ ဆံပင္တုစြပ္တာ အက်င့္ရွိသူေတြမွာ ဆံပင္ကၽြတ္တာေတြ ေတြ႕ရတတ္ပါတယ္။


ဒါဆို က်ေနာ္တို့ေတြ ⁉️ဆံပင္ကၽြတ္သက္သာေအာင္ ဘယ္လိုကာကြယ္ ဂ႐ုစိုက္ၾကမလဲ⁉️


✅ Minoxidil (Rogaine) ပါတဲ့ Hair serum, hair tonic စတဲ့ အလြယ္တကူဝယ္လို့ရတဲ့ products ကို ဦးေရျပားကိုတိုက္ရိုက္ တေန႔ ၂ႀကိမ္ လိမ္းေပးနိုင္ပါတယ္။ လိုအပ္တဲ့ ေနရာကိုပဲ ဂ႐ုစိုက္လိမ္းေပးဖို့လိုပါတယ္။ မလိုအပ္တဲ့ နဖူးတို့ မ်က္ႏွာတို့မွာပါ လိမ္းမိရင္ အေမႊးအမၽွင္ေလးေတြ ေပါက္လာနိုင္ပါတယ္။ သိသာေစတဲ့ resultရဖို့ဆိုရင္ စိတ္ရွည္ရွည္နဲ႔ မွန္မွန္ေလး အခ်ိန္လိမ္းေပးရပါမယ္။

✅ FDA approve ရထားတဲ့ ေသာက္ေဆးေတြကို ေသာက္ေပးနိုင္ပါတယ္။ ေဘးထြက္ဆိုးက်ိဳးအနည္းငယ္ ရွိတာေၾကာင့္မို့ Dermatologist နဲ႔ ေသခ်ာေဆြးေႏြးတိုင္ပင္ၿပီးမွ လိုအပ္ရင္ ေသာက္နိုင္ပါတယ္။

✅ ခုေခတ္မွာ ဆံပင္ကၽြတ္တာအတြက္သီးသန႔္ထုတ္ထားတဲ့ Laser Comb ဆိုတာေပၚေနပါၿပီ။ ဒီ ေလဆာေခါင္းဘီးကို အသုံးျပဳေပးျခင္းက ဆံပင္ေတြျပန္ေပါက္လာတယ္ဆိုတဲ့ ေလ့လာခ်က္ေတြ ေတြ႕ရွိရပါတယ္။

✅ Hair Care Products & Shampoo အသုံးျပဳတာသတိထားဖို့ပါ။ Ketokonazol, Caffeine, Biotin, Saw Palmetto စတဲ့ ingredients ပါတဲ့ products နဲ႔ Chemical နည္းၿပီး organic and natural ျဖစ္တဲ့ products ေတြ ေရြးသုံးေပးရပါမယ္။ ဒါမွမဟုတ္ Baby Shampoo ေလးေတြသုံးေပးလို့ရပါတယ္။

✅ ေခါင္းေလၽွာ္တဲ့အႀကိမ္အေရအတြက္လဲအေရးႀကီးပါတယ္။ ပုံမွန္ဆံသားရွိတဲ့သူကေတာ့ အဆင္ေျပသလိုေလၽွာ္နိုင္ပါတယ္။ ဆံသားေျခာက္တဲ့သူဆို တပတ္ကို ႏွစ္ႀကိမ္၊ ဆံသားအဆီျပန္တဲ့သူဆို တရက္ျခား တႀကိမ္ ေလၽွာ္ေပးရပါမယ္။

✅ ေရပူနဲ႔ေလၽွာ္တာ တတ္နိုင္သမၽွေရွာင္ေပးပါ။

✅ ေခါင္းေလၽွာ္ၿပီးတဲ့အခါ ဆံပင္ကို အတတ္နိုင္ဆုံး ဖြဖြသုတ္ေပးပါ။

✅ ဆံပင္ ေဆးဆိုး၊ ေကာက္၊ ေျဖာင့္ တာကို နားလည္ကၽြမ္းက်င္တဲ့ Hairstylist ေတြနဲ႔ ေသခ်ာတိုင္ပင္ၿပီးမွလုပ္သင့္ပါတယ္။

✅ သဘာဝအဆီအႏွစ္ေတြျဖစ္တဲ့ အုန္းဆီ၊ သံလြင္ဆီ စတာေတြကို ဦးေရျပားထဲလိမ္းၿပီး ေသြးလည္ပတ္မွုအားေကာင္းေအာင္ ႏွိပ္နယ္ေပးျခင္းျဖင့္ ဆံပင္ကၽြတ္တာသက္သာေစပါတယ္။

✅ အစားအေသာက္အေနနဲ႔ biotin, iron and protein ဓာတ္ေတြ ႂကြယ္ဝတဲ့ အစားအစာေတြကို ပိုစားသုံးေပးရပါမယ္။ ဥပမာ. အသား၊ ပုဇြန္၊ ကမာ၊ ဆယ္မြန္ငါး၊ ဥအမ်ိဳးမ်ိဳး၊ Berries, အေစ့အဆန္၊ ပဲအမ်ိဳးမ်ိဳး၊ ဟင္းႏုႏြယ္ရြက္၊ ႏြားနို့၊ အာလူး၊ ေထာပတ္သီး စတဲ့အစားအစာေတြက ဆံပင္ကၽြတ္တာကို ျပန္လည္ေကာင္းမြန္ေစပါတယ္။

✅ Lifestyles ေျပာင္းေပးတာမ်ိဳးေတြလုပ္ေပးရပါမယ္။ ဥပမာ- ေဆးလိပ္၊အရက္ ေသာက္တာ၊ ဆံပင္ကို တင္းေနေအာင္ စည္းထားတာ၊ လက္ကဆံပင္ကိုဆြဲေနတတ္တဲ့အက်င့္ရွိတာ စတာေတြကို ဂ႐ုစိုက္ၿပီးမလုပ္မိေအာင္ ဆင္ျခင္ေပးပါ။


⁉️ဆံပင္ကၽြတ္တာအတြက္ ဘယ္လိုကုသမွုေတြ ရွိလဲ? ⁉️ ဆိုတာ ဆက္ၾကည့္ရေအာင္။


💉PRP (ေသြးရည္ၾကည္) for Hair Loss💉


က်ေနာ္တို့ ေသြးထဲမွာရွိတဲ့ ေသြးရည္ၾကည္က သဘာဝအရ Growth Factor နဲ႔ Protein ေတြပါတဲ့အတြက္ ဆံပင္ကၽြတ္တာကုသတဲ့ေနရာမွာ အမ်ားႀကီးအေထာက္အကူျပဳပါတယ္။ ရရွိလာတဲ့ေသြးရည္ၾကည္ကို ဦးေရျပားရဲ့ လိုအပ္ခ်က္ရွိေနတဲ့ေနရာကို ထိုးတာ သို့ micro-needling နဲ႔ေပါင္းလုပ္ျခင္းျဖင့္ ဆံပင္ကၽြတ္သက္သာျခင္း၊ ဆံပင္မ်ားပိုထူလာျခင္း စတဲ့အက်ိဳးေက်းဇူးေတြရပါတယ္။


💉Mesotherapy💉


ဒီေနာက္ပိုင္းမွာ ေခတ္စားလာတဲ့ Aesthetic Procedure တခုပါ။ ဆံပင္ကၽြတ္ျခင္းအတြက္သီးသန႔္ထုတ္ထားတဲ့ ေဆးရည္တမ်ိဳးကို ဦးေရျပားအတြင္းသို့ ေသးငယ္တဲ့ အပ္ေလးနဲ႔ ထိုးသြင္းကုသရျခင္းျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ၃ႀကိမ္ သို့ ၄ႀကိမ္ေျမာက္မွာ စၿပီးသိသာတဲ့ result ကို ရရွိပါတယ္။ အႀကိမ္အေရအတြက္ကေတာ့ လူတစ္ဦးခ်င္းစီကြာျခားတာမို့ သက္ဆိုင္ရာ Dermato & Aesthetic ဆရာဝန္နဲ႔ အေသးစိတ္တိုင္ပင္နိုင္ပါတယ္။


💉Hair Transplant💉


ဆံပင္အစားထိုးကုသျခင္းပါ။ ဒါကေတာ့ သိသာဆုံးနဲ႔ အထိေရာက္ဆုံးနည္းလို့ ယူဆရပါတယ္။ ဆံပင္အရမ္းပါးၿပီး ေျပာင္ေနတဲ့သူမ်ိဳးဆို ဒီနည္းလမ္းကို ေရြးခ်ယ္သင့္ပါတယ္။ လိုအပ္တဲ့ေနရာမွာ ဆံပင္ကို ျပန္စိုက္ေပးတဲ့နည္းပါ။ သဘာဝအတိုင္း ဆံပင္ျပန္ေပါက္လာတဲ့ result ကို ရရွိပါတယ္။ ဒါေပမယ့္ ကုန္က်စရိတ္အရမ္းမ်ားနိုင္တဲ့အတြက္ ေသခ်ာတိုင္ပင္ေဆြးေႏြးဆုံးျဖတ္ၿပီးမွ လုပ္ပါလို့ အႀကံေပးပါရေစေနာ္။


သိေစခ်င္တဲ့အခ်က္ေလးေတြ မ်ားသြားတာမို့ စာလဲေတာ္ေတာ္ရွည္သြားၿပီ။ အနည္းငယ္ေလာက္ သိသြားတယ္ဆိုရင္ပဲ ေက်နပ္ပါတယ္။


က်ေနာ့္ကို ပိုၿပီးေက်နပ္ေပ်ာ္ရႊင္သြားေအာင္ အခုပိုစ့္ကို Like and share ေလး လုပ္ေပးလို့ရတယ္ေနာ္။


အားလုံးပဲ က်န္းမာလွပေပ်ာ္ရႊင္ေသာေန႔ရက္ေလးေတြ ပိုင္ဆိုင္ပါေစေနာ္။ 🙏🏻


𝙻𝚎𝚝 𝚖𝚎 𝚝𝚊𝚔𝚎 𝚌𝚊𝚛𝚎 𝚘𝚏 𝚢𝚘𝚞𝚛 𝙱𝚎𝚊𝚞𝚝𝚢 & 𝙻𝚒𝚏𝚎!

🥰With Loves🥰

Dʀ.Yᴇʟʟ


#beautytips #healthtips #hairfall #hairloss #prevention #haircare #hairtreatment #hairshampoo #ဆံပင္ကၽြတ္ျခင္း

#charminglifewithdryell

#healthyliving #healthylife

#beautylife #charminglife #healthylifestyle

#healthytips #beautytips 

#haircaretips

No comments: