Friday, July 24, 2020

ပန္းေသးေခါက္ဆြဲ - ဆန္အရက္ပုစြန္ - တူနာ မုန္႕ဟင္းခါး (Tuna Mohinga)

တူနာ မုန့်ဟင်းခါး  (Tuna Mohinga) ချက်နည်း ....


မုန့်ဟင်းခါးဆို ဘယ်လိုချက်နည်းနှင့်ပဲ ချက်ချက် ရိုးတယ်မရှိပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အားပေးတတ်ကျသော မုန့်ဟင်းခါးကို ဖန်တီးမှု အသစ်အဆန်း မဟုတ်ပေမယ့် စည့်ရဲ့ ချက်နည်းလေးဖြင့် ပြန်လည် မျှဝေထားပါတယ်။

ပါဝင်ပစ္စည်းများ
မုန့်ဖတ် ၁ ပိသာ

အနှစ်လုပ်ရန်
ကြက်သွန်နီဥကြီး ၅-၇ လုံး (အခွံခွာ၊ ထောင်းထားပါ)
ကြက်သွန်ဖြူ ၁၀ တက်  (အခွံခွာပြီး၊ ထောင်းထားပါ)
ချင်းတက် လက် ၂ ဆစ်လောက်(အခွံခွာပြီး ထောင်းထားပါ)
အရောင်တင်မှုန့် ၂ ဇွန်းစားပွဲဇွန်း
နေကြာဆီ ၁၀ ဇွန်း စားပွဲဇွန်း
တူနာငါးဗူး ၁ ဗူး ခွဲ (အသင့်စားဗူး)
ငံပြာရည် ၂ ဇွန်း ခွဲ စားပွဲဇွန်း
စပါးလင် ၂ ချောင်း (ထုပြီး ထုံးထားပါ)
နနွင်းမှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
မုန့်ဟင်းခါးရည်ချက်ရန် ပါဝင်ပစ္စည်းများ
ငရုတ်ကောင်းမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း
ငံပြာရည်  ၁ ဇွန်း စားပွဲဇွန်း
ငါးပြုတ်ရည် ၃ လီတာ ခွဲ
ရေ ၃ - ၅ ခွက်

ဌက်ပျောအူ ၂ ခွက် (ခတ်ပါးပါးလှီးထားပါ၊ နနွင်းအနည်းဖြင့် ပြုတ်ထားပါ)
ကြက်သွန်ဥနီအသေး ၂၀ လုံး (အလုံးလိုက် အခွံခွာ ထည့်ပါ)
အိမ်လှော်ဆန်မှုန့် ခွက်တစ်ဝက် (ဟင်းချက်ရန်တိုင်းသောခွက်၊ ရေဖြင့်ဖျော်ထားပါ)
ကုလားပဲမှုန့် ၁ ဇွန်း ခွဲ စားပွဲဇွန်း(ရေဖြင့်ဖျော်ထားပါ)
ဆား လိုသလောက်
ကြက်ဥ ၅ လုံး (ပြုတ် အရှည်လိုက် ၈ စိတ်စိတ်ည့်ပါ)
မုန့်ဟင်းခါးနှင့် တွဲစားရန်
ကြက်ဥပြုတ် ၆ လုံး (အခွံခွာပြီး ကြက်ဥလှီးဓားဖြင့်အကွင်းလေးလှီးထားပါ)
နံနံပင် ၈ ပင် (အနေတော်လေးတွေလှီးထားပါ)
ပူစီနံ ၅ ပင် (အရွက်တွေချွေထားပါ)
ပဲသီးရှည် ၁ စီး (ပါးပါးသေးသေး လေးလှီးထားပါ)
ငရုတ်သီးအကြမ်းမှုန့်  လိုသလောက် (လှော်ပြီးသား)
ပဲကြော် ၁၀ ခု (စားခံနည်းမှ လိုသလောက် ချေစားပါ)
အိမ်လုပ်ကြက်သွန်ဖြူဆီချက် လိုသလောက် (မုန့်ဟင်းခါးထဲ ထည့်စားပါ)
ငါးဖယ်ကြော်ပြီးသား ၁၀ ခု (ခတ်ပါးပါးလေးတွေ လှီးထားပါ)
သံပုရာသီး ၃ လုံး (စိတ်ထားပါ)

ပြုလုပ်နည်း
၁။  မကပ်သော ဒယ်အိုးအကြီးထဲ ဆီထည့် ပြီး အပူပေးထားပါ။ အနှစ်လုပ်ရန် ငရုတ်ကြက်သွန်အနှစ် နှင့် နနွင်းမှုန့်ထည့် ပြီး ၅ မိနစ်လောက် ဆီသတ်ပါ။ ပြီး လျင် တူနာကလွဲလို့ ကျန်တာတွေ ထည့်ဆီသတ်ပါ။ အနံမွှေးပြီး ကြက်သွန်ကြက်လျင် တူနာငါး ထည့်ပြီး အရောင် အရသာ အားလုံးသေချာ နှံ့အောင် မွှေပါ။ ၈ မိနစ်လောက် တည်ပြီးလျင် မီးဖိုပေါ်မှချထားပါ။

၂။ စောက်နက်အိုးကြီးထဲ ငါးပြုတ်ရည်၊ ရေ ၊ ကြက်သွန်နီ နှင့် ဌက်ပျောအူ များထည့်ပြီး ဆူပွတ်အောင်တည်ပါ။ ဆူပွတ်လာလျင် မီးလျော့ပြီး ဆန်မှုန့်၊ ကုလားပဲမှုန့်များ ထည့်ပြီး ဆူရုံလေး ဆန်မှုန့်ကျက်တည့်အထိတည်ပါ။ ဆန်မှုန့်ကျက်လျင် မုန့်ဟင်းခါးရည်အတွက် ကျန်ပါဝင်ပစ္စည်းများထည့်ပြီး ကြက်သွန်နုးအိကျက်လျင်ရပါပြီး၊

၃။ ရေလိုလျင်ထပ်ထည့်ပါ (ငါးပြုတ်ရည်ကို ပဲထပ်ထည့်လို့ရပါတယ်)၊ မကြာခဏဆိုသလို မွှေပေးပါ။ အိုးအောက်ဖက် မကပ်အောင် မွှေပေးပါ။ မုန့်ဟင်းခါးရည်ချက်ရန် ကျန်ပါဝင်ပစ္စည်းများထည့်ပြီး နှံ့အောင် သေချာမွှေပါ။ ပွတ်ပွတ်ဆူ လာလျင် တူနာငါးဆီသတ်ထားသော အနှစ်များ ထည့်ပြီး အသေချာဖြည်းဖြည်းချင်းနှံ့အောင်မွေပေးပါ။  ဆားမြည်းပါ လိုတာ ကိုယ့်စိတ်ကြိုက် ထပ်ဖြည့်နိုင်ပါသည်။ ပူပူလေးသုံးဆောင်ပါ။

၄။ သုံးဆောင်ရန် ပုကန်ထဲ မုန့်ဖတ်ကို လိုသလောက်ထည့်ပြီး မုန့်ဟင်းခါးဖြင့် တွဲစားရန် ပစ္စည်းများ ကိုယ့်စိတ်တိုင်းကျ ကိုယ်ကြိုက်သော ပစ္စည်းများ ထည့်ပြီး ဟင်းရည်ကို လိုသလောက် ထည့်ပြီး ပူပူလေး ချက်ချင်း သုံးဆောင်ပါ။

ချက်သူ - Syilwin Foodgarden

ဆန်အရက်ပုစွန် (Drunken-Herbal Prawns)
........................



 တရုတ်နှစ်သစ်ကူးပွဲတွေမှာဆို ပုစွန်ဟင်းက မပါမဖြစ်တဲ့ဟင်းတစ်ခွက်ပါ။ အလုပ်အားရက်တွေမှာ ပုစွန်လတ်လတ်ဆတ်ဆတ်တွေဝယ်ပြီး ဒီဟင်းလေးကိုချက်စားဖြစ်သလို သူငယ်ချင်းတွေနဲ့အတူ အမြဲသွားစားနေကျဆိုင်လေးကတော့ (Sungai Buloh) ဘက်မှာရှိတဲ့ဆိုင်လေးပါ။ ကျွန်တော်ကြိုက်တဲ့ ဒီပုစွန်ဟင်းလေးကို ဒီဆိုင်မှာ အမြဲစားဖြစ်ပါတယ်။ ရန်ကုန်ပြန်ရောက်တော့ ဒီဟင်းလေးကိုစားချင်လို့ လိုအပ်တဲ့ Chinese Herbal  တွေကို ရန်ကုန်တရုတ်တန်းမှာ သွားရှာဝယ်ရပါတယ်။ ဒီဟင်းအတွက် ပုစွန်ဆိုရင် ပုစွန်အလတ် ဆိုက်တွေကို ရွေးချယ်ရပါမယ်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
........................          
- ပုစွန် (Prawns) - 390 gm
- တရုတ်ဆန်အရက် (Chinese Rice Wine) - စားပွဲဇွန်း ၁ ဇွန်း
 (Chinese Cooking Wine  လို့လည်းခေါ်ပါတယ်)
- ဆား (Salt) - အနည်းငယ်
- တရုတ်ဆေးမြစ်စုံ (Yu Zhu) - ၂ ချောင်း(ရေနွေးဖြင့်စိမ်ထားပါ)
- တရုတ်ဆေးမြစ်စုံ (Wolfberries) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ချင်း (Ginger) - 25 gm  (အမြှောင်းလိုက်လှီးထားပါ)
- နံနံပင် (Coriander Leaves) - ၂ ပင် (ပါးပါးလှီးထားပါ)
- ကြက်ရိုးပြုတ်ရည် (သို့) ရေ (Chicken Stock) - 500 ml

အရသာအတွက်လိုအပ်တာတွေကတော့
..............................
- တရုတ်ဆန်အရက် (Chinese Rice Wine) - စားပွဲဇွန်း ၃ ဇွန်း
- ပဲငံပြာရည်အကြည် (Light Soya Sauce) - စားပွဲဇွန်း ၁ ဇွန်း
- ငံပြာရည် (Fish Sauce) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သားမှုန့် (Kchicken Powder) - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ဆား (Salt) - အနည်းငယ်

ချက်ပြုတ်နည်း
...................
 အရင်ဆုံး ပုစွန်ကို ဆား၊ တရုတ်ဆန်အရက် ၁ ဇွန်း ထည့်ပြီး ရောနယ်ထားပါ။ ပြီးရင် ကြက်ရိုးပြုတ်ရည်ကို ဆူ အောင်တည်ထားပါ။ ပြီးရင် တရုတ်ဆေးမြစ်စုံနှစ်မျိုးနဲ့ လှီးထားတဲ့ ချင်းတစ်ဝက်ကိုထည့်ပါ။ မိနစ်အနည်းငယ်ခန့် ဆူအောင်တည်ထားပါ။ ပြီးရင် ဆားမှလွဲပြီး အရသာ အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းများအားလုံးကိုထည့်ပါ။ ပြီးရင် ပုစွန်ထည့်ပါ။ ပုစွန်အရောင်ပြောင်းပြီး ကျက်သည် နှင့် ဆား၊ ကျန်ရှိတဲ့ ချင်းတစ်ဝက်ကိုထည့်ပါ။ ပြီးရင် နံနံပင် အုပ်ပြီး စားသုံးနိုင်ပါပြီ။
......................................
Delicious Food From All Over The World By
MyintOoTha

ပန်းသေးခေါက်ဆွဲ ♡


ပန်းသေးခေါက်ဆွဲကြော်ကိုနေရာဒေသအလိုက်ပုံစံမတူကွဲပြားတာလေးတွေရှိပါတယ်ဒီပုံစံလေးကတော့ရန်ကုန်ကပန်းသေးခေါက်ဆွဲကြော်ကိုဟင်းရေရွှဲရွှဲဆမ်းစားရတဲ့နည်းလေးဖြစ်ပါတယ်။မူရင်းပန်းသေးခေါက်ဆွဲမှာချက်ဟင်းအနှစ်ပျစ်ပျစ်ဖြင့်စားပါတယ်။

ခေါက်ဆွဲအတွက်ပါဝင်ပစ္စည်း
***************
ဂျုံခေါက်ဆွဲ -၂ကီလို၊ပဲငံပြာရည် အနောက် - ၃ဇွန်း စားပွဲတင်၊ဆီ - ၃ဇွန်း

ဟင်းရည်အတွက်ပါဝင်ပစ္စည်း
********************
ကြက်သွန်နီ - ၁ကီလိုခွဲ၊ကြက်သွန်ကြော် -၂၀၀ ဂရမ်၊ဂျင်း ကြက်သွန်ဖြူ -၂ဇွန်း စားပွဲဇွန်း၊ကရဝေးရွက် - ၅ရွက်၊သစ်ဂျပိုးခေါက် -၂ချောင်း၊ ရှောက်ကော -၂လုံး၊နာနတ်ပွင့်- ၁ပွင့်၊ဖာလာ - ၃စေ့ ၊လေးညှင်း - ၃ပွင့်၊အရောင်တင်မှုန့် -၂ဇွန်း ၊ဇီယာမှုန့် - ၂ဇွန်း (မဆလာထဲ့လည်း ရသည်)၊ ငရုပ်ကောင်းမှုန့် - ၁ဇွန်း လ႓က်ဇွန်း၊အုန်းနို့ - ဘူးသေး ၂ဘူး၊ဆား - ၃ဇွန်းစားပွဲဇွန်း၊သကြား - ၄ဇွန်း၊အချိုမှုန့် -၂ဇွန်း၊ရေ - လိုသလောက် (၆လီတာခန့်)

ကြက်သားဟင်းအတွက်လိုအပ်သောပစ္စည်း
*****************************
ကြက်တစ်ကောင် - ၁ကီလိုခွဲ၊ကြက်သွန်ကြော် - ၁၀၀ ဂရမ် တပန်းလုံး၊ဆား - ၁ဇွန်း (စားပွဲတင်ဇွန်း)၊သကြား အချိုမှုန့် -၂ဇွန်း၊အရောင်တင် - ၁ဇွန်း၊ဂျင်းကြက်သွန်ဖြူ - ၁ဇွန်း၊ဇီယာမှုန့် - ၁ဇွန်း၊ရေ - အနည်းငယ်၊

ဟင်းရည်ချက်နည်း
*************
(၁)ကြက်သွန်ပါးပါးစိတ်ကို ဖာလာ ၊ လေးညှင်း ၊ ကရဝေးရွက် ၊ သစ်ဂျပိုးခေါက် ၊ ရှောက်ကော၊နာနတ်ပွင့် တို့က်ို အိုးတခုတွင် ဆီထည့်ပြီးကြော်ပါ။
(၂)ကြက်သွန်နွမ်းလာလျှင်ဂျင်းကြက်သွန်ဖြူအရောင်တင်ထည့်ပြီးအဆက်မပျက် မွေပေးပါ။ (၃)ကြက်သွန်များနွမ်းပြီးလုံးလာလျင်ကြက်သွန်ကြော်နှင့်ဇီယာတဝက်ကိုအရင်ထည့်ပါ။
(၄)ဆားသကြားအချိုမှုန့်ထည့်ပါ။
(၅)ရေထည့်ပြီးကြက်သွန်ဖတ်များအ်ိလာသည်ထိတည်ထားပါ။
(၆)အိလာပါကဆန်ကာတခုဖြင့်ကြက်သွန်ဖတ်များကိုချေပေးပါ။ (၇)ပြီးလျှင်မီးအေးအေးဖြင့်ဟင်းရည်ကျအောင်တည်ထားပါ။

ကြက်သားဟင်းချက်နည်း
***********************
(၁)ကြက်သားကိုလိုသလိုခုတ်ပြီးရေဆေးသန့်စင်ကာပါဝင်ပစ္စည်းများအားလုံးကိုထည့်ပြီးတည်ပါ။
(၂) ကြက်သားနူးပါကကြက်သားဟင်းအနှစ် ကြက်သားအားလုံးကို ချက်ပြီးသားဟင်းရည်အိုးထည်းလောင်းထည့်ပါ။(ကျေမှာစိုးပါကကြက်သားတုံးကိုသီးသန့်ဖယ်ထားပါ။)အနှစ်များကိုသာထည့်ပါ။ ဟင်းရည်တွင်ကြက်သားဟင်းအရသာ ရှိရန် ဖြစ်ပါ တယ်။
(၃)တည်ထားသောဟင်းရည်ကျပါကငရုပ်ကောင်း၊ လက်ကျန်ဇီယာတဝက်နှင့်အုန်းနို့ကိုထည့်ပြီးတည်ပါ။
(၄)ပွက်လာပါကအရသာပေါ့ငံမြည်းကာမီးပိတ်ထားပါ ။

ခေါက်ဆွဲကြော်နည်း
*************
ခေါက်ဆွဲကိုပဲငံပြာရည်အနောက်ဖြင့်နှယ်ပြီးဒယ်အိုးတခုတွင်ဆီထည့်ပြီးကြော်ပါအကြာကြီးမကြော်ရပါ။ပူလျှင်ထုတ်ယူပြီးအိုးတခုတွင်ဖုံးအုပ်ထားပါ။

ပန်းသေးခေါက်ဆွဲပြင်နည်း
******************
ခေါက်ဆွဲကြော်ပြီးသားကိုပန်းကန်တွင်ထည့့်ပြီးဟင်းရည်နှင့့်ကြက်သားတို့ကိုခေါက်ဆွဲပေါ်တွင်ဆမ်းကာဂေါ်ဖီ၊ ကြက်သွန်၊ ရှောက်သီး ၊ငရုပ်သီးမှုန့် တို့ဖြင့်တွဲဖက်ကာသုံးဆောင်နိုင်ပါပြီ ။
ပန်းသေးခေါက်ဆွဲပြုတ်စားလိုပါကခေါက်ဆွဲကိုပဲငံပြာရည်အရောင်မထည့်ဘဲဟင်းရည်ပူပူလောင်းထည့်ကာဂေါ်ဖီ၊ရှောက်သီးတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ ။
.....................
Sofia

(Zawgyi) 

တူနာ မုန္႕ဟင္းခါး  (Tuna Mohinga) ခ်က္နည္း ....


မုန္႕ဟင္းခါးဆို ဘယ္လိုခ်က္နည္းနွင္႕ပဲ ခ်က္ခ်က္ ရုိးတယ္မရွိပါဘူး။ ဘယ္သူပဲျဖစ္ျဖစ္ အားေပးတတ္က်ေသာ မုန္႕ဟင္းခါးကို ဖန္တီးမႈ အသစ္အဆန္း မဟုတ္ေပမယ္႕ စည္႕ရဲ႕ ခ်က္နည္းေလးျဖင္႕ ျပန္လည္ မွ်ေ၀ထားပါတယ္။

ပါ၀င္ပစၥည္းမ်ား
မုန္႕ဖတ္ ၁ ပိသာ

အနွစ္လုပ္ရန္
ၾကက္သြန္နီဥၾကီး ၅-၇ လံုး (အခြံခြာ၊ ေထာင္းထားပါ)
ၾကက္သြန္ျဖဴ ၁၀ တက္  (အခြံခြာၿပီး၊ ေထာင္းထားပါ)
ခ်င္းတက္ လက္ ၂ ဆစ္ေလာက္(အခံြခြာၿပီး ေထာင္းထားပါ)
အေရာင္တင္မႈန္႕ ၂ ဇြန္းစားပြဲဇြန္း
ေနၾကာဆီ ၁၀ ဇြန္း စားပဲြဇြန္း
တူနာငါးဗူး ၁ ဗူး ခဲြ (အသင္႕စားဗူး)
ငံျပာရည္ ၂ ဇြန္း ခဲြ စားပဲြဇြန္း
စပါးလင္ ၂ ေခ်ာင္း (ထုၿပီး ထံုးထားပါ)
နႏြင္းမႈန္႕ ၁ ဇြန္း ခဲြ လက္ဖက္ဇြန္း
မုန္႕ဟင္းခါးရည္ခ်က္ရန္ ပါ၀င္ပစၥည္းမ်ား
ငရုတ္ေကာင္းမႈန္႕ ၂ ဇြန္း လက္ဖက္ဇြန္း
ငံျပာရည္  ၁ ဇြန္း စားပဲြဇြန္း
ငါးျပဳတ္ရည္ ၃ လီတာ ခဲြ
ေရ ၃ - ၅ ခြက္

ဌက္ေပ်ာအူ ၂ ခြက္ (ခတ္ပါးပါးလွီးထားပါ၊ နႏြင္းအနည္းျဖင္႕ ျပဳတ္ထားပါ)
ၾကက္သြန္ဥနီအေသး ၂၀ လံုး (အလံုးလိုက္ အခြံခြာ ထည္႕ပါ)
အိမ္ေလွာ္ဆန္မႈန္႕ ခြက္တစ္၀က္ (ဟင္းခ်က္ရန္တိုင္းေသာခြက္၊ ေရျဖင္႕ေဖ်ာ္ထားပါ)
ကုလားပဲမႈန္႕ ၁ ဇြန္း ခဲြ စားပဲြဇြန္း(ေရျဖင္႕ေဖ်ာ္ထားပါ)
ဆား လိုသေလာက္
ၾကက္ဥ ၅ လံုး (ျပဳတ္ အရွည္လိုက္ ၈ စိတ္စိတ္ည္႕ပါ)
မုန္႕ဟင္းခါးနွင္႕ တဲြစား၇န္
ၾကက္ဥျပဳတ္ ၆ လံုး (အခြံခြာၿပီး ၾကက္ဥလွီးဓားျဖင္႕အကြင္းေလးလွီးထားပါ)
နံနံပင္ ၈ ပင္ (အေနေတာ္ေလးေတြလွီးထားပါ)
ပူစီနံ ၅ ပင္ (အရြက္ေတြေခြ်ထားပါ)
ပဲသီးရွည္ ၁ စီး (ပါးပါးေသးေသး ေလးလွီးထားပါ)
ငရုတ္သီးအၾကမ္းမႈန္႕  လိုသေလာက္ (ေလွာ္ၿပီးသား)
ပဲေၾကာ္ ၁၀ ခု (စားခံနည္းမွ လိုသေလာက္ ေခ်စားပါ)
အိမ္လုပ္ၾကက္သြန္ျဖဴဆီခ်က္ လိုသေလာက္ (မုန္႕ဟင္းခါးထဲ ထည္႕စားပါ)
ငါးဖယ္ေၾကာ္ၿပီးသား ၁၀ ခု (ခတ္ပါးပါးေလးေတြ လွီးထားပါ)
သံပုရာသီး ၃ လံုး (စိတ္ထားပါ)

ျပဳလုပ္နည္း
၁။  မကပ္ေသာ ဒယ္အိုးအၾကီးထဲ ဆီထည္႕ ၿပီး အပူေပးထားပါ။ အနွစ္လုပ္ရန္ ငရုတ္ၾကက္သြန္အနွစ္ နွင္႕ နႏြင္းမႈန္႕ထည္႕ ၿပီး ၅ မိနစ္ေလာက္ ဆီသတ္ပါ။ ၿပီး လ်င္ တူနာကလဲြလို႕ က်န္တာေတြ ထည္႕ဆီသတ္ပါ။ အနံေမႊးၿပီး ၾကက္သြန္ၾကက္လ်င္ တူနာငါး ထည္႕ၿပီး အေရာင္ အရသာ အားလံုးေသခ်ာ နွံ႕ေအာင္ ေမႊပါ။ ၈ မိနစ္ေလာက္ တည္ၿပီးလ်င္ မီးဖိုေပၚမွခ်ထားပါ။

၂။ ေစာက္နက္အိုးၾကီးထဲ ငါးျပဳတ္ရည္၊ ေရ ၊ ၾကက္သြန္နီ နွင္႕ ဌက္ေပ်ာအူ မ်ားထည္႕ၿပီး ဆူပြတ္ေအာင္တည္ပါ။ ဆူပြတ္လာလ်င္ မီးေလ်ာ႕ၿပီး ဆန္မႈန္႕၊ ကုလားပဲမႈန္႕မ်ား ထည္႕ၿပီး ဆူရုံေလး ဆန္မႈန္႕က်က္တည္႕အထိတည္ပါ။ ဆန္မႈန္႕က်က္လ်င္ မုန္႕ဟင္းခါးရည္အတြက္ က်န္ပါ၀င္ပစၥည္းမ်ားထည္႕ၿပီး ၾကက္သြန္နဳးအိက်က္လ်င္ရပါၿပီး၊

၃။ ေရလိုလ်င္ထပ္ထည္႕ပါ (ငါးျပဳတ္ရည္ကို ပဲထပ္ထည္႕လို႕ရပါတယ္)၊ မၾကာခဏဆိုသလို ေမႊေပးပါ။ အိုးေအာက္ဖက္ မကပ္ေအာင္ ေမႊေပးပါ။ မုန္႕ဟင္းခါးရည္ခ်က္ရန္ က်န္ပါ၀င္ပစၥည္းမ်ားထည္႕ၿပီး နွံ႕ေအာင္ ေသခ်ာေမႊပါ။ ပြတ္ပြတ္ဆူ လာလ်င္ တူနာငါးဆီသတ္ထားေသာ အနွစ္မ်ား ထည္႕ၿပီး အေသခ်ာျဖည္းျဖည္းခ်င္းနွံ႕ေအာင္ေမြေပးပါ။  ဆားျမည္းပါ လိုတာ ကိုယ္႕စိတ္ၾကိဳက္ ထပ္ျဖည္႕နုိင္ပါသည္။ ပူပူေလးသံုးေဆာင္ပါ။

၄။ သံုးေဆာင္ရန္ ပုကန္ထဲ မုန္႕ဖတ္ကို လိုသေလာက္ထည္႕ၿပီး မုန္႕ဟင္းခါးျဖင္႕ တဲြစားရန္ ပစၥည္းမ်ား ကုိယ္႕စိတ္တိုင္းက် ကိုယ္ၾကိဳက္ေသာ ပစၥည္းမ်ား ထည္႕ၿပီး ဟင္းရည္ကို လိုသေလာက္ ထည္႕ၿပီး ပူပူေလး ခ်က္ခ်င္း သံုးေဆာင္ပါ။

ခ်က္သူ - Syilwin Foodgarden 

ဆန္အရက္ပုစြန္ (Drunken-Herbal Prawns)
........................


 တ႐ုတ္ႏွစ္သစ္ကူးပြဲေတြမွာဆို ပုစြန္ဟင္းက မပါမျဖစ္တဲ့ဟင္းတစ္ခြက္ပါ။ အလုပ္အားရက္ေတြမွာ ပုစြန္လတ္လတ္ဆတ္ဆတ္ေတြဝယ္ၿပီး ဒီဟင္းေလးကိုခ်က္စားျဖစ္သလို သူငယ္ခ်င္းေတြနဲ႔အတူ အျမဲသြားစားေနက်ဆုိင္ေလးကေတာ့ (Sungai Buloh) ဘက္မွာရွိတဲ့ဆိုင္ေလးပါ။ ကြၽန္ေတာ္ႀကိဳက္တဲ့ ဒီပုစြန္ဟင္းေလးကို ဒီဆိုင္မွာ အျမဲစားျဖစ္ပါတယ္။ ရန္ကုန္ျပန္ေရာက္ေတာ့ ဒီဟင္းေလးကိုစားခ်င္လို႔ လိုအပ္တဲ့ Chinese Herbal  ေတြကို ရန္ကုန္တ႐ုတ္တန္းမွာ သြားရွာဝယ္ရပါတယ္။ ဒီဟင္းအတြက္ ပုစြန္ဆိုရင္ ပုစြန္အလတ္ ဆိုက္ေတြကို ေရြးခ်ယ္ရပါမယ္။

လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့
........................          
- ပုစြန္ (Prawns) - 390 gm
- တ႐ုတ္ဆန္အရက္ (Chinese Rice Wine) - စားပြဲဇြန္း ၁ ဇြန္း
 (Chinese Cooking Wine  လို႔လည္းေခၚပါတယ္)
- ဆား (Salt) - အနည္းငယ္
- တ႐ုတ္ေဆးျမစ္စံု (Yu Zhu) - ၂ ေခ်ာင္း(ေရေႏြးျဖင့္စိမ္ထားပါ)
- တ႐ုတ္ေဆးျမစ္စံု (Wolfberries) - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ခ်င္း (Ginger) - 25 gm  (အေျမႇာင္းလိုက္လွီးထားပါ)
- နံနံပင္ (Coriander Leaves) - ၂ ပင္ (ပါးပါးလွီးထားပါ)
- ၾကက္႐ိုးျပဳတ္ရည္ (သို႔) ေရ (Chicken Stock) - 500 ml

အရသာအတြက္လိုအပ္တာေတြကေတာ့
..............................
- တ႐ုတ္ဆန္အရက္ (Chinese Rice Wine) - စားပြဲဇြန္း ၃ ဇြန္း
- ပဲငံျပာရည္အၾကည္ (Light Soya Sauce) - စားပြဲဇြန္း ၁ ဇြန္း
- ငံျပာရည္ (Fish Sauce) - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ၾကက္သားမႈန္႔ (Kchicken Powder) - လက္ဖက္ရည္ဇြန္း ၁ ဇြန္းခြဲ
- ဆား (Salt) - အနည္းငယ္

ခ်က္ျပဳတ္နည္း
...................
 အရင္ဆံုး ပုစြန္ကို ဆား၊ တ႐ုတ္ဆန္အရက္ ၁ ဇြန္း ထည့္ၿပီး ေရာနယ္ထားပါ။ ၿပီးရင္ ၾကက္႐ိုးျပဳတ္ရည္ကို ဆူ ေအာင္တည္ထားပါ။ ၿပီးရင္ တ႐ုတ္ေဆးျမစ္စံုႏွစ္မ်ဳိးနဲ႔ လွီးထားတဲ့ ခ်င္းတစ္ဝက္ကိုထည့္ပါ။ မိနစ္အနည္းငယ္ခန္႔ ဆူေအာင္တည္ထားပါ။ ၿပီးရင္ ဆားမွလြဲၿပီး အရသာ အတြက္လိုအပ္တဲ့ ပါဝင္ပစၥည္းမ်ားအားလံုးကိုထည့္ပါ။ ၿပီးရင္ ပုစြန္ထည့္ပါ။ ပုစြန္အေရာင္ေျပာင္းၿပီး က်က္သည္ ႏွင့္ ဆား၊ က်န္ရွိတဲ့ ခ်င္းတစ္ဝက္ကိုထည့္ပါ။ ၿပီးရင္ နံနံပင္ အုပ္ၿပီး စားသံုးႏိုင္ပါၿပီ။
......................................
Delicious Food From All Over The World By
MyintOoTha

ပန္းေသးေခါက္ဆြဲ ♡


ပန္းေသးေခါက္ဆြဲေၾကာ္ကိုေနရာေဒသအလိုက္ပံုစံမတူကြဲျပားတာေလးေတြရွိပါတယ္ဒီပံုစံေလးကေတာ့ရန္ကုန္ကပန္းေသးေခါက္ဆြဲေၾကာ္ကိုဟင္းေရ႐ႊဲ႐ႊဲဆမ္းစားရတဲ့နည္းေလးျဖစ္ပါတယ္။မူရင္းပန္းေသးေခါက္ဆြဲမွာခ်က္ဟင္းအႏွစ္ပ်စ္ပ်စ္ျဖင့္စားပါတယ္။

ေခါက္ဆြဲအတြက္ပါဝင္ပစၥည္း
***************
ဂ်ံဳေခါက္ဆြဲ -၂ကီလို၊ပဲငံျပာရည္ အေနာက္ - ၃ဇြန္း စားပြဲတင္၊ဆီ - ၃ဇြန္း

ဟင္းရည္အတြက္ပါဝင္ပစၥည္း
********************
ၾကက္သြန္နီ - ၁ကီလိုခြဲ၊ၾကက္သြန္ေၾကာ္ -၂၀၀ ဂရမ္၊ဂ်င္း ၾကက္သြန္ျဖဴ -၂ဇြန္း စားပြဲဇြန္း၊ကရေဝး႐ြက္ - ၅႐ြက္၊သစ္ဂ်ပိုးေခါက္ -၂ေခ်ာင္း၊ ေရွာက္ေကာ -၂လံုး၊နာနတ္ပြင့္- ၁ပြင့္၊ဖာလာ - ၃ေစ့ ၊ေလးညႇင္း - ၃ပြင့္၊အေရာင္တင္မႈန္႔ -၂ဇြန္း ၊ဇီယာမႈန္႔ - ၂ဇြန္း (မဆလာထဲ့လည္း ရသည္)၊ ငရုပ္ေကာင္းမႈန္႔ - ၁ဇြန္း လ႓က္ဇြန္း၊အုန္းနို႔ - ဘူးေသး ၂ဘူး၊ဆား - ၃ဇြန္းစားပြဲဇြန္း၊သၾကား - ၄ဇြန္း၊အခ်ိဳမႈန္႔ -၂ဇြန္း၊ေရ - လိုသေလာက္ (၆လီတာခန္႔)

ၾကက္သားဟင္းအတြက္လိုအပ္ေသာပစၥည္း
*****************************
ၾကက္တစ္ေကာင္ - ၁ကီလိုခြဲ၊ၾကက္သြန္ေၾကာ္ - ၁၀၀ ဂရမ္ တပန္းလံုး၊ဆား - ၁ဇြန္း (စားပြဲတင္ဇြန္း)၊သၾကား အခ်ိဳမႈန္႔ -၂ဇြန္း၊အေရာင္တင္ - ၁ဇြန္း၊ဂ်င္းၾကက္သြန္ျဖဴ - ၁ဇြန္း၊ဇီယာမႈန္႔ - ၁ဇြန္း၊ေရ - အနည္းငယ္၊

ဟင္းရည္ခ်က္နည္း
*************
(၁)ၾကက္သြန္ပါးပါးစိတ္ကို ဖာလာ ၊ ေလးညႇင္း ၊ ကရေဝး႐ြက္ ၊ သစ္ဂ်ပိုးေခါက္ ၊ ေရွာက္ေကာ၊နာနတ္ပြင့္ တို႔က္ို အိုးတခုတြင္ ဆီထည့္ၿပီးေၾကာ္ပါ။
(၂)ၾကက္သြန္ႏြမ္းလာလွ်င္ဂ်င္းၾကက္သြန္ျဖဴအေရာင္တင္ထည့္ၿပီးအဆက္မပ်က္ ေမြေပးပါ။ (၃)ၾကက္သြန္မ်ားႏြမ္းၿပီးလံုးလာလ်င္ၾကက္သြန္ေၾကာ္နွင့္ဇီယာတဝက္ကိုအရင္ထည့္ပါ။
(၄)ဆားသၾကားအခ်ိဳမႈန္႔ထည့္ပါ။
(၅)ေရထည့္ၿပီးၾကက္သြန္ဖတ္မ်ားအ္ိလာသည္ထိတည္ထားပါ။
(၆)အိလာပါကဆန္ကာတခုျဖင့္ၾကက္သြန္ဖတ္မ်ားကိုေခ်ေပးပါ။ (၇)ၿပီးလ်ွင္မီးေအးေအးျဖင့္ဟင္းရည္က်ေအာင္တည္ထားပါ။ ၾကက္သားဟင္းခ်က္နည္း
***********************
(၁)ၾကက္သားကိုလိုသလိုခုတ္ၿပီးေရေဆးသန္႔စင္ကာပါဝင္ပစၥည္းမ်ားအားလံုးကိုထည့္ၿပီးတည္ပါ။
(၂) ၾကက္သားႏူးပါကၾကက္သားဟင္းအနွစ္ ၾကက္သားအားလံုးကို ခ်က္ၿပီးသားဟင္းရည္အိုးထည္းေလာင္းထည့္ပါ။(ေက်မွာစိုးပါကၾကက္သားတုံးကိုသီးသန္႔ဖယ္ထားပါ။)အနွစ္မ်ားကိုသာထည့္ပါ။ ဟင္းရည္တြင္ၾကက္သားဟင္းအရသာ ရွိရန္ ျဖစ္ပါ တယ္။
(၃)တည္ထားေသာဟင္းရည္က်ပါကငရုပ္ေကာင္း၊ လက္က်န္ဇီယာတဝက္နွင့္အုန္းနို႔ကိုထည့္ၿပီးတည္ပါ။
(၄)ပြက္လာပါကအရသာေပါ့ငံျမည္းကာမီးပိတ္ထားပါ ။
ေခါက္ဆြဲေၾကာ္နည္း
*************
ေခါက္ဆြဲကိုပဲငံျပာရည္အေနာက္ျဖင့္နွယ္ၿပီးဒယ္အိုးတခုတြင္ဆီထည့္ၿပီးေၾကာ္ပါအၾကာႀကီးမေၾကာ္ရပါ။ပူလွ်င္ထုတ္ယူၿပီးအိုးတခုတြင္ဖုံးအုပ္ထားပါ။
ပန္းေသးေခါက္ဆြဲျပင္နည္း
******************
ေခါက္ဆြဲေၾကာ္ၿပီးသားကိုပန္းကန္တြင္ထည့့္ၿပီးဟင္းရည္နွင့့္ၾကက္သားတို႔ကိုေခါက္ဆြဲေပၚတြင္ဆမ္းကာေဂၚဖီ၊ ၾကက္သြန္၊ ေရွာက္သီး ၊ငရုပ္သီးမႈန္႔ တို႔ျဖင့္တြဲဖက္ကာသံုးေဆာင္ႏိုင္ပါၿပီ ။
ပန္းေသးေခါက္ဆြဲျပဳတ္စားလိုပါကေခါက္ဆြဲကိုပဲငံျပာရည္အေရာင္မထည့္ဘဲဟင္းရည္ပူပူေလာင္းထည့္ကာေဂၚဖီ၊ေရွာက္သီးတို႔ျဖင့္တြဲဖက္သံုးေဆာင္ႏိုင္ပါၿပီ ။
.....................
Sofia

No comments: