Sunday, July 26, 2020

လေးစားမှုဆိုတာ တမင်လုပ်ယူလို့ မရပါ

လေးစားမှုဆိုတာ တမင်လုပ်ယူလို့ မရပါ



လုပ်ငန်းခွင်မှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက် အာဏာပါဝါတွေ ပြပြီး အကြောင်းသိအောင် လုပ်ပြလိုက်မယ် ဆိုတဲ့သူတွေ ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ အဲဒီလိုလုပ်လိုက်ရတဲ့ ခဏမှာတော့ သူတို့ကျေနပ်ကောင်း ကျေနပ်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးကောင်းလည်း ကြီးနေပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း တွေးကြည့်ရင် နစ်နာသွားရတဲ့သူက တခြားလူမဟုတ်ပါဘူး၊ အဲဒီလို အာဏာပါဝါ ပြလိုက်တဲ့သူ ကိုယ်တိုင်ပဲ ဖြစ်နေပါတယ်။

သေချာစဉ်းစားကြည့်ပါ၊ တကယ်တမ်းကျတော့

၁။ အဲဒီလုပ်ရပ်ဟာ မိမိကိုယ်မိမိ လေးစားမှု မရှိကြောင်း ပြသလိုက်တာပါ

Maslow’s hierarchy of needs ဆိုတာ ရှိပါတယ်။ စား၀တ်နေရေး အခြေခံလိုအပ်ချက်၊ ဘေးကင်းလုံခြုံမှု၊ ချစ်ခင်ကြင်နာမှုတို့ပြီးရင် စတုတ္ထမြောက် လူတွေလိုအပ်တဲ့အရာက လေးစားမှုပါ။ အဲဒီမှာမှ ကိုယ့်ကိုယ်ကိုယ်လေးစားမှုက အရေးကြီးဆုံးလို့ မြင်ပါတယ်။ အဲဒီလေးစားမှုမျိုး မြင့်မြင့်မားမား ရှိနေတဲ့သူက တခြားသူ ကိုယ့်ကို ဘယ်လိုထင်မြင်သလဲ အထူးအထွေ ဂရုစိုက်မနေတော့ပါဘူး။ ကိုယ့်ပန်းတိုင်ပဲ ကိုယ်အာရုံစိုက်ပြီး ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်နေတတ်ပါတယ်။

အဲဒါ ပျောက်ဆုံးနေတဲ့ သူကတော့ သူများဆီက လေးစားမှုကို အတင်း မရမက ရှာဖွေပါတော့တယ်။ Deficiency needs တစ်ခုလည်းဖြစ်တော့ မရဘူးဆိုရင် စိတ်က ခက်ထန်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတတ်ပါတယ်။

၂။ အဲဒီလုပ်ရပ်ဟာ ကိုယ်ပရော်ဖက်ရှင်နယ် မပီသကြောင်း ပြသလိုက်တာပါ

ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ များလာသလို တစ်ဖက်မှာလည်း ပြိုင်ရဆိုင်ရတာတွေက ပိုပြီး ပြင်းထန်လာပါတယ်။ ဒီအတွက် ကျွန်တော်တို့ အသင့်ဖြစ်ပြီလား။ မဖြစ်သေးဘူးဆိုရင် အဲဒီ မဖြစ်သေးတဲ့ အရာတွေထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ “ပရော်ဖက်ရှင်နယ်မပီသခြင်း”ပါပဲ။

လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေ ရှေ့တန်းတင်တယ်။ အဖွဲ့အစည်း အောင်မြင်ဖို့ထက် ကိုယ် ပါဝါရှိဖို့ကို ပိုဦးစားပေးနေတယ်။ အလုပ်ကို စည်းမျဉ်းစည်းကမ်းပေါ် အခြေမခံဘဲ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအပေါ် မူတည်ပြီး ဈလုပ်ကြတယ်။ ရင်းနှီးရင် တမျိုး၊ မရင်းနှီးရင် တမျိုး။ အလုပ်မှာတော်ဖို့ထက် အထက်လူကြီးနဲ့ အဆင်ပြေဖို့ကို အရင်ကြိုးစားနေရတယ်။ ဒါဟာ မြန်မာလုပ်သားတွေ၊ မြန်မာအဖွဲ့အစည်းတွေ ပြင်ဖို့ လိုအပ်နေတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။

၃။ အဲဒီလုပ်ရပ်ဟာ ကိုယ့်အဆင့်အတန်းကို ဖော်ပြလိုက်တာပါ

လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက်နိမ့်တဲ့ သူတွေအပေါ် သူ ဘယ်လိုဆက်ဆံသလဲ ဆိုတာကို ကြည့်ရပါတယ်။ လူတွေဟာ ကိုယ့်အထက်အရာရှိရှေ့မှာတော့ ပြုံးရွှင်ချိုသာနေကြတတ်တယ်။ ဒါကို ကြည့်ပြီး ဒီလူ သိပ်ယဉ်ကျေးတာပဲ၊ သိပ်အဆင့်အတန်းရှိတာပဲ သတ်မှတ်လို့ မရပါဘူး။ အဲဒီမျက်နှာဖုံးတွေဟာ ကိုယ့်ထက် နိမ့်ပါးတဲ့သူရှေ့ကို ရောက်တဲ့အခါမှာတော့ ကွာကျကုန်ပါတယ်။ ကိုယ့်ထက် ရာထူးအားဖြင့်၊ လုပ်ပိုင်ခွင့်အားဖြင့်၊ ၀င်ငွေအားဖြင့် နိမ့်နေတဲ့သူတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာကမှ သူ့အဆင့်အတန်းကို ဖော်ပြနေတာပါ။ ကိုယ့်ကို ဘာမှပြန်ခံမပြောနိုင်တဲ့သူကို ပြစ်တင်မာန်မဲနေတာဟာ တကယ်တော့ ကြည့်လို့လည်း မကောင်းသလို၊ ဂုဏ်ယူစရာလည်း မကောင်းပါဘူး။

၄။ အဲဒီလုပ်ရပ်ဟာ ကိုယ့်တက်လမ်းကို ကိုယ်ပိတ်ပစ်လိုက်တာပါ

လူဟာ ပညာတစ်ခုတည်း တော်နေလို့မရပါဘူး။ ပညာရှင်အနေနဲ့တော့ အမည်ခံလို့ ရပေမဲ့ ဘ၀မှာ အောင်မြင်တဲ့သူတစ်ယောက်တော့ ဖြစ်လာဖို့ မလွယ်ပါဘူး။ ဒီနေ့ခေတ်မှာ IQ ထက် EQ ကို ပိုဇောင်းပေးပြောလာကြပါပြီ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း၊ စိတ်ဓါတ်တက်ကြွမှု၊ လူမှုဆက်ဆံရေး၊ ကိုယ်ချင်းစာတရား၊ ဒါတွေ ဘယ်လောက်အားကောင်းသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အောင်မြင်သူလား ရှုံးနိမ့်သူလားဆိုတာ အဖြေထွက်လာတာပါ။ ဒါကြောင့် လုပ်ငန်းခွင်မှာ မိမိရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး၊ လူမှုဆက်ဆံရေး ညံ့ဖျင်းမယ်၊ ကိုယ်ချင်းစာစိတ် မထားဘဲ အလုပ်လုပ်မယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း မဆန်းစစ်မိဘဲ ဆက်ကာဆက်ကာ လုပ်နေမယ်ဆိုရင်တော့ အဲဒါဟာ ကိုယ့်တက်လမ်း ကိုယ်ပိတ်ပစ်တာနဲ့ အတူတူပါပဲ။

၅။ အဲဒီလုပ်ရပ်ဟာ ကိုယ်အမြင်ကျဉ်းတာကို သွယ်ဝိုက်သောနည်းနဲ့ ၀န်ခံလိုက်တာပါ

ဒီနိုင်ငံထဲက ဒီအဖွဲ့အစည်း၊ ဒီလောက သေးသေးလေးထဲမှာ ကိုယ်က အကောင်ကြီး ဖြစ်နေဦးတော့၊ ကမ္ဘာနဲ့ယှဉ်လိုက်ရင် ကိုယ်လည်း ဘာမှမဟုတ်တော့ပါဘူး။ ရထားတဲ့ နေရာလေးတစ်ခုအတွက် မာန်မာနတွေ ထောင်လွှားပြီး အာဏာပါဝါ ပြနေမဲ့အစား ကိုယ့် career မှာ မြင့်သထက် မြင့်လာအောင် အပေါ် ထပ်တက်နိုင်ဖို့အတွက် ကြိုးစားကြမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။

၆။ အဲဒီလုပ်ရပ်ဟာ တချိန် ကိုယ့်ဆီ ပြန်ရောက်လာမှာ ဖြစ်ပါတယ်

ဗုဒ္ဓဘာသာ၀င်တွေဟာ ကံကံ၏အကျိုးကို ယုံကြည်ကြပါတယ်။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာပါလိမ့်မယ်။ ကိုယ့်ကြောင့် လူတစ်ဖက်သား အပြစ်တစ်စုံတစ်ရာ မလုပ်ဘဲ မျက်ရည်ကျနေရမယ်၊ စိတ်ဆင်းရဲနေရမယ်၊ နောက်ဆုံး ဆက်မလုပ်နိုင်တော့လို့ အလုပ်ပါ ထွက်သွားရတယ်ဆိုရင် တစ်နေ့ ကိုယ်တိုင်လည်း အဲဒီလိုမျိုး မလွဲမသွေ ပြန်ကြုံတွေ့ရမှာပါ။ ဆင်ခြင်နိုင်ကြဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၂၅.၁၁.၂၀၁၅

(Zawgyi) 


ေလးစားမႈဆိုတာ တမင္လုပ္ယူလို႔ မရပါ


လုပ္ငန္းခြင္မွာ ဘာမဟုတ္တဲ့ ကိစၥေလးေတြအတြက္ အာဏာပါဝါေတြ ျပၿပီး အေၾကာင္းသိေအာင္ လုပ္ျပလိုက္မယ္ ဆိုတဲ့သူေတြ ၾကဳံဖူး၊ ေတြ႕ဖူးၾကမွာပါ။ အဲဒီလိုလုပ္လိုက္ရတဲ့ ခဏမွာေတာ့ သူတို႔ေက်နပ္ေကာင္း ေက်နပ္သြားပါလိမ့္မယ္။ ကိုယ့္ကိုယ္ကို အထင္ႀကီးေကာင္းလည္း ႀကီးေနပါလိမ့္မယ္။ ဒါေပမဲ့ တကယ္တမ္း ေတြးၾကည့္ရင္ နစ္နာသြားရတဲ့သူက တျခားလူမဟုတ္ပါဘူး၊ အဲဒီလို အာဏာပါဝါ ျပလိုက္တဲ့သူ ကိုယ္တိုင္ပဲ ျဖစ္ေနပါတယ္။

ေသခ်ာစဥ္းစားၾကည့္ပါ၊ တကယ္တမ္းက်ေတာ့

၁။ အဲဒီလုပ္ရပ္ဟာ မိမိကိုယ္မိမိ ေလးစားမႈ မရွိေၾကာင္း ျပသလိုက္တာပါ

Maslow’s hierarchy of needs ဆိုတာ ရွိပါတယ္။ စား၀တ္ေနေရး အေျခခံလိုအပ္ခ်က္၊ ေဘးကင္းလုံျခဳံမႈ၊ ခ်စ္ခင္ၾကင္နာမႈတို႔ၿပီးရင္ စတုတၳေျမာက္ လူေတြလိုအပ္တဲ့အရာက ေလးစားမႈပါ။ အဲဒီမွာမွ ကိုယ့္ကိုယ္ကိုယ္ေလးစားမႈက အေရးႀကီးဆုံးလို႔ ျမင္ပါတယ္။ အဲဒီေလးစားမႈမ်ိဳး ျမင့္ျမင့္မားမား ရွိေနတဲ့သူက တျခားသူ ကိုယ့္ကို ဘယ္လိုထင္ျမင္သလဲ အထူးအေထြ ဂ႐ုစိုက္မေနေတာ့ပါဘူး။ ကိုယ့္ပန္းတိုင္ပဲ ကိုယ္အာ႐ုံစိုက္ၿပီး ကိုယ္လုပ္စရာရွိတာ ကိုယ္လုပ္ေနတတ္ပါတယ္။

အဲဒါ ေပ်ာက္ဆုံးေနတဲ့ သူကေတာ့ သူမ်ားဆီက ေလးစားမႈကို အတင္း မရမက ရွာေဖြပါေတာ့တယ္။ Deficiency needs တစ္ခုလည္းျဖစ္ေတာ့ မရဘူးဆိုရင္ စိတ္က ခက္ထန္လာတယ္၊ စိတ္ဖိစီးမႈေတြ မ်ားလာတတ္ပါတယ္။

၂။ အဲဒီလုပ္ရပ္ဟာ ကိုယ္ပေရာ္ဖက္ရွင္နယ္ မပီသေၾကာင္း ျပသလိုက္တာပါ

ဒီေန႔ေခတ္မွာ အခြင့္အလမ္းေတြ မ်ားလာသလို တစ္ဖက္မွာလည္း ၿပိဳင္ရဆိုင္ရတာေတြက ပိုၿပီး ျပင္းထန္လာပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တို႔ အသင့္ျဖစ္ၿပီလား။ မျဖစ္ေသးဘူးဆိုရင္ အဲဒီ မျဖစ္ေသးတဲ့ အရာေတြထဲမွာ ထိပ္ဆုံးက ပါေနတာကေတာ့ “ပေရာ္ဖက္ရွင္နယ္မပီသျခင္း”ပါပဲ။

လုပ္ငန္းခြင္မွာ ကိုယ့္ရဲ့ ပုဂၢိဳလ္ေရးခံစားခ်က္ေတြ ေရွ႕တန္းတင္တယ္။ အဖြဲ႕အစည္း ေအာင္ျမင္ဖို႔ထက္ ကိုယ္ ပါဝါရွိဖို႔ကို ပိုဦးစားေပးေနတယ္။ အလုပ္ကို စည္းမ်ဥ္းစည္းကမ္းေပၚ အေျခမခံဘဲ ပုဂၢိဳလ္ေရး ရင္းႏွီးမႈအေပၚ မူတည္ၿပီး ဈလုပ္ၾကတယ္။ ရင္းႏွီးရင္ တမ်ိဳး၊ မရင္းႏွီးရင္ တမ်ိဳး။ အလုပ္မွာေတာ္ဖို႔ထက္ အထက္လူႀကီးနဲ႔ အဆင္ေျပဖို႔ကို အရင္ႀကိဳးစားေနရတယ္။ ဒါဟာ ျမန္မာလုပ္သားေတြ၊ ျမန္မာအဖြဲ႕အစည္းေတြ ျပင္ဖို႔ လိုအပ္ေနတဲ့ အခ်က္တစ္ခ်က္လည္း ျဖစ္ပါတယ္။

၃။ အဲဒီလုပ္ရပ္ဟာ ကိုယ့္အဆင့္အတန္းကို ေဖာ္ျပလိုက္တာပါ

လူတစ္ေယာက္ရဲ့ အဆင့္အတန္းကို သိခ်င္ရင္ သူ႔ထက္နိမ့္တဲ့ သူေတြအေပၚ သူ ဘယ္လိုဆက္ဆံသလဲ ဆိုတာကို ၾကည့္ရပါတယ္။ လူေတြဟာ ကိုယ့္အထက္အရာရွိေရွ႕မွာေတာ့ ျပဳံးရႊင္ခ်ိဳသာေနၾကတတ္တယ္။ ဒါကို ၾကည့္ၿပီး ဒီလူ သိပ္ယဥ္ေက်းတာပဲ၊ သိပ္အဆင့္အတန္းရွိတာပဲ သတ္မွတ္လို႔ မရပါဘူး။ အဲဒီမ်က္ႏွာဖုံးေတြဟာ ကိုယ့္ထက္ နိမ့္ပါးတဲ့သူေရွ႕ကို ေရာက္တဲ့အခါမွာေတာ့ ကြာက်ကုန္ပါတယ္။ ကိုယ့္ထက္ ရာထူးအားျဖင့္၊ လုပ္ပိုင္ခြင့္အားျဖင့္၊ ၀င္ေငြအားျဖင့္ နိမ့္ေနတဲ့သူေတြကို ဘယ္လိုဆက္ဆံသလဲဆိုတာကမွ သူ႔အဆင့္အတန္းကို ေဖာ္ျပေနတာပါ။ ကိုယ့္ကို ဘာမွျပန္ခံမေျပာနိုင္တဲ့သူကို ျပစ္တင္မာန္မဲေနတာဟာ တကယ္ေတာ့ ၾကည့္လို႔လည္း မေကာင္းသလို၊ ဂုဏ္ယူစရာလည္း မေကာင္းပါဘူး။

၄။ အဲဒီလုပ္ရပ္ဟာ ကိုယ့္တက္လမ္းကို ကိုယ္ပိတ္ပစ္လိုက္တာပါ

လူဟာ ပညာတစ္ခုတည္း ေတာ္ေနလို႔မရပါဘူး။ ပညာရွင္အေနနဲ႔ေတာ့ အမည္ခံလို႔ ရေပမဲ့ ဘ၀မွာ ေအာင္ျမင္တဲ့သူတစ္ေယာက္ေတာ့ ျဖစ္လာဖို႔ မလြယ္ပါဘူး။ ဒီေန႔ေခတ္မွာ IQ ထက္ EQ ကို ပိုေဇာင္းေပးေျပာလာၾကပါၿပီ။ ကိုယ့္ကိုယ္ကိုယ္ ဆန္းစစ္နိုင္ျခင္း၊ ထိန္းခ်ဳပ္နိုင္ျခင္း၊ စိတ္ဓါတ္တက္ႂကြမႈ၊ လူမႈဆက္ဆံေရး၊ ကိုယ္ခ်င္းစာတရား၊ ဒါေတြ ဘယ္ေလာက္အားေကာင္းသလဲ ဆိုတဲ့အေပၚ မူတည္ၿပီး ေအာင္ျမင္သူလား ရႈံးနိမ့္သူလားဆိုတာ အေျဖထြက္လာတာပါ။ ဒါေၾကာင့္ လုပ္ငန္းခြင္မွာ မိမိရဲ့ စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္နိုင္ဘူး၊ လူမႈဆက္ဆံေရး ညံ့ဖ်င္းမယ္၊ ကိုယ္ခ်င္းစာစိတ္ မထားဘဲ အလုပ္လုပ္မယ္၊ ကိုယ့္ကိုယ္ကိုယ္လည္း မဆန္းစစ္မိဘဲ ဆက္ကာဆက္ကာ လုပ္ေနမယ္ဆိုရင္ေတာ့ အဲဒါဟာ ကိုယ့္တက္လမ္း ကိုယ္ပိတ္ပစ္တာနဲ႔ အတူတူပါပဲ။

၅။ အဲဒီလုပ္ရပ္ဟာ ကိုယ္အျမင္က်ဥ္းတာကို သြယ္ဝိုက္ေသာနည္းနဲ႔ ၀န္ခံလိုက္တာပါ

ဒီနိုင္ငံထဲက ဒီအဖြဲ႕အစည္း၊ ဒီေလာက ေသးေသးေလးထဲမွာ ကိုယ္က အေကာင္ႀကီး ျဖစ္ေနဦးေတာ့၊ ကမၻာနဲ႔ယွဥ္လိုက္ရင္ ကိုယ္လည္း ဘာမွမဟုတ္ေတာ့ပါဘူး။ ရထားတဲ့ ေနရာေလးတစ္ခုအတြက္ မာန္မာနေတြ ေထာင္လႊားၿပီး အာဏာပါဝါ ျပေနမဲ့အစား ကိုယ့္ career မွာ ျမင့္သထက္ ျမင့္လာေအာင္ အေပၚ ထပ္တက္နိုင္ဖို႔အတြက္ ႀကိဳးစားၾကမယ္ဆိုရင္ ပိုေကာင္းပါလိမ့္မယ္။

၆။ အဲဒီလုပ္ရပ္ဟာ တခ်ိန္ ကိုယ့္ဆီ ျပန္ေရာက္လာမွာ ျဖစ္ပါတယ္

ဗုဒၶဘာသာ၀င္ေတြဟာ ကံကံ၏အက်ိဳးကို ယုံၾကည္ၾကပါတယ္။ ကိုယ္ျပဳသည့္ကံ ပဲ့တင္သံ ကိုယ့္ထံ ျပန္လာပါလိမ့္မယ္။ ကိုယ့္ေၾကာင့္ လူတစ္ဖက္သား အျပစ္တစ္စုံတစ္ရာ မလုပ္ဘဲ မ်က္ရည္က်ေနရမယ္၊ စိတ္ဆင္းရဲေနရမယ္၊ ေနာက္ဆုံး ဆက္မလုပ္နိုင္ေတာ့လို႔ အလုပ္ပါ ထြက္သြားရတယ္ဆိုရင္ တစ္ေန႔ ကိုယ္တိုင္လည္း အဲဒီလိုမ်ိဳး မလြဲမေသြ ျပန္ၾကဳံေတြ႕ရမွာပါ။ ဆင္ျခင္နိုင္ၾကဖို႔ လိုပါတယ္။

ေဒါက္တာ ၿဖိဳးသီဟ

၂၅.၁၁.၂၀၁၅

No comments: