Saturday, December 12, 2020

“လူလို့ ခံယူပါ၊ လူလို့ မြင်ပေးပါ”

 “လူလို့ ခံယူပါ၊ လူလို့ မြင်ပေးပါ”




၁။


နာမည်ကျော် ဟောလီးဝုဒ်မင်းသမီးတစ်ယောက်ရဲ့ အဝတ်အစားမဲ့ဓါတ်ပုံတွေ အင်တာနက်ပေါ် တင်ခံရဖူးတယ်။ ဒီအခါမှာ “ပုံမှန်တောင် ဇာတ်ကားတွေထဲ ဒါမျိုး ရိုက်နေတာပဲ၊ ပရိသတ်တွေလည်း မြင်ဖူးပြီးသား၊ ထူးပြီး ရှက်မနေပါနဲ့” ဆိုပြီး သွားပြောလို့ မရပါဘူး။ ဇာတ်ကားရိုက်ချိန်မှာ ဖြစ်နေတာက သူ့သဘောတူညီချက် ပါပြီးတော့ ခုလိုဓါတ်ပုံမျိုးအတွက်တော့ သူ ခွင့်မပြုထားသလို၊ သိတောင်သိမနေပါဘူး။ ဒါကြောင့် အဲဒါဟာ ပြစ်မှုမြောက်ပါတယ်။ 


နိုင်ငံခြားက မင်းသမီးတစ်လက်တောင် ဒီလိုဆိုရင်၊ ကျွန်တော်တို့လိုနိုင်ငံက သာမန်မိန်းကလေးတစ်ယောက်ရဲ့ အဝတ်အစား လဲနေတဲ့ပုံ၊ ရည်းစားနဲ့ အတူနေနေတဲ့ပုံ၊ ဒီလိုပုံတွေ တင်တာမျိုးဆို ပိုလို့တောင်ဆိုးပါဦးမယ်။ (ရှေးရိုးစွဲ အယူအဆရှိပါတယ်ဆိုတောင်) သဘောတူညီပြီး Sexy ပုံတွေ တင်နေတဲ့ မိန်းကလေးမျိုးကိုသာ ကဲ့ရဲ့ရှုံ့ချရမှာ ဖြစ်ပြီးတော့၊ ဒီလို သူ့သဘောတူညီချက်မပါဘဲ လူမဆန်သူတစ်ယောက်က တင်လိုက်တဲ့ ဓါတ်ပုံမျိုးတွေမှာတော့ ကာယကံရှင်ကို ဆဲဆိုကဲ့ရဲ့ရမှာ မဟုတ်ဘဲ တင်တဲ့သူကိုသာ ဝေဖန်ပြစ်တင်ကြရမှာ ဖြစ်ပါတယ်။


၂။ 


ကိုယ်လက်ခံထားတဲ့ ဧည့်သည်ကို စိတ်ကျေနပ်အောင် လိင်ဆက်ဆံပေးခြင်းဖြင့် ဝင်ငွေရှာ ဘဝရပ်တည်တဲ့သူကို ပြည့်တန်ဆာ (Sex worker) လို့ခေါ်တယ်။ ဒါပေမယ့် သူတို့မှာလည်း အလုပ်မလုပ်ချင်တဲ့အခါတွေ ဆိုတာရှိတယ်၊ စိတ်ရှုပ်လို့၊ နာကျင်နေလို့၊ ဓမ္မတာပေါ်နေလို့၊ မျိုးစုံဖြစ်နိုင်တယ်။ ဒီထက် နှိုက်နှိုက်ချွတ်ချွတ် ပြောရရင် အလုပ်လက်ခံတာတောင်မှ သူ မဆက်ဆံချင်တဲ့ပုံစံ၊ လူအယောက်အရေအတွက်၊ ဒါတွေ ရှိသေးတယ်။ အဲဒါကို နင်က ဟိုဟာမပဲ၊ နင်ကများ ငြင်းနေသေးတယ် ဆိုပြီး အတင်းဇွတ်လုပ်တာ၊ မဆက်ဆံချင်တဲ့ ပုံစံနဲ့ အတင်းဆက်ဆံခိုင်းတာ၊ ခေါ်သွားတုန်းက တစ်ယောက်တည်း၊ နေရာရောက်မှ အများကြီး ဖြစ်နေတာ၊ ဒါမျိုးတွေဟာ အဓမ္မပြုကျင့်မှု မြောက်ပါတယ်။ လိင်လုပ်သားပင် ဖြစ်လင့်ကစား၊ သူ့ရဲ့ စိတ်ဆန္ဒကို လေးစားပေးဖို့ လိုတယ်။


သူ့ဘက်က ခွင့်ပြုချက်မရဘဲ ဘယ်သူကမှ အတင်းအကြပ် လုပ်ခိုင်းလို့ မရဘူး ဆိုတာ အခြေခံလူ့အခွင့်အရေး သဘောတရား ဖြစ်ပါတယ်။


၃။ 


အဲဒီလို Sex worker အဖြစ် ရပ်တည်နေရသူရဲ့ ဆန္ဒကို လေးစားပေးဖို့ လိုသလို၊ အိမ်ထောင်သည် အမျိုးသမီးများမှာလည်း ဒီလိုအခွင့်အရေး ရှိပါတယ်။ ကာမပိုင်ယောကျာ်းလို့ သုံးနှုန်းကြတော့ ကိုယ့်ကာမကို သူက ပိုင်တယ်၊ သူ အလိုရှိတဲ့အချိန်တိုင်း အတူနေပေးရမယ် ဆိုတာမျိုး သဘောပေါက်မိတော့တာပေါ့။ အမှန်တော့ ခုနကလို ဓမ္မတာ လာနေတဲ့အခါ၊ စိတ်ဖိစီးမှု များနေတဲ့အခါ အတူမနေချင်ဘူး ဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအခါမှာ လင်ယောကျာ်းက အမျိုးသမီးရဲ့ဆန္ဒကို လေးစားပေးရမှာ ဖြစ်ပါတယ်။ ငါ ကာမပိုင်ယောကျာ်း၊ ငါအလိုရှိတိုင်း နင်နေပေးရမယ် လုပ်လို့မရဘူး။


“စိတ်ဆန္ဒနဲ့ တန်ဖိုးထားခြင်းများ ပါဝင်သော လိင်ဆက်ဆံမှုကို ရပိုင်ခွင့်” (Right to consensual sexual relation) ဆိုတာ လူသားတိုင်းမှာ ရှိတဲ့ မျိုးဆက်ပွါး ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။


၄။ 


အဓမ္မကျင့်ခံရတဲ့ ကောင်မလေးတစ်ယောက် ဆေးစစ်ချက်အတွက် ဆေးရုံကို ရောက်လာတယ်။ တုန်လှုပ်နေမယ်၊ ကြောက်ရွံ့နေမယ်။ ဒီအခါမှာ ဆရာဝန်ရဲ့ စစ်ဆေးမှုကို ငြင်းချင်ငြင်းမယ်၊ စမ်းနေတုန်းမှာ ဆရာဝန် နေခိုင်းသလိုမနေဘဲ ရှက်လို့ ပေါင်ကို စေ့ထားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီအခါမှာ နင်က အဓမ္မတောင် ကျင့်ခံရပြီးမှပဲဟာ၊ ဒီကျမှ ရှက်မနေနဲ့ဆိုတာမျိုး ပြောလို့၊ တွေးလို့ မရပါဘူး။


စမ်းသပ်စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး လက်ခံမယ်၊ မခံဘူး ဆုံးဖြတ်ပိုင်ခွင့်၊ အချိန်မရွေး ရပ်ပစ်ပိုင်ခွင့် (Right to self-determination) ဟာ အဲဒီမိန်းကလေးမှာ ရှိနေတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။


၅။ 


ရွာတွေမှာ သွားပြီး အမျိုးသမီးကျန်းမာရေးလုပ်ငန်းတွေ လုပ်တဲ့အခါ ပုံမှန်ဆို ဆရာဝန်နဲ့ လူနာကြားမှာပဲ သိရမယ့် ကိစ္စတွေက တခြားလူတွေပါ သိကုန်တာမျိုးတွေ ရှိတယ်၊ သူတို့ကိုယ်တိုင်က ကျွန်မက ယောကျာ်းနဲ့ ဘယ်နေ့က နေထားတာ၊ ဘယ်တုန်းက ရာသီလာတာ၊ ဒါမျိုးတွေကို လူကြားသူကြားထဲ ထုတ်ပြောနေကြတာ။ ဒါ ငါ့ အခွင့်အရေးပါလား လို့မှ သိမနေကြဘဲကိုး။ ဒါပေမယ့် သူတို့ဘယ်လိုပဲ တွေးတွေး၊ ကျွန်တော်တို့တွေကတော့ သူတို့ရဲ့ သီးခြားဖြစ်ခွင့်နဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပိုင်ခွင့် (Right to privacy & confidentiality) ဒါတွေကို လေးစားပေးရပါမယ်။ သူတို့က ရပါတယ် ဘယ်လောက်ပဲ ပြောနေနေ၊ အဲဒီအခွင့်အရေးကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမယ်။


ဘာလို့ဆိုတော့ လူ့အခွင့်အရေး ဆိုတာ ချမ်းသာမှ ရသင့်တာ၊ သိတဲ့လူ၊ တောင်းတတ်တဲ့လူမှ ရသင့်တာ မဟုတ်ဘူး။ လူသားမှန်ရင် ရကို ရရမယ့် အခွင့်အရေးများပဲ ဖြစ်ပါတယ်။


၆။ 


ကျွန်တော်တို့တွေဟာ အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ လူ့အခွင့်အရေးဆိုတာ စကားနဲ့ ထုတ်ပြောမိရင်တောင် အရေးယူခံရတယ်။ မျိုးစုံသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံခဲ့ရတယ်။ လူလို အဆက်ဆံမခံခဲ့ရဘူး။ လက်ထဲ စာရွက်လေးတစ်ရွက် တွေ့ရင်တောင် နှစ်ရှည်ထောင်ချခံရတာ၊ မည်သူမဆို ပြစ်မှုကျူးလွန်ကြောင်း သက်သေမပြနိုင်မချင်း တရားခံအဖြစ် သတ်မှတ်ခံရခြင်းမှ လွတ်ကင်းခွင့် ရှိသည် ဆိုတာမျိး လာကိုမပြောနဲ့တော့။ 


ဒီအခါမှာ ကြာလာတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် လူလို့ မခံစားရတော့ဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း လူလို့ မမြင်တော့ဘူး။ ကလေးတွေမှာ ကလေးသူငယ် အခွင့်အရေး ဘာတွေရှိသလဲ မသိကြတော့ဘူး။ အမျိုးသမီးတွေကလည်း ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိသလဲ မသိဘူး။ ဆရာဝန်၊ ဆရာမကလည်း လူနာမှာ ဘာအခွင့်အရေးတွေ ရှိတယ်ဆိုတာ မသိဘူး။ အခြေခံလူ့အခွင့်အရေးတောင် မသိရင် လိင်နဲ့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးဆိုတာ ပိုလို့တောင် ဝေးသွားပြီပေါ့။


တကယ်သာ Rights based approach ဆိုတဲ့အတိုင်း တစ်ယောက်ကို တစ်ယောက် သူ့မှာ ဘယ်လို အခွင့်အရေးတွေ ရှိပါလားလို့ မြင်ပေးပြီး ပြောဆို ဆက်ဆံနိုင်ခဲ့မယ်ဆိုရင်


- Cyber crime တွေ နည်းလာမယ်၊ Victim blaming တွေ နည်းလာမယ်၊ မုဒိမ်းမှုတွေ နည်းကုန်မယ်။


- လူသိပ်မသိတဲ့၊ ဘယ်သူကမှလည်း မတိုင်တဲ့၊ တိုင်လည်း အရေးတယူမလုပ်တဲ့ ပြည့်တန်ဆာကို၊ ကိုယ့်အိမ်က မိန်းမကို ကျူးလွန်နေတဲ့ အဓမ္မပြုကျင့်မှုမြောက်သော အပြုအမူတွေလည်း နည်းကုန်မယ်။


- ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့နေရာမှာလည်း ဒီထက်ပိုပြီး အဆင့်အတန်း မြင့်လာမယ်။ လူနာကို ပိုပြီး အခြေပြုလာမယ်။


ဒါကြောင့် ခုကစပြီး ကိုယ့်ကိုယ်ကိုယ် လူ လို့ခံစားပါ။ လူသားဖြစ်တဲ့အတွက် ကိုယ့်မှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။ တစ်ယောက်ယောက်က ပိတ်ပင်ရင် တောင်းဆိုပါ။ ပြီးရင် ဘေးပတ်ဝန်းကျင်က လူတွေအားလုံး၊ ကလေးသူငယ်၊ အမျိုးသမီး၊ တပည့်ကျောင်းသား၊ လူနာ၊ ကိုယ့်လက်အောက်က ဝန်ထမ်း၊ အားလုံးအားလုံးကိုလည်း လူလို့မြင်ပြီး သူတို့ရဲ့ အခွင့်အရေးကို လေးစားပေးပါ။ တောင်းဆိုမှုတွေကိုလည်း Complain လုပ်တာလို့ မမြင်ဘဲ သူတို့ Rights မို့ သူတို့တောင်းတာလို့ မြင်ပေးပါ။


အဲဒီလိုသာ အခွင့်အရေးကို အခြေပြုပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံနိုင်ကြမယ်ဆိုရင် ခု လက်ရှိကြုံနေရတဲ့ ပြဿနာတချို့ ကောင်းကောင်း ပြေလည်သွားနိုင်ပါတယ်။


ဒေါက်တာဖြိုးသီဟ

၁၈.၆.၁၆



(ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ International Human Rights Day အထိမ်းအမှတ်အနေနဲ့ ပြန်တင်ပေးတာ ဖြစ်ပါတယ်။)



(Zawgyi) 

“လူလို့ ခံယူပါ၊ လူလို့ ျမင္ေပးပါ”




၁။


နာမည္ေက်ာ္ ေဟာလီးဝုဒ္မင္းသမီးတစ္ေယာက္ရဲ့ အဝတ္အစားမဲ့ဓါတ္ပုံေတြ အင္တာနက္ေပၚ တင္ခံရဖူးတယ္။ ဒီအခါမွာ “ပုံမွန္ေတာင္ ဇာတ္ကားေတြထဲ ဒါမ်ိဳး ရိုက္ေနတာပဲ၊ ပရိသတ္ေတြလည္း ျမင္ဖူးၿပီးသား၊ ထူးၿပီး ရွက္မေနပါနဲ႔” ဆိုၿပီး သြားေျပာလို့ မရပါဘူး။ ဇာတ္ကားရိုက္ခ်ိန္မွာ ျဖစ္ေနတာက သူ႔သေဘာတူညီခ်က္ ပါၿပီးေတာ့ ခုလိုဓါတ္ပုံမ်ိဳးအတြက္ေတာ့ သူ ခြင့္မျပဳထားသလို၊ သိေတာင္သိမေနပါဘူး။ ဒါေၾကာင့္ အဲဒါဟာ ျပစ္မွုေျမာက္ပါတယ္။ 


နိုင္ငံျခားက မင္းသမီးတစ္လက္ေတာင္ ဒီလိုဆိုရင္၊ ကၽြန္ေတာ္တို့လိုနိုင္ငံက သာမန္မိန္းကေလးတစ္ေယာက္ရဲ့ အဝတ္အစား လဲေနတဲ့ပုံ၊ ရည္းစားနဲ႔ အတူေနေနတဲ့ပုံ၊ ဒီလိုပုံေတြ တင္တာမ်ိဳးဆို ပိုလို့ေတာင္ဆိုးပါဦးမယ္။ (ေရွးရိုးစြဲ အယူအဆရွိပါတယ္ဆိုေတာင္) သေဘာတူညီၿပီး Sexy ပုံေတြ တင္ေနတဲ့ မိန္းကေလးမ်ိဳးကိုသာ ကဲ့ရဲ့ရွုံ႔ခ်ရမွာ ျဖစ္ၿပီးေတာ့၊ ဒီလို သူ႔သေဘာတူညီခ်က္မပါဘဲ လူမဆန္သူတစ္ေယာက္က တင္လိုက္တဲ့ ဓါတ္ပုံမ်ိဳးေတြမွာေတာ့ ကာယကံရွင္ကို ဆဲဆိုကဲ့ရဲ့ရမွာ မဟုတ္ဘဲ တင္တဲ့သူကိုသာ ေဝဖန္ျပစ္တင္ၾကရမွာ ျဖစ္ပါတယ္။


၂။ 


ကိုယ္လက္ခံထားတဲ့ ဧည့္သည္ကို စိတ္ေက်နပ္ေအာင္ လိင္ဆက္ဆံေပးျခင္းျဖင့္ ဝင္ေငြရွာ ဘဝရပ္တည္တဲ့သူကို ျပည့္တန္ဆာ (Sex worker) လို့ေခၚတယ္။ ဒါေပမယ့္ သူတို့မွာလည္း အလုပ္မလုပ္ခ်င္တဲ့အခါေတြ ဆိုတာရွိတယ္၊ စိတ္ရွုပ္လို့၊ နာက်င္ေနလို့၊ ဓမၼတာေပၚေနလို့၊ မ်ိဳးစုံျဖစ္နိုင္တယ္။ ဒီထက္ ႏွိုက္ႏွိုက္ခၽြတ္ခၽြတ္ ေျပာရရင္ အလုပ္လက္ခံတာေတာင္မွ သူ မဆက္ဆံခ်င္တဲ့ပုံစံ၊ လူအေယာက္အေရအတြက္၊ ဒါေတြ ရွိေသးတယ္။ အဲဒါကို နင္က ဟိုဟာမပဲ၊ နင္ကမ်ား ျငင္းေနေသးတယ္ ဆိုၿပီး အတင္းဇြတ္လုပ္တာ၊ မဆက္ဆံခ်င္တဲ့ ပုံစံနဲ႔ အတင္းဆက္ဆံခိုင္းတာ၊ ေခၚသြားတုန္းက တစ္ေယာက္တည္း၊ ေနရာေရာက္မွ အမ်ားႀကီး ျဖစ္ေနတာ၊ ဒါမ်ိဳးေတြဟာ အဓမၼျပဳက်င့္မွု ေျမာက္ပါတယ္။ လိင္လုပ္သားပင္ ျဖစ္လင့္ကစား၊ သူ႔ရဲ့ စိတ္ဆႏၵကို ေလးစားေပးဖို့ လိုတယ္။


သူ႔ဘက္က ခြင့္ျပဳခ်က္မရဘဲ ဘယ္သူကမွ အတင္းအၾကပ္ လုပ္ခိုင္းလို့ မရဘူး ဆိုတာ အေျခခံလူ႔အခြင့္အေရး သေဘာတရား ျဖစ္ပါတယ္။


၃။ 


အဲဒီလို Sex worker အျဖစ္ ရပ္တည္ေနရသူရဲ့ ဆႏၵကို ေလးစားေပးဖို့ လိုသလို၊ အိမ္ေထာင္သည္ အမ်ိဳးသမီးမ်ားမွာလည္း ဒီလိုအခြင့္အေရး ရွိပါတယ္။ ကာမပိုင္ေယာက်ာ္းလို့ သုံးႏွုန္းၾကေတာ့ ကိုယ့္ကာမကို သူက ပိုင္တယ္၊ သူ အလိုရွိတဲ့အခ်ိန္တိုင္း အတူေနေပးရမယ္ ဆိုတာမ်ိဳး သေဘာေပါက္မိေတာ့တာေပါ့။ အမွန္ေတာ့ ခုနကလို ဓမၼတာ လာေနတဲ့အခါ၊ စိတ္ဖိစီးမွု မ်ားေနတဲ့အခါ အတူမေနခ်င္ဘူး ဆိုတာမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒီအခါမွာ လင္ေယာက်ာ္းက အမ်ိဳးသမီးရဲ့ဆႏၵကို ေလးစားေပးရမွာ ျဖစ္ပါတယ္။ ငါ ကာမပိုင္ေယာက်ာ္း၊ ငါအလိုရွိတိုင္း နင္ေနေပးရမယ္ လုပ္လို့မရဘူး။


“စိတ္ဆႏၵနဲ႔ တန္ဖိုးထားျခင္းမ်ား ပါဝင္ေသာ လိင္ဆက္ဆံမွုကို ရပိုင္ခြင့္” (Right to consensual sexual relation) ဆိုတာ လူသားတိုင္းမွာ ရွိတဲ့ မ်ိဳးဆက္ပြါး က်န္းမာေရးဆိုင္ရာ အခြင့္အေရးတစ္ခု ျဖစ္ပါတယ္။


၄။ 


အဓမၼက်င့္ခံရတဲ့ ေကာင္မေလးတစ္ေယာက္ ေဆးစစ္ခ်က္အတြက္ ေဆး႐ုံကို ေရာက္လာတယ္။ တုန္လွုပ္ေနမယ္၊ ေၾကာက္ရြံ့ေနမယ္။ ဒီအခါမွာ ဆရာဝန္ရဲ့ စစ္ေဆးမွုကို ျငင္းခ်င္ျငင္းမယ္၊ စမ္းေနတုန္းမွာ ဆရာဝန္ ေနခိုင္းသလိုမေနဘဲ ရွက္လို့ ေပါင္ကို ေစ့ထားတာမ်ိဳးလည္း ျဖစ္နိုင္တယ္။ ဒီအခါမွာ နင္က အဓမၼေတာင္ က်င့္ခံရၿပီးမွပဲဟာ၊ ဒီက်မွ ရွက္မေနနဲ႔ဆိုတာမ်ိဳး ေျပာလို့၊ ေတြးလို့ မရပါဘူး။


စမ္းသပ္စစ္ေဆးမွုေတြနဲ႔ ပတ္သက္ၿပီး လက္ခံမယ္၊ မခံဘူး ဆုံးျဖတ္ပိုင္ခြင့္၊ အခ်ိန္မေရြး ရပ္ပစ္ပိုင္ခြင့္ (Right to self-determination) ဟာ အဲဒီမိန္းကေလးမွာ ရွိေနတဲ့ အခြင့္အေရးပဲ ျဖစ္ပါတယ္။


၅။ 


ရြာေတြမွာ သြားၿပီး အမ်ိဳးသမီးက်န္းမာေရးလုပ္ငန္းေတြ လုပ္တဲ့အခါ ပုံမွန္ဆို ဆရာဝန္နဲ႔ လူနာၾကားမွာပဲ သိရမယ့္ ကိစၥေတြက တျခားလူေတြပါ သိကုန္တာမ်ိဳးေတြ ရွိတယ္၊ သူတို့ကိုယ္တိုင္က ကၽြန္မက ေယာက်ာ္းနဲ႔ ဘယ္ေန႔က ေနထားတာ၊ ဘယ္တုန္းက ရာသီလာတာ၊ ဒါမ်ိဳးေတြကို လူၾကားသူၾကားထဲ ထုတ္ေျပာေနၾကတာ။ ဒါ ငါ့ အခြင့္အေရးပါလား လို့မွ သိမေနၾကဘဲကိုး။ ဒါေပမယ့္ သူတို့ဘယ္လိုပဲ ေတြးေတြး၊ ကၽြန္ေတာ္တို့ေတြကေတာ့ သူတို့ရဲ့ သီးျခားျဖစ္ခြင့္နဲ႔ လၽွို့ဝွက္ခ်က္ကို ထိန္းသိမ္းပိုင္ခြင့္ (Right to privacy & confidentiality) ဒါေတြကို ေလးစားေပးရပါမယ္။ သူတို့က ရပါတယ္ ဘယ္ေလာက္ပဲ ေျပာေနေန၊ အဲဒီအခြင့္အေရးကို အတတ္နိုင္ဆုံး ျဖည့္ဆည္းေပးရမယ္။


ဘာလို့ဆိုေတာ့ လူ႔အခြင့္အေရး ဆိုတာ ခ်မ္းသာမွ ရသင့္တာ၊ သိတဲ့လူ၊ ေတာင္းတတ္တဲ့လူမွ ရသင့္တာ မဟုတ္ဘူး။ လူသားမွန္ရင္ ရကို ရရမယ့္ အခြင့္အေရးမ်ားပဲ ျဖစ္ပါတယ္။


၆။ 


ကၽြန္ေတာ္တို့ေတြဟာ အာဏာရွင္စနစ္ေအာက္မွာ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့ရတယ္။ လူ႔အခြင့္အေရးဆိုတာ စကားနဲ႔ ထုတ္ေျပာမိရင္ေတာင္ အေရးယူခံရတယ္။ မ်ိဳးစုံေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မွုေတြ ခံခဲ့ရတယ္။ လူလို အဆက္ဆံမခံခဲ့ရဘူး။ လက္ထဲ စာရြက္ေလးတစ္ရြက္ ေတြ႕ရင္ေတာင္ ႏွစ္ရွည္ေထာင္ခ်ခံရတာ၊ မည္သူမဆို ျပစ္မွုက်ဴးလြန္ေၾကာင္း သက္ေသမျပနိုင္မခ်င္း တရားခံအျဖစ္ သတ္မွတ္ခံရျခင္းမွ လြတ္ကင္းခြင့္ ရွိသည္ ဆိုတာမ်ိး လာကိုမေျပာနဲ႔ေတာ့။ 


ဒီအခါမွာ ၾကာလာေတာ့ ကၽြန္ေတာ္တို့က ကိုယ့္ကိုယ္ကိုယ္ လူလို့ မခံစားရေတာ့ဘူး။ ကိုယ့္ပတ္ဝန္းက်င္က လူေတြကိုလည္း လူလို့ မျမင္ေတာ့ဘူး။ ကေလးေတြမွာ ကေလးသူငယ္ အခြင့္အေရး ဘာေတြရွိသလဲ မသိၾကေတာ့ဘူး။ အမ်ိဳးသမီးေတြကလည္း ကိုယ့္မွာ ဘာအခြင့္အေရးေတြ ရွိသလဲ မသိဘူး။ ဆရာဝန္၊ ဆရာမကလည္း လူနာမွာ ဘာအခြင့္အေရးေတြ ရွိတယ္ဆိုတာ မသိဘူး။ အေျခခံလူ႔အခြင့္အေရးေတာင္ မသိရင္ လိင္နဲ႔ မ်ိဳးဆက္ပြါးက်န္းမာေရးဆိုင္ရာ အခြင့္အေရးဆိုတာ ပိုလို့ေတာင္ ေဝးသြားၿပီေပါ့။


တကယ္သာ Rights based approach ဆိုတဲ့အတိုင္း တစ္ေယာက္ကို တစ္ေယာက္ သူ႔မွာ ဘယ္လို အခြင့္အေရးေတြ ရွိပါလားလို့ ျမင္ေပးၿပီး ေျပာဆို ဆက္ဆံနိုင္ခဲ့မယ္ဆိုရင္


- Cyber crime ေတြ နည္းလာမယ္၊ Victim blaming ေတြ နည္းလာမယ္၊ မုဒိမ္းမွုေတြ နည္းကုန္မယ္။


- လူသိပ္မသိတဲ့၊ ဘယ္သူကမွလည္း မတိုင္တဲ့၊ တိုင္လည္း အေရးတယူမလုပ္တဲ့ ျပည့္တန္ဆာကို၊ ကိုယ့္အိမ္က မိန္းမကို က်ဴးလြန္ေနတဲ့ အဓမၼျပဳက်င့္မွုေျမာက္ေသာ အျပဳအမူေတြလည္း နည္းကုန္မယ္။


- က်န္းမာေရး ေစာင့္ေရွာက္မွု ေပးတဲ့ေနရာမွာလည္း ဒီထက္ပိုၿပီး အဆင့္အတန္း ျမင့္လာမယ္။ လူနာကို ပိုၿပီး အေျချပဳလာမယ္။


ဒါေၾကာင့္ ခုကစၿပီး ကိုယ့္ကိုယ္ကိုယ္ လူ လို့ခံစားပါ။ လူသားျဖစ္တဲ့အတြက္ ကိုယ့္မွာ ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြ ရွိပါတယ္။ တစ္ေယာက္ေယာက္က ပိတ္ပင္ရင္ ေတာင္းဆိုပါ။ ၿပီးရင္ ေဘးပတ္ဝန္းက်င္က လူေတြအားလုံး၊ ကေလးသူငယ္၊ အမ်ိဳးသမီး၊ တပည့္ေက်ာင္းသား၊ လူနာ၊ ကိုယ့္လက္ေအာက္က ဝန္ထမ္း၊ အားလုံးအားလုံးကိုလည္း လူလို့ျမင္ၿပီး သူတို့ရဲ့ အခြင့္အေရးကို ေလးစားေပးပါ။ ေတာင္းဆိုမွုေတြကိုလည္း Complain လုပ္တာလို့ မျမင္ဘဲ သူတို့ Rights မို့ သူတို့ေတာင္းတာလို့ ျမင္ေပးပါ။


အဲဒီလိုသာ အခြင့္အေရးကို အေျချပဳၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ဆံနိုင္ၾကမယ္ဆိုရင္ ခု လက္ရွိၾကဳံေနရတဲ့ ျပႆနာတခ်ိဳ့ ေကာင္းေကာင္း ေျပလည္သြားနိုင္ပါတယ္။


ေဒါက္တာၿဖိဳးသီဟ

၁၈.၆.၁၆


(ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ International Human Rights Day အထိမ္းအမွတ္အေနနဲ႔ ျပန္တင္ေပးတာ ျဖစ္ပါတယ္။)

No comments: