စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးဝတ်စုံ
PPE ဆိုတဲ့ စကားလုံးကိုတော့ အခု COVID-19 ကာလမှာ တော်တော်များများ ကြားဖူးလိုက်ကြမယ်လို့ ထင်ပါတယ်။ Personal Protective Equipment လို့ ခေါ်တဲ့ တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံပါ။ ကျန်းမာရေးဝန်ထမ်းတွေ COVID လူနာကို ပြုစုကုသတဲ့အခါ သူ့ဆီက ဗိုင်းရပ်စ် ကိုယ့်ဆီ မရောက်အောင် ကာကွယ်ဖို့ ဝတ်ရတဲ့ ဝတ်စုံ ဖြစ်ပါတယ်။ ဒါကို အစွဲပြုပြီး နောက်ထပ် ခေတ်စားလာတဲ့ စကားလုံးတစ်လုံး ရှိလာပါတယ်။ အဲဒါကတော့ Emotional PPE ဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ ဆိုပေမဲ့ အချိန်ကြာလာတဲ့အခါ၊ ဘယ်တော့ ပြီးမယ်မှန်းလည်း မသိတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်လာပါတယ်။ အလုပ်တွေ ဘယ်လိုဖြစ်ကုန်မလဲ၊ ပြုတ်သွားမလား၊ လစာလျှော့ခံရမလား၊ လုပ်ငန်းရှင်တွေဆိုလည်း ဆက်လက်ရပ်တည်ဖို့ ဘာတွေ ပြင်ဆင်ရမလဲ အစရှိသဖြင့် စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ရှိလာပါတယ်။
အိမ်မှာပဲ အနေများလာတော့ အင်တာနက်ကို ပိုသုံးဖြစ်လာတယ်။ အထူးသဖြင့်တော့ ဆိုရှယ်မီဒီယာပေါ့။ ပိုပြီး သုံးဖြစ်တယ်။ သတင်းအချက်အလက်တွေ ပိုရယူဖြစ်တယ်။ တစ်ဖက်မှာလည်း သတင်းအချက်အလက်တွေ များလွန်းခြင်း၊ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်တဲ့ လူတွေရဲ့ အမြင်အမျိုးမျိုး၊ ဆဲဆိုသံတွေ၊ အပြစ်တင်သံတွေ၊ ကဲ့ရဲ့သံတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေကို မြင်နေ၊ တွေ့နေရခြင်းကလည်း ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာပြန်ပါတယ်။
တကယ်တော့ COVID-19 ကြောင့်မှ မဟုတ်ပါဘူး။ နဂိုကတည်းကလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက အနည်းနဲ့အများဆိုသလို ကျွန်တော်တို့ဆီမှာ ရှိတတ်ကြပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ့်အမှားကြောင့် မဟုတ်တာကို အထက်လူကြီးက အပြစ်တင်လိုက်လို့၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အမြင်မတူကြလို့၊ နောက်ကွယ်မှာ ကဲ့ရဲ့ကြလို့၊ မိသားစုဝင်တွေနဲ့ အဆင်မပြေကြလို့၊ ချစ်သူက ဂရုမစိုက်လို့၊ Customer နဲ့ ပြဿနာတက်လို့ စတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ စိတ်ထိခိုက်ရတယ်။ စိတ်ညစ်ရတယ်။ စိတ်ဖိစီးနေကြရပါတယ်။
နဂိုက ပျော်နေတဲ့ စိတ်ကလေး၊ ကြည်နေတဲ့ စိတ်ကလေးက သူတို့ရဲ့ လုပ်ရပ်၊ သူတို့ရဲ့ အပြောအဆို၊ သူတို့ရဲ့ အကြည့်တစ်ချက်ကြောင့် ညစ်ညူးသွားရတယ်။ ဒါဟာ တစ်နည်းအားဖြင့် သူတို့ဆီက အနှုတ်လက္ခဏာ ဆောင်တဲ့ စိတ်ခံစားချက်တွေ ကိုယ့်ဆီ ကူးစက်သွားတာပါပဲ။
COVID-19 ဗိုင်းရပ်စ်ကို အပြီးအပိုင် သတ်ပစ်ဖို့ မလွယ်သလိုပဲ၊ ဒီလူတွေရဲ့ Negativity တွေကို ကိုယ့်အနေနဲ့ မဖယ်ရှားနိုင်ပါဘူး။ ကိုယ် လုပ်လို့ ရတာက အဲဒီစိတ်ခံစားချက်တွေ ကိုယ့်ဆီ ရောက်မလာအောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
အဲဒီအတွက် အရေးကြီးဆုံးကတော့ Self-awareness လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် သိခြင်းပါ။ ဒေါသထွက်စရာ တခုခု တွေ့လိုက်တယ်ဆိုပါစို့။ လူပဲဟာ။ ဒေါသထွက်တာပေါ့။ ဒါပေမဲ့ အဲဒီစိတ်ကို သိလိုက်။ မြင်အောင် ကြည့်လိုက်။ ဒါဆို ဆက်ပြီး ဒေါသမဖြစ်အောင် ထိန်းနိုင်သွားပါလိမ့်မယ်။ တစ်နည်းအားဖြင့်တော့ Emotional PPE ဝတ်လိုက်ခြင်းပဲပေါ့။
တကယ်တော့ လူတစ်ယောက် ပျော်ရွှင်ဖို့မှာ အဲ့ဒီ Self-awareness က သိပ်အရေးကြီးပါတယ်။ EQ ဆိုတဲ့ စိတ်ခံစားချက်တွေကို သိနားလည် ထိန်းချုပ်နိုင်စွမ်းမှာလည်း ဒီ Self-awareness က အခြေခံအကျဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် သိမှ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တာ။ စိတ်တွေတို၊ ဒေါသတွေ ပေါက်ကွဲနေသူဟာ သူတစ်ပါးဘက်က ဖြည့်တွေးပေး၊ ကိုယ်ချင်းစာပေးဖို့ရာလည်း မလွယ်ဘူး။ နောက်ပိုင်း စိတ်နည်းနည်းငြိမ်သွားမှ သြော် သူလည်း ဒါကြောင့် ဒီလိုလုပ်မိလိုက်တာ နေမယ် ဆိုပြီး တွေးလာနိုင်တာ။ ပေါက်ကွဲနေချိန် တွေးမိဖို့ မပြောနဲ့၊ ဘယ်သူ ဘာလာပြောပြော နားကိုမဝင်ဘူး။
EQ ဆိုတာက Skill ဖြစ်တယ်။ ဆိုလိုတာက လေ့ကျင့်ပျိုးထောင်လို့ ရတယ်။ လူတွေက ကျွန်တော့်ကို ထင်တယ်၊ ဆရာဖြိုးက ဒေါသမထွက်တတ်ဘူးတဲ့။ အဲ့လိုလူတွေကို ကျွန်တော် မောင်းနေတဲ့ကားလေး တစ်ခေါက်လောက် လိုက်စီးစေချင်တယ်။ သိသွားမယ်၊ ဘယ်လောက်ဆဲဆိုနေတယ် ဆိုတာကို။ တကယ်တော့ ကျွန်တော်က ဒေါသမထွက်တတ်တာ မဟုတ်ဘူး။ ဒေါသထွက်မှန်း မြန်မြန်သိ၊ မြန်မြန်ထိန်းလိုက်နိုင်တဲ့အတွက် ဒေါသထွက်မှန်း လူမသိတော့တာသာ ဖြစ်ပါတယ်။
အဲ့လို Self-awareness တက်ဖို့ကတော့ စာလေး ဖတ်လိုက်ရုံနဲ့တော့ မရပါဘူး။ လေ့ကျင့်မှ ရပါလိမ့်မယ်။ ဒီပို့စ်မှာ ပေးချင်တဲ့ အကြံပြုချက်တွေကတော့
၁။ တရားထိုင်ပါ။ ခက်မယ်ဆိုတာ နားလည်တယ်။ တအားပေါက်ကွဲလွယ်တဲ့သူဆိုရင်တော့ ကြိုးစားလုပ်ကြည့်ပါ။
၂။ ကိုယ်ပေါက်ကွဲမိလိုက်လို့၊ စိတ်မထိန်းနိုင်လိုက်လို့ ပြဿနာသေးသေးလေးကနေ အကြီးကြီး ဖြစ်သွားခဲ့ဖူးတာတွေ ရှိရင် အဲ့ဒါကို အမြဲတွေးနေပါ။ (ဥပမာ စိတ်ကောက်ပြေချင်နေပြီ ဖြစ်တဲ့ ရည်းစားကို စိတ်တိုမိသွားလို့ တစ်ခွန်းလေး လွှတ်ခနဲ ပြောမိလိုက်တာက နောက် ၃ ရက်လောက် ထပ်ချော့လိုက်ရတာမျိုး၊ ကားပါကင် လုရာကနေ ဆဲကြဆိုကြပြီး အလုပ်တွေ ပျက်ကုန်တာမျိုး)
၃။ ဘေးကနေ ပြောပေးနိုင်မယ့်လူ ရှာထားပါ။ ဒေါသထွက်ပြီဆို ထွက်နေမှန်း သတိပေးမယ့်လူပေါ့။
Self-awareness အပြင် ကျွန်တော်တို့ရဲ့ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတာတွေကိုလည်း ပြင်ဆင်ဖို့ လိုပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ ကိုယ်အမြဲတမ်းလုပ်နေတဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်ပါပဲ။ ဒါကြောင့် စိတ်ခံစားချက်တွေ ကောင်းမွန်ချင်တယ်ဆို ကိုယ် တစ်နေ့ တစ်နေ့ လုပ်နေတဲ့အရာတွေကို သတိထားဖို့ လိုမယ်။
ဥပမာ ဆိုရှယ်မီဒီယာ သိပ်သုံးလွန်းခြင်းက သူတစ်ပါးရဲ့ Negativity တွေ၊ အဆိပ်အတောက်တွေ ကိုယ့်ဆီ ကူးစက်ဖို့ သိပ်လွယ်စေပါတယ်။ မသုံးရဘူးလည်း မဟုတ်ပါဘူး။ သတိထား သုံးပါ။ တတ်နိုင်သလောက် အချိန်လျှော့ သုံးပါ။ ဖြစ်နိုင်ရင် တစ်ဖက်သတ်ဆန်သူတွေ၊ အပြန်အလှန် လေးစားမှု မထားနိုင်သူတွေ၊ အကောင့်တုတွေနဲ့ အငြင်းအခုန် မလုပ်ပါနဲ့။ စိတ်ပင်ပန်းပြီး အချိန်တွေ အလဟဿ ကုန်ရပါလိမ့်မယ်။
Online ကို လျှော့ပြီး Offline activity တွေ များများလုပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ ဝါသနာ ပါတာတွေ လုပ်ပါ။ ရသစာပေ များများဖတ်ပါ။ မိသားစုကို အချိန်ပိုပေးပါ။ အဲ့လို စိတ်ပေါ့ပါးပျော်ရွှင်နေသူက မကောင်းတဲ့ ခံစားချက်တွေ ဝင်မလာအောင် ပိုပြီး ထိန်းနိုင်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ဥပေက္ခာ ထားနိုင်ဖို့ပါ။ ဘယ်လောက်ကောင်းအောင် နေနေ၊ လူတိုင်းဆီက အကောင်းမြင်ခံရဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါ ကမ္ဘာပေါ်က ဘယ်သူ့အတွက်မဆို အတူတူပါပဲ။ မက်ဆီမှာလည်း မုန်းတဲ့သူ ရှိပါတယ်။ အမေရိကန် သမ္မတဟောင်း အိုဘာမားကိုလည်း မကြိုက်တဲ့သူ ရှိပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါကြောင့် လူတိုင်းဆီကနေ ကိုယ့်ကို အကောင်းပြောဖို့ မမျှော်လင့်ပါနဲ့။ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အဓိကက ကိုယ်လုပ်စရာ ရှိတာ လုပ်ဖို့ပါ။ ဝေဖန်သံတွေကို နားထောင်ပါ။ ကိုယ် ပြင်စရာရှိရင် ပြင်ပါ။ မှားသွားရင် တောင်းပန်ပါ။ လျစ်လျူရှုသင့်တာကို ရှုပြီး ရှေ့ဆက်ပါ။
လူတွေ ပြောသမျှကိုသာ နားထောင်နေ၊ ထည့်စဉ်းစားနေမယ်၊ တခုခုလုပ်ခါနီးတိုင်း လူတွေ ဘာပြောမလဲ၊ ငါ့ကို ဘယ်လိုထင်ကြမလဲ စဉ်းစားနေမယ် ဆိုရင်တော့ ဘာမှကို လုပ်စရာ အချိန်ရှိတော့မှာ မဟုတ်ဘူး။ စိတ်ခံစားချက်တွေကလည်း ဘယ်လိုမှ ကောင်းမွန်နေနိုင်မယ် မဟုတ်ပါဘူး။ ဒါကြောင့် တစ်ပါးသူရဲ့ လုပ်ရပ်၊ အပြောအဆို၊ စိတ်အထင်တွေပေါ် မူတည်ပြီး ကိုယ့်ရဲ့ စိတ်ခံစားချက်က အတက်အကျ ဖြစ်နေသရွေ့ ပျော်ရွှင်ရတဲ့သူ ဖြစ်မလာနိုင်ဘူး ဆိုတာကို သိစေချင်ပါတယ်။
တကယ်တော့ ရောဂါပိုးတွေ မဝင်ဖို့ လူက ကိုယ်ခံအား ကောင်းရသလို၊ Healthy lifestyle ရှိရသလိုပဲ၊ စိတ်ကလည်း ကြံ့ခိုင်နေမယ်၊ နေ့စဉ် လုပ်ဆောင်တဲ့ အပြုအမူတွေကလည်း မှန်ကန်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေ ကူးစက်မခံရအောင် ကာကွယ်နိုင်ပါလိမ့်မယ်။ ဒီအတွက် Emotional PPE တွေ ဖြစ်တဲ့ Self-awareness တက်အောင် လုပ်ပါ။ နေ့စဉ် လူနေမှုပုံစံကို သတိထား ဆင်ခြင်ပါ။ ဥပေက္ခာတရားကို လက်ကိုင်ထားပါ။ ဒါဆို ၁၀၀ % မဟုတ်တောင် အတော်လေးကို နေရထိုင်ရ အဆင်ပြေသွားပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၈.၆.၂၀၂၀

(Zawgyi)
စိတ္ပိုင္းဆိုင္ရာ ကာကြယ္ေရးဝတ္စုံ
PPE ဆိုတဲ့ စကားလုံးကိုေတာ့ အခု COVID-19 ကာလမွာ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးလိုက္ၾကမယ္လို႔ ထင္ပါတယ္။ Personal Protective Equipment လို႔ ေခၚတဲ့ တစ္ကိုယ္ရည္ ကာကြယ္ေရးဝတ္စုံပါ။ က်န္းမာေရးဝန္ထမ္းေတြ COVID လူနာကို ျပဳစုကုသတဲ့အခါ သူ႔ဆီက ဗိုင္းရပ္စ္ ကိုယ့္ဆီ မေရာက္ေအာင္ ကာကြယ္ဖို႔ ဝတ္ရတဲ့ ဝတ္စုံ ျဖစ္ပါတယ္။ ဒါကို အစြဲျပဳၿပီး ေနာက္ထပ္ ေခတ္စားလာတဲ့ စကားလုံးတစ္လုံး ရွိလာပါတယ္။ အဲဒါကေတာ့ Emotional PPE ျဖစ္ပါတယ္။
ဒီဗိုင္းရပ္စ္က အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ျပႆနာ ဆိုေပမဲ့ အခ်ိန္ၾကာလာတဲ့အခါ၊ ဘယ္ေတာ့ ၿပီးမယ္မွန္းလည္း မသိတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔ရဲ့ စိတ္ပိုင္းဆိုင္ရာကိုလည္း ထိခိုက္လာပါတယ္။ အလုပ္ေတြ ဘယ္လိုျဖစ္ကုန္မလဲ၊ ျပဳတ္သြားမလား၊ လစာေလၽွာ့ခံရမလား၊ လုပ္ငန္းရွင္ေတြဆိုလည္း ဆက္လက္ရပ္တည္ဖို႔ ဘာေတြ ျပင္ဆင္ရမလဲ အစရွိသျဖင့္ စိုးရိမ္မႈေတြ၊ ပူပန္မႈေတြ ရွိလာပါတယ္။
အိမ္မွာပဲ အေနမ်ားလာေတာ့ အင္တာနက္ကို ပိုသုံးျဖစ္လာတယ္။ အထူးသျဖင့္ေတာ့ ဆိုရွယ္မီဒီယာေပါ့။ ပိုၿပီး သုံးျဖစ္တယ္။ သတင္းအခ်က္အလက္ေတြ ပိုရယူျဖစ္တယ္။ တစ္ဖက္မွာလည္း သတင္းအခ်က္အလက္ေတြ မ်ားလြန္းျခင္း၊ အေၾကာင္းအရာတစ္ခုနဲ႔ ပတ္သက္တဲ့ လူေတြရဲ့ အျမင္အမ်ိဳးမ်ိဳး၊ ဆဲဆိုသံေတြ၊ အျပစ္တင္သံေတြ၊ ကဲ့ရဲ့သံေတြ၊ ပုဂၢိဳလ္ေရး တိုက္ခိုက္တာေတြကို ျမင္ေန၊ ေတြ႕ေနရျခင္းကလည္း ကၽြန္ေတာ္တို႔ရဲ့ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္လာျပန္ပါတယ္။
တကယ္ေတာ့ COVID-19 ေၾကာင့္မွ မဟုတ္ပါဘူး။ နဂိုကတည္းကလည္း စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြက အနည္းနဲ႔အမ်ားဆိုသလို ကၽြန္ေတာ္တို႔ဆီမွာ ရွိတတ္ၾကပါတယ္။ လုပ္ငန္းခြင္မွာ ကိုယ့္အမွားေၾကာင့္ မဟုတ္တာကို အထက္လူႀကီးက အျပစ္တင္လိုက္လို႔၊ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း အျမင္မတူၾကလို႔၊ ေနာက္ကြယ္မွာ ကဲ့ရဲ့ၾကလို႔၊ မိသားစုဝင္ေတြနဲ႔ အဆင္မေျပၾကလို႔၊ ခ်စ္သူက ဂ႐ုမစိုက္လို႔၊ Customer နဲ႔ ျပႆနာတက္လို႔ စတဲ့ အေၾကာင္းျပခ်က္မ်ိဳးစုံနဲ႔ စိတ္ထိခိုက္ရတယ္။ စိတ္ညစ္ရတယ္။ စိတ္ဖိစီးေနၾကရပါတယ္။
နဂိုက ေပ်ာ္ေနတဲ့ စိတ္ကေလး၊ ၾကည္ေနတဲ့ စိတ္ကေလးက သူတို႔ရဲ့ လုပ္ရပ္၊ သူတို႔ရဲ့ အေျပာအဆို၊ သူတို႔ရဲ့ အၾကည့္တစ္ခ်က္ေၾကာင့္ ညစ္ညဴးသြားရတယ္။ ဒါဟာ တစ္နည္းအားျဖင့္ သူတို႔ဆီက အႏႈတ္လကၡဏာ ေဆာင္တဲ့ စိတ္ခံစားခ်က္ေတြ ကိုယ့္ဆီ ကူးစက္သြားတာပါပဲ။
COVID-19 ဗိုင္းရပ္စ္ကို အၿပီးအပိုင္ သတ္ပစ္ဖို႔ မလြယ္သလိုပဲ၊ ဒီလူေတြရဲ့ Negativity ေတြကို ကိုယ့္အေနနဲ႔ မဖယ္ရွားနိုင္ပါဘူး။ ကိုယ္ လုပ္လို႔ ရတာက အဲဒီစိတ္ခံစားခ်က္ေတြ ကိုယ့္ဆီ ေရာက္မလာေအာင္ ကာကြယ္ဖို႔ပဲ ျဖစ္ပါတယ္။
အဲဒီအတြက္ အေရးႀကီးဆုံးကေတာ့ Self-awareness လို႔ေခၚတဲ့ ကိုယ့္ကိုယ္ကိုယ္ သိျခင္းပါ။ ေဒါသထြက္စရာ တခုခု ေတြ႕လိုက္တယ္ဆိုပါစို႔။ လူပဲဟာ။ ေဒါသထြက္တာေပါ့။ ဒါေပမဲ့ အဲဒီစိတ္ကို သိလိုက္။ ျမင္ေအာင္ ၾကည့္လိုက္။ ဒါဆို ဆက္ၿပီး ေဒါသမျဖစ္ေအာင္ ထိန္းနိုင္သြားပါလိမ့္မယ္။ တစ္နည္းအားျဖင့္ေတာ့ Emotional PPE ဝတ္လိုက္ျခင္းပဲေပါ့။
တကယ္ေတာ့ လူတစ္ေယာက္ ေပ်ာ္ရႊင္ဖို႔မွာ အဲ့ဒီ Self-awareness က သိပ္အေရးႀကီးပါတယ္။ EQ ဆိုတဲ့ စိတ္ခံစားခ်က္ေတြကို သိနားလည္ ထိန္းခ်ဳပ္နိုင္စြမ္းမွာလည္း ဒီ Self-awareness က အေျခခံအက်ဆုံးပဲ။ ကိုယ့္ကိုယ္ကိုယ္ သိမွ ကိုယ့္ကိုယ္ကိုယ္ ထိန္းနိုင္တာ။ စိတ္ေတြတို၊ ေဒါသေတြ ေပါက္ကြဲေနသူဟာ သူတစ္ပါးဘက္က ျဖည့္ေတြးေပး၊ ကိုယ္ခ်င္းစာေပးဖို႔ရာလည္း မလြယ္ဘူး။ ေနာက္ပိုင္း စိတ္နည္းနည္းၿငိမ္သြားမွ ေၾသာ္ သူလည္း ဒါေၾကာင့္ ဒီလိုလုပ္မိလိုက္တာ ေနမယ္ ဆိုၿပီး ေတြးလာနိုင္တာ။ ေပါက္ကြဲေနခ်ိန္ ေတြးမိဖို႔ မေျပာနဲ႔၊ ဘယ္သူ ဘာလာေျပာေျပာ နားကိုမဝင္ဘူး။
EQ ဆိုတာက Skill ျဖစ္တယ္။ ဆိုလိုတာက ေလ့က်င့္ပ်ိဳးေထာင္လို႔ ရတယ္။ လူေတြက ကၽြန္ေတာ့္ကို ထင္တယ္၊ ဆရာၿဖိဳးက ေဒါသမထြက္တတ္ဘူးတဲ့။ အဲ့လိုလူေတြကို ကၽြန္ေတာ္ ေမာင္းေနတဲ့ကားေလး တစ္ေခါက္ေလာက္ လိုက္စီးေစခ်င္တယ္။ သိသြားမယ္၊ ဘယ္ေလာက္ဆဲဆိုေနတယ္ ဆိုတာကို။ တကယ္ေတာ့ ကၽြန္ေတာ္က ေဒါသမထြက္တတ္တာ မဟုတ္ဘူး။ ေဒါသထြက္မွန္း ျမန္ျမန္သိ၊ ျမန္ျမန္ထိန္းလိုက္နိုင္တဲ့အတြက္ ေဒါသထြက္မွန္း လူမသိေတာ့တာသာ ျဖစ္ပါတယ္။
အဲ့လို Self-awareness တက္ဖို႔ကေတာ့ စာေလး ဖတ္လိုက္႐ုံနဲ႔ေတာ့ မရပါဘူး။ ေလ့က်င့္မွ ရပါလိမ့္မယ္။ ဒီပို႔စ္မွာ ေပးခ်င္တဲ့ အႀကံျပဳခ်က္ေတြကေတာ့
၁။ တရားထိုင္ပါ။ ခက္မယ္ဆိုတာ နားလည္တယ္။ တအားေပါက္ကြဲလြယ္တဲ့သူဆိုရင္ေတာ့ ႀကိဳးစားလုပ္ၾကည့္ပါ။
၂။ ကိုယ္ေပါက္ကြဲမိလိုက္လို႔၊ စိတ္မထိန္းနိုင္လိုက္လို႔ ျပႆနာေသးေသးေလးကေန အႀကီးႀကီး ျဖစ္သြားခဲ့ဖူးတာေတြ ရွိရင္ အဲ့ဒါကို အျမဲေတြးေနပါ။ (ဥပမာ စိတ္ေကာက္ေျပခ်င္ေနၿပီ ျဖစ္တဲ့ ရည္းစားကို စိတ္တိုမိသြားလို႔ တစ္ခြန္းေလး လႊတ္ခနဲ ေျပာမိလိုက္တာက ေနာက္ ၃ ရက္ေလာက္ ထပ္ေခ်ာ့လိုက္ရတာမ်ိဳး၊ ကားပါကင္ လုရာကေန ဆဲၾကဆိုၾကၿပီး အလုပ္ေတြ ပ်က္ကုန္တာမ်ိဳး)
၃။ ေဘးကေန ေျပာေပးနိုင္မယ့္လူ ရွာထားပါ။ ေဒါသထြက္ၿပီဆို ထြက္ေနမွန္း သတိေပးမယ့္လူေပါ့။
Self-awareness အျပင္ ကၽြန္ေတာ္တို႔ရဲ့ ေန႔စဥ္နဲ႔အမၽွ လုပ္ေဆာင္ေနတာေတြကိုလည္း ျပင္ဆင္ဖို႔ လိုပါတယ္။ တကယ္ေတာ့ ေပ်ာ္ရႊင္မႈဆိုတာ ကိုယ္အျမဲတမ္းလုပ္ေနတဲ့ လုပ္ရပ္ေတြရဲ့ အက်ိဳးဆက္ပါပဲ။ ဒါေၾကာင့္ စိတ္ခံစားခ်က္ေတြ ေကာင္းမြန္ခ်င္တယ္ဆို ကိုယ္ တစ္ေန႔ တစ္ေန႔ လုပ္ေနတဲ့အရာေတြကို သတိထားဖို႔ လိုမယ္။
ဥပမာ ဆိုရွယ္မီဒီယာ သိပ္သုံးလြန္းျခင္းက သူတစ္ပါးရဲ့ Negativity ေတြ၊ အဆိပ္အေတာက္ေတြ ကိုယ့္ဆီ ကူးစက္ဖို႔ သိပ္လြယ္ေစပါတယ္။ မသုံးရဘူးလည္း မဟုတ္ပါဘူး။ သတိထား သုံးပါ။ တတ္နိုင္သေလာက္ အခ်ိန္ေလၽွာ့ သုံးပါ။ ျဖစ္နိုင္ရင္ တစ္ဖက္သတ္ဆန္သူေတြ၊ အျပန္အလွန္ ေလးစားမႈ မထားနိုင္သူေတြ၊ အေကာင့္တုေတြနဲ႔ အျငင္းအခုန္ မလုပ္ပါနဲ႔။ စိတ္ပင္ပန္းၿပီး အခ်ိန္ေတြ အလဟႆ ကုန္ရပါလိမ့္မယ္။
Online ကို ေလၽွာ့ၿပီး Offline activity ေတြ မ်ားမ်ားလုပ္ပါ။ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ပါ။ ဝါသနာ ပါတာေတြ လုပ္ပါ။ ရသစာေပ မ်ားမ်ားဖတ္ပါ။ မိသားစုကို အခ်ိန္ပိုေပးပါ။ အဲ့လို စိတ္ေပါ့ပါးေပ်ာ္ရႊင္ေနသူက မေကာင္းတဲ့ ခံစားခ်က္ေတြ ဝင္မလာေအာင္ ပိုၿပီး ထိန္းနိုင္ပါတယ္။
ေနာက္ဆုံးတစ္ခုကေတာ့ ဥေပကၡာ ထားနိုင္ဖို႔ပါ။ ဘယ္ေလာက္ေကာင္းေအာင္ ေနေန၊ လူတိုင္းဆီက အေကာင္းျမင္ခံရဖို႔ေတာ့ မျဖစ္နိုင္ပါဘူး။ ဒါ ကမၻာေပၚက ဘယ္သူ႔အတြက္မဆို အတူတူပါပဲ။ မက္ဆီမွာလည္း မုန္းတဲ့သူ ရွိပါတယ္။ အေမရိကန္ သမၼတေဟာင္း အိုဘာမားကိုလည္း မႀကိဳက္တဲ့သူ ရွိပါတယ္။ ကိုယ္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒါေၾကာင့္ လူတိုင္းဆီကေန ကိုယ့္ကို အေကာင္းေျပာဖို႔ မေမၽွာ္လင့္ပါနဲ႔။ ဘယ္ေတာ့မွ မျဖစ္နိုင္ပါဘူး။ အဓိကက ကိုယ္လုပ္စရာ ရွိတာ လုပ္ဖို႔ပါ။ ေဝဖန္သံေတြကို နားေထာင္ပါ။ ကိုယ္ ျပင္စရာရွိရင္ ျပင္ပါ။ မွားသြားရင္ ေတာင္းပန္ပါ။ လ်စ္လ်ဴရႈသင့္တာကို ရႈၿပီး ေရွ႕ဆက္ပါ။
လူေတြ ေျပာသမၽွကိုသာ နားေထာင္ေန၊ ထည့္စဥ္းစားေနမယ္၊ တခုခုလုပ္ခါနီးတိုင္း လူေတြ ဘာေျပာမလဲ၊ ငါ့ကို ဘယ္လိုထင္ၾကမလဲ စဥ္းစားေနမယ္ ဆိုရင္ေတာ့ ဘာမွကို လုပ္စရာ အခ်ိန္ရွိေတာ့မွာ မဟုတ္ဘူး။ စိတ္ခံစားခ်က္ေတြကလည္း ဘယ္လိုမွ ေကာင္းမြန္ေနနိုင္မယ္ မဟုတ္ပါဘူး။ ဒါေၾကာင့္ တစ္ပါးသူရဲ့ လုပ္ရပ္၊ အေျပာအဆို၊ စိတ္အထင္ေတြေပၚ မူတည္ၿပီး ကိုယ့္ရဲ့ စိတ္ခံစားခ်က္က အတက္အက် ျဖစ္ေနသေရြ႕ ေပ်ာ္ရႊင္ရတဲ့သူ ျဖစ္မလာနိုင္ဘူး ဆိုတာကို သိေစခ်င္ပါတယ္။
တကယ္ေတာ့ ေရာဂါပိုးေတြ မဝင္ဖို႔ လူက ကိုယ္ခံအား ေကာင္းရသလို၊ Healthy lifestyle ရွိရသလိုပဲ၊ စိတ္ကလည္း ႀကံ့ခိုင္ေနမယ္၊ ေန႔စဥ္ လုပ္ေဆာင္တဲ့ အျပဳအမူေတြကလည္း မွန္ကန္မယ္ဆိုရင္ ကိုယ့္ပတ္ဝန္းက်င္မွာ ရွိေနတဲ့ မေကာင္းတဲ့ စိတ္ခံစားခ်က္ေတြ ကူးစက္မခံရေအာင္ ကာကြယ္နိုင္ပါလိမ့္မယ္။ ဒီအတြက္ Emotional PPE ေတြ ျဖစ္တဲ့ Self-awareness တက္ေအာင္ လုပ္ပါ။ ေန႔စဥ္ လူေနမႈပုံစံကို သတိထား ဆင္ျခင္ပါ။ ဥေပကၡာတရားကို လက္ကိုင္ထားပါ။ ဒါဆို ၁၀၀ % မဟုတ္ေတာင္ အေတာ္ေလးကို ေနရထိုင္ရ အဆင္ေျပသြားပါလိမ့္မယ္။
ေဒါက္တာ ၿဖိဳးသီဟ

No comments:
Post a Comment