Thursday, December 31, 2020

“ လူတစ်ယောက်မှာ မှတ်ပုံတင် ကဒ်မရှိရင် နိုင်ငံအတွက် ဘာတွေ ဆုံးရှူံးမလဲ ..”

 “ လူတစ်ယောက်မှာ မှတ်ပုံတင် ကဒ်မရှိရင် နိုင်ငံအတွက် ဘာတွေ ဆုံးရှူံးမလဲ ..” 



 တစ်သံတစ်မိန့် ဥပေဒနဲ့ ဖွာလန်ကြဲခဲ့ တဲ့အုပ်ချုပ်ရေး စနစ်တွေကြောင့် “ မှတ်ပုံတင် “ ဆိုတာ သူတို့ပါးစပ်ဖျားက ကာလ ပေါက်ဈေး နဲ့ ဝယ်ကိုင်ရတဲ့ တန်ခိုးကြီး ၊ အဖိုးအခကြီး တဲ့ လူ့ ပါဝါကဒ်ပြား တခုဖြစ်ခဲ့ ဖူးတယ်။ ကဒ်ကြည့်တော့လဲ ထူးခြားတာ ဘာမှ မပါဘူး၊ အမေနာမည် အဖေ နာမည် .. နာမည် ဘယ်သူ ၊ ခွဲခြားရလွယ်အောင် ဘယ်နေရာဘာရှိ .. ထည့်ရေးထားတဲ့ စက္ကူကဒ်ပြားတခုပဲ.. ။ 


ဒီကဒ်ပြားကို လူတွေ အသုံးချပုံက လည်း တည်းခိုခန်းမှာ တည်းရင် /ခရီးသွား ရင် ဧည့်စာရင်း တိုင်စရာ ၊ အမည်စာရင်းသွင်းစရာ လောက်ထိပဲ အသုံးဝင်ကြောင်း  သိကြတယ်။ပိုက်ဆံပေးပြီး လုပ်ထားရတဲ့ တန်ဖိုးကြီး ကဒ်ဆိုတာ့ လဲ တခါတလေ အပေါင်ဆိုင်မှာတောင် ရွှေထည်လို့ အာမခံ ထား ပေးရတဲ့ အထိ အသုံးဝင်ကြောင်း ထိတော့ သိကြသေးပုံရပါ တယ်။ အမှန်တော့ ပိုင်ရှင်ဖြစ်သူ ရဲ့ လက်ထဲမှာ ဒီ ID ကဒ် မရှိနေရင် ဘာမှ အသုံးမဝင်တဲ့ ပလပ်စတစ်လောင်း စက္ကူကပ်ပြား တခုပဲ။ 


ရှင်းရှင်းလေးပြောရရင် National ID ( မှတ်ပုံတင်ကဒ်) လို့ ခေါ်တဲ့ ဒီကဒ်က မြန်မာပြည်မှာ လူဖြစ်ကြောင်း ကို နိုင်ငံအစိုးရ (အုပ်ချုပ်သူ) က “ မင်းက ငါ့တို့ရဲ့ ပြည်သူ ဖြစ်တယ်” သတ်သတ် မှတ်မှတ် နဲ့ အသိအမှတ်ပြု ပေးပြီး .. လူဦးရေ အမှတ်စဉ်ရေတွက်ပြီး လူ(၁)ဦး ကို လူအမှတ်စဉ် နံပါတ်(၁)ခုစီ သတ်မှတ်ပေးထားတဲ့ ကဒ် တစ်ခုပဲ။ 


ဒီနိုင်ငံမှာ မွေးတယ်၊ ဘိုးဘွားတွေတောင် သေလို့ လူဝင်စား နေလောက်ပြီ .. ဒီနိုင်ငံ မှာ မွေးဖွားကြီးပြင်းတဲ့ ဒီလူမျိုး ဖြစ်ကြောင်း သေချာသလောက် ရှိနေတဲ့ ကိစ္စမှာ .. 


နိုင်ငံ လူဦးရေ စာရင်းမှာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း  ပါဝင်ဖို့ အတွက်.. 


ဒီ လို ကဒ်ပြား တခုကို ပိုက်ဆံ ပေး ကိုင်ရတဲ့ ဒီနိုင်ငံမှာ ဘယ်လောက်ထိ လူဖြစ်ရှူံးလဲ တွေးမိကြရဲ့လား.... ? 


အတတ်ပညာ အသိပညာမရှိ ညဏ်သိမ်တဲ့ အုပ်ချုပ်ရေးစနစ်ကြောင့် .. ( လဝက ) ဟာ  တစ်ချိန်က မှတ်ပုံတင် အရောင်းဌာန ဖြစ်ခဲ့ဖူးတယ်။ ပုံမှန်  အစိုးရကပေးတဲ့ လစာ ထက် တွက်ခြေပိုကိုက်တာက မှတ်ပုံတင်ဆိုတာ ဘာမှန်းမသိတဲ့  လူတွေကို ပါးစပ်ထဲရှိတဲ့ ပေါက်ဈေး နဲ့ .. မှတ်ပုံတင် လုပ်ပေးရတာပဲ။ 


အုပ်ချုပ်ခဲ့တဲ့ သူတွေဟာ ဒါတွေကို မသိခဲ့တာ မဟုတ်ဘူး သိလျှက်နဲ့ .. လစ်လျူရှူခဲ့တာ၊ ဒီလို လုပ်ပိုင်ခွင့်တွေ ကို သူတို့ကိုယ်တိုင်ကပါ ရရစားစား ပေးထားခဲ့တာ။ ပြည်သူအတွက် နိုင်ငံ့အတွက် .. အများကြီး နစ်နာရသလို ရင်နာဖို့ သိပ်ကောင်းပါတယ်။ မြန်မာပြည်မှာ မွေးဖွားကြီးပြင်း တဲ့ သူတိုင်း မှတ်ပုံတင် ရှိကိုရှိရပါမယ်။ မြန်မာပြည်သူ လူသားဖြစ်ကြောင်း သက်သေခံပေးတဲ့ ဒီကဒ်ပြား တခုကို ပိုက်ဆံပေးကိုင်စရာ ဘာအကြောင်းမှ လည်း မရှိပါဘူး။ အဲ့ အတွက် ယနေ့ အချိန်ထိ မှတ်ပုံတင်ကို ပိုက်ဆံပေးရတဲ့ ခေတ် မကုန်သေးရင် ဝန်ထမ်းရဲ့ အမည်၊ ရုံးဌာန နဲ့ ဦးစီး စသဖြင့် အချက်အလက် အတိအကျနဲ့ သက်ဆိုင်ရာကို Report တင် ၊ တိုင်ကြားဖို့ လုံးဝ  မကြောက်ပါနဲ့။ တကျပ်မှ ပေးစရာလဲ မလိုသလို ပျောက်ပျောက် ၊ အသစ်ပဲ လုပ်လုပ် တကျပ်မှ လှူစရာ၊ ရန်ပုံငွေ ဆောင်စရာ မလိုပါဘူး။ 


လဝက ဟာ မြန်မာပြည် မှာ မွေးဖွားတဲ့ ကလေး လူဦးရေ အရေအတွက် ကနေ သေဆုံးသွားတဲ့ လူဦးရေတွေ အထိ မှတ်တမ်းတင်ပေးရမှာ ဖြစ်ပါတယ်။ (၁၀) နှစ်ကျော်မှာ (၁)ကြိမ်


(၁၈)နှစ်မှာ (၁)ကြိမ်)


အသက်(၃၀)မှာ (၁)ကြိမ် 


မှတ်ပုံတင်ကို (၃)ကြိမ် လဲလှယ်ရတာဟာ လူတစ်ဦးရဲ့ မွေးဖွားကြီးပြင်းမှု နဲ့ အတူ .. အသက်အရွယ်၊ ရုပ်ရည်၊ ပုံပန်းသဏ္ဌန် ၊ အလုပ်အကိုင် နဲ့  Generation ဆိုင်ရာ အချက်အလက် ကို တိတိကျကျ မှတ်တမ်း တင်ထားနိုင်ဖို့ပါပဲ။ 


လဝက ဟာ တိုင်းပြည် ဖွံဖြိုးတိုးတက်ဖို့အတွက် အရမ်းကို ကြီးလေးတဲ့ အလုပ် တာဝန် ဖြစ်သလို နိုင်ငံမှာ အသက်ရှင်သန်နေထိုင်တဲ့ အလျောက် တိကျတဲ့ လူဦးရေ အရေအတွက်ကို တိကျမှန်ကန်စွာနဲ့ စာရင်းပြုစုပေးရမှာ ဖြစ်တယ်။ 


ဒါမှလဲ -


-(၄)နှစ် တစ်ကြိမ် တင်မြောက်တဲ့ အစိုးရ အဖွဲ့အစည်း နဲ့ နိုင်ငံခေါင်းဆောင် သမ္မတ အတွက် .. အမှန်တကယ်ရှိနေတဲ့ “လူဦးအရေအတွက် အစစ်အမှန်” အတိုင်း ကိုယ်ပိုင် ဆုံးဖြတ်ချက် အစစ်အမှန်နဲ့ မြန်မာနိုင်ငံသားတိုင်း  မဲ ပေးနိုင်မယ်။ 


-ပြည်သူကို အမှန်တကယ် ကြည်ရှူ့ ထည့်သွင်းစဉ်းစားပေးနိုင်သော အစိုးရ နဲ့ နိုင်ငံခေါင်းဆောင်ကို ရွေးချယ်နိုင် မှသာလျှင် တိုင်းပြည်ရဲ့ ပညာရေး၊ နိုင်ငံရေး ၊ လမ်းပန်းဆက်သွယ်ရေး နဲ့ စီးပွါးရေး တွေထိ 


ပြုပြင်ပြောင်းလဲ နိုင်မယ်။ ယိုယွင်းသွားတဲ့ ပြည်သူလူသူတွေရဲ့ ပညာရေး စနစ်ကနေ အတွေးအခေါ် စနစ်တွေထိ ပိုကောင်းတဲ့ အနာဂတ်တွေကို ဆောင်ရွက်နိုင်မယ်။ 


-နိုင်ငံ့လူဦးရေဟာ နိုင်ငံ တခုအတွက် ဗဟိုသော့ချက်တစ်ခုပဲ။ စစ်ဗျူဟာ အရ  တိုင်းတပါးနိုင်ငံဟာ နယ်ချဲ့ကျူးကျော်ဖို့၊ စစ်မက်ခင်းဖို့ရာ နိုင်ငံရဲ့လူ ဦးရေကို အမြဲထည့်သွင်း စဉ်းစားပြီး တိုက်ခိုက်ရတယ် ဆိုတာပါပဲ။ယနေ့ (၂၀၂၀)ခုနှစ်အထိ  မြန်မာစစ်တပ် လူအင်အား ဟာ  ကမ္ဘာ့ အကြီးဆုံး စစ်တပ် နံပတ်(၁၁) မှာ ပါဝင်ပါတယ်။ နံပတ်(၁)အကြီးဆုံးကတော့ တရုတ်ပါ ။ 


-မြန်မာပြည်ကို ကမ္ဘာက လူသိနည်းစေတဲ့ တစ်ချက်က လူဦးရေ နည်းနည်းလေးပဲ ရှိတဲ့ နိုင်ငံသေးသေးလေးလို့ ထင်နေကြတာပါပဲ။ ထိုင်း၊ မလေး၊ ဖိလစ်ပိုင် ၊ ဗီယက်နမ်၊ လာအို၊ ဆီရီလင်ခါ (သီရီလင်္ကာ ) ၊ ကမ္ဘောဒီးယား ၊ ဘင်္လားဒေါ့ တို့လို နိုင်ငံ တွေထက် မြန်မာပြည်ဟာ နိုင်ငံ ဧရိယာ နယ်နိမိတ် လည်း ပိုကြီးသလို သယံဇာတ ကြွယ်ဝတဲ့နိုင်ငံလည်းဖြစ်တယ်။ 


-ဥပမာအနေနဲ့.. ထိုင်း နယ်နိမိတ် ဧရိယာ ( 513,120 km² = မိုင်ပေါင်း 198116.74) မှာ လူဦးရေ( ၆၉) မီလီ ယံရှိပြီး 


မြန်မာ နယ်နိမိတ်ဧရိယာ (676,575 km²=မိုင်ပေါင်း 261227.068) မှာ လူဦးရေ (၅၃) မီလီယံ ပဲ ရှိတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား?? စေ့စေ့တွေးပါ။ နိုင်ငံသား အဖြစ် စာရင်းမသွင်းခံထားရပဲနဲ့ .. မှတ်ပုံတင်မရှိတဲ့ မြန်မာ ပြည်သူ နိုင်ငံသား တွေ ဘယ်လောက်များနေပြီလဲ.. ? 


-နိုင်ငံသား တကယ် မဟုတ်တဲ့ တိုင်းတပါးသားတွေ ကိုကော ငွေပေး - နိုင်ငံသားမှတ်ပုံတင်ကဒ် တန်းရတော့ ..  မြန်မာအလုပ်ရှင်အတွက် အလုပ် လုပ်ပေးစရာ မလို ၊ ပါမစ်နဲ့ နေထိုင်စရာ  အခွန်အခ မလိုပဲနဲ့ ဒီ နိုင်ငံသား ကဒ်ကိုင်ဆောင်ပြီး  ဒီ နိုင်ငံသားအဖြစ် စီးပွါးရေးအကြီးအကျယ် လုပ်ကိုင်ခွင့် ရလို့ ဘယ်လောက်ထိများ ကောင်းစားသွားကြပြီလဲ..? 


-မှတ်ပုံတင် ပြုလုပ်ရာ တခုမှာ တင် .. သွေးနှော နဲ့ တိုင်းရင်းသား ခွဲခြားဆက်ခံရမှု တွေ အများအပြားရှိခဲ့ပြီး မြန်မာပြည်သူ အစစ်အမှန်ဟာ ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် လွတ်လပ်တဲ့ ဘာသာရေး ကိုးကွယ်ခွင့် ဆုံးရှူံးကြရတယ်။ ဘာသာမတူညီရင် /ဗုဒ္ဓဘာသာ မဟုတ်ရင် လူအချင်းချင်း လူဆိုးလူညစ်တွေအဖြစ် ဝါဒါဖြန့်ခဲ့ကြတဲ့ အတွက် 


မွတ်ဆလင်-ဗုဒ္ဓဘာသာ တို့လို ရုဏ်းစစ်ပွဲကြီးဟာ အရမ်းကို ကြီးမားခဲ့ရတယ်။


- ဘိုးဘေးလက်ထက်ကတည်းက တိုင်းတပါးသားနဲ့ လက်ထပ်ခဲ့ ပြီး သွေးနှောတဲ့ တိုင်းရင်းသားမျိုးဆက်သစ်တွေ၊ မြန်မာကပြားစပ်တွေဟာလည်း အမျိုးဖျက်တွေ မဟုတ်သလို မျိုးရိုးဇစ်မြစ်ပျက်စီးသွားတာလည်း မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် ကိုယ့်နိုင်ငံကို လာရောက်အခြေချနေထိုင်ကတည်းက ရင်းနှီးချစ်ကြည်မှုနဲ့ အတူ သွေးနှော မျိုးဆက်တွေ ရှိလာမှာ အမှန်ပါပဲ။ တခြားနိုင်ငံကနေ ခိုလှုံပြီး အရိပ်ချိုး ၊ အခက်ချိုးတတ်တဲ့ မကောင်းတဲ့သူတွေ ရှိကောင်းရှိမယ် ၊ ဒါမဲ့ အကောင်းဘက်က လည်း မြင်ကြည့်ပါ။ တိုင်းတပါးသားတွေရဲ့ အမျိုးမျိုးသော နိုင်ငံ ရေး အရ / စီးပွါးရေး အရ ခိုလှုံခွင့် နေထိုင်လာခွင့်ဟာ အရမ်းကို အရေးပါသလို တစ်ချိန် မှာ အင်အားကြီးနိုင်ငံဖြစ်လာဖို့ အတွက်လည်း အရမ်းကို အရေးကြီးတဲ့ သော့ချက်ပါပဲ။ ငါ့နိုင်ငံ ၊ ငါ့လူမျိုး ဘယ်သူနဲ့မှ မပတ်သက်ဘူး လို့ ဝါးလုံးခေါင်းထဲ လသာပြီး တစ်ရွာထဲ တစ်ကျည်တစ်အိမ်ထဲ ဆောက်လို့ မရဘူး။ 


-မြန်မာနိုင်ငံဟာ ... နိုင်ငံသားစုံ၊ လူမျိုးစုံ လာရောက်နေထိုင်ချင်စရာ နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့အလယ်မှာ ရပ်တည်နိုင်အောင် မြန်မာပြည်အစိုးရဟာ စီးပွါးရေးအရ ၊ ပညာရေးအရ ၊ နိုင်ငံဝင်ငွေ အရ ၊ အလုပ်အကိုင် အခွင့်အလမ်းအရ .. ကိုယ့်ပြည်သူ့ နိုင်ငံသားတွေ အတွက်  အကျိုးရှိမဲ့ ရလဒ်ကို ကြည့်ပြီး လမ်းဖွင့်ပေးရမယ်။ ဒါပေမဲ့ တကိုယ်ရေ ကိုယ်ကျိုးအတွက် တိုင်းတပါးကို ဖိတ်ခေါ်ပြီး ရောင်းစားတာမျိုးမဟုတ်ဘူး။


-နိုင်ငံခြားသားဟာ ဘယ်တော့မှ နိုင်ငံသား မဖြစ်လာပါဘူး။ အမေရိကန်မှာ  ဘယ်လူမျိုးမဆို (၁၀) /(၁၅)နှစ်အထက် နေထိုင်ရင် နိုင်ငံသားဖြစ်တယ်လို့ ကြားဖူးနားဝ ရှိပေမဲ့..အဲ့လို နိုင်ငံသား ဖြစ်ဖို့ သူတို့နိုင်ငံရဲ့ စီးပွါးရေး Company မှာ ကိုယ့် လုပ်အားကို ရင်းနှီးပြီး အလုပ်လုပ်ပေးရတာ၊ ဝင်ငွေ/ စားသောက်ကုန် စသဖြင့် တဖက်တလမ်းကနေ အခွန်ဆောင်ပေးရတာ၊ နေထိုင်ခွင့် ဗီဇာ နဲ့  အလည်အပတ် အသုံးစရိတ်တွေ ထိ သူတို့ရဲ့ နိုင်ငံတိုးတက်ဖို့ ပြန်စီးဆင်းသွားတဲ့ အရင်းအမြစ်တွေအတွက် ထိုက်တန်တဲ့ တန်ရာတန်ကြေးပါပဲ။ တစ်နိုင်ငံ တစ်နိုင်ငံမှာ နိုင်ငံသား အဖြစ် အသိအမှတ်ပြု ခံရခြင်းဟာ - 


ကိုယ်ကိုတိုင် နဲ့ ကိုယ့် မျိုးဆက်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး ၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုရေးတွေမှာ လွတ်လပ်စွာ လုပ်ဆောင်ခွင့်နဲ့ အခွင့်အရေး အပြည့်အဝရရှိခြင်းပါပဲ။ 


ဒီနိုင်ငံသားမို့ ကျောင်းလခကို သက်သက်သာသာနဲ့ ပညာသင်ခွင့်ရမယ်၊ ကျန်းမာရေး အတွက် ပြည်သူ့ဆေးရုံမှာ သက်သက်သာသာနဲ့ ဆေးကုသခွင့်ရမယ်။ လွတ်လပ်တဲ့ ဘာသာကို ကိုးကွယ်ခွင့်ရမယ်၊ နိုင်ငံသားတစ်ယောက်အနေနဲ့ လိုင်စင်ကိုင် တင့်သင့်မျှတတဲ့ အခွန်ဆောင်ပြီး ကိုယ်ပိုင် စီးပွါးရေးကိုလွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိမယ်။ ပြည်တွင်းပြည်ပ ခရီးသွားခွင့်ရှိမယ်။ ကိုယ်တတ်မြောက် တဲ့ ပညာနဲ့ ကိုယ့်နိုင်ငံ့ အခြေစိုက်Company သို့မဟုတ် အစိုးရဌာန တခုမှာ လုံလောက်ပိုလျှံတဲ့ လစာအလုပ်လုပ်ခွင့်ရမယ်၊ နိုင်ငံတာဝန်လဲ ကျေသလို မိသားစုအတွက် / ကိုယ်တိုင်အတွက်လည်း တာဝန်ကျေတယ်။ တိုင်းတပါးကို သွားရောက်လည်ပတ်သည်ဖြစ်စေ၊ အလုပ်လုပ်ကိုင်သည်ဖြစ်စေ .. ဒီနိုင်ငံသားဖြစ်နေလို့ မျက်နာမငယ်ရသလို ထိပါးမစော်ကားရဲလောက်အောင် လူဖြစ်ရကျိုး နပ်တာဟာ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတစ်ဦး အဖြစ် အသိအမှတ်ပြုခံရခြင်းရဲ့ ဂုဏ်ကျက်သရေပဲ။ 


ကိုယ့် မြန်မာလူမျိုးဟာ တခြား တိုင်းတပါးမှာ နိုင်ငံသား ခံယူသွားရင် ဘာဖြစ်မလဲ? သူ သုံးစွဲမဲ့ အခွန်အခ နဲ့ လုပ်အားအရင်းအမြစ် တွေ ကနေ သူ့ရဲ့ ညဏ်ပညာ ၊ အသိပညာ ပံ့ပိုးမှုတွေ ထိ ဆုံးရှူံး မယ်။ တစ်ဦး ကနေ ဆယ်ဦး ၊ ဆယ်ဦးကနေ သန်းချီတဲ့ မြန်မာတွေ  သူ့ရဲ့ မိသားစုဘဝ အဆင်ပြေဖို့ ရေကြည်ရာမြက်နုရာ သွားကြတာဟာ အပြစ်တင်စရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်နှမြောဖို့ ကောင်းပါတယ်။ သူများနိုင်ငံ တိုးတက်ဖို့ ၊ အင်အားကြီးသထက် ကြီးဖို့ ကိုယ့်လူမျိုးက လူ၊ ဦးနှောက်တွေ ရင်းပြီး အလုပ်လုပ် ပေး၊ အခွန်အဖိုးအခ ဆောင်ပြီး နေကြရတယ်။ သူများနိုင်ငံမှာ  အခြေချဖို့ တကျပ်မှ အလကားရတာ မရှိပါဘူး။ 


-တခြားနိုင်ငံသား ခံယူ ခိုလှုံသွား တဲ့ မြန်မာလူမျိုး ဟာ တစ်ချိန်မှာ ကိုယ့်မြန်မာပြည်ကို ပြန် စစ်တိုက်ပေးရမဲ့ စစ်သား တစ်ဦး တနေ့ ဖြစ်လာခဲ့ရင်လိုများ တွေးကြည့်ဖူးသလား ၊ မဖြစ်နိုင်ဘူး ထင်ပါသလား ... တွေးကြည့်ပါ။ 


-ဒါကြောင့် မြန်မာပြည်မှာ တခြားနိုင်ငံသားတွေရဲ့ ခိုလှုံခွင့်ဟာ သိပ်ကို အရေးကြီးတယ် လို့ ဆိုလိုချင်တာပါ။ ထို့အတူ နိုင်ငံခြား သား ၊ သွေးနှော မြန်မာ ၊ ဘာသာကွဲ မြန်မာလူမျိုးစပ်တွေရဲ့ Background ၊ အသက်အိုးအိမ် နဲ့ လုံခြုံမှု ဟာ တခြားသော မဟာမိတ် နိုင်ငံ နဲ့ တိုင်းတပါး နိုင်ငံကြီး တွေရဲ့ အဖက်ဖက်က ကမ်းလှမ်းမှု တွေကို Effect ဖြစ်စေပါတယ်။ ဒီတော့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုဟာ နိုင်ငံ တစ်နိုင်ငံ တိုးတက်ဖို့ နှောင့်နှေးစေတဲ့ ပြဿနာကြီး တစ်ခုပဲ။ 


-မတိကျတဲ့ လူဦးရေစာရင်း တမ်းနဲ့ သေလို့ သေမှန်းမသိ ၊ ရှင်လို့ ရှင်မှန်းမသိ ။ ကလေး အရေအတွက် ဘယ်လောက်မွေးဖွား နှုန်း ရှိမှန်း မသိ ၊ လွန်ခဲ့တဲ့ (၂၀၁၅)ခုနှစ် .. ပထမဦးဆုံး ရွေးကောက်ပွဲ ကတည်းက သန်းခေါင်စာရင်း အရ လူဦးရေ မီလီယံ (၅၀) ဟာ ခုထိလဲ မတိမ်းမယိမ်း ပဲ ဆိုတာ တော့ .. မှတ်ပုံတင်ကို ပိုက်ဆံပေးလုပ်ပြီး ဒါမှမဟုတ် တပတ်ဆယ်လီ အချိန်ဆွဲသမျှ သည်းညဉ်းခံပြီး ခခယယ မှတ်ပုံတင် ကိုင်ထား တဲ့ လူတွေကပဲ ကလေးမွေး ၊ သန်းခေါင်စာရင်း ထည့်ခံထားရတယ်ဆိုတာ သိပ်ကို သိသာလွန်းခဲ့တယ်။ မှတ်ပုံတင်ရှိမှလည်း မဲပေးခွင့်ရှိတယ်ဆိုတာလည်း ဧကန်မလွဲပဲမဟုတ်လား။  လမ်းပေါ်မှာ လိုက်တောင်းရမ်းနေတဲ့ ကလေးတွေဘယ်အရပ်က လာမှန်းမသိ၊ အဖေ ဘယ်သူမှန်းမသိပဲ လမ်းမှာတင် ကလေး တပြွတ်ပြွတ်မွေးနေတဲ့ အမျိုးသမီးငယ်တွေကျတော့ ဒီနိုင်ငံထဲက ဒီပြည်သူတွေ မဟုတ်လို့လား ။ ဒါပေမဲ့ နိုင်ငံရဲ့ လူဦးရေ ထဲမှာတောင် စာရင်းမရှိတဲ့ သူတို့ရဲ့ ဘဝတွေကို ဘယ်သူက လူရာသွင်း ကယ်တင်ပေးနိုင်မလဲ။ တောင်းရမ်းစားတာထက် သူတို့ ပိုလုပ်လုပ်နိုင်တယ် ဆိုတဲ့ သူတို့ရဲ့ အသိညဏ်ကို ဘယ်သူတွေ ပြုပြင်ပေးနိုင်မလဲ .. ဘယ်သူမှာ တာဝန်ရှိမလဲ.. ဘယ်သူမှ ခုထိ မသိကြဘူး မဟုတ်လား ? 


-ရာဇဝတ် မှုဖြစ်တဲ့အခါ ... ခိုးမှု ၊ လုယှက်မှု၊ လူသတ်မှုတွေကနေ မုဒိန်းမှု၊ သက်ငယ် မုဒိန်း တို့လို တရားခံရှာဖွေ နေဆဲ ကာလ နဲ့  တရားခံပေါ်ပေါက်ဖို့ ရှာဖွေဆဲအချိန်ကာလ မှာ ကျန်ရှိခဲ့တဲ့ သက်သေ ( လက်ဗွေရာ၊ သွေးစ၊ အသားစ၊ ကင်မရာမှတ်တမ်း) တို့လို အရာတွေနဲ့ ဖြစ်နိုင်ချေ တရားခံ ရဲ့ ကိုယ်ရေးအချက်အလက် ကိုထောက်လှန်းနိုင်ဖို့ရာ  “ လူတစ်ဦးချင်းစီတိုင်းရဲ့ Generation ,ID , ကိုယ်ရေးအချက်အလက် ၊ လက်ဗွေရာ” တွေထိ  လဝက မှတ်တမ်း က စာရင်းပြုစု ပေးထားနိုင်ဖို့ လိုတယ် ဆိုတာပါပဲ။ မှတ်တမ်းမဲ့ ယို့စိမ့်သွားတဲ့ လူဦးရေ အရေအတွက် ထဲကနေ ကော ဖမ်းမမိတဲ့ တရားခံတွေ ဘယ်လောက်များနေပြီလဲ..။ တရား ဖမ်းမိလို့ စစ်ဆေးမေးမြန်းတော့ကော လဝကထဲမှာ စာရင်းမရှိ၊ မှတ်ပုံတင်မရှိတဲ့သူကို သူပြောတဲ့ အတိုင်း ဦး ဘယ်သူ သား၊ မောင်ဘယ်သူ ၊ ဖြည့်လိုက်တော့ .. ကိစ္စပြီးသွားပြီ ထင်တာလဲ သိပ်ရှက်ဖို့ကောင်းသလို သိပ်ကို အန္တရာယ်များတဲ့ ကိစ္စပဲ။ လူတစ်ဦး တစ်ယောက်တိုင်း ရဲ့မှတ်တမ်း ရာဇဝင် ဆိုတာ သူမွေးဖွားကြီးပြင်း သေဆုံးတဲ့ အချိန် ကနေ သူ့ နောက်လာနောက်သား မျိုးဆက်တွေထိ ထိန်းသိမ်းထားရမဲ့ အရာ ဖြစ်တယ်။ နည်းပညာ တိုးတက်မှုဟာ သိပ်အရေးပါသလို .. လူတစ်ဦးရဲ့ ရာဇဝင် ဇစ်မြစ်ကို Finger Print , ID တစ်ချက် နိပ်ရုံနဲ့ ဘယ် ခရီးသွားခဲ့တယ်၊ ဘာအလုပ်လုပ်ခဲ့တယ် ကနေ .. ဘယ် ခုနှစ်ထိ ဘာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ ဘာပြစ်မှုကျူးလွန်ခဲ့ကြောင်း .. မှတ်တမ်း တင်ထားနိုင်ခဲ့မယ် ဆိုရင်.. မြန်မာ လူအဖွဲ့အစည်းရဲ့ ကောင်းကျိုး/ ဆိုးကျိုးကို ပြုခဲ့တဲ့ လူတွေရဲ့ ဇစ်မြစ်ကို ခွဲခြားသိမြင်နိုင်မယ်။ ရာဇဝတ်မှု နဲ့ လူ့သားအချင်းချင်း အကျိုးပြုမှု ကို ဆုပေး၊ဒဏ်ပေး စီရင် နိုင်မယ်။သို့ပေမဲ့လည်း စက္ကူ ကဒ်ပြား မှတ်ပုံတင် တောင်  လိပ်ပတ်မလည်၊ ပြဿနာပေါင်း စုံ ၊ complain မျိုးစုံ တက်နေရချိန်မှာ .. Smart card လို၊ ID search လုပ်ရုံနဲ့ Systematically စာရင်းပြုစုနိုင်ဖို့ ဆိုတာ နည်းပညာ ၊ အချိန် နဲ့ လူအင်အား လိုအပ်ချက်တွေ ရှိနေသေးတာ နားလည်မိပေမဲ့ .. မြန်မာတွေဟာ ထင်သလောက် မညံ့ကြပါဘူး။  


 ⁃ နိုင်ငံရဲ့ လူဦးရေ စာရင်း နဲ့  နိုင်ငံသား ဇစ်မြစ် အချက်အလက် တွေဟာ သိပ်ကို အရေးကြီးသလို နိုင်ငံတိုးတက်ဖို့ အတွက် အခရာပဲ ဆိုတာ ဒီလောက်ဆို နားလည် သဘောပေါက်ကြမယ် ထင်ပါတယ်။ ဒါကို အမြတ်ထုပ်ပြီး လဝက ကို ငါးစိမ်းတန်းလိုလို ရထားလက်မှတ် အရောင်းဌာနလိုလို .. မှတ်ပုံတင်ကဒ်တွေ ရောင်းစားနေမှ နိုင်ငံ လူဦးရေ နဲ့ လဝက မှတ်တမ်း ဆိုတာ မှန်မှန်ကန်ကန် ရှိပါ့ဦးမလား ? 


သွေးနှောလဲ.. မြန်မာပြည်မှာ မွေးရင် မြန်မာပြည်သူ ပါပဲ။ ဘိုးဘေး Generation အစကတည်းက လဝက ဇစ်မြစ်ကို မှတ်တမ်း သေချာ မလိုက်ခဲ့တော့ လည်း -ရှိတဲ့ စာရင်းနဲ့ ဦးရီကြောက် ( ရယ်ရင် ကြောက်ဖို့ ကောင်း လို့) ၊ မ ကြောင်ကြည့်ရီ( ကြောင်ကြည့်ပြီးရီတတ်သူ)  ပေးတဲ့ နာမည် လဲ နင့် အဖေ က တရုတ် ၊ နင့်ရုပ်က တရုတ်စပ် ၊ ကုလားစပ် ဆိုပြီး ပိုက်ဆံ မပေးမချင်း ရစ်နေမှ တော့.. အဘိုင် တို့ ၊ ဝတို့က ဟိုး ဘိုးဘေး ကိုလိုနီခေတ်ထဲက ရောက်နေကြတာ ၊ သွေးနှောဆိုတာကလည်း .. မြန်မာအစ ပုဂံခေတ်ထဲက ရောနေကြတာဆိုတော့ကား ..  သွေးမနှောခဲ့တဲ့ ဘုရားရှင်ခေတ်ကနေ သန်းခေါင်စာရင်း ပြန်ကောက်ဖို့သာ အကြံပေးချင် မိတယ်။ 


ဆိုတော့ကား နိဂုံးချုပ်အနေနဲ့ .. လဝကရုံးတောင် ဘယ်နားနေမှန်း မသိ၊ မှတ်ပုံတင် တောင် ဘာကြောင့် လိုအပ်မှန်း မသိ၊ အတန်းပညာမတတ်  ၊ အသိပညာမကြွယ်တဲ့ တချို့ သော ပြည်သူတွေအပေါ်  လဝက ရုံး က ဝန်ထမ်း တချို့ တွေ ကျေးဇူးပြု၍ ဘယ်တော့မှ အမြတ်မထုတ်ပါနဲ့။ မွေးစာရင်း ၊ သန်းခေါင်စာရင်း နဲ့ မှတ်ပုံတင် လာလုပ်တဲ့အခါ လုပ်ရမဲ့ အချိန်မဆွဲပဲ တာဝန် ကျေ ပေးကြပါ။ ကြိုဆိုပေးကြပါ။ နိုင်ငံ တိုးတက်ဖို့ မဲပေးနိုင်တဲ့ လူဦးရေ စာရင်း ၊ လုပ်အားအရင်းအမြစ် စာရင်း ၊ ပညာတတ် လူဦးရေ စာရင်း ၊ ပြစ်မှု တရားခံစာရင်းဟာ ရှင်တို့ရဲ့ လက်ထဲမှာ အချက်အလက်နဲ့ တကွ ခြယ်လှယ် စီမံနိုင်တယ် ဆိုတာ ..ဘယ်တော့မှ မမေ့ပါနဲ့...။ 


( ပိုက်ဆံ ပေး မှတ်ပုံတင် ရတဲ့ ခေတ်ဟာ ရှိနေဆဲ မို့ ဒီစာကို ရေးသားရခြင်းဖြစ်သလို ပြုပြင်ပြောင်းလဲ ခဲ့ကြတဲ့ လဝက ဝန်ထမ်းများကိုလည်း ကျေးဇူး အထူးတင်ပါတယ်၊ အသိအမှတ်လည်းပြုသလို လေးစားပါတယ်၊ ငါးခုံးမ ကြောင့် တလှေလုံးမပုတ်ပါဘူး .. ကောင်းသောသူဟာ ကောင်းကျိုးပေးမှာပါ) 

—————————————————————-

လူတစ္ေယာက္မွာ မွတ္ပုံတင္ ကဒ္မရွိရင္ ႏိုင္ငံအတြက္ ဘာေတြ ဆုံးရွဴံးမလဲ ..




 တစ္သံတစ္မိန္႔ ဥေပဒနဲ႔ ဖြာလန္ႀကဲခဲ့ တဲ့အုပ္ခ်ဳပ္ေရး စနစ္ေတြေၾကာင့္ “ မွတ္ပုံတင္ “ ဆိုတာ သူတို႔ပါးစပ္ဖ်ားက ကာလ ေပါက္ေစ်း နဲ႔ ဝယ္ကိုင္ရတဲ့ တန္ခိုးႀကီး ၊ အဖိုးအခႀကီး တဲ့ လူ႔ ပါဝါကဒ္ျပား တခုျဖစ္ခဲ့ ဖူးတယ္။ ကဒ္ၾကည့္ေတာ့လဲ ထူးျခားတာ ဘာမွ မပါဘူး၊ အေမနာမည္ အေဖ နာမည္ .. နာမည္ ဘယ္သူ ၊ ခြဲျခားရလြယ္ေအာင္ ဘယ္ေနရာဘာရွိ .. ထည့္ေရးထားတဲ့ စကၠဴကဒ္ျပားတခုပဲ.. ။ 


ဒီကဒ္ျပားကို လူေတြ အသုံးခ်ပုံက လည္း တည္းခိုခန္းမွာ တည္းရင္ /ခရီးသြား ရင္ ဧည့္စာရင္း တိုင္စရာ ၊ အမည္စာရင္းသြင္းစရာ ေလာက္ထိပဲ အသုံးဝင္ေၾကာင္း  သိၾကတယ္။ပိုက္ဆံေပးၿပီး လုပ္ထားရတဲ့ တန္ဖိုးႀကီး ကဒ္ဆိုတာ့ လဲ တခါတေလ အေပါင္ဆိုင္မွာေတာင္ ေ႐ႊထည္လို႔ အာမခံ ထား ေပးရတဲ့ အထိ အသုံးဝင္ေၾကာင္း ထိေတာ့ သိၾကေသးပုံရပါ တယ္။ အမွန္ေတာ့ ပိုင္ရွင္ျဖစ္သူ ရဲ႕ လက္ထဲမွာ ဒီ ID ကဒ္ မရွိေနရင္ ဘာမွ အသုံးမဝင္တဲ့ ပလပ္စတစ္ေလာင္း စကၠဴကပ္ျပား တခုပဲ။ 


ရွင္းရွင္းေလးေျပာရရင္ National ID ( မွတ္ပုံတင္ကဒ္) လို႔ ေခၚတဲ့ ဒီကဒ္က ျမန္မာျပည္မွာ လူျဖစ္ေၾကာင္း ကို ႏိုင္ငံအစိုးရ (အုပ္ခ်ဳပ္သူ) က “ မင္းက ငါ့တို႔ရဲ႕ ျပည္သူ ျဖစ္တယ္” သတ္သတ္ မွတ္မွတ္ နဲ႔ အသိအမွတ္ျပဳ ေပးၿပီး .. လူဦးေရ အမွတ္စဥ္ေရတြက္ၿပီး လူ(၁)ဦး ကို လူအမွတ္စဥ္ နံပါတ္(၁)ခုစီ သတ္မွတ္ေပးထားတဲ့ ကဒ္ တစ္ခုပဲ။ 


ဒီႏိုင္ငံမွာ ေမြးတယ္၊ ဘိုးဘြားေတြေတာင္ ေသလို႔ လူဝင္စား ေနေလာက္ၿပီ .. ဒီႏိုင္ငံ မွာ ေမြးဖြားႀကီးျပင္းတဲ့ ဒီလူမ်ိဳး ျဖစ္ေၾကာင္း ေသခ်ာသေလာက္ ရွိေနတဲ့ ကိစၥမွာ .. 

ႏိုင္ငံ လူဦးေရ စာရင္းမွာ ဘယ္သူဘယ္ဝါ ျဖစ္ေၾကာင္း  ပါဝင္ဖို႔ အတြက္.. 

ဒီ လို ကဒ္ျပား တခုကို ပိုက္ဆံ ေပး ကိုင္ရတဲ့ ဒီႏိုင္ငံမွာ ဘယ္ေလာက္ထိ လူျဖစ္ရွဴံးလဲ ေတြးမိၾကရဲ႕လား.... ? 


အတတ္ပညာ အသိပညာမရွိ ညဏ္သိမ္တဲ့ အုပ္ခ်ဳပ္ေရးစနစ္ေၾကာင့္ .. ( လဝက ) ဟာ  တစ္ခ်ိန္က မွတ္ပုံတင္ အေရာင္းဌာန ျဖစ္ခဲ့ဖူးတယ္။ ပုံမွန္  အစိုးရကေပးတဲ့ လစာ ထက္ တြက္ေျခပိုကိုက္တာက မွတ္ပုံတင္ဆိုတာ ဘာမွန္းမသိတဲ့  လူေတြကို ပါးစပ္ထဲရွိတဲ့ ေပါက္ေစ်း နဲ႔ .. မွတ္ပုံတင္ လုပ္ေပးရတာပဲ။ 


အုပ္ခ်ဳပ္ခဲ့တဲ့ သူေတြဟာ ဒါေတြကို မသိခဲ့တာ မဟုတ္ဘူး သိလွ်က္နဲ႔ .. လစ္လ်ဴရွဴခဲ့တာ၊ ဒီလို လုပ္ပိုင္ခြင့္ေတြ ကို သူတို႔ကိုယ္တိုင္ကပါ ရရစားစား ေပးထားခဲ့တာ။ ျပည္သူအတြက္ ႏိုင္ငံ့အတြက္ .. အမ်ားႀကီး နစ္နာရသလို ရင္နာဖို႔ သိပ္ေကာင္းပါတယ္။ ျမန္မာျပည္မွာ ေမြးဖြားႀကီးျပင္း တဲ့ သူတိုင္း မွတ္ပုံတင္ ရွိကိုရွိရပါမယ္။ ျမန္မာျပည္သူ လူသားျဖစ္ေၾကာင္း သက္ေသခံေပးတဲ့ ဒီကဒ္ျပား တခုကို ပိုက္ဆံေပးကိုင္စရာ ဘာအေၾကာင္းမွ လည္း မရွိပါဘူး။ အဲ့ အတြက္ ယေန႔ အခ်ိန္ထိ မွတ္ပုံတင္ကို ပိုက္ဆံေပးရတဲ့ ေခတ္ မကုန္ေသးရင္ ဝန္ထမ္းရဲ႕ အမည္၊ ႐ုံးဌာန နဲ႔ ဦးစီး စသျဖင့္ အခ်က္အလက္ အတိအက်နဲ႔ သက္ဆိုင္ရာကို Report တင္ ၊ တိုင္ၾကားဖို႔ လုံးဝ  မေၾကာက္ပါနဲ႔။ တက်ပ္မွ ေပးစရာလဲ မလိုသလို ေပ်ာက္ေပ်ာက္ ၊ အသစ္ပဲ လုပ္လုပ္ တက်ပ္မွ လႉစရာ၊ ရန္ပုံေငြ ေဆာင္စရာ မလိုပါဘူး။ 


လဝက ဟာ ျမန္မာျပည္ မွာ ေမြးဖြားတဲ့ ကေလး လူဦးေရ အေရအတြက္ ကေန ေသဆုံးသြားတဲ့ လူဦးေရေတြ အထိ မွတ္တမ္းတင္ေပးရမွာ ျဖစ္ပါတယ္။ (၁၀) ႏွစ္ေက်ာ္မွာ (၁)ႀကိမ္

(၁၈)ႏွစ္မွာ (၁)ႀကိမ္)

အသက္(၃၀)မွာ (၁)ႀကိမ္ 

မွတ္ပုံတင္ကို (၃)ႀကိမ္ လဲလွယ္ရတာဟာ လူတစ္ဦးရဲ႕ ေမြးဖြားႀကီးျပင္းမႈ နဲ႔ အတူ .. အသက္အ႐ြယ္၊ ႐ုပ္ရည္၊ ပုံပန္းသဏၭန္ ၊ အလုပ္အကိုင္ နဲ႔  Generation ဆိုင္ရာ အခ်က္အလက္ ကို တိတိက်က် မွတ္တမ္း တင္ထားႏိုင္ဖို႔ပါပဲ။ 


လဝက ဟာ တိုင္းျပည္ ဖြံၿဖိဳးတိုးတက္ဖို႔အတြက္ အရမ္းကို ႀကီးေလးတဲ့ အလုပ္ တာဝန္ ျဖစ္သလို ႏိုင္ငံမွာ အသက္ရွင္သန္ေနထိုင္တဲ့ အေလ်ာက္ တိက်တဲ့ လူဦးေရ အေရအတြက္ကို တိက်မွန္ကန္စြာနဲ႔ စာရင္းျပဳစုေပးရမွာ ျဖစ္တယ္။ 


ဒါမွလဲ -


-(၄)ႏွစ္ တစ္ႀကိမ္ တင္ေျမာက္တဲ့ အစိုးရ အဖြဲ႕အစည္း နဲ႔ ႏိုင္ငံေခါင္းေဆာင္ သမၼတ အတြက္ .. အမွန္တကယ္ရွိေနတဲ့ “လူဦးအေရအတြက္ အစစ္အမွန္” အတိုင္း ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ အစစ္အမွန္နဲ႔ ျမန္မာႏိုင္ငံသားတိုင္း  မဲ ေပးႏိုင္မယ္။ 

-ျပည္သူကို အမွန္တကယ္ ၾကည္ရွဴ႕ ထည့္သြင္းစဥ္းစားေပးႏိုင္ေသာ အစိုးရ နဲ႔ ႏိုင္ငံေခါင္းေဆာင္ကို ေ႐ြးခ်ယ္ႏိုင္ မွသာလွ်င္ တိုင္းျပည္ရဲ႕ ပညာေရး၊ ႏိုင္ငံေရး ၊ လမ္းပန္းဆက္သြယ္ေရး နဲ႔ စီးပြါးေရး ေတြထိ 

ျပဳျပင္ေျပာင္းလဲ ႏိုင္မယ္။ ယိုယြင္းသြားတဲ့ ျပည္သူလူသူေတြရဲ႕ ပညာေရး စနစ္ကေန အေတြးအေခၚ စနစ္ေတြထိ ပိုေကာင္းတဲ့ အနာဂတ္ေတြကို ေဆာင္႐ြက္ႏိုင္မယ္။ 

-ႏိုင္ငံ့လူဦးေရဟာ ႏိုင္ငံ တခုအတြက္ ဗဟိုေသာ့ခ်က္တစ္ခုပဲ။ စစ္ဗ်ဴဟာ အရ  တိုင္းတပါးႏိုင္ငံဟာ နယ္ခ်ဲ႕က်ဴးေက်ာ္ဖို႔၊ စစ္မက္ခင္းဖို႔ရာ ႏိုင္ငံရဲ႕လူ ဦးေရကို အၿမဲထည့္သြင္း စဥ္းစားၿပီး တိုက္ခိုက္ရတယ္ ဆိုတာပါပဲ။ယေန႔ (၂၀၂၀)ခုႏွစ္အထိ  ျမန္မာစစ္တပ္ လူအင္အား ဟာ  ကမာၻ႔ အႀကီးဆုံး စစ္တပ္ နံပတ္(၁၁) မွာ ပါဝင္ပါတယ္။ နံပတ္(၁)အႀကီးဆုံးကေတာ့ တ႐ုတ္ပါ ။ 

-ျမန္မာျပည္ကို ကမာၻက လူသိနည္းေစတဲ့ တစ္ခ်က္က လူဦးေရ နည္းနည္းေလးပဲ ရွိတဲ့ ႏိုင္ငံေသးေသးေလးလို႔ ထင္ေနၾကတာပါပဲ။ ထိုင္း၊ မေလး၊ ဖိလစ္ပိုင္ ၊ ဗီယက္နမ္၊ လာအို၊ ဆီရီလင္ခါ (သီရီလကၤာ ) ၊ ကေမာၻဒီးယား ၊ ဘလၤားေဒါ့ တို႔လို ႏိုင္ငံ ေတြထက္ ျမန္မာျပည္ဟာ ႏိုင္ငံ ဧရိယာ နယ္နိမိတ္ လည္း ပိုႀကီးသလို သယံဇာတ ႂကြယ္ဝတဲ့ႏိုင္ငံလည္းျဖစ္တယ္။ 

-ဥပမာအေနနဲ႔.. ထိုင္း နယ္နိမိတ္ ဧရိယာ ( 513,120 km² = မိုင္ေပါင္း 198116.74) မွာ လူဦးေရ( ၆၉) မီလီ ယံရွိၿပီး 

ျမန္မာ နယ္နိမိတ္ဧရိယာ (676,575 km²=မိုင္ေပါင္း 261227.068) မွာ လူဦးေရ (၅၃) မီလီယံ ပဲ ရွိတယ္ ဆိုတာ ျဖစ္ႏိုင္ပါ့မလား?? ေစ့ေစ့ေတြးပါ။ ႏိုင္ငံသား အျဖစ္ စာရင္းမသြင္းခံထားရပဲနဲ႔ .. မွတ္ပုံတင္မရွိတဲ့ ျမန္မာ ျပည္သူ ႏိုင္ငံသား ေတြ ဘယ္ေလာက္မ်ားေနၿပီလဲ.. ? 


-ႏိုင္ငံသား တကယ္ မဟုတ္တဲ့ တိုင္းတပါးသားေတြ ကိုေကာ ေငြေပး - ႏိုင္ငံသားမွတ္ပုံတင္ကဒ္ တန္းရေတာ့ ..  ျမန္မာအလုပ္ရွင္အတြက္ အလုပ္ လုပ္ေပးစရာ မလို ၊ ပါမစ္နဲ႔ ေနထိုင္စရာ  အခြန္အခ မလိုပဲနဲ႔ ဒီ ႏိုင္ငံသား ကဒ္ကိုင္ေဆာင္ၿပီး  ဒီ ႏိုင္ငံသားအျဖစ္ စီးပြါးေရးအႀကီးအက်ယ္ လုပ္ကိုင္ခြင့္ ရလို႔ ဘယ္ေလာက္ထိမ်ား ေကာင္းစားသြားၾကၿပီလဲ..? 

-မွတ္ပုံတင္ ျပဳလုပ္ရာ တခုမွာ တင္ .. ေသြးေႏွာ နဲ႔ တိုင္းရင္းသား ခြဲျခားဆက္ခံရမႈ ေတြ အမ်ားအျပားရွိခဲ့ၿပီး ျမန္မာျပည္သူ အစစ္အမွန္ဟာ ဗုဒၶဘာသာ ျဖစ္ရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြေၾကာင့္ လြတ္လပ္တဲ့ ဘာသာေရး ကိုးကြယ္ခြင့္ ဆုံးရွဴံးၾကရတယ္။ ဘာသာမတူညီရင္ /ဗုဒၶဘာသာ မဟုတ္ရင္ လူအခ်င္းခ်င္း လူဆိုးလူညစ္ေတြအျဖစ္ ဝါဒါျဖန္႔ခဲ့ၾကတဲ့ အတြက္ 

မြတ္ဆလင္-ဗုဒၶဘာသာ တို႔လို ႐ုဏ္းစစ္ပြဲႀကီးဟာ အရမ္းကို ႀကီးမားခဲ့ရတယ္။

- ဘိုးေဘးလက္ထက္ကတည္းက တိုင္းတပါးသားနဲ႔ လက္ထပ္ခဲ့ ၿပီး ေသြးေႏွာတဲ့ တိုင္းရင္းသားမ်ိဳးဆက္သစ္ေတြ၊ ျမန္မာကျပားစပ္ေတြဟာလည္း အမ်ိဳးဖ်က္ေတြ မဟုတ္သလို မ်ိဳး႐ိုးဇစ္ျမစ္ပ်က္စီးသြားတာလည္း မဟုတ္ပါဘူး။ အေၾကာင္းေၾကာင္းေၾကာင့္ ကိုယ့္ႏိုင္ငံကို လာေရာက္အေျခခ်ေနထိုင္ကတည္းက ရင္းႏွီးခ်စ္ၾကည္မႈနဲ႔ အတူ ေသြးေႏွာ မ်ိဳးဆက္ေတြ ရွိလာမွာ အမွန္ပါပဲ။ တျခားႏိုင္ငံကေန ခိုလႈံၿပီး အရိပ္ခ်ိဳး ၊ အခက္ခ်ိဳးတတ္တဲ့ မေကာင္းတဲ့သူေတြ ရွိေကာင္းရွိမယ္ ၊ ဒါမဲ့ အေကာင္းဘက္က လည္း ျမင္ၾကည့္ပါ။ တိုင္းတပါးသားေတြရဲ႕ အမ်ိဳးမ်ိဳးေသာ ႏိုင္ငံ ေရး အရ / စီးပြါးေရး အရ ခိုလႈံခြင့္ ေနထိုင္လာခြင့္ဟာ အရမ္းကို အေရးပါသလို တစ္ခ်ိန္ မွာ အင္အားႀကီးႏိုင္ငံျဖစ္လာဖို႔ အတြက္လည္း အရမ္းကို အေရးႀကီးတဲ့ ေသာ့ခ်က္ပါပဲ။ ငါ့ႏိုင္ငံ ၊ ငါ့လူမ်ိဳး ဘယ္သူနဲ႔မွ မပတ္သက္ဘူး လို႔ ဝါးလုံးေခါင္းထဲ လသာၿပီး တစ္႐ြာထဲ တစ္က်ည္တစ္အိမ္ထဲ ေဆာက္လို႔ မရဘူး။ 


-ျမန္မာႏိုင္ငံဟာ ... ႏိုင္ငံသားစုံ၊ လူမ်ိဳးစုံ လာေရာက္ေနထိုင္ခ်င္စရာ ႏိုင္ငံျဖစ္ေၾကာင္း ကမာၻ႔အလယ္မွာ ရပ္တည္ႏိုင္ေအာင္ ျမန္မာျပည္အစိုးရဟာ စီးပြါးေရးအရ ၊ ပညာေရးအရ ၊ ႏိုင္ငံဝင္ေငြ အရ ၊ အလုပ္အကိုင္ အခြင့္အလမ္းအရ .. ကိုယ့္ျပည္သူ႔ ႏိုင္ငံသားေတြ အတြက္  အက်ိဳးရွိမဲ့ ရလဒ္ကို ၾကည့္ၿပီး လမ္းဖြင့္ေပးရမယ္။ ဒါေပမဲ့ တကိုယ္ေရ ကိုယ္က်ိဳးအတြက္ တိုင္းတပါးကို ဖိတ္ေခၚၿပီး ေရာင္းစားတာမ်ိဳးမဟုတ္ဘူး။


-ႏိုင္ငံျခားသားဟာ ဘယ္ေတာ့မွ ႏိုင္ငံသား မျဖစ္လာပါဘူး။ အေမရိကန္မွာ  ဘယ္လူမ်ိဳးမဆို (၁၀) /(၁၅)ႏွစ္အထက္ ေနထိုင္ရင္ ႏိုင္ငံသားျဖစ္တယ္လို႔ ၾကားဖူးနားဝ ရွိေပမဲ့..အဲ့လို ႏိုင္ငံသား ျဖစ္ဖို႔ သူတို႔ႏိုင္ငံရဲ႕ စီးပြါးေရး Company မွာ ကိုယ့္ လုပ္အားကို ရင္းႏွီးၿပီး အလုပ္လုပ္ေပးရတာ၊ ဝင္ေငြ/ စားေသာက္ကုန္ စသျဖင့္ တဖက္တလမ္းကေန အခြန္ေဆာင္ေပးရတာ၊ ေနထိုင္ခြင့္ ဗီဇာ နဲ႔  အလည္အပတ္ အသုံးစရိတ္ေတြ ထိ သူတို႔ရဲ႕ ႏိုင္ငံတိုးတက္ဖို႔ ျပန္စီးဆင္းသြားတဲ့ အရင္းအျမစ္ေတြအတြက္ ထိုက္တန္တဲ့ တန္ရာတန္ေၾကးပါပဲ။ တစ္ႏိုင္ငံ တစ္ႏိုင္ငံမွာ ႏိုင္ငံသား အျဖစ္ အသိအမွတ္ျပဳ ခံရျခင္းဟာ - 


ကိုယ္ကိုတိုင္ နဲ႔ ကိုယ့္ မ်ိဳးဆက္အတြက္ ပညာေရး၊ က်န္းမာေရး၊ စီးပြါးေရး ၊ ႏိုင္ငံေရး၊ ဘာသာေရးနဲ႔ လူမႈေရးေတြမွာ လြတ္လပ္စြာ လုပ္ေဆာင္ခြင့္နဲ႔ အခြင့္အေရး အျပည့္အဝရရွိျခင္းပါပဲ။ 


ဒီႏိုင္ငံသားမို႔ ေက်ာင္းလခကို သက္သက္သာသာနဲ႔ ပညာသင္ခြင့္ရမယ္၊ က်န္းမာေရး အတြက္ ျပည္သူ႔ေဆး႐ုံမွာ သက္သက္သာသာနဲ႔ ေဆးကုသခြင့္ရမယ္။ လြတ္လပ္တဲ့ ဘာသာကို ကိုးကြယ္ခြင့္ရမယ္၊ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ လိုင္စင္ကိုင္ တင့္သင့္မွ်တတဲ့ အခြန္ေဆာင္ၿပီး ကိုယ္ပိုင္ စီးပြါးေရးကိုလြတ္လပ္စြာ လုပ္ေဆာင္ခြင့္ရွိမယ္။ ျပည္တြင္းျပည္ပ ခရီးသြားခြင့္ရွိမယ္။ ကိုယ္တတ္ေျမာက္ တဲ့ ပညာနဲ႔ ကိုယ့္ႏိုင္ငံ့ အေျခစိုက္Company သို႔မဟုတ္ အစိုးရဌာန တခုမွာ လုံေလာက္ပိုလွ်ံတဲ့ လစာအလုပ္လုပ္ခြင့္ရမယ္၊ ႏိုင္ငံတာဝန္လဲ ေက်သလို မိသားစုအတြက္ / ကိုယ္တိုင္အတြက္လည္း တာဝန္ေက်တယ္။ တိုင္းတပါးကို သြားေရာက္လည္ပတ္သည္ျဖစ္ေစ၊ အလုပ္လုပ္ကိုင္သည္ျဖစ္ေစ .. ဒီႏိုင္ငံသားျဖစ္ေနလို႔ မ်က္နာမငယ္ရသလို ထိပါးမေစာ္ကားရဲေလာက္ေအာင္ လူျဖစ္ရက်ိဳး နပ္တာဟာ ႏိုင္ငံတစ္ႏိုင္ငံမွာ ႏိုင္ငံသားတစ္ဦး အျဖစ္ အသိအမွတ္ျပဳခံရျခင္းရဲ႕ ဂုဏ္က်က္သေရပဲ။ 


ကိုယ့္ ျမန္မာလူမ်ိဳးဟာ တျခား တိုင္းတပါးမွာ ႏိုင္ငံသား ခံယူသြားရင္ ဘာျဖစ္မလဲ? သူ သုံးစြဲမဲ့ အခြန္အခ နဲ႔ လုပ္အားအရင္းအျမစ္ ေတြ ကေန သူ႔ရဲ႕ ညဏ္ပညာ ၊ အသိပညာ ပံ့ပိုးမႈေတြ ထိ ဆုံးရွဴံး မယ္။ တစ္ဦး ကေန ဆယ္ဦး ၊ ဆယ္ဦးကေန သန္းခ်ီတဲ့ ျမန္မာေတြ  သူ႔ရဲ႕ မိသားစုဘဝ အဆင္ေျပဖို႔ ေရၾကည္ရာျမက္ႏုရာ သြားၾကတာဟာ အျပစ္တင္စရာေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ သိပ္ႏွေျမာဖို႔ ေကာင္းပါတယ္။ သူမ်ားႏိုင္ငံ တိုးတက္ဖို႔ ၊ အင္အားႀကီးသထက္ ႀကီးဖို႔ ကိုယ့္လူမ်ိဳးက လူ၊ ဦးေႏွာက္ေတြ ရင္းၿပီး အလုပ္လုပ္ ေပး၊ အခြန္အဖိုးအခ ေဆာင္ၿပီး ေနၾကရတယ္။ သူမ်ားႏိုင္ငံမွာ  အေျခခ်ဖို႔ တက်ပ္မွ အလကားရတာ မရွိပါဘူး။ 


-တျခားႏိုင္ငံသား ခံယူ ခိုလႈံသြား တဲ့ ျမန္မာလူမ်ိဳး ဟာ တစ္ခ်ိန္မွာ ကိုယ့္ျမန္မာျပည္ကို ျပန္ စစ္တိုက္ေပးရမဲ့ စစ္သား တစ္ဦး တေန႔ ျဖစ္လာခဲ့ရင္လိုမ်ား ေတြးၾကည့္ဖူးသလား ၊ မျဖစ္ႏိုင္ဘူး ထင္ပါသလား ... ေတြးၾကည့္ပါ။ 


-ဒါေၾကာင့္ ျမန္မာျပည္မွာ တျခားႏိုင္ငံသားေတြရဲ႕ ခိုလႈံခြင့္ဟာ သိပ္ကို အေရးႀကီးတယ္ လို႔ ဆိုလိုခ်င္တာပါ။ ထို႔အတူ ႏိုင္ငံျခား သား ၊ ေသြးေႏွာ ျမန္မာ ၊ ဘာသာကြဲ ျမန္မာလူမ်ိဳးစပ္ေတြရဲ႕ Background ၊ အသက္အိုးအိမ္ နဲ႔ လုံၿခဳံမႈ ဟာ တျခားေသာ မဟာမိတ္ ႏိုင္ငံ နဲ႔ တိုင္းတပါး ႏိုင္ငံႀကီး ေတြရဲ႕ အဖက္ဖက္က ကမ္းလွမ္းမႈ ေတြကို Effect ျဖစ္ေစပါတယ္။ ဒီေတာ့ လူမ်ိဳးေရး၊ ဘာသာေရး ခြဲျခားဆက္ဆံမႈဟာ ႏိုင္ငံ တစ္ႏိုင္ငံ တိုးတက္ဖို႔ ေႏွာင့္ေႏွးေစတဲ့ ျပႆနာႀကီး တစ္ခုပဲ။ 


-မတိက်တဲ့ လူဦးေရစာရင္း တမ္းနဲ႔ ေသလို႔ ေသမွန္းမသိ ၊ ရွင္လို႔ ရွင္မွန္းမသိ ။ ကေလး အေရအတြက္ ဘယ္ေလာက္ေမြးဖြား ႏႈန္း ရွိမွန္း မသိ ၊ လြန္ခဲ့တဲ့ (၂၀၁၅)ခုႏွစ္ .. ပထမဦးဆုံး ေ႐ြးေကာက္ပြဲ ကတည္းက သန္းေခါင္စာရင္း အရ လူဦးေရ မီလီယံ (၅၀) ဟာ ခုထိလဲ မတိမ္းမယိမ္း ပဲ ဆိုတာ ေတာ့ .. မွတ္ပုံတင္ကို ပိုက္ဆံေပးလုပ္ၿပီး ဒါမွမဟုတ္ တပတ္ဆယ္လီ အခ်ိန္ဆြဲသမွ် သည္းညဥ္းခံၿပီး ခခယယ မွတ္ပုံတင္ ကိုင္ထား တဲ့ လူေတြကပဲ ကေလးေမြး ၊ သန္းေခါင္စာရင္း ထည့္ခံထားရတယ္ဆိုတာ သိပ္ကို သိသာလြန္းခဲ့တယ္။ မွတ္ပုံတင္ရွိမွလည္း မဲေပးခြင့္ရွိတယ္ဆိုတာလည္း ဧကန္မလြဲပဲမဟုတ္လား။  လမ္းေပၚမွာ လိုက္ေတာင္းရမ္းေနတဲ့ ကေလးေတြဘယ္အရပ္က လာမွန္းမသိ၊ အေဖ ဘယ္သူမွန္းမသိပဲ လမ္းမွာတင္ ကေလး တႁပြတ္ႁပြတ္ေမြးေနတဲ့ အမ်ိဳးသမီးငယ္ေတြက်ေတာ့ ဒီႏိုင္ငံထဲက ဒီျပည္သူေတြ မဟုတ္လို႔လား ။ ဒါေပမဲ့ ႏိုင္ငံရဲ႕ လူဦးေရ ထဲမွာေတာင္ စာရင္းမရွိတဲ့ သူတို႔ရဲ႕ ဘဝေတြကို ဘယ္သူက လူရာသြင္း ကယ္တင္ေပးႏိုင္မလဲ။ ေတာင္းရမ္းစားတာထက္ သူတို႔ ပိုလုပ္လုပ္ႏိုင္တယ္ ဆိုတဲ့ သူတို႔ရဲ႕ အသိညဏ္ကို ဘယ္သူေတြ ျပဳျပင္ေပးႏိုင္မလဲ .. ဘယ္သူမွာ တာဝန္ရွိမလဲ.. ဘယ္သူမွ ခုထိ မသိၾကဘူး မဟုတ္လား ? 


-ရာဇဝတ္ မႈျဖစ္တဲ့အခါ ... ခိုးမႈ ၊ လုယွက္မႈ၊ လူသတ္မႈေတြကေန မုဒိန္းမႈ၊ သက္ငယ္ မုဒိန္း တို႔လို တရားခံရွာေဖြ ေနဆဲ ကာလ နဲ႔  တရားခံေပၚေပါက္ဖို႔ ရွာေဖြဆဲအခ်ိန္ကာလ မွာ က်န္ရွိခဲ့တဲ့ သက္ေသ ( လက္ေဗြရာ၊ ေသြးစ၊ အသားစ၊ ကင္မရာမွတ္တမ္း) တို႔လို အရာေတြနဲ႔ ျဖစ္ႏိုင္ေခ် တရားခံ ရဲ႕ ကိုယ္ေရးအခ်က္အလက္ ကိုေထာက္လွန္းႏိုင္ဖို႔ရာ  “ လူတစ္ဦးခ်င္းစီတိုင္းရဲ႕ Generation ,ID , ကိုယ္ေရးအခ်က္အလက္ ၊ လက္ေဗြရာ” ေတြထိ  လဝက မွတ္တမ္း က စာရင္းျပဳစု ေပးထားႏိုင္ဖို႔ လိုတယ္ ဆိုတာပါပဲ။ မွတ္တမ္းမဲ့ ယို႔စိမ့္သြားတဲ့ လူဦးေရ အေရအတြက္ ထဲကေန ေကာ ဖမ္းမမိတဲ့ တရားခံေတြ ဘယ္ေလာက္မ်ားေနၿပီလဲ..။ တရား ဖမ္းမိလို႔ စစ္ေဆးေမးျမန္းေတာ့ေကာ လဝကထဲမွာ စာရင္းမရွိ၊ မွတ္ပုံတင္မရွိတဲ့သူကို သူေျပာတဲ့ အတိုင္း ဦး ဘယ္သူ သား၊ ေမာင္ဘယ္သူ ၊ ျဖည့္လိုက္ေတာ့ .. ကိစၥၿပီးသြားၿပီ ထင္တာလဲ သိပ္ရွက္ဖို႔ေကာင္းသလို သိပ္ကို အႏၲရာယ္မ်ားတဲ့ ကိစၥပဲ။ လူတစ္ဦး တစ္ေယာက္တိုင္း ရဲ႕မွတ္တမ္း ရာဇဝင္ ဆိုတာ သူေမြးဖြားႀကီးျပင္း ေသဆုံးတဲ့ အခ်ိန္ ကေန သူ႔ ေနာက္လာေနာက္သား မ်ိဳးဆက္ေတြထိ ထိန္းသိမ္းထားရမဲ့ အရာ ျဖစ္တယ္။ နည္းပညာ တိုးတက္မႈဟာ သိပ္အေရးပါသလို .. လူတစ္ဦးရဲ႕ ရာဇဝင္ ဇစ္ျမစ္ကို Finger Print , ID တစ္ခ်က္ နိပ္႐ုံနဲ႔ ဘယ္ ခရီးသြားခဲ့တယ္၊ ဘာအလုပ္လုပ္ခဲ့တယ္ ကေန .. ဘယ္ ခုႏွစ္ထိ ဘာ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း ၊ ဘာျပစ္မႈက်ဴးလြန္ခဲ့ေၾကာင္း .. မွတ္တမ္း တင္ထားႏိုင္ခဲ့မယ္ ဆိုရင္.. ျမန္မာ လူအဖြဲ႕အစည္းရဲ႕ ေကာင္းက်ိဳး/ ဆိုးက်ိဳးကို ျပဳခဲ့တဲ့ လူေတြရဲ႕ ဇစ္ျမစ္ကို ခြဲျခားသိျမင္ႏိုင္မယ္။ ရာဇဝတ္မႈ နဲ႔ လူ႔သားအခ်င္းခ်င္း အက်ိဳးျပဳမႈ ကို ဆုေပး၊ဒဏ္ေပး စီရင္ ႏိုင္မယ္။သို႔ေပမဲ့လည္း စကၠဴ ကဒ္ျပား မွတ္ပုံတင္ ေတာင္  လိပ္ပတ္မလည္၊ ျပႆနာေပါင္း စုံ ၊ complain မ်ိဳးစုံ တက္ေနရခ်ိန္မွာ .. Smart card လို၊ ID search လုပ္႐ုံနဲ႔ Systematically စာရင္းျပဳစုႏိုင္ဖို႔ ဆိုတာ နည္းပညာ ၊ အခ်ိန္ နဲ႔ လူအင္အား လိုအပ္ခ်က္ေတြ ရွိေနေသးတာ နားလည္မိေပမဲ့ .. ျမန္္မာေတြဟာ ထင္သေလာက္ မညံ့ၾကပါဘူး။  


 ⁃ ႏိုင္ငံရဲ႕ လူဦးေရ စာရင္း နဲ႔  ႏိုင္ငံသား ဇစ္ျမစ္ အခ်က္အလက္ ေတြဟာ သိပ္ကို အေရးႀကီးသလို ႏိုင္ငံတိုးတက္ဖို႔ အတြက္ အခရာပဲ ဆိုတာ ဒီေလာက္ဆို နားလည္ သေဘာေပါက္ၾကမယ္ ထင္ပါတယ္။ ဒါကို အျမတ္ထုပ္ၿပီး လဝက ကို ငါးစိမ္းတန္းလိုလို ရထားလက္မွတ္ အေရာင္းဌာနလိုလို .. မွတ္ပုံတင္ကဒ္ေတြ ေရာင္းစားေနမွ ႏိုင္ငံ လူဦးေရ နဲ႔ လဝက မွတ္တမ္း ဆိုတာ မွန္မွန္ကန္ကန္ ရွိပါ့ဦးမလား ? 


ေသြးေႏွာလဲ.. ျမန္မာျပည္မွာ ေမြးရင္ ျမန္မာျပည္သူ ပါပဲ။ ဘိုးေဘး Generation အစကတည္းက လဝက ဇစ္ျမစ္ကို မွတ္တမ္း ေသခ်ာ မလိုက္ခဲ့ေတာ့ လည္း -ရွိတဲ့ စာရင္းနဲ႔ ဦးရီေၾကာက္ ( ရယ္ရင္ ေၾကာက္ဖို႔ ေကာင္း လို႔) ၊ မ ေၾကာင္ၾကည့္ရီ( ေၾကာင္ၾကည့္ၿပီးရီတတ္သူ)  ေပးတဲ့ နာမည္ လဲ နင့္ အေဖ က တ႐ုတ္ ၊ နင့္႐ုပ္က တ႐ုတ္စပ္ ၊ ကုလားစပ္ ဆိုၿပီး ပိုက္ဆံ မေပးမခ်င္း ရစ္ေနမွ ေတာ့.. အဘိုင္ တို႔ ၊ ဝတို႔က ဟိုး ဘိုးေဘး ကိုလိုနီေခတ္ထဲက ေရာက္ေနၾကတာ ၊ ေသြးေႏွာဆိုတာကလည္း .. ျမန္မာအစ ပုဂံေခတ္ထဲက ေရာေနၾကတာဆိုေတာ့ကား ..  ေသြးမေႏွာခဲ့တဲ့ ဘုရားရွင္ေခတ္ကေန သန္းေခါင္စာရင္း ျပန္ေကာက္ဖို႔သာ အႀကံေပးခ်င္ မိတယ္။ 


ဆိုေတာ့ကား နိဂုံးခ်ဳပ္အေနနဲ႔ .. လဝက႐ုံးေတာင္ ဘယ္နားေနမွန္း မသိ၊ မွတ္ပုံတင္ ေတာင္ ဘာေၾကာင့္ လိုအပ္မွန္း မသိ၊ အတန္းပညာမတတ္  ၊ အသိပညာမႂကြယ္တဲ့ တခ်ိဳ႕ ေသာ ျပည္သူေတြအေပၚ  လဝက ႐ုံး က ဝန္ထမ္း တခ်ိဳ႕ ေတြ ေက်းဇူးျပဳ၍ ဘယ္ေတာ့မွ အျမတ္မထုတ္ပါနဲ႔။ ေမြးစာရင္း ၊ သန္းေခါင္စာရင္း နဲ႔ မွတ္ပုံတင္ လာလုပ္တဲ့အခါ လုပ္ရမဲ့ အခ်ိန္မဆြဲပဲ တာဝန္ ေက် ေပးၾကပါ။ ႀကိဳဆိုေပးၾကပါ။ ႏိုင္ငံ တိုးတက္ဖို႔ မဲေပးႏိုင္တဲ့ လူဦးေရ စာရင္း ၊ လုပ္အားအရင္းအျမစ္ စာရင္း ၊ ပညာတတ္ လူဦးေရ စာရင္း ၊ ျပစ္မႈ တရားခံစာရင္းဟာ ရွင္တို႔ရဲ႕ လက္ထဲမွာ အခ်က္အလက္နဲ႔ တကြ ျခယ္လွယ္ စီမံႏိုင္တယ္ ဆိုတာ ..ဘယ္ေတာ့မွ မေမ့ပါနဲ႔...။ 


( ပိုက္ဆံ ေပး မွတ္ပုံတင္ ရတဲ့ ေခတ္ဟာ ရွိေနဆဲ မို႔ ဒီစာကို ေရးသားရျခင္းျဖစ္သလို ျပဳျပင္ေျပာင္းလဲ ခဲ့ၾကတဲ့ လဝက ဝန္ထမ္းမ်ားကိုလည္း ေက်းဇူး အထူးတင္ပါတယ္၊ အသိအမွတ္လည္းျပဳသလို ေလးစားပါတယ္၊ ငါးခုံးမ ေၾကာင့္ တေလွလုံးမပုတ္ပါဘူး .. ေကာင္းေသာသူဟာ ေကာင္းက်ိဳးေပးမွာပါ)


မူလေရးသားတင္ဆက္သည့္စာမ်က္ႏွာ - Truth but Bitter

No comments: