Saturday, December 19, 2020
ရေမွှေးတွေဝယ်တဲ့အခါ
ရေမွှေးတွေဝယ်တဲ့အခါ 
ဒီတစ်ခါတော့ ကျွန်တော်တို့ ရေမွှေးတွေဝယ်တဲ့အခါ ဘာတွေသိဖို့လိုလဲ ? ဘယ်လိုဝယ်ရမလဲ ?ဆိုတာေြပြောပြချင်ပါတယ်။
ရေမွှေးတစ်ခုဟာ လူတစ်ယောက်လိုပါပဲ။ ကျွန်တော်တို့ လူတစ်ယောက်နဲ့ ပေါင်းတော့မယ်ဆို အဲ့လူရဲ့အကြောင်းတွေသိဖို့လိုတာပေါ့။
ဒီလူဟာ ဘယ်လိုလူလဲ ? ဘယ်လိုအကျင့်တွေရှိလဲ ? သူ့ရဲ့ ကောင်းတဲ့အချက် မကောင်းတဲ့အချက်တွေ သိဖို့လိုသလိုပဲ 
ရေမွှေးတစ်ခုဝယ်တော့မယ်ဆိုရင်လည်း ဒီရေမွှေးရဲ့ character ကဘယ်လိုရှိလဲ ? ကိုယ်နဲ့အဆင်ပြေမလား ? ဒီရေမွှေးရဲ့ရနံ့ကိုခံနိုင်မလား ? ဒီရေမွှေးသုံးထားရင် ဘေးလူတွေဘယ်လိုမြင်မလဲ ? 
ဒီရေမွှေးမှာ ကောင်းတဲ့အချက်တွေ အများကြီးရှိပေမယ့် မကောင်းတဲ့အချက် တစ်ခုလောက်က ကိုယ်နဲ့အဆင်ပြေနိုင်မလား ? စသဖြင့် ကိုယ်ဝယ်မယ့်ေရေမွှေးရဲ့အကြောင်းတွေသိဖို့လိုပါတယ်။
လူတစ်ယောက်ကိုစဉ်းစားသလိုပဲ ရေမွှေးတစ်ခုကို စဉ်းစားပြီး ဝယ်ယူမယ်ဆိုမှသာ ကိုယ်နဲ့ အဆင်ပြေအလိုက်ဖက်ဆုံး ရေမွှေးတစ်ခုကို ရနိုင်မှာပါ။
ဒါကြောင့် ကျွန်တော်က ရေမွှေးဝယ်တဲ့အခါမှာ သိသင့်တဲ့ အချက်တစ်ချို့ကိုပြောပြပါမယ်။
#ရေမွှေးရဲ့ type/character ကိုသိရမယ်
ကိုယ်သုံးမယ့်ရေမွှေး ကဘယ်လို type/character မျိုးရှိတာ သိဖို့အရမ်းအရေးကြီးပါတယ်။ရေမွှေးရဲ့ type/character ကိုမသိပဲဝယ်မိလို့ မသုံးနိုင်ပဲ wasteြဖြစ်သွားတာတွေအများကြီးပါ။
ရေမွှေးတစ်ခုက စစချင်းမှာ fresh လေးနဲ့ စလာပေမယ့်လည်း နောက်ပိုင်းမှာ dark ဖြစ်သွားနိုင်သလို စစခြင်း နည်းနည်း dark ဖြစ်ပြီး နောက်ပိုင်း lightြဖြစ်သွားတာတွေလည်းရှိပါတယ်။
အဲ့တော့ ကိုယ့်ရဲ့ taste နဲ့ အဆင်အပြေဆုံး ဖြစ်မယ့် type/character မျိုးရှိတဲ့ ရေမွှေးကို စမ်းသပ်ဝယ်ယူသင့်ပါတယ်။
ရေမွှေးရဲ့ type/character တွေက သူ့မှာသုံးထားတဲ့ notes တွေရဲ့ blend ပေါ်မှာ မူတည်ပါတယ်။
*** Notes တွေအကြောင်း ရှေ့ post တွေမှာပြောခဲ့ပြီးလို့ ပြန်ဖက်ချင်ရင် ဒီ link လေးတွေမှာ ဖတ်လို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=104124734869830&id=103161294966174 
https://m.facebook.com/story.php?story_fbid=104835268132110&id=103161294966174
#ရေမွှေးရဲ့ notes တွေကိုကြည့်ပါ
ရေမွှေးတစ်ခုရဲ့ type/character ကိုသိဖို့ သူ့ရဲ့ပါဝင်တဲ့ notes breakdown ကိုကြည့်ချင်းအားဖြင့် အနီးစပ်ဆုံးသိနိုင်ပါတယ်။
notes တွေကိုကြည့်ပြီး ကိုယ်ကြိုက်တဲ့ notes တွေပါလား / မကြိုက်တဲ့ notes တွေရော ပါလားဆိုတာကြည့်ပြီး အပေါ်ယံ ဆုံးဖြတ်လို့ရပါတယ်။
ဥပမာအားဖြင့် notes breakdown မှာ bergamot, apple, tonka bean, sandalwood စတဲ့ fresh နဲ့ pleasing ဖြစ်တဲ့ notes မျိုးတွေပါနေတော့ လူအတော်များများနဲ့ အဆင်ပြေနေပြီ။
ဒါပေမယ့် နောက်ဆုံး base မှာ leather ပါနေတယ် ဆိုပါတော့ ...   ဒါဆို leather နဲ့ အစဉ်မပြေတဲ့သူက စဉ်းစားရတော့မယ်လေ။
notes တွေမကြည့်ပဲ ရေမွှေးလေး စမ်းဆွတ်ကြည့်ပြီး ၊ opening အနံ့လေးပဲရှူပြီး ဝယ်လာပြီးကာမှ တကယ်သုံးတဲ့အခါ drydown က leather အနံ့လည်းဝင်လာရော လုံးဝမခံနိုင်ပဲ အဆင်မပြေတွေဖြစ်ပြီး နောက်ဆုံး အဲ့ဒီရေမွှေးကို ဆက်မသုံးနိုင်တော့အောင် ဖြစ်ရတာပဲ။
အဲ့တော့ ရေမွှေးဝယ်မယ်ဆို notes တွေကို အရင်ကြည့်သင့်ပါတယ်။
#အဆုံးသတ်ထိ စမ်းသုံးကြည့်ပါ
ရေမွှေးတစ်ခုကိုဝယ်ဖို့ စမ်းသုံးကြည့်ပြီဆို ရနံ့ရဲ့နောက်ဆုံးချိန်ထိကို စမ်းသုံးကြည့်ပါ။ဘာကိုဆိုလိုတာလဲဆိုတော့ opening/ drydown တင်မဟုတ်ပဲ skin scent ဖြစ်တဲ့ချိန်ထိကို စမ်းကြည့်ပါ။
ဟုတ်ပါတယ် skin scent ဖြစ်တဲ့ချိန်ထိပါ။ဘာလို့ လိုအပ်တာလဲဆိုရင် ကျွန်တော့်ကိုယ်တွေ့မို့ပါ။ ကျွန်တော် Cerruti ထဲကေရေမွှေးတစ်ခုသုံးဖူးတယ်။
အဲ့တုန်းက မဝယ်ခင် စမ်းကြည့်တာပေါ့နော် opening / dry down အရမ်းကြိုက် sweet/ spicy/ woody ပုံစံလေး ကြိုက်ပြီကွာဆိုပြီး ဝယ်လာတာပေါ့ ...။
1st time သုံးတဲ့နေ့မှာပါပဲ။ စဆွတ်တော့အဆင်ပြေတယ် ၊ အရမ်းကြိုက် ၊ dry down လေးရောက်တော့ ပိုတောင်ကြိုက်ပြီးေကျေနပ်နေတာပေါ့။
5 နာရီလောက်ကြာပြီး ရေမွှေးရနံ့ ပြယ်ပြီး skin scent ဖြစ်သွားတဲ့ အချိန်ရောက်မှ စတွေ့တာပဲအဲ့မှာ မုန့်ဟင်းခါးနံ့ရလာရော။
ဘယ်က အနံ့ရနေမှန်းလည်းမသိ၊ ကိုယ်ဆွတ်ထားတာ အဲ့အနံ့မှမဟုတ်ပဲ၊တစ်ချက်ချက် မုန့်ဟင်းခါးနံ့ကြီးထထရနေတာ။
နောက်ဆုံး ရေမွှေးဆွတ်ထားတဲ့ နေရာကို ပြန်ရှူကြည့်တော့မှ ဟုတ်တယ် စပါးလင် နဲ့ ငါးပြုတ်ရည်ပေါင်းပြီး မုန့်ဟင်းခါးအနံ့ ကြီးထွက်နေတာ ဖြစ်နေတယ်။ နောက်ဆုံးေရေပါပြန်ချိုးရတဲ့ထိပဲ။
ပြောချင်တာ အဲ့လို skin scentဖြစ်သွားတဲ့ချိန်မှာ ကိုယ်နဲ့အဆင်မပြေတဲ့ အနံ့မျိုး တစ်ချို့ရေမွှေးတွေမှာဖြစ်တတ်လို့ပါ။ 
ဖြစ်နိုင်မယ်ဆို skin scent ရောက်တဲ့ထိကို စမ်းသုံးကြည့်ပါ။
Sample/ miniature တွေ ဝယ်ပြီးစမ်းသုံးတဲ့လူတွေအတွက် အဲ့လိုစမ်းသုံးဖို့လွယ်ပေမယ့် shop တွေမှာ စမ်းသုံးတဲ့အခါကျ မလွယ်ပါဘူး။
#အဲ့ခါကျရင် ဘယ်လိုစမ်းသပ်မလဲဆိုတာပြောပါမယ်
ဆိုင်က sample ကို လက်မှာဆွတ်လိုက်ပါ။အဲ့မှာ  opening အနံ့ရမယ် ... ကြိုက်ပြီလား။ ဒါဆို အဲ့ဆွတ်ထားတဲ့နားကို ပွတ်လိုက်ပါ။
ဒီမှာတစ်ခု သတိပေးချင်တာက ပုံမှန်သုံးနေကျရေမွှေးတွေဆွတ်တဲ့အခါ ဆွတ်တဲ့နေရာကို မပွတ်လိုက်ပါနဲ့။ ပွတ်လိုက်တဲ့အခါမှာ molecules လေးတွေပျက်ပြယ်သွားလို့ opening ရဲ့ မိနစ်30 စာလောက်ကို ချေဖျက်လိုက်သလိုပဲလို့မှတ်ပါ။ အဲ့တော့ ကိုယ့်ရေမွှေး အနံ့ကြာရှည်ခံမှုရဲ့ တစ်နာရီနီးပါးကို ဖြတ်လိုက်သလိုဖြစ်စေလို့ ရေမွှေးဆွတ်ရင် မပွတ်သင့်ပါဘူး။ 
ဒါဆို စမ်းသုံးတဲ့အခါ ဘာလို့ပွတ်ခိုင်းတာလဲဆိုရင်
Opening ရဲ့ အနံ့ကိုရပြီးတာနဲ့ အဲ့လိုပွတ်လိုက်တာက dry down ရဲ့ရနံ့ကို အမြန်ရစေလို့ပါ။ပုံမှန်သုံးရင်မလုပ်သင့်တာက ဆိုင်တွေမှာစမ်းသုံးကြည့်တဲ့အခါ အသုံးဝင်လာပါတယ်။
အဲ့လို ပွတ်လိုက်ပြီး ခဏနေရင်ပဲ dry down ရဲ့ရနံ့ကိုရပါလိမ့်မယ်။ အဲ့ချိန်ကျ ကိုယ်နဲ့ အဆင်ပြေ၊မပြေ အနီးစပ်ဆုံးသိရပါပြီ။ စမ်းသုံးကြည့်ပြီးတာနဲ့ တန်းမဝယ်လိုက်ပါနဲ့။ ကိုယ့် skin မှာ ရနံ့ကို အချိန်တစ်ခုထိ ( skin scent ဖြစ်တဲ့ချိန်ထိ ) စမ်းကြည့်ပါ။ပြီးမှ လုံးဝအဆင်ပြေပြီဆိုမှ ဝယ်ပါဗျာ။
#Blind buy မလုပ်ပါနဲ့
ဟုတ်ပါတယ် blind buy မလုပ်ပါနဲ့။ကျွန်တော် အခု ပြောနေပေမယ့်လည်း ကျွန်တော်ကိုယ်တိုင် blind buy နေတုန်းပါပဲ။ဘာလို့ blind buy မလုပ်သင့်လဲဆိုတော့ ရှင်းပါတယ် မစမ်းပဲဝယ်တော့ ကိုယ်မကြိုက်တဲ့အနံ့မျိုးဖြစ်နေမှာမို့ပါ။
တစ်ခါခါ စမ်းသုံးကြည့်လို့မရတဲ့အခါမျိုးတွေရှိတတ်ပါတယ်။ အဲ့ခါကျရင် ကိုယ်ကြိုက်တဲ့အနံ့ဖြစ်နိုင် ၊ မဖြစ်နိုင်သိဖို့ notes breakdown ကိုကြည့်ပါ။ရေမွှေးရဲ့ type/character ကိုသိဖို့ scent profile ကိုကြည့်ပါ ( sweet, fruity, woody ) စသဖြင့်ပေါ့။ ပြီးရင် ရေမွှေးအကြောင်းကောင်းကောင်းနားလည်တဲ့ reviewer တွေရဲ့ review တွေကြည့်ပါ။ သုံးဖူးသူတွေရဲ့ experience ကိုမေးပါ။ အဲ့ချိန်ကြ အနီးစပ်ဆုံး ကိုယ်ကြိုက် ၊ မကြိုက် ခန့်မှန်းနိုင်ပါလိမ့်မယ်။
ဒါပေမယ့်လည်း ကိုယ်အကြိုက်နဲ့ တစ်ထပ်တည်းကျဖို့မသေချာလို့ blind buy မလုပ်ဖို့ထပ်ပြောချင်ပါတယ်။ အပေါ်မှာပြောသလို စမ်းသုံးကြည့်ပြီးမှဝယ်စေချင်ပါတယ်။
#သုံးဖူးသူတွေရဲ့ recommend ကိုမယူပါနဲ့ 
နည်းနည်းစဉ်းစားသွားပြီထင်တယ် ...
ဟုတ်ပါတယ်ဗျာ သုံးဖူးသူတွေရဲ့ recommend ကို မယူပါနဲ့။ သုံးဖူးသူတွေရဲ့ experience ကိုပဲမေးပါ။
ဘာလို့ဆိုတော့ ရေမွှေးတွေက လူတိုင်းနဲ့ အဆင်ပြေနေတာမဟုတ်သလို လူတိုင်းနဲ့ အဆင်မပြေတာလည်း မဟုတ်ပါဘူး။
ကိုယ်လိုချင်တဲ့ ရေမွှေးကို သုံးဖူးတဲ့ လူတွေကို မေးကြည့်ပြီဗျာ...။
အရမ်းကောင်းတယ် ပြောတဲ့လူ ရှိသလို တစ်ချို့က ပြောမယ် " သူကအီတယ်နော် " နောက်တစ်ယောက်ကပြောမယ် " သူကမူးတယ်နော် " နောက်တစ်ယောက်က " ခေါင်းကိုက်တတ်တယ်နော် " ကြားဖူးကြမှာပါအဲ့လိုေြပြောတာတွေ။
တကယ်တော့ အဲ့ရေမွှေးက အီတာ / မူးတာ မဟုတ်ပါဘူး ကိုယ်က အီတဲ့အနံ့မခံနိုင်တာပါ။ ကိုယ်မခံနိုင်လို့ မူးတာပါ။ အဲ့ဒါကို အဲ့ရေမွှေးအီတယ်ဆိုပြီးပြောတော့ မသုံးဖူးတဲ့လူတွေကပါ အဲ့လိုမှတ်ကုန်တာပေါ့။
ကိုယ့်တွက်အီပေမယ့် အီတာကြိုက်တဲ့လူတွက်မအီပါဘူး။ ကိုယ်က မူးပေမယ့်လည်း ခံနိုင်တဲ့လူတွက်မမူးပါဘူး။ အဲ့တော့ တစ်ခြားလူတွေရဲ့ အဲ့လို recommend ပေးတာတွေကြည့်ပြီး မသုံးတော့ဘူးဆို ကိုယ်နဲ့ အဆင်ပြေဆုံး ရေမွှေးတစ်ခုက တစ်ခြားလူတွေရဲ့ စကားကြောင့် ကိုယ်ပယ်လိုက်တဲ့ထဲမှာ ပါသွားနိုင်ပါတယ်။
အဲ့တော့ သုံးဖူးသူတွေရဲ့ experience ကိုယူပါ။ မူးတယ် / အီတယ် စတာတွေကို မှတ်ထားလိုက်ပါ။ ဒီရေမွှေးကို တစ်ချို့ကအဲ့လို ပြောတယ်လို့ပဲမှတ်ပါ။ အဲ့လိုစကားတွေကို recommend အနေနဲ့ယူပြီး မစမ်းကြည့်တာမျိုးမလုပ်ပါနဲ့။
ကိုယ်တိုင် စမ်းသုံးကြည့်ပါ ကိုယ်နဲ့ကျမှ အရမ်းအဆင်ပြေနေတာလဲ ဖြစ်နိုင်ပါတယ်။
#Perfumer ဘယ်သူဆိုတာကြည့်ပါ
ကျွန်တော်ရေမွှေးဝယ်ပြီဆို အမြဲ ဒီရေမွှေးကို ဖန်တီးထားတဲ့ perfumer က ဘယ်သူဆိုတာကြည့်လေ့ရှိပါတယ်။ ကျွန်တော်ကြိုက်တဲ့ ရေမွှေးတွေရဲ့ perfumer ဘယ်သူဆိုတာမှတ်ထားလေ့ရှိပြီး။ နောက် အဲ့ဒီ perfumer ကပဲ ဖန်တီးထားတဲ့ ရေမွှေးတွေဆို ကြိုက်လေ့ရှိပါတယ်။
သဘောက သူဖန်တီးတဲ့ type / character တွေက ကိုယ်နဲ့ အဆင်ပြေနေတတ်တာမျိုးပေါ့။
ရေမွှေးအသစ်တစ်ခုထွက်ပြီဆိုရင်တောင် notes တွေ scent profile တွေ မကြည့်ခင် perfumer ဘယ်သူဆိုတာကြည့်တာနဲ့ သူ့ရေမွှေးတွေဆို ကိုယ်နဲ့အဆင်ပြေနေကျဆိုတာသိတော့ ကိုယ်ကြိုက် ၊ မကြိုက် ပိုမှန်းလို့ရတာပေါ့။
အဲ့တော့ ကိုယ်ကြိုက်တဲ့ ရေမွှေးတွေရဲ့ brand ကိုပဲမကြည့်ပဲ perfumer ဘယ်သူဆိုတာလည်း ကြည့်ဖို့အရေးကြီးပါတယ်ဗျာ။
brand က အမည်ပဲခံထားတာပါ တကယ်တမ်း ရေမွှေးကို ဖန်တီးထားတာ brand က မဟုတ်ပါဘူး perfumer တွေဆိုတာ သိစေချင်ပါတယ်။
#Batch code စစ်ပါ
Batch code ဆိုတာတော့ အားလုံးနဲ့ ရင်းနီးပြီးသားလို့ထင်ပါတယ်။ ရေမွှေးတစ်ခုကို ဘယ်ချိန်ကထုတ်ခဲ့တယ် ဆိုတာကိုေဖော်ပြထားတာပါပဲ။
batch code တွေကိုဘာလို့ စစ်သင့်လဲဆိုတော့ ကိုယ်ဝယ်မယ့်ရေမွှေးက fake ဖြစ်မနေဖို့နဲ့ shelf life ကိုသိချင်လို့ပါ။ batch code ကို စစ်လိုက်ရင် ဒီရေမွှေးထုတ်တာ ဘယ်လောက်ကြာပြီဆိုတာသိနိုင်ပါတယ်။
ရေမွှေးတူတူတောင် batch code တွေမတူကြပါဘူး။ ဒီလမှာ ဒီ batch ကိုထုတ်တယ်ဆိုရင် အဲ့ရေမွှေးကိုပဲ နောက်လမှာ နောက် batch တစ်ခုပြောင်းပါတယ်။ batch code ကို စစ်လိုက်လို့ ခုလက်ရှိချိန်နဲ့ အနီးဆုံး date ဆိုရင် ခုမှ လက်တလောထုတ်ထားတဲ့ နောက်ဆုံး batchေပေါ့ဗျာ။
တစ်ချို့ရေမွှေးတွေမှာ PAO (period after opening ) number တွေလည်းပါတတ်ပါတယ် cosmetic တွေမှာပါသလိုပေါ့။ ဖွင့်ပြီးဘယ်လောက် ကြာကြာထိပဲ သုံးသင့်တယ် ဆိုတာမျိုးပေါ့။ရေမွှေးတွေမှာတော့ PAO စစ်ပြီးဝယ်ဖို့ အရမ်းတော့အရေးမကြီးပါဘူး။ ဘာလို့ဆို သူ့ company ကလည်း သူ့ရဲ့ shelf life ကြာနေတဲ့ရေမွှေးကို ပြန်သိမ်းသွားတတ်လို့ရယ် PAO ကလည်း ကိုယ်စဖွင့်သုံးတဲ့ နေ့ကနေပဲ စတွက်တဲ့အတွက် အဲ့လောက်အရေးမကြီးပါဘူး။
တစ်ချို့က batch code တွေကို freshest ဖြစ်ဖို့ကိုပဲ ဦးတည်ပြီး စစ်ကြပါတယ်။ရေမွှေးတစ်ခုက မနေ့တစ်နေ့ကမှ ထုတ်ထားတဲ့ ရေမွှေးဖြစ်ဖို့ မလိုအပ်ပါဘူး။ အထားအသိုမှန်ကန်ရင် expire မဖြစ်တဲ့ ပစ္စည်းပါ။ 
#Concentration ကရော အရေးကြီးလား
တကယ်တော့ ရေမွှေးဝယ်တဲ့အခါ concentration က အဲ့လောက်အရေးမကြီးပါဘူး။ကိုယ့်ရေမွှေးက ဘာ concentration လဲသိရင်ရပါပြီ။
ကိုယ်ကြိုက်ပြီး ကိုယ်နဲ့အဆင်ပြေတဲ့အနံ့က EDT ဖြစ်ချင်ဖြစ်မယ် EDP ဖြစ်ချင်ဖြစ်မယ် parfumြဖြစ်ချင်ဖြစ်မယ်လေ။
EDT ဖြစ်ပြီး performance အရမ်းကောင်းတာရှိသလို EDP ဖြစ်ပြီး performance မကောင်းတာတွေလဲ အများကြီးပါ။
EDT ဆို သိပ်အနံ့မခံဘူး EDP က အနံ့ပိုခံတယ် ကြားဖူးတယ်လေ ... ဟုတ်ပါတယ် ကျွန်တော်လဲပြောခဲ့ပါတယ် 
ဒါပေမယ့် အမြဲတမ်းမှန်နေတာမဟုတ်ပဲ ယေဘုယျ အနေနဲ့ သာမှန်ပါတယ်။
မြင်သာအောင်ပြောရရင် Dior Sauvage EDT က D&G The One EDP ထက် အများကြီး ရနံ့ပိုခံပါတယ်။
ပြောချင်တာက ရေမွှေးမှာသုံးထားတဲ့ ingredients တွေ notes တွေက ပိုအဓိက ကျပြီး concentration က သူ့နေရာနဲ့သူ အရေးပါပေမယ့်  အဓိကတော့ မဟုတ်ပါဘူး။
အဲ့တော့ ရေမွှေးဝယ်မယ်ဆို EDT ဆိုမကြိုက်ဘူး EDP မှ parfum ဆိုမှ ဝယ်မယ်ဆိုပြီး မလုပ်သင့်ပါဘူး။ ဘယ် concentration ဖြစ်နေပါစေ ကိုယ်နဲ့အဆင်ပြေတာကို ကိုယ်တိုင်စမ်းသပ်ပြီးဝယ်ယူပါဗျာ။
***Concentration အကြောင်းဖက်ချင်ရင် ဒီ link လေးမှာ ဖတ်လို့ရတယ်နော် 
https://m.facebook.com/story.php?story_fbid=106724784609825&id=103161294966174   
တစ်ချို့ရေမွှေးတွေ ကျွန်တော်ဝယ်ရင် ဥပမာ Dior homme intense တို့ La nuit de l'homme တို့ဆို ဟိုးအရင် 2011 တို့ 2014 တို့က batch တွေကို လိုချင်လို့ batch code စစ်ခဲ့တာပါ။ နောက်လည်း အဲ့လိုပဲ အရင်က batch တွေကို လိုချင်လို့စစ်တာတွေလည်းရှိပါတယ်။ ပြောချင်တာက မနေ့တစ်နေ့ကထုတ်ထားတဲ့ freshest batch ဖြစ်နေဖို့ အရေးမကြီးဘူးဆိုတာပါပဲ။
(Batch တွေ reformulation အကြောင်းတွေ သေချာသိသင့်လို့ သပ်သပ် post တစ်ခုအနေနဲ့ ဖော်ပြပေးပါဦးမယ်နော် )
#Expert တွေရဲ့ recommend ကိုယူပါ
ခုန user တွေရဲ့ recommend ကိုမယူနဲ့ experience ကိုပဲယူပါလို့ပြောခဲ့ပါတယ်။ ဟုတ်ပါတယ် expert တွေရဲ့ experience နဲ့အတူ recommend ကိုလည်းယူပါ။
နာမည်ကြီး reviewer တွေအများကြီးရှိပါတယ်။ အဲ့ထဲမှာမှ တစ်ချို့ honest reviewer တွေက တကယ်အရည်ချင်းရှိပြီးေရေမွှေးအကြောင်းအရမ်းနားလည်တဲ့သူတွေပါ။
အဲ့လိုလူတွေရဲ့ review တွေကိုကြည့်ပါ သူတို့ရဲ့ experience တွေကိုမှတ်ပါ သူတို့တွေရဲ့ recommendေတွေကိုယူပါ။
ကိုယ့်အကြိုက် ၊ သူ့အကြိုက်တူနေရင်တော့ သူ recommend ပေးတာကို ကိုယ်က blind buy ဖို့တောင် အဆင်ပြေပါတယ်။ ( ဒါပေမယ့်လဲ blind buy မလုပ်နဲ့နော် )
အဲ့တော့ တကယ့် expert တွေရဲ့ reviewတွေကိုကြည့်ပါ။ ရေမွှေးအကြောင်းနားလည်တဲ့ သူတွေကိုမေးပါ။ မေးဖို့ဘယ်တော့မှ မရှက်ပါနဲ့။
သိတဲ့လူက ရေမွှေးတစ်ခုအကြောင်းပြောရင် ကိုယ်က အဲ့ brand ကိုမသိလို့ ၊ နာမည်ကြီး dior / channel မဟုတ်လို့ဆိုပြီးေကျော်မသွားလိုက်ပါနဲ့။
အဲ့ရေမွှေးက တစ်ချိန်မှာ ကိုယ်နဲ့အဆင်ပြေဆုံး ကိုယ်အကြိုက်ဆုံးရေမွှေးဖြစ်နေနိုင်ပါတယ်။
ရေမွှေး brand ပေါင်း သောင်းချီရှိနေပြီး ရေမွှေးရနံ့ပေါင်း သိန်းချီရှိနေလို့ ကျွန်တော်တို့ အကုန်မသိနိုင်ပါဘူး။ အဲ့တွက်ကြောင့် မသိရင်မေးကြပါ မေးဖို့မရှက်ပါနဲ့ဗျာ။ 
ကဲ ဒီလောက်ဆိုရင်တော့ လုံလောက်ပါပြီ။
အားလုံးပဲ ကိုယ်နဲ့ အလိုက်ဖက်ဆုံးေရေမွှေးတွေကိုေရွေးချယ်ဝယ်ယူနိုင်ကြပါစေဗျာ။
ကျွန်တော့်ရဲ့ personal opinion တွေပဲဖြစ်လို့ ကွဲလွဲမှုရှိရင်လဲ လေးစားစွာ agree to disagree ပါဗျာ။
Until then...take care, stay safe and smell great ✌️
မူလရေးသားတင်ဆက်သည့် စာမျက်နှာ - Fragaddict Myanmar_Fragrance Review 
(Zawgyi) 
 ရေမွှေးတွေဝယ်တဲ့အခါ 
ဒီတစ်ခါတော့ ကျွန်တော်တို့ ရေမွှေးတွေဝယ်တဲ့အခါ ဘာတွေသိဖို့လိုလဲ ? ဘယ်လိုဝယ်ရမလဲ ?ဆိုတာ ပြောပြချင်ပါတယ်။
ဒီရေမွှေးမှာ ကောင်းတဲ့အချက်တွေ အများကြီးရှိပေမယ့် မကောင်းတဲ့အချက် တစ်ခုလောက်က ကိုယ်နဲ့အဆင်ပြေနိုင်မလား ? စသဖြင့် ကိုယ်ဝယ်မယ့် ရေမွှေးရဲ့အကြောင်းတွေသိဖို့လိုပါတယ်။
ရေမွှေးတစ်ခုက စစချင်းမှာ fresh လေးနဲ့ စလာပေမယ့်လည်း နောက်ပိုင်းမှာ dark ဖြစ်သွားနိုင်သလို စစခြင်း နည်းနည်း dark ဖြစ်ပြီး နောက်ပိုင်း light ဖြစ်သွားတာတွေလည်းရှိပါတယ်။
# Blind buy မလုပ်ပါနဲ့
အရမ်းကောင်းတယ် ပြောတဲ့လူ ရှိသလို တစ်ချို့က ပြောမယ် " သူကအီတယ်နော် " နောက်တစ်ယောက်ကပြောမယ် " သူကမူးတယ်နော် " နောက်တစ်ယောက်က " ခေါင်းကိုက်တတ်တယ်နော် " ကြားဖူးကြမှာပါအဲ့လို ပြောတာတွေ။
# Batch code စစ်ပါ
ကိုယ်ကြိုက်ပြီး ကိုယ်နဲ့အဆင်ပြေတဲ့အနံ့က EDT ဖြစ်ချင်ဖြစ်မယ် EDP ဖြစ်ချင်ဖြစ်မယ် parfum ဖြစ်ချင်ဖြစ်မယ်လေ။
အဲ့လိုလူတွေရဲ့ review တွေကိုကြည့်ပါ သူတို့ရဲ့ experience တွေကိုမှတ်ပါ သူတို့တွေရဲ့ recommend တွေကိုယူပါ။
သိတဲ့လူက ရေမွှေးတစ်ခုအကြောင်းပြောရင် ကိုယ်က အဲ့ brand ကိုမသိလို့ ၊ နာမည်ကြီး dior / channel မဟုတ်လို့ဆိုပြီး ကျော်မသွားလိုက်ပါနဲ့။
အားလုံးပဲ ကိုယ်နဲ့ အလိုက်ဖက်ဆုံး ရေမွှေးတွေကို ရွေးချယ်ဝယ်ယူနိုင်ကြပါစေဗျာ။
No comments: