Monday, March 12, 2012

Inbox

USB Write Protected Error ဖြေရှင်းနည်း

တစ်ခါတလေ ကွန်ပျူတာမှာ USB တပ်ဆင်တဲ့အခါမှာ Error (eg. Unable to create folder, Formatting bennix(J:), Error Copying File or Folder) တွေ တစ်ခုမဟုတ် တစ်ခုတက်ပြီး သုံးမရဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ USB ကို ကွန်ပျူတာကနေ ဖြုတ်ပြီးတော့ အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ပါ။

Run (Window key + R) မှာ regedit ကိုရိုက်ထည့်ပြီး Enter (or) OK ပေးလိုက်ပါ။ Registry Editor တက်လာပါလိမ့်မယ်။

HKEY_LOCAL_MACHINE > SYSTEM > CurrentControlSet > Control ထိ ရောက်အောင်သွားလိုက်ပါ။

Control ပေါ်မှာ Right Click ထောက်ပြီး New မှာ Key ကိုရွေးလိုက်ပါ။အမည်ကို Storage Device Policies လို့ပေးလိုက်ပါ။

Storage Device Policies ကို click လိုက်ပြီး ညာဘက်မှာ Right Click ထောက် New ကနေ DWORD ကို Click ပေးပြီး အမည်ကို လို့ပေးလိုက်ပါ။

WriteProtect မှာ Double Click or Right Click ထောက် Modify ကနေ Value ကို O ထည့်ပေးလိုက်ပါ။

ပြီးလျှင် ကွန်ပျူတာကို Restart လုပ်ပြီး USB ပြန်တပ်ဆင်သုံးကြည့်ပါက အဆင်ပြေတာ တွေ့ရပါလိမ့်မယ်။

Google Translate ကို အသုံးပြုပြီးဘာသာစကားပေါင်း၆၀ကျော်ကို သင်ယူနိုင်သောဖြတ်လမ်းနည်း

နမူနာအနေနဲ့ ပေါ်တူဂီစကားသင်နည်းကို ပြောပြပါမယ်။ ပြည်ပမှာဖြစ်ဖြစ်၊ ပြည်တွင်းမှာဖြစ်ဖြစ် လူမျိုးခြားနဲ့ စကားပြောရာမှာ အလွန်အသုံးဝင်ပါလိမ့်မယ်။ စာကြောင်းတွေကိုသာမက စာပိုဒ်ရှည်တွေကိုပါ အပိုဒ်လိုက်ဘာသာပြန်နိုင်ပါတယ်။ English စာ အခြေခံတတ်ရင် ပိုအဆင်ပြေပါတယ်။

http://translate.google.com ကို အရင်ဖွင့်ပါ။

ပြီးရင် အောက်မှာပြထားတဲ့အတိုင်း ရွေးပေးပါ။

ဥပမာ HI ကို ပေါ်တူဂီလိုသင်ချင်တယ် ဆိုပါတော့ ဘယ်ဘက်ကအကွက်မှာ hi လို့ရေးလိုက်ပါ။ ညာဘက်မှာ ပေါ်တူဂီလို oi ဆိုပြီးပေါ် လာလိမ့်မယ်။ အောက်နားက စပီကာပုံလေးကို ကလစ်လုပ်ကြည့်ပါ။ ပေါ်တူဂီလိုနှုတ်ဆက်တဲ့ အသံလေးကြားရလိမ့်မယ်။ ဒီနည်းနဲ့ပဲ ကိုယ်သိချင်တဲ့ စာလုံးတွေ ရိုက်ထည့်ပြီး သင်ယူနိုင်ပါတယ်။

(ပေါ်တူဂီစကားသာမက တခြားဘာသာစကားပေါင်း ၆၀ကျော်ကိုလည်း ဒီနည်းနဲ့သင်ယူလို့ရပါတယ်။ To: Portuguese ဆိုတဲ့နေရာမှာ ကိုယ်သင်ချင်တဲ့ ဘာသာစကားလေးချိန်းလိုက်ရုံပါပဲ)

မိမိ ကွန်ပျူတာထဲမှာ ဇော်ဂျီဖောင့်ရှိပြီး စာမပေါ်ရင်

ဇော်ဂျီဖောင့်ရှိရဲ့သားနဲ့ တစ်ချို့ဆိုက်တွေထဲမှာ စာမပေါ်ဘဲ ပဲပင်ပေါက်တွေဖြစ်နေပါတယ်။ အဲလိုမျိုးဖြစ်ခဲ့ရင်တော့ Mozilla Firefox ကိုဖွင့် Tools ထဲက Option ကိုဖွင့်ပါ။ Content ဆိုတဲ့ Tab ထဲမှာ Default Font ထဲမှာ Zawgyi-One ကိုရွေးပေးပါ။ Default Font ရွေးတာရဲ့ ဘေးကပ်ရက်က Advanced ဆိုတာထပ်နှိပ်ပါ။ Serif; ဆိုတဲ့နေရာမှာ Zawgyi-One ကိုရွေးပေးပါ။ ပြီးသွားပါက သင့်စက်မှာ ဇော်ဂျီအဆင်ပြေစွာ ကပါလိမ့်မယ်။

No comments: