(၁) နိုင်ငံတကာ သဘာဝဘေးများ
(၂) မြန်မာနိုင်ငံနဲ့ သဘာဝဘေးများ
(၃) List of epidemics ကူးစက်ကပ်ရောဂါများ
(၁) နိုင်ငံတကာ သဘာဝဘေးများ
ကမ္ဘာမှာ ၂ဝ၁၂ အတွင်း သဘာဝဘေးအန္တရာယ်တွေ ၉ဝ၅ ခုဖြစ်ခဲ့တယ်။ အသင့်အတင့်သာဆိုးတဲ့နှစ်ဖြစ်တယ်။ ၉၃% က ရာသီဥတုနဲ့ဆိုင်တယ်။ ၄၅% က မိုးလေဝသနဲ့ဆိုင်တယ်။ ၃၆% က ရေကြီးတာနဲ့ဆိုင်တယ်။ ၁၂% က အပူလှိုင်း၊ အအေးလှိုင်း၊ မိုးခေါင်၊ တောမီးလောင်တာတွေနဲ့ ဆိုင်တယ်။ ၇% က ငလျင်၊ မီးတောင်ပေါက်တာတွေနဲ့ဆိုင်တယ်။
• Volcanic eruptions မီးတောင်ပေါက်ကွဲခြင်း၊ အေဒီ ၇၉ ခုနှစ်တုံးက Mount Vesuvius ဗေဆူးဗီးယပ်စ်မီးတောင်ကြီး ပေါက်ကွဲတဲ့သမိုင်းကို ကနေ့အထိမမေံနိုင်ကြပါ။ ဓါတ်ငွေ့တွေ၊ ကျောက်တုံးကျောက်ခဲတွေ ပြာတွေ ချော်ရည်တွေဟာ ၃၃ ကီလိုမီတာ (၂၁ မိုင်) အမြင့်အဖိတက်ခဲ့တယ်။ နှုန်းက ၁ စက္ကန့်မှာ ၁့၅ သန်းတန်ရှိတယ်။ ဟီရိုရှီးမားအနုမြူဗုံးထက် ထောင်ပေါင်းများစွာကြီးမားတယ်။ လူနေဒေသတွေ အများကြီးဖုံးလွှမ်းခံရလို့ အပြီးအပိုင်ပျောက်ကွယ်သွားစေတယ်။ Pompeii (ပွန်ပေ) မြို့ကြီးနဲ့ Herculaneum (စာကျူလေနမ်) တို့ကအထင်ရှားဆုံးတွေဖြစ်ကြတယ်။ ဘယ်လောက် သေဆုံးခဲ့သလည်း ခန့်မှန်းချက်သာ လုပ်လို့ရတယ်။ အဲဒီမြို့တွေက လူသေအစအန ၁၅ဝဝ သာရတယ်။
(၃) List of epidemics ကူးစက်ကပ်ရောဂါများ
(၁) နိုင်ငံတကာ သဘာဝဘေးများ
ကမ္ဘာမှာ ၂ဝ၁၂ အတွင်း သဘာဝဘေးအန္တရာယ်တွေ ၉ဝ၅ ခုဖြစ်ခဲ့တယ်။ အသင့်အတင့်သာဆိုးတဲ့နှစ်ဖြစ်တယ်။ ၉၃% က ရာသီဥတုနဲ့ဆိုင်တယ်။ ၄၅% က မိုးလေဝသနဲ့ဆိုင်တယ်။ ၃၆% က ရေကြီးတာနဲ့ဆိုင်တယ်။ ၁၂% က အပူလှိုင်း၊ အအေးလှိုင်း၊ မိုးခေါင်၊ တောမီးလောင်တာတွေနဲ့ ဆိုင်တယ်။ ၇% က ငလျင်၊ မီးတောင်ပေါက်တာတွေနဲ့ဆိုင်တယ်။
• Volcanic eruptions မီးတောင်ပေါက်ကွဲခြင်း၊ အေဒီ ၇၉ ခုနှစ်တုံးက Mount Vesuvius ဗေဆူးဗီးယပ်စ်မီးတောင်ကြီး ပေါက်ကွဲတဲ့သမိုင်းကို ကနေ့အထိမမေံနိုင်ကြပါ။ ဓါတ်ငွေ့တွေ၊ ကျောက်တုံးကျောက်ခဲတွေ ပြာတွေ ချော်ရည်တွေဟာ ၃၃ ကီလိုမီတာ (၂၁ မိုင်) အမြင့်အဖိတက်ခဲ့တယ်။ နှုန်းက ၁ စက္ကန့်မှာ ၁့၅ သန်းတန်ရှိတယ်။ ဟီရိုရှီးမားအနုမြူဗုံးထက် ထောင်ပေါင်းများစွာကြီးမားတယ်။ လူနေဒေသတွေ အများကြီးဖုံးလွှမ်းခံရလို့ အပြီးအပိုင်ပျောက်ကွယ်သွားစေတယ်။ Pompeii (ပွန်ပေ) မြို့ကြီးနဲ့ Herculaneum (စာကျူလေနမ်) တို့ကအထင်ရှားဆုံးတွေဖြစ်ကြတယ်။ ဘယ်လောက် သေဆုံးခဲ့သလည်း ခန့်မှန်းချက်သာ လုပ်လို့ရတယ်။ အဲဒီမြို့တွေက လူသေအစအန ၁၅ဝဝ သာရတယ်။
• Avalanches and mudslides မြေပြို ရွံ့ပြိုလို့ ဥရောပတိုက် အဲလ်ပ်စ်တောင်တန်းမှာ ပဌမကမ္ဘာစစ် ကာလတုံးက ဖြစ်ခဲ့လို့ စစ်သားပေါင်း ၄ သောင်းကနေ ၈ သောင်းအထိ သေဆုံးခဲ့ရတယ်။
• Earthquakes မြေငလျင်လှုပ်ခြင်း၊ ၂၃-၁-၁၅၅၆ တရုပ်ပြည်ငလျင်ကြောင့် လူပေါင်း ၈ သိန်းကျော်သေဆုံးခဲ့တယ်။ ၂၈-၇-၁၉၇၆ တရုပ်ပြည်မှာပဲ ၂ သိန်းကနေ ၆ သန်းကျော်သေဆုံးခဲ့တယ်။ ၂၇-၉-၁၂၉ဝတရုပ်ပြည်မှာပဲ လူပေါင်း ၁ သိန်း သေဆုံးခဲ့တယ်။ ၈-၁ဝ-၂ဝဝ၅ ကက်ရှမီးဒေသမှာ လူပေါင်း ၈ သောင်း ၆ ထောင်သေခဲ့တယ်။
• Sinkholes မြေကြီးတွင်းဖြစ်ခြင်းဆိုတာ မိုင်းတူရာကနေဖြစ်တယ်။ ၂ဝ၁ဝ ဂွာတီမာလာမြို့တော်မှာ လူ ၁၅ ယောက် မြေမြိုခံရတယ်။ မုန်တိုင်းနဲ့မိုးသည်းလို့ဆက်ဖြစ်တယ်။
• Floods ရေကြီးခြင်း၊ ၂ဝ၁ဝ တရုပ်ပြည်မှာ ရေကြီးလို့ လူပေါင်း ၂၃ဝ သန်းကိုထိခိုက်စေခဲ့တယ်။ ၂ဝ၁ဝ နိုဝင်္ဘာတုံးက ကိုလမ်ဘီယာမှာ ရေကြီးလို့ လူပေါင်း ၁့၃ သန်းနေစရာမဲ့ဖြစ်ရတယ်။ မလေးရှားနဲ့ထိုင်းမှာလည်းဖြစ်ခဲ့တယ်။ ၂ဝ၁၁ တရုပ်ပြည်မှာ လူပေါင်း ၄့၈ သန်းကိုထိခိုက်စေပြီး ၅၄ ယောက်သေတယ်။
• Limnic eruptions ဓါတ်ငွေပေါက်ထွက်လာခြင်းဆိုတာ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့တွေရုတ်တရက် ရေတွေလို ပေါက်ထွက်လာတာဖြစ်တယ်။
• Tsunami ဆူနာမီကို ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က အရှေ့- အရှေ့တောင်နဲ့ တောင်အာရှမှာဖြစ်ခဲ့တယ်။
• Blizzards များလွန်းတဲ့နှင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းကို ၁၉၈၈ တုံးက အမေရိကမှာနဲ့ ၂ဝဝ၈ တုံးက အာရှမှာ ဖြစ်ခဲ့တယ်။
• Cyclonic storms ဆိုက်ကလုန်း၊ အပူပိုင်းဆိုက်ကလုန်း၊ တိုက်ဖွန်း၊ ဟာရီကိန်း စတာတွေဖြစ်တယ်။
• Extratropical cyclones အပူပိုင်းဒေသမဟုတ်တဲ့ ဆိုက်ကလုန်းတွေလည်းရှိတယ်။ ၁၉၅၃ မြောက်ပင်လယ်မှာဖြစ်ခဲ့လို့ ၂၂၅၁ ယောက်သေဆုံးခဲ့တယ်။
• Droughts မိုးခေါင်ခြင်းကို ၁၉၉၇ နဲ့ ၂ဝဝ၉ ကြား သြစတေးလျမှာခံခဲ့ရတယ်။ ၂ဝ၁၁ တုံးက တက်ဆပ်စ်မှာခံရတယ်။
• Hailstorms ရေခဲမိုးကို ၁၉၈၄ ဂျာမဏီမှာခံရတယ်။
• Heat waves အပူလှိုင်းရိုက်ခြင်းကို ၂ဝဝ၃ ဥရောပမှာခံရတယ်။ ၂ဝဝ၉ တုံးက သြစတေးလျမှာ။
• Tornadoes တိုနေးဒိုး လေဆင်နှာမောင်းဆိုတာ အများအားဖြင့် လေတိုက်နှုန်း ၁၁ဝ မိုင်ရှိတယ်။ ၂၅ဝ ပေမြင့်တယ်။ တနာရီ မိုင် ၃ဝဝ အထိလည်းရှိတယ်။
• Wildfires တောမီးလောင်တာကို ၁၈၇၁ တုံးက အမေရိကမှာ လူပေါင်း ၁၇ဝဝ ကျော်သေဆုံးခဲ့တယ်။ ၂ဝဝ၉ တံုးက ၾသစေတးလ်။
• Health disasters အပူဒဏ်သဘာဝဘေးများ၊ Epidemics ကပ်ရောဂါကျရောက်ခြင်း၊ Space disasters (Asteroids) ဥက္ကာခဲတွထိမှန်ခြင်းနဲ့ Solar flare နေမီးလောင်ခြင်းတွေလည်းရှိပါသေးတယ်။
Disaster management အရေးပေါ်စီမံခန့်ခွဲခြင်း
ဘယ်နိုင်ငံမှ အဲလိုဘေးလွတ်တယ်ရယ်မရှိပါ။ အဓိက (၄) မျိုးရှိတယ်။
၁။ Natural disasters သဘာဝဘေးတွေထဲမှာ ရေကြီး၊ ဟာရိကိန်းမုန်တိုင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊
၂။ Environmental emergencies ပတ်ဝန်းကျင် အရေးပေါ်အခြေအနေများထဲမှာ စက်ရုံတွေ၊ ခရီးသွားလာမှုတွေကနေ ဖြစ်စေတာတွေပါတယ်။
၃။ Complex emergencies ရှုတ်ထွေးတဲ့အရေးပေါ်အမျိုးအစားတွေဆိုတာ မင်းမဲ့အခြေအနေဖြစ်တာနဲ့ အရေးပါ ဗျူဟာကျတဲ့နေရာတွေကို တိုက်ခိုက်ခံရတာတွေပါတယ်။
၎။ Pandemic emergencies ဆိုတာနေရာဒေသတခုမှာ ကွက်ပြီးကူစက်ရောဂါကျရောက်တာတွေပါတယ်။
ဘယ်လိုဘေးကနေမဆို စီးပွားရေး၊ သွားရေးလာရေး၊ ရေရရှိမှု၊ အညစ်အကြေးစွန်းခြင်း၊ ဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ လူမှုရေးစတာတွေကိုထိခိုက်ပျက်စီးဆုံးရှုံးစေတယ်။ ရေတို ရေရှည်သက်ရောက်မှုတွေခံကြရတယ်။ အဲတာကြောင့် ဒေသအလိုက်၊ နိုင်ငံအလိုက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလုပ်ထားပြီး နည်းလမ်းတွေ၊ ကယ်တယ်ရေးတွေ၊ ထောက်ပံ့ရေးတွေ ကြိုတင်စီစဉ်ထားပြီး ၂၄ နာရီမပြတ်အဆင်သင့်ရှိနေစစေရတယ်။
Disaster preparedness အဆင်သင့်ရှိစေရေး၊ Disaster relief အကူအညီပေးရေး၊ Disaster recovery ပြန်လည် ထူထောင်ရေးတွေ လိုအပ်ပါတယ်။ Disaster management စီမံခန့်ခွဲမှုဆိုတာ ဖွံဖြိုးမှုနဲ့ ဆက်စပ်နေတယ်။ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အမျိုးသမီးတွေက ဒဏ်အခံရဆုံးဖြစ်ကြတယ်။
Disaster prevention ကြိုတင်ကာကွယ်ရေး အလွန်အရေးကြီးတယ်။ ၂ဝဝ၅ ခုနှစ်မှာ နိုင်ငံပေါင်း ၁၆၈ နိုင်ငံကနေ သဘောတူညီချက်တခုချမှတ်ခဲ့တယ်။ ၁ဝ နှစ်စီမံကိန်းဖြစ်တယ်။ Hyogo Framework (ယိုဂို) အခြေခံလို့ ခေါ်တယ်။ ကုလသမဂ္ဂအစီအစဉ်နဲ့ ၁၉၉၉ တုံးက International Decade for Natural Disaster Reduction (IDNDR) စာအုပ် ထုတ်ထားတယ်။
(၂) မြန်မာနိုင်ငံနဲ့ သဘာဝဘေးများ
OCHA (Office for the Coordination of Humanitarian Affairs) ကနေ ပြုစုထားတဲ့စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ၂ဝဝ၂ ကနေ ၂ဝ၁၂ ခုနှစ်အထိ ဖြစ်ခဲ့တဲ့ ဆိုက်ကလုံး ၃ ကြိမ်ကြောင့် ၂့၈ သန်းကိုထိခိုက်နစ်နာစေခဲ့တယ်။ ရေကြီးလို့ လူပေါင်း ၅ သိန်းနဲ့ ငလျင်အကြီးစား ၂ ကြိမ်ကြောင့် လူပေါင်း ၂ သောင်းကိုထိခိုက်စေခဲ့တယ်။
၁။ ၂ဝဝ၈ မေလ နာဂစ်ဆိုက်ကလုန်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်ပျောက်ဆုံးခဲ့ရတယ်။ လူပေါင်း ၂့၎ သန်း နေစရာတွေ ပျောက်ဆုံးခဲ့ရတယ်။
၂။ ၂ဝ၁ဝ ဇွန်လ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရေကြီးလို့ လူပေါင်း ၆၈ ယောက်သေဆုံးခဲ့ရတယ်။ မိသားစု ၂ သောင်း ၉ ထောင်ကို ထိခိုက်စေတယ်။
၃။ ၂ဝ၁ဝ အောက်တိုဘာမှာ ဆိုက်လုန်း (ဂီရိ) ကြောင့် လူပေါင်း ၄၅ ယောက်သေဆုံးရပြီး၊ လူ ၁ သိန်း နေအိမ်တွေ ပျက်စီးတယ်။
၎။ ၂ဝ၁၁ မတ်လတုံးက ရှမ်းပြည်နယ်မှာ ၈့၈ ရစ်ခ်ျတာစကေးရှိငလျင်ကြောင့် ၇၄ ယောက်သေဆုံးပြီး ၁ သောင်း ၈ ထောင်ကိုထိခိုက်စေခဲ့တယ်။
၅။ ၂ဝ၁၁ အောက်တိုဘာလထဲမှာ မကွေးတိုင်းမှာရေကြီးလို့ လူဦးရေ ၃ သောင်းကိုထိခိုက်စေခဲ့တယ်။
၆။ ၂ဝ၁၁ သြဂုတ်လမှာ မြန်မာပြည်တလွှားမှာရေကြီးလို့ လူဦးရေ ၂၈၇ဝဝဝ ယောက်ကိုထိခိုက်စေခဲ့တယ်။
၇။ ၂ဝ၁၂ နိုဝင်္ဘာလထဲမှာ မြန်မာပြည်မြောက်ပိုင်မှာ ငလျင်လှုပ်လို့ လူပေါင်း ၁၆ ယောက်သေဆုံးရပြီး အိမ်ခြေ ၄ဝဝ၊ စာသင်ကျောင်း ၆၅ နဲ့ ဘာသာရေးအဆောက်အဦ ၁ဝဝ ပျက်စီးသွားတယ်။
UN Risk Model ကုလသမဂ္ဂအန္တရာယ်ကျခြင်းမော်ဒယ်အရ မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ဆုံး နိုင်ငံများစာရင်းထဲမှာ ပါတယ်။ ရာဝတီမြစ်ဝကျွန်ေးပ်ါဟေဟာ ဆိုက်ကလုံးဒဏ်၊ မုန်တိုင်းနဲ့ ဆူနာမီဒဏ် ခံရနိုင်တယ်။ တိုင်းပြည် နေရာ အတော်များများဟာ ရေကြီးတဲ့ဒဏ်ခံရနိုင်တယ်။ မိုးခေါင်ရေရှားတာနဲ့ မီးလောင်တာကို ခံရနိုင်တယ်။ အဓိကငလျင်ခါးပတ်လမ်းကြီး ၂ ခုကြာမှာကျရောက်နေတယ်။ မီးလောင်တာက အဲတာတွေအားလုံးထဲမှာ ၇၃% ရှိတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း အကြီးစားငလျင် ၂ ကြိမ်၊ ဆိုက်ကလုံး ၃ ကြိမ်နဲ့ ဆူနာမီ ၁ ကြိမ်လည်း ခံခဲ့ရပြီးဖြစ်တယ်။
မြန်မာပြည်မှာ ခန့်မှန်းချေ လူဦးရေ ၇ဝ% ကတောပိုင်းမှာနေထိုင်ကြတယ်။ စိုက်ပျိုးရေးနဲ့ အသက်မွေးကြတယ်။ ဆင်းရဲမွေတေမှုက ကြီးများကျယ်ပြန့်တယ်။ လူလုပ် (စစ်အုပ်ချုပ်ရေးနဲ့ ညံဖျင်းတဲ့နိုင်ငံရေးစနစ်) ကြောင့်အပြင် သဘာဝ ဘေးကနေလည်း ဆင်းရဲတာကိုပိုဆိုးစေခဲ့တယ်။ Deforestation သစ်တောပြုန်းတီးမှု၊ Over-cultivation စိုက်ပျိုးရေး နည်းမမှန်မှုနဲ့ Resource management ရင်းမြစ်စီမံခန့်ခွဲမှုညံဖျင်းခြင်းတွေကြောင့် အဲလိုဖြစ်ရတယ်။ နောက်ဆက်တွဲအနေနဲ့ ရေကြီးတာ၊ မိုးခေါင်တာနဲ့ မြေပြိုတာတွေကိုဖြစ်လာစေတယ်။ အခြေခံအဆောက်အအုံညံ့တာနဲ့ အိုးအိမ်တည်ဆောက်တာလည်းအဆင့်မမီလို့ မြန်မာပြည်ဟာ အခုလို သဘာဝဘေးအန္တရာယ် အကျရောက်နိုင်ဆုံး နိုင်ငံစာရင်းများထဲမှာ ပါနေရတာလို့ဆိုနိုင်တယ်။
မြန်မာနိုင်ငံဟာ ရာသီဥတုဖေါက်ပြန်မှုကိုလည်းခံနေရပါသေးတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ပါဆက်နေတယ်။ မိုးခေါင်၊ မိုးသည်းထံ၊ ရေကြီး၊ ရေရှား၊ စတာတွေဆက်ဖြစ်တယ်။ ရာသီဥတုရုတ်တရက်ပြောင်းလဲခြင်းကနေ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွါးရေးအားလုံးကိုသက်ရောက်စေတယ်။
• ၁၉၄၇ ကနေစတွက်ရင် ဆိုက်ကလုံးဒဏ်ခံရတာ ၃၆ ကြိမ်ရှိပြီ။ ၁၁ ကြိမ်က ရခိုင်ဒေသ၊ ၂ ကြိမ်က ဧရာဝတီဒေသမှာ ဖြစ်ခဲ့တယ်။
• ရေကြီးခြင်းဟာ သဘာဝဘေးတွေထဲမှာ ၁၁% ရှိတယ်။ မီးလောင်တာပြီးရင် ဒုတိယလိုက်တယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်တွေတလျှောက်မှာဖြစ်တယ်။ ၁၉၁ဝ ကနေ ၂ဝဝဝ ခုနှစ်အထိ အဓိကရေကြီးတာ ၁၂ ကြိမ်ခံရပြီး ဖြစ်တယ်
• မိုးခေါင်တာလည်း မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း အပူပိုင်းဒေသတွေမှာဖြစ်တယ်။ တိုင်းပြည်ဧရိယာ ၁ဝ% နဲ့ မြို့နယ်ပေါင်း ၅၃ ခုကျရောက်တယ်။ ကရင်၊ ကချင်၊ ရှမ်း၊ မွန်နဲ့ ချင်းပြည်နယ်တွေမှာလည်း ရေကြီးတဲ့ဒဏ်ခဲကြရတယ်။
• ၂ဝ ရာစုအတွင် အဓိကမြေငလျင် အနည်းဆုံး ၁၈ ကြိမ်လှုပ်ခဲ့တယ်။ Sagaing Fault passes လို့ခေါ်တယ်။
• ပဲခူး-ဖြူး၊ မန္တလေး-စစ်ကိုင်း-တောင်ငူ၊ ပူတာအို-တနိုင်း၊ ကလေး-ဟုမ္မလင်းလမ်းကြောင်းမှာဖြစ်တယ်။ တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ-ညောင်ဦး၊ ကျောက်တည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ဝန်းသို၊ ခမ်းတီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနဲ့ ကွမ်းလုံမြို့တွေကဒဏ်အခံရတဲ့နေရာတွေဖြစ်တယ်။
• ၂ဝဝ၄ ဆူနာမီကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ၃၁ ယောက်၊ ရခိုင်ဒေသမှာ ၂၂ ယောက်နဲ့ တနင်္သာရီဒေသမှာ ၈ ယောက်သေခဲ့ရတယ်။
• မြန်မာပြည်မှာ မီးလောင်တဲ့ဒဏ် ကြီးမားဆိုးဝါးတယ်။ တနှစ်မှာ မီးလောင်မှုပေါင်း ပျမ်းမျှ ၉ဝဝ ရှိတယ်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ စစ်ကိုင်းနဲ့ မန္တလေးမှာအဖြစ်များတယ်။
လူအများကအမျှော်ကြီးမျှော်ပြီး ကြိုးစားလုံးပမ်းနေခဲ့ရတဲ့ နိုငံရေးအပြောင်းအလဲနဲ့ လူမှုရေးအပြောင်းအလဲတွေ လာပါတော့မယ်။ Access to funding ရံပုံငွေလက်လှမ်းမီရေး၊ Capacity building စွမ်းရည်မြှင့်တင်ရေးနဲ့ Technical training နည်းနာနဲ့ နည်းပညာသင်တန်းတွေအတွက် အခွင့်အလမ်းပွင်လာတယ်လို့ မျှော်မှန်းနိုင်လာပါပြီ။
(၃) List of epidemics ကူးစက်ကပ်ရောဂါများစာရင်း
ဘီစီ ၄၂၉-၄၂၆ ဂရိမှာ ပလိပ်ကပ်ကြီးဖြစ်လို့ လူပေါင်း ၇ သောင်းခွဲကနေ ၁ သိန်းသေဆုံးခဲ့တယ်။
၅၄၁-၅၄၂ တုံးက ဥရောပမှာ အကျိတ်ပလိပ်ကပ်ကြောင့် ဥရောပလူဦးရေ ၄ဝ% ခံခဲ့ရတယ်။
၁၃၄၆-၁၃၅ဝ ဥရောပမှာပလိပ်ကပ်ကြီးကြောင့် ၅-၁၅ သန်းခံခဲ့ရတယ်။
၁၇၁၃ မက်ဆာချူးဆက်မှာ ဝက်သက်ကပ်၊
၁၇၁၄- ၁၇၂၂ ပြင်သစ်မှာ ဝက်သက်ကပ်၊
၁၇၃၃ ကနေဒါမှာ ကျောက်ကြီးကပ်၊
၁၇၅၅-၁၇၅၆ မြောက်အမေရိကမှာ ကျောက်ကြီးကပ်၊
၁၇၅၉ မြောက်အမေရိကမှာ ဝက်သက်ကပ်၊
၁၇၆၁ မြောက်အမေရိကမှာ တုပ်ကွေးကပ်သင့်တယ်။
၁၇၇ဝ-၁၇၇၂ ရုရှားမှာ ပလိပ်ကပ်သင့်တယ်။
၁၇၇၈ စပိန်မှာ သွေးလွန်တုပ်ကွေးကပ်သင့်တယ်။
၁၇၈၈ နယူးယော့ခ်မှာ ဝက်သက်ကပ်သင့်တယ်။
၁၇၈၉-၁၇၉ဝ သြစတေးလျမှာ ကျောက်ကြီးကပ်သင့်တယ်။
၁၈ဝဝ-၁၈ဝ၃ စပိန်မှာ အဝါရောင်အဖျားကပ်သင့်တယ်။
၁၈ဝ၁ အီဂျစ်မှာ အကျိတ်ပလိပ်ကပ်သင့်တယ်။
၁၈၁၂ အီဂျစ်မှာ ပလိပ်ကပ်သင့်တယ်။
၁၈၁၆-၁၈၂၆ အာရှနဲ့ ဥရောပမှာ ပဌမဆုံးကာလဝမ်းရောဂါ၊
၁၈၂၉ သြစတေးလျမှာ ကျောက်ကြီးကပ်သင့်တယ်။
၁၈၂၉-၁၈၃၅ အီရန်မှာ အကျိတ်ပုလိပ်ကပ်သင့်တယ်။
၁၈၂၉-၁၈၅၁ အာရှနဲ့ ဥရောပမှာ ဒုတိယအကြိမ်ကာလဝမ်းရောဂါ၊
၁၈၃၁ အီဂျစ်မှာ ကာလဝမ်းရောဂါ၊
၁၈၂၃ အင်္ဂလန်နဲ့ ပြင်သစ်မှာ ကာလဝမ်းရောဂါ၊
၁၈၃၂-၃၄ မြောက်အမေရိကမှာ ကာလဝမ်းရောဂါ၊
၁၈၃၄-၁၈၃၆ အီဂျစ်မှာ ပလိပ်ရောဂါ၊
၁၈၄၈ အီဂျစ်မှာ ကလာဝမ်းရောဂါ၊
၁၈၄၈-၁၈၄၉ မြောက်အမေရိကမှာ ကာလဝမ်းရောဂါ၊
၁၈၅ဝ-၁၈၅၁ မြောက်အမေရိကမှာ တုပ်ကွေး၊
၁၈၅၁ မြောက်အမေရိကမှာ ကာလဝမ်းရောဂါ၊
၁၈၅၂-၁၈၆ဝ ရုရှားမှာ တတိယအကြိမ် ကာလဝမ်းရောဂါ၊
၁၈၅၃ ကိုပင်ဟေဂင်မှာ ကာလဝမ်းရောဂါ၊
၁၈၅၅-၁၉၅ဝ တတိယပုလိပ်ရောဂါက်ကြီး တကမ္ဘာလုံးမှာ၊
၁၈၅၇ သြစတေးလျမှာ ကျောက်ကြီးရောဂါ၊
၁၈၅၇-၁၈၅၉ ဥရောပနဲ့ တောင်-မြောက်အမေရိကမှာ တုပ်ကွေး၊
၁၈၆၅ နု့ ၁၈၈၁ အီဂျစ်မှာ ကာလဝမ်းရောဂါ၊
၁၈၆၆-၁၈၅၇ ရုရှားနဲ့ ဂျာမဏီမှာ ကာလဝမ်းရောဂါ၊
၁၈၇ဝ-၁၈၇၁ ဂျာမဏီမှာ ကျောက်ကြီးရောဂါ၊
၁၈၈၉-၁၈၉ဝ တကမ္ဘာလုံးမှာ တုပ်ကွေးရောဂါ၊
၁၈၉၉-၁၉၂၃ ဥရောပ၊ အာရှနဲ့ အာဖရိကမှ ခြောက်ကြိမ်မြောက် ကာလဝမ်းရောဂါကပ်ကြီးသင့်တယ်။
၁၉ဝဝ-၁၉ဝ၄ ဆန်ဖရန်စစ်စကိုမှာ တတိယအကြိမ် အကျိတ်ပုလိပ်ရောဂါ၊
၁၉ဝ၂ အီဂျစ်မှာ ကာလဝမ်းရောဂါ၊
၁၉ဝ၃ အိန္ဒိယမှာ ကာလဝမ်းရောဂါ၊
၁၉၁ဝ-၁၉၁၂ တရုပ်ပြည်မှာ အကျိတ်ပလပ်ရောဂါ၊
၁၉၁၈-၁၉၂ဝ တကမ္ဘာလုံးမှာ တုပ်ကွေးရောဂါ၊
၁၉၄၂-၁၉၄၄ အီဂျစ်မှာ ငှက်ဖျားရောဂါကပ်ကြီးသ်င့တယ်။
၁၉၄၆ တရုပ်ပြည်မှာ အကျိတ်ပုလိပ်ရောဂါ၊
၁၉၄၇ အီဂျစ်မှာ ကာလဝမ်းရောဂါ၊
၁၉၅၇-၁၉၅၈ တကမ္ဘာလုံးမှာ တုပ်ကွေးရောဂါ၊
၁၉၆၁ တကမ္ဘာလုံးမှာ ၇ ကြိမ်မြောက် ကာလဝမ်းရောဂါ၊
၁၉၆၈-၁၉၆၉ တကမ္ဘာလုံးမှာ တုပ်ကွေးရောဂါ၊
၁၉၇၁ နယ်သာလင်မှာ သူငယ်နာအကြောသေရောဂါ၊
၁၉၇၂ ယူဂိုဆလားဗီးယားမှာ ကျောက်ကြီးရောဂါ၊
၁၉၇၂-၁၉၇၃ အမေရိကမှာ တုပ်ကွေးရောဂါ၊
၁၉၇၄ အိန္ဒိယမှာ ကျောက်ကြီးရောဂါ၊
၁၉၆ဝ ကွန်ဂိုဒေသမှာ HIV/AIDS ကပ်ရောဂါစဖြစ်နေတာကနေ့အထိ၊
၁၉၉ဝ တောင်အာဖရိကမှာ ကာလဝမ်းရောဂါ
၁၉၉၄ အိန္ဒိယမှာ ပလိပ်ရောဂါ
၁၉၉၆ အနောက်အာဖရိကမှာ ဦးနှောက်မြှးရောင်ရောဂါ
၂ဝဝဝ ဗဟိုအမေရိကမှာ သွေးလွန်တုပ်ကွေး
၂ဝဝ၁ နိုက်ဂျီးရီးယားမှာ ကာလဝမ်းရောဂါ
၂ဝဝ၁ တောင်အာဖရိကမှာ ကာလဝမ်းရောဂါ
၂ဝဝ၂-၂ဝဝ၃ အာရှမှာ SARS ရောဂါ၊
၂ဝဝ၃ အယ်လ်ဂျီးရီးယားမှာ ပလိပ်ရောဂါ
၂ဝဝ၄ ဘင်္ဂလားဒက်ရှ်မှာ ကာလဝမ်းရောဂါ
၂ဝဝ၄ အင်ဒိုနီးရှားမှာ သွေးလွန်တုပ်ကွေး
၂ဝဝ၄ ဆီနီဂေါလ်မှာ ကာလဝမ်းရောဂါ
၂ဝဝ၄ ဆူဒန်မှာ အီဗိုလာ၊
၂ဝဝ၅ စင်္ကပူမှာ သွေးလွန်တုပ်ကွေး
၂ဝဝ၆ အင်ဂိုလာနဲ့ ကွန်ဂိုမှာ ကာလဝမ်းရောဂါ
၂ဝဝ၆ အိန္ဒိယမှာ ချစ်ကန်ဂူနာ (ဆင်ဖြူတော်တုပ်ကွေး)၊ ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေး
၂ဝဝ၆ ပါကစတန်နဲပ ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေး
၂ဝဝ၇ ကွန်ဂိုနဲ့ ယူဂန်ဒါမှာ အီဘိုလာ
၂ဝဝ၇ အီသီယိုးပီးယားမှာ ကာလဝမ်းရောဂါ
၂ဝဝ၇ အီရတ်မှာ ကာလဝမ်းရောဂါ
၂ဝဝ၇ နိုက်ဂျီးရီးယားမှာ ပိုလီယို သူငယ်နာအကြောသေ
၂ဝဝ၇ အလယ်ပိုင်းအမေရိကနဲ့ မက်ဆီကိုမှာ သွေးလွန်တုပ်ကွေး
၂ဝဝ၇ ဆိုမာလီမှာ ကာလဝမ်းရောဂါ
၂ဝဝ၇ ဗီယက်နမ်မှာ ကာလဝမ်းရောဂါ
၂ဝဝ၈ ဘရာဇီးလ်နဲ့ ကမ္ဘောဒီးယားမှာ သွေးလွန်တုပ်ကွေး
၂ဝ၈ ချတ်နိုင်ငံမှာ ကာလဝမ်းရောဂါ
၂ဝဝ၈ တရုပ်ပြည်မှာ ခြေ-လက်-ပါးစပ်ကူးစက်ရောဂါ၊
၂ဝဝ၈ မဂါဒါးစကားမှာ အကျိတ်ပုလိပ်
၂ဝဝ၈ ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေး
၂ဝဝ၈ ဗီယက်နမ်မှာ ကာလဝမ်းရောဂါ
၂ဝဝ၈-၂ဝဝ၉ ဇင်ဘာဗွေမှာ ကာလဝမ်းရောဂါ
၂ဝဝ၉ ဘိုလီးဗီးယားမှာ သွေးလွန်တုပ်ကွေး
၂ဝဝ၉ အိနိယ-ဂူဂျာရတ်မှာ အသည်းရောင်ဘီ
၂ဝဝ၉ သြစတေးလျမှာ သွေးလွန်တုပ်ကွေး
၂ဝဝ၉ တကမ္ဘာလုံးမှာ ပသိရောင်ရောဂါ
၂ဝဝ၉-၂ဝ၁ဝ အနောက်အာဖရိကမှာ ဦးနှောက်မြှေးရောင်
၂ဝဝ၉ တကမ္ဘာလုံးမှာ တုပ်ကွေး
၂ဝ၁ဝ ဟေတီမှာ ကာလဝမ်းရောဂါ
၂ဝ၁၁ ကွန်ဂိုမှာ ဝက်သက်
၂ဝ၁၁ ဗီယက်နမ်မှာ ခြေ-လက်-ပါးစပ်ကူးစက်ရောဂါ
၂ဝ၁၁ ပါကစ်စတန်မှာ သွေးလွန်တုပ်ကွေး
၂ဝ၁၂ တကမ္ဘာလုံးမှာ MERS
၂ဝ၁၃-၂ဝ၁၆ အနောက်အာဖရိကမှာ အီဗိုလာ
၂ဝ၁၃-၂ဝ၁၅ တောင်အမေရိကမှာ ချစ်ကန်ဂူနာ (ဆင်ဖြူတော်တုပ်ကွေး)၊
၂ဝ၁၄ မဒါကားစကားမှာ ပလိပ်ရောဂါ
၂ဝ၁၄-၂ဝ၁၅ အိန္ဒိယမှာ အသည်းရောင် အေ နဲ့ အီး ကူးစက်ရောဂါ
ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၆
No comments:
Post a Comment