Friday, December 11, 2020

ငါးဖယ်ဝက်သားလုံးကြော်၊ ပဲပင်ပေါက်သုပ်၊ ငါးခေါင်းနဲ့မုန်လာဥချဉ်ရည်

ငါးဖယ်ဝက်သားလုံးကြော်၊ ပဲပင်ပေါက်သုပ်၊ ငါးခေါင်းနဲ့မုန်လာဥချဉ်ရည်

သည်တစ်ခါ ဖော်ပြပေးမယ့် ဟင်းလျာအတွဲအစပ်ကတော့ ငါးဖယ်ခြစ်နဲ့ဝက်သား တောက်တောက်စဉ်းကို အလုံးလေးတွေလုပ်ကြော်၊ အအီပြေ ပဲပင်ပေါက်သုပ်၊ အရည်သောက်အဖြစ် ငါးခေါင်းကိုမုန်လာဥနဲ့ ချဉ်ရည် ချက်ထားတာတွေပါပဲ။

ငါးဖယ် ဝက်သားလုံးကြော်




လိုအပ်သော ပစ္စည်းများ

ငါးဖယ်ခြစ် ၂၀သား၊ ဝက်မိုးခိုသား ၂၅ကျပ်သား၊ ဆီ ၁၅ကျပ်သား၊ ကြက်သွန်ဖြူ ငါးမြွှာ၊ ချင်း လက်နှစ်ဆစ်ခန့်၊ ကြက်သားမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ပြောင်းကော်မှုန့် စားပွဲတင်ဇွန်း နှစ်ဇွန်း၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ နနွင်းမှုန့် အနည်းငယ်စီ

ချက်ရန်ကြာမြင့်ချိန် မိနစ် ၂၀ခန့်

- ငါးဖယ်ကို ချင်းကြက်သွန်ဖြူတို့နဲ့ ဆားအနည်းငယ်ထည့်ပြီး ထောင်းထားပါ။ ဝက်သားကို တောက်တောက်စဉ်းပါ။ နှစ်မျိုးရောကာ ကြက်သားမှုန့်၊ဆား၊ငရုတ်ကောင်းမှုန့်၊နနွင်းမှုန့်၊ပြောင်းဖူးကော်မှုန့်တို့နဲ့ရောပြီး နှံ့ေအောင်နယ်ပါ။

- ဝက်သားကို မိုးခိုသားသုံးတာက ငါးဖယ်နဲ့အတူ ကျက်ချိန်ညီအောင် နုတဲ့အသားသုံးတာဖြစ်ပါတယ်။ အနေတော်အလုံးလေး တွေလုံးပြီးရင် ဆီအိုးပူအောင်တည်၊ မီးအနည်းငယ်လျှော့ပြီး ထည့်ကြော်လိုက်ရုံပါပဲ။ ထုထောင်း တောက်တောက်စဉ်းတာသာ အချိန်ကြာပြီး ကြော်ချိန်ကတော့ ခဏပါပဲ။ ပူပူနွေးနွေးစားမှ အရသာပိုရှိပါတယ်။

ငါးမုန်လာဥချဉ်ရည်




လိုအပ်သောပစ္စည်းများ

ငါးခေါင်းကြီးကြီး တစ်ခု (ငါးပတ်ခေါင်း၊ ငါးမြင်းခေါင်း၊ ငါးရံ့ခေါင်း သုံးသင့်ပါသည်။)၊ ဆီ သုံးကျပ်သား ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ငရုတ်ပွခြောက် သုံးတောင့်၊ စပါးလင် တစ်ပင်၊ မန်းကျည်းသီး စားပွဲတင်ဇွန်း တစ်ဇွန်း၊ မုန်လာဥ ဥကြီးကြီး အရွက်ပါ သုံးဥ၊ ရှမ်းနံနံ ၈-၁၀ရွက်ခန့်၊ ငါးပိစိမ်းစား လက်တစ်ဆစ်ခန့်၊ ပုစွန်ငံပြာရည် အနည်းငယ်၊ ဆား၊ နနွင်း၊ ဟင်းချိုမှုန့်၊ အရောင်တင်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် ၂၅-၃၀မိနစ်ခန့်

- မုန်လာဥကို အပေါ်ခွံခြစ်ပြီး စောင်းစောင်းလှီးပါ။ အစောင်းလှီးတာဟာ အဝိုင်းတည့်တည့်လှီးတာထက် ပိုအကျက်မြန်ပြီး နူးညံ့စေပါတယ်။

- ကြက်သွန် အဖြူ၊အနီ ငရုတ်ပွခြောက်တို့ကိုဆီသတ်ရန်အတွက် ညက်ညက်ထောင်းပါ။ ခဏနေလျှင် စပါးလင်ပါ ဆီသတ်တဲ့အထဲ ထည့်ပါ။ ဆီကောင်းကောင်းသေ၍ အနံ့မွှေးလျှင် ငါးခေါင်းထည့်ပါ။

- ငါးပိစိမ်းစားကို ရေဖျော်ထည့်ပါ။ မန်ကျည်းသီးရေဖျော်၍ အချဉ်ကိုအလိုရှိသလောက်မှန်းထည့်ပါ။ ငါးခေါင်းကို ထက်အောင်လှန်ပေးပြီး ကြာကြာထား ဖြည်းဖြည်းမွှေပါ။ ငါးခေါင်းစိမ်းစော်ပျောက်၍ ရနံ့မွှေးလာလျှင် မုန်လာဥ မုန်လာရွက်များထည့်၍လုံးပါ။

- မုန်လာဥချဉ်ရည် ချက်လျှင် အရွက်များပါထည့်ချက်ရန် အဟာရပညာရှင်များ အကြံပြုတာ ကြားဖူးပါတယ်။ တချို့ကတော့ အရွက် ထည့်လေ့မရှိကြပါ။ မုန်လာဥနူးလာတဲ့အထိ ရေကိုဇွန်းနဲ့ခပ်ကာ နည်းနည်းချင်းသာထည့်ရမှာပါ။ တစ်ခါတည်းရေရောလိုက်လျှင် မုန်လာဥစိမ်းစော်မပျောက်ပါဘူး။

- နူးပြီဆိုလျှင် ရေကိုကြိုက်သလောက် မှန်းထည့်ပါ။ ငံပြာရည်၊ဟင်းချိုမှုန့်ထည့်ပြီး အပေါ့အငန်မြည်းပါ။ ဟင်းရည်ပွက်ပွက်ဆူရင် ရှမ်းနံနံများအုပ်ပြီး ချဉ်ရည်အိုးချနိုင်ပါပြီ။

ပဲပင်ပေါက်သုပ်




လိုအပ်သောပစ္စည်းများ

ပဲပင်ပေါက် ၁၀သားခန့်၊ ဆီ(ကြက်သွန်နီတစ်ဥ ဆီချက်ချက်နိုင်ရုံ)၊ ကြက်သွန်နီ နှစ်ဥ၊ ငရုတ်သီးစိမ်း ၄-၅တောင့်၊ သံပရာသီး တစ်ခြမ်း၊ ပုစွန်ငံပြာရည် အနည်းငယ်၊ ဟင်းချိုမှုန့် အနည်းငယ်

ချက်ရန်ကြာမြင့်ချိန် ၁၀ မိနစ်

- ရေနွေးတစ်အိုးတည်ပြီး သန့်စင်ထားတဲ့ ပဲပင်ပေါက်များကို ခဏလေးဖြောပေးပါ။ ပျော့ပြီး နွမ်းမသွားပါစေနဲ့။ ကြက်သွန်နီတစ်ဥကို ပါးပါးလှီး ဆီချက်ချက်ပြီး ကျန်တစ်ဥကို ပါးပါးလှီး ဒီအတိုင်းထည့်ပါမယ်။ ငရုတ်သီးစိမ်း ပါးပါးလှီးပြီး အားလုံးရောပေါင်းထည့်ကာ ခပ်ဖွဖွနယ်သုပ်လိုက်ရုံပါပဲ။

- ပုစွန်ခြောက်မှုန့်ထည့်ရင် အရသာပိုရှိပြီး ငံပြာရည်အစား ဆားနဲ့သုပ်ရင်တော့ သတ်သတ်လွတ်ဟင်းပွဲ ရိုးရိုးလေးအဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။

ချက်ပြုတ်ပြသူ - လမင်းမိုမို (စာရေးဆရာမ)


(Zawgyi) 

ငါးဖယ္၀က္သားလံုးေၾကာ္၊ ပဲပင္ေပါက္သုပ္၊ ငါးေခါင္းနဲ႕မုန္လာဥခ်ဥ္ရည္

သည္တစ္ခါ ေဖာ္ျပေပးမယ့္ ဟင္းလ်ာအတြဲအစပ္ကေတာ့ ငါးဖယ္ျခစ္နဲ႕၀က္သား ေတာက္ေတာက္စဥ္းကို အလံုးေလးေတြလုပ္ေၾကာ္၊ အအီေျပ ပဲပင္ေပါက္သုပ္၊ အရည္ေသာက္အျဖစ္ ငါးေခါင္းကိုမုန္လာဥနဲ႕ ခ်ဥ္ရည္ ခ်က္ထားတာေတြပါပဲ။

ငါးဖယ္ ၀က္သားလံုးေၾကာ္




လိုအပ္ေသာ ပစၥည္းမ်ား

ငါးဖယ္ျခစ္ ၂၀သား၊ ၀က္မိုးခိုသား ၂၅က်ပ္သား၊ ဆီ ၁၅က်ပ္သား၊ ၾကက္သြန္ျဖဴ ငါးျမႊာ၊ ခ်င္း လက္ႏွစ္ဆစ္ခန္႕၊ ၾကက္သားမႈန္႕ စားပြဲတင္ဇြန္း တစ္ဇြန္း၊ ေျပာင္းေကာ္မႈန္႕ စားပြဲတင္ဇြန္း ႏွစ္ဇြန္း၊ ငရုတ္ေကာင္းမႈန္႕၊ ဆား၊ နႏြင္းမႈန္႕ အနည္းငယ္စီ

ခ်က္ရန္ၾကာျမင့္ခ်ိန္ မိနစ္ ၂၀ခန္႕

- ငါးဖယ္ကို ခ်င္းၾကက္သြန္ျဖဴတို႕နဲ႕ ဆားအနည္းငယ္ထည့္ျပီး ေထာင္းထားပါ။ ၀က္သားကို ေတာက္ေတာက္စဥ္းပါ။ ႏွစ္မ်ိဳးေရာကာ ၾကက္သားမႈန္႕၊ဆား၊ငရုတ္ေကာင္းမႈန္႕၊နႏြင္းမႈန္႕၊ေျပာင္းဖူးေကာ္မႈန္႕တို႕နဲ႕ေရာျပီး ႏွံ႕ေေအာင္နယ္ပါ။

- ၀က္သားကို မိုးခိုသားသံုးတာက ငါးဖယ္နဲ႕အတူ က်က္ခ်ိန္ညီေအာင္ ႏုတဲ့အသားသံုးတာျဖစ္ပါတယ္။ အေနေတာ္အလံုးေလး ေတြလံုးျပီးရင္ ဆီအိုးပူေအာင္တည္၊ မီးအနည္းငယ္ေလွ်ာ့ျပီး ထည့္ေၾကာ္လိုက္ရံုပါပဲ။ ထုေထာင္း ေတာက္ေတာက္စဥ္းတာသာ အခ်ိန္ၾကာျပီး ေၾကာ္ခ်ိန္ကေတာ့ ခဏပါပဲ။ ပူပူေႏြးေႏြးစားမွ အရသာပိုရွိပါတယ္။

ငါးမုန္လာဥခ်ဥ္ရည္




လိုအပ္ေသာပစၥည္းမ်ား

ငါးေခါင္းၾကီးၾကီး တစ္ခု (ငါးပတ္ေခါင္း၊ ငါးျမင္းေခါင္း၊ ငါးရံ႕ေခါင္း သံုးသင့္ပါသည္။)၊ ဆီ သံုးက်ပ္သား ၾကက္သြန္နီ ႏွစ္ဥ၊ ၾကက္သြန္ျဖဴ သံုးျမႊာ၊ ငရုတ္ပြေျခာက္ သံုးေတာင့္၊ စပါးလင္ တစ္ပင္၊ မန္းက်ည္းသီး စားပြဲတင္ဇြန္း တစ္ဇြန္း၊ မုန္လာဥ ဥၾကီးၾကီး အရြက္ပါ သံုးဥ၊ ရွမ္းနံနံ ၈-၁၀ရြက္ခန္႕၊ ငါးပိစိမ္းစား လက္တစ္ဆစ္ခန္႕၊ ပုစြန္ငံျပာရည္ အနည္းငယ္၊ ဆား၊ နႏြင္း၊ ဟင္းခ်ိဳမႈန္႕၊ အေရာင္တင္မႈန္႕ အနည္းငယ္စီ။

ခ်က္ရန္ၾကာျမင့္ခ်ိန္ ၂၅-၃၀မိနစ္ခန္႕

- မုန္လာဥကို အေပၚခြံျခစ္ျပီး ေစာင္းေစာင္းလွီးပါ။ အေစာင္းလွီးတာဟာ အ၀ိုင္းတည့္တည့္လွီးတာထက္ ပိုအက်က္ျမန္ျပီး ႏူးညံ့ေစပါတယ္။

- ၾကက္သြန္ အျဖဴ၊အနီ ငရုတ္ပြေျခာက္တို႕ကိုဆီသတ္ရန္အတြက္ ညက္ညက္ေထာင္းပါ။ ခဏေနလွ်င္ စပါးလင္ပါ ဆီသတ္တဲ့အထဲ ထည့္ပါ။ ဆီေကာင္းေကာင္းေသ၍ အနံ႕ေမႊးလွ်င္ ငါးေခါင္းထည့္ပါ။

- ငါးပိစိမ္းစားကို ေရေဖ်ာ္ထည့္ပါ။ မန္က်ည္းသီးေရေဖ်ာ္၍ အခ်ဥ္ကိုအလိုရွိသေလာက္မွန္းထည့္ပါ။ ငါးေခါင္းကို ထက္ေအာင္လွန္ေပးျပီး ၾကာၾကာထား ျဖည္းျဖည္းေမႊပါ။ ငါးေခါင္းစိမ္းေစာ္ေပ်ာက္၍ ရနံ႕ေမႊးလာလွ်င္ မုန္လာဥ မုန္လာရြက္မ်ားထည့္၍လံုးပါ။

- မုန္လာဥခ်ဥ္ရည္ ခ်က္လွ်င္ အရြက္မ်ားပါထည့္ခ်က္ရန္ အဟာရပညာရွင္မ်ား အၾကံျပဳတာ ၾကားဖူးပါတယ္။ တခ်ိဳ႕ကေတာ့ အရြက္ ထည့္ေလ့မရွိၾကပါ။ မုန္လာဥႏူးလာတဲ့အထိ ေရကိုဇြန္းနဲ႕ခပ္ကာ နည္းနည္းခ်င္းသာထည့္ရမွာပါ။ တစ္ခါတည္းေရေရာလိုက္လွ်င္ မုန္လာဥစိမ္းေစာ္မေပ်ာက္ပါဘူး။

- ႏူးျပီဆိုလွ်င္ ေရကိုၾကိဳက္သေလာက္ မွန္းထည့္ပါ။ ငံျပာရည္၊ဟင္းခ်ိဳမႈန္႕ထည့္ျပီး အေပါ့အငန္ျမည္းပါ။ ဟင္းရည္ပြက္ပြက္ဆူရင္ ရွမ္းနံနံမ်ားအုပ္ျပီး ခ်ဥ္ရည္အိုးခ်ႏိုင္ပါျပီ။

ပဲပင္ေပါက္သုပ္




လိုအပ္ေသာပစၥည္းမ်ား

ပဲပင္ေပါက္ ၁၀သားခန္႕၊ ဆီ(ၾကက္သြန္နီတစ္ဥ ဆီခ်က္ခ်က္ႏိုင္ရံု)၊ ၾကက္သြန္နီ ႏွစ္ဥ၊ ငရုတ္သီးစိမ္း ၄-၅ေတာင့္၊ သံပရာသီး တစ္ျခမ္း၊ ပုစြန္ငံျပာရည္ အနည္းငယ္၊ ဟင္းခ်ိဳမႈန္႕ အနည္းငယ္

ခ်က္ရန္ၾကာျမင့္ခ်ိန္ ၁၀ မိနစ္

- ေရေႏြးတစ္အိုးတည္ျပီး သန္႕စင္ထားတဲ့ ပဲပင္ေပါက္မ်ားကို ခဏေလးေျဖာေပးပါ။ ေပ်ာ့ျပီး ႏြမ္းမသြားပါေစနဲ႕။ ၾကက္သြန္နီတစ္ဥကို ပါးပါးလွီး ဆီခ်က္ခ်က္ျပီး က်န္တစ္ဥကို ပါးပါးလွီး ဒီအတိုင္းထည့္ပါမယ္။ ငရုတ္သီးစိမ္း ပါးပါးလွီးျပီး အားလံုးေရာေပါင္းထည့္ကာ ခပ္ဖြဖြနယ္သုပ္လိုက္ရံုပါပဲ။

- ပုစြန္ေျခာက္မႈန္႕ထည့္ရင္ အရသာပိုရွိျပီး ငံျပာရည္အစား ဆားနဲ႕သုပ္ရင္ေတာ့ သတ္သတ္လြတ္ဟင္းပြဲ ရိုးရိုးေလးအျဖစ္လည္း သံုးေဆာင္ႏိုင္ပါတယ္။

ခ်က္ျပဳတ္ျပသူ - လမင္းမိုမို (စာေရးဆရာမ)

No comments: