Sunday, March 4, 2012

သုက်ရည်ထွက်ကျခြင်း

သမီးအသက်က ၃၁ ထဲမှာပါ။ သမီး အိမ်ထောင်ကျပြီးတာ ၁ လ မပြည့်သေးပါဘူး။ အမျိုးသားက အဝေးမှာ ဖြစ်တဲ့အတွက် ခွင့်ရက်စေ့တော့ ပြန်သွားခဲ့ပြီး ဒီကြားထဲမှာ အတူမနေဖြစ်ကြပါဘူး။

၁) အတူနေတဲ့အခါ သူ့ရဲ့ သုတ်ရည်ဟာ သမီးထဲကို မဝင်ဘဲ ပြန်ထွက်ပါတယ်။ တော်တော် များများ ပြန်ထွက်တဲ့အတွက် အဲဒါဟာ ပုံမှန်ပဲလား၊ ပုံမှန်မဟုတ်ဘူးလားဆိုတာ သိချင်လို့ပါ။ ဘာကြောင့် အဲလိုဖြစ်တာပါလဲ။
၂) ပထမဆုံး စနေတဲ့ အချိန်မှာ အပျိုအမြေးပါး ပေါက်သလိုဖြစ်ပြီး သွေးထွက်တာမျိုး သမီးမှာ မဖြစ်ပါဘူး။ ဆရာ့စာထဲက သမီးဖတ်ဖူးသလိုမျိုးဆိုရင်တော့ သမီးက ငယ်ငယ်လေးက စလို့ အသက် ၁၅ နှစ်အထိ စက်ဘီးနဲ့ပဲ သွားလာနေခဲ့သူမို့ အဲဒီတုံးက ပေါက်သွားလို့လားလို့ တွေးမိပါတယ်။ ဒါပေမဲ့ အမြေးပါးဟာထူလို့ မပေါက်တာမျိုးများ ဖြစ်နေမလားလို့လဲ တွေးမိပါတယ်။ အဲလိုဖြစ်တဲ့သူတွေ ရှိတယ်လို့လဲ စာထဲမှာ ဖတ်ဖူးလို့ပါ။ အဲဒါကိုရော သမီးက ဘယ်လိုကြောင့် သမီးခုလို ဖြစ်ရလဲဆိုတဲ့ အဖြေကို ဘယ်လို နည်းလမ်းနဲ့သိနိုင်မလဲဆရာ။ ဒီကိစ္စကို သမီးအမျိုးသားက ဘာမှ စောဒက မတက်ပေမဲ့ သူ့စိတ်ထဲ ကျိတ်ပြီး သံသယဖြစ်နေရင် သမီးတို့ အိမ်ထောင်ရေး ရေရှည်မှာ အဆင်မပြေဖြစ်မှာ စိုးရိမ်မိလို့ပါ။
၃) သမီးတို့ နှစ်ယောက်ဟာ တစ်နေရာစီ ခွဲနေကြတာဖြစ်တဲ့အတွက် ဘယ်အချိန်တွေမှာ အတူနေရင် ကလေးရနိုင်မလဲ သိချင်ပါတယ်။ သမီးက ရာသီလာ မှန်သူပါ။ အခုလက်ရှိကတော့ လဆန်း ၁ ရက် ၂ ရက် ပတ်ဝန်းကျင်ဆို ရာသီလာပါတယ်။
၎) ကိုယ်ဝန်ဆောင်နိုင်ဖို့ အတွက်ကရော ဘာတွေများ ပြင်ဆင်ထားဖို့လိုပါသလဲ။ သမီးက အရပ် ၅ ပေ ၁ လက်မမှာ ပေါင်ချိန် ၁၃ဝ အထက် ဖြစ်နေလို့ ကိုယ်ဝန်ဆောင်နိုင်ဖို့ ဖြစ်နိုင် မဖြစ်နိုင်လဲ ပြောပြပေးပါဆရာ။

အဖြေ (၁)
• Sexual intercourse လိင်ဆက်ဆံအပြီးမှာ မိန်းမအင်္ဂါ Vagina (ဗဂျိုင်းနား) အဝကနေ Fluids အရည် အနည်းနဲ့ အများ ထွက်ပါတယ်။ ထွက်တာတွေက ဘာတွေလဲ။ Male sperm ယောက်ျား-သုက်ရည်၊ မိန်းမ Vaginal lubrication (ဗဂျိုင်းနား) အရည် နဲ့ တကယ်လို့ မိန်းမကလဲ Orgasm ပြီးဆုံးမှု ဖြစ်တာဆိုရင် သူကနေ သပ်သပ် ထပ်ထွက်မဲ့ Female ejaculation fluid အရည် (၃) မျိုး ပါနိုင်တယ်။
• တချို့ အမျိုးသမီးတွေက ပြီးဆုံးရင် ယောက်ျားတွေလို အရည်ပန်းထွက်တာမျိုး Female Ejaculation ရှိတယ်။ ရှားပါတယ်။
• သိပ်ရှားတာလဲ ရှိသေးပြန်တယ်။ တချို့မိန်းမတွေ Urine ဆီး (သေး) ပန်းထွက်တယ်။
• အခြေအနေ တကြိမ်နဲ့တကြိမ် မတူပါ။ လိင်ဆက်ဆံတဲ့အချိန်ကြာမြင့်နေရင် စိုစွပ်မှု ပိုများမယ်။ လိင်စိတ်ဖြစ်ပေါ်မှု များရင်လဲ အရည်ထွက်ထာ နှစ်ယောက်လုံးဆီကနေ များမယ်။ တယောက်ကသာ များတာလဲ ရှိမယ်။ Orgasm ဖြစ်ကြတာမှာလဲ အပြင်း-အပျော့ တခါနဲ့တခါ မတူကြပါ။
• ယောက်ျားက အရင်တကြိမ်ပြီးတုံးက မိန်းမအင်္ဂါထဲမှာသာ သုက်လွှတ်ထားခဲ့ပြီး ကြားထဲမှာ အမျိုးသမီးက ရေဆေးတာ မလုပ်လဲ နောက်တကြိမ်ထပ် ဆက်ဆံကြရင်လဲ များနေမှာဘဲ။
• စိုစွပ်ချင်လို့ Artificial lubricants သုံးရင်လဲ ဖြစ်နိုင်တယ်။
• အမျိုးသမီးမှာ Vaginal/White discharge အဖြူဆင်းတဲ့ရောဂါ ရှိနေရင် စိုစွပ်မှု များနိုင်တယ်။
• အရင်စာထဲမှာ ရေးခဲ့သလို ကျားအင်္ဂါကို အတွင်းရောက်ရင် ထွက်ကျတာ သက်သာမယ်။ အမျိုးသမီးရဲ့ တင်ပါးအောက်က အခုအခံ ထားပေးတာ သက်သာမယ်။
• ဆရာဝန်တွေရော ကိုယ်တိုင်ကြုံတွေ့သူတွေကနေ (ရှယ်) ကြတာမှာ အများဆုံး ပြောကြတာကတော့ ဒီလိုဖြစ်တာ ပုံမှန်ပါ။ ကလေးမရတာကို မဖြစ်စေပါ။
• ကိုယ်ဝန်ဆောင်ချင်သူတွေက စိုးရိမ်တာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ယောက်ျားကနေ လိင်မှုကိစ္စ ပြီးဆုံးလို့ Ejaculation ကျား-အင်္ဂါထိပ်ဝကနေ အရှိန်နဲ့ထွက်လာတဲ့ Semen သုက်ရေထဲမှာ Sperm သုက်ပိုးက ၅% သာပါတယ်။
• Why semen comes out of vagina? သုက်ရည်ထွက်ကျတာ ဘာလုပ်ရမလဲ http://health-adult-reading.blogspot.com/2011/04/why-semen-comes-out-of-vagina.html

အဖြေ (၂)
• Hymen အပျိုမှေးက ထူလို့ မပေါက်တာတော့ မဖြစ်နိုင်ပါ။ သာမန်ထက် ထူနေရင် ဆက်ဆံမှုကိုပါ ခက်ခဲစေတယ်။ အတွင်းထိ မရောက်နိုင်တာကို မေးလာသူတွေ တယောက်မက ရှိတယ်။
• ပဌမဆုံး ယောက်ျားနဲ့ လိင်ဆက်ဆံတာကနေ မိန်းကလေးဆီက သွေးမထွက်တာ အပျိုမဟုတ်လို့ပါလို့ ပြောဘို့ အတော်ခက်ပါတယ်။
• ပဌမအကြိမ်မှာ နာကျင်မှုရှိတာ-မရှိတာနဲ့လဲ တစိတ်တပိုင်း သိနိုင်မယ်။
• တခြားအကြောင်းကြောင့် စုတ်ပြဲခဲ့တာဟာ ဘယ်နည်းလဲ၊ ဘယ်လောက်အထိလဲ ရှိသေးတယ်။ သွေးထွက်နည်းလဲ မတူခဲ့တာဖြစ်နိုင်တယ်။ ဥပမာ အားကစား လုပ်တာကနေ ဖြေးဖြေးချင်း၊ တခါချင်း၊ နည်းနည်း ချင်းဖြစ်သွားခဲ့တာက သွေးထွက်တာ မသိမသာ ဖြစ်ချင်ဖြစ်ခဲ့နိုင်တယ်။ တကယ်ဆက်ဆံတော့ မထွက်တာဖြစ်နိုင်မယ်။
• စုပ်ပြဲရာက ထွက်တဲ့သွေးနဲ့ ရာသီသွေး ရောနေခဲ့နိုင်တယ်။
• ဖါသာ-အာသာဖြေနည်း လုပ်တယ်ဆိုရင် အတွင်းထဲကို တခုခုထိုးသွင်းမှု ရှိသလား။ ထိုးသွင်းတာက ဘာလဲ၊ လက်တစ်ချောင်း၊ အလွယ်ရပစ္စည်း ဆိုတာမျိုးတွေက အရွယ်အစား သေးမယ်။ အိမ်ထောင်ကျရင် စုပ်ပြဲမှုထပ်ဖြစ်နိုင်တယ်။ မင်္ဂလာဦးမှာ နာကျင်တာနဲ့ သွေးထွက်တာ နည်းနည်းဖြစ်တော့ ရှိလိမ့်မယ်။
• တကယ်လို့ Women's Toy ကရိယာမျိုးက ကျားအင်္ဂါ အရွယ်အစားရှိလို့ တကယ်လိင်ဆက်ဆံမှု ပြုဘူးသလိုဖြစ်ထားမယ်။
• သွေးမထွက်တာ တခုထဲနဲ့ အပျိုမဟုတ်ခဲ့ဘူး ပြောမရသလို အပျိုမှေး အတုလုပ်ထားသူက သွေးထွက်တာလဲ ရှိတယ်။
• (ဘော်ဒီ-လင်းဂွေ့ခ်ျ) ဆိုတာမျိုးတွေကို အကဲခတ်ကောင်းရင် အစစ်နဲ့ အတုခွဲနိုင်ပါမယ်။

အဖြေ (၃)
နောက်ဆုံးရေးစာ ၂ ပုဒ်က အဲဒါအတွက်ဖြစ်တယ်။ အရင်ကလဲ ရေးထားပြီးပါပြီ။
• Infertility Treatments ကလေးရအောင် ကုသနည်းများ http://health-adult-reading.blogspot.in/2012/02/infertility-treatments.html
• Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://health-adult-reading.blogspot.in/2012/02/facts-to-get-pregnant.html
• Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://health-adult-reading.blogspot.com/2011/04/infertility-1.html
• Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://health-adult-reading.blogspot.com/2011/04/infertility-2.html

အဖြေ (၄)
အရပ် ၅ ပေ ၁ လက်မ ပေါင်ချိန် ၁၃ဝ အထက်ဆိုတော့ အပိန် Small Frame = 106-118 ပေါင်၊ အသင့် Medium Frame = 115-129 ပေါင် နဲ့ အဝ Large Frame = 125-140 ပေါင်လို့ သတ်မှတ်တာမို့ ဝတဲ့စာရင်းထဲမှာ ပါနေတယ်။ ကိုယ်အလေးချိန်လျှော့ဘို့လဲ ရေးထားတယ်။
• Weight and Fertility ကိုယ်အလေးချိန်နဲ့ ကလေးမရနိုင်ခြင်း http://health-adult-reading.blogspot.in/2012/02/weight-and-fertility.html
• Weight loss ပိန်ချင်သလား http://dts-medicaleducation.blogspot.in/2012/02/weight-loss.html

ဒေါက်တာတင့်ဆွေ (၂၅-၂-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - သုက်ရည်ထွက်ကျခြင်း

No comments: