Tuesday, December 29, 2020

ထွက်လာပြီဖြစ်တဲ့ Mi 11

ကမ္ဘာ့ပထမဆုံး Snapdragon 888 Chipset ဖုန်းအနေနဲ့ထွက်လာပြီဖြစ်တဲ့ Mi 11




Xiaomi အနေနဲ့ ဒီနေ့ ညနေ ၆ နာရီအချိန်လောက်တုန်းက Online Launch Event တစ်ခုကိုပြုလုပ်ခဲ့ပြီး သူတို့ရဲ့  Flagship Series အသစ်ဖြစ်တဲ့ Mi 11 Series  ကိုမိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီ Mi 11 Series ကတော့ ကမ္ဘာ့ပထမဆုံး Snapdragon 888 Chipset ဖုန်းအနေနဲ့ ဒီနေ့မှာပဲတရားဝင်ထွက်ရှိလို့လာခဲ့ပြီး ဒီ Series ထဲမှာ Mi 11 ကိုသာပဲမိတ်ဆက်ခဲ့ပါတယ်။ Mi 11 Pro ကိုတော့မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။  ဒီ Mi 11 ဟာဆိုရင် Snapdragon 888 Chipset ၊ 120 Hz refresh rate ၊  2K Resolution ၊ 55W Fast Charging လိုမျိုးစတဲ့ High-End Features တွေနဲ့ပွဲထွက်လာပါတယ်။


နောက်ထပ်ဘယ်လို Specs တွေနဲ့ထွက်လာလဲ?? အောက်မှာဝင်ကြည့်လိုက်ရအောင်…


Design 


Mi 11 ရဲ့ Design ပိုင်းမှာ သိသိသာသာထူးခြားနေတာကတော့ သူ့ရဲ့ Camera Setup ပါပဲ။ သူ့ရဲ့ Camera Setup ဟာအရင် Mi 10 နဲ့လုံးဝကွဲထွက်သွားတဲ့ စတုရန်းပုံစံ Camera Setup ကိုတွေ့ရမှာပါ။ ဒီ Camera Setup ထဲမှာ Sensor အကြီးနှစ်ခုနဲ့ LED Flashlight တစ်ခုထည့်ပေးထားပါတယ်။ 



ဖုန်းရဲ့ရှေ့ဘက်မှာတော့ Punch-Hole အသေးတစ်ခုကိုတပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့ကျောဘက် Design ကော ရှေ့ဘက် Screen နှစ်ခုစလုံးကို Gorilla Glass Victus နဲ့ကာကွယ်ပေးထားပါတယ်။  Power ခလုတ်နဲ့ Volume  ခလုတ်တွေကိုတော့ ဖုန်းရဲညာဘက်မှာတပ်ဆင်ပေးထားပါတယ်။ ထုံးစံအတိုင်း USB C ပေါက် ၊ Speaker ပေါက်တို့ကိုတော့ ဖုန်းရဲ့အောက်ခြေမှာတပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ ဒီမှာ နားကြပ်ပေါက်တော့ပါလာခြင်းမရှိ‌တော့ပါဘူး။



Display


Display အတွက်တော့ Mi 11 မှာ 6.81-inchAMOLED Curved Display ကိုသုံးပေးထားပါတယ်။ ဒီ Display ဟာဆိုရင် 2K Resolution ၊ 120 Hz refresh rate ၊ 480 Touch Sampling Rate ထောက်ပံ့ပေးထားပါတယ်။ 2K Resolution ကြီးကတော့ရှယ်မိုက်နေပါပြီ။ နောက်ထပ် ပိုကောင်းတဲ့ Display ရအောင် 1500 nit Brightness ၊ HDR10+ နဲ့ DCI-P3 Color Gamut တို့ကိုလည်းထောက်ပံ့ပေးထားပါတယ်။  ချုံပြောရရင် Display ကြီးတော့တော်တော်လေးမိုက်နေပါပြီ။


Camera 


Camera အတွက် Mi 11 မှာ 108-megapixel (With OIS) + 13-megapixel (ultrawide) + 5-megapixel (macro) Triple Camera Setup ကိုတပ်ဆင်ပေးထားပါတယ် ။ Camera Modes တွေအနေ 6 Long Exposure Modes ၊ AI Skyscaping 3.0 ၊ Cyberpunk ၊ Gold Vibes ၊ Black ice ၊ Photo Clone ၊ Video Clone စတဲ့ Features တွေပါလာပါတယ်။ Video ပိုင်းမှာတော့ 8K@30fps, 4K@30/60fps, 1080p@30/60/120/240/960fps Videos တွေကိုရိုက်ပေးနိုင်ပါတယ်။ Selfie အတွက်တော့ Punch-hole ထဲမှာ 20MP Selfie ကိုထည့်ပေးထားပါတယ်။


Performance & Features…


Performance အတွက်တော့ မကြာသေးခင်ကပဲ မိတ်ဆက်သွားတဲ့ Snapdragon 888 5nm Chipset အသစ်နဲ့အားဖြည့်ပေးထားပြီး  8GB LPDDR5 RAM ၊ 256GB UFS 3.1 Storage နဲ့ တွဲပေးထားပါတယ်။ ဒီ  Snapdragon 888 Chip ကြောင့် AnTuTu မှာ စုစုပေါင်း 745,942 Points အထိရထားပါတယ်။ ဒီအမှတ်ဟာ ဆိုရင်လက်ရှိ AnTuTu Benchmatrk မှာ နံပါတ် ၁ ရထားတဲ့ Huawei Mate 40 Pro (661059 Points)  ထက်ပိုများနေပါတယ်။ Software မှာ Android 10 အပေါ်အခြေခံထားတဲ့ MIUI 12.5  နဲ့ Run ပေးထားပါတယ်။ 



Battery အတွက်တော့ Mi 11 မှာ  55W wired charging ၊ 50W Wireless နဲ့ 10W reverse Charging ထောက်ပံ့ပေးထားတဲ့ 4600 mAh  ကိုသုံးပေထားပါတယ်။ ဒီမှာ 55W wired charging က 100% ကို ၄၅ မိနစ် ၊ 50W Wireless က  100% ကို ၅၃ မိနစ်မှာ အသီးသီးဖြည့်ပေးနိုင်တယ်လို့ Xiaomi ကဆိုထားပါတယ်။ စိတ်မကောင်းစရာကတော့ iPhone 12 Series လို Charger (အားသွင်းခေါင်း) မပါလာတော့ပါဘူး။ Charger အတွက်  55W Fast Charging ခေါင်းကို  ၂ သောင်းဝန်းကျင်နဲ့သပ်သပ်ထပ်ဝယ်ရမှာပဲဖြစ်ပါတယ်။


ထူးထူးခြားခြားပဲအသံပိုင်းမှာ Harman/Kardon ကနေ Tuned လုပ်ပေးထားတဲ့ Stereo Speakers  ကိုသုံးပေးထားပါတယ်။ Harmon Kardon ဆိုတဲ့အတိုင်း သူ့ရဲ့ အသံကတော်တော်လေးကျယ်ပြီး Surround Sound Experience ကောင်းကောင်းပေးနိုင်မှာကိုတော့မြင်ရောင်မိပါသေးတယ်။


Price


နောက်ဆုံးဈေးအနေနဲ့ကတော့ 


Mi 11 – 8GB + 128GB ( 3,999 yuan ) (~$612) ( မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်)


Mi 11- 8GB+ 256GB (4299 yuan) (~$657) ( မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်) ( မြန်မာငွေ ၉ သိန်းဝန်းကျင်) 


Mi 11 -12GB + 256GB (4,699 yuan) (~$719) ( မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ဆိုပြီးကျသင့်လာပါတယ်။


အရောင်အနေနဲ့ White, blue,  black , Smoke Purple နဲ့ Khaki color ဆိုပြီး‌ ၅ ရောင်ရွေးလို့ရမှာပဲဖြစ်ပါတယ်။ဖုန်းကိုတော့ ၁ လပိုင်း ၁ ရက်နေ့မှာစတင်ရောင်းချလာမှာပဲဖြစ်ပါတယ်။


ကဲဖုန်းအပေါ်အမြင်လေးတွေကိုမျှဝေပေးသွားကြပါဦးခင်ဗျာ..

(Zawgyi) 


ကမာၻ႔ပထမဆုံး Snapdragon 888 Chipset ဖုန္းအေနနဲ႔ထြက္လာၿပီျဖစ္တဲ့ Mi 11




Xiaomi အေနနဲ႔ ဒီေန႔ ညေန ၆ နာရီအခ်ိန္ေလာက္တုန္းက Online Launch Event တစ္ခုကိုျပဳလုပ္ခဲ့ၿပီး သူတို႔ရဲ႕  Flagship Series အသစ္ျဖစ္တဲ့ Mi 11 Series  ကိုမိတ္ဆက္လိုက္ၿပီပဲျဖစ္ပါတယ္။ ဒီ Mi 11 Series ကေတာ့ ကမာၻ႔ပထမဆုံး Snapdragon 888 Chipset ဖုန္းအေနနဲ႔ ဒီေန႔မွာပဲတရားဝင္ထြက္ရွိလို႔လာခဲ့ၿပီး ဒီ Series ထဲမွာ Mi 11 ကိုသာပဲမိတ္ဆက္ခဲ့ပါတယ္။ Mi 11 Pro ကိုေတာ့မိတ္ဆက္ခဲ့ျခင္းမရွိပါဘူး။  ဒီ Mi 11 ဟာဆိုရင္ Snapdragon 888 Chipset ၊ 120 Hz refresh rate ၊  2K Resolution ၊ 55W Fast Charging လိုမ်ိဳးစတဲ့ High-End Features ေတြနဲ႔ပြဲထြက္လာပါတယ္။


ေနာက္ထပ္ဘယ္လို Specs ေတြနဲ႔ထြက္လာလဲ?? ေအာက္မွာဝင္ၾကည့္လိုက္ရေအာင္…


Design 


Mi 11 ရဲ႕ Design ပိုင္းမွာ သိသိသာသာထူးျခားေနတာကေတာ့ သူ႔ရဲ႕ Camera Setup ပါပဲ။ သူ႔ရဲ႕ Camera Setup ဟာအရင္ Mi 10 နဲ႔လုံးဝကြဲထြက္သြားတဲ့ စတုရန္းပုံစံ Camera Setup ကိုေတြ႕ရမွာပါ။ ဒီ Camera Setup ထဲမွာ Sensor အႀကီးႏွစ္ခုနဲ႔ LED Flashlight တစ္ခုထည့္ေပးထားပါတယ္။ 



ဖုန္းရဲ႕ေရွ႕ဘက္မွာေတာ့ Punch-Hole အေသးတစ္ခုကိုတပ္ဆင္ေပးထားပါတယ္။ ဖုန္းရဲ႕ေက်ာဘက္ Design ေကာ ေရွ႕ဘက္ Screen ႏွစ္ခုစလုံးကို Gorilla Glass Victus နဲ႔ကာကြယ္ေပးထားပါတယ္။  Power ခလုတ္နဲ႔ Volume  ခလုတ္ေတြကိုေတာ့ ဖုန္းရဲညာဘက္မွာတပ္ဆင္ေပးထားပါတယ္။ ထုံးစံအတိုင္း USB C ေပါက္ ၊ Speaker ေပါက္တို႔ကိုေတာ့ ဖုန္းရဲ႕ေအာက္ေျခမွာတပ္ဆင္ေပးထားတာကိုေတြ႕ရမွာပါ။ ဒီမွာ နားၾကပ္ေပါက္ေတာ့ပါလာျခင္းမရွိ‌ေတာ့ပါဘူး။



Display


Display အတြက္ေတာ့ Mi 11 မွာ 6.81-inchAMOLED Curved Display ကိုသုံးေပးထားပါတယ္။ ဒီ Display ဟာဆိုရင္ 2K Resolution ၊ 120 Hz refresh rate ၊ 480 Touch Sampling Rate ေထာက္ပံ့ေပးထားပါတယ္။ 2K Resolution ႀကီးကေတာ့ရွယ္မိုက္ေနပါၿပီ။ ေနာက္ထပ္ ပိုေကာင္းတဲ့ Display ရေအာင္ 1500 nit Brightness ၊ HDR10+ နဲ႔ DCI-P3 Color Gamut တို႔ကိုလည္းေထာက္ပံ့ေပးထားပါတယ္။  ခ်ဳံေျပာရရင္ Display ႀကီးေတာ့ေတာ္ေတာ္ေလးမိုက္ေနပါၿပီ။


Camera 


Camera အတြက္ Mi 11 မွာ 108-megapixel (With OIS) + 13-megapixel (ultrawide) + 5-megapixel (macro) Triple Camera Setup ကိုတပ္ဆင္ေပးထားပါတယ္ ။ Camera Modes ေတြအေန 6 Long Exposure Modes ၊ AI Skyscaping 3.0 ၊ Cyberpunk ၊ Gold Vibes ၊ Black ice ၊ Photo Clone ၊ Video Clone စတဲ့ Features ေတြပါလာပါတယ္။ Video ပိုင္းမွာေတာ့ 8K@30fps, 4K@30/60fps, 1080p@30/60/120/240/960fps Videos ေတြကို႐ိုက္ေပးႏိုင္ပါတယ္။ Selfie အတြက္ေတာ့ Punch-hole ထဲမွာ 20MP Selfie ကိုထည့္ေပးထားပါတယ္။


Performance & Features…


Performance အတြက္ေတာ့ မၾကာေသးခင္ကပဲ မိတ္ဆက္သြားတဲ့ Snapdragon 888 5nm Chipset အသစ္နဲ႔အားျဖည့္ေပးထားၿပီး  8GB LPDDR5 RAM ၊ 256GB UFS 3.1 Storage နဲ႔ တြဲေပးထားပါတယ္။ ဒီ  Snapdragon 888 Chip ေၾကာင့္ AnTuTu မွာ စုစုေပါင္း 745,942 Points အထိရထားပါတယ္။ ဒီအမွတ္ဟာ ဆိုရင္လက္ရွိ AnTuTu Benchmatrk မွာ နံပါတ္ ၁ ရထားတဲ့ Huawei Mate 40 Pro (661059 Points)  ထက္ပိုမ်ားေနပါတယ္။ Software မွာ Android 10 အေပၚအေျခခံထားတဲ့ MIUI 12.5  နဲ႔ Run ေပးထားပါတယ္။ 



Battery အတြက္ေတာ့ Mi 11 မွာ  55W wired charging ၊ 50W Wireless နဲ႔ 10W reverse Charging ေထာက္ပံ့ေပးထားတဲ့ 4600 mAh  ကိုသုံးေပထားပါတယ္။ ဒီမွာ 55W wired charging က 100% ကို ၄၅ မိနစ္ ၊ 50W Wireless က  100% ကို ၅၃ မိနစ္မွာ အသီးသီးျဖည့္ေပးႏိုင္တယ္လို႔ Xiaomi ကဆိုထားပါတယ္။ စိတ္မေကာင္းစရာကေတာ့ iPhone 12 Series လို Charger (အားသြင္းေခါင္း) မပါလာေတာ့ပါဘူး။ Charger အတြက္  55W Fast Charging ေခါင္းကို  ၂ ေသာင္းဝန္းက်င္နဲ႔သပ္သပ္ထပ္ဝယ္ရမွာပဲျဖစ္ပါတယ္။


ထူးထူးျခားျခားပဲအသံပိုင္းမွာ Harman/Kardon ကေန Tuned လုပ္ေပးထားတဲ့ Stereo Speakers  ကိုသုံးေပးထားပါတယ္။ Harmon Kardon ဆိုတဲ့အတိုင္း သူ႔ရဲ႕ အသံကေတာ္ေတာ္ေလးက်ယ္ၿပီး Surround Sound Experience ေကာင္းေကာင္းေပးႏိုင္မွာကိုေတာ့ျမင္ေရာင္မိပါေသးတယ္။


Price


ေနာက္ဆုံးေဈးအေနနဲ႔ကေတာ့ 


Mi 11 – 8GB + 128GB ( 3,999 yuan ) (~$612) ( ျမန္မာေငြ ၈ သိန္းခြဲ၀န္းက်င္)


Mi 11- 8GB+ 256GB (4299 yuan) (~$657) ( ျမန္မာေငြ ၈ သိန္းခြဲ၀န္းက်င္) ( ျမန္မာေငြ ၉ သိန္း၀န္းက်င္) 


Mi 11 -12GB + 256GB (4,699 yuan) (~$719) ( ျမန္မာေငြ ၁၀ သိန္း၀န္းက်င္) ဆိုၿပီးက်သင့္လာပါတယ္။


အေရာင္အေနနဲ႔ White, blue,  black , Smoke Purple နဲ႔ Khaki color ဆိုၿပီး‌ ၅ ေရာင္ေ႐ြးလို႔ရမွာပဲျဖစ္ပါတယ္။ဖုန္းကိုေတာ့ ၁ လပိုင္း ၁ ရက္ေန႔မွာစတင္ေရာင္းခ်လာမွာပဲျဖစ္ပါတယ္။


ကဲဖုန္းအေပၚအျမင္ေလးေတြကိုမွ်ေဝေပးသြားၾကပါဦးခင္ဗ်ာ..


မူလစာမ်က္ႏွာ - Anycall Mobile 

No comments: