Wednesday, March 14, 2012

Online ကနေ Photoshop သုံးကြရအောင်

Photoshop CS5 လို Software မျိုးကို Install လုပ်စရာမလိုတော့ဘဲ အင်တာနက်ပေါ်ကနေ အသုံးပြုနိုင်ပါပြီ။ အင်တာနက်ဆိုင်မှာ သုံးမယ်ဆိုရင်လည်း Portable Software တွေကို သယ်ယူသွားနေစရာမလိုတော့ပါဘူး။ pixlr.com မှာ သင့်ကွန်ပျူတာထဲမှာရှိတဲ့ ဓာတ်ပုံတွေအပြင် အင်တာနက်ပေါ်က ပုံတွေရဲ့ Link ကိုတိုက်ရိုက်ထည့်သွင်းပြီး ပြင်ဆင်နိုင်ပါပြီ။ အင်တာနက်ပေါ်က ဓာတ်ပုံတစ်ပုံကို ပြင်ဆင်ကြည့်ရအောင်။ သင့်ရဲ့ Facebook ဒါမှမဟုတ်အခြားအင်တာနက်စာမျက်နှာပေါ်မှ ဓာတ်ပုံများကို အောက်ပါအတိုင်း ပြင်ဆင်ကြည့်နိုင်ပါတယ်။

၁။ ဓာတ်ပုံရဲ့အပေါ်မှာ Right Click နှိပ်ပြီး View Image ကိုရွေးချယ်ကာ ဓာတ်ပုံရဲ့ Link ကိုရယူပါ။ View Image အောက်နားက ကို Copy Image Location ရွေးချယ်မယ်ဆိုရင် ပိုမိုလွယ်ကူပြီး အောက်ပါအဆင့်နှစ်ဆင့်ကို ကျော်သွားနိုင်ပါတယ်။

၂။ ဓာတ်ပုံတွေ့ပြီဆိုရင် Address Bar က ဓာတ်ပုံ Link ကို ယူပါ။ Link ပေါ်မှာ Right Click တစ်ချက်နှိပ်ပြီး Copy ကိုရွေးပါ။

၃။ ဤနေရာမှ pixlr.com ကိုသွားပြီးရွေးချယ်စရာ Menu Items များထဲက Open Image from URL ကိုရွေးချယ်ပါ။

၎။ URL box လေးထဲမှာ နဂိုရှိပြီးသား http:// ကိုဖျက်ပြီး Right Click နှိပ် Paste ကိုရွေးလိုက်ပါ။ ပြီးလ၊ျှင် Ok ကို Click လုပ်ပါမယ်။

၅။ အထက်ပါအတိုင်း မိမိရွေးချယ်ထားတဲ့ ပုံကိုတွေ့မြင်ရမှာဖြစ်ပြီး ပြင်ဆင်ဖို့အသင့်ဖြစ်နေပါပြီ။

၆။ Menu ထဲက Adjustment ကိုကလစ်နှိပ်ပြီး Invert ကို ကလစ်နှိပ်ရွေးချယ်လိုက်ပါ။ ကီးဘုတ်မှ Ctrl+I ကို နှိပ်လည်းရပါတယ်။

၇။ (ဥပမာလုပ်ပြထားတဲ့) အဖြူပေါ်မှာအမည်းနဲ့ခြစ်ထားတဲ့ပုံကနေ အမည်းပေါ်အဖြူအဖြစ်ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။ ကာလာပုံတွေကို စမ်းကြည့်မယ်ဆိုရင်တော့ ဖလင်ပေါ်မှာပေါ်တဲ့ Negative ပုံစံလို ဖြစ်သွားပါလိမ့်မယ်။

၈။ ပုံကိုသိမ်းထားဖို့ File Menu ကိုနှိပ်ပြီး Save ကို ကလစ်နှိပ်ပါ။

၉။ အထက်ပါအတိုင်း Save Option Box ကျလာပြီဆိုရင် My Computer မိမိရဲ့ကွန်ပျူတာအတွင်း မသိမ်းထားချင်ဘဲ Facebook အကောင့်မှာဖြစ်ဖြစ် Picasa အကောင့်မှာဖြစ်ဖြစ် သိမ်းထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း pixlr.com မှာပဲအကောင့်ဖွင့် Image Library ဆောက်ပြီးသိမ်းထားနိုင်ပါတယ်။

၁၀။ပုံဘေးက Name နေရာမှာ မိမိဓာတ်ပုံအမည်ကိုရေး၊ Format မှာ မိမိလိုချင်တဲ့ ပုံအမျိုးအစားကိုရွေး၊ Quality မှာ မိမိရဲ့ပုံအရည် အသွေးကို ရွေင်္းချယ်ပြီး သိမ်းထားနိုင်ပါတယ်။

Pixlr ရဲ့လုပ်ဆောင်ချက်တွေကို Apple နည်းပညာသုံးဖုန်းနဲ့ Tablet များမှာလည်း application အနေနဲ့ အခမဲ့ ရယူအသုံးပြုနိုင်ပြီလို့ သိရပါတယ်။

No comments: