Sunday, January 17, 2016

မိတ်ဆွေ သင်ဟာ ဘယ် ထဲပါသလဲ?



 ဘီးကျဲ
=====
ပထမဆုံးအနေဖြင့် ဘီးကျဲဆိုသောအဓိပ္ပါယ်အား အရင်ရှင်းပါမည် ...
ယောင်္ကျားလေး အိမ်ထောင်မရှိသူ လူလွတ်များအား အသက်(၃၀)မှစ၍ "ဘီးကျဲ" စာရင်းစတင်သွင်းနိုင်ပါသည် ...
"ဘီးကျဲ" ဖြစ်စေရန် ....
ငွေကြေး (သို့မဟုတ်) ရာထူး ပညာ တစ်ချက်ချက် ရှိရမည်ဖြစ်သည် ... ရုပ်ရည် အဓိကမကျပေ ... ဘီးကျဲတို့ ယေဘူယျသွင်ပြင်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည် ...


၁.၄င်းတို့၏ အဝတ်အစား
----------------------------
ခေတ်ပေါ်လူငယ်ဆယ်ကျော်သက်လေးများကဲ့သို့ ဘောင်းဘီပွပွ Rapper အကျီများအား မဝတ်ဆင်တတ်ပေ ... ဂျင်းဘောင်းဘီအကျပ်၊ စတိုင်ဘောင်းဘီ၊ တစ်ခါတရံ ဘောင်းဘီဒူးဖုံးများနှင့် တီရှပ် အမဲ/အဖြူ ဗြောင်များ၊ ရှပ်အကျီအကွက်များ ဝတ်ဆင်တတ်သည် ... ပွဲသွားပွဲလာများတွင် ပိုးပုဆိုးများ နာမည်ကျော် Brand အကျီ၊ လည်ကတုံးအဖြူ၊ ရှပ်အဖြူလက်ရှည်များဝတ်ဆင်သည် နေကာမျက်မှန်အား အချိန်ပြည့်နီးပါး တတ်ထားတတ်သည် ...
အကြောင်းမှာ ဆယ်ကျော်သက်စကီလေးများအား မျက်လုံးကျွတ်ကျမတတ် မှန်ထဲကခိုးကြည့်ရန်ဖြစ်သည် ...
ပိုက်ဆံအိတ်မှာလည်း တစ်ဒေါင်နီးပါးရှိသော အိတ်ထဲတွင် အောက်ထစ် ထသွားထလာပင် (၁) သိန်းကျော် (၂) သိန်း အနဲဆုံးထည့်ထားလေ့ရှိသည် ...


၂. ၄င်းတို့၏ အနေအထိုင်အပြောအဆိုများ
-------------------------------------
လူအများနှင့်စကားပြောရာတွင် လွန်စွာသိမ်မွေ့ညှင်သာသည် ... စကားလုံးအကြီးကြီးများပြောတတ်သည် ... လုပ်ငန်း ရာထူး အကြီးကြီးများလုပ်ကိုင်သူများနှင့် ငယ်ငယ်ထဲက ဂေါ်လီရိုက်ဖက်သဖွယ် ပြောတတ်သည် ...
တစ်ဖက်သား အထူးသဖြင့် ဆယ်ကျော်သက်စကီလေးများအား သူ့ကိုယ်သူရင့်ကျက်ဟန် ကိုယ်ချင်းစာနာမှုရှိဟန် သူ့အား အားကိုးချင်လာအောင်ပြောတတ်သည် ...


၃.စီးလေ့ရှိသော မော်တော်ယာဉ်
----------------------------
ပေါ့ပေါ့ပါးပါး ဆီစားသက်သာသော ကားအသေးလေးများမစီးပေ ... ဆီစားများသော ကိုယ်ထည်ကြီးမားသော
လန်ခရူဆာ၊ ပါကျဲရိုး၊ အဲလ်ဖတ်ကဲ့သို့သော ကားများအား အထဲသို့မမြင်စေရန် မှန်အနက်အပြည့်ကပ်ပြီးစီးလေ့ရှိတတ်သည် ... ဆိုင်ကယ်ဆိုလျှင်လည်း ဆီစားများ သိန်း (၃၀) ခန့် အောက်ထစ်ပေးရသော တဝူးဝူး နှင့်မြည်သောဆိုင်ကယ်များအား စီးလေ့ရှိသည် ...


၎.သုံးလေ့ရှိသော မူးယစ်စေသည့်အရာများ
-------------------------------------
အရက်ဆိုလျှင် အနည်းဆုံး(၅)သောင်းဝန်းကျင်ရှိ အရက်များအား လူအများရှေ့တွင် (၂)ပက်လောက် လူမြင်ကောင်းအောင်သာ သောက်ပြလေ့ရှိသည် ... ဘီယာဆိုလျှင်လည်း (၄/၅)ခွက်သာသောက်သည် ... ကျန်သည့်ပုလင်းအား ကားထဲထည့်ထားလေ့ရှိတတ်သည် ... ၄င်းတို့သည် လူအများရှေ့တွင် ကြည့်ကောင်းအောင် အနည်းငယ်သာသောက်လေ့ရှိသည် ... စွဲစွဲမြဲမြဲ သုံးတတ်သည်ကတော့ ဈေးကြီးပေးဝယ်ရသော ခေတ်ပေါ် မူးယစ်စေသော ဆေးဝါးများသုံးစွဲလေ့ရှိသည် ... အနံ့လည်းမထွက် လူအမြင်လည်းကောင်းသောကြောင့်ဟုထင်သည် ... တော်ရုံ ဘီယာဆိုင်လောက်တွင် ထိုင်လေ့မရှိပဲ နိုက်ကလပ်၊ ဘား စသော ညလုံးပေါက် နေရာများသို့သာ သွားလေ့ရှိသည် ... လူမမြင်စေရန်လည်းပါသည် ...


၅. သုံးစွဲလေ့ရှိသော E accssories များ
----------------------------------
ဖုန်းဆိုလျှင် အနည်းဆုံး(၃)လုံးလောက်ကိုင်သည် ... iPhone လိုမျိုးတစ်ခု (၁၀)လက်မဝန်းကျင်ခန့်ရှိသော အပြားကြီးများ ဈေးကြီးသော Brand များသာကိုင်လေ့ရှိသည် ... လူအများရှေ့တွင် ထိုအပြားကြီးအား အလုပ်အင်မတန်များသယောင် ပွတ်ပြမည် ... သို့သော် သင်မသိသေးသည့်အချက်ကား စကီလေးများအား တစ်ယောက်ဖုန်းနံပတ်တစ်ခုပေးပြီး ကီးပက် ဟန်းဆက် အတော်များများအား ကားထဲတွင် ဟိုချောင်ထိုး ဒီချောင်ထိုး ထားလေ့ရှိသည် ...


၆.ဘီးကျဲတို့၏ ရည်ရွယ်ချက်
-------------------------
၎င်းတို့သည် ရည်းစားဟူ၍လည်း သတ်သတ်မှတ်မှတ်မထားလိုပေ ... ဒီစကီလေးနဲ့ခဏတွဲ ခဏနေ နောက်စကီလေးပြောင်း အတည်တကျ အိမ်ထောင်ပြုဖို့ရန် တော်တော်ဝေးသေးသည် ... မိဘများမှ အိမ်ထောင်ပြုရန်ပြောသော်လည်း စိတ်မဝင်စားသလို တစ်ကိုယ်တည်းပဲ နေချင်သလိုပြန်ပြောမည် ... အမှန်တွင်တော့ အိမ်ထောင်ပြုလိုက်လျှင် မကဲရသောကြောင့်ဖြစ်သည် ...
သင်သိသော အချက်များအားလည်းအကြံပေးစေလိုသည် ...


Credit: Han Maw Kaung


==================<<>>==================


�� ကြီး ��


ကြီး ဆိုတာ…


မော်ဒယ်မြင့်ကားတွေလိုမျိုးပဲ
ခန့်တယ် ၊ ထည်တယ် ၊ အင်ဂျင်မြင့်တယ်
Classic ရှိစွာ ခမ်းနားတယ် ...


လန်းမနေဘူး ၊ လန်မနေဘူး
အထာကျကျတော့ ဝတ်စားတတ်တယ်။
လုံးပြောင်နေတဲ့ ဂေါ်လီမဟုတ်ဘူး
အကွက်ဖော်ထားတဲ့ စိန် …


တည်ငြိမ်တယ် ၊ သွေးအေးတယ်
အတွေ့အကြုံများလို့ စဉ်းစားတတ်တယ်။
စိတ်ဓာတ်ပြည့်ပြီး သဘောကောင်းလို့
အပေါင်းအသင်းလည်း များတယ်
အသိုင်းအဝိုင်းလည်း ကျယ်တယ် ...


ပေမှီ ၊ ဒေါက်မှီ ခပ်တည်တည်ပဲ နေတတ်တယ်
လိုအပ်လာရင်တော့ … ဣစ္ဆာသယ မဟုတ်ပေမယ့်
အိပ်ရာထကနေ ၊ အိပ်ရာဝင်ချိန်ထိ
ပျော်စရာတွေချည်း ဖန်တီးပေးနိုင်တယ် ...


ကြင်နာတတ်တယ် ၊ ယုယတတ်တယ်
မြတ်နိုးတတ်တယ် ၊ တွယ်တာတတ်တယ်။
ဘာကိုမှ ပေါ့ပေါ့လေးမတွေးလို့
တန်ဖိုးထားပြီး တလေးတစားလဲ ချစ်တတ်တယ် …


နှလုံးသား လှ ၊ အရည်အချင်း ဝ
ကွက်ကျော်မြင်၏ ၊ အလိုက်သိ … ဆိုတာ
ကွီးတို့ရဲ့ ဂုဏ်ပုဒ်တွေ ~~~


အလွမ်းစကား မပြောဘူး ၊ ဗန်းစကား မပြောဘူး
ဘေထည်တွေမဟုတ်လို့ ၊ Brand လိုပဲကျင့်သုံးတယ်
လေ့လာကြည့်ရင် သိပါလိမ့်မယ် …


ကွီးတို့က ပျော် ပျော် ပဲ နေ တတ် တယ် …
��


Credit to Myat Mon


ကွီးတို့က ပျော်တတ်တယ်၊ ကပ်စေးမနည်းဘူး၊ အလိုက်သိတယ်၊ ပြီးတော့ လက်မြန်တယ်။ ကွီးတို့နဲ့ တွဲမယ်ဆို ခေးသိထားဖို့က ...


>- ချာတိတ်လေးတွေလို ကိုရီးယား Style ဘာညာဝတ်မှာ မဟုတ်ဘူး။ စိတ်လည်း မဝင်စားဘူး။ ကွီးတို့ဝတ်မှာ သက်တောင့်သက်သာရှိဖို့နဲ့ သပ်ရပ်ဖို့အတွက် ...


>- Six-Pack ရှိမှာ မဟုတ်ဘူး။ ဗိုက်ပါရှိချင် ရှိမယ်။ ဒါပေမယ့် နေရာတခုကို ဝင်သွားရင်တော့ ဘယ်သူမှ မခန့်လေးစားမပြောရဲလောက်တဲ့ အဟန့်ရှိတယ် ...


>- ချာတိတ်လေးတွေလို ခေးကလိုက်ကပ်နေစရာ မလိုဘူး။ ကွီးတို့ ဘာလိုချင်တယ်ဆိုတာ ကွီးတို့သိတယ် ခေးကို ဘာပေးရမယ်ဆိုတာလည်းသိတယ်။ စကားပြောဖော်သက်သက် မဟုတ်ဘူး။ ခေးပညာရေး၊ အလုပ်အဆက်အသွယ်အားလုံးကအစ ကူညီဖို့အတွက် ကွီးတို့မှာ အသိုင်းအဝိုင်းလေးတခုတော့ ရှိပြီးသား ...


>- အချိန်တိုင်း ပိကျိပိကျိ ဖုန်းခေါ် Chat လုပ်ဖို့ မအားဘူး။ ဒါပေမယ့် တွေ့ရင်တော့ တကယ်ကို ခေးကို အချိန်ပေးပြီးတွေ့မှာ ခေးကိုပဲ အာရုံစိုက်ပြီးတော့ ...


>- တော်ရုံ ခေးစားချင်တာ၊ သွားချင်တာ၊ လိုချင်တာ တော်တော်များများ လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ချူမယ့်အထာတော့ မချိုးပါနဲ့ ချစ်လို့လုပ်ပေးပေမယ့် ဖြတ်သန်းလာတဲ့ အသက်နဲ့အတွေ့အကြုံတွေအရ ငတုံးတွေ မဟုတ်ကြတော့ဘူး ...


>- ခေးကို သစ္စာရှိပါလို့ လိုက်ချောင်းမနေဘူး။ ခေးဘက်က အနံ့ထွက်လာတာနဲ့ ရှောင်သွားပြီ။ ပြီးတော့ ကွီးဘော်ဒါတွေကိုပါ ရှောင်ခိုင်းပြီးပြီ။ ကွီး ပေါက်ကရလုပ်မိရင်လည်း ပတ်ပြေးနေမှာမဟုတ်ဘူး။ လုပ်ရင်လုပ်တယ်ပြောပြီး ရှင်းလိုက်မှာပဲ။


>- ကွီးတို့က ခေးမပေးချင်တဲ့အရာကို ဇွတ်မယူဘူး၊ လိမ်မယူဘူး။ ပေးတုန်းကပေးပြီး နောက်မှချုပ်တာလည်း မခံဘူး။ နှစ်ဦးနှစ်ဖက်ကျေနပ်မှ သာသာယာယာ ခရီးဆက်တယ် ...


Credit - မောင်သွေးစစ်

No comments: