Wednesday, November 7, 2012

ကျန်းမာရေးအမေးအဖြေ (နံပါတ် ၆၀)


1. ကိုယ့်ကလေးဟုတ် မဟုတ် စစ်ဆေးဖို့ဘာတွေများ လိုအပ်ပါသလဲခင်ဗျာ။
2. ဓမ္မတာလာရင် ကိုယ်ဝန် မရှိဘူးလို့ သိရပါတယ်။
3. ကိုယ်ဝန်ရှိမရှိ ဆီးစစ်တဲ့ဟာတွေက သေချာအဖြေပေးနိင်လား။
4. ဆီးစစ်တံနဲ့ စစ်ကြည့်တော့ အပြာတရစ်ပြတယ်။
5. အဲဒါ ဆေးသောက်လို့ရမှာလား ဆေးခန်းရှာပြီး ဖျက်မှရမှာလား။
6. သို့ပါသော်လည်း ရာသီသွေး ယခုထိ မပေါ်သေးပါ။
7. စမ်းသပ်ကြည့်တော့ သမီးမှာ ကိုယ်ဝန်တစ်လခွဲနီးပါး ရှိနေပါတယ်။
8. Marvelon birth control pills နဲ့ပတ်သတ်ပြီး ရှင်းပြပေးပါရှင်။
9. ရာသီ ဒုတိယရက်မှာရော ဆေးကို စသောက်လို့ ရပါသလားရှင့်။
10. အသက်တွေလဲ ကြီးလာပြီဆိုတော့ ကလေးအရမ်းလိုချင်နေပါတယ်။
11. ရာသီပြန်လာအောင် ကေသီပန် သွေးပုပ်ချဆေး သောက်ရင်ကော ရမလား။
Fri, Aug 3, 2012 at 10:36 AM
ဆရာခင်ဗျ ကလေးမွေးပြီး ကိုယ့်ကလေးဟုတ် မဟုတ် စစ်ဆေးဖို့ဘာတွေများ လိုအပ်ပါသလဲခင်ဗျာ။ မြန်မာနိုင်ငံမှာရော စစ်လို့ ရနိုင်ပါသလားဗျာ။

မြန်မာပြည်ထဲမှာ ရ-မရ ဆရာမသိလှပါ။
• Blood Grouping (A, B, AB, O) အေ၊ ဘီ၊ အေဘီ၊ အို သွေးအုပ်စု ဇယား http://dts-medicaleducation.blogspot.com/2011/11/b-ab-o.html နဲ့
• DNA testing မျိုးဗီဇစမ်းခြင်း http://dts-medicaleducation.blogspot.com/2011/04/dna-testing.html တွေကိုဖတ်နိုင်ပါတယ်။

Sat, Aug 4, 2012 at 11:11 AM
ကျွန်တော့် ကောင်မလေး အသက် ၂၅ နှစ် ရာသီမလာတာ ၃ လရှိပြီ ဆီးစစ်ကြည့်တာ မျဉ်းတစ်ကြောင်းပဲပြတယ်။ အဲဒါတွေက သေချာလား။ သူနဲ့ တစ်လတစ်ခါ အတူနေတယ်၊ ဒါပေမယ့် အပြင်ကို ထုတ်လိုက်တယ်။ မပြီးခင်ထွက်တဲ့ အရည်ကြည်က ကိုယ်ဝန်ရနိင်လား။ သူမ အရင်တုန်းက ရာသီထိန်တာ ၃ လောက်ကြာဖူးတယ်လို့ ပြောတယ်။ ရာသီထိန်ရင် ဘယ်လောက် အများဆုံး ကြာတက်လဲ။ ကိုယ်ဝန်ရှိမရှိ ဆီးစစ်တဲ့ဟာတွေက သေချာအဖြေပေးနိင်လား။ ဘယ်လို ဆရာဝန်တွေ သွားပြရမလဲ။ သူကပြရမှာ ရှက်နေတယ်။

Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း ကိုဖတ်ပါ။

Sat, Aug 4, 2012 at 1:07 PM
ကျွန်မကတော့ အခုအသက် (၃၄) နှစ်ပါ။ အိမ်ထောင်ကျတာကတော့ (၁ဝ)လရှိပါပြီ။ အမျိုးသားက (့) မှာ အလုပ် လုပ်ပါတယ်။ မင်္ဂလာဆောင်စဉ်တုန်းက (၁) လ၊ ၂ဝ၁၂ ခုနှစ် (၄) လပိုင်းတုန်းက (၁)လ အမျိုးသားနဲ့ အတူတူ နေရပါတယ်။ အခု ကျွန်မက ကလေးလိုချင်လို့ အမျိုးသာာရှိတဲ့ (့) ကို (့) ရက်နေ့က အလည် လာခဲ့ပါတယ်။ အခုဆိုရင် အမျိုးသားနဲ့ အတူတူနေတာ (၁) လပြည့်တော့မယ်။ ကိုယ်ဝန်ရှိတဲ့ အရိပ်အယောင် မတွေ့ရပါဘူး။ ဓမ္မတာလည်း ပုံမှန်အတိုင်း သြဂုတ် (၁) ရက်နေ့က လာပါတယ်။ ကျွန်မ အရမ်းစိတ်ညစ်မိပါတယ်။ ဓမ္မတာလာရင် ကိုယ်ဝန် မရှိဘူးလို့ သိရပါတယ်။ ကျွန်မက (့) ရက်နေ့လောက် ရန်ကုန်ကို ပြန်ရတော့ပါမယ်။ အမျိုးသားနဲ့ အတူတူနေစဉ်မှာ ကိုယ်ဝန်ရှိအောင် ဘာဆေးတွေသောက်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲဆိုတာကို ညွှန်ကြားပေးစေချင်ပါတယ်။
စာတွေပို့လိုက်ပါတယ်။ ဖတ်ရတာ များနေမလားဘဲ။ ဒါတောင် ကျန်သေးတယ်။ ကျန်းမာ-ချမ်းသာ-သားသမီးရတနာတွေ ထွန်းကားကြပါစေ။
• Infertility (1) ကလေးမရနိုင်သေးခြင်း (၁)
• Infertility (2) ကလေးမရနိုင်သေးခြင်း (၂)
• Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁)
• Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) တွေကိုဖတ်ပါ။

Sat, Aug 4, 2012 at 6:35 PM
ကျွန်တော် ကောင်မလေးနဲ့ ဇူလိုင် ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ တူတူနေခဲ့ပါတယ်။ ၂ ခါဆက်ဆံပါတယ်။ ကောင်မလေး ရာသီလာမဲ့အချိန်က သြဂုတ် ၁ဝ ရက်နေ့မှ လာမှာပါ။ သုက်ရည် မဝင်တဲ့အတွက် တားဆေးမစားခိုင်ခဲ့ဘူး။ ခု ၅ ရက်လောက်ပဲ ရှိသေးတယ် ကောင်မလေးက အန်နေတယ်။ အဲလောက်တောင် မြန်ပါသလား။ စိတ်မချလို့ ဆီးစစ်တံနဲ့ စစ်ကြည့်တော့ အပြာတရစ်ပြတယ်။ အဲဒါဘာကို ဆိုလိုတာလဲ။ ဆီးစစ်တံ အညွှန်းက အင်္ဂလိပ်လိုရေးထားတော့ ကျွန်တော် မဖတ်တတ်ဘူး။ ကောင်မလေးမှာ တကယ်ပဲ ရှိနေပြီလားဆရာ။ ရှိ-မရှိရယ်၊ ဘယ်လို ဆီးစစ်တံ သုံးရတယ်ဆိုတာ သိပါရစေ။ ဘယ် နှစ်ရစ်ပြရင် ရှိပါသလဲ။ ကျွန်တော့် နာမည်က (့) ပါ။

ကိုယ်ဝန်အတွက် ဆီးစစ်တာ အမျိုးအစားတွေက များတယ်။ တကြောင်းသာပြရင် မရှိတာဖြစ်မယ်။ သုံးတဲ့အမျိုးအစားတော့ မသိပါ။ အန်တာက ကိုယ်ဝန်ကြောင့် ဟုတ်-မဟုတ် ပြောမရသေးပါ။ ကိုယ်ဝန်ဆိုရင်လဲ ၂ လကနေ ၄ လ အတွင်းမှာ ဖြစ်တတ်တယ်။ အင်္ဂလိပ်လိုရေးတာကို သိချင်သေးရင် စကင် လုပ်ပြီး ပို့ပေးနိုင်ပါတယ်။

Mon, Aug 6, 2012 at 9:54 AM
ကျွန်တော် ချစ်သူနဲ့ အတူနေရင်း သူ့မှာ ကိုယ်ဝန်ရှိသွားလို့ပါ။ သူနဲ့ကျွန်တော်နဲ့ ချစ်သူသက်တမ်း (၄) နှစ်ကျော်ပါပြီ။ ယူဖို့ပြောတော့လည်း စောသေးတယ်လို့ပြောပါတယ်။ ကျွန်တော့်အသက်က ၂၈ နှစ်ရှိပါပြီ။ သူက ၂၆ နှစ်ပါ။ အခု သူ့မှာ ကိုယ်ဝန်က ၁ လကျော်သွားပြီ။ ဒီနေ့မနက် ဆီးစစ်တဲ့ဟာနဲ့ စစ်ကြည့်တော့ အနီရောင်လိုင်းလေး (၂) လိုင်း ပြနေတယ်။ အဲဒါ ဆေးသောက်လို့ရမှာလား ဆေးခန်းရှာပြီး ဖျက်မှရမှာလား။ ကူညီပါအုံးဆရာ။

ဒီဆုံးဖြတ်ချက်ဟာ လူမှုရေးဖြစ်လို့ ဆရာဝန်ကနေ အကြံမပေးသင့်ပါ။ ကိုယ်ဝန်ဖျက်တာတွေ ကျွန်တော် လုံးဝအားမပေးပါ။ လုပ်မပေးပါ။ အကြံမပေးပါ။ မြန်မာပြည်က ဆေးစာသင်ထားသူဖြစ်လို့ တရားဥပဒေအရလဲ ညိစွန်းပါတယ်။ ဆေးပညာသုတ အတွက်သာ စာတွေစုံအောင်ရေးလို့ ဒီအကြောင်းအရာလဲ ပါနေတယ်။ နည်းလမ်းတွေ၊ အဆိုး-အကောင်းတွေ ရေးထားပါတယ်။

Sun, Aug 5, 2012 at 10:48 PM
ကျွန်တော့ အမျိုးသမီး ကလေးမွေးဖွားပြီးတာ သုံးလရှိပါပြီ။ အမျိုးသမီး အသက်မှာ ၃၂ နှစ်ဖြစ်ပြီး ကလေးကို ခွဲစိတ် မွေးဖွားခဲ့ပါတယ်။ မည်သည့်ဆေးမှ သောက်သုံးခြင်းလည်းမရှိပါ။ သို့ပါသော်လည်း ရာသီသွေး ယခုထိ မပေါ်သေးပါ။ နို့တိုက်မိခင် ရာသီသွေးပြန်ပေါ်တဲ့အချိန် မည်သို့ကွဲပြားပါသလဲ။

အဲလိုဖြစ်တတ်ပါတယ်။ ကလေးဖွါးပြီးနောက် ရာသီပြန်ပေါ်ချိန်က တယောက်နဲ့ တယောက် မတူကြဘူး။ မသိလိုက်လို့ နောက်ကိုယ်ဝန်ထပ်ဆောင်တာလဲဖြစ်ကြတယ်။ ကလေးကိုနို့တိုက်သူတွေက နောက်ကိုယ်ဝန်ရဘို့ နှေးတတ်တယ်။ ဒါပေမဲ့ နောက်ကလေး မလိုချင်သေးရင် ဟော်မုန်း (၁) မျိုးတည်းသာပါတဲ့ စားဆေး (Mini pill) Progestin-only birth control pill လို့လဲခေါ်တာ သောက်သင့်တယ်။ တားဆေး ထိုးဆေး Depo Provera 150mg လဲ ထိုးနိုင်တယ်။ (ကွန်ဒွမ်) လည်းသုံးနိုင်တယ်။ IUCD (Copper T) လဲထည့်နိုင်တယ်။

Mon, Aug 6, 2012 at 11:29 AM
စမ်းသပ်ကြည့်တော့ သမီးမှာ ကိုယ်ဝန်တစ်လခွဲနီးပါး ရှိနေပါတယ်။ အဆင်သင့် မဖြစ်သေးတဲ့အတွက် Mifepristone 25mg ၆ လုံးကို ၃ ရက်သောက်ပြီး ၄ ရက်မြောက်နေ့မှာ Misoprostol 02mg ၃ လုံးကို သောက်ပါတယ်။ သောက်ပြီးချင်းမှာ သွေးဆင်းပါတယ်။ များတယ်လို့ ပြောလို့ရပါတယ်။ မရိုမသေပါ အတုံးတွေလဲ ဆင်းပါတယ်။ ဝမ်းလျှောသလိုလဲ ဖြစ်နေပါတယ်။ ဒီလိုမျိုးတွေ ဆင်းနေခြင်းဖြင့် အထဲမှာ ကိုယ်ဝန်မရှိတော့ဘူးဟု ယူဆလို့ ရနိုင်ပါသလားရှင့်။ ဒီလိုသွေးဆင်းတာ ဘယ်နှစ်ရက်လောက်ကြာနိုင်ပါသလဲရှင့်။

ပျက်သွားတာဖြစ်ပါမယ်။ ဆီးစစ်ကြည့်ရင်တော့ ကိုယ်ဝန်ရှိတာဘဲပြလိမ့်မယ်။ ထပ်သေခြာချင်ရင် ဆရာဝန်ကနေ လက်-မျက်စိနဲ့စမ်းတာ နဲ့ Ultrasound ရိုက်တာလုပ်ရတယ်။ အထဲမှာ ဆင်းစရာများသလောက် သွေးဆင်းတာ များတယ်။ ဖြေးဖြေးဆင်းနေရင် ရက်ကြာမယ်။

Sun, Jan 29, 2012 at 4:02 PM
Marvelon birth control (oral) pills နဲ့ပတ်သတ်ပြီး ရှင်းပြပေးပါရှင်။ ကျွန်မ တားဆေး အရင်က တစ်ကြိမ်မှ မသုံးဖူးပါ။ အခု ကျွန်မချစ်သူနဲ့ အတူနေရန် ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ဆွေးနွေးတော့ တားဆေးအဖြစ် ၂၁ လုံးပါတဲ့ Marvelon ဆေးကိုပေးပါသည်။ Marvelon (015 mg desogestrel and 003 mg ethinyliestradiol) ဖြစ်ပြီး company အမည်မှာ Schering-Plough ဖြစ်ပါသည်။ ပြည်ပနိုင်ငံငယ်တစ်ခုတွင် နေထိုင်သူဖြစ်ပါသည်။ ဆရာဝန်မှ ထိုဆေးကို ရာသီစလာတဲ့ရက်မှ စ၍တစ်နေ့ တစ်လုံးသောက်ရန်နှင့် အချိန်အတိအကျသောက်ရန် မှာကြားလိုက်ပါသည်။ ထိုဆေးကို အခု လရာသီစလာသည့်နေ့မှစ၍ တစ်လုံးစီ စသောက်ပါသည်။ ကျွန်မ ချစ်သူနှင့်တော့ အတူမနေသေးပါ။ သောက်တာ ၂ ရက်မြောက်ပါ။ ထိုဆေးကို ၂၁ လုံးပြီးအောင် သောက်ပြီးချိန် ၇ ရက်နားရမည်၊ ထို ၇ ရက်ပြီးမှ နောက် ဆေးတစ်ကပ် စသောက်ရမည်ဟု ပြောပါသည်။ ထိုဆေးမသောက်သော ၇ ရက်အတွင်း အမျိုးသားနှင့် အတူနေလို့ ရပါသလား။ နောက် ယခု ရာသီ ပထမရက် ဆေးစသောက်ပြီးချိန်မှစ၍ ဘယ်နှစ်ရက်နေမှ ဆေးမှာ affect ဖြစ်ပါသလဲ။ ဆေးစသောက်ပြီးတဲ့ရက်မှ ဘယ်နှစ်ရက်မြောက်မှစ၍ အမျိုးသားနဲ့ အကာအကွယ်မပါဘဲ အတူနေလို့ ရပါသလဲ။ ကျွန်မ အသက်က (၂၆) နှစ်ပါ။

မှန်ပါတယ်။ ဟော်မုန်း ၂ မျိုးတွဲပါတယ်။ ၂၁+၇ = ၂၈ လုံးပါဆေးမျိုးနဲ့ အတူတူပါဘဲ။ ရာသီစလာတဲ့နေမှာ စသောက်ရင် အဲဒီကတည်းက တားပေးမယ်။ ၂၁ လုံးပြီးလို့ နားနေတုံးမှာ ရာသီပြန်ဆင်းမယ်။ ဆင်းတာနဲ့ နောက်တကပ်သောက်ပါ။ နားရက်တွေမှာလဲ တားထားပေးပါတယ်။ နေလို့ရပါတယ်။

Mon, Aug 6, 2012 at 7:26 AM
အောက်မှာ မေးမြန်းထားတဲ့အတိုင်း ၂၁ လုံးဆေးကပ်ကို သောက်နေပါတယ်။ ပုံမှန်အားဖြင့် ရာသီစလာတဲ့နေ့မှာ အသစ်တစ်ကပ် စသောက်လိုက်ပါတယ်။ အခု အခေါက်မှာတော့ ဆေးက ဝယ်မရဖြစ်နေတဲ့အတွက်၊ ရာသီ ဒုတိယရက်မှာရော ဆေးကို စသောက်လို့ ရပါသလားရှင့်။ မရခဲ့ရင်လဲ နောက်တစ်လ ရာသီလာတဲ့အထိ စောင့်ရမလားရှင့်။

ရပါတယ်။ ၃-၅ ရက်ထက်နောက်ကျရင်တော့ ပဌမ တပတ်မှာ အရံတားနည်းတခုခုသုံးပါ။

Mon, Aug 6, 2012 at 1:45 PM
ကျွန်မ အသက် (၃၁) နှစ်၊ အမျိုးသားက (၃၅) နှစ်ပါ။ ကျွန်မတို့လင်မယား ကလေးအရမ်း လိုချင်ပါတယ်ရှင်။ ဆရာရေးထားသော စာများကို အမြဲဖတ်ပါတယ်။ ၂ ယောက်စလုံး နိုင်ငံခြားမှာ အလုပ်လုပ်နေသာကြောင့် ဆရာဝန်ပြဖို့ အခက်အခဲ ရှိပါတယ်ရှင်။ ကျွန်မ အရပ်က ၅ပေ ၂လက်မခွဲ၊ အလးချိန်က၅၂ ကီလို ရှိပါတယ်။ ရာသီလဲ လစဉ်မှန်ပါတယ်။ မည်သည့် တားဆေးမှလဲ မစားပါ။ မထိုးပါ။ ၂ နှစ်တိတိရှိပါပြီ။ မျိုးဥထွက် မထွက်သိချင်လို့ ဆရာ့စာများဖတ်ပြီး Ovulation kits ဝယ်သုံးပါတယ်၊ မျဉ်း၂ကြောင်း ပြပါတယ်။ မျိုးဥထွက်တယ်ပေါ့နော်။ ကျွန်မ ရာသီလဲမှန်၊ မျိုးဥလဲကြွေသားနဲ့ ဘာဖြစ်လို့မရနိုင်လဲဆိုတာ အမျိုးမျိုးစဉ်းစားပါတယ်။ ဆရာ့စာတွေထဲမှာ ရေးထားတဲ့ သားဥပြွန် ကျဉ်းရင်၊ ပိတ်နေရင်လဲ ကလေးမရနိုင်ဘူးဆို၊ မျိုးဥကြွေပြီး သားဥပြွန်ပိတ်နေရင်လဲ မရနိုင်ဘူးလား။ သားဥပြွန် ပိတ်၊ မပိတ် ဘယ်လိုသိနိုင်မလဲ။ အသက်တွေလဲ ကြီးလာပြီဆိုတော့ ကလေးအရမ်းလိုချင်နေပါတယ်။ Folic Acid လဲ သောက်ပါတယ်။ တလတလ ကိုယ်ဝန်ရှိလာမလားလို့ မျှော်ရတာလဲအမောပါ။ ရာသီကလဲ အချိန်မှန်ကို လာနေတာပါဘဲ။ ရာသီရက်က ၅ ရက်ပါ။

နှစ်ယောက်စလုံး အသက်မကြီးကြသေးပါ။ သားသမီးတွေထွန်းကားဘို့ အချိန်တွေ အများကြီးရှိပါတယ်။ စာတွေလဲ ဖတ်ထားတယ်ဆိုတော့ အကြောင်းတရားတွေ သိထားမှာပေါ့။ မ-မျိုးဥထွက်တာ စိတ်ချမ်းသာစရာဖြစ်ပါတယ်။ သားအိမ်ပြွန်ကျဉ်းနေတာက (အာလ်ထွာဆောင်း) နဲ့ စစ်မှသာသိမယ်။ အဖြူခဏခဏဆင်း၊ မွေးလမ်းကြောင်းရောင်တာ ဖြစ်သူမှာသာ ပြွန်ကျဉ်းပါမယ်။ ခင်ပွန်းဖြစ်သူကိုလည်း ဖြစ်နိုင်ရင် သုက်ပိုး စစ်သင့်ပါတယ်။ အတူနေသင့်တဲ့ရက်တွေ၊ စားသင့်တဲ့ အစားအသောက်တွေလဲ ဖတ်ဖြစ်မယ်၊ လိုက်နာဖြစ်မယ် ထင်ပါတယ်။ စိတ်ရှည်ပါ။ စိတ်မှာ ယုံကြည်မှု အပြည့်ထားပါ။ စိတ်ခွန်းအားရော ဘာသာရေးအစွမ်းကိုလဲ အသုံးချပါ။ သားသမီးရတနာတွေ ထွန်းကားကြပါစေ။

Mon, Aug 6, 2012 at 4:59 PM
သမီးနဲ့ သမီးချစ်သူက ၇ လပိုင်း ၁၅ နဲ့ ၁၆၊ ဆက်ဆံမိတာပါ။ ဒါတောင် အချိန်ပိုင်းလေးပါ။ ဒါပေမဲ့ ဆေးကတော့ ၁၇ ရက်နေ့ကမှ စသောက်မိတာပါ။ ခုချိန်ထိသောက်နေတုန်းပါ။ ခုချိန်ထိတော့ ချင်ခြင်းတက်တာလည်း မဖြစ်သေးဘူး။ ဖြစ်တာဆိုလို့ ရင်ထဲမှာ ပူပြီး အန်ချင်တာလေးပဲ ရှိသေးတယ်။ ခုချိန်မှာ အန်ချင်တယ်ဆိုတာ ကိုယ်ဝန်ရှိနိုင်တယ်ဆိုတဲ့ အခြေအနေပါလား။ အရင်တုန်းကတည်းက အစားများများ စားလိုက်ရင် အန်ချင်လာပါတယ်။ အဲ့ကြောင့်များလားဆိုပြီးတော့လည်း ပါပါသေးတယ်။ အစားများလို့ အန်ချင်တာလားပေါ့။ အစားများလို့ အန်တာနဲ့ ကိုယ်ဝန်ရှိလို့အန်တာ ဘယ်လိုခွဲလို့ရပါသလဲ။ ဆီးစပ်က သူနဲ့ဆက်ဆံပြီးကတည်းက စပ်နေတယ်။ အဲ့ဒါကကော ဘာ့ကြောင့်များလည်း။ ဆီးသွားတိုင်းစပ်နေတာ။ ခုလာမဲ့ ၁၃ ရက်ရောက်ရင် ၂၈ ရက် ဆေးကကုန်ပြီ။ အဲ့ဒါကို ရပ်လိုက်တော့မယ်။ ရတယ်မဟုတ်လား။ ရပ်လိုက်ပြီးတာနဲ့ သမီး ဆီးစစ်မယ်ဆိုရင် သေချာသိနိုင်ပြီမဟုတ်လား။ အဲ့နောက်ပိုင်း ရာသီပြန်လာအောင် ကေသီပန် သွေးပုပ်ချဆေး သောက်ရင်ကော ရမလား။ ဒါမှမဟုတ် တစ်ခြားဘာဆေးသောက်ရင် ရမလဲ။ သူများတွေပြောတာ ကြားဖူးတာတော့ ဂျင်းထန်းညက်ပြုတ်ရည်က ကိုယ်ဝန်မရဘူးလို့ ဆိုပါတယ်။ အဲ့ဆေးကုန်ပြီးတဲ့ နောက်ပိုင်းကော ဆက်သောက်ရင် ရတယ် မဟုတ်လား။ ရာသီသွေးပြန်လာအောင်ကော ကလေး မရအောင်ပါ ဘာဆေးတွေ ဘယ်လိုသောက်ရင် ရလဲသိချင်ပါတယ်။ ရန်ကုန်မှာ ဘယ်ဆရာဝန်နဲ့ဘယ်လိုပြသင့်တယ်၊ ဘယ်ဆေးခန်းမှာ ပြသင့်တယ်ဆိုတာလေးလည်း အကြံပေးစေချင်ပါတယ်။ အဲ့လို ဆေးအကြောင်း ဗဟုသုတတွေ လိုက်လံ ပြောပြတယ်ဆိုတာလည်း မကြာမိဘူး။ အဲ့လို အကြောင်းတွေ ပြောပြတဲ့နေရာကောရှိလား။ သမီးလိုက်နားထောင်ချင်လို့ပါ။ ဗဟုသုတမရှိတဲ့အတွက် ခုလိုမျိုး ကြုံမိတာဆိုတော့ နောက် အဲ့လိုမဖြစ်တော့အောင် နေထိုင်ချင်လို့ပါ။

ဆီးစစ်ပါ။ Urine pregnancy test kit တခုဝယ်ပြီး ဖါသာစစ်လို့ရတယ်။ စစ်နည်းတွေ ရေးထားပါတယ်။ ကျန်းမာရေး ပညာပေးတွေလုပ်နေကြမယ်ထင်ပါတယ်။ မြန်မာပြည်မှာ အတော်တော့နည်းသေးတယ်။ စာတွေလဲဖတ်ပါ။ အများကြီး ရေးထာပါတယ်။ မာတိကာမှာ ကြိုက်တာ ရှာဖတ်ပါ။ တိုင်းရင်းဆေး၊ မြန်မာဆေး၊ တရုပ်-အိန္ဒိယဆေးတွေ ဆရာမသိပါ။

ယမုန်နာဆေးခန်းအမေးအဖြေ (၆၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 


No comments: