Thursday, December 3, 2020

ဝမ်းဗိုက်မှာ အဆီတွေစုလာစေသည့် အချက် ၁၂ ချက်

ဝမ်းဗိုက်မှာ အဆီတွေစုလာစေသည့် အချက် ၁၂ ချက်




   ဗိုက်ပူလာ၊ဗိုက်မှာ အဆီတွေစုလာခြင်းဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။အဝလွန်လာတဲ့အခါ  နှလုံး၊သွေးတိုး၊ဆီးချို၊ကင်ဆာရောဂါတွေကို ဖြစ်လာစေတတ်ပါတယ်။ဗိုက်ပူလာတာဟာ အသည်းနဲ့ ဝမ်းဗိုက်အတွင်းက တခြား အင်္ဂါအစိတ်အပိုင်းတွေဘေးမှာ အဆီတွေစုပုံလာလို့ပါ။ ပုံမှန် အလေးချိန်ရှိပြီး ဗိုက်ပဲ ကွက်ပူနေရင်တောင် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။


ဗိုက်မှာအဆီတွေစုလာစေမယ့် အကြောင်းအရာတွေကတော့


၁။သကြားများစွာနှင့်ပြုလုပ်ထားသည့်

အစားအစာများ၊အဖျော်ယမကာများစားသုံးခြင်း


သကြားပါဝင်မှုမြင့်မားတဲ့ အစားအစားနဲ့ ဖျော်ရည် တွေ နေ့စဉ်စားသုံးတာက ဝမ်းဗိုက်မှာ အဆီတွေ တိုးစေနိုင်ပါတယ်။


၂။အရက်သေစာသောက်သုံးခြင်း


    အရက်ကို အလွန်အကျွံသောက်တာက အသည်းကို ထိခိုက်စေကာ မကျန်းမမာဖြစ်စေနိုင်ပါတယ်။လေ့လာမှုတွေအရ အရက်အလွန်အကျွံ သောက်တဲ့အခါ အဆီလောင်ကျွမ်းတဲ့ ဖြစ်စဉ်ကို တားဆီးပါတယ်။ ဒါ့အပြင် အရက်၊ဘီယာမှာပါတဲ့ ကယ်လိုရီတွေပိုလျှံကာ အဆီအဖြစ်နဲ့ ဗိုက်မှာ စုလာတတ်ပါတယ်။


၃။ အသွင်ပြောင်းဆီ များ စားသုံးမိခြင်း


ဆီတွေကို ထပ်ခါထပ်ခါကြော်တာ ၊အဲဒီဆီတွေနဲ့ ကြော်ထားတဲ့ အစားအစာတွေစားမိတာက ဗိုက်ပူစေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။


၄။ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း


     ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာတဲ့အခါ ကယ်လိုရီတွေ ပိုလာပြီး ဗိုက်မှာ အဆီတွေစုလာပါတယ်။ ဒါကြောင့် မိမိနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းတစ်ခုခုကို တစ်ပတ်မှာ ငါးရက် လုပ်သင့်ပါတယ်။


၅။ပရိုတင်းဓာတ် နည်းပါးတဲ့ အစားအစာများစားခြင်း


ပရိုတင်းများတဲ့အစားအစာတွေက စားပြီးတဲ့အခါ ဗိုက်ပြည့်စေပြီး အစားစားချင်စိတ်ကို ထိန်းကာ

ဝိတ်မတက်အောင်တားပေးပါတယ်။

ပရိုတင်းဓာတ်နည်းပါးတဲ့ အစားအစာတွေက ဗိုက်ပိုဆာကာ အစား စားမိစေကာ ဝိတ်တက်လာတတ်ပါတယ်။


၆။ရာသီသွေး ဆုံးခြင်း


အမျိုးသမီးတွေဟာ သွေးဆုံးတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် ဗိုက်မှာ အဆီတွေ စုလာတတ်ပါတယ်။


၇။အူထဲမှာ မရှိသင့်တဲ့ဘက်တီးရီးယားများ များနေခြင်း


ရာနဲ့ချီတဲ့ ဘက်တီးရီးယားတွေက အူအတွင်းမှာနေထိုင်ကြပါတယ်။တချို့ဘက်တီးရီးယားတွေက ကျန်းမာရေးကိုအကျိုးပြုပြီး တချို့ ဘက်တီးရီးယားတွေက ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။လေ့လာမှုတွေအရ အဝလွန်သူတွေကပုံမှန်အလေးချိန်ရှိသူတွေထက် Firmicutes ဘက်တီးရီးယားအရေအတွက်ပိုများကြောင်းတွေ့ရှိခဲ့ပါတယ်။ဒီဘက်တီးရီးယား အမျိုးအစားတွေက အစားအစာမှစုပ်ယူတဲ့ ကယ်လိုရီပမာဏကိုတိုးစေနိုင်ပါတယ်။


၈။သစ်သီးဖျော်ရည်များ


သစ်သီးတွေစားခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ချိုလွန်းတဲ့အသီးတွေကို တရားလွန်စားခြင်း၊သစ်သီးဖျောရည်တွေထဲ သကြားထည့်ကာ မကြာခဏသောက်မိရင် အဝလွန်လာနိုင်ပါတယ်။


၉။စိတ်ဖိစီးမှုများခြင်း


စိတ်ဖိစီးမှုများတဲ့အခါ Cortisol ဆိုတဲ့ ဟော်မုန်းထွက်လာပါတယ်။ဒီဟော်မုန်းများလာရင် ဗိုက်မှာ အဆီတွေစုလာပါတယ်။


၁၀။အမျှင်ဓာတ်နည်းပါးသော အစားအစာများ စားခြင်း


အမျှင်ဓာတ်စားရင် ဝမ်းမှန်စေကာ ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ အမျှင်ဓာတ် ပါတဲ့ အစားအစာ၊အသီးအရွက် အစားနည်းသူတွေက ဗိုက်မှာ အဆီတွေစုလာတတ်ပါတယ်။


၁၁။မျိုးရိုးဗီဇ အရ ဝခြင်း


အဝလွန်တဲ့ အဖေ၊အမေ က မွေးလာတဲ့ကလေးက အဝလွန်တတ်ပါတယ်။ဒါက မျိုးရိုးဗီဇ လိုက်တာပါ။


၁၂။အိပ်ရေးဝအောင် မအိပ်ခြင်း


အိပ်ရေးပျက်တာများ၊အိပ်ရေးမဝတာတွေက ဗိုက်ပူစေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။အမျိုးသမီး ၆၈၀၀၀ ကျော်ကို၁၆ နှစ်ကြာလေ့လာမှုတစ်ခုမှာ လေ့လာခဲ့ပါတယ်။တစ်ညမှာ ၅ နာရီ ဒါမှမဟုတ် ငါးနာရီထက် နည်းပါးစွာ အိပ်ခဲ့သူတွေက တစ်ညမှာ အနည်းဆုံး ၇ နာရီ အိပ်တဲ့ လူတွေထက် ထက် ၃၂ ပေါင် (၁၅ ကီလိုဂရမ်) ပိုများတာ တွေ့ခဲ့ရပါတယ်။


ဟမ်စိုင်း(ဆေး-မန်း)


(Zawgyi) 

 ဝမ္းဗိုက္မွာ အဆီေတြစုလာေစသည့္ အခ်က္ ၁၂ ခ်က္




   ဗိုက္ပူလာ၊ဗိုက္မွာ အဆီေတြစုလာျခင္းဟာ က်န္းမာေရးအတြက္ မေကာင္းပါဘူး။အဝလြန္လာတဲ့အခါ  ႏွလုံး၊ေသြးတိုး၊ဆီးခ်ိဳ၊ကင္ဆာေရာဂါေတြကို ျဖစ္လာေစတတ္ပါတယ္။ဗိုက္ပူလာတာဟာ အသည္းနဲ႔ ဝမ္းဗိုက္အတြင္းက တျခား အဂၤါအစိတ္အပိုင္းေတြေဘးမွာ အဆီေတြစုပုံလာလို့ပါ။ ပုံမွန္ အေလးခ်ိန္ရွိၿပီး ဗိုက္ပဲ ကြက္ပူေနရင္ေတာင္ ဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚေစနိုင္ပါတယ္။


ဗိုက္မွာအဆီေတြစုလာေစမယ့္ အေၾကာင္းအရာေတြကေတာ့


၁။သၾကားမ်ားစြာႏွင့္ျပဳလုပ္ထားသည့္

အစားအစာမ်ား၊အေဖ်ာ္ယမကာမ်ားစားသုံးျခင္း


သၾကားပါဝင္မွုျမင့္မားတဲ့ အစားအစားနဲ႔ ေဖ်ာ္ရည္ ေတြ ေန႔စဥ္စားသုံးတာက ဝမ္းဗိုက္မွာ အဆီေတြ တိုးေစနိုင္ပါတယ္။


၂။အရက္ေသစာေသာက္သုံးျခင္း


    အရက္ကို အလြန္အကၽြံေသာက္တာက အသည္းကို ထိခိုက္ေစကာ မက်န္းမမာျဖစ္ေစနိုင္ပါတယ္။ေလ့လာမွုေတြအရ အရက္အလြန္အကၽြံ ေသာက္တဲ့အခါ အဆီေလာင္ကၽြမ္းတဲ့ ျဖစ္စဥ္ကို တားဆီးပါတယ္။ ဒါ့အျပင္ အရက္၊ဘီယာမွာပါတဲ့ ကယ္လိုရီေတြပိုလၽွံကာ အဆီအျဖစ္နဲ႔ ဗိုက္မွာ စုလာတတ္ပါတယ္။


၃။ အသြင္ေျပာင္းဆီ မ်ား စားသုံးမိျခင္း


ဆီေတြကို ထပ္ခါထပ္ခါေၾကာ္တာ ၊အဲဒီဆီေတြနဲ႔ ေၾကာ္ထားတဲ့ အစားအစာေတြစားမိတာက ဗိုက္ပူေစတဲ့ အေၾကာင္းအရင္းတစ္ခုပါပဲ။


၄။ကိုယ္လက္လွုပ္ရွားမွု နည္းပါးျခင္း


     ကိုယ္လက္လွုပ္ရွားမွုနည္းပါးလာတဲ့အခါ ကယ္လိုရီေတြ ပိုလာၿပီး ဗိုက္မွာ အဆီေတြစုလာပါတယ္။ ဒါေၾကာင့္ မိမိနဲ႔ သင့္ေတာ္မယ့္ ေလ့က်င့္ခန္းတစ္ခုခုကို တစ္ပတ္မွာ ငါးရက္ လုပ္သင့္ပါတယ္။


၅။ပရိုတင္းဓာတ္ နည္းပါးတဲ့ အစားအစာမ်ားစားျခင္း


ပရိုတင္းမ်ားတဲ့အစားအစာေတြက စားၿပီးတဲ့အခါ ဗိုက္ျပည့္ေစၿပီး အစားစားခ်င္စိတ္ကို ထိန္းကာ

ဝိတ္မတက္ေအာင္တားေပးပါတယ္။

ပရိုတင္းဓာတ္နည္းပါးတဲ့ အစားအစာေတြက ဗိုက္ပိုဆာကာ အစား စားမိေစကာ ဝိတ္တက္လာတတ္ပါတယ္။


၆။ရာသီေသြး ဆုံးျခင္း


အမ်ိဳးသမီးေတြဟာ ေသြးဆုံးတဲ့အခါ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ဗိုက္မွာ အဆီေတြ စုလာတတ္ပါတယ္။


၇။အူထဲမွာ မရွိသင့္တဲ့ဘက္တီးရီးယားမ်ား မ်ားေနျခင္း


ရာနဲ႔ခ်ီတဲ့ ဘက္တီးရီးယားေတြက အူအတြင္းမွာေနထိုင္ၾကပါတယ္။တခ်ိဳ့ဘက္တီးရီးယားေတြက က်န္းမာေရးကိုအက်ိဳးျပဳၿပီး တခ်ိဳ့ ဘက္တီးရီးယားေတြက က်န္းမာေရး ျပႆနာမ်ားကို ျဖစ္ေစနိုင္ပါတယ္။ေလ့လာမွုေတြအရ အဝလြန္သူေတြကပုံမွန္အေလးခ်ိန္ရွိသူေတြထက္ Firmicutes ဘက္တီးရီးယားအေရအတြက္ပိုမ်ားေၾကာင္းေတြ႕ရွိခဲ့ပါတယ္။ဒီဘက္တီးရီးယား အမ်ိဳးအစားေတြက အစားအစာမွစုပ္ယူတဲ့ ကယ္လိုရီပမာဏကိုတိုးေစနိုင္ပါတယ္။


၈။သစ္သီးေဖ်ာ္ရည္မ်ား


သစ္သီးေတြစားျခင္းက က်န္းမာ​ေရးအတြက္ ေကာင္းမြန္ပါတယ္။ ဒါေပမဲ့ ခ်ိဳလြန္းတဲ့အသီးေတြကို တရားလြန္စားျခင္း၊သစ္သီးေဖ်ာရည္ေတြထဲ သၾကားထည့္ကာ မၾကာခဏေသာက္မိရင္ အဝလြန္လာနိုင္ပါတယ္။


၉။စိတ္ဖိစီးမွုမ်ားျခင္း


စိတ္ဖိစီးမွုမ်ားတဲ့အခါ Cortisol ဆိုတဲ့ ေဟာ္မုန္းထြက္လာပါတယ္။ဒီေဟာ္မုန္းမ်ားလာရင္ ဗိုက္မွာ အဆီေတြစုလာပါတယ္။


၁၀။အမၽွင္ဓာတ္နည္းပါးေသာ အစားအစာမ်ား စားျခင္း


အမၽွင္ဓာတ္စားရင္ ဝမ္းမွန္​ေစကာ ကိုယ္အေလးခ်ိန္ကို ထိန္းေပးပါတယ္။ အမၽွင္ဓာတ္ ပါတဲ့ အစားအစာ၊အသီးအရြက္ အစားနည္းသူေတြက ဗိုက္မွာ အဆီေတြစုလာတတ္ပါတယ္။


၁၁။မ်ိဳးရိုးဗီဇ အရ ဝျခင္း


အဝလြန္တဲ့ အေဖ၊အေမ က ေမြးလာတဲ့ကေလးက အဝလြန္တတ္ပါတယ္။ဒါက မ်ိဳးရိုးဗီဇ လိုက္တာပါ။


၁၂။အိပ္ေရးဝေအာင္ မအိပ္ျခင္း


အိပ္ေရးပ်က္တာမ်ား၊အိပ္ေရးမဝတာေတြက ဗိုက္ပူေစတဲ့ အေၾကာင္းအရင္း တစ္ခုပါပဲ။အမ်ိဳးသမီး ၆၈၀၀၀ ေက်ာ္ကို၁၆ ႏွစ္ၾကာေလ့လာမွုတစ္ခုမွာ ေလ့လာခဲ့ပါတယ္။တစ္ညမွာ ၅ နာရီ ဒါမွမဟုတ္ ငါးနာရီထက္ နည္းပါးစြာ အိပ္ခဲ့သူေတြက တစ္ညမွာ အနည္းဆုံး ၇ နာရီ အိပ္တဲ့ လူေတြထက္ ထက္ ၃၂ ​​ေပါင္ (၁၅ ကီလိုဂရမ္) ပိုမ်ားတာ ေတြ႕ခဲ့ရပါတယ္။


ဟမ္စိုင္း(ေဆး-မန္း)

No comments: