Monday, March 5, 2012

တံခါးဖွင့်ကြည့်လိုက်ပါ



လှောင်ပိတ်နေတဲ့ အခန်းထဲ မွန်းကြပ်နေပါသလား…
တံခါးဖွင့်ကြည့်လိုက်ပါ…။
လေကောင်းလေသန့်တွေ ပြတ်လပ်နေပါသလား…
တံခါးဖွင့်ကြည့်လိုက်ပါ…။
စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့လိုပါသလား…
တံခါးဖွင့်ကြည့်လိုက်ပါ…။
ကျေးငှက်တို့ရဲ့ တောင်ပံခတ်သံ နားနဲ့ဆတ်ဆတ် ကြားလိုပါသလား….
တံခါးဖွင့်ကြည့်လိုက်ပါ…။
လတ်ဆတ်တဲ့ လှုပ်ရှားမှုတွေနဲ့ ရင်းနှီးကျွမ်းဝင်လိုပါသလား….
တံခါးဖွင့်ကြည့်လိုက်ပါ…။
နုညံ့နွေးထွေးတဲ့ နှလုံးသားများနဲ့ ပေါင်းစည်းလိုပါသလား….
တံခါးဖွင့်ကြည့်လိုက်ပါ…။
အားမာန်အပြည့်နဲ့ ကမ်းလက်များကို ဆုတ်ကိုင်ချင်ပါသလား….
တံခါးဖွင့်ကြည့်လိုက်ပါ…။
ချိုမြသံစဉ်နဲ့ တေးသီချင်းများကို သံပြိုင်ဆိုချင်ပါသလား……
တံခါးဖွင့်ကြည့်လိုက်ပါ…။
အခန်းထဲမှာ အလုံပိတ်နေနေသမျှတော့…
ဘာဆို ဘာမှ ခံစား၊ ထိ၊ သိနိုင်မှာ မဟုတ်ဘူး….
ဟိုးမှာ…လမ်းကလေး တွေ့နေရပြီပဲ
ဒါကြောင့်…..
တံခါးဖွင့်ကြည့်လိုက်ပါ…။
အခုပဲ….
တံခါးတွေကို တွန်းဖွင့်ကြည့်လိုက်စမ်းပါ…။

မြသွေးနီ

Credit: http://www.myathwayni.com/?p=4369

No comments: