Monday, January 31, 2022

ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ

ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ




စာရေးသူ Ye Myo Myat 

Dr. Thurein Hlaing Win မှအချက်အလက် စစ်ဆေးထားပါသည်။


#အမျိုးသားများရဲ့ပြဿနာအချို့

#အထွေထွေဗဟုသုတ


(သည်ကိစ္စလေးများ အရေးအရာလုပ်ပြောနေတယ်လို့ ကောက်ချက်ချမစောစေချင်ဘူးဗျ။ တကယ်ကြုံဆုံရတဲ့ ယောက်ျားတစ်ယောက် အတွက်တော့တကယ်သေချင်စိတ်ပေါက်လောက်အောင် နာလည်းနာ၊ ရှက်လည်းရှက်၊ ဘယ်လိုဖြေရှင်းရမလည်းမသိ ဖြစ်တတ်တဲ့ ကိစ္စထဲမှာပါတယ်။ ဒါကြောင့် ဘောင်းဘီ၀တ်လို့ ဇစ်ညှပ်မိတဲ့အခါ ဘယ်လိုလုပ်ရမလဲ ဆို​ေသာအကြံဉာဏ်အချို့ကို ေ၀မျှလိုက်ပါတယ်။)


အမျိုးသား အယောက် ၁၀၀ မွာ ၉၅ ယောက်လောက်က ငယ်ငယ်က​ေလးဘဝက

ေရာ၊ ကြီးလာတဲ့အချိန်မှာပါ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေ၊ အရေပြားရှည်လွန်းတာ၊ ငယ်လွန်းတဲ့ ကလေးတွေနဲ့ အတွင်းခံဘောင်းဘီ မဝတ်ဘဲ ဘောင်းဘီဇစ်တပ်လိုက်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ သေးငယ်တဲ့ မတော်တဆ ဆိုပေမယ့် ခံရတဲ့ကိုယ့်လူအတွက်ကတော့ ဝေဒနာက အသက်ပါမတတ်ပါပဲ။ အဖိုးတန် ဖွားဖက်တော်မှာဖြစ်တာဆိုတော့လည်း တခြားနေရာတွေမှာ ဖြစ်တာထက် ပိုပြီး စိုးရိမ်ထိတ်လန့်ကြောက်နေမိမှာပါ။ ခုဆောင်းပါးမှာ လိင်တံအရေပြားနဲ့ ဘောင်းဘီဇစ်ညှပ်သွားရင် ဘာလုပ်သင့်လဲ၊ အနာကို ဘယ်လိုဂရုစိုက်မလဲ၊ ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့လိုအပ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။


 ၁။ အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားပါ။


 ကိုယ်တိုင်က ညပ်နေတဲ့သူလား၊ ဒါမှမဟုတ် ညပ်နေတဲ့သူကို ကူပေးရမယ့်သူလား၊ ဘယ်သူပဲဖြစ်နေပါစေ၊ အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ။ စိတ်လှုပ်ရှားနေရင် ပိုအမှားပါတတ်ပါတယ်။ စိတ်ငြိမ်အောင်ထိန်းထားနိုင်ပြီဆိုမှ ရှေ့ဆက်လုပ်ပါ။


 ၂။ ဆီတစ်ခုခု အရင်ရှာပါ။


 ကိုယ့်အိမ်မှာ အုန်းဆီ၊ သံလွင်ဆီ စတဲ့ဆီတစ်မျိုးမျိုးရှိလားဆိုတာ အရင်ရှာကြည့်ပါ။ အိမ်တော်တော်များများမှာတော့ အုန်းဆီကို ဆောင်ထားတတ်တာ ပိုများပါတယ်။ အဆင်ပြေတဲ့ ဆီတစ်မျိုးမျိုးကို တွေ့တဲ့အခါ အရင်ဆုံး ညပ်နေတဲ့ လိင်တံအရေပြားနဲ့ သူ့ဘေးပတ်ပတ်လည်ကို ဆီနဲ့ နှံ့နေအောင် စွတ်ပေးပါ။ ဘောင်းဘီဇစ်ကိုလည်း ဆီများများစွတ်ပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့် ဒီအတိုင်းထားထားလိုက်ပါ။ ကြာသွားတဲ့အခါ ညပ်နေတဲ့နေရာက ချောပြီး ဖြုတ်ဖို့ပိုလွယ်ကူသွားပါလိမ့်မယ်။


 ၃။ အရေပြားကို ဇစ်ကနေ ဖြုတ်ဖို့ကြိုးစားကြည့်ပါ။


 အရင်ဆုံး ဇစ်က ဘယ်လောက်အတိုင်းအတာထိ ညှပ်နေလဲဆိုတာ စစ်ကြည့်ပါ။ လက်တစ်ဖက်က 

လိင်တံအရေပြားကို အပေါ်သို့ လှန်ဆွဲပြီး ကျန်လက်တစ်ဖက်က ဘောင်းဘီဇစ်ကို အောက်သို့ ဖြည်းဖြည်းချင်းဆွဲချကြည့်ပါ။ လုပ်နေရင်းနဲ့ အရေပြားပြဲသွားတာ၊ သွေးထွက်လာတာ တွေ့ရင်တော့ ရပ်လိုက်ပြီး ဆေးခန်းအမြန်ပို့ပါ။


 ၄။ အိမ်မှာရှိတဲ့ လက်သုံးပစ္စည်းတွေနဲ့ ဇစ်ကို 

ဖြုတ်ကြည့်ပါ။


 ကိုယ်ကအရေပြား ကို ဖြည်းဖြည်းချင်းဆွဲကြည့်လို့ မရဘူးဆိုတော့မှ ဘောင်းဘီဇစ်ကို ပလာယာ သို့မဟုတ် ဝက်အူလှည့်နဲ့ပဲဖြစ်ဖြစ် ဖြုတ်ဖို့ ကြိုးစားကြည့်ပါ။ ညှပ်နေတဲ့ ဇစ်က

ဘောင်းဘီကနေ ပြုတ်သွားပြီဆိုရင် လက်နဲ့ ပြန်ဖြေလို့ပိုလွယ်သွားပါလိမ့်မယ်။ မိသားစုဝင်တွေထဲကမှ လက်သုံးပစ္စည်းတွေကို အသုံးပြုနေကျ အမျိုးသားဆိုရင် ပိုအဆင်ပြေပါတယ်။


 ၅။ ဘယ်လိုချွတ်ချွတ် မရဘူးဆိုရင် ဆေးခန်းအမြန်သွားပါ။


 ကိုယ်တိုင်လုပ်လို့ အဆင်မပြေတာ၊ လုံးဝကျွတ်ထွက်မသွားတာ၊ ညှပ်ခံရတာက အရမ်းငယ်သေးတဲ့ ကလေးဆိုရင်တော့ ဆေးခန်းပြလိုက်တာ ပိုကောင်းပါလိမ့်မယ်။ လိုအပ်ရင် ထုံဆေးအရင်ပေးပြီး လူနာစိတ်ငြိမ်သွားပြီဆိုတော့ ဆရာဝန်အနေနဲ့ ဘောင်းဘီကို အရင်ဖြဲပြီး ဇစ်ကိုပဲ ချန်ထားခဲ့မှာ

 ဖြစ်ပါတယ်။ ထုံဆေးက အရှိန်ရလာတဲ့အခါ လိင်တံအရေပြားက ထုံကျဉ်နေပြီး ဇစ်ကနေ

ဖြုတ်ချလိုက်ဖို့ ပိုလွယ်ကူသွားပါလိမ့်မယ်။


 ၆။ အနာကို သေချာဂရုစိုက်ပါ။


 အထူးသဖြင့် သွေးထွက်သွားတယ်ဆိုရင် လုံးဝမပေါ့ပါနဲ့။ သွေးအရမ်းထွက်နေတယ်ဆိုရင်တော့ အရင်ဆုံး သွေးတိတ်အောင် အဝတ်နဲ့ အရေပြားကို ဆယ်မိနစ်ခန့် ဖိထားပေးပါ။ ပြီးသွားရင် ဆပ်ပြာအပျော့စားကို ရေနွေးနဲ့ လိင်အင်္ဂါကို သေချာဆေးကြောပေးပါ။ ခြောက်အောင်သုတ်ပြီးသွားပြီဆိုမှ ဆရာဝန်ပေးလိုက်တဲ့ လိမ်းဆေး ဒါမှမဟုတ် အနာသက်သာစေဖို့ ဆီနည်းနည်းလိမ်းပြီး 

ပိုးသတ်ထားတဲ့ ဂွမ်း၊ ပလာစတာနဲ့ အုပ်ပေးထားပါ။


 ၇။ အနာမရင်းပါစေနဲ့။


 သေချာသန့်သန့်ရှင်းရှင်းမထားတာ၊ ရေစိုနေတဲ့ ပလာစတာကို မခြာဘဲ ဒီအတိုင်းကပ်ထားရင်တော့ ပိုးဝင်ပြီး အနာကတော်ရုံနဲ့ ကျက်မှာမဟုတ်ပါဘူး။ အနာပတ်လည်က နီရဲပြီး ရောင်ကိုင်းလာတာ၊ အဝါရောင် သို့မဟုတ် စိမ်းဖန့်ရောင် ပြည်တွေထွက်လာတာ၊ အနာဘေးနားမှာ အနီရောင်သွေးကြောအမျှင်တွေ ထွက်နေတာ၊ ပျော့ပျော့အိအိဖြစ်နေတာ၊ အနာသက်သာလောက်မယ့် အချိန်ထိ နာနေသေးတာ၊ အဖျားတက်တာ စတဲ့ အနာထဲပိုးဝင်တဲ့လက္ခဏာတွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြီး ပြဖို့လိုအပ်ပါတယ်။


 ဆေးခန်းသွားပြတဲ့အချိန်မှာ အရေပြားက အရမ်းရှည်နေပြီး ဘယ်လိုမှ ဇစ်ကနေ

ဖြုတ်လို့မရဘူးဆိုရင်တော့ ဆရာဝန်အနေနဲ့ ထိပ်အရေပြားဖြတ်ဖို့ (Circumcision လုပ်ခြင်း) အကြံပေးပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာက ယောက်ျားလေးအများစု ငယ်ရာကနေ ကြီးတဲ့အထိ ကြုံတွေ့ရတတ်တဲ့ မတော်တဆမှုဖြစ်တာကြောင့် မပေါ့ဆပါနဲ့ သတိပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။


(Zawgyi) 

 ေဘာင္းဘီဇစ္နဲ႕ လိင္တံအေရျပား ညွပ္မိသြားတဲ့အခါ ဘာလုပ္သင့္လဲ




စာေရးသူ Ye Myo Myat 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#အမ်ိဳးသားမ်ားရဲ႕ျပႆနာအခ်ိဳ႕

#အေထြေထြဗဟုသုတ

(သည္ကိစၥေလးမ်ား အေရးအရာလုပ္ေျပာေနတယ္လို႔ ေကာက္ခ်က္ခ်မေစာေစခ်င္ဘူးဗ်။ တကယ္ၾကံဳဆံုရတဲ့ ေယာက္်ားတစ္ေယာက္ အတြက္ကေတာ့ တကယ္ေသခ်င္စိတ္ေပါက္ေလာက္ေအာင္ နာလည္းနာ၊ ရွက္လည္းရွက္၊ ဘယ္လိုေျဖရွင္းရမလည္းမသိ ျဖစ္တတ္တဲ့ ကိစၥထဲမွာပါတယ္။ ဒါေၾကာင့္ ေဘာင္းဘီ၀တ္လို႔ ဇစ္ညွပ္မိတဲ့အခါ ဘယ္လိုလုပ္ရမလဲ အၾကံဥာဏ္အခ်ိဳ႕ကို ေ၀မွ်လိုက္ပါတယ္။)


အမ်ိဳးသား အေယာက္ ၁၀၀ မွာ ၉၅ ေယာက္ေလာက္က ငယ္ငယ္ကေလးဘဝကေရာ၊ ႀကီးလာတဲ့အခ်ိန္မွာပါ ေဘာင္းဘီဇစ္နဲ႕ လိင္တံအေရျပား ညွပ္မိတာမ်ိဳး ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ ထိပ္အေရျပားမျဖတ္တဲ့ အမ်ိဳးသားေတြ၊ အေရျပားရွည္လြန္းတာ၊ ငယ္လြန္းတဲ့ ကေလးေတြနဲ႕ အတြင္းခံေဘာင္းဘီ မဝတ္ဘဲ ေဘာင္းဘီဇစ္တပ္လိုက္မိတဲ့အခါ ျဖစ္တတ္ပါတယ္။ ေသးငယ္တဲ့ မေတာ္တဆ ဆိုေပမယ့္ ခံရတဲ့ကိုယ့္လူအတြက္ကေတာ့ ေဝဒနာက အသက္ပါမတတ္ပါပဲ။ အဖိုးတန္ ဖြားဖက္ေတာ္မွာျဖစ္တာဆိုေတာ့လည္း တျခားေနရာေတြမွာ ျဖစ္တာထက္ ပိုၿပီး စိုးရိမ္ထိတ္လန႔္ေၾကာက္ေနမိမွာပါ။ ခုေဆာင္းပါးမွာ လိင္တံအေရျပားနဲ႕ ေဘာင္းဘီဇစ္ညွပ္သြားရင္ ဘာလုပ္သင့္လဲ၊ အနာကို ဘယ္လိုဂ႐ုစိုက္မလဲ၊ ဘယ္လိုအေျခအေနမွာ ဆရာဝန္နဲ႕ ျပဖို႔လိုအပ္မလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။


 ၁။ အရင္ဆုံး စိတ္ၿငိမ္ၿငိမ္ထားပါ။


 ကိုယ္တိုင္က ညပ္ေနတဲ့သူလား၊ ဒါမွမဟုတ္ ညပ္ေနတဲ့သူကို ကူေပးရမယ့္သူလား၊ ဘယ္သူပဲျဖစ္ေနပါေစ၊ အရင္ဆုံး စိတ္ကို ၿငိမ္ၿငိမ္ထားပါ။ စိတ္လႈပ္ရွားေနရင္ ပိုအမွားပါတတ္ပါတယ္။ စိတ္ၿငိမ္ေအာင္ထိန္းထားနိုင္ၿပီဆိုမွ ေရွ႕ဆက္လုပ္ပါ။


 ၂။ ဆီတစ္ခုခု အရင္ရွာပါ။


 ကိုယ့္အိမ္မွာ အုန္းဆီ၊ သံလြင္ဆီ စတဲ့ဆီတစ္မ်ိဳးမ်ိဳးရွိလားဆိုတာ အရင္ရွာၾကည့္ပါ။ အိမ္ေတာ္ေတာ္မ်ားမ်ားမွာေတာ့ အုန္းဆီကို ေဆာင္ထားတတ္တာ ပိုမ်ားပါတယ္။ အဆင္ေျပတဲ့ ဆီတစ္မ်ိဳးမ်ိဳးကို ေတြ႕တဲ့အခါ အရင္ဆုံး ညပ္ေနတဲ့ လိင္တံအေရျပားနဲ႕ သူ႕ေဘးပတ္ပတ္လည္ကို ဆီနဲ႕ ႏွံ႕ေနေအာင္ စြတ္ေပးပါ။ ေဘာင္းဘီဇစ္ကိုလည္း ဆီမ်ားမ်ားစြတ္ေပးပါ။ ၿပီးရင္ ၁၀ မိနစ္ကေန ၁၅ မိနစ္ခန႔္ ဒီအတိုင္းထားထားလိုက္ပါ။ ၾကာသြားတဲ့အခါ ညပ္ေနတဲ့ေနရာက ေခ်ာၿပီး ျဖဳတ္ဖို႔ပိုလြယ္ကူသြားပါလိမ့္မယ္။


 ၃။ အေရျပားကို ဇစ္ကေန ျဖဳတ္ဖို႔ႀကိဳးစားၾကည့္ပါ။


 အရင္ဆုံး ဇစ္က ဘယ္ေလာက္အတိုင္းအတာထိ ညွပ္ေနလဲဆိုတာ စစ္ၾကည့္ပါ။ လက္တစ္ဖက္က လိင္တံအေရျပားကို အေပၚသို႔ လွန္ဆြဲၿပီး က်န္တစ္ဖက္က ေဘာင္းဘီဇစ္ကို ေအာက္သို႔ ျဖည္းျဖည္းခ်င္းဆြဲခ်ၾကည့္ပါ။ လုပ္ေနရင္းနဲ႕ အေရျပားၿပဲသြားတာ၊ ေသြးထြက္လာတာ ေတြ႕ရင္ေတာ့ ရပ္လိုက္ၿပီး ေဆးခန္းအျမန္ပို႔ပါ။


 ၄။ အိမ္မွာရွိတဲ့ လက္သုံးပစၥည္းေတြနဲ႕ ဇစ္ကို ျဖဳတ္ၾကည့္ပါ။


 ကိုယ္က အေရျပားကို ျဖည္းျဖည္းခ်င္းဆြဲၾကည့္လို႔ မရဘူးဆိုေတာ့မွ ေဘာင္းဘီဇစ္ကို ပလာယာ သို႔မဟုတ္ ဝက္အူလွည့္နဲ႕ပဲျဖစ္ျဖစ္ ျဖဳတ္ဖို႔ ႀကိဳးစားၾကည့္ပါ။ ညွပ္ေနတဲ့ ဇစ္က ေဘာင္းဘီကေန ျပဳတ္သြားၿပီဆိုရင္ လက္နဲ႕ ျပန္ေျဖလို႔ပိုလြယ္သြားပါလိမ့္မယ္။ မိသားစုဝင္ေတြထဲကမွ လက္သုံးပစၥည္းေတြကို အသုံးျပဳေနက် အမ်ိဳးသားဆိုရင္ ပိုအဆင္ေျပပါတယ္။


 ၅။ ဘယ္လိုခြၽတ္ခြၽတ္ မရဘူးဆိုရင္ ေဆးခန္းအျမန္သြားပါ။


 ကိုယ္တိုင္လုပ္လို႔ အဆင္မေျပတာ၊ လုံးဝကြၽတ္ထြက္မသြားတာ၊ ညပ္ခံရတာက အရမ္းငယ္ေသးတဲ့ ကေလးဆိုရင္ေတာ့ ေဆးခန္းျပလိုက္တာ ပိုေကာင္းပါလိမ့္မယ္။ လိုအပ္ရင္ ထုံေဆးအရင္ေပးၿပီး လူနာစိတ္ၿငိမ္သြားၿပီဆိုေတာ့ ဆရာဝန္အေနနဲ႕ ေဘာင္းဘီကို အရင္ၿဖဲၿပီး ဇစ္ကိုပဲ ခ်န္ထားခဲ့မွာ ျဖစ္ပါတယ္။ ထုံေဆးက အရွိန္ရလာတဲ့အခါ လိင္တံအေရျပားက ထုံက်ဥ္ေနၿပီး ဇစ္ကေန ျဖဳတ္ခ်လိဳက္ဖို႔ ပိုလြယ္ကူသြားပါလိမ့္မယ္။


 ၆။ အနာကို ေသခ်ာဂ႐ုစိုက္ပါ။


 အထူးသျဖင့္ ေသြးထြက္သြားတယ္ဆိုရင္ လုံးဝမေပါ့ပါနဲ႕။ ေသြးအရမ္းထြက္ေနတယ္ဆိုရင္ေတာ့ အရင္ဆုံး ေသြးတိတ္ေအာင္ အဝတ္နဲ႕ အေရျပားကို ဆယ္မိနစ္ခန႔္ ဖိထားေပးပါ။ ၿပီးသြားရင္ ဆပ္ျပာအေပ်ာ့စားကို ေရႏြေးနဲ႕ လိင္အဂၤါကို ေသခ်ာေဆးေၾကာေပးပါ။ ေျခာက္ေအာင္သုတ္ၿပီးသြားၿပီဆိုမွ ဆရာဝန္ေပးလိုက္တဲ့ လိမ္းေဆး ဒါမွမဟုတ္ အနာသက္သာေစဖို႔ ဆီနည္းနည္းလိမ္းၿပီး ပိုးသတ္ထားတဲ့ ဂြမ္း၊ ပလာစတာနဲ႕ အုပ္ေပးထားပါ။


 ၇။ အနာမရင္းပါေစနဲ႕။


 ေသခ်ာသန႔္သန႔္ရွင္းရွင္းမထားတာ၊ ေရစိုေနတဲ့ ပလာစတာကို မခြာဘဲ ဒီအတိုင္းကပ္ထားရင္ေတာ့ ပိုးဝင္ၿပီး အနာကေတာ္႐ုံနဲ႕ က်က္မွာမဟုတ္ပါဘူး။ အနာပတ္လည္က နီရဲၿပီး ေရာင္ကိုင္းလာတာ၊ အဝါေရာင္ သို႔မဟုတ္ စိမ္းဖန႔္ေရာင္ ျပည္ေတြထြက္လာတာ၊ အနာေဘးနားမွာ အနီေရာင္ေသြးေၾကာအမွ်င္ေတြ ထြက္ေနတာ၊ ေပ်ာ့ေပ်ာ့အိအိျဖစ္ေနတာ၊ အနာသက္သာေလာက္မယ့္ အခ်ိန္ထိ နာေနေသးတာ၊ အဖ်ားတက္တာ စတဲ့ အနာထဲပိုးဝင္တဲ့လကၡဏာေတြ႕ရၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႕ ျပန္ၿပီး ျပဖို႔လိုအပ္ပါတယ္။


 ေဆးခန္းသြားျပတဲ့အခ်ိန္မွာ အေရျပားက အရမ္းရွည္ေနၿပီး ဘယ္လိုမွ ဇစ္ကေန ျဖဳတ္လို႔မရဘူးဆိုရင္ေတာ့ ဆရာဝန္အေနနဲ႕ ထိပ္အေရျပားျဖတ္ဖို႔ (Circumcision လုပ္ျခင္း) အႀကံေပးပါလိမ့္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီျပႆနာက ေယာက္်ားေလးအမ်ားစု ငယ္ရာကေန ႀကီးတဲ့အထိ ႀကဳံေတြ႕ရတတ္တဲ့ မေတာ္တဆမႈျဖစ္တာေၾကာင့္ မေပါ့ဆပါနဲ႕ သတိေပးရင္း နိဂုံးခ်ဳပ္လိုက္ပါတယ္။

Sunday, January 30, 2022

စိတ်အကျဉ်းကျဝေဒနာ

 အတွေးထဲမှာ စိတ်ချောင်ပိတ်မိခြင်း (သို့) စိတ်အကျဉ်းကျ ဝေဒနာ



ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


#Mental_Health

#စိတ်ကျန်းမာရေး


(လူဆိုတာ မွေးဖွားလာကတည်းက လောကဓံလှိုင်းရဲ့ အပုတ်အခတ်ကို ခံစားကြရတာ အသက်သေဆုံးချိန်ထိမို့ စိတ်ခံစားချက် အတက် အက် များမှာသေချာတယ်။ စိတ်အခြေအနေပဲဖြစ်ဖြစ်၊ ရုပ်အခြေအနေပဲဆိုဆို သာမန် နှာစေးချောင်းဆိုးအဆင့်ထက်ကျော်လွန်စွာ ရောဂါတစ်ခုအသွင်ဆောင်လာပြီဆိုရင်တော့ တတ်သိနားလည်သူများနဲ့ တိုင်ပင် ပြသ ဆွေးနွေးကုသပါလို့ အကြံပေးချင်ပါတယ်။ ရောဂါဆိုတာ သိသိချင်း ကုသေလ အကျိုးထိရောက်မှုများလေဖြစ်ပါတယ်။)



#စိတ်အကျဉ်းကျတယ်ဆိုတာ ဘာလဲ


အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပြီး ကိုယ့်ရဲ့ အတွေးအာရုံထဲမှာ အကြောင်းအရာ တစ်မျိုးတည်း သို့မဟုတ် ဆက်စပ်သမျှ အကြောင်းအရာတွေကို ထိုင်တွေးနေရင်း အချိန်ကုန်သွားမှန်းမသိ ကုန်သွားတာ၊ အသိစိတ်တွေလွတ်ပြီး ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်တွေ၊ ဖြစ်ပျက်နေသမျှ အရာတွေကို သတိမထားမိတော့တဲ့ အခြေအနေမျိုးကို စိတ်အကျဉ်းကျခြင်း (Rumination) လို့ ခေါ်ပါတယ်။


များသောအားဖြင့် ဝမ်းနည်းပူဆွေးစရာ၊ ကြောက်မက်ဖွယ်ရာ၊ ဖြစ်ဖူးခဲ့တဲ့ အတိတ်တွေနဲ့ မဖြစ်လာသေးတဲ့ အကြောင်းအရာတွေကိုပဲ စိတ်ထဲက တွေးနေမိပြီး ဒီအတွေးထဲကနေလည်း ဘယ်လိုမှ ရုန်းမထွက်နိုင်တော့တာ၊ တခြားအရာတွေကို မစဉ်းစားမိတော့တာ၊ အလုပ်ပျက်၊ အအိပ်ပျက်၊ အစားပျက်နဲ့ တဖြည်းဖြည်း စိတ်ရောကိုယ်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။


ဘယ်လိုအခြေအနေကြောင့် စိတ်ချောင်ပိတ်မိတဲ့ အကျင့် ဖြစ်လာရတာလဲ။


- ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်တုန်လှုပ်မှုကြီး ဖြစ်ခဲ့ဖူးတာ


- စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အရာတွေ၊ လူတွေနဲ့ နေ့စဉ် ရင်ဆိုင်ဆက်ဆံနေရတာ


- ကြာကြာတွေးရင် ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး အဖြေတစ်ခုခုရှာနိုင်မယ်လို့ ယုံကြည်ထားတာ


- အရာရာကို ပြီးပြည့်စုံဖို့၊ စင်းလုံးချော မှန်စေချင်တဲ့ ပင်ကိုယ်စရိုက်ရှိတာ


- စိတ်အနည်းငယ် မူမမှန်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အတွေးအခေါ်တွေ အစွန်းရောက်လွန်းနေခြင်း


- တခြားသူတွေရဲ့ ဘဝဇာတ်ကြောင်းကို အလွန်စိတ်ဝင်စားခြင်း၊ တခြားသူအစား ပူပန်ပေးတတ်ခြင်း


ဒီလို အမူအကျင့်တွေ ရှိတဲ့သူတွေမှာ လိုတာထက်ပိုပြီး တွေးတာ၊ အတွေးထဲမှာ ချောင်ပိတ်မိတဲ့ အကျင့်တွေ ဖြစ်လာမယ်။ 


တဖြည်းဖြည်း မကုသဘဲ ထားထားမယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်မှာရော လူမှုရေး၊ မိသားစုမှာပါ အဆင်မပြေမှုတွေ ကြုံလာမယ်။ 

နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါအပြင် စိတ်ကျန်းမာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။


အတွေးလွန်တတ်တဲ့ သူတွေမှာ ဘယ်လိုပြဿနာတွေကို တွေ့နိုင်လဲ။


- တွေးနေတဲ့အချိန်မှာ ပိုပြီးဝမ်းနည်းပူဆွေးလာတာ၊ ဒေါသထွက်တာ၊ စိတ်ဓာတ်ကျလာတာ


- အရာရာနဲ့ ပတ်သက်ပြီး မကောင်းမြင်လာတာ၊ အပြစ်မြင်တဲ့စိတ်တွေ ပိုများလာတာ


- ပြဿနာနဲ့ ပတ်သက်ပြီး အဖြေရှာမရဘဲ အတွေးထဲမှာပဲ အချိန်ကုန်ဆုံးသွားတာ


- အတွေးထဲ စိတ်ရောက်နေပြီး လက်တွေ့လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှု မရှိတော့တာ


- ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတဲ့ ဘယ်အရာကိုမှ ကောင်းကောင်းအာရုံမစိုက်နိုင်တော့တာ


- အတွေးလွန်မှုကြောင့် စိတ်ဖိစီးမှုတွေ ပိုခံစားလာရတာ၊ ပြဿနာတွေ ပိုဖြစ်လာတာ အစရှိတာတွေကို တွေ့နိုင်ပါတယ်။


ဒါကြောင့် ဒီလိုအမူအကျင့်မျိုး ကိုယ့်မှာ ရှိတယ်ဆိုတာ သိထားရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါ ကုထုံးပညာရှင်၊ စိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ 


စောစီးစွာ ကုသမှုခံယူတာဟာ ရောဂါကို မွေးတာထက် အကျိုးကျေးဇူးများစွာ ရှိစေနိုင်ပါတယ်။

အကယ်လို့ ကိုယ်က ဆရာဝန်နဲ့ သွားပြရမှာ ရှက်တယ်၊ ဒါမှမဟုတ် အချိန်မပေးနိုင်ဘူးဆိုရင်တော့ အောက်မှာ ပြထားတဲ့ နည်းလမ်းတွေကို ကိုယ်တိုင် လိုက်လုပ်ကြည့်ပြီး ကိုယ့်ကို အတွေးလွန်နေစေတဲ့ အမူအကျင့်ကို ဖျောက်ပေးလို့ ရပါတယ်။


၁။ ကြံဖန်အလုပ်ရှာလုပ်ပါ။


ကိုယ့်ကိုယ်ကို အတွေးလွန်နေပြီ၊ စပြီး အတွေးကမ္ဘာထဲ ရောက်နေပြန်ပြီလို့ သိလိုက်တာနဲ့ အနားမနေပါနဲ့။ ရတဲ့အလုပ် ကြံဖန်လုပ်ပါ။ ကိုယ့်အနားက လူတွေကို သေချာကြည့်ရင်း လုပ်ဖို့ လိုအပ်တဲ့အရာတစ်ခုကို ဆုံးဖြတ်ချက်ချပြီး ချက်ချင်းကောက်လုပ်လိုက်ပါ။ လူက ဘာမှမလုပ်ဘဲ နေနေတဲ့အခါ ဦးနှောက်က ကြံဖန်တွေးနိုင်တာကြောင့် ကိုယ့်စိတ်ကို အနားမပေးပါနဲ့။ ဘာလုပ်ရမှန်း မသိရင်လည်း ကိုယ့်အိမ်၊ ကိုယ့်အခန်းကို သန့်ရှင်းရေး လုပ်လိုက်တာဖြစ်စေ၊ ဟင်းထချက်တာဖြစ်စေ လုပ်လို့ရသလို အဆင်ပြေတဲ့ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ စာအုပ်ဖတ်တာဖြစ်စေ၊ အိမ်နား စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်တာမျိုး လုပ်ပေးလို့ ရပါတယ်။


၂။ ထိုင်တွေးနေမယ့်အစား လက်တွေ့လုပ်ပါ။


ပြဿနာတစ်ခု ရှိလာရင် ထိုင်ပြီးတွေးနေလို့ အချိန်ကုန်တာပဲ အဖတ်တင်ကျန်ခဲ့မှာပါ။ ဒါကြောင့် ဘယ်လိုဖြေရှင်းရမလဲ၊ ငါ ဒီလိုလုပ်လိုက်ရင် ဘာများဖြစ်သွားမလဲဆိုပြီး ထိုင်တွေးနေမယ့်အစား ဘာပဲဖြစ်နေဖြစ်နေ ပြဿနာကို ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းဖို့ ကြိုးစားကြည့်ပါ။ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို လိုအပ်ရင် စာရွက်ထဲမှာ ချရေးပြီး အဲ့အတိုင်း လုပ်ကြည့်ပါ။ ခေါင်းထဲမှာ မဖြစ်နိုင်ဘူးလို့ ဝင်လာတဲ့ မကောင်းတဲ့အတွေးတွေကို ဖယ်ထုတ်ထားပါ။ ငါ ဘာလုပ်လုပ် ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကို မွေးပါ။


၃။ ကိုယ့်ရဲ့ အတွေးကို ပြန်ဆန်းစစ်ပါ။


ဘယ်သူမဆို အမှားတွေ လုပ်ဖူးမှာပါပဲ။ ဒီလိုမျိုး အတိတ်မှာ ဖြစ်ခဲ့တဲ့ အမှားတွေ၊ ကိုယ့်စိတ်ထဲမှာ ကျန်နေခဲ့တဲ့ အပြစ်တင်စိတ်တွေ၊ ယူကြုံးမရဖြစ်နေတဲ့ ခံစားချက်တွေကို မကြာခဏတွေးရင်း အတွေးတွေ လွန်နေပြီလားဆိုတာ သေချာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ မကောင်းတဲ့ အတွေးတွေကို ဦးနှောက်က စွဲမြဲပြီး တွေးနေတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ပိုပြီးဆိုးလာဖို့ပဲ ရှိပါတယ်။ ဒီလိုအတွေးတွေဟာ ကိုယ့်အတွက် မကောင်းဘူးဆိုတာ သေချာသိလာပြီဆိုရင် ဒီအတွေးတွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်ပစ်ဖို့ ကြိုးစားပါ။ ကိုယ့်အတိတ်က မှားခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လိုက်ပါ။


၄။ ဘဝရဲ့ ရည်မှန်းချက်တွေအကြောင်း သေချာပြန်ဆန်းစစ်ကြည့်ပါ။


လူတိုင်းကတော့ ကိုယ် နောင်တစ်ချိန်မှာ ဘာဖြစ်ချင်တာလဲ၊ အိမ်ပိုင်ချင်တာလား၊ စီးပွားရေးတစ်ခုခု လုပ်ချင်တာလား၊ သင်တန်းပဲ တက်ချင်တာလား၊ ကိုယ်ဝါသနာပါတာ လုပ်ချင်တာလား အစရှိသဖြင့် ရည်မှန်းချက်ကိုယ်စီ ရှိတတ်ကြစမြဲပါပဲ။ ပြဿနာဖြစ်စေတဲ့အရာကတော့ ကိုယ့်ရဲ့ လက်ရှိအခြေအနေနဲ့ အရမ်းကွာဟလွန်းတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ၊ ဖြစ်နိုင်ဖို့ အလွန်ခဲယဉ်းတဲ့ ဘဝရည်မှန်းချက်တွေ ထားထားတဲ့အခါ ကိုယ့်အတွက်လည်း လောဘတွေ၊ မောဟတွေနဲ့ ပူလောင်ရသလို စိတ်လည်း တော်တော်လေး ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ ဒါကြောင့် ဘဝနဲ့ အရမ်းကွာလွန်းတဲ့ စိတ်ကူးယဉ်အိပ်မက်တွေအစား ကိုယ်အတိတ်မှာ ဘယ်လိုအကျိုးရှိစေမယ့် အရာတွေ လုပ်ခဲ့ပြီးပြီလဲဆိုတာ သေချာပြန်လေ့လာကြည့်ပါ။ ကိုယ့်လက်ရှိအတိုင်းအတာနဲ့ အနီးစပ်ဆုံး ဖြစ်စေနိုင်တဲ့ အိပ်မက်တစ်ခုခု ထားကြည့်ပြီး အကောင်အထည်ဖော်ပါ။


၅။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် ကြိုးစားပါ။


မိမိကိုယ်ကိုယ် အကောင်းမြင်ခြင်း၊ တန်ဖိုးထားတတ်ခြင်းဟာ စိတ်ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ အရာတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်လိုက်တဲ့အခါ ရုပ်ဆိုးလိုက်တာ၊ ဝလိုက်တာ၊ ပိန်လိုက်တာဆိုပြီး မကောင်းမြင်နေမယ်။ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ဘဝမှာ ဘာမှလည်း မပိုင်ဆိုင်ရဘူး၊ မအောင်မြင်နေဘူး အစရှိသဖြင့် ကိုယ့်ရဲ့ စိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးတွေကို ဖျောက်ဖျက်ထားပါ။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်ကို မွေးမြူကြည့်ပါ။


၆။ တရားထိုင်ကြည့်ပါ။


ဘာသာရေးနဲ့ မသက်ဆိုင်ဘဲ ကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင်လည်း တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်စေတယ်။ အေးချမ်းစေတယ်။ မကောင်းတဲ့အတွေးတွေ မတွေးမိစေဖို့ ကူညီပေးတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီး ခွင့်လွှတ်စိတ်၊ အကောင်းမြင်စိတ်တွေကို ဖြစ်စေတယ်။ စိတ်ထဲမှာ ကျန်ရစ်နေတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အတွေးလွန်နေပြီ၊ စိတ်အကျဉ်းကျသလို ဖြစ်နေပြီလို့ ခံစားရပြီဆိုရင် ဘာမှဆက်မတွေးဘဲ တရားထိုင်ကြည့်ပါ။ ခါးကို မတ်မတ်ထားပြီး အသက်ကို ပုံမှန်ရှူရှိုက်ပါ။ ကိုယ်အသက်ရှူသွင်း၊ ရှူထုတ်လိုက်တဲ့ လေကလွဲပြီး ကျန်တဲ့ဘယ်လိုအရာကိုမှ အာရုံမထားပါနဲ့။


၇။ တစ်ယောက်ယောက်ကို ကိုယ့်ရဲ့ အတွေးတွေကို ပြောပြပေးပါ။


တစ်ယောက်ထဲ စိတ်ထဲမှာတွေးပြီး ပူလောင်နေတာထက် တစ်ယောက်ယောက်ကို ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ အပူတွေကို မျှဝေပေးလိုက်တာ ကိုယ့်စိတ်ကိုလည်း အနည်းငယ်ပေါ့ပါးသွားစေသလို အတွေးလွန်ပြီး အသိစိတ်လွတ်သွားတာမျိုးလည်း မဖြစ်တော့ပါဘူး။ အနည်းဆုံးတော့ ကိုယ့်မှာ ရှိနေတဲ့ ပြဿနာကို ဝိုင်းကူပြီး ဖြေရှင်းပေးဖို့ အဖော်တစ်ယောက်ရသွားတာပေါ့။


မိမိရဲ့ စိတ်နဲ့ အမူအကျင့်ကို ကိုယ်တိုင် ပြင်ဆင်နိုင်မှ ကိုယ့်ရဲ့ မလိုလားအပ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ မဖြစ်ရတော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ဖျောက်လို့ မရဘူး၊ အကူအညီလိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချထားရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး စိတ်ကုထုံး လုပ်ကြည့်တာ အကောင်းဆုံးပါပဲ။


(Zawgyi)

အေတြးထဲမွာ စိတ္ေခ်ာင္ပိတ္မိျခင္း (သို႔) စိတ္အက်ဥ္းက် ေဝဒနာ





စာေရးသူ Ye Myo Myat 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#Mental_Health

#စိတ္က်န္းမာေရး


(လူဆိုတာ ေမြးဖြားလာကတည္းက ေလာကဓံလႈိင္းရဲ႕ အပုတ္အခပ္ကို ခံစားၾကရတာ အသက္ေသဆံုးခ်ိန္ထိမို႔ စိတ္ခံစားခ်က္ အတက္ အက် မ်ားမွာေသခ်ာတယ္။ စိတ္အေျခအေနပဲျဖစ္ျဖစ္၊ ရုပ္အေျခအေနပဲဆိုဆို သာမန္ ႏွာေစးေခ်ာင္းဆိုးအဆင့္ထက္ေက်ာ္လြန္စြာ ေရာဂါတစ္ခုအသြင္ေဆာင္လာျပီဆိုရင္ေတာ့ တတ္သိနားလည္သူမ်ားနဲ႔ တိုင္ပင္ ျပသ ေဆြးေႏြးကုသပါလို႔ အၾကံေပးခ်င္ပါတယ္။ ေရာဂါဆိုတာ သိသိခ်င္း ကုသေလ အက်ိဳးထိေရာက္မႈမ်ားေလျဖစ္ပါတယ္။)



#စိတ္အက်ဥ္းက်တယ္ဆိုတာ ဘာလဲ


 အျပဳအမူပိုင္းဆိုင္ရာ ပုံမွန္မဟုတ္တဲ့ အေျခအေနျဖစ္ၿပီး ကိုယ့္ရဲ႕ အေတြးအာ႐ုံထဲမွာ အေၾကာင္းအရာ တစ္မ်ိဳးတည္း သို႔မဟုတ္ ဆက္စပ္သမွ် အေၾကာင္းအရာေတြကို ထိုင္ေတြးေနရင္း အခ်ိန္ကုန္သြားမွန္းမသိ ကုန္သြားတာ၊ အသိစိတ္ေတြ လြတ္ၿပီး ကိုယ့္ရဲ႕ တစ္ေန႕တာ အလုပ္ေတြ၊ ျဖစ္ပ်က္ေနသမွ် အရာေတြကို သတိမထားမိေတာ့တဲ့ အေျခအေနမ်ိဳးကို စိတ္အက်ဥ္းက်ျခင္း (Rumination) လို႔ ေခၚပါတယ္။


 မ်ားေသာအားျဖင့္ ဝမ္းနည္းပူေဆြးစရာ၊ ေၾကာက္မက္ဖြယ္ရာ၊ ျဖစ္ဖူးခဲ့တဲ့ အတိတ္ေတြနဲ႕ မျဖစ္လာေသးတဲ့ အေၾကာင္းအရာေတြကိုပဲ စိတ္ထဲက ေတြးေနမိၿပီး ဒီအေတြးထဲကေနလည္း ဘယ္လိုမွ ႐ုန္းမထြက္နိုင္ေတာ့တာ၊ တျခားအရာေတြကို မစဥ္းစားမိေတာ့တာ၊ အလုပ္ပ်က္၊ အအိပ္ပ်က္၊ အစားပ်က္နဲ႕ တျဖည္းျဖည္း စိတ္ေရာ ကိုယ္ပါ က်န္းမာေရးအေျခအေန ဆိုး႐ြားလာနိုင္ပါတယ္။


 

#ဘယ္လိုအေျခအေနေၾကာင့္ စိတ္ေခ်ာင္ပိတ္မိတဲ့ အက်င့္ ျဖစ္လာရတာလဲ။


႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာမွာ ျပင္းျပင္းထန္ထန္ ထိခိုက္တုန္လႈပ္မႈႀကီး ျဖစ္ခဲ့ဖူးတာ၊


စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ အရာေတြ၊ လူေတြနဲ႕ ေန႕စဥ္ ရင္ဆိုင္ဆက္ဆံေနရတာ၊


ၾကာၾကာေတြးရင္ ကိုယ့္မွာ ျဖစ္ေနတဲ့ ျပႆနာနဲ႕ ပတ္သက္ၿပီး အေျဖတစ္ခုခုရွာနိုင္မယ္လို႔ ယုံၾကည္ထားတာ၊


အရာရာကို ၿပီးျပည့္စုံဖို႔၊ စင္းလုံးေခ်ာ မွန္ေစခ်င္တဲ့ ပင္ကိုယ္စရိုက္ရွိတာ၊


စိတ္အနည္းငယ္ မူမမွန္ျခင္း၊ ပုံမွန္မဟုတ္ဘဲ အေတြးအေခၚေတြ အစြန္းေရာက္လြန္းေနျခင္း၊


တျခားသူေတြရဲ႕ ဘဝဇာတ္ေၾကာင္းကို အလြန္စိတ္ဝင္စားျခင္း၊ တျခားသူအစား ပူပန္ေပးတတ္ျခင္း၊



 ဒီလို အမူအက်င့္ေတြ ရွိတဲ့သူေတြမွာ လိုတာထက္ပိုၿပီး ေတြးတာ၊ အေတြးထဲမွာ ေခ်ာင္ပိတ္မိတဲ့ အက်င့္ေတြ ျဖစ္လာမယ္။ တျဖည္းျဖည္း မကုသဘဲထားထားမယ္ဆိုရင္ ကိုယ့္ရဲ႕ အလုပ္ခြင္မွာေရာ လူမႈေရး၊ မိသားစုမွာပါ အဆင္မေျပမႈေတြ ႀကဳံလာမယ္။ ေနာက္ဆက္တြဲအေနနဲ႕ စိတ္က်ေရာဂါအျပင္ စိတ္က်န္းမာေရးမွာ ျပႆနာေတြ ျဖစ္လာနိုင္ပါတယ္။



#အေတြးလြန္တတ္တဲ့ သူေတြမွာ ဘယ္လိုျပႆနာေတြကို ေတြ႕နိုင္လဲ။


ေတြးေနတဲ့အခ်ိန္မွာ ပိုၿပီးဝမ္းနည္းပူေဆြးလာတာ၊ ေဒါသထြက္တာ၊ စိတ္ဓါတ္က်လာတာ၊


အရာရာနဲ႕ ပတ္သက္ၿပီး မေကာင္းျမင္လာတာ၊ အျပစ္ျမင္တဲ့စိတ္ေတြ ပိုမ်ားလာတာ၊


ျပႆနာနဲ႕ ပတ္သက္ၿပီး အေျဖရွာမရဘဲ အေတြးထဲမွာပဲ အခ်ိန္ကုန္ဆုံးသြားတာ၊


အေတြးထဲ စိတ္ေရာက္ေနၿပီး လက္ေတြ႕လုပ္ေဆာင္ဖို႔ စိတ္အားထက္သန္မႈ မရွိေတာ့တာ၊


ကိုယ့္ေရွ႕မွာ ျဖစ္ပ်က္ေနတဲ့ ဘယ္အရာကိုမွ ေကာင္းေကာင္းအာ႐ုံမစိုက္နိုင္ေတာ့တာ၊


အေတြးလြန္မႈေၾကာင့္ စိတ္ဖိစီးမႈေတြ ပိုခံစားလာရတာ၊ ျပႆနာေတြ ပိုျဖစ္လာတာ အစရွိတာေတြကို ေတြ႕နိုင္ပါတယ္။


 ဒါေၾကာင့္ ဒီလိုအမူအက်င့္မ်ိဳး ကိုယ့္မွာ ရွိတယ္ဆိုတာ သိထားရင္ နားလည္တတ္ကြၽမ္းတဲ့ စိတ္ေရာဂါ ကုထုံးပညာရွင္၊ စိတ္ဆရာဝန္ေတြနဲ႕ တိုင္ပင္ၿပီး ကုသမႈခံယူတာ အေကာင္းဆုံးပါပဲ။ ေစာစီးစြာ ကုသမႈခံယူတာဟာ ေရာဂါကို ေမြးတာထက္ အက်ိဳးေက်းဇူးမ်ားစြာ ရွိေစနိုင္ပါတယ္။



အကယ္လို႔ ကိုယ္က ဆရာဝန္နဲ႕ သြားျပရမွာ ရွက္တယ္၊ ဒါမွမဟုတ္ အခ်ိန္မေပးနိုင္ဘူးဆိုရင္ေတာ့ ေအာက္မွာ ျပထားတဲ့ နည္းလမ္းေတြကို ကိုယ္တိုင္ လိုက္လုပ္ၾကည့္ၿပီး ကိုယ့္ကို အေတြးလြန္ေနေစတဲ့ အမူအက်င့္ကို ေဖ်ာက္ေပးလို႔ ရပါတယ္။



 ၁။ ႀကံဖန္အလုပ္ရွာလုပ္ပါ။


 ကိုယ့္ကိုယ္ကို အေတြးလြန္ေနၿပီ၊ စၿပီး အေတြးကမၻာထဲ ေရာက္ေနျပန္ၿပီလို႔ သိလိုက္တာနဲ႕ အနားမေနပါနဲ႕။ ရတဲ့ အလုပ္ ႀကံဖန္လုပ္ပါ။ ကိုယ့္အနားက လူေတြကို ေသခ်ာၾကည့္ရင္း လုပ္ဖို႔ လိုအပ္တဲ့အရာတစ္ခုကို ဆုံးျဖတ္ခ်က္ခ်ၿပီး ခ်က္ခ်င္း ေကာက္လုပ္လိုက္ပါ။ လူက ဘာမွမလုပ္ဘဲ ေနေနတဲ့အခါ ဦးႏွောက္က ႀကံဖန္ေတြးနိုင္တာေၾကာင့္ ကိုယ့္စိတ္ကို အနားမေပးပါနဲ႕။ ဘာလုပ္ရမွန္း မသိရင္လည္း ကိုယ့္အိမ္၊ ကိုယ့္အခန္းကို သန႔္ရွင္းေရး လုပ္လိုက္တာျဖစ္ေစ၊ ဟင္းထခ်က္တာျဖစ္ေစ လုပ္လို႔ ရသလို အဆင္ေျပတဲ့ ႐ုပ္ရွင္ၾကည့္ တာျဖစ္ျဖစ္၊ စာအုပ္ဖတ္တာျဖစ္ေစ၊ အိမ္နား စိတ္ေျပလက္ေပ်ာက္ လမ္းေလွ်ာက္ထြက္တာမ်ိဳး လုပ္ေပးလို႔ ရပါတယ္။



 ၂။ ထိုင္ေတြးေနမယ့္အစား လက္ေတြ႕လုပ္ပါ။


 ျပႆနာတစ္ခု ရွိလာရင္ ထိုင္ၿပီးေတြးေနလို႔ အခ်ိန္ကုန္တာပဲ အဖတ္တင္က်န္ခဲ့မွာပါ။ ဒါေၾကာင့္ ဘယ္လိုေျဖရွင္းရမလဲ၊ ငါ ဒီလို လုပ္လိုက္ရင္ ဘာမ်ားျဖစ္သြားမလဲဆိုၿပီး ထိုင္ေတြးေနမယ့္အစား ဘာပဲျဖစ္ေနျဖစ္ေန ျပႆနာကို ထိပ္တိုက္ရင္ဆိုင္ၿပီး ေျဖရွင္းဖို႔ ႀကိဳးစားၾကည့္ပါ။ ျပႆနာကို ေျဖရွင္းနိုင္မယ့္ နည္းလမ္းေတြကို လိုအပ္ရင္ စာ႐ြက္ထဲမွာ ခ်ေရးၿပီး အဲ့အတိုင္း လုပ္ၾကည့္ပါ။ ေခါင္းထဲမွာ မျဖစ္နိုင္ဘူးလို႔ ဝင္လာတဲ့ မေကာင္းတဲ့အေတြးေတြကို ဖယ္ထုတ္ထားပါ။ ငါ ဘာလုပ္လုပ္ ျဖစ္နိုင္တယ္ဆိုတဲ့ စိတ္ကို ေမြးပါ။



 ၃။ ကိုယ့္ရဲ႕ အေတြးကို ျပန္ဆန္းစစ္ပါ။


 ဘယ္သူမဆို အမွားေတြ လုပ္ဖူးမွာပါပဲ။ ဒီလိုမ်ိဳး အတိတ္မွာ ျဖစ္ခဲ့တဲ့ အမွားေတြ၊ ကိုယ့္စိတ္ထဲမွာ က်န္ေနခဲ့တဲ့ အျပစ္တင္စိတ္ေတြ၊ ယူႀကဳံးမရျဖစ္ေနတဲ့ ခံစားခ်က္ေတြကို မၾကာခဏ ေတြးရင္း အေတြးေတြ လြန္ေနၿပီလားဆိုတာ ေသခ်ာဆန္းစစ္ၾကည့္ဖို႔ လိုပါတယ္။ မေကာင္းတဲ့ အေတြးေတြကို ဦးႏွောက္က စြဲၿမဲၿပီး ေတြးေနတဲ့အခါမွာ ကိုယ့္ရဲ႕ စိတ္က်န္းမာေရးအေျခအေနဟာ ပိုၿပီးဆိုးလာဖို႔ပဲ ရွိပါတယ္။ ဒီလိုအေတြးေတြဟာ ကိုယ့္အတြက္ မေကာင္းဘူးဆိုတာ ေသခ်ာသိလာၿပီဆိုရင္ ဒီအေတြးေတြကို ျဖည္းျဖည္းခ်င္း ဖယ္ထုတ္ပစ္ဖို႔ ႀကိဳးစားပါ။ ကိုယ့္အတိတ္က မွားခဲ့တဲ့ အရာေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ ခြင့္လႊတ္လိုက္ပါ။



 ၄။ ဘဝရဲ႕ ရည္မွန္းခ်က္ေတြအေၾကာင္း ေသခ်ာျပန္ဆန္းစစ္ၾကည့္ပါ။


 လူတိုင္းကေတာ့ ကိုယ္ ေနာင္တစ္ခ်ိန္မွာ ဘာျဖစ္ခ်င္တာလဲ၊ အိမ္ပိုင္ခ်င္တာလား၊ စီးပြားေရးတစ္ခုခု လုပ္ခ်င္တာလား၊ သင္တန္းပဲ တက္ခ်င္တာလား၊ ကိုယ္ဝါသနာပါတာ လုပ္ခ်င္တာလား အစရွိသျဖင့္ ရည္မွန္းခ်က္ကိုယ္စီ ရွိတတ္ၾကစၿမဲပါပဲ။ ျပႆနာျဖစ္ေစတဲ့ အရာကေတာ့ ကိုယ့္ရဲ႕ လက္ရွိအေျခအေနနဲ႕ အရမ္းကြာဟလြန္းတဲ့ စိတ္ကူးယဥ္အိပ္မက္ေတြ၊ ျဖစ္နိုင္ဖို႔ အလြန္ခဲယဥ္းတဲ့ ဘဝရည္မွန္းခ်က္ေတြ ထားထားတဲ့အခါ ကိုယ့္အတြက္လည္း ေလာဘေတြ၊ ေမာဟေတြနဲ႕ ပူေလာင္ရသလို စိတ္လည္း ေတာ္ေတာ္ေလး ပင္ပန္းႏြမ္းနယ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ဘဝနဲ႕ အရမ္းကြာလြန္းတဲ့ စိတ္ကူးယဥ္အိပ္မက္ေတြအစား ကိုယ္အတိတ္မွာ ဘယ္လိုအက်ိဳးရွိ ေစမယ့္ အရာေတြ လုပ္ခဲ့ၿပီးၿပီလဲဆိုတာ ေသခ်ာျပန္ေလ့လာၾကည့္ပါ။ ကိုယ့္လက္ရွိအတိုင္းအတာနဲ႕ အနီးစပ္ဆုံး ျဖစ္ေစနိုင္တဲ့ အိပ္မက္ တစ္ခုခု ထားၾကည့္ၿပီး အေကာင္အထည္ေဖာ္ပါ။



 ၅။ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားတတ္ေအာင္ ႀကိဳးစားပါ။


 မိမိကိုယ္ကိုယ္ အေကာင္းျမင္ျခင္း၊ တန္ဖိုးထားတတ္ျခင္းဟာ စိတ္က်န္းမာေရးအတြက္ အလြန္အေရးပါတဲ့ အရာတစ္ခုပါ။ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲ ၾကည့္လိုက္တဲ့အခါ ႐ုပ္ဆိုးလိုက္တာ၊ ဝလိုက္တာ၊ ပိန္လိုက္တာဆိုၿပီး မေကာင္းျမင္ေနမယ္။ တျခားသူေတြနဲ႕ ယွဥ္လိုက္ရင္ ကိုယ့္ဘဝမွာ ဘာမွလည္း မပိုင္ဆိုင္ရဘူး၊ မေအာင္ျမင္ေနဘူး အစရွိသျဖင့္ ကိုယ့္ရဲ႕ စိတ္ကို အဆိပ္အေတာက္ျဖစ္ေစတဲ့ အေတြးေတြကို ေဖ်ာက္ဖ်က္ထားပါ။ ကိုယ့္ကိုယ္ကိုယ္ အေကာင္းျမင္စိတ္ကို ေမြးျမဴၾကည့္ပါ။



 ၆။ တရားထိုင္ၾကည့္ပါ။


 ဘာသာေရးနဲ႕ မသက္ဆိုင္ဘဲ က်န္းမာေရးရႈေထာင့္အရ ၾကည့္မယ္ဆိုရင္လည္း တရားထိုင္ျခင္းဟာ စိတ္ကို တည္ၿငိမ္ေစတယ္။ ေအးခ်မ္းေစတယ္။ မေကာင္းတဲ့အေတြးေတြ မေတြးမိေစဖို႔ ကူညီေပးတယ္။ ကိုယ့္ပတ္ဝန္းက်င္မွာ ျဖစ္ေနတဲ့အရာေတြနဲ႕ ပတ္သက္ၿပီး ခြင့္လႊတ္စိတ္၊ အေကာင္းျမင္စိတ္ေတြကို ျဖစ္ေစတယ္။ စိတ္ထဲမွာ က်န္ရစ္ေနတဲ့ အဆိပ္အေတာက္ျဖစ္ေစတဲ့ အေတြးေတြကို ဖယ္ရွားေပးနိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အေတြးလြန္ေနၿပီ၊ စိတ္အက်ဥ္းက်သလို ျဖစ္ေနၿပီလို႔ ခံစားရၿပီဆိုရင္ ဘာမွဆက္မေတြးဘဲ တရားထိုင္ၾကည့္ပါ။ ခါးကို မတ္မတ္ထားၿပီး အသက္ကို ပုံမွန္ရႉရွိုက္ပါ။ ကိုယ္ အသက္ရႉသြင္း၊ ရႉထုတ္လိုက္တဲ့ ေလကလြဲၿပီး က်န္တဲ့ဘယ္လိုအရာကိုမွ အာ႐ုံမထားပါနဲ႕။



 ၇။ တစ္ေယာက္ေယာက္ကို ကိုယ့္ရဲ႕ အေတြးေတြကို ေျပာျပေပးပါ။


 တစ္ေယာက္ထဲ စိတ္ထဲမွာ ေတြးၿပီး ပူေလာင္ေနတာထက္ တစ္ေယာက္ေယာက္ကို ကိုယ့္ရင္ထဲမွာ ျဖစ္ေနတဲ့ အပူေတြကို မွ်ေဝေပးလိုက္တာ ကိုယ့္စိတ္ကိုလည္း အနည္းငယ္ေပါ့ပါးသြားေစသလို အေတြးလြန္ၿပီး အသိစိတ္လြတ္သြားတာမ်ိဳးလည္း မျဖစ္ေတာ့ပါဘူး။ အနည္းဆုံးေတာ့ ကိုယ့္မွာ ရွိေနတဲ့ ျပႆနာကို ဝိုင္းကူၿပီး ေျဖရွင္းေပးဖို႔ အေဖာ္တစ္ေယာက္ရသြားတာေပါ့။



 မိမိရဲ႕ စိတ္နဲ႕ အမူအက်င့္ကို ကိုယ္တိုင္ ျပင္ဆင္နိုင္မွ ကိုယ့္ရဲ႕ မလိုလားအပ္တဲ့ စိတ္က်န္းမာေရးျပႆနာေတြ မျဖစ္ရေတာ့ဘူးေပါ့။ ကိုယ့္ကိုယ္ကိုယ္ ေဖ်ာက္လို႔ မရဘူး၊ အကူအညီလိုအပ္တယ္လို႔ ဆုံးျဖတ္ခ်က္ခ်ထားရင္ေတာ့ နားလည္တတ္ကြၽမ္းတဲ့ စိတ္ေရာဂါကုထုံးပညာရွင္ေတြနဲ႕ တိုင္ပင္ၿပီး စိတ္ကုထုံး လုပ္ၾကည့္တာ အေကာင္းဆုံးပါပဲ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


Saturday, January 29, 2022

ကျော်ဟိန်းသို့မဟုတ် နေလိုတောက်ပခဲ့သူ...

ကျော်ဟိန်းသို့မဟုတ် နေလိုတောက်ပခဲ့သူ...





#မြန်မာ့ရုပ်ရှင်သရုပ်ဆောင်များ

#ကျော်ဟိန်း

#ကိုယ်ရေးအကျဉ်း

(လူတွေကို ကျော်ဟိန်းကမသိပေမဲ့ လူတွေက ကျော်ဟိန်းကိုသိသတဲ့ဆိုသော လက်သုံးစကားထဲက ဦးကျော်ဟိန်း။ ကျွန်တော်တို့ငယ်စဉ် မြန်မာ့ရုပ်မြင်သံကြား တနင်္ဂနွေရုပ်ရှင်တွေကြည့်ရချိန်တိုင်း သူ့ဇာတ်ကားတွေ မပါမဖြစ်။ အသက်ရလာတော့ ဗီဒီယိုဇာတ်လမ်းတွေမှာပါ ဦးကျော်ပါတဲ့ ဇာတ်ကားဆိုရင် မကြည့်ဘူးဆိုတာမရှိခဲ့ပါ။ သူ့ကိုယ်ပိုင်ဘ၀မှာ ဘယ်လိုရှိတယ်မသိပေမယ့် အနုပညာနဲ့ပတ်သက်ရင် သူဟာ တန်ဖိုးရှိလွန်းသူပါပဲ။ သူ့အကြောင်း အနည်းငယ်လောက်ပဲဖြစ်ဖြစ် သိရအောင် ဆောင်းပါးတစ်စောင်ကို မျှေ၀လိုက်ပါတယ်။)


မေလးရွား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက္က ပြောခဲ့ဖူးတယ်။ အစားကောင်း ဆိုတာ ဝအောင်မစားရဘူး။ စားလို့ကောင်းတုန်း မဝခင် ဖြတ်ထားရတယ် တဲ့။ သူနာမည်ကောင်း ရနေချိန်မှာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ မဝင်တော့တဲ့ အကြောင်း ကြေညာစဉ်က ပြောခဲ့တာပါ။ 


ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း မဟာသီယာလို ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့ဖူးပါတယ်။ သူကေတာ့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက္က ပျံလွန်တော်မူသွားတဲ့ ဦးဇင်းကြီး ဦးကိတ္တိသာရ (ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်း) ပဲ ဖြစ်ပါတယ်။


 သူဟာ အသက်အရွယ် ရလာပေမယ့် ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက် နာမည်ရနေဆဲ ကာလမွာ သူ့ရဲ့ ကျော်ကြားမှု၊ စည်းစိမ်နဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ကို ဝင်ရောက် သွားခဲ့သူလည်း ဖြစ်ပါတယ်။


#ကျော်ဟိန်း ဘဝဇာတ်ကြောင်း

ဦးဇင်းကြီး ဦးကိတ္တိသာရ ဖြစ်လာမယ့် ကျော်ဟိန်းကို ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၄ ရက် တနင်္လာနေ့က ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်၊ ကျောင်းကုန်းလမ်းမှာ အငြိမ်းစား ခရိုင်ရဲဝန် ဦးဂျွန်မောင်စိန်နဲ့ ဒေါ်ချိုချိုတို့က မွေးဖွားခဲ့ပြီး သားသမီး ခြောက်ယောက်အနက် လေးဦးမြောက်သား ဖြစ်ပါတယ်။ နာမည်ရင်းက မောင်ကျော်ဋ္ဌေးပါ။ 


ငယ္ငယ္က လူဆိုးလေးအဖြစ် နာမည်ကြီးခဲ့တဲ့ မောင်ကျော်ဋ္ဌေးဟာ ၁၉၅၂ ခုနှစ်မှာ ကြည့်မြင်တိုင် အေဘီအမ်ကျောင်း၊ ၁၉၅၆ မွာ အလုံမြို့နယ် ဟုမ်းလမ်းက ယူနစ်ကရင်ကျောင်း၊ ၁၉၅၇ မွာ ကူရှင်ကျောင်း၊ ၁၉၆၄ မွာ မြို့နယ် အသီးသီးက အလွတ် ပညာသင်ကျောင်း (ညကျောင်း အပါအဝင်) ၂၃ ကျောင်းကို ပြောင်းရွှေ့ ပညာသင်ခဲ့တယ်။ 


နောက်ဆုံးမှာတော့ ကျောင်းမနေတော့ဘဲ အိမ္ကေန ၁၆ ကြိမ်ဆင်း၊ အိမ်ပြေးဘဝနဲ့ လမ်းပေါ်မှာ လေလွင့်နေခဲ့ရာက ၁၉၆၅ မွာ ကမာရွတ်မြို့နယ်ထဲက ဒေါ်သာထက် ကျောင်းမှာ နဝမတန်း(သုံးကြိမ်မြောက်) ပညာသင်ယူ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ 


၁၉၆၆ မွာ ဒဂုံမြို့နယ်ထဲက ဒေါ်နုနုခင် အလွတ်ပညာသင် ကျောင်းမှာ ၁ဝ တန်းကို သုံးလလောက် တက်ခဲ့ပြီး ရေတပ်ထဲကို ဝင်ခဲ့ပါတယ်။ ၁၉၆၇ မွာ ရေတပ်က ထွက်ပြီး ၁၉၆၇ မွာ ၁ဝ တန်းပြန်ဖြေတော့ (ခ)အဆင့်နဲ့ အောင်မြင်ခဲ့ပါတယ်။


အိမ်ပြေးကျော်ဋ္ဌေး ဘဝကေန မင်းသား ကျော်ဟိန်း ရယ်လို့ ဖြစ်လာအောင် သူ့ရဲ့ ရုပ်ရှင်ဘဝအစကတော့ ၁၉၇ဝ ပြည့်နှစ်မှာ မင်းသမီးစန္ဒာနဲ့ တွဲဖက် ရိုက္ကူးခဲ့တဲ့ ဖူးစာလမ်းဆုံ ဇာတ္ကားပါ။ ကျော်ဟိန်း ဆိုတဲ့ နာမည်တစ်လုံးနဲ့ ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၄ဝ ကျော်ကြာ ရပ်တည်ခဲ့တဲ့ မင်းသား ကြီးဟာ သူ့ရဲ့ ရုပ်ရှင်သက်တမ်း ကာလအတွင်း ရုပ်ရှင်ကားပေါင်း ၂၂၂ ကား၊ ဗီဒီယိုကားပေါင်း ၃၆၂ ကားမွာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မွန်းတည့်ချိန်တွင် နေဝင်သည် နဲ့ စိန် သို့မဟုတ် စိမ် ဇာတ်ကားတို့ကိုလည်း ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက္ကူးခဲ့သူ ဖြစ်ပါတယ်။ 


ကျော်ဟိန်းဟာ သူ့ခေတ်သူ့အခါက လမ်းသူရဲဆန်ဆန် လူငယ်ဇာတ်ရုပ်များနဲ့ သရုပ်ဆောင်ရာမှာ ထူးချွန်လှပြီး အကယ္ဒမီဆု ငါးဆု ဆွတ်ခူးနိုင်ခဲ့သူ၊ ရုပ်ရှင်လောကမှာ အကယ္ဒမီဆု တတိယ အမ်ားဆုံး နေရာမှာ ရှိခဲ့သူလည်း ဖြစ်ပါတယ်။


ကျော်ဟိန်းကို ဘွဲ့ရပညာတတ် မဟုတ္ဘူး၊ လမ်းသူရဲဘဝက လာတာ စသဖြင့် အစောပိုင်းက ပြောဆို ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ အလုပ်အပေါ် ရိုသေမှု၊ ကြိုးစားမှုတွေကြောင့် အောင်မြင်မှုများစွာ ရရွိခဲ့သလို သူ့ရဲ့ ကိုယ်ပိုင်ဒဿန အတွေးအခေါ်များ ပါဝင်တဲ့ ဝတၳုတို၊ ရှည်ပေါင်း မြောက်မြားစွာကိုလည်း ရေးသား ဖန်တီးနိုင်ခဲ့ပါတယ်။ 


ပေဖူးလွှာ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ပြာ ဝတၳုဟာဆိုရင် အထူး လူကြိုက်များခဲ့ပြီး စာပေလောကမှာ နေရာတစ်ခု စိုက္ထူခဲ့တဲ့ ဝတၳုတစ်ပုဒ်လည်း ဖြစ်ပါတယ်။


 ၁၉၆၇ ကေန ၂ဝဝ၈ နိုဝင်ဘာ ၄ ရက်အထိ သူဖြတ်သန်းခဲ့တဲ့ ရုပ်ရှင်သက်တမ်း ၄၁ နှစ်အတွင်းမှာ ရုပ်ရှင် ဇာတ္ကား မ်ားသာမက သီချင်းခွေ ၁၄ ခွေကို သီဆို ထုတ်လုပ်ခဲ့ရာမှာလည်း အထူးအောင်မြင်ခဲ့ပါတယ်။ အဲသည်လို လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာပဲ သူ့ရဲ့အောင်မြင်မှုများကို စွန့်လွှတ်ပြီး အသက် ၆၁ နှစ် အရွယ် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ သူချစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတေလာကကို စွန့်လွှတ်ပြီး ဦးဇင်းကြီး ဦးကိတ္တိသာရ အဖြစ်နဲ့ သာသနာ့ဘောင်ကို အပြီး ဝင်ရောက်ခဲ့ပါတော့တယ်။ သက်တော် ရ၃ နှစ် ပြည့်ဖို့ သုံးရက်အလို ဇူလိုင် ၁၁ ရက်မှာ ပျံလွန်တော်မူခဲ့ပါတယ်။


#ကျော်ဟိန်းမွေးထုတ်ခဲ့တဲ့ ဒွေး


မြန်မာ့ရုပ်ရှင် လောကမှာ ဆွေစဉ်မျိုးဆက် ရုပ်ရှင်လောကမှာပဲ ရပ်တည် အောင်မြင်ခဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲမွာ မင်းသားကြီး ကျော်ဟိန်းနဲ့ တူတော်မောင် ဒွေးတို့လည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာ ရုပ်ရှင်လောကမှာ သရုပ်ဆောင်ကြေး အမ်ားဆုံး ရရှိခဲ့သူများလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ဒွေးဆိုတဲ့ မင်းသားတစ်လက် ပေါ်ထွန်းလာပုံကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။


နောင်တစ်ချိန်မှာ ဒွေး ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင်ကောင်း တစ်ယောက် ပေါ်ထွန်းလာစေရမယ်လို့ မင်းသားကြီး ကျော်ဟိန်းက ယုံကြည်ထားခဲ့တာ သေချာပါတယ်။ ဒွေး ဆိုတဲ့ နာမည်ကို အသုံးပြုခဲ့တဲ့ မူလပိုင်ရှင်က ရုပ်ပြပန်းချီဆရာ စံစံ ဖြစ်ပါတယ်။ သူက ရုပ်ရှင်မင်းသား ကျော်ဟိန်း အောင်မြင်နေတဲ့အချိန် ၁၉၇၉ မွာ ကျော်ဟိန်းပုံနဲ့ ဇာတ်ကောင်တစ်ကောင်ကို ဒွေး လို့ နာမည် ပေးပြီး ရုပ်ပြဇာတ်လမ်း ရေးဆွဲခဲ့သူပါ။ 


တစ်နေ့မှာ သူက ကျော်ဟိန်းဆီမှာ ခွင့်မတောင်းဘဲ ကျော်ဟိန်းပုံတူနဲ့ ရုပ်ပြ ရေးနေတာဆိုတော့ ကျော်ဟိန်းဆီမှာ ဒီပုံနဲ့ ရုပ်ပြရေးခွင့် ပေးဖို့ ကိုယ်တိုင် ခွင့်တောင်းမယ်လို့ ဆုံးဖြတ်ပြီး ကျော်ဟိန်းနဲ့ ဆက်သွယ်ပါတယ်။ ကျော်ဟိန်းက သူ့ကို ဆွဲခွင့်ပေးတဲ့အပြင် သူနဲ့ ကြာကြာရှည်ရှည် ရင်းနှီးခွင့်လည်း ရခဲ့တယ်လို့ ဆိုပါတယ်။


တစ်နေ့မှာတော့ ကျော်ဟိန်းက ပန်းချီစံစံကို ပြောပါတယ်။ သူရေးဆွဲနေတဲ့ ဇာတ်ကောင်နာမည် ဒွေး ကို ဆက်ပြီး မသုံးဘဲ တခြားနာမည်နဲ့ ပြောင်းရေးဖို့ပါ။ ကျော်ဟိန်းက ကျွန်တော် ဒီနာမည်ကို သိပ်ကြိုက်တယ်။ မမြင်ရတဲ့ အားတွေနဲ့ ပြည့်နေတယ်။ ဒီနာမည်ကို ကိုစံစံ ဆီက တောင်းရတဲ့ အကြောင်းက ကျွန်တော့်မှာ ဒီနာမည်ကို တစ်နေ့ကျရင် ပေးသင့်တယ်လို့ ခန့်မှန်းထားတဲ့ ကလေးတစ်ယောက် ရှိနေလို့ပါ။ 


ဒီကေလးဟာ ခုမွ ၁၃ နှစ်၊ ၁၄ နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်တော့် အနုပညာ အေမြကို ဆက်ခံမယ့် ကလေးပေါ့ဗျာ။ ဒါကြောင့် ဒီနာမည်ကို အခုကတည်းက တောင်းတာပါ။ ကိုစံစံ ဆက်သုံးနေမယ် ဆိုရင် အဲဒီအချိန်မှာ ဒီကေလးကို ပေးလို့ မရေတာ့ဘူး။ ပရိသတ်ကလည်း သူတို့သိပြီးသား နာမည်တစ်ခုကို နှစ်နေရာမှာ သုံးရင် ဒုတိယလူက ခံရစမြဲပဲ။ ကိုစံစံ ဒီနာမည်ကို မသုံးဘဲ ခုကတည်းက ရပ်လိုက်မယ် ဆိုရင် ဒီကေလး အရွယ်ရောက်တဲ့အခါ အသစ်ဖြစ်နေလိမ့်မယ် လို့ ပြောပါတယ်တဲ့။ ဒါကြောင့် ပန်းချီဆရာက သူ့ဇာတ်ကောင် နာမည်ကို ဒွေး လို့ ပေးထားတာ ရပ်ပစ်လိုက်ပြီး ကျော်စွာဟိန်း အမည်နဲ့ ဆက်ရေးခဲ့ကြောင်း ရင်ထဲကဒွေး ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားတာ ဖတ်ခဲ့ရပါတယ်။


နောက်ထပ်ဆောင်းပါး တစ်ပုဒ်မှာတော့ ဒွေး ဆိုတဲ့နာမည်ဟာ ကောင်းကင်မှာ နေနဲ့လ နှစ်ပါးလုံး အပြိုင် ထွန်းလင်းတဲ့ အတိတ်နိမိတ်လို့ ကောက်ယူပြီး ပေးခဲ့တဲ့ နာမည်၊ အောင်မြင်တဲ့ အတိတ်နိမိတ်ဆောင်တဲ့ နာမည်လို့လည်း ဖတ်လိုက်ရပါသေး တယ်။ 


ပြောရရင်တော့ မင်းသားကြီးကျော်ဟိန်းဟာ သူ့ရဲ့တူတော်မောင် ကိုထင်လင်းကို အတော်လေး ယုံကြည် အားထားခဲ့တယ် ဆိုတာတော့ သေချာပါတယ်။ ကျော်ဟိန်း အတိတ်နိမိတ်ယူခဲ့သလိုပဲ တူဖြစ်သူ မောင်ထင်လင်း ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာတော့ ဒွေး ဆိုတဲ့ နာမည်နဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ ဖြစ်လာပြီး အသက် ၄၂ နှစ်အရွယ်၊ ၂ဝဝ၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။


နိဂုံး


တူဖြစ်သူ ဒွေး ကွယ်လွန်ပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ ဦးလေးဖြစ်သူ ကျော်ဟိန်းကလည်း လောကီစည်းစိမ်များနဲ့ ကျော်ကြားမှုများကို စွန့်လွှတ်ပြီး ရဟန်းဘောင်သို့ ဝင်ရောက်သွားခဲ့ပါတယ်။


 ထူးခြား တိုက်ဆိုင်လှစွာပဲ တူဖြစ်သူ ဒွေးနဲ့ ဦးလေးဖြစ်သူ ကျော်ဟိန်း (ဦးကိတ္တိသာရ) တို့ဟာ ဇူလိုင် ၁၁ ရက် တစ်ရက်တည်းမှာပဲ လူ့လောကကို အပြီးတိုင် စွန့်ခွာ သွားခဲ့ကြပါတော့တယ်။


ဆိုရရင် မင်းသားကြီး ကျော်ဟိန်း ရော ရုပ်ရှင်သရုပ်ဆောင် ဒွေးရောဟာ ရုပ်ရှင်လောကကြီးကို အနိုင်နဲ့ ပိုင်းသွားခဲ့သူများ ဖြစ်ကြပါတယ်။ 


သူတို့နှစ်ဦးဟာ လူ့လောကကြီးက စွန့်ခွာသွားခဲ့ကြပြီ ဆိုပေမယ့် သူတို့ရဲ့ အောင်မြင် ကျော်ကြားမှုများကတော့ မြန်မာ့ရုပ်ရှင်လောက မိုးကောင်းကင်ကြီးမှာ နေနဲ့လလို ထွန်းလင်းတောက်ပ နေဆဲပါလို့ ရေးလိုက်ပါရစေ...။ ။


ထင်အောင်နိုင်

Ref_Internet

#CRDSaryarSai Min Thant


(Zawgyi) 

ေက်ာ္ဟိန္းသို႔မဟုတ္ ေနလိုေတာက္ပခဲ့သူ...




#ျမန္မာ့ရုပ္ရွင္သရုပ္ေဆာင္မ်ား

#ေက်ာ္ဟိန္း

#ကိုယ္ေရးအက်ဥ္း

(လူေတြကို ေက်ာ္ဟိန္းကမသိေပမဲ့ လူေတြက ေက်ာ္ဟိန္းကိုသိသတဲ့ဆိုေသာ လက္သံုးစကားထဲက ဦးေက်ာ္ဟိန္း။ ကၽြန္ေတာ္တို႔ငယ္စဥ္ ျမန္မာ့ရုပ္ျမင္သံၾကား တနဂၤေႏြရုပ္ရွင္ေတြၾကည့္ရခ်ိန္တိုင္း သူ႕ဇာတ္ကားေတြ မပါမျဖစ္။ အသက္ရလာေတာ့ ဗီဒီယိုဇာတ္လမ္းေတြမွာပါ ဦးေက်ာ္ပါတဲ့ ဇာတ္ကားဆုိရင္ မၾကည့္ဘူးဆိုတာမရွိခဲ့ပါ။ သူ႕ကိုယ္ပိုင္ဘ၀မွာ ဘယ္လိုရွိတယ္မသိေပမယ့္ အႏုပညာနဲ႔ပတ္သက္ရင္ သူဟာ တန္ဖိုးရွိလြန္းသူပါပဲ။ သူ႕အေၾကာင္း အနည္းငယ္ေလာက္ပဲျဖစ္ျဖစ္ သိရေအာင္ ေဆာင္းပါးတစ္ေစာင္ကို မွ်ေ၀လိုက္ပါတယ္။)


မေလးရွား ဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္က ေျပာခဲ့ဖူးတယ္။ အစားေကာင္း ဆိုတာ ဝေအာင္မစားရဘူး။ စားလို႔ေကာင္းတုန္း မဝခင္ ျဖတ္ထားရတယ္ တဲ့။ သူနာမည္ေကာင္း ရေနခ်ိန္မွာ ေနာက္တစ္ႀကိမ္ ေ႐ြးေကာက္ပြဲ မဝင္ေတာ့တဲ့ အေၾကာင္း ေၾကညာစဥ္က ေျပာခဲ့တာပါ။ 


ကြၽန္ေတာ္တို႔ ျမန္မာနိုင္ငံမွာလည္း မဟာသီယာလို ပုဂၢိုလ္တစ္ဦး ရွိခဲ့ဖူးပါတယ္။ သူကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္ ၁၁ ရက္က ပ်ံလြန္ေတာ္မူသြားတဲ့ ဦးဇင္းႀကီး ဦးကိတၱိသာရ (႐ုပ္ရွင္မင္းသားႀကီး ေက်ာ္ဟိန္း) ပဲ ျဖစ္ပါတယ္။


 သူဟာ အသက္အ႐ြယ္ ရလာေပမယ့္ ႐ုပ္ရွင္ေလာကမွာ လွ်မ္းလွ်မ္းေတာက္ နာမည္ရေနဆဲ ကာလမွာ သူ႕ရဲ႕ ေက်ာ္ၾကားမႈ၊ စည္းစိမ္နဲ႕ အရာအားလုံးကို စြန႔္လႊတ္ၿပီး သာသနာ့ေဘာင္ကို ဝင္ေရာက္ သြားခဲ့သူလည္း ျဖစ္ပါတယ္။


#ေက်ာ္ဟိန္း ဘဝဇာတ္ေၾကာင္း

ဦးဇင္းႀကီး ဦးကိတၱိသာရ ျဖစ္လာမယ့္ ေက်ာ္ဟိန္းကို ၁၉၄၇ ခုႏွစ္၊ ဇူလိုင္ ၁၄ ရက္ တနလၤာေန႕က ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္း ၿမိဳ႕နယ္၊ ေက်ာင္းကုန္းလမ္းမွာ အၿငိမ္းစား ခရိုင္ရဲဝန္ ဦးဂြၽန္ေမာင္စိန္နဲ႕ ေဒၚခ်ိဳခ်ိဳတို႔က ေမြးဖြားခဲ့ၿပီး သားသမီး ေျခာက္ေယာက္အနက္ ေလးဦးေျမာက္သား ျဖစ္ပါတယ္။ နာမည္ရင္းက ေမာင္ေက်ာ္႒ေးပါ။ 


ငယ္ငယ္က လူဆိုးေလးအျဖစ္ နာမည္ႀကီးခဲ့တဲ့ ေမာင္ေက်ာ္႒ေးဟာ ၁၉၅၂ ခုႏွစ္မွာ ၾကည့္ျမင္တိုင္ ေအဘီအမ္ေက်ာင္း၊ ၁၉၅၆ မွာ အလုံၿမိဳ႕နယ္ ဟုမ္းလမ္းက ယူနစ္ကရင္ေက်ာင္း၊ ၁၉၅၇ မွာ ကူရွင္ေက်ာင္း၊ ၁၉၆၄ မွာ ၿမိဳ႕နယ္ အသီးသီးက အလြတ္ ပညာသင္ေက်ာင္း (ညေက်ာင္း အပါအဝင္) ၂၃ ေက်ာင္းကို ေျပာင္းေ႐ႊ႕ ပညာသင္ခဲ့တယ္။ 


ေနာက္ဆုံးမွာေတာ့ ေက်ာင္းမေနေတာ့ဘဲ အိမ္ကေန ၁၆ ႀကိမ္ဆင္း၊ အိမ္ေျပးဘဝနဲ႕ လမ္းေပၚမွာ ေလလြင့္ေနခဲ့ရာက ၁၉၆၅ မွာ ကမာ႐ြတ္ၿမိဳ႕နယ္ထဲက ေဒၚသာထက္ ေက်ာင္းမွာ နဝမတန္း(သုံးႀကိမ္ေျမာက္) ပညာသင္ယူ ေအာင္ျမင္ခဲ့တယ္လို႔ ဆိုပါတယ္။ 


၁၉၆၆ မွာ ဒဂုံၿမိဳ႕နယ္ထဲက ေဒၚႏုႏုခင္ အလြတ္ပညာသင္ ေက်ာင္းမွာ ၁ဝ တန္းကို သုံးလေလာက္ တက္ခဲ့ၿပီး ေရတပ္ထဲကို ဝင္ခဲ့ပါတယ္။ ၁၉၆၇ မွာ ေရတပ္က ထြက္ၿပီး ၁၉၆၇ မွာ ၁ဝ တန္းျပန္ေျဖေတာ့ (ခ)အဆင့္နဲ႕ ေအာင္ျမင္ခဲ့ပါတယ္။


အိမ္ေျပးေက်ာ္႒ေး ဘဝကေန မင္းသား ေက်ာ္ဟိန္း ရယ္လို႔ ျဖစ္လာေအာင္ သူ႕ရဲ႕ ႐ုပ္ရွင္ဘဝအစကေတာ့ ၁၉၇ဝ ျပည့္ႏွစ္မွာ မင္းသမီးစႏၵာနဲ႕ တြဲဖက္ ရိုက္ကူးခဲ့တဲ့ ဖူးစာလမ္းဆုံ ဇာတ္ကားပါ။ ေက်ာ္ဟိန္း ဆိုတဲ့ နာမည္တစ္လုံးနဲ႕ ႐ုပ္ရွင္ေလာကမွာ ႏွစ္ေပါင္း ၄ဝ ေက်ာ္ၾကာ ရပ္တည္ခဲ့တဲ့ မင္းသား ႀကီးဟာ သူ႕ရဲ႕ ႐ုပ္ရွင္သက္တမ္း ကာလအတြင္း ႐ုပ္ရွင္ကားေပါင္း ၂၂၂ ကား၊ ဗီဒီယိုကားေပါင္း ၃၆၂ ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္ နဲ႕ စိန္ သို႔မဟုတ္ စိမ္ ဇာတ္ကားတို႔ကိုလည္း ကိုယ္တိုင္ ဒါရိုက္တာအျဖစ္ ရိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ 


ေက်ာ္ဟိန္းဟာ သူ႕ေခတ္သူ႕အခါက လမ္းသူရဲဆန္ဆန္ လူငယ္ဇာတ္႐ုပ္မ်ားနဲ႕ သ႐ုပ္ေဆာင္ရာမွာ ထူးခြၽန္လွၿပီး အကယ္ဒမီဆု ငါးဆု ဆြတ္ခူးနိုင္ခဲ့သူ၊ ႐ုပ္ရွင္ေလာကမွာ အကယ္ဒမီဆု တတိယ အမ်ားဆုံး ေနရာမွာ ရွိခဲ့သူလည္း ျဖစ္ပါတယ္။


ေက်ာ္ဟိန္းကို ဘြဲ႕ရပညာတတ္ မဟုတ္ဘူး၊ လမ္းသူရဲဘဝက လာတာ စသျဖင့္ အေစာပိုင္းက ေျပာဆို ေဝဖန္မႈေတြ ရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူ႕ရဲ႕ အလုပ္အေပၚ ရိုေသမႈ၊ ႀကိဳးစားမႈေတြေၾကာင့္ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့သလို သူ႕ရဲ႕ ကိုယ္ပိုင္ဒႆန အေတြးအေခၚမ်ား ပါဝင္တဲ့ ဝတၳဳတို၊ ရွည္ေပါင္း ေျမာက္ျမားစြာကိုလည္း ေရးသား ဖန္တီးနိုင္ခဲ့ပါတယ္။ 


ေပဖူးလႊာ မဂၢဇင္းမွာ ေဖာ္ျပခဲ့တဲ့ ျပာ ဝတၳဳဟာဆိုရင္ အထူး လူႀကိဳက္မ်ားခဲ့ၿပီး စာေပေလာကမွာ ေနရာတစ္ခု စိုက္ထူခဲ့တဲ့ ဝတၳဳတစ္ပုဒ္လည္း ျဖစ္ပါတယ္။


 ၁၉၆၇ ကေန ၂ဝဝ၈ နိုဝင္ဘာ ၄ ရက္အထိ သူျဖတ္သန္းခဲ့တဲ့ ႐ုပ္ရွင္သက္တမ္း ၄၁ ႏွစ္အတြင္းမွာ ႐ုပ္ရွင္ ဇာတ္ကား မ်ားသာမက သီခ်င္းေခြ ၁၄ ေခြကို သီဆို ထုတ္လုပ္ခဲ့ရာမွာလည္း အထူးေအာင္ျမင္ခဲ့ပါတယ္။ အဲသည္လို လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေနခ်ိန္မွာပဲ သူ႕ရဲ႕ေအာင္ျမင္မႈမ်ားကို စြန႔္လႊတ္ၿပီး အသက္ ၆၁ ႏွစ္ အ႐ြယ္ ၂ဝဝ၈ ခုႏွစ္ နိုဝင္ဘာ ၄ ရက္မွာ သူခ်စ္တဲ့ စာေပ၊ ႐ုပ္ရွင္၊ ဂီတေလာကကို စြန႔္လႊတ္ၿပီး ဦးဇင္းႀကီး ဦးကိတၱိသာရ အျဖစ္နဲ႕ သာသနာ့ေဘာင္ကို အၿပီး ဝင္ေရာက္ခဲ့ပါေတာ့တယ္။ သက္ေတာ္ ရ၃ ႏွစ္ ျပည့္ဖို႔ သုံးရက္အလို ဇူလိုင္ ၁၁ ရက္မွာ ပ်ံလြန္ေတာ္မူခဲ့ပါတယ္။


#ေက်ာ္ဟိန္းေမြးထုတ္ခဲ့တဲ့ ေေဒြ



ျမန္မာ့႐ုပ္ရွင္ ေလာကမွာ ေဆြစဥ္မ်ိဳးဆက္ ႐ုပ္ရွင္ေလာကမွာပဲ ရပ္တည္ ေအာင္ျမင္ခဲ့သူေတြ အမ်ားႀကီး ရွိပါတယ္။ အဲဒီအထဲမွာ မင္းသားႀကီး ေက်ာ္ဟိန္းနဲ႕ တူေတာ္ေမာင္ ေဒြးတို႔လည္း ပါဝင္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ႐ုပ္ရွင္ေလာကမွာ သ႐ုပ္ေဆာင္ေၾကး အမ်ားဆုံး ရရွိခဲ့သူမ်ားလည္း ျဖစ္ပါတယ္။ ဒီေနရာမွာ ေဒြးဆိုတဲ့ မင္းသားတစ္လက္ ေပၚထြန္းလာပုံကလည္း စိတ္ဝင္စားစရာေကာင္းလွပါတယ္။


ေနာင္တစ္ခ်ိန္မွာ ေဒြး ဆိုတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေကာင္း တစ္ေယာက္ ေပၚထြန္းလာေစရမယ္လို႔ မင္းသားႀကီး ေက်ာ္ဟိန္းက ယုံၾကည္ထားခဲ့တာ ေသခ်ာပါတယ္။ ေဒြး ဆိုတဲ့ နာမည္ကို အသုံးျပဳခဲ့တဲ့ မူလပိုင္ရွင္က ႐ုပ္ျပပန္းခ်ီဆရာ စံစံ ျဖစ္ပါတယ္။ သူက ႐ုပ္ရွင္မင္းသား ေက်ာ္ဟိန္း ေအာင္ျမင္ေနတဲ့အခ်ိန္ ၁၉၇၉ မွာ ေက်ာ္ဟိန္းပုံနဲ႕ ဇာတ္ေကာင္တစ္ေကာင္ကို ေဒြး လို႔ နာမည္ ေပးၿပီး ႐ုပ္ျပဇာတ္လမ္း ေရးဆြဲခဲ့သူပါ။ 


တစ္ေန႕မွာ သူက ေက်ာ္ဟိန္းဆီမွာ ခြင့္မေတာင္းဘဲ ေက်ာ္ဟိန္းပုံတူနဲ႕ ႐ုပ္ျပ ေရးေနတာဆိုေတာ့ ေက်ာ္ဟိန္းဆီမွာ ဒီပုံနဲ႕ ႐ုပ္ျပေရးခြင့္ ေပးဖို႔ ကိုယ္တိုင္ ခြင့္ေတာင္းမယ္လို႔ ဆုံးျဖတ္ၿပီး ေက်ာ္ဟိန္းနဲ႕ ဆက္သြယ္ပါတယ္။ ေက်ာ္ဟိန္းက သူ႕ကို ဆြဲခြင့္ေပးတဲ့အျပင္ သူနဲ႕ ၾကာၾကာရွည္ရွည္ ရင္းႏွီးခြင့္လည္း ရခဲ့တယ္လို႔ ဆိုပါတယ္။


တစ္ေန႕မွာေတာ့ ေက်ာ္ဟိန္းက ပန္းခ်ီစံစံကို ေျပာပါတယ္။ သူေရးဆြဲေနတဲ့ ဇာတ္ေကာင္နာမည္ ေဒြး ကို ဆက္ၿပီး မသုံးဘဲ တျခားနာမည္နဲ႕ ေျပာင္းေရးဖို႔ပါ။ ေက်ာ္ဟိန္းက ကြၽန္ေတာ္ ဒီနာမည္ကို သိပ္ႀကိဳက္တယ္။ မျမင္ရတဲ့ အားေတြနဲ႕ ျပည့္ေနတယ္။ ဒီနာမည္ကို ကိုစံစံ ဆီက ေတာင္းရတဲ့ အေၾကာင္းက ကြၽန္ေတာ့္မွာ ဒီနာမည္ကို တစ္ေန႕က်ရင္ ေပးသင့္တယ္လို႔ ခန႔္မွန္းထားတဲ့ ကေလးတစ္ေယာက္ ရွိေနလို႔ပါ။ 


ဒီကေလးဟာ ခုမွ ၁၃ ႏွစ္၊ ၁၄ ႏွစ္ေလာက္ပဲ ရွိေသးတယ္။ ကြၽန္ေတာ့္ အႏုပညာ အေမြကို ဆက္ခံမယ့္ ကေလးေပါ့ဗ်ာ။ ဒါေၾကာင့္ ဒီနာမည္ကို အခုကတည္းက ေတာင္းတာပါ။ ကိုစံစံ ဆက္သုံးေနမယ္ ဆိုရင္ အဲဒီအခ်ိန္မွာ ဒီကေလးကို ေပးလို႔ မရေတာ့ဘူး။ ပရိသတ္ကလည္း သူတို႔သိၿပီးသား နာမည္တစ္ခုကို ႏွစ္ေနရာမွာ သုံးရင္ ဒုတိယလူက ခံရစၿမဲပဲ။ ကိုစံစံ ဒီနာမည္ကို မသုံးဘဲ ခုကတည္းက ရပ္လိုက္မယ္ ဆိုရင္ ဒီကေလး အ႐ြယ္ေရာက္တဲ့အခါ အသစ္ျဖစ္ေနလိမ့္မယ္ လို႔ ေျပာပါတယ္တဲ့။ ဒါေၾကာင့္ ပန္းခ်ီဆရာက သူ႕ဇာတ္ေကာင္ နာမည္ကို ေဒြး လို႔ ေပးထားတာ ရပ္ပစ္လိုက္ၿပီး ေက်ာ္စြာဟိန္း အမည္နဲ႕ ဆက္ေရးခဲ့ေၾကာင္း ရင္ထဲကေဒြး ဆိုတဲ့ ေဆာင္းပါးမွာ ေဖာ္ျပထားတာ ဖတ္ခဲ့ရပါတယ္။


ေနာက္ထပ္ေဆာင္းပါး တစ္ပုဒ္မွာေတာ့ ေဒြး ဆိုတဲ့နာမည္ဟာ ေကာင္းကင္မွာ ေနနဲ႕လ ႏွစ္ပါးလုံး အၿပိဳင္ ထြန္းလင္းတဲ့ အတိတ္နိမိတ္လို႔ ေကာက္ယူၿပီး ေပးခဲ့တဲ့ နာမည္၊ ေအာင္ျမင္တဲ့ အတိတ္နိမိတ္ေဆာင္တဲ့ နာမည္လို႔လည္း ဖတ္လိုက္ရပါေသး တယ္။ 


ေျပာရရင္ေတာ့ မင္းသားႀကီးေက်ာ္ဟိန္းဟာ သူ႕ရဲ႕တူေတာ္ေမာင္ ကိုထင္လင္းကို အေတာ္ေလး ယုံၾကည္ အားထားခဲ့တယ္ ဆိုတာေတာ့ ေသခ်ာပါတယ္။ ေက်ာ္ဟိန္း အတိတ္နိမိတ္ယူခဲ့သလိုပဲ တူျဖစ္သူ ေမာင္ထင္လင္း ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ျဖစ္လာေတာ့ ေဒြး ဆိုတဲ့ နာမည္နဲ႕ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သူ ျဖစ္လာၿပီး အသက္ ၄၂ ႏွစ္အ႐ြယ္၊ ၂ဝဝ၇ ခုႏွစ္၊ ဇူလိုင္ ၁၁ ရက္ ညေနပိုင္းမွာ ကြယ္လြန္ခဲ့ပါတယ္။


နိဂုံး


တူျဖစ္သူ ေဒြး ကြယ္လြန္ၿပီး ေနာက္တစ္ႏွစ္ျဖစ္တဲ့ ၂ဝဝ၈ ခုႏွစ္ နိုဝင္ဘာ ၄ ရက္မွာ ဦးေလးျဖစ္သူ ေက်ာ္ဟိန္းကလည္း ေလာကီစည္းစိမ္မ်ားနဲ႕ ေက်ာ္ၾကားမႈမ်ားကို စြန႔္လႊတ္ၿပီး ရဟန္းေဘာင္သို႔ ဝင္ေရာက္သြားခဲ့ပါတယ္။


 ထူးျခား တိုက္ဆိုင္လွစြာပဲ တူျဖစ္သူ ေဒြးနဲ႕ ဦးေလးျဖစ္သူ ေက်ာ္ဟိန္း (ဦးကိတၱိသာရ) တို႔ဟာ ဇူလိုင္ ၁၁ ရက္ တစ္ရက္တည္းမွာပဲ လူ႕ေလာကကို အၿပီးတိုင္ စြန႔္ခြာ သြားခဲ့ၾကပါေတာ့တယ္။


ဆိုရရင္ မင္းသားႀကီး ေက်ာ္ဟိန္း ေရာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒြးေရာဟာ ႐ုပ္ရွင္ေလာကႀကီးကို အနိုင္နဲ႕ ပိုင္းသြားခဲ့သူမ်ား ျဖစ္ၾကပါတယ္။ 


သူတို႔ႏွစ္ဦးဟာ လူ႕ေလာကႀကီးက စြန႔္ခြာသြားခဲ့ၾကၿပီ ဆိုေပမယ့္ သူတို႔ရဲ႕ ေအာင္ျမင္ ေက်ာ္ၾကားမႈမ်ားကေတာ့ ျမန္မာ့႐ုပ္ရွင္ေလာက မိုးေကာင္းကင္ႀကီးမွာ ေနနဲ႕လလို ထြန္းလင္းေတာက္ပ ေနဆဲပါလို႔ ေရးလိုက္ပါရေစ...။ ။


ထင္ေအာင္နိုင္

Ref_Internet

#CRDSaryarSai Min Thant

Friday, January 28, 2022

ကြက်ကရင်သုပ် - မုန်လာဥဖြူ ငါးဖယ်ဆုပ်ဟင်းရည် - ချဉ်ပေါင်ဖူးထောင်း

ကြက်ကရင်သုပ် - မုန်လာဥဖြူ ငါးဖယ်ဆုပ်ဟင်းရည် - ချဉ်ပေါင်ဖူးထောင်း


မုန်လာဥဖြူ ငါးဖယ္ဆုပ္လုံး အရည်သောက် (Pound Fish with Radish Soup)




ပါ၀င်ပစ္စည်းများ

ငါးဖယ် ၂၅ ကျပ်သား

စပါးလင် ၁ ချောင်း (အဖြူအနုပိုင်းကို နုတ်နုတ်စင်းထားပါ)

မန်းကျီးသီးမှည့်အနှစ် ၂ ဇွန်း ခြဲ လက်ဖက်ဇွန်း 

ဆား အနည်းငယ်

ပင်စိမ်း ၂ ပင် (အရွက်တွေချွေထားပါ)

မုန့်လာဥဖြူ ၁ စီး (အခွံခွာပြီး အနေတော် ပါးပါးတွေ လွီးထားပါ)

ဟင်းအနှစ်လုပ်ရန်

ကြက်သွန်နီ ၂ လုံး (ခတ်ကြမ်းကြမ်းလှီးထားပါ)

ကြက်သွန်ဖြူ ၂ တက် (တစ်ပြားရိုက် ခတ်ကြမ်းကြမ်းလှီးထားပါ)

စပါးလင် ၂ ချောင်း (၁ ချောင်း ထု ထုံးထားပါ၊ ၁ ချောင်း အရည်ညစ်ယူပါ)

ချင်း လက် ဆစ် 

နနွင်းမှုန့် ၁/၃ ဇွန်း လက်ဖက်ဇွန်း

အရောင်တင်မှုန့် ၁ ဇွန်း ခြဲ လက်ဖက်ဇွန်း 

အသီးအရွက်ဆီ ၅ ဇွန်း ခြဲ စားပွဲဇွန်း

ငံပြာရည် ၂ ဇွန်း ခြဲ လက်ဖက်ဇွန်း

ငရုတ်သီးစိမ်း ၄ တောင့် (ထက်ခြမ်း ခြမ်းထားပါ)


ပြုလုပ်နည်း

၁။ ငါးဖယ္ကို နနွင်းမူန့်အနည်းငယ်၊ စပါးလင်အဖြူပိုင်း နုတ်နုတ်၊ ဆား ဖြင့်နယ်ထားပါ။ ပြီး လျင် လက်မ အရွယ်အလုံးများ လုံးထားပါ။ မကပ်သော ဒယ်အိုးထဲ ဆီ ၅ ဇွန်း ခြဲ စားပွဲဇွန်း ထည့်ပြီး အပူပေးပါ။ ဆီပူလာလျင် ငါးဆုပ်လုံးလေး များထည့်ပြီး အပေါ်ကျော်ကျွတ်ရုံကြော်ပါ။

၂။ ငါးဆုပ္လုံး ကြော်ထားသော ဆီအိုးထဲ မွ ဆီမ်ား ၃ ဇွန်း စားပြဲ ဇွန်း ခတ်ထုပ်ပြီး ကြက်သွန်ဖြူ၊နီ ၊ စပါးလင်ထုံး ၊နနွင်းမှုန့် အရောင်တင်မှုန့် များထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နွမ်းလာလျင် ကျန်ဟင်းအနှစ်လုပ်ရန် ပါ၀င်ပစ္စည်းများ ထည့်ပြီး ဆီသတ်ပါ။ 

၂။ ဆီသတ်ထားသောအိုးထဲ မီးအနေတော်ဖြင့် မုန္လာဥ ကို ထည့်ပြီး ဟင်းအနှစ်ဖြင့် လုံးပါ အရသာမ်ား အမုန္လာဥထဲ ၀ငျအောငျ၊ ပြီးလျင် ငါးဆုပ္လုံးမ်ား ထည့်ပြီး အနှစ်ဖြင့်နှံ့အောင်မွှေပေးပါ။ ပြီးလျင် ရေ ၂ ခွက် ခြဲ ထည့်ပြီး တည်ပါ။ အရေပွတ်ပွတ်ဆူအောင်တည်ပါ။ ဆား နှင့့် မန်းကျီးသီးအနှစ် မ်ား ထည့်ပြီး နှံ့အောင် မွှေပေးပါ။ ရေလိုလျင်ထပ်ထည့်ပါ။

၃။ ရေခန်း အနည်းခမ်းသွားလျှင် ဆားအေပါ့ အငံမြည်း ပြီး လိုတာထပ်ဖြည့်ပါ။ မီးပိတ်ပြီး ပင်စိမ်းအုပ်ပါ။

 ဗိုက္ဆာ ဘွယ်ရာ ဆွဲဆောင်မှုအနံ့လေး နဲ့ ဟင်းတစ်ခွက်ရလာမှာပါ။

#fish #raddish


ကြက်သားကို ကရင်နည်းနဲ့သုပ်စားကြမယ်




ဒီတစ်ခေါက်မှာ ကြက်သားကို ကရင်တိုင်းရင်းသားနည်းနဲ့သုပ်စားနည်းလေးကိုပြန်လည်မျှဝေပေးချင်ပါတယ်။ ဒီနည်းလမ်းက ကရင်လူမျိုးတို့ရဲ့ ရိုးရာအဖိုးမြှောက်တဲ့အခါမှာသုပ်လေ့ရှိတဲ့ပုံစံလို့လည်း သိရပါတယ်။ 


 လိုအပ်တဲ့ပစ္စည်းများ

- ကြက်သား - ၂၅ (သို့) ၅၀ ကျပ်သား

- စပါးလင် - တစ်ချောင်း

- ကြက်သွန်ဖြူ - တစ်ဥ သို့ ၂ ဥ

- ကြက်သွန်နီ - ၂ လုံးခန့်

- ဂျင်း - အနေတောအရွယ်တစ်တောင့်

- ငရုတ်သီးအခြောက်တောင့် - ၁၀ တောင့်ခန့်

- ဂွေးတောက်ရွက် (သို့) ပင်စိမ်းရွက် - ဟင်းရည်တစ်အိုးစာ

- ဆား

- သံပုရာသီး


 ပြုလုပ်နည်း

ကြက်သားကို စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြု၊ ကြက်သွန်နီတို့နဲ့အတူ ကြက်ပြုတ်ရည်ကောင်းကောင်းရတဲ့အထိနူးအိသွား အောင်ပြုတ်ပေးရပါမယ်။ ငရုတ်သီးအခြောက်တောင့်ကို ကြက်သွန်နီနဲ့ရောပြီး ညှက်အောင်ထောင်းထားရပါမယ်။


ကြက်ပြုတ်ထဲကို မိမိနှစ်သက်ရာ ဂွေးတောက်ရွက် (သို့) ပင်စိမ်းရွက်ကိုထည့်ပြီး နှစ်သက်ရာအရသာရတဲ့အထိအပေါ့အငံကို ထည့်နိုင်ပါတယ်။ ပင်စိမ်းရွက်နဲ့ဆိုရင် ကြက်ပြုရည်ထဲကို ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူဓားပြားရိုက်ပြီးရောထည့်လိုက်ရင်တော့ ပူစပ်ပူစပ်လေးနဲ့ အတော်လေးအရသာကောင်းသွားမှာပါ။


အသားပြုတ်ကျက်တဲ့အခါမှာ အသားနွှာယူပြီး ထောင်းထားတဲ့ ငရုတ်သီးထောင်းနဲ့ ဆား၊ သံပုရာသီးတို့ရောကာ ကိုယ့်စိတ်ကြိုက်အရသာရအောင် ပြုလုပ်နိုင်ပါတယ်။ အသားပြုတ်ရည်ကိုလည်း အသုတ်နဲ့ ပူပူနွေးနွေးလေး ရောစပ်စားသုံးမယ်ဆိုရင်တော့ ကရင်လူမျိုးတို့ရဲ့ ကြက်ကရင်အရသာကို ခံစားရပါလိမ့်မယ်။

(အမြည်းအဖြစ် စားရင်လည်း တကယ်ဖိုင်းပါတယ်)

ကဲ ဒီတစ်ခေါက်မှာ ကြက်ကရင်သုပ်နည်းအတိုင်း အိမ်မှာလုပ်စားကြည့်ကြပါဦးနော်။


ချဉ်ပေါင်သီးထောင်း




ချဉ်ပေါင်သီး လေးတွေတွေ.တာနဲ.ထောင်းစာဖို.၀ယ်ခဲ.တယ်..။ေမေမရဲ. ထောင်းတဲ.နည်းအတိုင်းထောင်းထားပါတယ်။


ပါဝင်ပစ္စည်းများ

-ချဉ်ပေါင်သီး (၁၂) ခုကို အထဲမွ အသီးကိုဖယ်ထုတ်ပြီး ဘေးကအခွံအကာများကို ဖြုတ်ယူကာရေဆေးထားပါ။

- ကြက်သွန်ဖြူ - ၂ မြာ

-ငရုပ်သီးစိမ်း အပ်သီး - ၅ တောင့်

-မြေပဲလှော် - ထမင်းစားဇွန်း ၁ ဇွန်း 

-ဆား၊ အရသာမှုန်.၊ပဲဆီ အနဲငယ္စီ

-ပုဇွန်ခြောက် - ထမင်းစားဇွန်း ၁ တစ်၀က်

-ငရုပ်သီးအလှော်မုန်. - ထမင်းစားဇွန်း ၁ ဇွန်း


ပြင်ဆင်နည်း

ချဉ်ပေါင်သီး၊ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း ကို ငရုပ်ဆုံထဲသို.ထည်.ကာ အရင်ထောင်းပါ။ ချဉ်ပေါင်သီးကိုမညှက်ထောင်းပြီး ဆား၊ အရသာမှုန်.၊ ပုဇွန်ခြောက်ထောင်း ၊မြေပဲလှော်နှင့် ငရုပ်သီးအလှော်မုန်.တို.ကိုထည်.ကာထောင်းပြီး၊ ဇွန်းနှင့်သမအောင်မွေကာထပ်မံထောင်းပြီး၊ ချဉ်ပေါင်သီးထောင်းကို ပုဂံတစ်ခုတွင်ထည်.ကာ ပဲဆီအနဲငယ်ဆမ်းပြီး မိမိကြိုက်နှစ်သက်ရာပာင်းတွဲများနှင့်တွဲကာ သုံးဆောင်နိုင်ပါပြီရှင်၊..


(Zawgyi) 

ၾကက္ကရင္သုပ္ - မုန္လာဥျဖဴ ငါးဖယ္ဆုပ္ဟင္းရည္ - ခ်ဥ္ေပါင္ဖူးေထာင္း


မုန္လာဥျဖဴ ငါးဖယ္ဆုပ္လုံး အရည္ေသာက္ (Pound Fish with Radish Soup)




ပါ၀င္ပစၥည္းမ်ား

ငါးဖယ္  ၂၅ က်ပ္သား

စပါးလင္  ၁ ေခ်ာင္း (အျဖဴအႏုပိုင္းကို ႏုတ္ႏုတ္စင္းထားပါ)

မန္းက်ီးသီးမွည့္အႏွစ္ ၂ ဇြန္း ခြဲ လက္ဖက္ဇြန္း 

ဆား အနည္းငယ္

ပင္စိမ္း ၂ ပင္ (အ႐ြက္ေတြေခြၽထားပါ)

မုန့္လာဥျဖဴ ၁ စီး (အခြံခြာၿပီး အေနေတာ္ ပါးပါးေတြ လွီးထားပါ)

ဟင္းအႏွစ္လုပ္ရန္

ၾကက္သြန္နီ ၂ လုံး (ခတ္ၾကမ္းၾကမ္းလွီးထားပါ)

ၾကက္သြန္ျဖဴ ၂ တက္ (တစ္ျပားရိုက္ ခတ္ၾကမ္းၾကမ္းလွီးထားပါ)

စပါးလင္ ၂ ေခ်ာင္း (၁ ေခ်ာင္း ထု ထုံးထားပါ၊ ၁ ေခ်ာင္း အရည္ညစ္ယူပါ)

ခ်င္း လက္ ဆစ္ 

နႏြင္းမႈန့္ ၁/၃ ဇြန္း လက္ဖက္ဇြန္း

အေရာင္တင္မႈန့္ ၁ ဇြန္း ခြဲ လက္ဖက္ဇြန္း 

အသီးအ႐ြက္ဆီ ၅ ဇြန္း ခြဲ စားပြဲဇြန္း

ငံျပာရည္ ၂ ဇြန္း ခြဲ လက္ဖက္ဇြန္း

င႐ုတ္သီးစိမ္း ၄ ေတာင့္ (ထက္ျခမ္း ျခမ္းထားပါ)


ျပဳလုပ္နည္း

၁။ ငါးဖယ္ကို  နႏြင္းမူန့္အနည္းငယ္၊ စပါးလင္အျဖဴပိုင္း ႏုတ္ႏုတ္၊ ဆား ျဖင့္နယ္ထားပါ။ ၿပီး လ်င္ လက္မ အ႐ြယ္အလုံးမ်ား လုံးထားပါ။ မကပ္ေသာ ဒယ္အိုးထဲ ဆီ ၅ ဇြန္း ခြဲ စားပြဲဇြန္း ထည့္ၿပီး အပူေပးပါ။ ဆီပူလာလ်င္ ငါးဆုပ္လုံးေလး မ်ားထည့္ၿပီး အေပၚေက်ာ္ကြၽတ္႐ုံေၾကာ္ပါ။

၂။ ငါးဆုပ္လုံး ေၾကာ္ထားေသာ ဆီအိုးထဲ မွ ဆီမ်ား ၃ ဇြန္း စားပြဲ ဇြန္း ခတ္ထုပ္ၿပီး ၾကက္သြန္ျဖဴ၊နီ ၊ စပါးလင္ထုံး ၊နႏြင္းမႈန့္ အေရာင္တင္မႈန့္ မ်ားထည့္ၿပီး ဆီသတ္ပါ။ ၾကက္သြန္ႏြမ္းလာလ်င္ က်န္ဟင္းအႏွစ္လုပ္ရန္ ပါ၀င္ပစၥည္းမ်ား ထည့္ၿပီး ဆီသတ္ပါ။ 

၂။ ဆီသတ္ထားေသာအိုးထဲ မီးအေနေတာ္ျဖင့္ မုန္လာဥ ကို ထည့္ၿပီး ဟင္းအႏွစ္ျဖင့္ လုံးပါ အရသာမ်ား အမုန္လာဥထဲ ၀င်အောင်၊ ၿပီးလ်င္ ငါးဆုပ္လုံးမ်ား ထည့္ၿပီး အႏွစ္ျဖင့္ႏွံ႕ေအာင္ေမႊေပးပါ။  ၿပီးလ်င္ ေရ ၂ ခြက္ ခြဲ ထည့္ၿပီး တည္ပါ။ အေရပြတ္ပြတ္ဆူေအာင္တည္ပါ။ ဆား ႏွင့့္ မန္းက်ီးသီးအႏွစ္ မ်ား ထည့္ၿပီး ႏွံ႕ေအာင္ ေမႊေပးပါ။ ေရလိုလ်င္ထပ္ထည့္ပါ။

၃။ ေရခန္း အနည္းခမ္းသြားလွ်င္ ဆားအေပါ့ အငံျမည္း ၿပီး လိုတာထပ္ျဖည့္ပါ။ မီးပိတ္ၿပီး ပင္စိမ္းအုပ္ပါ။

 ဗိုက္ဆာ ဘြယ္ရာ  ဆြဲေဆာင္မႈအနံ႕ေလး နဲ႕ ဟင္းတစ္ခြက္ရလာမွာပါ။

#fish #raddish


ၾကက္သားကို ကရင္နည္းနဲ႕သုပ္စားၾကမယ္




ဒီတစ္ေခါက္မွာ ၾကက္သားကို ကရင္တိုင္းရင္းသားနည္းနဲ႕သုပ္စားနည္းေလးကိုျပန္လည္မွ်ေဝေပးခ်င္ပါတယ္။ ဒီနည္းလမ္းက ကရင္လူမ်ိဳးတို႔ရဲ႕ ရိုးရာအဖိုးျမႇောက္တဲ့အခါမွာသုပ္ေလ့ရွိတဲ့ပုံစံလို႔လည္း သိရပါတယ္။ 


 လိုအပ္တဲ့ပစၥည္းမ်ား

- ၾကက္သား - ၂၅ (သို႔) ၅၀ က်ပ္သား

- စပါးလင္   - တစ္ေခ်ာင္း

- ၾကက္သြန္ျဖဴ  - တစ္ဥ သို႔ ၂ ဥ

- ၾကက္သြန္နီ   - ၂ လုံးခန့္

- ဂ်င္း     -  အေနေတာအ႐ြယ္တစ္ေတာင့္

- င႐ုတ္သီးအေျခာက္ေတာင့္  -  ၁၀ ေတာင့္ခန့္

-  ေဂြးေတာက္႐ြက္ (သို႔) ပင္စိမ္း႐ြက္ - ဟင္းရည္တစ္အိုးစာ

- ဆား

- သံပုရာသီး


 ျပဳလုပ္နည္း

ၾကက္သားကို စပါးလင္၊ ဂ်င္း၊ ၾကက္သြန္ျဖဳ၊ ၾကက္သြန္နီတို႔နဲ႕အတူ ၾကက္ျပဳတ္ရည္ေကာင္းေကာင္းရတဲ့အထိႏူးအိသြား ေအာင္ျပဳတ္ေပးရပါမယ္။ င႐ုတ္သီးအေျခာက္ေတာင့္ကို ၾကက္သြန္နီနဲ႕ေရာၿပီး ညွက္ေအာင္ေထာင္းထားရပါမယ္။


ၾကက္ျပဳတ္ထဲကို မိမိႏွစ္သက္ရာ ေဂြးေတာက္႐ြက္ (သို႔) ပင္စိမ္း႐ြက္ကိုထည့္ၿပီး ႏွစ္သက္ရာအရသာရတဲ့အထိအေပါ့အငံကို ထည့္နိုင္ပါတယ္။ ပင္စိမ္း႐ြက္နဲ႕ဆိုရင္ ၾကက္ျပဳရည္ထဲကို င႐ုတ္သီးစိမ္းနဲ႕ ၾကက္သြန္ျဖဴဓားျပားရိုက္ၿပီးေရာထည့္လိုက္ရင္ေတာ့ ပူစပ္ပူစပ္ေလးနဲ႕ အေတာ္ေလးအရသာေကာင္းသြားမွာပါ။


အသားျပဳတ္က်က္တဲ့အခါမွာ အသားႏႊာယူၿပီး ေထာင္းထားတဲ့ င႐ုတ္သီးေထာင္းနဲ႕ ဆား၊ သံပုရာသီးတို႔ေရာကာ ကိုယ့္စိတ္ႀကိဳက္အရသာရေအာင္ ျပဳလုပ္နိုင္ပါတယ္။ အသားျပဳတ္ရည္ကိုလည္း အသုတ္နဲ႕ ပူပူႏြေးႏြေးေလး ေရာစပ္စားသုံးမယ္ဆိုရင္ေတာ့ ကရင္လူမ်ိဳးတို႔ရဲ႕ ၾကက္ကရင္အရသာကို ခံစားရပါလိမ့္မယ္။

(အျမည္းအျဖစ္ စားရင္လည္း တကယ္ဖိုင္းပါတယ္)

ကဲ ဒီတစ္ေခါက္မွာ ၾကက္ကရင္သုပ္နည္းအတိုင္း အိမ္မွာလုပ္စားၾကည့္ၾကပါဦးေနာ္။


ခ်ဥ္ေပါင္သီးေထာင္း




ခ်ဥ္ေပါင္သီး ေလးေတြေတြ.တာနဲ.ေထာင္းစာဖို.၀ယ္ခဲ.တယ္..။ေမေမရဲ. ေထာင္းတဲ.နည္းအတိုင္းေထာင္းထားပါတယ္။


ပါဝင္ပစၥည္းမ်ား

-ခ်ဥ္ေပါင္သီး (၁၂) ခုကို အထဲမွ အသီးကိုဖယ္ထုတ္ၿပီး ေဘးကအခြံအကာမ်ားကို ျဖဳတ္ယူကာေရေဆးထားပါ။

- ၾကက္သြန္ျဖဴ - ၂ မြာ

-င႐ုပ္သီးစိမ္း အပ္သီး - ၅ ေတာင့္

-ေျမပဲေလွာ္ - ထမင္းစားဇြန္း ၁ ဇြန္း 

-ဆား၊ အရသာမွုန္.၊ပဲဆီ အနဲငယ္စီ

-ပုဇြန္ေျခာက္ - ထမင္းစားဇြန္း ၁ တစ္၀က္

-င႐ုပ္သီးအေလွာ္မုန္. - ထမင္းစားဇြန္း ၁ ဇြန္း


ျပင္ဆင္နည္း

ခ်ဥ္ေပါင္သီး၊ၾကက္သြန္ျဖဴ၊ င႐ုပ္သီးစိမ္း ကို င႐ုပ္ဆုံထဲသို.ထည္.ကာ အရင္ေထာင္းပါ။ ခ်ဥ္ေပါင္သီးကိုမညႇက္ေထာင္းၿပီး ဆား၊ အရသာမွုန္.၊ ပုဇြန္ေျခာက္ေထာင္း ၊ေျမပဲေလွာ္ႏွင့္ င႐ုပ္သီးအေလွာ္မုန္.တို.ကိုထည္.ကာေထာင္းၿပီး၊ ဇြန္းႏွင့္သမေအာင္ေမြကာထပ္မံေထာင္းၿပီး၊ ခ်ဥ္ေပါင္သီးေထာင္းကို ပုဂံတစ္ခုတြင္ထည္.ကာ ပဲဆီအနဲငယ္ဆမ္းၿပီး မိမိႀကိဳက္ႏွစ္သက္ရာပာင္းတြဲမ်ားႏွင့္တြဲကာ သုံးေဆာင္နိုင္ပါၿပီရွင္၊..

Thursday, January 27, 2022

နားလည်စေချင်ပါသည် (Part One)

 နားလည်စေချင်ပါသည်

---------------------




သင်္ကန်းဝတ်ထားလို့ ဘုန်းကြီးလို့ ခေါ်ချင်ခေါ် ဒါပေမယ့် ဘုန်းကြီးချင်း မတူဘူး။ အကျင့်သီလ မတူဘူး၊ အသက်မွေးပုံမတူဘူး၊ ခံယူချက်မတူဘူး၊ အရည်အချင်းမတူဘူး ။ 


မြန်မာနိုင်ငံ ဘုန်းကြီးပညာရေး

--------------------------

နားလည်လွယ်အောင်သာ ပြောပြချင်တယ်။ ဘုန်းကြီးပညာရေးမှာ 

၁။နိုင်ငံတော်က ကျင်းပတဲ့ ပညာရေးနဲ့ 

၂။သာသနာရေရှည်တည်တံ့ရေး အလေးထားခဲ့ကြတဲ့ ဒကာ ဒကာမေတြ ကျင်းပတဲ့ ပညာရေးဆိုပြီး နှစ်မျိုးရှိတယ်။ 


နိုင်ငံတော်က ကျင်းပတဲ့ ပညာရေးမှာ -

မူလတန်း

အငယ်တန်း

အလတ်တန်း

အကြီးတန်း 

ဓမ္မာစရိယတန်း

ပိဋကတ္သုံးပုံ စာမေးပွဲ

နိကာယ်စာမေးပွဲ ဆိုပြီး (၇) မျိုးရှိတယ်။ 


မူလတန်းအောင်မှ အငယ်တန်း သင်ယူခွင့်ရှိတယ်။ ဒီလိုအစဉ်အတိုင်းသင်ယူလာရင်၊ ဉာဏ်အသင့်အတင့်ရှိရင် ၄ နှစ်အတွင်း အကြီးတန်း(ပထမကြီးတန်းလို့လဲခေါ်)ကို အောင်ပါတယ်။ ဒီလေးတန်းအောင်ရုံနဲ့ ဘွဲ့မရသေးဘူး။


ဓမ္မာစရိယတန်းမှာ ဘာသာရပ်(မေဂျာ)သုံးခု ဖြေရတယ်။ ဉာဏ်ကောင်းတဲ့လူတွေ တစ်နှစ်ထဲ အောင်မြင်တယ်။ ရှားပါတယ်။ သူလို ကိုယ္လို ဉာဏ်ရည်မျိုးဆိုရင် မေဂျာတစ်ခုကို တစ်နှစ် ၊ မေဂျာ သုံးခုဆိုတော့ သုံးနှစ်ဆို အောင်ပါတယ်။


ဓမ္မာစရိယ မေဂျာ သုံးခုလုံး အောင်ရင် "သာသနဓဇဓမ္မာစရိယ" ဘွဲ့ကိုရတယ်။


အခုမြင်တွေ့နေရတဲ့ အချို့ဘုန်းကြီးတွေရဲ့နောက်မှာ ဓမ္မာစရိယလို့ ရိုးရိုးရေးထား တပ်ထားရင် မေဂျာ သုံးခုလုံး မအောင်မြင်တဲ့ ဘုန်းကြီးပါ ။ မေဂျာ သုံးခုလုံး အောင်မြင်ရင် သာသနဓဇဓမ္မာစရိယ လို့ ရေးကြပါတယ်။ 


တိပိဋက ပိဋကတ်သုံးပုံစာမေးပွဲမှာတော့

(က)ဝိနည်း

(ခ)သုတ္တန်

(ဂ)အဘိဓမ္မာ ဆိုတာ ပိဋကတ်သုံးပုံပေါ့။ 

(ပိဋကတ်သုံးပုံအကုန် ဆိုရင် စာမျက်နှာ ၈၀၂၆မျက်နှာ)


(က) ဝိနည်း ပိဋကတ္က ပါဠိစာမျက်နှာ၂၅၆၀ ရှိတာမို့ အပိုင်းလေးပိုင်းခွဲပြီး ပြန်ဆို၊ ဖြေဆိုကြရတယ်။ တစ်ပိုင်းကို တစ်နှစ်ဖြေဆိုရတယ်လို့ နားလည်ရပါမယ်။

ဒီ အပိုင်းလေးပိုင်းလုံးအောင်ရင် ဝိနယဓရ ဝိနယေကာဝိဒဘွဲ့ကို ရပါတယ်။


(ခ) သုတ္တန်ပိဋကတ်ကျတော့ အလွတ်ပြန်ပြရတာ တစ်နှစ်၊ရေးဖြေ ဖြေပြရတာ တစ်နှစ် ( ဒီနှစ်ခု ပြီးရင် ဒီဃဘာဏက ဒီဃနိကာယကောဝိဒဘွဲ့ကိုရပါတယ် ။


(ဂ) အဘိဓမ္မာ..က ပါဠိတော်စာမျက်နှာ ၄၉၈၇ စာမျက်နှာရှိပါတယ်။ အပိုင်းလေးပိုင်း လေးနှစ်ခွဲဖြေရပါတယ်။ (အဌကထာ ဋီကာစာမျက်နှာ ဘာညာ ရှူပ်နေမှာမို့ မပြောတော့ဘူး) 

ဒီလေးနှစ်ဖြေပြီးလို့ အောင်ရင် အာဘိဓမ္မိက အဘိဓမ္မကောဝိဒဘွဲ့ကို ရပါပြီ။


ပိဋကတ္သုံးပုံ အလွတ်ပြန်တာရော၊ သဘောရေးဖြေ ဖြေဆိုတာရော အောင်မြင်ပြီမို့ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကို ရပါတယ်။ 

( ဒီ တိပိဋက စာမေးပွဲက ဉာဏ်ရည်မြင့်သူ ကြိုးစားသူတို့သာ ဖြေဆိုနိုင်ပါတယ်။ မြန်မာပြည် သံဃာ ၃ သိန်းကျော်ရှိတယ်ဆိုပါစို့.. ဒီ ပိဋကတ္သုံးပုံ စာမေးပွဲ ဝင်ဖြေတာ ၂၀၀ ဝန်းကျင်သာ ရွိတာကို ထောက်ဆ နားလည်နိုင်ပါတယ်။ စာမေးပွဲကျင်းပတဲ့ နှစ်ပေါင်း ၇၄မွာ ပိဋကတ္သုံးပုံကို အလွတ်ပြန်ရော ရေးဖြေရော အောင်တဲ့ ဆရာတော်ပေါင်းဟာ ၁၅ပါးသာရှိပါတယ်။ ဒီ အာဂုံ ရေးဖြေ အောင်မြင်တော်မူ တဲ့ ဆရာတော် ၁၅ ပါး နဲ့ ပိဋကတ္သုံးပုံကို အလွတ်ပြန်ဆို အောင်မြင်တဲ့ ဆရာတော် နောက်ထပ် ၇ ပါး ထည့်လိုက်ရင် ပိဋကတ္သုံးပုံ ဆောင် ဆရာတော် (၂၂)ပါးသာ ရှိပါတယ်။ ဒါဟာ မြန်မာမှာရော ကမ်ဘာမှာပါ ဒီ ၂၂ပါးပဲ ရွိတာပါ။)


နိကာယ်စာမေးပွဲ

-------------

ပိဋကတ်သုံးပုံစာမေးပွဲလို မခက်ခဲပါဘူး။ ပုံမှန် ဉာဏ်ရည်ရှိရင် အောင်ပါတယ်။ 


ဒီဃနိကာယ်

မဇ္ဈိမနိကာယ်

သံယုတ္တနိကာယ်

အင်္ဂုတ္တရနိကာယ်

ခုဒ္ဒကနိကာယ် ဆိုပြီး နိကာယ် ငါးခု ၊ နိကာယ် ငါးရပ် ရှိပါတယ်။


ဒါကို အပို်င်းကိုးပိုင်း ခွဲပြီး ဖြေဆိုကြရပါတယ်။ 


နိုင်ငံတော်ကကျင်းပတဲ့ စာမေးပွဲလမ်းကြောင်းအတိုင်း ရွေးချယ်မယ်ဆိုရင် - 

ဓမ္မာစရိယအောင်ပြီးရင် ပိဋကတ်သုံးပုံစာမေးပွဲကို ဖြေမလား၊ နိကာယ်စာမေးပွဲတွေကို ဖြေမလား ရွေးချယ်ခွင့် (၂) ခုရှိတယ်ဆိုတဲ့သဘောပေါ့ ။


ရာခိုင်နှုန်းအရ ပြောရရင် ပိဋကတ္သုံးပုံ စာမေးပွဲကို ဉာဏ်ကောင်းသူ ကြိုးစားလိုသူတွေ ရွေးချယ်ကြတာ တွေ့ရမယ်။ ဉာဏ်ရည် သာမန်ရှိတဲ့သူတွေက ဓမ္မာစရိယတန်းကိုပဲ အောင်မြင်အောင် တော်တော်ကြိုးစားရတယ်။ အောင်ပြီးတော့ နိကာယ်စာမေးပွဲတွေကို ဖြေဆိုကြတာ များပါတယ် ။


ဒီလို အမှန်အကန် ဘုရားဟောတဲ့စာကို သင်ယူလေ့လာနေတဲ့ ဘုန်းတော်ကြီးတွေရှိသလို ၊ စာမသင်ဘဲ ဓမ္မာစရိယအောင်လက်မှတ် ဝယ်ယူတဲ့ နာမည်ကြီးဘုန်းကြီးအချို့[(၁၀)ပါး မပြည့်ပါဘူး)]လည်း ရှိပါတယ် ။ 


အေး..ဘုန်းကြီးချင်းမတူဘူးဆိုတာ ဒါကိုပြောချင်တာ ။

( ဘိဝံသေတြ လင်္ကာရတွေ ဒေါက်တာတွေ ဟိုဘွဲ့ ဒီဘွဲ့တွေက ဘာတွေလဲ.. ဆက်ရေးအုံးမယ်လေ)


ယုံကြည်မှုကို အသိဉာဏ်နဲ့ပေါင်းပြီး

သာသနာကို စောင့်ရှောက်နိုင်ကြပါစေ


#နားလည်စေချင်ပါသည် (၂) 


ကြိုက် ကြိုက် မကြိုက်ကြိုက် အမှန်တိုင်းတော့ ပြောအုံးမယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်း မရွိပါ ။ ဘုန်းကြီးချင်းမတူဘူး ၊ ဟုတ်တယ်.. လုံးဝ မတူဘူး ။ 

သင်စရာသင် ကျင့်စရာကျင့် လုပ်သူနဲ့ ဖြတ်လမ်းလိုက်သူဟာ ဘယ်လိုမှမတူနိုင်ဘူး ။ 


မနေ့က နိုင်ငံတော်က ကျင်းပတဲ့စာမေးပွဲအကြောင်း အကျဉ်းချုံး ပြောပြခဲ့တယ်။ ဒီနေ့ သာသနာကို ရေရှည်တည်တံ့စေလိုသူ လူမ်ားက ဦးဆောင်ကျင်းပတဲ့ စာမေးပွဲတွေအကြောင်း ပြောပါရစေ ။


အဘိဝံသ စာမေးပွဲ 

---------------

မန္တလေး ၈၅ လမ်း ၃၅ လမ်းထောင့်မှာ ဦးလှသိန်း ဗိမာန္ဆိုတာ ရှိတယ်။ (ယခင်က သကျသီဟဘုရားဝန်းထဲမှာ ကျင်းပလို့ သက်သီဟ စာမေးပွဲလို့ခေါ်တယ်)။


လွန်ခဲ့တဲ့ နှစ် (၁၀၀)ကျော်က စတင်ကျင်းပခဲ့တယ်။ အောင်ချက်ရာခိုင်နှုန်ါ် အလွန်နည်းတယ်။ မေးခွန်း ခက်တယ်။ ဒီနေ့ခေတ် စကားနဲ့ပြောရရင် Ph.D ထက်ကျော်တဲ့စာမေးပွဲလို့ ဆိုနိုင်မယ်။ 


စာသင်တန်းနဲ့ စာချတန်းဆိုပြီး နှစ်ပိုင်းခွဲဖြေရတယ်။ ပြီးတော့ အသက္ကလဲ ကန့်သတ်ထားသေးတယ်။ စာသင်တန်းကို အသက် ၂၇ နှစ်တွင်းသာ ဖြေခွင့်ရှိတယ်။ ဖြေနေရင်း အသက် ၂၇ ကျော်သွားရင် ဆက်ဖြေခွင့်မရှိဘူး ။

စာချတန်းကို အသက် ၃၂ နှစ်အထိ ဖြေခွင့်ရတယ်။

 (သာခါ ဘာညာ ထားလိုက်တော့ ဒီနေရာမှာ မပြောတော့ဘူး) ။


စာမေးပွဲ ခက် မခက္ကို ဒီလိုပဲပြောလိုက်ချင်တယ်။ သံဃာ သုံးသိန်းကျော်ရှိတယ်ဆိုပါစို့ ။ သကျသီဟဓမ္မာစရိယ (အဘိဝံသ) ဘွဲ့ရ ထားတဲ့ ဆရာတော်ဟာ အပါး ၅၀၀ ထက် မပိုဘူး။ အမေရိကန်မှာနေတဲ့ ဘုန်းကြီး အပါး ၂၀၀ကျော်မှာ ဘိဝံသဘွဲ့ရတဲ့ ဆရာတော် ငါးပါးထက်မပိုဘူး။ အရှင်ဇောတိကာဘိဝံသ၊ အရှင်စက္ကိန္ဒာဘိဝံသ၊ အရှင်ပညာဒီပါဘိဝံသ၊ အရှင်ဉာဏိကာဘိဝံသ၊ အရှင်ဃောသိတာ ဘိဝံသ စသည်)


မြန်မာပြည်သာသနာမှာ ထိပ်တန်းက ဦးဆောင်နေကြတဲ့ ဆရာတော်ကြီးတွေကိုကြည့်လိုက်ရင် ဘိဝံသဘွဲ့ရ ဆရာတော်တွေ ဖြစ်နေတာတွေ့ရမယ်။ 


ဥပမာ.. မူရင်းနာမည်က အရှင်နန္ဒမာလာ ဆိုပါစို့။ 

သကျသီဟဓမ္မာစရိယ(အဘိဝံသ)အောင်ရင် မူရင်းဘွဲ့နောက်ကနေ အဘိဝံသ ထည့်လို့ရပြီမို့ အရှင်နန္ဒမာလာဘိဝံသ ဆိုပြီး ဖြစ်လာတယ်။

 ဘိဝံသဘွဲ့နောက်ကနေပါလာရင် ဒီဘုန်းကြီးရဲ့ ဘုန်းကြီးစာ အေနအထားကို ဘုန်းကြီးအချင်းချင်းသိတယ်။ လေးစားတယ်။ ဒီဘုန်းကြီးဟာ စာတကယ်သင်ခဲ့တဲ့ဘုန်းကြီးဆိုပြီး သိကြတယ်။ 


 ရန်ကုန်ရွှေတိဂုံစေတီတော်မှာကျင်းပတဲ့ စေတိယင်္ဂဏ လို့ခေါ်တဲ့ စာမေးပွဲလည်း သက်သီဟဘိဝံသလိုပဲ ခက်တယ်။

 ပြီးတော့ မြင်းခြံမှာ ကျင်းပတဲ့ စာမေးပွဲလည်း ထို့တူပဲ ။ 


မန္တလေး၊ ရန်ကုန်၊ မြင်းခြံ သည်သုံးမြို့မှာ ကျင်းပတဲ့ စာမေးပွဲအားလုံးဟာ ပြဌာန်းကျမ်းစာ အတူတူပါ။ ကျင်းပတဲ့မြို့တွေပဲ ကြဲသြားတာ။ မန္တလေးသကျသီဟ စာမေးပွဲကတော့ ပိုခက်တယ်လို့ ပြောရမယ်။ 


သက်သီဟ ဓမ္မာစရိယ ( မန္တလေး)၊

စေတိယင်္ဂဏ ဓမ္မာစရိယ (ရန်ကုန်)၊

သဒ္ဓမ္မပါလဓမ္မစရိယ (မြင်းခြံ) ဒါတွေက လူတွေဦးဆောင်ကျင်းပတဲ့ စာမေးပွဲတွေ( ပုစၦာထုတ်တာကတော့ စာတတ် ပေတတ် ဘုန်းကြီးတွေပေါ့။ အစိုးရက ဦးဆောင်ကျင်းပတာ မဟုတ်ဘူးလို့ သိရမွာ )


ဒါကြောင့် တချို့ဆရာတော်ကြီးတွေရဲ့ နာမည်နောက်မှာ သ.စ.သ.အ ဓမ္မာစရိယ လို့ ရေးထားတာ တွေ့နိုင်တယ်။

သ..က သကျသီဟဓမ္မာစရိယ၊

စ. က စေတိယင်္ဂဏဓမ္မာစရိယ၊

သ.က သဒ်ဒမ်မပါလဓမ္မာစရိယ၊

အ.က အစိုးရဓမ္မာစရိယ ပေါ့ ၊ ဒီလိုဆရာတော်ကြီးတွေကိုတွေ့ရင် ယုံကြည်ထိုက်တဲ့ သာသနာတည်တံ့အောင် စာသင် စာချနေတဲ့ ဘုန်းကြီးတွေလို့ ရာခိုင်နှုန်း ၉၀ ကြည်ညိုလို့ရပါတယ်။ 


ဟုတ်တယ်လေ.. ဘုရားဟောတဲ့စာကို ဒီလောက်သင်ထားရင် ဘာပဲပြောပြော သာသနာကိုချစ်တဲ့စိတ် လေးစားစိတ်တွေရှိနေတာ အမှန်ပါ။ ( အနည်းငယ် ဂွင်ဖောက်တဲ့ဘုန်းကြီးတွေလည်း ရှိတော့ ရှိတယ်။ အနည်းငယ်ပါ) 


ဒီဘွဲ့လေးခုက လူရာဝင်၊ ဘုန်းကြီးရာဝင်တော့ စာမသင်ဘဲ ဘိဝံသ တပ်သူတွေလဲရှိတယ်။ 


ညောင်တုန်းမြို့ - 

သထုံမြို့က စာမေးပွဲကျင်းပတာတွေအောင်ရင် ဘိဝံသ တတ်လို့ရတယ်။ စာကေတာ့ စောစောလေးမြို့နယ်က ကျင်းပတဲ့ စာတွေလို တအားကြီး မခက္ဘူး။ တချို့လဲ အဲဒီမြို့တွေက အောင်တာနဲ့ ဘိဝံသ တပ်သူတွေလဲ ရှိတယ်။ အပြစ်တော့ မဟုတ်ပါဘူး။ 

တိပိဋက မင်းကွန်းဆရာတော်ကြီးကတော့ သကျသီဟစာမေးပွဲကို လူသတ်တဲ့စာမေးပွဲလို့ တောင် ကင်းပွန်းတပ်ခဲ့တယ်။( စာမေးပွဲ အောင်ဖို့ စာကျက်ရင်း လေနာထလို့ ပျံတော်မူတဲ့ဘုန်းကြီးတွေ ရှိခဲ့ဟန်တူပါတယ်။ အဲဒီအတွက် အဲလို မိန့်တော်မူတာလို့ ထင်တယ်) ။


သာမဏေကျော်စာမေးပွဲများ

=================

ယောနွယ်ငယ်ငယ်.ကေတာ့ သာမဏေကျော်ကျင်းပတဲ့မြို့ မန်းလေး၊ ရန်ကုန်၊ မော်ကျွန်း၊ ပဲခူး ဆိုပြီး လေးမြို့နယ်ရှိတယ်။ နောက်ပိုင်းမှာ တောင်ကြီး၊ ပခုက္ကူ ၊ စစ်တွေ၊ မေမြို့ ၊ မိုးကုတ် စသည်ဖြင့် ကျင်းပတဲ့မြို့တွေ တော်တော်များလာတာတွေ့ရတယ်။ ကောင်းတဲ့လက္ခဏာ ပါ။ 


သာမဏေကျော်စာမေးပွဲအတွက် ပြဌာန်းကျမ်းစာတွေကို အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက သတ်မှတ်ပေးခဲ့တယ်။ စာမေးပွဲ သက်တမ်းက နှစ်ပေါင်း ၇၀ ကျော်ပြီ။ 


အသက် ၂၀ အတွင်းပဲ ဖြေခွင့်ရတယ်။ 

ပြဌာန်းစာတွေက 

ဝိနည်း ငါးကျမ်း ( ပိဋကတ္တစ္ပုံ)၊

အင်္ဂုတ္တရနိကာယ်အကုန်( နိကာယ် တခုပေါ့)၊

ဓမ္မပဒအဌကထာ နှစ်အုပ် ၊ 

သဒ္ဒါအကုန်၊ သဂြိုဟ်အကုန် ။ 


စာများတယ်။ မေးတာခက်တယ်။ အသက္ကလဲ ကန့်သတ်ထားတယ်။ 

ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး သုံးနှစ်ခွဲဖြေရတယ်။ သုံးဆင့်လုံးကို နှစ်ချင်းပေါက်အောင်မြင်တာ စာမေးပွဲကျင်းပတဲ့ နှစ် ၇၀ကျော်အတွင်း ၁၀ ပါး မပြည့်သေးဘူး။


ယောနွယ်ဖြေခဲ့တဲ့နှစ်တွေက.. 

ပထမဆင့် ၇၀၀ ကျော်ဖြေတယ်။ အပါး ၂၁၀ အောင်တယ်။

ဒုတိယအဆင့် ၅၃၀ ဖြေတယ်။ ၃၇ ပါး အောင်တယ်။

တတိယအဆင့် ၁၂၀ ဖြေတယ်။ ၁၉ ပါးပဲအောင်တယ်။ ရာခိုင်နှုန်း တွက်သာကြည့်ပေတော့ ။ (အခု အမေရိကန်မှာ မြန်မာဘုန်းကြီး အပါး ၂၀၀ ကျော်မှာ သာမဏေကျော်ဘွဲ့ရတဲ့ဘုန်းကြီး ၁၀ ပါးလောက်ပဲ ရှိတယ်) 


ဆိုလိုတာက.. စာမေးတာလဲခက် အသက်အကန့်အသတ်နဲ့လဲဖြေရတော့ ဒီစာမေးပွဲအောင်ထားရင် ဒီဘုန်းကြီး ဘယ်လောက် စာပေသင်ယူထားတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ 


ဘွဲ့တွေအများကြီး

---------------


လူတွေလို အဓိက မေဂျာက ဥပေဒ၊ ဆေး၊ ကွန်ပြူတာ၊ အင်ဂျင်နီယာ ဆိုပြီး သီးသန့်ခွဲထွက်သင်ယူရတာ မဟုတ္ဘူး။ 


ဒီ ပြဌာန်းကျမ်းစာအတူတူကိုပဲ မန်းလေး၊ ရန်ကုန်၊ တောင်ကြီး၊ မော်ကျွန်း၊ ပဲခူး၊ စစ်တွေ၊ ပခုက္ကူ စသည်..မြို့တွေအများကြီးက ကျင်းပတဲ့ စာမေးပွဲတွေကို အကုန်အောင်ရင် (၁၀)မြို့ကျင်းတယ်ဆိုပါစို့ ။ အကုန်အောင်တယ်။ သာမဏေကျော် (၁၀) ဘွဲ့ ရတယ်ပေါ့ ။

မနေ့က ပြောတဲ့ အစိုးရက ကျင်းပတဲ့ဓမ္မာစရိယမှာ ဂုဏ်ထူးတန်း မြန်မာရော ပါဠိရော အောင်ရင် ဓမ္မာစရိယ (၇) ဘွဲ့ ရတယ်ပေါ့ ။

နိကာယ်စာမေးပွဲမှာ အုပ္စု ကိုးစုလုံး အောင်ရင် ဝိနယဝိဒူ မဟာဝိနယဝိဒူ စသည်ဖြင့် ကိုးဘွဲ့ရတယ်ပေါ့ ( လိုရင်း နားလည်အောင်သာ ရေးပါတယ်။ အတိအက် မဟုတ်ပါ) 


ဒီလိုနဲ့ ဆယ်ဘွဲ့ရ ၊ ကိုးဘွဲ့ရ ဆရာတော် ဘာညာဆိုပြီး ရေးကြ ခေါ်ကြတာပါ။


လူတွေလို မတူညီတဲ့ ဘွဲ့ဒီဂရီတွေကို အများကြီး ရယူတာ မဟုတ္ဘူး။ တကယ်အောင်လို့ ဘွဲ့ပေါင်း ဘယ်နှစ်ဘွဲ့ လို့ ရေးတာက တော်သေးတယ်။မရဘဲနဲ့ လိမ်ရေးတဲ့ သူတွေလည်း ရှိသေးတယ်။ 


ဘာဖြစ်လို့ မရဘဲရေးကြတာလဲ

---------------------------

ရှင်းပါတယ်။ လူ့စိတ်သဘာဝအရ ရုပ်ချောတာကို ကြိုက်သူက သုံးပုံမွာ နှစ်ပုံ၊ နာမည်ကြီးတာကို ကြိုက်သူက ငါးပုံမွာ ၄ပုံ။ 

ရိုးရိုးကုတ်ကုတ်နေတာကို ကြိုက်သူက ဆယ္ပုံမွာ ၉ ပုံ ရှိလေတော့... 

လူတွေကြိုက်အောင် သဘောကျအောင် အသိအမှတ်ပြုအောင် စနစ္တက် စာမသင်ဘဲ ဖြတ်လမ်းကနေ နာမည်ကြီးချင်လို့ ဘွဲ့မရဘဲ ရတယ် လုပ်ကြတာပေါ့ဗျာ ။


သာသနာကို စောင့်ရှောက်တဲ့နေရမှာ သာသနာရေရှည်တည်တံ့အောင် လုပ်တဲ့နေရာမှာ အဓိက..က ဘုန်းကြီး ဖြစ်ပါတယ်။ 

ဒါပေမယ့် လူတွေဖက်ကလဲ ကြည်ညိုတတ်ဖို့ လိုပါတယ်။ ငါ့ဘုန်းကြီးက ပိုမြန်တယ်၊ သူ့ဘုန်းကြီးက ပိုမြန်တယ် ပြိုင်ကြရင်း ဘုန်းကြီးနှစ်ပါးပါ အပြေးပြိုင်ရတဲ့ အေနအထား ရောက်လာတာပါ။ 


ဟုတ်တယ်.. ဘုန်းကြီးချင်း မတူဘူးလေနော်။ 

( မနက်ဖြန် ဒေါက်တာဘွဲ့ ဟိုဘွဲ့ ဒီဘွဲ့တွေ ရေးအုံးမယ်လေ) 


ယုံကြည်ချက်နဲ့ အသိဉာဏ္ကို ပေါင်းပြီး

သာသနာကို စောင့်ရှောက်ကြည်ညိုနိုင်ကြပါစေ


#နားလည်စေချင်ပါသည် (၃) 


သင်္ကန်းဝတ်ထားတာချင်း တူပေမယ့် ဘုန်းကြီးချင်းမတူဘူး။ ရှင်သန်ပုံ မတူဘူး၊ ခံယူချက်မတူဘူး။ အသက်မွေးပုံမတူဘူး ။ 


ဘွဲ့ရ ပညာတတ် စိတ်ကောင်းမရှိသူတွေ၊ ဘွဲ့ရ ပညာတတ် ရထားတဲ့ဂုဏ်နဲ့ ထိုက်တန်အောင် စိတ်နေစိတ်ထား မြင့်မြတ်ပြီး သာသနာအလုပ္ကို လုပ်သူတွေ၊ ဘွဲ့မရ ပညာမတတ်ပေမယ့် သာသနာကို ချစ်မြတ်နိုးပြီး ပဋိပတ်အလုပ်ကို အားထုတ်နေသူတွေ၊ ဘွဲ့လည်းမရ ပညာလည်းမတတ် စိတ်ကောင်းလည်းမရှိ စာလည်းမသင်ခဲ့ လမ်းခုလတ်ကနေ ကြားဖြတ်နာမည်ကြီးချင်နေသူတွေ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ 


အမ်အေ၊ ပီခ်္ဒီ 

----------------

မြန်မာနိုင်ငံ ဘုန်းတော်ကြီးတွေ သင်ရတဲ့ ပညာရေးစနစ်မှာ လူတွေသင်ရသလို သင်္ချာ၊ အင်္ဂလိပ်၊ ပထဝီ၊ သမိုင်း စတဲ့ ဘာသာရပ်တွေမျိုး မသင်ခဲ့ရဘူး။ ဘုရားဟောတဲ့ ပိဋကတ္သုံးပုံ(အားလုံးမဟုတ်)နဲ့ သဒ္ဒါ၊ သဂြိုဟ်၊ ညဝါ စတာတွေ သင်ခဲ့ရတာ ။ ဒါဆိုရင် အင်္ဂလိပ်စာ မတတ်ဘဲ နိုင်ငံခြားမှာ ဘယ္လို အမ်အေဘွဲ့ ဒေါက်တာဘွဲ့တွေရတာလဲ ဆိုတာ မေးစရာရှိတယ်။ 


အမ်အေဘွဲ့တက်ဖို့ဆိုရင် အနည်းဆုံး ဘီအေ အောင်မှ တက်လို့ရတယ်ဆိုတာ သိကြပါတယ်။ မြန်မာဘုန်းကြီး ပညာရေးစနစ်က မူလတန်း၊အငယ်တန်း၊အလတ်တန်း၊အကြီးတန်း၊ဓမ္မာစရိယ၊သာမဏေကျော်၊ဘိဝံသ၊တိပိဋက ဒီပုံစံနဲ့ သင်ကြားခဲ့ရသူတွေကိုး။ ဒါပေမယ့် အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံ တက္ကသိုလ်တွေက မြန်မာနိုင်ငံက ဓမ္မာစရိယတန်းဟာ သူတို့တက္ကသိုလ်တွေက ဘီအေတန်းနဲ့ ညီမျှတယ်လို့ လက်ခံကြတယ်။


အဲဒီအတွက် အမ်အေတန်းတက်လိုတဲ့ (ဓမ္မာစရိယတန်းအောင်ပြီးတဲ့) ဘုန်းတော်ကြီးဟာ သာသနာရေး ဝန်ကြီးဌာနကိုသွားပြီး Equivalent Certificate- ဓမ္မာစရိယတန်းဟာ ဘီအေတန်းနဲ့ ညီမျှသည်ဆိုတဲ့ စာရွက်ကို ထုတ်ယူပြီး အမ်အေတန်း သွားတက်ကြရတယ်။


ငယ္ငယ္က အင်္ဂလိပ်စာ မသင်ခဲ့ဘဲ ဘယ်လိုတက္ကသိုလ်သွားတက်တာလဲ?


ဆိုပါစို့ !

၂၀၀၇ ခုနှစ် သီရိလင်္ကာ ကေလနိယတက္ကသိုလ်မှာ အမ်အေတန်းတက်တဲ့ မြန်မာဘုန်းကြီး ၉၆ပါးရှိတယ်။ တပတ္ကို တက္ကသိုလ်စာသင် ခန်း မွာ လေးရက်သွားတက်ကြတယ်။ ပါမောက္ခတွေက အင်္ဂလိပ်လို သင်တာ။ တကယ်နားလည်တဲ့ ဘုန်းကြီးက ၆ ပါးထက် မပိုဘူး။ နားလည်တဲ့ အင်္ဂလိပ်စာကို ကြိုးစားသင်ယူထားတဲ့ ဘုန်းကြီး ၆ ပါးလောက်က အသံသွင်းစက်လေးတွေ စာသင်ခန်းထဲ ယူလာတယ်။ ကိုယ်နေတဲ့ အခန်းထဲပြန်ရောက်ရင် ချရေးတယ်။ သူတို့ရေးပြီးသား စာရွက်တွေကို နားမလည်တဲ့ အင်္ဂလိပ်စာ အရည်အသွေးမမှီတဲ့ အပါး ၉၀ လောက်က ပြန်ဖတ်ရတာ။


Semester ၃ ခု တက်ရတယ်။ စာမေးပွဲနီးရင် ဘာသာရပ်တစ်ခုအတွက်Topic ၁၂ ခုလောက် ဆရာတွေကပေးလိုက်တယ်။ ဆိုလိုတာက ဒီ ၁၂ ခုကြည့်ထား၊ ဒီထဲကဘဲ မေးမယ်ပေါ့ ။

အေး အဲဒီအချိန် စာမေးပွဲနီးတဲ့ ၂ လ ၃ လမွာ အသေထောင်ကျက်ကြတော့တာပဲ။ အေရးလဲ လေ့ကျင့် အလွတ်ရအောင်လည်းကျက် ၊ ကျက်နိုင်ရင် အမ်အေဘွဲ့ ရတော့တာပေါ့လေ။ ( တကယ် အမ်အေတန်းက ဆရာက သင်ပေးလိုက်တာကို၊ စာကြည့်တိုက်ထဲဝင်၊ စာတွေဖတ်၊ နားလည်အောင်လုပ်၊ စာမေးပွဲနီးရင် အေးဆေးဖြေလိုက်ရင် ရပြီ။ အင်္ဂလိပ်စာ အရည်အသွေး မမှီတော့ ထောင်ကျက် အသေကျက်ပြီး ဖြေခဲ့တာပေါ့၊ ခိုးဖြေတာ ငွေပေးဖြေတာတော့ မဟုတ္ဘူး။ (ဒီအထိ ယောနွယ်ကိုယ်တွေ့) ။


ဒေါက်တာဘွဲ့

--------------

သီရိလင်္ကာ အမ်အေ..က တနှစ်ပဲတက်ရတာ။ အိန္ဒိယ အမ်အေတန်းက ၂ နှစ်တက်ရတာ။ အမ်အေတန်းပြီးလို့ ပီခ်္ဒီ ဆက်လုပ်ချင်ရင် လုပ်လို့ရပြီ ။ 


ဒေါက်တာအမျိုးမျိုး

--------------------

ဒေါက်တာတိုင်း ငွေပေးဝယ်ကြတာ မဟုတ်ပါဘူး။ အရည်အသွေးပြည့်မှီတဲ့ ဒေါက်တာတွေလဲ ရှိပါတယ်။ 


ဥပမာ.. အိန္ဒိယကနေ မြန်မာရဟန်းတွေထဲက အစဦးဆုံး ဒေါက်တာဘွဲ့ရကြတဲ့ ဩစတေးလျားဆရာတော်ဒေါက်တာဇာဂရ၊ ဘာမင်ဂန်ဆရာတော်ဒေါက်တာရေဝတ တို့ဟာ အရည်အသွေးမှီတဲ့ ဒေါက်တာတွေလို့ ပြောနိုင်မှာပါ။


 ပြီးတော့ အခုနောက်ပိုင်းမှာ ပါချုပ်ဆရာတော်ကြီးတို့ဟာ ကွာလဖိုင်းဖြစ်တဲ့ ဆရာတော်တွေဆိုတာ ငြင်းလို့မရနိုင်ဘူး။ 

ပါချုပ်ဆရာတော်ကြီးက အမ်အေဘွဲ့ကို သီရိလင်္ကာက ရတယ်။ ပီခ်္ဒီ ဒေါက်တာဘွဲ့ကို အိန္ဒိယ..က ရတယ်။ ပြီးတော့ အောက်စ်ဖို့ ဆရာတော်ဒေါက်တာဓမ္မသာမိ။ လန်ဒန်တက္ကသိုလ်က ဆရာတော်နှစ်ပါး ဆန်းဒါးလင်းတက္ကသိုလ်က ဆရာတော်တွေက အရည်အသွေးမှီတဲ့ဆရာတော်တွေပါ။


အမေရိကန်တက္ကသိုလ်တွေကနေ ဒေါက်တာဘွဲ့ရတဲ့ ဘုန်းကြီးနှစ်ပါး ရှိတယ်။ ဆရာတော်ဒေါက်တာဓမ္မပိယနဲ့ အဇူဇာကျောင်းက ဆရာတော် ဦးဉာနဝရပါ။ 


အိန္ဒိယ သီရိလင်္ကာကနေ အရည်အသွေးမှီ ဒေါက်တာဘွဲ့ရတဲ့ ဆရာတော်တွေလည်း အများကြီးပါ။ ကိုယ်မရတိုင်း ငွေပေးဝယ်တယ်လို့ ပြောရင်လဲ သဘာဝမကျဘူးလေ။


တချို့ဘုန်းကြီးတွေ USA Ph.D လို့ ရေးတာလဲတွေ့ရလိမ့်မယ်။ အဲဒါ ငွေဝယ်ဒေါက်တာ။ ဖလော်ရီဒါနဲ့ LA တက္ကသိုလ်တချို့မှာ ငွေပေးပြီး ဒေါက်တာဘွဲ့ ယူထားတာ။ ဒါ လူတွေကိုလိမ်တာပါ။ 


ရှမ်းပြည်ဖက်က ဘုန်းကြီးတစ်ပါးဆိုရင် ပီခ်္ဒီ အမေရိကန်ကရပါတယ်ဆိုပြီး တိုင်းမှူးတွေဦးဆောင်ပြီး ပူဇော်ပွဲလုပ်တယ်။ ဝမ်းနည်းစရာပါ။


နောက်ရှိသေးတယ်.. ဟိုတေလာက ပြဿနာဖြစ်သွားတဲ့ ဘုန်းကြီး၊ ပြီးတော့ တရားရိပ်သာတစ်ခုက ဘုန်းကြီး..အင်္ဂလန် ထရိန္နတီက ဒေါက်တာဘွဲ့ရဆိုပြီး ရေးထားတာတွေ့ရတယ်။ 


အဲဒီကောလိပ်က ငွေပေးရင် ဒေါက်တာဘွဲ့ရတဲ့ကောလိပ်။ တကယ္မဟုတ္ဘူး။ ဂုဏ်ရှိလို့ ဆက္ကပ္ထားတာလဲ မဟုတ္ဘူး။ ဒီလိုဘုန်းကြီးတွေကျတော့ ဒေါက်တာရူးလို့ ခေါ်ရမှာပေါ့လေ။ 


လူများတွေ ဒေါက်တာ တပ်လို့ သူတို့က ဖြတ်လမ်းကနေ ငွေနဲ့ဝယ်ပြီး ဒေါက်တာဘွဲ့ရသလိုလို ကြည်ညိုလို့ဘဲ လာဆက်ကပ် ထားသလိုလို လူတွေကို လိမ်ကြတာ။


ပြီးတော့..အိန္ဒိယ လောကမှာ ဘုရားဖူးဒေါက်တာဆိုတာ ရှိသေးတယ်။

 ဗုဒ္ဓဂယာကို ဘုရားဖူးသွားရင်း နယ်ခံဒေါက်တာပွဲစားတွေနဲ့ပေါင်း၊ ငွေပေးပြီး ဒေါက်တာဘွဲ့ယူထားတဲ့ ဘုန်းကြီးတွေကိုတော့ ဘုရားဖူးဒေါက်တာလို့ ခေါ်ကြသတဲ့ (ကောင်းရောကွာ) ။


စိတ်မကောင်းစရာက ဒေါက်တာတွေ ခေတ်စားလာတော့ စာတတ်ပေတတ် ဘုန်းကြီးတွေ ဓမ္မကထိကတွေ နိုင်ငံတော်ရဲ့ထိပ်တန်း အဖွဲ့အစည်းကြီးမှာ ပါဝင်နေတဲ့ ဆရာတော်ကြီးတွေပါ ဒေါက်တာကို ငွေနဲ့ ဝယ်နေကြပြီ ။ 


တကယ်တော့ ဒေါက်တာမှ ဂုဏ်ရှိတာ မဟုတ်ဘူးလေ။ ဘုန်းကြီးဟာ ဘုန်းကြီးအလုပ် လုပ်နေရင် ဂုဏ်ရှိနေပါပြီ။ အရည်အသွေးရှိလို့ ဒေါက်တာဘွဲ့ယူရင်တော့ အချိုပေါ် သကာလောင်းပေါ့။ ဒေါက်တာဘွဲ့ရပြီး အေဘီစီဒီတောင် မေရး မပြောတတ်ရင် ရွက္စရာ မဟုတ္လား ။


ကြည်ညိုသူ ဒကာ ဒကာမေတြလဲ စဉ်းစားသင့်ပြီ ။ စီစစ်သင့်ပြီ ။ တကယ်အရည်အသွေးမှီတဲ့ ဘုန်းတော်ကြီးတွေကို အားပေးကြရမှာ။ ဖြတ်လမ်းလိုက် နာမည်ကြီးလို ဘုန်းကြီးလိုတဲ့ သာသနာကို မချစ်တဲ့သူတွေကို သတိထားဆက်ဆံကြရမှာပါ ။


အသက်မွေးပုံမတူဘူး။ ခံယူချက်မတူဘူး။ ဘုန်းကြီးချင်းမတူဘူး ဆိုတာ ဒါတွေကို ပြောချင်တာပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်း မရွိပါ။ 


ယုံကြည်ချက်ကို အသိဉာဏ်နဲ့ပေါင်းပြီး

သာသနာကို စောင့်ရှောက်ကြည်ညိုနိုင်ကြပါစေ။


( မနက်ဖြန် ရွေးချယ်ခွင့်မရှိတဲ့ ဘုန်းကြီးဘဝနဲ့ စာပေသင်ကြားပုံစနစ်တွေကို နားလည်လွယ်အောင် ပြောပါအုံးမယ်)


#နားလည်စေချင်ပါသည် (၄) 


ဘုန်းကြီးချင်းမတူဘူး၊ ခံယူချက်မတူဘူး 


ရွေးချယ်ခွင့်မရှိတဲ့ဘုန်းကြီးဘဝ

---------------------------


သင်္ကန်းစ ဝတ်ကတည်းက မိသားစု သန်းခေါင်စာရင်းက အထုတ်ခံရတယ်။ မဲပေးခွင့်မရှိဘူး ။ သီးသန့်လူတန်းစားတရပ်လို ဖြစ်သွားတာ ပေါ့ ။ ဒီအစား မကြိုက်လို့လဲ ရွေးချယ်ခွင့်မရ ။ အေးအေးပူပူ စာသင်သားဘဝမှာ ဆွမ်းခံစားဘဲ ။ လူအမ်ားကို မွီခိုရတဲ့ ဘဝမို့ ကြေးများခွင့်လဲ မရွိပါဘူး။


လုပ္စရာ အလုပ္ကလဲ ငယ်တုန်းမှာ စာသင်(ပရိယတ္တိ) ၊ သို့မဟုတ် တရားထိုင် (ပဋိပတ်) ဒီနှစ်ခုဘဲ။ 


ဆရာတွေချမှတ်ထားတဲ့အတိုင်း စာသင် စာကျက်လို့ စာမေးပွဲတွေအောင်လာရင် စိတ္က နေပျော်လာတယ်။ ဆရာတွေက အသိအမှတ်ပြုလာတယ်။ လူတွေက အသိအမှတ်ပြုလာတယ်။ ပျင်းလို့ စာလဲမကျက် ဘာမွလဲ မအောင်ရင် ဒီဘုန်းကြီးဟာ စိတ်လေတော့တာပဲ ။ 


စိတ်လေလာရင် လူထွက်မယ်။ လူမထွက်ရင် ဗေဒင်သင်မယ်။ ဘိုးတော်လိုလို ဘာလိုလိုလုပ်မယ်။ ၂ လုံး၊သုံးလုံးပေးတဲ့ ဂိုဏ်းဘုန်းကြီးလုပ်မယ်ပေါ့( ဒီလိုဘုန်းကြီးတွေဟာ စာကောင်းကောင်း မသင်ခဲ့ရသူတွေများပါတယ်)


စာပေအသင့်အတင့် သင်ယူပြီးလို့ စာပြန်သင်ပေးရတဲ့ စာချဘုန်းကြီးဖြစ်လာပြီဆိုရင်တော့ မိခင်ကျောင်းတိုက် သို့မဟုတ် သင့်တော်ရာကျောင်းတိုက်မှာ မျိုးဆက်သစ် ကိုရင်၊ ဦးပဉ္ဖင်းတွေကို စာပြန်သင်ပေးရင်း ဘဝတစ္ခုကို အဆုံးသတ်ရတာ။ 


အရင်ကတော့(ဆရာ့ ဆရာကြီးတွေခေတ်ကတော့) စာမေးပွဲ သိပ်ခေတ်မစားဘူးလို့ ပြောရမယ်။ မိခင်ကျောင်းတိုက်က ဆရာတွေဆီမှာ စာပေသင်ယူ ။ ပြီးရင် ပခုက္ကူ၊ မန်းလေးကို သြား ။ ပိဋကတ္သုံးပုံကို အပြန်အလှန် သင်ယူကြတဲ့ခေတ် ရှိခဲ့ဖူးတယ်။ သဒ္ဓါတရားအင်အား ကောင်းကြတဲ့ခေတ်လို့ ဆိုနိုင်တယ်။ 


"ကျမ်းကြီးသင်ယူ ပခုက္ကူ၊

ပခုက္ကူရောက် စာမြန်မြန်ပေါက်၊

စာတတ်လိုငြား ပခုက္ကူသွား၊

ပခုက္ကူမခိုလှုံ ကျမ်းမစုံ" ..လို့တောင် စာချိုးတွေရှိခဲ့တာ။ 


ပခုက္ကူ စာသင်နည်း စနစ်ဟာ စာလဲစုံ စာလဲတတ္တယ္ဆိုတဲ့ သေဘာပါ ။ မန်းလေး စာသင်နည်း စနစ်လဲ ရှိသေးတယ်။ ပိဋကတ္သုံးပုံ ကို အဌကထာ ဋီကာ အယူအဆ အတွေးအခေါ်တွေနဲ့ သင်ယူရတဲ့ နည်းစနစ်။( critical thinking ကို ဦးစားပေးတဲ့ နည်းစနစ်လို့ ပြောရမယ် ထင်ပါတယ်။

( ယောနွယ်တော့ မသင်ဖူးလို့ သေချာမသိဘူး၊ ယောနွယ်တို့ကတော့ သာမဏေကျော်စာမေးပွဲ စတာတွေပဲ သင်ခဲ့ဖူးတာ။ ကိုယ့်ဟာကိုယ် စာတတ်တယ်လို့လဲ မထင်မိပါဘူး ။ မသင်ဘူးတဲ့သူတွေနဲ့စာရင်တော့ မဆိုးဘူးပေါ့လေ။)


ကိုယ့်စာပေအရည်အချင်း ကို တိုးတက်အောင် Brush up လုပ်ကြတာကို ပခုက္ကူစာသင်နည်း ၊ မန်းလေးစာသင်နည်းလို့ နားလည်လွယ်အောင် မှတ်လိုက်ကြတာပေါ့ ။


မြန်မာနိုင်ငံ ဘုန်းကြီးပညာရေးစနစ်က 


"အာဂုံရမွ အာဂလူ၊ 

အာဂလူလေး ဖြစ်ဖို့ရေး 

အာဂုံမှန်မှန်ကျက်ထားပေး"ကိုး ။ 


အကျိုးရှိသင့်သလောက်လဲ ရှိပါတယ် ။ ဒါပေမယ့် ပါဠိကို ၁၀ နှစ် ၁၅ နှစ်သင်ပေမယ့် မြန်မာဘုန်းတော်ကြီးအများစု ပါဠိလို မပြောနိုင်ဘူး။ မရေးနိုင်ဘူး ၊ စဉ်းစားဖွယ်ရာပဲပေါ့လေ။ 


သီရိလင်္ကာ စာသင်နည်းစနစ်က အဘိဓာန်ကြီးတွေလဲ ထောင်မကျက်ရဘူး။ သဒ္ဒါတွေ သုတ်ပြီး ရုပ်ပြီးတွေမှာလဲ သဒ္ဒါကြီး ၈ စောင်တွဲကို ထောင်ပြီး မကျက်ခိုင်းဘူး ။၁၉၅၀ မတိုင်ခင် သူတို့လဲ မြန်မာဘုန်းကြီးတွေလိုပါပဲ။ 


ဒါပေမယ့် ပေါ်တူဂီလက်အောင်ကနေ လွတ်လပ်ရေးရပြီးတော့ တက္ကသိုလ်ပညာရေးစနစ်ကို ပြောင်းလဲခဲ့တယ်။ တိုးတက်သင့်သလောက် တိုးတက်ခဲ့တယ်လို့ ပြောနိုင်မယ်။ သုတ္တန်ပိုင်းမှာ ဘုန်းကြီးရော လူပါမောက္ခတွေရောက တော်တော်နိုင်နိုင်နင်းနင်း ရှိတယ်၊ ကျွမ်းကျင် တယ်လို့ မြင်ပါတယ်။ (အဘိဓမ္မာတော့ မြန်မာကို မမှီဘူးလို့ ပြောရမယ်) ။


မြန်မာဘုန်းကြီး ပညာရေးစနစ်တွေလည်းပြောင်းလာတာ သထိထားမိကြမယ်ထင်ပါတယ်။ တက္ကသိုလ်ပညာရေး စနစ္ဆီ သွားနေတာ တွေ့ရတယ်။ 


အစိုးရက ဦးဆောင်တဲ့ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်တွေ၊ ထေရဝါဒတက္ကသိုလ်တွေ ၊ ထင်ရှားပြီးဘုန်းကံကြီးတဲ့ဆရာတော်တွေ တည်ထောင်တဲ့ တက္ကသိုလ်တွေ ပေါ်လာတယ်။ ဝမ်းသာစရာပါ။ အရည်အသွေးပိုင်း ဘယ္လိုလဲ ဆိုတာတော့ ကိုယ့်ဟာကိုယ်သာ စုံစမ်းတော့။


တချို့လဲ ရည်ရွယ်ချက်ကောင်းတယ်။ တချို့ဘုန်းကြီးတွေထောင်တဲ့ တက္ကသိုလ် ကောလိပ်တွေလဲ နာမည်ခံသက်သက် ဖြစ်နေတာ တွေ့ရမှာပါ။ 


ပါမောက္ခချုပ်ဆရာတော်ကြီးက လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလာတော့ ဘုန်းကြီးအငယ်တွေမှာ ပါမောက္ခချုပ်ရောဂါ ရကြတာလဲ မနည်းဘူး။ 


တက္ကသိုလ်နာမည်ခံပြီး ကိုယ့်ဟာကို ပါချုပ်လိုက်ကြတာလဲ ရှိတယ် (ယောနွယ် လက်လှမ်းမမှီလို့ မပြောလိုပါ။ Good မယ်ထင်ရင် Do သာ Do လို့ပဲ ပြောနိုင်တယ်။


လူတွေနားလည်လွယ်တဲ့ ပါချုပ် ပါမောက္ခ ကထိက စတဲ့နာမည်တွေကို ဘုန်းကြီးတွေလဲ တအားကြိုက်နေကြပြီ ။


 တကယ် ချုပ် မချုပ် ၊မောက် မမောက်၊ ထိ မထိတော့ အဲဒီဘုန်းကြီးတွေနဲ့တွေ့မှ တက္ကသိုလ်အဆင့် အရည်အသွေးရှိ မရွိ စကားပြောကြည့်ကြတော့ ။


ခေတ်မှီတဲ့ပညာရေးဟာ သိပ်ကောင်းပါတယ်။ ဒါမွ မြန်မာသာမက ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်နိုင်မှာ ။


သေချာတာကတော့ မြန်မာပညာရေးစနစ်နဲ့ သင်ယူလာတဲ့ ဘုန်းကြီးတွေ ကမ်ဘာကို အခုထိ မထိုးဖောက်နိုင်သေးပါဘူး။ တူတူတန်တန် ထိုးဖောက်နိုင်တာ ၃ ပါး လေးပါးထက် မပိုဘူး။ တကယ်ပြောတာ။ 


ဘီဘီစီက ဦးလေးကြီး ဦးဖေသန်းပြောတဲ့ စကားတစ္ခု သတိရမိတယ်။

"အပြင်မှာ ဆိုင်းဘုတ်လှလှလေးချိတ်ပြီး အထဲမွာ လုပ်ချင်တာ လုပ်နေရင်တော့ " ဆိုတဲ့ စကားလေ။  

အရိုးခံစာသင်နည်း စနစ်တွေလဲ ရှိနေရမှာ။ update လုပ်သင့်တာလဲ လုပ်ရမှာလို့ မြင်ပါတယ်။


 ဒီအချိန်မှာ ဘုန်းကြီးတွေအပေါ် ဒကာ ဒကာမအမြင်တွေကို ထည့်သွင်းစဉ်းစားသင့်သလို မျိုးဆက်သစ် ကိုရင်များကိစ္စလဲ စဉ်းစားသင့်တယ်။


အပေါ်က ခေါင်းပေါင်းကြီးပဲ သ-နေလို့ မျဖစ္ဘူး။ ပုဆိုးပေါက် ထမိန်ပေါက်နေတာလဲ ထည့်စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။


" စာ မတတ်မူ အေခါက္ထူ လူထဲရှင်ထဲ သုံးမရ ။ စာတတ်ပြန်လျှင် စိတ်ကြီးဝင် လူမြင်တိုင်းက အော့ချင်ကြ" ရွှေကျင်ဆရာတော်ကြီးရဲ့ စကားဟာလဲ မှတ်သားဖွယ်ရာပါ ။


ဘုရားရှင်ရဲ့ စာသင်နည်းကတော့

၁။ ကြွားလို့ရရုံ ကိုယ့်ဟာကိုယ် ဒုက္ခဖြစ်အောင် မသင်နဲ့၊

၂။ ဆင်းရဲလွတ်ပြီး ငြိမ်းချမ်းမှုရအောင် သင်၊

၃။ဘုရားဟောတဲ့ ဒီစာတွေ ဆက်လက်ထိန်းသိမ်းလိုစိတ်နဲ့သင် ရမယ်လို့ ဟောတော်မူတယ်။ 


ခံယူချက်မတူရင် ဘုန်းကြီးချင်းလဲ မတူနိုင်ဘူးလေ။


ယုံကြည်မှုကို အသိဉာဏ်နဲ့ ပေါင်းပြီး

သာသနာကို ကြည်ညိုကြပါစေ


( မနက်ဖြန် တကယ်စာသင်နေတဲ့ စာသင်သားဘဝတွေအကြောင်း ရေးအုံမယ်)


ယောနွယ်

Jan,18,2022


နားလည်စေချင်ပါသည် (၅)

===================


စေတနာ မမှန်ရင် ဘဝမမွန္ဘူး။ ရိုးသားမှုမပါရင် ထိတ်တန်းမရောက်ဘူး။ ခံယူချက်မတူရင် သင်္ကန်းဝတ်တာခြင်းလဲ မတူဘူး ။


နားလည်စေချင်ပါသည် အပိုင်း (၁) မွာ 

 နိုင်ငံတော်ကကျင်းပတဲ့ ဘုန်းကြီးစာမေးပွဲအကြောင်း ပြောပြခဲ့တယ်။


အပိုင်း(၂)မွာ သာသနာအေရး အလေးပေးတဲ့ လူတွေ ဦးဆောင်ကျင်းပတဲ့ အဘိဝံသ အလင်္ကာရ စာမေးပွဲတွေအကြောင်း တင်ပြတယ်။


အပိုင်း(၃) မွာ အမ်အေ၊ ပီချ်ဒီအကြောင်း ဆွေးနွေးဖော်ပြခဲ့တယ်။


အပိုင်း(၄)မွာ ရွေးချယ်ခွင့်မရှိတဲ့ဘုန်းကြီးဘဝနဲ့ စာပေသင်ကြားပုံတွေကို ရေးခဲ့ပါတယ်။


ဒီနေ့အပိုင်း(၅)မွာ ပရိယတ္တိစာပေကို တကယ်သင်ယူခဲ့ကြတဲ့ ဘုန်းကြီးတွေရဲ့ ငယ်ဘဝရှင်သန်ပုံအကြောင်း ပြောပြချင်တယ်။


စာပေသင်ယူတာ တကယ့်အရည်အချင်းလား

==========================


ဒီနေ့ခေတ်အနေနဲ့ ပြောရရင် ဟုတ်တယ်လို့ လွယ်လွယ်ဖြေမယ်။ သာသနာတည်တံ့ရေး မျှော်တွေးမိကြတဲ့ ( သဒ္ဓါတရား အင်အားနည်းပါးလာတဲ့ခေတ်မှာ) စာမေးပွဲကျင်းပပြီး ဘုရားဟောစာတွေကို ထိန်းသိမ်းခဲ့တယ်။ 

စာပေသင်ယူထားပြီး ဘာမှမလုပ် စိတ်ကောင်းလဲမရှိတဲ့ဘုန်းကြီးတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမွ မထိန်းသိမ်းရင် သာသနာဟာ ဒီထက်ဆိုးရွားစရာ ရှိတယ်။ 


မဟာဂန္ဓာရုံဆရာတော်ကြီးကတော့ စိတ်ကောင်းရှိဖို့ ပထမ၊ စာတတ်ဖို့က ဒသမ လို့ မိန့်တော်မူခဲ့တယ်။

သာသနာ့ရဲ့ အသက်ဟာ စိတ်ကောင်းပဲ ။ စိတ်ကောင်းရှိမှ ဝိနည်းလေးစားမယ်။ စိတ်ကောင်းရှိမှ မွားတာကို မှားပါတယ်။ မွန္တာကို မှန်ပါတယ်လို့ ဝန်ခံကြမယ်။ အပြစ်လုပ်မိရင် တောင်းပန် ဝန်ခံပြီး အပြစ်ထပ်မလုပ်မိဖို့ ရှောင်ကြလိမ့်မယ်။ 


ပထမကျော်၊ အဂ္ဂမဟာအကျော် ၊ ဝဋံသကာ ၊သိရောမဏိ ဘွဲ့များ

===========================

လွယ်အောင်ပဲ ပြောပါရစေတော့


နိုင်ငံတော်က ကျင်းပတဲ့ အကြီးတန်းမှာ တနိုင်ငံလုံး အမှတ်အများဆုံးရရင် ပထမကျော် လို့ခေါ်တယ်။


ဓမ္မာစရိယတန်းမှာ အမှတ်အများဆုံးရရင် အဂ္ဂမဟာအကျော် ၊


အဘိဝံသ စာမေးပွဲမှာ စာသင်တန်းရော စာချတန်းရော နံပတ် (၁)နဲ့ နှစ်မခြားဘဲအောင်ရင် ဝဋံသကာ၊


ဝဋံသကာကို မင်းကွန်းတိပိဋကဆရာတော်ကြီး အရင်ဆုံး ရရှိတယ်။ ယခုလက်ရှိ မဟန ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးလဲ ဝဋံသကာပဲ ။ 


နှစ် (၁၀၀)ကျော် စာမေးပွဲကျင်းပတဲ့အတွင်းမှာ သက်သီဟဘိဝံသ ဝဋံသကာ ဟာ ကိုးပါးပဲ ရှိတယ်။ ( ဘယ်လောက်ခက်ခဲလဲ စဉ်းစားကြည့်ပေါ့)

ရွှေတိဂုံရင်ပြင်မှာကျင်းပတဲ့ စေတိယင်္ဂဏ စာမေးပွဲမှာလဲ ထို့တူပဲ ( စေတိယင်္ဂဏ ဝဋံသကာ ဘယ်နှစ်ပါးရှိလဲ ယောနွယ် မသိပါ)


အရင်တုန်းက အစိုးရ ဓမ္မာစရိယ ကိုးကျမ်းကို တနှစ်ထဲ ဖြေလို့ရအောင် စာမေးပွဲကျင်းပခဲ့တယ်။ ဓမ္မာစရိယ ၉ ကျမ်းကို တနှစ်ထဲအောင်ရင် သိရောမဏိဘွဲ့ ရတယ်။ လက်ရှိမှာတော့ မေဂျာ သုံးဘာသာနဲ့ မြန်မာဂုဏ်ထူးတန်း၊ ပါဠိဂုဏ်ထူးတန်းဆိုပြီး ခွဲထားလိုက်ပြီ ။ 


တချို့ဆရာတော်တွေ ပါဠိပါရဂူ ဘာညာ ရေးတာတွေ့ဖူးမှာပေါ့ ။ 


ဓမ္မာစရိယ ဂုဏ်ထူးတန်းတစ်ခုခုကို အောင်မြင်ထားတာပါ။ ဝိနည်းဂုဏ်ထူးတန်းကိုအောင်ရင် ဝိနယပါဠိပါရဂူ ပေါ့။ အဘိဓမ္မာဂုဏ်ထူးတန်းကို ပါဠိလိုအောင်ရင် အဘိဓမ္မပါဠိပါရဂူပေါ့ ။ 


စာသင်သားဘဝ နေ့စဉ်ရှင်သန်မှုများ

=======================

ယောနွယ်နေခဲ့တာက မန်းလေး ဝိဇ္ဇာလင်္ကာရကျောင်းတိုက်၊

မန်းလေး မဟာမြိုင်ကျောင်းတိုက်(မန်းတက္ကသိုလ်နား)၊ 

ရန်ကုန် တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်(ကျောက်မျက်ပြတိုက်နား)၊ 

ရန်ကုန် ဗဟန်း ဝိသုဒ္ဓါရုံကျောင်းတိုက်-ယောတိပိဋကဆရာတော်ကျောင်း)၊ 

မန်းလေး ဝိသုဒ္ဓါရုံ စည်ရှင်ကျောင်းတွေမှာ နေခဲ့တော့ 

ဒီ စာသင်ပေးတဲ့ကျောင်းတိုက်ကြီးတွေရဲ့ စည်းကမ်းတွေပဲ ပြောရမှာ ။


မနက်လေး နာရီ အိပ်ယာထ ရတယ်။

အရုဏ်တက် ၅ နာရီနဲ့ ၆ နာရီကြားမှာ Breakfast ဘုန်းပေးရတယ်။ 

ပြီးရင် စာသင်ချိန် တချိန် ။ 


မနက် ၇ နာရီလောက် စာသင်ပြီးရင် ကျောင်းသန့်ရှင်းရေးလုပ်ရတယ်။ ပြီးရင် နေ့လည်စားဖို့ ဆွမ်းခံထွက်ရတယ်။ 

( ကျောင်းဥပဒေက..တပါးစာ ဆွမ်းရ..ရမယ်။ ဟင်းခွက် ငါးခွက်ရ ရမယ်၊ မနက် ၁၀ နာရီ ကျောင်းပြန်ရောက်ရမယ်။)

(ယောဆရာတော်ကြီးကျောင်း၊ စည်ရှင်ဆရာတော်ကျောင်း၊ မဟာမြိုင်ကျောင်းတိုက်များမှာတော့ တန်းစီပြီးဆွမ်းခံထွက်ရတယ်)


ဆွမ်းခံပြန်လာရင် မနက် ၁၀ခြဲ နေ့လည်စာ မစားခင် စာကျက်ကြတယ်။ 

ပြီးရင်နေ့ဆွမ်းစားတယ်။

သပိတ် စသည်ဆေးကြောပြီးရင် ၁၂ နာရီထိုးခါနီး ရောက်သွားပြီ ။

 နေ့ တနာရီအထိ ခဏနားရတယ်။


နေ့ ၁ နာရီကေန ညေန ၅ နာရီအထိ ဆရာတွေဆီ စာသင်ရတယ်။ စာကျက်ရတယ်။ စာသင်ချိန်ပြီးရင် ကျောင်းသန့်ရှင်းရေးလုပ်ရတယ်။ 

( ဥပမာ. သံဃာ ၄၀၀ ကျော် မနက်ဘုန်းပေးဖို့ ဆွမ်းချက်ဖို့ ဆေးကြောဖို့ ကြိုတင်ပြင်ဆင်ရတာမျိုး။ ကိုရင်ကြီးတွေ အလှည့်ကျ ဆွမ်းချက် ဟင်းချက်ကြရတယ်။ သံဃာ ၄၀၀ ကျော်ဘုန်းပေးထားတဲ့ ဟင်းခွက်ပေါင်း ၁၀၀၀ကျော်ကို အလှည့်ကျ ဆေးကြရတယ်။

ညေန ၆ နာရီခြဲမွာ စုပေါင်းဘုရားဝတ်တက် ။ ည ၇ နာရီကေန ၁၀ နာရီအထိ သံဃာ ၄၀၀ ကျောင်း တေနရာထဲ တဆောင်ထဲမှာ စုပေါင်း စာကျက်ရတယ်။ ည ၁၀ နာရီ ထိုးတာနဲ့ မီးဖွင့်ခွင့်မရှိတော့ဘူး။ အိပ်တော့ပေါ့ ။ ( မနက် ၄ နာရီကေန ည ၁၀ နာရီအထိ အချိန်ပြည့် ဒီစာ ဒီပုံအတိုင်း နှစ်ပေါက် လည်ပတ်နေကြရတယ်)


ကျောင်းတိုက်အပြင်ကို ဆွမ်းခံချိန်ကလွဲပြီး တနှစ်လုံးမှ သုံးရက္သာ အပြင်ထွက်ခွင့်ပြုတယ်။ ဝါဆိုလပြည့် သီတင်းကျွတ်လပြည့်နဲ့ စာမေးပွဲဖြေပြီးလို့ ရွာပြန်ခွင့်ရက် ဒီသုံးချိန်ဘဲ အပြင်ထွက်ရတယ်။


သတင်းစာမဖတ်ရ။ တီဗီမကြည့်ရ။ ကာတွန်း ဝတၳုဖတ်ခွင့်မရှိ ။ ဒီလို ဥပဒေသတွေနဲ့ ဘုန်းကြီးတပါးဟာ ဓမ္မာစရိယ သာမဏေကျော် မပြိးမချင်း ၈ နှစ်ကနေ ၁၀ နှစ်နေရတယ်။ 

(ကောင်းတဲ့အားသာချက်က စာသင် စာခ် အလုပ္မပ်က္ဘူး။ စာမေးပွဲအောင်တာ မြန်တယ်။ မကောင်းတဲ့အချက်က လူမှုဆက်ဆံရေး မကောင်းဘူး။ ဒါကြောင့်ဘုန်းကြီးတွေ စကားပြောရင် ဒေါင့်မကျိုးတာ များတယ်။ သူ့တပည့်တွေကို ဆက္ဆံသလိုဘဲ ငေါက်ဆတ်ဆတ် နဲ့။ လူတွေကို ကြောက်တယ်။) 


ဒီလို စည်းနဲ့ကမ်းနဲ့နေတဲ့ သံဃာတွေအများကြီးရှိပါတယ်။ မြင်အောင်ကြည့်ကြပါအုံး။ အပေါ်ယံလောက်ကြည့်ပြီး ကိုယ်နဲ့ သေဘာထား မတိုက်ဆိုင်တာနဲ့ သံဃာတွေ ဘုန်းကြီးတွေကို မပြစ်မှားလိုက်ပါနဲ့ ။


ဒီနေ့ခေတ်မှာ သံဃာ တထောင်ကျော်ရှိတဲ့ အမရပူရမဟာဂန္ဓာရုံ၊မှော်ဘီ လှည်းကူးမဟာဝိဟာရ ၊ မန်းလေး မစိုးရိမ်တိုက်သစ်၊ မြစင်္ကြာကျောင်းတိုက်၊ အောင်ချမ်းသာ၊ မန်းလေး ဝိသုဒ္ဓါရုံစည်ရှင် ၊အင်းစိန် ရွာမစာသင်တိုက်ကြီး ၊မုံရွာ မြောင်းမြ ပဇေ္ဇာတာရုံ၊ သုဗောဓာရုံ စတာတွေဟာ သာသနာရဲ့ တကယ်ပင်မသွေးကြောကြီးတွေပါ။ 


စာလည်းတတ် စိတ်ကောင်းလည်းရှိရင်တော့ Perfect ပေါ့လေ။

စာမေးပွဲမဖြေဘဲ စာတတ်အောင်သင်တဲ့ ပခုက္ကူကျမ်းကြီးပေါက်လို ဘုန်းကြီးတွေလဲ ရှိတယ်။


စာမေးပွဲကြီးတွေ အောင်ထားတိုင်း နှလုံးသားလှရောလားဆိုတော့ အဲလိုလဲ မဟုတ္ဘူး။ စာမေးပွဲတွေအောင်ပြီး နှလုံးသား မလှသူတွေကိုလည်း တွေ့ရလိမ့်မယ်။ လူတွေလိုပေါ့ဗျာ..စဉ်းစားကြည့်ပေါ့ ။ 


ဒါပေမယ့် စာမသင် အလေလိုက်နေတာထက်စာရင် စာသင်နေတဲ့ သံဃာဘုန်းကြီးတွေက လေးစားဖွယ်ရာပါ ။

လမ်းသလားနေတဲ့ ဘုန်းကြီးတွေ၊ ဗေဒင် နှစ်လုံး သုံးလုံး ဘုန်းကြီးတွေ၊ ဘိုးတော်လိုလို ဘာလိုလိုဘုန်းကြီးတွေ၊ နိုင်ငံရေးဘုန်းကြီးတွေ ၊ အိမ်ဘေးက ဘာမွ မလုပ်တဲ့ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေဘဲ မြင်ပြီး ဘုန်းကြီးတွေကို သိမ်းကြုံးဆဲနေရင်တော့ မှားကြပါလိမ့်မယ်။ 

တကယ်တော့ လူတော်လူကောင်းဆိုတာ လူမ်ားကို အပြစ်ထိုင်ပြော လေလှိုင်းထဲက ဝေဖန်နေမယ့်အစား မင်းတို့ကိုယ်တိုင် ဘုန်းကြီးဝတ်ကြည့်ပါအုံးလို့ ပြောချင်တယ်။ 


ဗုဒ္ဓဘာသာမှာ ဒီလို စည်းနဲ့ကမ်းနဲ့ လူတွေမသိဘဲ စာသင်နေတဲ့ ဘုန်းကြီးတွေအများကြီး ရှိနေတာကို သိစေချင်ပါတယ်။

ဒီလို စည်းနဲ့ကမ်းနဲ့ နေတဲ့ဘုန်းကြီးတွေနဲ့ အလေလိုက်နေတဲ့ ဘုန်းကြီးတွေ မတူဘူးလေ။ ဘယ္လိုမွ တူတယ် မပြောနဲ့ 

(မနက်ဖြန်တော့ အစိုးရကေပးတဲ့ ဘွဲ့တံဆိပ်တွေအကြောင်း ဆက်ရေးမယ်။ ပြီးရင် ပဋိပတ် တရားထိုင်တဲ့ဘုန်းကြီး၊ အလေအလွင့်ဘုန်းကြီးတွေအကြောင်း ဆက်ရေးအုံးမယ်)


ယုံကြည်မှုကို အသိနဲ့ ထိန်းပြီး သာသနာကို ကြည်ညိုစောင့်ရှောက်နိုင်ကြပါစေ


ယောနွယ်

#YNNote 

Jan,19,2022

ရေးသားမျှေ၀သူ - အရှင်တိက္ခ (ယောနွယ်)


(Zawgyi) 

နားလည္ေစခ်င္ပါသည္

---------------------




သကၤန္းဝတ္ထားလို႔ ဘုန္းႀကီးလို႔ ေခၚခ်င္ေခၚ ဒါေပမယ့္ ဘုန္းႀကီးခ်င္း မတူဘူး။ အက်င့္သီလ မတူဘူး၊ အသက္ေမြးပုံမတူဘူး၊ ခံယူခ်က္မတူဘူး၊ အရည္အခ်င္းမတူဘူး ။ 


ျမန္မာနိုင္ငံ ဘုန္းႀကီးပညာေရး

--------------------------

နားလည္လြယ္ေအာင္သာ ေျပာျပခ်င္တယ္။ ဘုန္းႀကီးပညာေရးမွာ 

၁။နိုင္ငံေတာ္က က်င္းပတဲ့ ပညာေရးနဲ႕ 

၂။သာသနာေရရွည္တည္တံ့ေရး အေလးထားခဲ့ၾကတဲ့ ဒကာ ဒကာမေတြ က်င္းပတဲ့ ပညာေရးဆိုၿပီး ႏွစ္မ်ိဳးရွိတယ္။ 


နိုင္ငံေတာ္က က်င္းပတဲ့ ပညာေရးမွာ -

မူလတန္း

အငယ္တန္း

အလတ္တန္း

အႀကီးတန္း 

ဓမၼာစရိယတန္း

ပိဋကတ္သုံးပုံ စာေမးပြဲ

နိကာယ္စာေမးပြဲ ဆိုၿပီး  (၇) မ်ိဳးရွိတယ္။ 


မူလတန္းေအာင္မွ အငယ္တန္း သင္ယူခြင့္ရွိတယ္။ ဒီလိုအစဥ္အတိုင္းသင္ယူလာရင္၊ ဉာဏ္အသင့္အတင့္ရွိရင္ ၄ ႏွစ္အတြင္း အႀကီးတန္း(ပထမႀကီးတန္းလို႔လဲေခၚ)ကို ေအာင္ပါတယ္။ ဒီေလးတန္းေအာင္႐ုံနဲ႕ ဘြဲ႕မရေသးဘူး။


ဓမၼာစရိယတန္းမွာ ဘာသာရပ္(ေမဂ်ာ)သုံးခု ေျဖရတယ္။ ဉာဏ္ေကာင္းတဲ့လူေတြ တစ္ႏွစ္ထဲ ေအာင္ျမင္တယ္။ ရွားပါတယ္။ သူလို ကိုယ္လို ဉာဏ္ရည္မ်ိဳးဆိုရင္ ေမဂ်ာတစ္ခုကို တစ္ႏွစ္ ၊ ေမဂ်ာ သုံးခုဆိုေတာ့ သုံးႏွစ္ဆို ေအာင္ပါတယ္။


ဓမၼာစရိယ ေမဂ်ာ သုံးခုလုံး ေအာင္ရင္ "သာသနဓဇဓမၼာစရိယ" ဘြဲ႕ကိုရတယ္။


အခုျမင္ေတြ႕ေနရတဲ့ အခ်ိဳ႕ဘုန္းႀကီးေတြရဲ႕ေနာက္မွာ ဓမၼာစရိယလို႔ ရိုးရိုးေရးထား တပ္ထားရင္ ေမဂ်ာ သုံးခုလုံး မေအာင္ျမင္တဲ့ ဘုန္းႀကီးပါ ။ ေမဂ်ာ သုံးခုလုံး ေအာင္ျမင္ရင္ သာသနဓဇဓမၼာစရိယ လို႔ ေရးၾကပါတယ္။ 


တိပိဋက ပိဋကတ္သုံးပုံစာေမးပြဲမွာေတာ့

(က)ဝိနည္း

(ခ)သုတၱန္

(ဂ)အဘိဓမၼာ ဆိုတာ ပိဋကတ္သုံးပုံေပါ့။ 

(ပိဋကတ္သုံးပုံအကုန္ ဆိုရင္ စာမ်က္ႏွာ ၈၀၂၆မ်က္ႏွာ)


(က) ဝိနည္း ပိဋကတ္က ပါဠိစာမ်က္ႏွာ၂၅၆၀ ရွိတာမို႔ အပိုင္းေလးပိုင္းခြဲၿပီး ျပန္ဆို၊ ေျဖဆိုၾကရတယ္။ တစ္ပိုင္းကို တစ္ႏွစ္ေျဖဆိုရတယ္လို႔ နားလည္ရပါမယ္။

ဒီ အပိုင္းေလးပိုင္းလုံးေအာင္ရင္ “ဝိနယဓရ ဝိနယေကာဝိဒ”ဘြဲ႕ကို ရပါတယ္။


(ခ) သုတၱန္ပိဋကတ္က်ေတာ့ အလြတ္ျပန္ျပရတာ တစ္ႏွစ္၊ေရးေျဖ ေျဖျပရတာ တစ္ႏွစ္ ( ဒီႏွစ္ခု ၿပီးရင္ ဒီဃဘာဏက ဒီဃနိကာယေကာဝိဒဘြဲ႕ကိုရပါတယ္ ။


(ဂ) အဘိဓမၼာ..က ပါဠိေတာ္စာမ်က္ႏွာ ၄၉၈၇ စာမ်က္ႏွာရွိပါတယ္။ အပိုင္းေလးပိုင္း ေလးႏွစ္ခြဲေျဖရပါတယ္။ (အဌကထာ ဋီကာစာမ်က္ႏွာ ဘာညာ ရႉပ္ေနမွာမို႔ မေျပာေတာ့ဘူး) 

ဒီေလးႏွစ္ေျဖၿပီးလို႔ ေအာင္ရင္ “အာဘိဓမၼိက အဘိဓမၼေကာဝိဒဘြဲ႕”ကို ရပါၿပီ။


ပိဋကတ္သုံးပုံ အလြတ္ျပန္တာေရာ၊ သေဘာေရးေျဖ ေျဖဆိုတာေရာ ေအာင္ျမင္ၿပီမို႔ “တိပိဋကဓရ တိပိဋကေကာဝိဒဘြဲ႕”ကို ရပါတယ္။ 

( ဒီ တိပိဋက စာေမးပြဲက ဉာဏ္ရည္ျမင့္သူ ႀကိဳးစားသူတို႔သာ ေျဖဆိုနိုင္ပါတယ္။ ျမန္မာျပည္ သံဃာ ၃ သိန္းေက်ာ္ရွိတယ္ဆိုပါစို႔.. ဒီ ပိဋကတ္သုံးပုံ စာေမးပြဲ ဝင္ေျဖတာ ၂၀၀ ဝန္းက်င္သာ ရွိတာကို ေထာက္ဆ နားလည္နိုင္ပါတယ္။ စာေမးပြဲက်င္းပတဲ့ ႏွစ္ေပါင္း ၇၄မွာ ပိဋကတ္သုံးပုံကို အလြတ္ျပန္ေရာ ေရးေျဖေရာ ေအာင္တဲ့ ဆရာေတာ္ေပါင္းဟာ ၁၅ပါးသာရွိပါတယ္။  ဒီ အာဂုံ ေရးေျဖ ေအာင္ျမင္ေတာ္မူ တဲ့ ဆရာေတာ္ ၁၅ ပါး နဲ႕  ပိဋကတ္သုံးပုံကို အလြတ္ျပန္ဆို ေအာင္ျမင္တဲ့ ဆရာေတာ္ ေနာက္ထပ္ ၇ ပါး ထည့္လိုက္ရင္ ပိဋကတ္သုံးပုံ ေဆာင္ ဆရာေတာ္ (၂၂)ပါးသာ ရွိပါတယ္။ ဒါဟာ ျမန္မာမွာေရာ ကမၻာမွာပါ ဒီ ၂၂ပါးပဲ ရွိတာပါ။)


နိကာယ္စာေမးပြဲ

-------------

ပိဋကတ္သုံးပုံစာေမးပြဲလို မခက္ခဲပါဘူး။ ပုံမွန္ ဉာဏ္ရည္ရွိရင္ ေအာင္ပါတယ္။ 


ဒီဃနိကာယ္

မဇၩိမနိကာယ္

သံယုတၱနိကာယ္

အဂၤုတၱရနိကာယ္

ခုဒၵကနိကာယ္ ဆိုၿပီး  နိကာယ္ ငါးခု ၊ နိကာယ္ ငါးရပ္ ရွိပါတယ္။


ဒါကို အပို္င္းကိုးပိုင္း ခြဲၿပီး ေျဖဆိုၾကရပါတယ္။ 


နိုင္ငံေတာ္ကက်င္းပတဲ့ စာေမးပြဲလမ္းေၾကာင္းအတိုင္း ေ႐ြးခ်ယ္မယ္ဆိုရင္ - 

ဓမၼာစရိယေအာင္ၿပီးရင္ ပိဋကတ္သုံးပုံစာေမးပြဲကို ေျဖမလား၊ နိကာယ္စာေမးပြဲေတြကို ေျဖမလား ေ႐ြးခ်ယ္ခြင့္ (၂) ခုရွိတယ္ဆိုတဲ့သေဘာေပါ့ ။


ရာခိုင္ႏႈန္းအရ ေျပာရရင္ ပိဋကတ္သုံးပုံ စာေမးပြဲကို ဉာဏ္ေကာင္းသူ ႀကိဳးစားလိုသူေတြ ေ႐ြးခ်ယ္ၾကတာ ေတြ႕ရမယ္။ ဉာဏ္ရည္ သာမန္ရွိတဲ့သူေတြက ဓမၼာစရိယတန္းကိုပဲ ေအာင္ျမင္ေအာင္ ေတာ္ေတာ္ႀကိဳးစားရတယ္။ ေအာင္ၿပီးေတာ့ နိကာယ္စာေမးပြဲေတြကို ေျဖဆိုၾကတာ မ်ားပါတယ္ ။


ဒီလို အမွန္အကန္ ဘုရားေဟာတဲ့စာကို သင္ယူေလ့လာေနတဲ့ ဘုန္းေတာ္ႀကီးေတြရွိသလို ၊ စာမသင္ဘဲ ဓမၼာစရိယေအာင္လက္မွတ္ ဝယ္ယူတဲ့ နာမည္ႀကီးဘုန္းႀကီးအခ်ိဳ႕[(၁၀)ပါး မျပည့္ပါဘူး)]လည္း ရွိပါတယ္ ။ 


ေအး..ဘုန္းႀကီးခ်င္းမတူဘူးဆိုတာ ဒါကိုေျပာခ်င္တာ ။

( ဘိဝံသေတြ လကၤာရေတြ ေဒါက္တာေတြ ဟိုဘြဲ႕ ဒီဘြဲ႕ေတြက ဘာေတြလဲ.. ဆက္ေရးအုံးမယ္ေလ)


“ယုံၾကည္မႈကို အသိဉာဏ္နဲ႕ေပါင္းၿပီး

သာသနာကို ေစာင့္ေရွာက္နိုင္ၾကပါေစ”


#နားလည္ေစခ်င္ပါသည္ (၂) 


ႀကိဳက္ ႀကိဳက္ မႀကိဳက္ႀကိဳက္ အမွန္တိုင္းေတာ့ ေျပာအုံးမယ္။ ဘယ္သူ႕ကိုမွ ထိခိုက္ေစလိုျခင္း မရွိပါ ။ ဘုန္းႀကီးခ်င္းမတူဘူး ၊ ဟုတ္တယ္.. လုံးဝ မတူဘူး ။ 

“သင္စရာသင္ က်င့္စရာက်င့္” လုပ္သူနဲ႕ ျဖတ္လမ္းလိုက္သူဟာ ဘယ္လိုမွမတူနိုင္ဘူး ။ 


မေန႕က နိုင္ငံေတာ္က က်င္းပတဲ့စာေမးပြဲအေၾကာင္း အက်ဥ္းခ်ဳံး ေျပာျပခဲ့တယ္။ ဒီေန႕ သာသနာကို ေရရွည္တည္တံ့ေစလိုသူ လူမ်ားက ဦးေဆာင္က်င္းပတဲ့ စာေမးပြဲေတြအေၾကာင္း ေျပာပါရေစ ။


အဘိဝံသ စာေမးပြဲ 

---------------

မႏၱေလး ၈၅ လမ္း ၃၅ လမ္းေထာင့္မွာ ‘ဦးလွသိန္း’ ဗိမာန္ဆိုတာ ရွိတယ္။ (ယခင္က သက်သီဟဘုရားဝန္းထဲမွာ က်င္းပလို႔ သက်သီဟ စာေမးပြဲလို႔ေခၚတယ္)။


လြန္ခဲ့တဲ့ ႏွစ္ (၁၀၀)ေက်ာ္က စတင္က်င္းပခဲ့တယ္။ ေအာင္ခ်က္ရာခိုင္ႏႈန္ၚ အလြန္နည္းတယ္။ ေမးခြန္း ခက္တယ္။ ဒီေန႕ေခတ္ စကားနဲ႕ေျပာရရင္ Ph.D ထက္ေက်ာ္တဲ့စာေမးပြဲလို႔ ဆိုနိုင္မယ္။ 


စာသင္တန္းနဲ႕ စာခ်တန္းဆိုၿပီး ႏွစ္ပိုင္းခြဲေျဖရတယ္။ ၿပီးေတာ့ အသက္ကလဲ ကန႔္သတ္ထားေသးတယ္။ စာသင္တန္းကို အသက္ ၂၇ ႏွစ္တြင္းသာ ေျဖခြင့္ရွိတယ္။ ေျဖေနရင္း အသက္ ၂၇ ေက်ာ္သြားရင္ ဆက္ေျဖခြင့္မရွိဘူး ။

စာခ်တန္းကို အသက္ ၃၂ ႏွစ္အထိ ေျဖခြင့္ရတယ္။

 (သာခါ ဘာညာ ထားလိုက္ေတာ့ ဒီေနရာမွာ မေျပာေတာ့ဘူး) ။


စာေမးပြဲ ခက္ မခက္ကို ဒီလိုပဲေျပာလိုက္ခ်င္တယ္။ သံဃာ သုံးသိန္းေက်ာ္ရွိတယ္ဆိုပါစို႔ ။ သက်သီဟဓမၼာစရိယ (အဘိဝံသ) ဘြဲ႕ရ ထားတဲ့ ဆရာေတာ္ဟာ အပါး ၅၀၀ ထက္ မပိုဘူး။ အေမရိကန္မွာေနတဲ့ ဘုန္းႀကီး အပါး ၂၀၀ေက်ာ္မွာ ဘိဝံသဘြဲ႕ရတဲ့ ဆရာေတာ္ ငါးပါးထက္မပိုဘူး။ အရွင္ေဇာတိကာဘိဝံသ၊ အရွင္စကၠိႏၵာဘိဝံသ၊ အရွင္ပညာဒီပါဘိဝံသ၊ အရွင္ဉာဏိကာဘိဝံသ၊ အရွင္ေဃာသိတာ ဘိဝံသ စသည္)


ျမန္မာျပည္သာသနာမွာ ထိပ္တန္းက ဦးေဆာင္ေနၾကတဲ့ ဆရာေတာ္ႀကီးေတြကိုၾကည့္လိုက္ရင္ ဘိဝံသဘြဲ႕ရ ဆရာေတာ္ေတြ ျဖစ္ေနတာေတြ႕ရမယ္။ 


ဥပမာ.. မူရင္းနာမည္က အရွင္နႏၵမာလာ ဆိုပါစို႔။ 

သက်သီဟဓမၼာစရိယ(အဘိဝံသ)ေအာင္ရင္ မူရင္းဘြဲ႕ေနာက္ကေန “အဘိဝံသ” ထည့္လို႔ရၿပီမို႔ “အရွင္နႏၵမာလာဘိဝံသ” ဆိုၿပီး ျဖစ္လာတယ္။

 ဘိဝံသဘြဲ႕ေနာက္ကေနပါလာရင္ ဒီဘုန္းႀကီးရဲ႕ ဘုန္းႀကီးစာ အေနအထားကို ဘုန္းႀကီးအခ်င္းခ်င္းသိတယ္။ ေလးစားတယ္။ ဒီဘုန္းႀကီးဟာ စာတကယ္သင္ခဲ့တဲ့ဘုန္းႀကီးဆိုၿပီး သိၾကတယ္။ 


 ရန္ကုန္ေ႐ႊတိဂုံေစတီေတာ္မွာက်င္းပတဲ့ “ေစတိယဂၤဏ” လို႔ေခၚတဲ့ စာေမးပြဲလည္း သက်သီဟဘိဝံသလိုပဲ ခက္တယ္။

 ၿပီးေတာ့ ျမင္းၿခံမွာ က်င္းပတဲ့ စာေမးပြဲလည္း ထို႔တူပဲ ။ 


မႏၱေလး၊ ရန္ကုန္၊ ျမင္းၿခံ သည္သုံးၿမိဳ႕မွာ က်င္းပတဲ့ စာေမးပြဲအားလုံးဟာ ျပဌာန္းက်မ္းစာ အတူတူပါ။ က်င္းပတဲ့ၿမိဳ႕ေတြပဲ ကြဲသြားတာ။  “မႏၱေလးသက်သီဟ” စာေမးပြဲကေတာ့ ပိုခက္တယ္လို႔ ေျပာရမယ္။ 


သက်သီဟ ဓမၼာစရိယ ( မႏၱေလး)၊

ေစတိယဂၤဏ ဓမၼာစရိယ (ရန္ကုန္)၊

သဒၶမၼပါလဓမၼစရိယ (ျမင္းၿခံ) ဒါေတြက လူေတြဦးေဆာင္က်င္းပတဲ့ စာေမးပြဲေတြ( ပုစၦာထုတ္တာကေတာ့ စာတတ္ ေပတတ္ ဘုန္းႀကီးေတြေပါ့။ အစိုးရက ဦးေဆာင္က်င္းပတာ မဟုတ္ဘူးလို႔ သိရမွာ )


ဒါေၾကာင့္ တခ်ိဳ႕ဆရာေတာ္ႀကီးေတြရဲ႕ နာမည္ေနာက္မွာ ‘သ.စ.သ.အ ဓမၼာစရိယ’ လို႔ ေရးထားတာ ေတြ႕နိုင္တယ္။

‘သ..က သက်သီဟဓမၼာစရိယ၊

စ. က ေစတိယဂၤဏဓမၼာစရိယ၊

သ.က သဒ္ဒမ္မပါလဓမၼာစရိယ၊

အ.က အစိုးရဓမၼာစရိယ’ ေပါ့  ၊ ဒီလိုဆရာေတာ္ႀကီးေတြကိုေတြ႕ရင္ ယုံၾကည္ထိုက္တဲ့ သာသနာတည္တံ့ေအာင္ စာသင္ စာခ်ေနတဲ့ ဘုန္းႀကီးေတြလို႔ ရာခိုင္ႏႈန္း ၉၀ ၾကည္ညိဳလို႔ရပါတယ္။ 


ဟုတ္တယ္ေလ.. ဘုရားေဟာတဲ့စာကို ဒီေလာက္သင္ထားရင္ ဘာပဲေျပာေျပာ သာသနာကိုခ်စ္တဲ့စိတ္ ေလးစားစိတ္ေတြရွိေနတာ အမွန္ပါ။ ( အနည္းငယ္ ဂြင္ေဖာက္တဲ့ဘုန္းႀကီးေတြလည္း ရွိေတာ့ ရွိတယ္။ အနည္းငယ္ပါ) 


ဒီဘြဲ႕ေလးခုက လူရာဝင္၊ ဘုန္းႀကီးရာဝင္ေတာ့ စာမသင္ဘဲ ‘ဘိဝံသ’ တပ္သူေတြလဲရွိတယ္။ 


ေညာင္တုန္းၿမိဳ႕ - 

သထုံၿမိဳ႕က စာေမးပြဲက်င္းပတာေတြေအာင္ရင္ ‘ဘိဝံသ’ တတ္လို႔ရတယ္။ စာကေတာ့ ေစာေစာေလးၿမိဳ႕နယ္က က်င္းပတဲ့ စာေတြလို တအားႀကီး မခက္ဘူး။ တခ်ိဳ႕လဲ အဲဒီၿမိဳ႕ေတြက ေအာင္တာနဲ႕ ‘ဘိဝံသ’ တပ္သူေတြလဲ ရွိတယ္။ အျပစ္ေတာ့ မဟုတ္ပါဘူး။ 

တိပိဋက မင္းကြန္းဆရာေတာ္ႀကီးကေတာ့ သက်သီဟစာေမးပြဲကို လူသတ္တဲ့စာေမးပြဲလို႔ ေတာင္ ကင္းပြန္းတပ္ခဲ့တယ္။( စာေမးပြဲ ေအာင္ဖို႔ စာက်က္ရင္း ေလနာထလို႔ ပ်ံေတာ္မူတဲ့ဘုန္းႀကီးေတြ ရွိခဲ့ဟန္တူပါတယ္။ အဲဒီအတြက္ အဲလို မိန႔္ေတာ္မူတာလို႔ ထင္တယ္) ။


သာမေဏေက်ာ္စာေမးပြဲမ်ား

=================

ေယာႏြယ္ငယ္ငယ္.ကေတာ့ သာမေဏေက်ာ္က်င္းပတဲ့ၿမိဳ႕ မန္းေလး၊ ရန္ကုန္၊ ေမာ္ကြၽန္း၊ ပဲခူး ဆိုၿပီး ေလးၿမိဳ႕နယ္ရွိတယ္။ ေနာက္ပိုင္းမွာ ေတာင္ႀကီး၊ ပခုကၠဴ ၊ စစ္ေတြ၊ ေမၿမိဳ႕ ၊ မိုးကုတ္ စသည္ျဖင့္ က်င္းပတဲ့ၿမိဳ႕ေတြ ေတာ္ေတာ္မ်ားလာတာေတြ႕ရတယ္။ ေကာင္းတဲ့လကၡဏာ ပါ။ 


သာမေဏေက်ာ္စာေမးပြဲအတြက္ ျပဌာန္းက်မ္းစာေတြကို အမရပူရၿမိဳ႕ မဟာဂႏၶာ႐ုံဆရာေတာ္ႀကီးက သတ္မွတ္ေပးခဲ့တယ္။ စာေမးပြဲ သက္တမ္းက ႏွစ္ေပါင္း ၇၀ ေက်ာ္ၿပီ။ 


အသက္ ၂၀ အတြင္းပဲ ေျဖခြင့္ရတယ္။ 

ျပဌာန္းစာေတြက 

ဝိနည္း ငါးက်မ္း ( ပိဋကတ္တစ္ပုံ)၊

အဂၤုတၱရနိကာယ္အကုန္( နိကာယ္ တခုေပါ့)၊

ဓမၼပဒအဌကထာ ႏွစ္အုပ္ ၊ 

သဒၵါအကုန္၊ သၿဂိဳဟ္အကုန္ ။ 


စာမ်ားတယ္။ ေမးတာခက္တယ္။ အသက္ကလဲ ကန႔္သတ္ထားတယ္။ 

ပထမအဆင့္၊ ဒုတိယအဆင့္၊ တတိယအဆင့္ဆိုၿပီး သုံးႏွစ္ခြဲေျဖရတယ္။ သုံးဆင့္လုံးကို ႏွစ္ခ်င္းေပါက္ေအာင္ျမင္တာ စာေမးပြဲက်င္းပတဲ့ ႏွစ္ ၇၀ေက်ာ္အတြင္း ၁၀ ပါး မျပည့္ေသးဘူး။


ေယာႏြယ္ေျဖခဲ့တဲ့ႏွစ္ေတြက.. 

ပထမဆင့္ ၇၀၀ ေက်ာ္ေျဖတယ္။ အပါး ၂၁၀ ေအာင္တယ္။

ဒုတိယအဆင့္ ၅၃၀ ေျဖတယ္။ ၃၇ ပါး ေအာင္တယ္။

တတိယအဆင့္ ၁၂၀ ေျဖတယ္။ ၁၉ ပါးပဲေအာင္တယ္။ ရာခိုင္ႏႈန္း တြက္သာၾကည့္ေပေတာ့ ။ (အခု အေမရိကန္မွာ ျမန္မာဘုန္းႀကီး အပါး ၂၀၀ ေက်ာ္မွာ သာမေဏေက်ာ္ဘြဲ႕ရတဲ့ဘုန္းႀကီး ၁၀ ပါးေလာက္ပဲ ရွိတယ္) 


ဆိုလိုတာက.. စာေမးတာလဲခက္ အသက္အကန႔္အသတ္နဲ႕လဲေျဖရေတာ့ ဒီစာေမးပြဲေအာင္ထားရင္ ဒီဘုန္းႀကီး ဘယ္ေလာက္ စာေပသင္ယူထားတယ္လို႔ ခန႔္မွန္းနိုင္ပါတယ္။ 


ဘြဲ႕ေတြအမ်ားႀကီး

---------------


လူေတြလို အဓိက ေမဂ်ာက ဥပေဒ၊ ေဆး၊ ကြန္ျပဴတာ၊ အင္ဂ်င္နီယာ ဆိုၿပီး သီးသန႔္ခြဲထြက္သင္ယူရတာ မဟုတ္ဘူး။ 


ဒီ ျပဌာန္းက်မ္းစာအတူတူကိုပဲ မန္းေလး၊ ရန္ကုန္၊ ေတာင္ႀကီး၊ ေမာ္ကြၽန္း၊ ပဲခူး၊ စစ္ေတြ၊ ပခုကၠဴ စသည္..ၿမိဳ႕ေတြအမ်ားႀကီးက က်င္းပတဲ့ စာေမးပြဲေတြကို အကုန္ေအာင္ရင္ (၁၀)ၿမိဳ႕က်င္းတယ္ဆိုပါစို႔ ။ အကုန္ေအာင္တယ္။ သာမေဏေက်ာ္ (၁၀) ဘြဲ႕ ရတယ္ေပါ့ ။

မေန႕က ေျပာတဲ့ အစိုးရက က်င္းပတဲ့ဓမၼာစရိယမွာ ဂုဏ္ထူးတန္း ျမန္မာေရာ ပါဠိေရာ ေအာင္ရင္ ဓမၼာစရိယ (၇) ဘြဲ႕ ရတယ္ေပါ့ ။

နိကာယ္စာေမးပြဲမွာ အုပ္စု ကိုးစုလုံး ေအာင္ရင္ ‘ဝိနယဝိဒူ’ ‘မဟာဝိနယဝိဒူ’ စသည္ျဖင့္ ကိုးဘြဲ႕ရတယ္ေပါ့ ( လိုရင္း နားလည္ေအာင္သာ ေရးပါတယ္။ အတိအက် မဟုတ္ပါ) 


ဒီလိုနဲ႕ ဆယ္ဘြဲ႕ရ ၊ ကိုးဘြဲ႕ရ ဆရာေတာ္ ဘာညာဆိုၿပီး ေရးၾက ေခၚၾကတာပါ။


လူေတြလို မတူညီတဲ့ ဘြဲ႕ဒီဂရီေတြကို အမ်ားႀကီး ရယူတာ မဟုတ္ဘူး။ တကယ္ေအာင္လို႔ ဘြဲ႕ေပါင္း ဘယ္ႏွစ္ဘြဲ႕ လို႔ ေရးတာက ေတာ္ေသးတယ္။မရဘဲနဲ႕ လိမ္ေရးတဲ့ သူေတြလည္း ရွိေသးတယ္။ 


ဘာျဖစ္လို႔ မရဘဲေရးၾကတာလဲ

---------------------------

ရွင္းပါတယ္။ လူ႕စိတ္သဘာဝအရ ႐ုပ္ေခ်ာတာကို ႀကိဳက္သူက သုံးပုံမွာ ႏွစ္ပုံ၊ နာမည္ႀကီးတာကို ႀကိဳက္သူက ငါးပုံမွာ ၄ပုံ။ 

ရိုးရိုးကုတ္ကုတ္ေနတာကို ႀကိဳက္သူက ဆယ္ပုံမွာ ၉ ပုံ ရွိေလေတာ့... 

လူေတြႀကိဳက္ေအာင္ သေဘာက်ေအာင္ အသိအမွတ္ျပဳေအာင္ စနစ္တက် စာမသင္ဘဲ ျဖတ္လမ္းကေန နာမည္ႀကီးခ်င္လို႔ ဘြဲ႕မရဘဲ ရတယ္ လုပ္ၾကတာေပါ့ဗ်ာ ။


သာသနာကို ေစာင့္ေရွာက္တဲ့ေနရမွာ သာသနာေရရွည္တည္တံ့ေအာင္ လုပ္တဲ့ေနရာမွာ အဓိက..က ဘုန္းႀကီး ျဖစ္ပါတယ္။ 

ဒါေပမယ့္ လူေတြဖက္ကလဲ ၾကည္ညိုတတ္ဖို႔ လိုပါတယ္။ ‘ငါ့ဘုန္းႀကီးက ပိုျမန္တယ္၊ သူ႕ဘုန္းႀကီးက ပိုျမန္တယ္’ ၿပိဳင္ၾကရင္း ဘုန္းႀကီးႏွစ္ပါးပါ အေျပးၿပိဳင္ရတဲ့ အေနအထား ေရာက္လာတာပါ။ 


ဟုတ္တယ္.. ဘုန္းႀကီးခ်င္း မတူဘူးေလေနာ္။ 

( မနက္ျဖန္ ေဒါက္တာဘြဲ႕ ဟိုဘြဲ႕ ဒီဘြဲ႕ေတြ ေရးအုံးမယ္ေလ) 


“ယုံၾကည္ခ်က္နဲ႕ အသိဉာဏ္ကို ေပါင္းၿပီး

သာသနာကို ေစာင့္ေရွာက္ၾကည္ညိုနိုင္ၾကပါေစ”


#နားလည္ေစခ်င္ပါသည္ (၃) 


သကၤန္းဝတ္ထားတာခ်င္း တူေပမယ့္ ဘုန္းႀကီးခ်င္းမတူဘူး။ ရွင္သန္ပုံ မတူဘူး၊ ခံယူခ်က္မတူဘူး။ အသက္ေမြးပုံမတူဘူး ။ 


ဘြဲ႕ရ ပညာတတ္ စိတ္ေကာင္းမရွိသူေတြ၊ ဘြဲ႕ရ ပညာတတ္ ရထားတဲ့ဂုဏ္နဲ႕ ထိုက္တန္ေအာင္ စိတ္ေနစိတ္ထား ျမင့္ျမတ္ၿပီး သာသနာအလုပ္ကို လုပ္သူေတြ၊ ဘြဲ႕မရ ပညာမတတ္ေပမယ့္ သာသနာကို ခ်စ္ျမတ္နိုးၿပီး ပဋိပတ္အလုပ္ကို အားထုတ္ေနသူေတြ၊ ဘြဲ႕လည္းမရ ပညာလည္းမတတ္ စိတ္ေကာင္းလည္းမရွိ စာလည္းမသင္ခဲ့ လမ္းခုလတ္ကေန ၾကားျဖတ္နာမည္ႀကီးခ်င္ေနသူေတြ စသည္ျဖင့္ အမ်ိဳးမ်ိဳး ရွိပါတယ္။ 


အမ္ေအ၊ ပီခ်္ဒီ 

----------------

ျမန္မာနိုင္ငံ ဘုန္းေတာ္ႀကီးေတြ သင္ရတဲ့ ပညာေရးစနစ္မွာ လူေတြသင္ရသလို သခၤ်ာ၊ အဂၤလိပ္၊ ပထဝီ၊ သမိုင္း စတဲ့ ဘာသာရပ္ေတြမ်ိဳး မသင္ခဲ့ရဘူး။ ဘုရားေဟာတဲ့ ပိဋကတ္သုံးပုံ(အားလုံးမဟုတ္)နဲ႕ သဒၵါ၊ သၿဂိဳဟ္၊ ညဝါ စတာေတြ သင္ခဲ့ရတာ ။ ဒါဆိုရင္ အဂၤလိပ္စာ မတတ္ဘဲ နိုင္ငံျခားမွာ ဘယ္လို အမ္ေအဘြဲ႕ ေဒါက္တာဘြဲ႕ေတြရတာလဲ ဆိုတာ ေမးစရာရွိတယ္။ 


အမ္ေအဘြဲ႕တက္ဖို႔ဆိုရင္ အနည္းဆုံး ဘီေအ ေအာင္မွ တက္လို႔ရတယ္ဆိုတာ သိၾကပါတယ္။ ျမန္မာဘုန္းႀကီး ပညာေရးစနစ္က မူလတန္း၊အငယ္တန္း၊အလတ္တန္း၊အႀကီးတန္း၊ဓမၼာစရိယ၊သာမေဏေက်ာ္၊ဘိဝံသ၊တိပိဋက ဒီပုံစံနဲ႕ သင္ၾကားခဲ့ရသူေတြကိုး။ ဒါေပမယ့္ အိႏၵိယနဲ႕ သီရိလကၤာနိုင္ငံ တကၠသိုလ္ေတြက ျမန္မာနိုင္ငံက ဓမၼာစရိယတန္းဟာ သူတို႔တကၠသိုလ္ေတြက ဘီေအတန္းနဲ႕ ညီမွ်တယ္လို႔ လက္ခံၾကတယ္။


အဲဒီအတြက္ အမ္ေအတန္းတက္လိုတဲ့ (ဓမၼာစရိယတန္းေအာင္ၿပီးတဲ့) ဘုန္းေတာ္ႀကီးဟာ သာသနာေရး ဝန္ႀကီးဌာနကိုသြားၿပီး ‘Equivalent Certificate- ဓမၼာစရိယတန္းဟာ ဘီေအတန္းနဲ႕ ညီမွ်သည္’ဆိုတဲ့ စာ႐ြက္ကို ထုတ္ယူၿပီး အမ္ေအတန္း သြားတက္ၾကရတယ္။


ငယ္ငယ္က အဂၤလိပ္စာ မသင္ခဲ့ဘဲ ဘယ္လိုတကၠသိုလ္သြားတက္တာလဲ?


ဆိုပါစို႔ !

၂၀၀၇ ခုႏွစ္ သီရိလကၤာ ေကလနိယတကၠသိုလ္မွာ အမ္ေအတန္းတက္တဲ့ ျမန္မာဘုန္းႀကီး ၉၆ပါးရွိတယ္။ တပတ္ကို တကၠသိုလ္စာသင္ ခန္း မွာ ေလးရက္သြားတက္ၾကတယ္။ ပါေမာကၡေတြက အဂၤလိပ္လို သင္တာ။ တကယ္နားလည္တဲ့ ဘုန္းႀကီးက ၆ ပါးထက္ မပိုဘူး။ နားလည္တဲ့ အဂၤလိပ္စာကို ႀကိဳးစားသင္ယူထားတဲ့ ဘုန္းႀကီး ၆ ပါးေလာက္က အသံသြင္းစက္ေလးေတြ စာသင္ခန္းထဲ ယူလာတယ္။ ကိုယ္ေနတဲ့ အခန္းထဲျပန္ေရာက္ရင္ ခ်ေရးတယ္။ သူတို႔ေရးၿပီးသား စာ႐ြက္ေတြကို နားမလည္တဲ့ အဂၤလိပ္စာ အရည္အေသြးမမွီတဲ့ အပါး ၉၀ ေလာက္က ျပန္ဖတ္ရတာ။


Semester ၃ ခု တက္ရတယ္။ စာေမးပြဲနီးရင္ ဘာသာရပ္တစ္ခုအတြက္Topic ၁၂ ခုေလာက္ ဆရာေတြကေပးလိုက္တယ္။ ဆိုလိုတာက ဒီ ၁၂ ခုၾကည့္ထား၊ ဒီထဲကဘဲ ေမးမယ္ေပါ့ ။

ေအး အဲဒီအခ်ိန္ စာေမးပြဲနီးတဲ့ ၂ လ ၃ လမွာ အေသေထာင္က်က္ၾကေတာ့တာပဲ။ အေရးလဲ ေလ့က်င့္ အလြတ္ရေအာင္လည္းက်က္ ၊ က်က္နိုင္ရင္ အမ္ေအဘြဲ႕ ရေတာ့တာေပါ့ေလ။ ( တကယ္ အမ္ေအတန္းက ဆရာက သင္ေပးလိုက္တာကို၊ စာၾကည့္တိုက္ထဲဝင္၊ စာေတြဖတ္၊ နားလည္ေအာင္လုပ္၊ စာေမးပြဲနီးရင္ ေအးေဆးေျဖလိုက္ရင္ ရၿပီ။ အဂၤလိပ္စာ အရည္အေသြး မမွီေတာ့ ေထာင္က်က္ အေသက်က္ၿပီး ေျဖခဲ့တာေပါ့၊ ခိုးေျဖတာ ေငြေပးေျဖတာေတာ့ မဟုတ္ဘူး။ (ဒီအထိ ေယာႏြယ္ကိုယ္ေတြ႕) ။


ေဒါက္တာဘြဲ႕

--------------

သီရိလကၤာ အမ္ေအ..က တႏွစ္ပဲတက္ရတာ။ အိႏၵိယ အမ္ေအတန္းက ၂ ႏွစ္တက္ရတာ။ အမ္ေအတန္းၿပီးလို႔ ပီခ်္ဒီ ဆက္လုပ္ခ်င္ရင္ လုပ္လို႔ရၿပီ ။ 


ေဒါက္တာအမ်ိဳးမ်ိဳး

--------------------

ေဒါက္တာတိုင္း ေငြေပးဝယ္ၾကတာ မဟုတ္ပါဘူး။ အရည္အေသြးျပည့္မွီတဲ့ ေဒါက္တာေတြလဲ ရွိပါတယ္။ 


ဥပမာ.. အိႏၵိယကေန ျမန္မာရဟန္းေတြထဲက အစဦးဆုံး ေဒါက္တာဘြဲ႕ရၾကတဲ့ ဩစေတးလ်ားဆရာေတာ္ေဒါက္တာဇာဂရ၊ ဘာမင္ဂန္ဆရာေတာ္ေဒါက္တာေရဝတ တို႔ဟာ အရည္အေသြးမွီတဲ့ ေဒါက္တာေတြလို႔ ေျပာနိုင္မွာပါ။


 ၿပီးေတာ့ အခုေနာက္ပိုင္းမွာ ပါခ်ဳပ္ဆရာေတာ္ႀကီးတို႔ဟာ ကြာလဖိုင္းျဖစ္တဲ့ ဆရာေတာ္ေတြဆိုတာ ျငင္းလို႔မရနိုင္ဘူး။ 

ပါခ်ဳပ္ဆရာေတာ္ႀကီးက အမ္ေအဘြဲ႕ကို သီရိလကၤာက ရတယ္။ ပီခ်္ဒီ ေဒါက္တာဘြဲ႕ကို အိႏၵိယ..က ရတယ္။ ၿပီးေတာ့ ေအာက္စ္ဖို႔ ဆရာေတာ္ေဒါက္တာဓမၼသာမိ။ လန္ဒန္တကၠသိုလ္က ဆရာေတာ္ႏွစ္ပါး ဆန္းဒါးလင္းတကၠသိုလ္က ဆရာေတာ္ေတြက အရည္အေသြးမွီတဲ့ဆရာေတာ္ေတြပါ။


အေမရိကန္တကၠသိုလ္ေတြကေန ေဒါက္တာဘြဲ႕ရတဲ့ ဘုန္းႀကီးႏွစ္ပါး ရွိတယ္။ ဆရာေတာ္ေဒါက္တာဓမၼပိယနဲ႕ အဇူဇာေက်ာင္းက ဆရာေတာ္ ဦးဉာနဝရပါ။ 


အိႏၵိယ သီရိလကၤာကေန အရည္အေသြးမွီ ေဒါက္တာဘြဲ႕ရတဲ့ ဆရာေတာ္ေတြလည္း အမ်ားႀကီးပါ။ ကိုယ္မရတိုင္း ေငြေပးဝယ္တယ္လို႔ ေျပာရင္လဲ သဘာဝမက်ဘူးေလ။


တခ်ိဳ႕ဘုန္းႀကီးေတြ USA Ph.D လို႔ ေရးတာလဲေတြ႕ရလိမ့္မယ္။ အဲဒါ ေငြဝယ္ေဒါက္တာ။ ဖေလာ္ရီဒါနဲ႕ LA တကၠသိုလ္တခ်ိဳ႕မွာ ေငြေပးၿပီး ေဒါက္တာဘြဲ႕ ယူထားတာ။ ဒါ လူေတြကိုလိမ္တာပါ။ 


ရွမ္းျပည္ဖက္က ဘုန္းႀကီးတစ္ပါးဆိုရင္ ပီခ်္ဒီ အေမရိကန္ကရပါတယ္ဆိုၿပီး တိုင္းမႉးေတြဦးေဆာင္ၿပီး ပူေဇာ္ပြဲလုပ္တယ္။ ဝမ္းနည္းစရာပါ။


ေနာက္ရွိေသးတယ္.. ဟိုတေလာက ျပႆနာျဖစ္သြားတဲ့ ဘုန္းႀကီး၊ ၿပီးေတာ့ တရားရိပ္သာတစ္ခုက ဘုန္းႀကီး..အဂၤလန္ ထရိန္နတီက ေဒါက္တာဘြဲ႕ရဆိုၿပီး ေရးထားတာေတြ႕ရတယ္။ 


အဲဒီေကာလိပ္က ေငြေပးရင္ ေဒါက္တာဘြဲ႕ရတဲ့ေကာလိပ္။ တကယ္မဟုတ္ဘူး။ ဂုဏ္ရွိလို႔ ဆက္ကပ္ထားတာလဲ မဟုတ္ဘူး။ ဒီလိုဘုန္းႀကီးေတြက်ေတာ့ ေဒါက္တာ႐ူးလို႔ ေခၚရမွာေပါ့ေလ။ 


လူမ်ားေတြ ‘ေဒါက္တာ’ တပ္လို႔ သူတို႔က ျဖတ္လမ္းကေန ေငြနဲ႕ဝယ္ၿပီး ေဒါက္တာဘြဲ႕ရသလိုလို ၾကည္ညိဳလို႔ဘဲ လာဆက္ကပ္ ထားသလိုလို လူေတြကို လိမ္ၾကတာ။


ၿပီးေတာ့..အိႏၵိယ ေလာကမွာ ‘ဘုရားဖူးေဒါက္တာ’ဆိုတာ ရွိေသးတယ္။

 ဗုဒၶဂယာကို ဘုရားဖူးသြားရင္း နယ္ခံေဒါက္တာပြဲစားေတြနဲ႕ေပါင္း၊ ေငြေပးၿပီး ေဒါက္တာဘြဲ႕ယူထားတဲ့ ဘုန္းႀကီးေတြကိုေတာ့ ‘ဘုရားဖူးေဒါက္တာ’လို႔ ေခၚၾကသတဲ့ (ေကာင္းေရာကြာ) ။


စိတ္မေကာင္းစရာက ေဒါက္တာေတြ ေခတ္စားလာေတာ့ စာတတ္ေပတတ္ ဘုန္းႀကီးေတြ ဓမၼကထိကေတြ နိုင္ငံေတာ္ရဲ႕ထိပ္တန္း အဖြဲ႕အစည္းႀကီးမွာ ပါဝင္ေနတဲ့ ဆရာေတာ္ႀကီးေတြပါ ေဒါက္တာကို ေငြနဲ႕ ဝယ္ေနၾကၿပီ ။ 


တကယ္ေတာ့ ေဒါက္တာမွ ဂုဏ္ရွိတာ မဟုတ္ဘူးေလ။ ဘုန္းႀကီးဟာ ဘုန္းႀကီးအလုပ္ လုပ္ေနရင္ ဂုဏ္ရွိေနပါၿပီ။ အရည္အေသြးရွိလို႔ ေဒါက္တာဘြဲ႕ယူရင္ေတာ့ အခ်ိဳေပၚ သကာေလာင္းေပါ့။ ေဒါက္တာဘြဲ႕ရၿပီး ေအဘီစီဒီေတာင္ မေရး မေျပာတတ္ရင္ ရွက္စရာ မဟုတ္လား ။


ၾကည္ညိဳသူ ဒကာ ဒကာမေတြလဲ စဥ္းစားသင့္ၿပီ ။ စီစစ္သင့္ၿပီ ။ တကယ္အရည္အေသြးမွီတဲ့ ဘုန္းေတာ္ႀကီးေတြကို အားေပးၾကရမွာ။ ျဖတ္လမ္းလိုက္ နာမည္ႀကီးလို ဘုန္းႀကီးလိုတဲ့ သာသနာကို မခ်စ္တဲ့သူေတြကို သတိထားဆက္ဆံၾကရမွာပါ ။


အသက္ေမြးပုံမတူဘူး။ ခံယူခ်က္မတူဘူး။ ဘုန္းႀကီးခ်င္းမတူဘူး ဆိုတာ ဒါေတြကို ေျပာခ်င္တာပါ။ ဘယ္သူ႕ကိုမွ ထိခိုက္ေစလိုျခင္း မရွိပါ။ 


“ယုံၾကည္ခ်က္ကို အသိဉာဏ္နဲ႕ေပါင္းၿပီး

သာသနာကို ေစာင့္ေရွာက္ၾကည္ညိုနိုင္ၾကပါေစ။”


( မနက္ျဖန္ ေ႐ြးခ်ယ္ခြင့္မရွိတဲ့ ဘုန္းႀကီးဘဝနဲ႕ စာေပသင္ၾကားပုံစနစ္ေတြကို နားလည္လြယ္ေအာင္ ေျပာပါအုံးမယ္)


#နားလည္ေစခ်င္ပါသည္ (၄) 


ဘုန္းႀကီးခ်င္းမတူဘူး၊ ခံယူခ်က္မတူဘူး 


ေ႐ြးခ်ယ္ခြင့္မရွိတဲ့ဘုန္းႀကီးဘဝ

---------------------------


သကၤန္းစ ဝတ္ကတည္းက မိသားစု သန္းေခါင္စာရင္းက အထုတ္ခံရတယ္။ မဲေပးခြင့္မရွိဘူး ။ သီးသန႔္လူတန္းစားတရပ္လို ျဖစ္သြားတာ ေပါ့ ။ ဒီအစား မႀကိဳက္လို႔လဲ ေ႐ြးခ်ယ္ခြင့္မရ ။ ေအးေအးပူပူ စာသင္သားဘဝမွာ ဆြမ္းခံစားဘဲ ။ လူအမ်ားကို မွီခိုရတဲ့ ဘဝမို႔ ေၾကးမ်ားခြင့္လဲ မရွိပါဘူး။


လုပ္စရာ အလုပ္ကလဲ ငယ္တုန္းမွာ စာသင္(ပရိယတၱိ) ၊ သို႔မဟုတ္ တရားထိုင္ (ပဋိပတ္) ဒီႏွစ္ခုဘဲ။ 


ဆရာေတြခ်မွတ္ထားတဲ့အတိုင္း စာသင္ စာက်က္လို႔ စာေမးပြဲေတြေအာင္လာရင္ စိတ္က ေနေပ်ာ္လာတယ္။ ဆရာေတြက အသိအမွတ္ျပဳလာတယ္။ လူေတြက အသိအမွတ္ျပဳလာတယ္။ ပ်င္းလို႔ စာလဲမက်က္ ဘာမွလဲ မေအာင္ရင္ ဒီဘုန္းႀကီးဟာ စိတ္ေလေတာ့တာပဲ ။ 


စိတ္ေလလာရင္ လူထြက္မယ္။ လူမထြက္ရင္ ေဗဒင္သင္မယ္။ ဘိုးေတာ္လိုလို ဘာလိုလိုလုပ္မယ္။ ၂ လုံး၊သုံးလုံးေပးတဲ့ ဂိုဏ္းဘုန္းႀကီးလုပ္မယ္ေပါ့( ဒီလိုဘုန္းႀကီးေတြဟာ စာေကာင္းေကာင္း မသင္ခဲ့ရသူေတြမ်ားပါတယ္)


စာေပအသင့္အတင့္ သင္ယူၿပီးလို႔ စာျပန္သင္ေပးရတဲ့ စာခ်ဘုန္းႀကီးျဖစ္လာၿပီဆိုရင္ေတာ့ မိခင္ေက်ာင္းတိုက္ သို႔မဟုတ္ သင့္ေတာ္ရာေက်ာင္းတိုက္မွာ မ်ိဳးဆက္သစ္ ကိုရင္၊ ဦးပဥၹင္းေတြကို စာျပန္သင္ေပးရင္း ဘဝတစ္ခုကို အဆုံးသတ္ရတာ။ 


အရင္ကေတာ့(ဆရာ့ ဆရာႀကီးေတြေခတ္ကေတာ့) စာေမးပြဲ သိပ္ေခတ္မစားဘူးလို႔ ေျပာရမယ္။ မိခင္ေက်ာင္းတိုက္က ဆရာေတြဆီမွာ စာေပသင္ယူ ။ ၿပီးရင္ ပခုကၠဴ၊ မန္းေလးကို သြား ။ ပိဋကတ္သုံးပုံကို အျပန္အလွန္ သင္ယူၾကတဲ့ေခတ္ ရွိခဲ့ဖူးတယ္။ သဒၶါတရားအင္အား ေကာင္းၾကတဲ့ေခတ္လို႔ ဆိုနိုင္တယ္။ 


"က်မ္းႀကီးသင္ယူ ပခုကၠဴ၊

ပခုကၠဴေရာက္ စာျမန္ျမန္ေပါက္၊

စာတတ္လိုျငား ပခုကၠဴသြား၊

ပခုကၠဴမခိုလႈံ က်မ္းမစုံ" ..လို႔ေတာင္ စာခ်ိဳးေတြရွိခဲ့တာ။ 


ပခုကၠဴ စာသင္နည္း စနစ္ဟာ စာလဲစုံ စာလဲတတ္တယ္ဆိုတဲ့ သေဘာပါ ။ မန္းေလး စာသင္နည္း စနစ္လဲ ရွိေသးတယ္။ ပိဋကတ္သုံးပုံ ကို အဌကထာ ဋီကာ အယူအဆ အေတြးအေခၚေတြနဲ႕ သင္ယူရတဲ့ နည္းစနစ္။( critical thinking ကို ဦးစားေပးတဲ့ နည္းစနစ္လို႔ ေျပာရမယ္ ထင္ပါတယ္။

( ေယာႏြယ္ေတာ့ မသင္ဖူးလို႔ ေသခ်ာမသိဘူး၊ ေယာႏြယ္တို႔ကေတာ့ သာမေဏေက်ာ္စာေမးပြဲ စတာေတြပဲ သင္ခဲ့ဖူးတာ။ ကိုယ့္ဟာကိုယ္ စာတတ္တယ္လို႔လဲ မထင္မိပါဘူး ။ မသင္ဘူးတဲ့သူေတြနဲ႕စာရင္ေတာ့ မဆိုးဘူးေပါ့ေလ။)


ကိုယ့္စာေပအရည္အခ်င္း ကို တိုးတက္ေအာင္ Brush up လုပ္ၾကတာကို ပခုကၠဴစာသင္နည္း ၊ မန္းေလးစာသင္နည္းလို႔ နားလည္လြယ္ေအာင္ မွတ္လိုက္ၾကတာေပါ့ ။


ျမန္မာနိုင္ငံ ဘုန္းႀကီးပညာေရးစနစ္က 


"အာဂုံရမွ အာဂလူ၊ 

အာဂလူေလး ျဖစ္ဖို႔ေရး 

အာဂုံမွန္မွန္က်က္ထားေပး"ကိုး ။ 


အက်ိဳးရွိသင့္သေလာက္လဲ ရွိပါတယ္ ။ ဒါေပမယ့္ ပါဠိကို ၁၀ ႏွစ္ ၁၅ ႏွစ္သင္ေပမယ့္ ျမန္မာဘုန္းေတာ္ႀကီးအမ်ားစု ပါဠိလို မေျပာနိုင္ဘူး။ မေရးနိုင္ဘူး ၊ စဥ္းစားဖြယ္ရာပဲေပါ့ေလ။ 


သီရိလကၤာ စာသင္နည္းစနစ္က အဘိဓာန္ႀကီးေတြလဲ ေထာင္မက်က္ရဘူး။ သဒၵါေတြ သုတ္ၿပီး ႐ုပ္ၿပီးေတြမွာလဲ သဒၵါၾကီး ၈ ေစာင္တြဲကို ေထာင္ၿပီး မက်က္ခိုင္းဘူး ။၁၉၅၀ မတိုင္ခင္ သူတို႔လဲ ျမန္မာဘုန္းႀကီးေတြလိုပါပဲ။ 


ဒါေပမယ့္ ေပၚတူဂီလက္ေအာင္ကေန လြတ္လပ္ေရးရၿပီးေတာ့ တကၠသိုလ္ပညာေရးစနစ္ကို ေျပာင္းလဲခဲ့တယ္။ တိုးတက္သင့္သေလာက္ တိုးတက္ခဲ့တယ္လို႔ ေျပာနိုင္မယ္။ သုတၱန္ပိုင္းမွာ ဘုန္းႀကီးေရာ လူပါေမာကၡေတြေရာက ေတာ္ေတာ္နိုင္နိုင္နင္းနင္း ရွိတယ္၊ ကြၽမ္းက်င္ တယ္လို႔ ျမင္ပါတယ္။ (အဘိဓမၼာေတာ့ ျမန္မာကို မမွီဘူးလို႔ ေျပာရမယ္) ။


ျမန္မာဘုန္းႀကီး ပညာေရးစနစ္ေတြလည္းေျပာင္းလာတာ သထိထားမိၾကမယ္ထင္ပါတယ္။ တကၠသိုလ္ပညာေရး စနစ္ဆီ သြားေနတာ ေတြ႕ရတယ္။ 


အစိုးရက ဦးေဆာင္တဲ့ နိုင္ငံေတာ္ပရိယတၱိတကၠသိုလ္ေတြ၊ ေထရဝါဒတကၠသိုလ္ေတြ ၊ ထင္ရွားၿပီးဘုန္းကံႀကီးတဲ့ဆရာေတာ္ေတြ တည္ေထာင္တဲ့ တကၠသိုလ္ေတြ ေပၚလာတယ္။ ဝမ္းသာစရာပါ။ အရည္အေသြးပိုင္း ဘယ္လိုလဲ ဆိုတာေတာ့ ကိုယ့္ဟာကိုယ္သာ စုံစမ္းေတာ့။


တခ်ိဳ႕လဲ ရည္႐ြယ္ခ်က္ေကာင္းတယ္။ တခ်ိဳ႕ဘုန္းႀကီးေတြေထာင္တဲ့ တကၠသိုလ္ ေကာလိပ္ေတြလဲ နာမည္ခံသက္သက္ ျဖစ္ေနတာ ေတြ႕ရမွာပါ။ 


ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီးက လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေက်ာ္ၾကားလာေတာ့ ဘုန္းႀကီးအငယ္ေတြမွာ ပါေမာကၡခ်ဳပ္ေရာဂါ ရၾကတာလဲ မနည္းဘူး။ 


တကၠသိုလ္နာမည္ခံၿပီး ကိုယ့္ဟာကို ပါခ်ဳပ္လိုက္ၾကတာလဲ ရွိတယ္ (ေယာႏြယ္ လက္လွမ္းမမွီလို႔ မေျပာလိုပါ။ Good မယ္ထင္ရင္ Do သာ Do လို႔ပဲ ေျပာနိုင္တယ္။


လူေတြနားလည္လြယ္တဲ့ ပါခ်ဳပ္ ပါေမာကၡ ကထိက စတဲ့နာမည္ေတြကို ဘုန္းႀကီးေတြလဲ တအားႀကိဳက္ေနၾကၿပီ ။


 တကယ္ ခ်ဳပ္ မခ်ဳပ္ ၊ေမာက္ မေမာက္၊ ထိ မထိေတာ့ အဲဒီဘုန္းႀကီးေတြနဲ႕ေတြ႕မွ တကၠသိုလ္အဆင့္ အရည္အေသြးရွိ မရွိ စကားေျပာၾကည့္ၾကေတာ့ ။


ေခတ္မွီတဲ့ပညာေရးဟာ သိပ္ေကာင္းပါတယ္။ ဒါမွ ျမန္မာသာမက ျပည္ပနိုင္ငံေတြအထိ ထိုးေဖာက္နိုင္မွာ ။


ေသခ်ာတာကေတာ့ ျမန္မာပညာေရးစနစ္နဲ႕ သင္ယူလာတဲ့ ဘုန္းႀကီးေတြ ကမၻာကို အခုထိ မထိုးေဖာက္နိုင္ေသးပါဘူး။ တူတူတန္တန္ ထိုးေဖာက္နိုင္တာ ၃ ပါး ေလးပါးထက္ မပိုဘူး။ တကယ္ေျပာတာ။ 


ဘီဘီစီက ဦးေလးႀကီး ဦးေဖသန္းေျပာတဲ့ စကားတစ္ခု သတိရမိတယ္။

"အျပင္မွာ ဆိုင္းဘုတ္လွလွေလးခ်ိတ္ၿပီး အထဲမွာ လုပ္ခ်င္တာ လုပ္ေနရင္ေတာ့ " ဆိုတဲ့ စကားေလ။  

အရိုးခံစာသင္နည္း စနစ္ေတြလဲ ရွိေနရမွာ။ update လုပ္သင့္တာလဲ လုပ္ရမွာလို႔ ျမင္ပါတယ္။


 ဒီအခ်ိန္မွာ ဘုန္းႀကီးေတြအေပၚ ဒကာ ဒကာမအျမင္ေတြကို ထည့္သြင္းစဥ္းစားသင့္သလို မ်ိဳးဆက္သစ္ ကိုရင္မ်ားကိစၥလဲ စဥ္းစားသင့္တယ္။


အေပၚက ေခါင္းေပါင္းႀကီးပဲ သ-ေနလို႔ မျဖစ္ဘူး။ ပုဆိုးေပါက္ ထမိန္ေပါက္ေနတာလဲ ထည့္စဥ္းစားသင့္တယ္လို႔ ျမင္ပါတယ္။


" စာ မတတ္မူ အေခါက္ထူ  လူထဲရွင္ထဲ သုံးမရ ။ စာတတ္ျပန္လွ်င္ စိတ္ႀကီးဝင္ လူျမင္တိုင္းက ေအာ့ခ်င္ၾက" ေ႐ႊက်င္ဆရာေတာ္ႀကီးရဲ႕ စကားဟာလဲ မွတ္သားဖြယ္ရာပါ ။


ဘုရားရွင္ရဲ႕ စာသင္နည္းကေတာ့

‘၁။ ႂကြားလို႔ရ႐ုံ ကိုယ့္ဟာကိုယ္ ဒုကၡျဖစ္ေအာင္ မသင္နဲ႕၊

၂။ ဆင္းရဲလြတ္ၿပီး ၿငိမ္းခ်မ္းမႈရေအာင္ သင္၊

၃။ဘုရားေဟာတဲ့ ဒီစာေတြ ဆက္လက္ထိန္းသိမ္းလိုစိတ္နဲ႕သင္’ ရမယ္လို႔ ေဟာေတာ္မူတယ္။ 


ခံယူခ်က္မတူရင္ ဘုန္းႀကီးခ်င္းလဲ မတူနိုင္ဘူးေလ။


“ယုံၾကည္မႈကို အသိဉာဏ္နဲ႕ ေပါင္းၿပီး

သာသနာကို ၾကည္ညိုၾကပါေစ”


( မနက္ျဖန္ တကယ္စာသင္ေနတဲ့ စာသင္သားဘဝေတြအေၾကာင္း ေရးအုံမယ္)


ေယာႏြယ္

Jan,18,2022


နားလည္ေစခ်င္ပါသည္ (၅)

===================


ေစတနာ မမွန္ရင္ ဘဝမမွန္ဘူး။ ရိုးသားမႈမပါရင္ ထိတ္တန္းမေရာက္ဘူး။ ခံယူခ်က္မတူရင္ သကၤန္းဝတ္တာျခင္းလဲ မတူဘူး ။


နားလည္ေစခ်င္ပါသည္ အပိုင္း (၁) မွာ 

 နိုင္ငံေတာ္ကက်င္းပတဲ့ ဘုန္းႀကီးစာေမးပြဲအေၾကာင္း ေျပာျပခဲ့တယ္။


အပိုင္း(၂)မွာ သာသနာအေရး အေလးေပးတဲ့ လူေတြ ဦးေဆာင္က်င္းပတဲ့ အဘိဝံသ အလကၤာရ စာေမးပြဲေတြအေၾကာင္း တင္ျပတယ္။


အပိုင္း(၃) မွာ အမ္ေအ၊ ပီခ်္ဒီအေၾကာင္း ေဆြးေႏြးေဖာ္ျပခဲ့တယ္။


အပိုင္း(၄)မွာ ေ႐ြးခ်ယ္ခြင့္မရွိတဲ့ဘုန္းႀကီးဘဝနဲ႕ စာေပသင္ၾကားပုံေတြကို ေရးခဲ့ပါတယ္။


ဒီေန႕အပိုင္း(၅)မွာ ပရိယတၱိစာေပကို တကယ္သင္ယူခဲ့ၾကတဲ့ ဘုန္းႀကီးေတြရဲ႕ ငယ္ဘဝရွင္သန္ပုံအေၾကာင္း ေျပာျပခ်င္တယ္။


စာေပသင္ယူတာ တကယ့္အရည္အခ်င္းလား

==========================


ဒီေန႕ေခတ္အေနနဲ႕ ေျပာရရင္ ဟုတ္တယ္လို႔ လြယ္လြယ္ေျဖမယ္။ သာသနာတည္တံ့ေရး ေမွ်ာ္ေတြးမိၾကတဲ့ ( သဒၶါတရား အင္အားနည္းပါးလာတဲ့ေခတ္မွာ) စာေမးပြဲက်င္းပၿပီး ဘုရားေဟာစာေတြကို ထိန္းသိမ္းခဲ့တယ္။ 

စာေပသင္ယူထားၿပီး ဘာမွမလုပ္ စိတ္ေကာင္းလဲမရွိတဲ့ဘုန္းႀကီးေတြလဲ ရွိပါတယ္။ ဒါေပမယ့္ ဒီလိုမွ မထိန္းသိမ္းရင္ သာသနာဟာ ဒီထက္ဆိုး႐ြားစရာ ရွိတယ္။ 


မဟာဂႏၶာ႐ုံဆရာေတာ္ႀကီးကေတာ့ “စိတ္ေကာင္းရွိဖို႔ ပထမ၊ စာတတ္ဖို႔က ဒသမ” လို႔ မိန႔္ေတာ္မူခဲ့တယ္။

သာသနာ့ရဲ႕ အသက္ဟာ စိတ္ေကာင္းပဲ ။ စိတ္ေကာင္းရွိမွ ဝိနည္းေလးစားမယ္။ စိတ္ေကာင္းရွိမွ မွားတာကို မွားပါတယ္။ မွန္တာကို မွန္ပါတယ္လို႔ ဝန္ခံၾကမယ္။ အျပစ္လုပ္မိရင္ ေတာင္းပန္ ဝန္ခံၿပီး အျပစ္ထပ္မလုပ္မိဖို႔ ေရွာင္ၾကလိမ့္မယ္။ 


ပထမေက်ာ္၊ အဂၢမဟာအေက်ာ္ ၊ ဝဋံသကာ ၊သိေရာမဏိ ဘြဲ႕မ်ား

===========================

လြယ္ေအာင္ပဲ ေျပာပါရေစေတာ့


နိုင္ငံေတာ္က က်င္းပတဲ့ အႀကီးတန္းမွာ တနိုင္ငံလုံး အမွတ္အမ်ားဆုံးရရင္ ‘ပထမေက်ာ္’ လို႔ေခၚတယ္။


ဓမၼာစရိယတန္းမွာ အမွတ္အမ်ားဆုံးရရင္ ‘အဂၢမဟာအေက်ာ္’ ၊


အဘိဝံသ စာေမးပြဲမွာ စာသင္တန္းေရာ စာခ်တန္းေရာ နံပတ္ (၁)နဲ႕ ႏွစ္မျခားဘဲေအာင္ရင္ ‘ဝဋံသကာ’၊


‘ဝဋံသကာ’ကို မင္းကြန္းတိပိဋကဆရာေတာ္ႀကီး အရင္ဆုံး ရရွိတယ္။ ယခုလက္ရွိ မဟန ဥကၠဌ ဗန္းေမာ္ဆရာေတာ္ႀကီးလဲ ဝဋံသကာပဲ ။ 


ႏွစ္ (၁၀၀)ေက်ာ္ စာေမးပြဲက်င္းပတဲ့အတြင္းမွာ ‘သက်သီဟဘိဝံသ ဝဋံသကာ’ ဟာ ကိုးပါးပဲ ရွိတယ္။ ( ဘယ္ေလာက္ခက္ခဲလဲ စဥ္းစားၾကည့္ေပါ့)

ေ႐ႊတိဂုံရင္ျပင္မွာက်င္းပတဲ့ ‘ေစတိယဂၤဏ’ စာေမးပြဲမွာလဲ ထို႔တူပဲ ( ေစတိယဂၤဏ ဝဋံသကာ ဘယ္ႏွစ္ပါးရွိလဲ ေယာႏြယ္ မသိပါ)


အရင္တုန္းက ‘အစိုးရ ဓမၼာစရိယ’ ကိုးက်မ္းကို တႏွစ္ထဲ ေျဖလို႔ရေအာင္ စာေမးပြဲက်င္းပခဲ့တယ္။ ဓမၼာစရိယ ၉ က်မ္းကို တႏွစ္ထဲေအာင္ရင္ ‘သိေရာမဏိဘြဲ႕’ ရတယ္။ လက္ရွိမွာေတာ့ ေမဂ်ာ သုံးဘာသာနဲ႕ ျမန္မာဂုဏ္ထူးတန္း၊ ပါဠိဂုဏ္ထူးတန္းဆိုၿပီး ခြဲထားလိုက္ၿပီ ။ 


တခ်ိဳ႕ဆရာေတာ္ေတြ ‘ပါဠိပါရဂူ’ ဘာညာ ေရးတာေတြ႕ဖူးမွာေပါ့ ။ 


ဓမၼာစရိယ ဂုဏ္ထူးတန္းတစ္ခုခုကို ေအာင္ျမင္ထားတာပါ။ ဝိနည္းဂုဏ္ထူးတန္းကိုေအာင္ရင္ ‘ဝိနယပါဠိပါရဂူ’ ေပါ့။ အဘိဓမၼာဂုဏ္ထူးတန္းကို ပါဠိလိုေအာင္ရင္ ‘အဘိဓမၼပါဠိပါရဂူ’ေပါ့ ။ 


စာသင္သားဘဝ ေန႕စဥ္ရွင္သန္မႈမ်ား

=======================

ေယာႏြယ္ေနခဲ့တာက မန္းေလး ဝိဇၨာလကၤာရေက်ာင္းတိုက္၊

မန္းေလး မဟာၿမိဳင္ေက်ာင္းတိုက္(မန္းတကၠသိုလ္နား)၊ 

ရန္ကုန္ တိပိဋကမဟာဂႏၶာ႐ုံေက်ာင္းတိုက္(ေက်ာက္မ်က္ျပတိုက္နား)၊ 

ရန္ကုန္ ဗဟန္း ဝိသုဒၶါ႐ုံေက်ာင္းတိုက္-ေယာတိပိဋကဆရာေတာ္ေက်ာင္း)၊ 

မန္းေလး ဝိသုဒၶါရံု စည္ရွင္ေက်ာင္းေတြမွာ ေနခဲ့ေတာ့ 

ဒီ စာသင္ေပးတဲ့ေက်ာင္းတိုက္ႀကီးေတြရဲ႕ စည္းကမ္းေတြပဲ ေျပာရမွာ ။


မနက္ေလး နာရီ အိပ္ယာထ ရတယ္။

အ႐ုဏ္တက္ ၅ နာရီနဲ႕ ၆ နာရီၾကားမွာ Breakfast ဘုန္းေပးရတယ္။ 

ၿပီးရင္ စာသင္ခ်ိန္ တခ်ိန္ ။ 


မနက္ ၇ နာရီေလာက္ စာသင္ၿပီးရင္ ေက်ာင္းသန႔္ရွင္းေရးလုပ္ရတယ္။ ၿပီးရင္ ေန႕လည္စားဖို႔ ဆြမ္းခံထြက္ရတယ္။ 

( ေက်ာင္းဥပေဒက..တပါးစာ ဆြမ္းရ..ရမယ္။ ဟင္းခြက္ ငါးခြက္ရ ရမယ္၊ မနက္ ၁၀ နာရီ ေက်ာင္းျပန္ေရာက္ရမယ္။)

(ေယာဆရာေတာ္ႀကီးေက်ာင္း၊ စည္ရွင္ဆရာေတာ္ေက်ာင္း၊ မဟာၿမိဳင္ေက်ာင္းတိုက္မ်ားမွာေတာ့ တန္းစီၿပီးဆြမ္းခံထြက္ရတယ္)


ဆြမ္းခံျပန္လာရင္ မနက္ ၁၀ခြဲ ေန႕လည္စာ မစားခင္ စာက်က္ၾကတယ္။ 

ၿပီးရင္ေန႕ဆြမ္းစားတယ္။

သပိတ္ စသည္ေဆးေၾကာၿပီးရင္ ၁၂ နာရီထိုးခါနီး ေရာက္သြားၿပီ ။

 ေန႕ တနာရီအထိ ခဏနားရတယ္။


ေန႕ ၁ နာရီကေန ညေန ၅ နာရီအထိ ဆရာေတြဆီ စာသင္ရတယ္။ စာက်က္ရတယ္။ စာသင္ခ်ိန္ၿပီးရင္ ေက်ာင္းသန႔္ရွင္းေရးလုပ္ရတယ္။ 

( ဥပမာ. သံဃာ ၄၀၀ ေက်ာ္ မနက္ဘုန္းေပးဖို႔ ဆြမ္းခ်က္ဖို႔ ေဆးေၾကာဖို႔ ႀကိဳတင္ျပင္ဆင္ရတာမ်ိဳး။ ကိုရင္ႀကီးေတြ အလွည့္က် ဆြမ္းခ်က္ ဟင္းခ်က္ၾကရတယ္။ သံဃာ ၄၀၀ ေက်ာ္ဘုန္းေပးထားတဲ့ ဟင္းခြက္ေပါင္း ၁၀၀၀ေက်ာ္ကို အလွည့္က် ေဆးၾကရတယ္။

ညေန ၆ နာရီခြဲမွာ စုေပါင္းဘုရားဝတ္တက္ ။ ည ၇ နာရီကေန ၁၀ နာရီအထိ သံဃာ ၄၀၀ ေက်ာင္း တေနရာထဲ တေဆာင္ထဲမွာ စုေပါင္း စာက်က္ရတယ္။ ည ၁၀ နာရီ ထိုးတာနဲ႕ မီးဖြင့္ခြင့္မရွိေတာ့ဘူး။ အိပ္ေတာ့ေပါ့ ။ ( မနက္ ၄ နာရီကေန ည ၁၀ နာရီအထိ အခ်ိန္ျပည့္ ဒီစာ ဒီပုံအတိုင္း ႏွစ္ေပါက္ လည္ပတ္ေနၾကရတယ္)


ေက်ာင္းတိုက္အျပင္ကို ဆြမ္းခံခ်ိန္ကလြဲၿပီး တႏွစ္လုံးမွ သုံးရက္သာ အျပင္ထြက္ခြင့္ျပဳတယ္။ ဝါဆိုလျပည့္ သီတင္းကြၽတ္လျပည့္နဲ႕ စာေမးပြဲေျဖၿပီးလို႔ ႐ြာျပန္ခြင့္ရက္ ဒီသုံးခ်ိန္ဘဲ အျပင္ထြက္ရတယ္။


သတင္းစာမဖတ္ရ။ တီဗီမၾကည့္ရ။ ကာတြန္း ဝတၳဳဖတ္ခြင့္မရွိ ။ ဒီလို ဥပေဒသေတြနဲ႕ ဘုန္းႀကီးတပါးဟာ ဓမၼာစရိယ သာမေဏေက်ာ္ မၿပိးမခ်င္း ၈ ႏွစ္ကေန ၁၀ ႏွစ္ေနရတယ္။ 

(ေကာင္းတဲ့အားသာခ်က္က စာသင္ စာခ် အလုပ္မပ်က္ဘူး။ စာေမးပြဲေအာင္တာ ျမန္တယ္။ မေကာင္းတဲ့အခ်က္က လူမႈဆက္ဆံေရး မေကာင္းဘူး။ ဒါေၾကာင့္ဘုန္းႀကီးေတြ စကားေျပာရင္ ေဒါင့္မက်ိဳးတာ မ်ားတယ္။ သူ႕တပည့္ေတြကို ဆက္ဆံသလိုဘဲ ေငါက္ဆတ္ဆတ္ နဲ႕။ လူေတြကို ေၾကာက္တယ္။) 


ဒီလို စည္းနဲ႕ကမ္းနဲ႕ေနတဲ့ သံဃာေတြအမ်ားႀကီးရွိပါတယ္။ ျမင္ေအာင္ၾကည့္ၾကပါအုံး။ အေပၚယံေလာက္ၾကည့္ၿပီး ကိုယ္နဲ႕ သေဘာထား မတိုက္ဆိုင္တာနဲ႕ သံဃာေတြ ဘုန္းႀကီးေတြကို မျပစ္မွားလိုက္ပါနဲ႕ ။


ဒီေန႕ေခတ္မွာ သံဃာ တေထာင္ေက်ာ္ရွိတဲ့ အမရပူရမဟာဂႏၶာ႐ုံ၊ေမွာ္ဘီ လွည္းကူးမဟာဝိဟာရ ၊ မန္းေလး မစိုးရိမ္တိုက္သစ္၊ ျမစၾကၤာေက်ာင္းတိုက္၊ ေအာင္ခ်မ္းသာ၊ မန္းေလး ဝိသုဒၶါ႐ုံစည္ရွင္ ၊အင္းစိန္ ႐ြာမစာသင္တိုက္ႀကီး ၊မုံ႐ြာ ေျမာင္းျမ ပေဇၨာတာ႐ုံ၊ သုေဗာဓာ႐ုံ စတာေတြဟာ သာသနာရဲ႕ တကယ္ပင္မေသြးေၾကာႀကီးေတြပါ။ 


စာလည္းတတ္ စိတ္ေကာင္းလည္းရွိရင္ေတာ့ Perfect ေပါ့ေလ။

စာေမးပြဲမေျဖဘဲ စာတတ္ေအာင္သင္တဲ့ ပခုကၠဴက်မ္းႀကီးေပါက္လို ဘုန္းႀကီးေတြလဲ ရွိတယ္။


စာေမးပြဲႀကီးေတြ ေအာင္ထားတိုင္း ႏွလုံးသားလွေရာလားဆိုေတာ့ အဲလိုလဲ မဟုတ္ဘူး။ စာေမးပြဲေတြေအာင္ၿပီး ႏွလုံးသား မလွသူေတြကိုလည္း ေတြ႕ရလိမ့္မယ္။ လူေတြလိုေပါ့ဗ်ာ..စဥ္းစားၾကည့္ေပါ့ ။ 


ဒါေပမယ့္ စာမသင္ အေလလိုက္ေနတာထက္စာရင္ စာသင္ေနတဲ့ သံဃာဘုန္းႀကီးေတြက ေလးစားဖြယ္ရာပါ ။

လမ္းသလားေနတဲ့ ဘုန္းႀကီးေတြ၊ ေဗဒင္ ႏွစ္လုံး သုံးလုံး ဘုန္းႀကီးေတြ၊ ဘိုးေတာ္လိုလို ဘာလိုလိုဘုန္းႀကီးေတြ၊ နိုင္ငံေရးဘုန္းႀကီးေတြ ၊ အိမ္ေဘးက ဘာမွ မလုပ္တဲ့ ဘုန္းႀကီးေက်ာင္းက ဘုန္းႀကီးေတြဘဲ ျမင္ၿပီး ဘုန္းႀကီးေတြကို သိမ္းႀကဳံးဆဲေနရင္ေတာ့ မွားၾကပါလိမ့္မယ္။ 

တကယ္ေတာ့ လူေတာ္လူေကာင္းဆိုတာ လူမ်ားကို အျပစ္ထိုင္ေျပာ ေလလွိုင္းထဲက ေဝဖန္ေနမယ့္အစား မင္းတို႔ကိုယ္တိုင္ ဘုန္းႀကီးဝတ္ၾကည့္ပါအုံးလို႔ ေျပာခ်င္တယ္။ 


ဗုဒၶဘာသာမွာ ဒီလို စည္းနဲ႕ကမ္းနဲ႕ လူေတြမသိဘဲ စာသင္ေနတဲ့ ဘုန္းႀကီးေတြအမ်ားႀကီး ရွိေနတာကို သိေစခ်င္ပါတယ္။

ဒီလို စည္းနဲ႕ကမ္းနဲ႕ ေနတဲ့ဘုန္းႀကီးေတြနဲ႕ အေလလိုက္ေနတဲ့ ဘုန္းႀကီးေတြ မတူဘူးေလ။ ဘယ္လိုမွ တူတယ္ မေျပာနဲ႕ 

(မနက္ျဖန္ေတာ့ အစိုးရကေပးတဲ့ ဘြဲ႕တံဆိပ္ေတြအေၾကာင္း ဆက္ေရးမယ္။ ၿပီးရင္ ပဋိပတ္ တရားထိုင္တဲ့ဘုန္းႀကီး၊ အေလအလြင့္ဘုန္းႀကီးေတြအေၾကာင္း ဆက္ေရးအုံးမယ္)


‘ယုံၾကည္မႈကို အသိနဲ႕ ထိန္းၿပီး သာသနာကို ၾကည္ညိုေစာင့္ေရွာက္နိုင္ၾကပါေစ’


ေယာႏြယ္

#YNNote 

Jan,19,2022

ေရးသားမွ်ေ၀သူ - အရွင္တိကၡ (ေယာႏြယ္)