အသားမှာဝက် အသီးမှာသရက်ဆိုတဲ့စကားအတိုင်း
ဝက်တစ်ကောင်လုံးကို ဟင်းလျာအမျိုးပေါင်းများစွာချက်ပြုတ် လို့ရနေတာက ထင်ရှားနေပါရဲ့။
ကျွန်တော်လည်း ၀က်သားကြိုက်ပါတယ် ပြုတ်ကြော်လေးပဲဖြစ်ဖြစ် ငြုပ်ချိုလေးနဲ့ပဲကြော် ကြော်မကြာခဏလုပ်စားဖြစ်နေပါတယ်။
အခု ညီမလေးဝတ်ရည်က ၀က်သားသုံးထပ်သားကင်ပြီးသုတ်တာလေးကို ဓာတ်ပုံလေးတွေဝေေ၀စာစာနဲ့တင်ထားတာကြောင့်
ကျွန်တော်လည်းလုပ်စားကြည့်မယ် သူငယ်ချင်းတွေလည်း ပြန်လုပ်စားကြည့်ကြရအောင် မျှဝေလိုက်ပါတယ်။
ဝက်သား သုံးထပ်သားကို အရင်ကင်ပြီမှ
သုတ်ထားတဲ့ အသုတ်လေးပါ။ ပါဝင်ပစ္စည်းအနေနဲ့ ဆန်မှုန့်၊ ပဲငံပြာရည်၊ သကြား တို့နှင့်
ရောသုတ်ထားတာမို့ အရသာက တမျိုး ထူးခြားနေပါတယ်။ ထမင်းနဲ့ တွဲဖက်သုံးဆောင်ဖို့
အလွန်သင့်တော်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…
ဝက်သားကင်ရန် ပါဝင်ပစ္စည်များ
- ၀က်သား – ၃၀၀ ဂရမ်
- Red Pork seasoning ထုပ် - တ၀က် ( supermarket မှာ ၀ယ်ယူနိုင်ပါသည်)
ဝက်သားကင်သုတ်ရန် ပါဝင်ပစ္စည်းများ
- ၀က်သားကင်
- ကြက်သွန်နီ – ၁ခု (ပါးပါးလှီးပါ)
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် အရှည်လှီးပါ)
- ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
- နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
- သံပရာသီး – ၁လုံး (အရည်ညှစ်ပါ)
- ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်သီးဆီချက် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ဆန်အကျက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲ Red Pork
seasoning ထုပ်တ၀က်ကို ထည့်ကာ ရေအနည်းဖြင့် ရောမွှေလိုက်ပါ။
၂။ ပြီမှ ၀က်သားသုံးထပ်သားကို
ထည့်ရောနုယ်ကာ ရေခဲသေတ္တာထဲတွင် ၁နာရီခန့် နုပ်ထားပေးပါ။
၃။ ထို့နောက် ၀က်သားသုံးသပ်ထပ်သားကို ကင်ရန် မီးကင်ပြားကို
ဆီအနည်းသုတ်ပြီ တဖက်ကို မိနစ် ၂၀နှုန်းဖြင့် မိနစ် ၄၀ခန့် ကျက်သည်အထိ ကင်ပေးပါ။
၎။ ကျက်ပြီဆိုလျှင် ၀က်သားသုံးထပ်သားကင်ကို အရှည်လေးများ
လှီးပေးပါ။
၅။ ၀က်သားသုံးထပ်သားကင် ရပြီဆိုလျှင် အသုတ်စသုတ်လို့ရပါပြီ။
အသုတ်သုပ်ရန် ဇလုံတစ်ခုထဲသို့ (၀က်သားကင်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်၊ ကြက်သွန်မြိတ်၊
ငရုတ်သီးဆီချက်၊ ဆန်အကျက်မှုန့်) တို့ကို ရောထည့်လိုက်ပါ။
၆။ ထို့နောက် အရသာအတွက် (ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်)
တို့ထည့်ကာ သမအောင် ရောနုယ်ပြီ ၀က်သားသုံးထပ်သားကင်သုတ် လေးကို သုံးဆောင်နိုင်ပါပြီ…
No comments:
Post a Comment