Friday, December 18, 2020

နှင်းချယ်ရီကြက်သားချဉ်စပ် - မုန်လာဥနီသုပ် - ဘူးသီးဟင်းချို

နှင်းချယ်ရီကြက်သားချဉ်စပ် - မုန်လာဥနီသုပ် - ဘူးသီးဟင်းချို




ဒီဇင်ဘာလရဲ့ အေးချမ်းတဲ့ရာသီဥတုမှာ မြန်မာတွေရဲ့ ခံတွင်းနဲ့ အစပ်အဟပ်လည်းတည့်၊ ကျန်းမာရေးအတွက် လည်းကောင်း တဲ့ နှင်းချယ်ရီကြက်သားချဉ်စပ်၊ မုန်လာဥနီသုပ်နှင့် ဘူးသီးဟင်းချိုတို့ကို သူငယ်ချင်းတို့လည်း သွားရည်ကျအောင် တင်ပြလိုက် ပါတယ်နော်။


နှင်းချယ်ရီကြက်သားချဉ်စပ်

ပါဝင်သည့် ပစ္စည်းများ

ကြက်သား - ၅၀ကျပ်သား    ခရမ်းချဉ်သီး - ၅လုံး

ကြက်သွန်ဖြူ - အနည်းငယ်   ကြက်သွန်နီ - ၅လုံး

ငပိ - အနည်းငယ်    ငရုတ်သီးအနှစ် - အနည်းငယ်

ငရုတ်သီးစိမ်း - အနည်းငယ်  ပင်စိမ်း^ချင်း - အနည်းငယ်

ငံပြာရည်/ဟင်းချိုမှုန့် - အနည်းငယ်


အဆင့်ဆင့်ပြုလုပ်ပုံ

ပထမဦးဆုံး ခရမ်းချဉ်သီးကို ရေခန်းလေးပြုတ်ပြီး အခွံကိုခွာ၍ နုပ်နုပ်စဉ်းထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ ချင်း၊ကြက်သွန် ဖြူ၊နီများကို ထည့်၍်ဆီသတ်ပါ။ ငရုတ်သီးအနှစ်နှင့် မျှင်ငပိကို ထည့်၍ဆီနာနာလေး သတ်ပေးပါ။ ထို့နောက် ပင်စိမ်းရွက်အနည်းငယ် ထည့်ပါ။ အရောင်ရဲ၍ အနံ့မွှေးလာလျှင် ကြိတ်ထားသော ငရုတ်သီးအစိမ်းများကိုထည့် ပါ။ အသင့်နယ်ထားသော ကြက်သားတုံးလေး များကို အိုးထဲသို့ထည့်ပါ။ နုပ်နုပ်စဉ်းထားသော ခရမ်းချဉ်သီးများကိုဆက်၍ ထည့်ပြီး မွှေပါ။ ဆူလာသည်အထိ ရေနွေးထည့်၍ ခဏထား ပါ။ အသားများနူး၍ အိသွားလျှင် အပေါ့၊အငံ မြည်း၍ အသင့် သုံးဆောင်နိုင်ရန် ပန်းကန်ပြားတစ်ချပ်ထဲသို့ ငှက်ပျော်ဖက်လေးခင်း၍ ချက်ထားသော ကြက်သားချဉ်စပ်ဟင်းကို ထည့်ပါ။ အစပ်ကြိုက်သူများအနေဖြင့် သီးသန့် စားနိုင်ရန် ဘေးပတ်ပတ်လည်တွင် ငရုတ်သီး ကွင်းလေးများကို အစီအရီထည့်၍ သုံးဆောင်နိုင်ပါပြီ။


မုန်လာဥနီသုပ်




ပါဝင်ပစ္စည်းများ

မုန်လာဥနီ - ၂၀ကျပ်သား  သံပရာသီး - ၁လုံး

ကြက်သွန်နီ - ၂လုံး  နှမ်း -အနည်းငယ်

ဆား - အနည်းငယ် ဟင်းချိုမှုန့် - အနည်းငယ်


အဆင့်ဆင့်ပြုလုပ်ပုံ

ကြက်သွန်နီများကို ပါးပါးလှီး၍ ရေစစ်ထားပါ။ မုန်လာဥနီကို ခြစ်၍ ရေစစ်ထားသော ကြက်သွန်နီများကိုထည့်ပါ။ သံပရာသီးအနည်းငယ် ညှစ်ပါ။ နှမ်း၊ဆား၊ဟင်းချိုမှုန့် အနည်းငယ်ထည့်၍ သမအောင် နယ်ပါ။ ပန်းကန်ပြားတစ်ခုထဲသို့ ငှက်ပျော်ဖက်ခင်း၍ နယ်ထားသော မုန်လာဥနီသုပ်ကိုထည့်ပါ။ ဘေးမှ သခွားသီးကွင်းလေးများ အစီအရီထည့်၍ သုံးဆောင်နိုင်ပါပြီ။


ဘူးသီးဟင်းချို




ဘူးသီးနုနု - ၁စိတ် (ခပ်နုပ်နုပ်လှီးပြီး ရေဆေးထားပါ)

ပုစွန်ခြောက်မှုန့် - စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ - ၁၀မြွှာ (မညက်တညက်ထောင်းပါ)

ဆား၊ငံပြာရည် - အနည်းငယ်

ကြက်သားမှုန့် - သင့်ရုံ


အနေတော် အိုးတစ်လုံးထဲတွင် အထက်ပါပစ္စည်းများ အားလုံးနှင့်ရေကို သင့်တင့်ရုံထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူတဲ့အထိ တည်ပေးပါ။ ဟင်းရည်ဆူပွက်ပြီး ဘူးသီးနူးလာရင် အရသာမြည်းကြည့်ကာ မီးဖိုပေါ်မှ ချလို့ရပါပြီ။

(Zawgyi) 

 ႏွင္းခ်ယ္ရီၾကက္သားခ်ဥ္စပ္ - မုန္လာဥနီသုပ္ - ဘူးသီးဟင္းခ်ိဳ




ဒီဇင္ဘာလရဲ႕ ေအးခ်မ္းတဲ့ရာသီဥတုမွာ ျမန္မာေတြရဲ႕ ခံတြင္းနဲ႕ အစပ္အဟပ္လည္းတည့္၊ က်န္းမာေရးအတြက္ လည္းေကာင္း တဲ့ ႏွင္းခ်ယ္ရီၾကက္သားခ်ဥ္စပ္၊ မုန္လာဥနီသုပ္ႏွင့္ ဘူးသီးဟင္းခ်ိဳတို႕ကို သူငယ္ခ်င္းတို႕လည္း သြားရည္က်ေအာင္ တင္ျပလိုက္ ပါတယ္ေနာ္။


ႏွင္းခ်ယ္ရီၾကက္သားခ်ဥ္စပ္

ပါ၀င္သည့္ ပစၥည္းမ်ား

ၾကက္သား - ၅၀က်ပ္သား    ခရမ္းခ်ဥ္သီး - ၅လံုး

ၾကက္သြန္ျဖဴ - အနည္းငယ္   ၾကက္သြန္နီ - ၅လံုး

ငပိ - အနည္းငယ္    ငရုတ္သီးအႏွစ္ - အနည္းငယ္

ငရုတ္သီးစိမ္း - အနည္းငယ္  ပင္စိမ္း^ခ်င္း - အနည္းငယ္

ငံျပာရည္/ဟင္းခ်ိဳမႈန္႕ - အနည္းငယ္


အဆင့္ဆင့္ျပဳလုပ္ပံု

ပထမဦးဆံုး ခရမ္းခ်ဥ္သီးကို ေရခန္းေလးျပဳတ္ျပီး အခြံကိုခြာ၍ ႏုပ္ႏုပ္စဥ္းထားပါ။ ဒယ္အိုးထဲသို႕ ဆီအနည္းငယ္ထည့္၍ ခ်င္း၊ၾကက္သြန္ ျဖဴ၊နီမ်ားကို ထည့္၍္ဆီသတ္ပါ။ ငရုတ္သီးအႏွစ္ႏွင့္ မွ်င္ငပိကို ထည့္၍ဆီနာနာေလး သတ္ေပးပါ။ ထို႕ေနာက္ ပင္စိမ္းရြက္အနည္းငယ္ ထည့္ပါ။ အေရာင္ရဲ၍ အနံ႕ေမႊးလာလွ်င္ ၾကိတ္ထားေသာ ငရုတ္သီးအစိမ္းမ်ားကိုထည့္ ပါ။ အသင့္နယ္ထားေသာ ၾကက္သားတံုးေလး မ်ားကို အိုးထဲသို႕ထည့္ပါ။ ႏုပ္ႏုပ္စဥ္းထားေသာ ခရမ္းခ်ဥ္သီးမ်ားကိုဆက္၍ ထည့္ျပီး ေမႊပါ။ ဆူလာသည္အထိ ေရေႏြးထည့္၍ ခဏထား ပါ။ အသားမ်ားႏူး၍ အိသြားလွ်င္ အေပါ့၊အငံ ျမည္း၍ အသင့္ သံုးေဆာင္ႏိုင္ရန္ ပန္းကန္ျပားတစ္ခ်ပ္ထဲသို႕ ငွက္ေပ်ာ္ဖက္ေလးခင္း၍ ခ်က္ထားေသာ ၾကက္သားခ်ဥ္စပ္ဟင္းကို ထည့္ပါ။ အစပ္ၾကိဳက္သူမ်ားအေနျဖင့္ သီးသန္႕ စားႏိုင္ရန္ ေဘးပတ္ပတ္လည္တြင္ ငရုတ္သီး ကြင္းေလးမ်ားကို အစီအရီထည့္၍ သံုးေဆာင္ႏိုင္ပါျပီ။


မုန္လာဥနီသုပ္




ပါ၀င္ပစၥည္းမ်ား

မုန္လာဥနီ - ၂၀က်ပ္သား  သံပရာသီး - ၁လံုး

ၾကက္သြန္နီ - ၂လံုး  ႏွမ္း -အနည္းငယ္

ဆား - အနည္းငယ္ ဟင္းခ်ိဳမႈန္႕ - အနည္းငယ္


အဆင့္ဆင့္ျပဳလုပ္ပံု

ၾကက္သြန္နီမ်ားကို ပါးပါးလွီး၍ ေရစစ္ထားပါ။ မုန္လာဥနီကို ျခစ္၍ ေရစစ္ထားေသာ ၾကက္သြန္နီမ်ားကိုထည့္ပါ။ သံပရာသီးအနည္းငယ္ ညႇစ္ပါ။ ႏွမ္း၊ဆား၊ဟင္းခ်ိဳမႈန္႕ အနည္းငယ္ထည့္၍ သမေအာင္ နယ္ပါ။ ပန္းကန္ျပားတစ္ခုထဲသို႕ ငွက္ေပ်ာ္ဖက္ခင္း၍ နယ္ထားေသာ မုန္လာဥနီသုပ္ကိုထည့္ပါ။ ေဘးမွ သခြားသီးကြင္းေလးမ်ား အစီအရီထည့္၍ သံုးေဆာင္ႏိုင္ပါျပီ။


ဘူးသီးဟင္းခ်ိဳ




ဘူးသီးႏုႏု - ၁စိတ္ (ခပ္ႏုပ္ႏုပ္လွီးျပီး ေရေဆးထားပါ)

ပုစြန္ေျခာက္မႈန္႕ - စားပြဲတင္ဇြန္း ၂ ဇြန္း

ၾကက္သြန္ျဖဴ - ၁၀ျမႊာ (မညက္တညက္ေထာင္းပါ)

ဆား၊ငံျပာရည္ - အနည္းငယ္

ၾကက္သားမႈန္႕ - သင့္ရံု

အေနေတာ္ အိုးတစ္လံုးထဲတြင္ အထက္ပါပစၥည္းမ်ား အားလံုးႏွင့္ေရကို သင့္တင့္ရုံထည့္ျပီး ဟင္းရည္ပြက္ပြက္ဆူတဲ့အထိ တည္ေပးပါ။ ဟင္းရည္္ဆူပြက္ျပီး ဘူးသီးႏူးလာရင္ အရသာျမည္းၾကည့္ကာ မီးဖိုေပၚမွ ခ်လို႕ရပါျပီ။

No comments: