Thursday, July 30, 2020

နည္းမွန္လမ္းမွန္ျဖင့္ Personal Branding လုပ္ေဆာင္တက္ေစဖို့

🚦နည်းမှန်လမ်းမှန်ဖြင့်   Personal Branding  လုပ်ဆောင်တက်စေဖို့  🧑‍💼


🚨ယနေ့ခေတ်တွင် လူငယ်အများအပြားသည်  Personal Branding ကို fb ပေါ်တွင် အများအပြားသူ့နည်းသူ့ဟန် နဲ့သူ လုပ်ဆောင်လာကြသည်ကိုတွေ့ရပါသည်။ တစ်ခါတစ်ရံကြွားသလို ဖြစ်နေ တက်ပါသည်။ တစ်ခါတစ်ရံတွင် လူအများမျက်စိနောက်စရာဖြစ်လာပါသည်။

 🚦ယခုဆောင်းပါးမှာတော့  ကိုယ်ယုံကြည်ရာ ရည်ရွယ်ချက်နောက်သို့ လိုက်ရင်း နည်းမှန်လမ်းမှန်ဖြင့် Personal Branding ကို ဘယ်လို လုပ်ဆောင်မလဲဆိုတာကို ရေးသားဖော် ပြပေးမှာပဲဖြစ်ပါတယ်။
ကုမ္ပဏီများသည် သူတို့ brand ကောင်းမွန်ဖို့အတွက်၊ ပြိုင်ဖက်များထက်သာလွန်ဖို့အတွက်  ငွေကြေး အမြောက်အများ အကုန်အကျခံကာ တည်ဆောက်ကြရပါသည်။ ဘာကြောင့်လဲ ဆိုတော့ ထုတ်ကုန်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်လာပါက ဖောက်သည်များသည် ပြိုင်ဖက်များထက် သူတို့ကို အမြဲအမှတ်ရစေရန် ဖြစ်ပါသည်။

🥤Coca- Cola ဆိုသော အမည်ကိုကြားရပါက သင်ဘာကိုမြင်ရပါသလဲ၊ Coca Cola ကိုပြုလုပ်သူများသည် သူတို့၏ အမည်တစ်ခုကိုသာ အမှတ်ရစေဖို့မရည်ရွယ်ပါဘူး၊ သူတို့ရဲ့ ထူးခြားသော အရသာနှင့် လတ်ဆတ်မှု၊ ထုတ်ပိုးမှုပုံစံ(bottle)၊ အရောင်များနှင့် သူတို့၏ တံဆိပ်များကို မြင်ယောင်အောင် လုပ်ဆောင်နိုင်ကြပါသည်။
ကုမ္ပဏီများသည် ပြိုင်ဖက်များနှင့်မတူခြားနားသည်ဆိုသည်ကို ဖောက်သည်များ၏ ရင်ဖက်ထဲကို ရောက်စေရန် လုပ်ဆောင်ရာတွင် Branding သည် အရေးပါပါသည်။
ထို့ကြောင့် သင့်ကိုယ်သင် Product တစ်ခုလိုသတ်မှတ်ပြီး၊ သင့်Career ကို သင့် business (စီးပွားရေး) လို့ရှုမြင်ပါက Personal Branding သည် အရေးပါလာမည်ဖြစ်ပြီး၊ သင်အားစိုက် ကြိုးပမ်းနိင်ရင် နိုင်သလောက် Recruiter များ၊  Hiring Manager များနှင့် နယ်ပယ်တစ်ခုတွင် ကျွမ်းကျင်သူများအကြားထင်ရှားပေါ်လွင်လာမှာပဲဖြစ်ပါတယ်။

 🚦Personal  Branding နှင့် Product Branding တို၏ ယေဘုယျတူညီသော အချက်မှာ ရည်ရွယ်ချက်များကို ပေါက်မြောက်အောင်ပြုလုပ်ပြီး Market ထဲတွင် အများတကာနှင့် မတူညီအောင် ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။ (ကျော်ကျော်နန္ဒလိုမျိုးကိုမဆိုလိုပါ)၊ ဥပမာ သင့် ရည်မှန်းထားသော အလုပ်အကိုင်ကိုရရှိခြင်း (dream job)၊ သို့မဟုတ် ရာထူးတိုးစေရန် လုပ်ဆောင်ခြင်းကိုဆိုလိုပါသည်။ ထိုဖြစ်စဉ်ထဲတွင် သင့် brand ၏ သက်ရောက်မှုပုံစံ ဂုဏ်ရည်  (attributes)၊  သင့် brand ၏  Positioning နှင့် သင့်ပြိုင်ဖက်များထက်သာလွန်ကောင်းမွန်၊  မတူညီသော လုပ်ဆောင်မှုများနှင့် သင့်  branding ကို နေရာပေါင်းစုံမှ နေ၍ စီမံခန့်ခွဲရခြင်းများ စသည်တို့ပါပါသည်။

🚦သင့်Personal Branding ကို ဘယ်လိုစတင်တည်ဆောက်မလဲ🧑‍💼

ပုံသေနည်းများမရှိပါ၊ သို့ရာတွင် personal branding အတွက် မလုပ်ဆောင်မီအောက် ဖော်ပြပါ အိမ်စာများကိုမှန်မှန်လုပ်ဖို့တော့ လိုအပ်ပါသည်။

Step 1️⃣ Define your overall aspirations (သင့်ရဲ့ဖြစ်ချင်တာတွေအားလုံးကိုအဓိပ္ပါယ်သတ်မှတ်ပါ)
သင့်ရဲ့ ပန်းတိုင်နှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတိကျစေရန် အဓိပ္ပါယ်သတ်မှတ်ပါ၊ အဖွဲ့အစည်းတစ်ခုရဲ့ Project Manager ဖြစ်ရေးလား၊ ကုမ္ပဏီတစ်ခု၏ Sales Manager ဖြစ်ရေးလား၊ အဖွဲ့အစည်း တစ်ခု ၏ Marketing အလုပ်မှ  strategic planning  အလုပ်အကိုင် သို့ပြောင်းရေး လားဆိုတာတွေကို အေးအေးဆေးဆေး စဉ်းစားပြီး ကိုယ်ဘာတွေ လိုချင်တယ်၊ ဘာတွေဖြစ်ချင်တယ်ဆိုတာတွေကို ချရေးကာ၊ မိမိ၏ career ambition ကို အတိအကျသိရှိအောင် ပြုလုပ်ပါ။

Step 2️⃣ Learn from Other (အခြားသူများထံမှ လေ့လာပါ)
career ပိုင်းဆိုင်ရာရော branding ပိုင်းဆိုင်ရာပါ တိုးတက်သွားသူများကို စူးစမ်းရှာဖွေကာ ၊ သူတို့ ဘယ်နေရာကနေ ဘာတွေကို စတင်လုပ်ဆောင်ခဲ့တယ်၊ ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလေ့လာပါ။ သူတို့ရဲ့ အကျိုးအပစ် အကောင်း၊ အဆိုးတွေကိုရှာဖွေပါ။ ထို့နောက်  သင့်ရဲ့ကြီးမားသော ၊ သင့်ထက်သာသော သူတွေက ဘယ်သူတွေလဲ၊ ထိုသူများထံမှ လည်း သူတို့ အလုပ်ကို ဘယ်လိုလုပ်တယ်၊ brand  ကိုဘယ်လိုတည်ဆောက်တယ်ဆိုတာကို လေ့လာပါ။

Step 3️⃣ Determine your brand attributes (Brand တက်ခြင်းမှသည် သင်ဘာတွေ လုပ်ဆောင်မလဲ)
လုပ်ငန်းတွေသည် Brand တိုးတက်ခြင်းဆီမှသည် ဈေးကွက်ထိုးဖောက်ခြင်း၊  လုပ်ငန်းတိုးချဲ့ခြင်း၊ တစ်ခြားအဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်းခြင်းများလုပ်လေ့ရှိသလို၊ သင်သည်လည်း  Personal Branding တိုးတက်လာလျင် ရှေ့လျောက်ဘာတွေ ဆက်လုပ်မည် ဆိုတာကို အဓိပ္ပါယ်သတ်မှတ်ဖို့လိုအပ်ပါတယ်။

Step 4️⃣ Assess your current state (လက်ရှိအခြေအနေကို သုံးသပ်ခြင်း)
လက်ရှိတွင် သင့်အနေအထားသည် မည်သို့ရှိနေသည်။ ကိုယ်သွားမည့် career လမ်းကြောင်းအတွက် ဘာတွေကိုဖြည့်ဆည်းပြီး၊ ဘယ်နေရာသို့ရောက်နေသည်ဆိုတာကို ပြန်လည်သုံးသပ်ခြင်း။ လူများနှင့် စကားပြောသည့်အခါ (စကားကြုံပါက) သင့်အပေါ်ဘယ်လိုမြင်သည်ကိုမေးမြန်းပါ (ဥပမာ - သင့်အားသာချက်များ၊ အားနည်းချက်များအကြောင်း, အစရှိသဖြင့်)၊ စသည့်အချက်အလက်များကိုအသုံးပြုကာ သင့်  Personal Branding အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဖို့ အခွင့်အလမ်းအရှိစေမှာပဲဖြစ်ပါတယ်။ ထို့နောက် ယခု သင်လက်ရှိရောက်နေသော နေရာ နှင့် သင်ရောက်လိုသော နေရာ၏ ကွာဟချက်ကိုဖြည့်ဆည်းဖို့ဘာတွေလိုအပ်တယ်၊ ဘယ်လိုဖြည့်ဆည်းရမလဲဆိုတဲ့ လမ်းစ နည်းလမ်းများကို ပေါ်လာစေမှာ ပဲဖြစ်ပါတယ်။

Step 5️⃣ Create your game plan ( Game Plan တစ်ခုကိုဖန်တီးခြင်း)
သင့်ရဲ့ game plan သည် social media (fb) ပေါ်တွင် branding တည်ဆောက်ခြင်းထက်ပိုသင့်ပါသည်။ game plan တစ်ခုကိုဖန်တီးရာတွင်  ဒေါင့်ပေါင်းစုံ ကနေစဉ်းစားသင့်ပါသည်။ ဥပမာ - ဉာဏ ပိုင်းဆိုင်ရာနှင့် သင်ရွေးချယ်ထားသော career  အတွက် ဖြည့်ဆည်းခြင်းသာမက ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်ပုံစံ၊  သပ်ရပ်မှု၊  နေထိုင်မှုပုံစံ၊ လူများနှင့်ဆက်သွယ်ဆောင်ရွက်နိုင်မှု ( Verbal Communication၊ Non – Verbal Communication)၊ ပြသနာရပ်များကိုဖြေရှင်နိုင်စွမ်း ၊ အထွေထွေဗဟုသုတအစရှိသည့် စွမ်းအစရှိသည်တို့ကိုဖြည့်ဆည်းနိုင်ရန် ထည့်သွင်းစဉ်းစားရပါမည်။ ထို့နောက်မှာတော့ Internet ကို အသုံးချကာ သင့်ကျွမ်းကျင်မှုများ၊ ကိုယ်ရေကိုယ်သွေးများ အတွေ့အကြုံများကို Fb၊ linkdin, twitter နှင့် blog များတွင် အခါအားလျော်စွာဖော်ပြပါ။ အထူးသဖြင့် သင့်career နှင့် ဆိုင်သော group များကို  fb ပေါ်တွင် join ထားပါ။ group ထဲတွင် မေးမြန်းထားသော ပြဿနာတစ်ချို့ကို ကြိုးစားကာ ဖြေရှင်းဝေမျှပါ၊ တစ်ချို့သော ဗဟုသုတရစရာ မိမိ career နှင့်သက်ဆိုင်သော အကြောင်းအရာများကို အခါအားလျော်စွာ ဝေမျှပါ။ ပြင်ပတွင်တော့ဖြင့် မိမိ career နှင့်သက်ဆိုင်သော Seminar များ Workshop များကို တက်ရောက်ပါ၊ မေးမြန်းဆွေးနွေးပါ၊ ထိုပွဲများမှ ရရှိလာသော အတွေ့အကြုံများကိုလည်း လူမှုကွန်ယက်ပေါ်တွင် ဝေမျှကာ Personal Branding လုပ်ဆောင်နိုင်ပါသည်။ ထိုမှတစ်ဆင့် သင့်အတွေ့အကြုံနှင့် သင်ယူလေ့လာမှု အားကောင်းကာ ပညာရပ်ဆိုင်ရာနှင့်ပတ်သက်၍  ပြည့်ဝလျင် ပြည့်ဝလာသလို ကိုယ်တိုင်ဦးဆောင်ဆွေးနွေးသူနေရာရောက်လာအောင် ကြိုးစားရင်းဖြင့်  Personal Branding လုပ်ဆောင်နိုင်ပါသည်။

Step 6️⃣  Manage your Brand (သင့် Personal Brand ကိုစီမံခန့်ခွဲခြင်း)
သင့် branding နှင့်ပတ်သက်၍ စီစဉ်လုပ်ဆောင်ရာတွင် လုပ်တွေ့ကျွမ်းကျင်မှုများကိုဝေမျှဖော်ပြရင်း အမြဲရှေ့ကို ရောက်သင့်ပါသည်။ ဆိုလိုသည်မှာ သင့် Linkdin Profile တွင် ဖော်ပြထားသော ကျွမ်းကျင်မှုများကို ပိုင်နိုင်ပါသည်ဆိုတာကို fb တွင်လည်း ထိုသဘောတရားများကို အကျယ်တဝင့် ဝေမျှခြင်းဖြင့် ချိတ်ဆက်ကာ ကျွမ်းကျင်ကြောင်းဖော်ပြနိုင်ပါသည်။ ဥပမာ - သင်က Marketing Career ဆိုပါကစို့ Marketing နှင့်ပတ်သက်၍ ကျွမ်းကျင်မှုများ ဥပမာ -  Branding, Promotion,  Customer Service, Product Knowledge, Market Segment နှင့် Market Positioning အကြောင်းတရားများနှင့် ပတ်သက်၍ ကျွမ်းကျင်သည်ဆိုပါစို့၊ ထိုသဘောတရားများကို Linkdin တွင်ပဲဖြစ်ပါစေ၊ FB ပေါ်တွင်ပဲဖြစ်ပါစေ၊ Post တင်ကာ ထိုအကြောင်းအရာများကု မှတ်စုရေးသား ဖော်ပြကာ Personal Branding လုပ်ဆောင်ပြီး ဖတ်ရှုသူ၊ လေ့လာသူနှင့် သင့်ကို စိတ်ပါဝင်စားသူ တိုးပွားအောင် စီမံဆောင်ရွက်နိုင်ပါသည်။

📝အနှစ်ချုပ်

 Personal Branding ဆိုသည်မှာ ထင်သလောက်မရိုးရှင်းသည့်အရာပါ၊ လုပ်ဆောင်ရာတွင် သင့်ရဲ့ ထူးခြားသော အားသာချက်တွေ၊ သင့် Career goal တွေနှင့် စိတ်အားထက်သန်မှုတွေ၊ လူတွေ သိချင်စဖွယ် ဖြစ်နေသော ဒရာမာဆန်သည့် သင့်အတွေ့အကြုံတွေကို ပုံမှန်လေး သင့်  game plan အရ ဖော်ပြခြင်းပင်ဖြစ်ပါသည်။ သင့်အတွက်ခက်ခဲခဲ့သောအရာများ၊ မှားယွင်းခဲ့သောအရာများနှင့် အတွေ့အကြုံများကို လိုအပ်နေသူတွေ သင်ခန်းစာယူကာ လေ့လာနိုင်စေရန် အားထုတ်ကြိုးပမ်း အကူအညီပေးကာ မိမိ  Career တိုးတက်လာစေရန်နှင့် မိမိကိုယ်စိတ်ပါဝင်စားသူများပြားလာစေရန်  တစ်ပြိုင်နက်လုပ်ဆောင်ရသော လုပ်ငန်းစဉ်လည်း ဖြစ်ပါသည်ဆိုတာ ဖော်ပြရင်း ဒီအမှတ်အတွက်တော့ဖြင့် ဒီမျှဖြင့် နိဂုံးချုပ်ပါရစေ။

(အခွင့်အလမ်းဂျာနယ်တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။)

#Conchat_Careers
#Personal_Branding

(Zawgyi)

🚦နည္းမွန္လမ္းမွန္ျဖင့္   Personal Branding  လုပ္ေဆာင္တက္ေစဖို့  🧑‍💼


🚨ယေန႔ေခတ္တြင္ လူငယ္အမ်ားအျပားသည္  Personal Branding ကို fb ေပၚတြင္ အမ်ားအျပားသူ႔နည္းသူ႔ဟန္ နဲ႔သူ လုပ္ေဆာင္လာၾကသည္ကိုေတြ႕ရပါသည္။ တစ္ခါတစ္ရံႂကြားသလို ျဖစ္ေန တက္ပါသည္။ တစ္ခါတစ္ရံတြင္ လူအမ်ားမ်က္စိေနာက္စရာျဖစ္လာပါသည္။

 🚦ယခုေဆာင္းပါးမွာေတာ့  ကိုယ္ယုံၾကည္ရာ ရည္ရြယ္ခ်က္ေနာက္သို့ လိုက္ရင္း နည္းမွန္လမ္းမွန္ျဖင့္ Personal Branding ကို ဘယ္လို လုပ္ေဆာင္မလဲဆိုတာကို ေရးသားေဖာ္ ျပေပးမွာပဲျဖစ္ပါတယ္။
ကုမၸဏီမ်ားသည္ သူတို့ brand ေကာင္းမြန္ဖို့အတြက္၊ ၿပိဳင္ဖက္မ်ားထက္သာလြန္ဖို့အတြက္  ေငြေၾကး အေျမာက္အမ်ား အကုန္အက်ခံကာ တည္ေဆာက္ၾကရပါသည္။ ဘာေၾကာင့္လဲ ဆိုေတာ့ ထုတ္ကုန္၊ ဝန္ေဆာင္မွုမ်ားႏွင့္ပတ္သက္လာပါက ေဖာက္သည္မ်ားသည္ ၿပိဳင္ဖက္မ်ားထက္ သူတို့ကို အျမဲအမွတ္ရေစရန္ ျဖစ္ပါသည္။

🥤Coca- Cola ဆိုေသာ အမည္ကိုၾကားရပါက သင္ဘာကိုျမင္ရပါသလဲ၊ Coca Cola ကိုျပဳလုပ္သူမ်ားသည္ သူတို့၏ အမည္တစ္ခုကိုသာ အမွတ္ရေစဖို့မရည္ရြယ္ပါဘူး၊ သူတို့ရဲ့ ထူးျခားေသာ အရသာႏွင့္ လတ္ဆတ္မွု၊ ထုတ္ပိုးမွုပုံစံ(bottle)၊ အေရာင္မ်ားႏွင့္ သူတို့၏ တံဆိပ္မ်ားကို ျမင္ေယာင္ေအာင္ လုပ္ေဆာင္နိုင္ၾကပါသည္။
ကုမၸဏီမ်ားသည္ ၿပိဳင္ဖက္မ်ားႏွင့္မတူျခားနားသည္ဆိုသည္ကို ေဖာက္သည္မ်ား၏ ရင္ဖက္ထဲကို ေရာက္ေစရန္ လုပ္ေဆာင္ရာတြင္ Branding သည္ အေရးပါပါသည္။
ထို့ေၾကာင့္ သင့္ကိုယ္သင္ Product တစ္ခုလိုသတ္မွတ္ၿပီး၊ သင့္Career ကို သင့္ business (စီးပြားေရး) လို့ရွုျမင္ပါက Personal Branding သည္ အေရးပါလာမည္ျဖစ္ၿပီး၊ သင္အားစိုက္ ႀကိဳးပမ္းနိင္ရင္ နိုင္သေလာက္ Recruiter မ်ား၊  Hiring Manager မ်ားႏွင့္ နယ္ပယ္တစ္ခုတြင္ ကၽြမ္းက်င္သူမ်ားအၾကားထင္ရွားေပၚလြင္လာမွာပဲျဖစ္ပါတယ္။

 🚦Personal  Branding ႏွင့္ Product Branding တို၏ ေယဘုယ်တူညီေသာ အခ်က္မွာ ရည္ရြယ္ခ်က္မ်ားကို ေပါက္ေျမာက္ေအာင္ျပဳလုပ္ၿပီး Market ထဲတြင္ အမ်ားတကာႏွင့္ မတူညီေအာင္ ျပဳလုပ္ျခင္းပင္ျဖစ္ပါသည္။ (ေက်ာ္ေက်ာ္နႏၵလိုမ်ိဳးကိုမဆိုလိုပါ)၊ ဥပမာ သင့္ ရည္မွန္းထားေသာ အလုပ္အကိုင္ကိုရရွိျခင္း (dream job)၊ သို့မဟုတ္ ရာထူးတိုးေစရန္ လုပ္ေဆာင္ျခင္းကိုဆိုလိုပါသည္။ ထိုျဖစ္စဥ္ထဲတြင္ သင့္ brand ၏ သက္ေရာက္မွုပုံစံ ဂုဏ္ရည္  (attributes)၊  သင့္ brand ၏  Positioning ႏွင့္ သင့္ၿပိဳင္ဖက္မ်ားထက္သာလြန္ေကာင္းမြန္၊  မတူညီေသာ လုပ္ေဆာင္မွုမ်ားႏွင့္ သင့္  branding ကို ေနရာေပါင္းစုံမွ ေန၍ စီမံခန႔္ခြဲရျခင္းမ်ား စသည္တို့ပါပါသည္။

🚦သင့္Personal Branding ကို ဘယ္လိုစတင္တည္ေဆာက္မလဲ🧑‍💼

ပုံေသနည္းမ်ားမရွိပါ၊ သို့ရာတြင္ personal branding အတြက္ မလုပ္ေဆာင္မီေအာက္ ေဖာ္ျပပါ အိမ္စာမ်ားကိုမွန္မွန္လုပ္ဖို့ေတာ့ လိုအပ္ပါသည္။

Step 1️⃣ Define your overall aspirations (သင့္ရဲ့ျဖစ္ခ်င္တာေတြအားလုံးကိုအဓိပၸါယ္သတ္မွတ္ပါ)
သင့္ရဲ့ ပန္းတိုင္ႏွင့္ ရည္ရြယ္ခ်က္မ်ားကို ရွင္းလင္းတိက်ေစရန္ အဓိပၸါယ္သတ္မွတ္ပါ၊ အဖြဲ႕အစည္းတစ္ခုရဲ့ Project Manager ျဖစ္ေရးလား၊ ကုမၸဏီတစ္ခု၏ Sales Manager ျဖစ္ေရးလား၊ အဖြဲ႕အစည္း တစ္ခု ၏ Marketing အလုပ္မွ  strategic planning  အလုပ္အကိုင္ သို့ေျပာင္းေရး လားဆိုတာေတြကို ေအးေအးေဆးေဆး စဥ္းစားၿပီး ကိုယ္ဘာေတြ လိုခ်င္တယ္၊ ဘာေတြျဖစ္ခ်င္တယ္ဆိုတာေတြကို ခ်ေရးကာ၊ မိမိ၏ career ambition ကို အတိအက်သိရွိေအာင္ ျပဳလုပ္ပါ။

Step 2️⃣ Learn from Other (အျခားသူမ်ားထံမွ ေလ့လာပါ)
career ပိုင္းဆိုင္ရာေရာ branding ပိုင္းဆိုင္ရာပါ တိုးတက္သြားသူမ်ားကို စူးစမ္းရွာေဖြကာ ၊ သူတို့ ဘယ္ေနရာကေန ဘာေတြကို စတင္လုပ္ေဆာင္ခဲ့တယ္၊ ဘယ္လိုလုပ္ေဆာင္ခဲ့တယ္ဆိုတာကိုေလ့လာပါ။ သူတို့ရဲ့ အက်ိဳးအပစ္ အေကာင္း၊ အဆိုးေတြကိုရွာေဖြပါ။ ထို့ေနာက္  သင့္ရဲ့ႀကီးမားေသာ ၊ သင့္ထက္သာေသာ သူေတြက ဘယ္သူေတြလဲ၊ ထိုသူမ်ားထံမွ လည္း သူတို့ အလုပ္ကို ဘယ္လိုလုပ္တယ္၊ brand  ကိုဘယ္လိုတည္ေဆာက္တယ္ဆိုတာကို ေလ့လာပါ။

Step 3️⃣ Determine your brand attributes (Brand တက္ျခင္းမွသည္ သင္ဘာေတြ လုပ္ေဆာင္မလဲ)
လုပ္ငန္းေတြသည္ Brand တိုးတက္ျခင္းဆီမွသည္ ေဈးကြက္ထိုးေဖာက္ျခင္း၊  လုပ္ငန္းတိုးခ်ဲ႕ျခင္း၊ တစ္ျခားအဖြဲ႕အစည္းမ်ားႏွင့္ အက်ိဳးတူပူးေပါင္းျခင္းမ်ားလုပ္ေလ့ရွိသလို၊ သင္သည္လည္း  Personal Branding တိုးတက္လာလ်င္ ေရွ႕ေလ်ာက္ဘာေတြ ဆက္လုပ္မည္ ဆိုတာကို အဓိပၸါယ္သတ္မွတ္ဖို့လိုအပ္ပါတယ္။

Step 4️⃣ Assess your current state (လက္ရွိအေျခအေနကို သုံးသပ္ျခင္း)
လက္ရွိတြင္ သင့္အေနအထားသည္ မည္သို့ရွိေနသည္။ ကိုယ္သြားမည့္ career လမ္းေၾကာင္းအတြက္ ဘာေတြကိုျဖည့္ဆည္းၿပီး၊ ဘယ္ေနရာသို့ေရာက္ေနသည္ဆိုတာကို ျပန္လည္သုံးသပ္ျခင္း။ လူမ်ားႏွင့္ စကားေျပာသည့္အခါ (စကားၾကဳံပါက) သင့္အေပၚဘယ္လိုျမင္သည္ကိုေမးျမန္းပါ (ဥပမာ - သင့္အားသာခ်က္မ်ား၊ အားနည္းခ်က္မ်ားအေၾကာင္း, အစရွိသျဖင့္)၊ စသည့္အခ်က္အလက္မ်ားကိုအသုံးျပဳကာ သင့္  Personal Branding အတြက္ လိုအပ္သည္မ်ားကို ျဖည့္ဆည္းဖို့ အခြင့္အလမ္းအရွိေစမွာပဲျဖစ္ပါတယ္။ ထို့ေနာက္ ယခု သင္လက္ရွိေရာက္ေနေသာ ေနရာ ႏွင့္ သင္ေရာက္လိုေသာ ေနရာ၏ ကြာဟခ်က္ကိုျဖည့္ဆည္းဖို့ဘာေတြလိုအပ္တယ္၊ ဘယ္လိုျဖည့္ဆည္းရမလဲဆိုတဲ့ လမ္းစ နည္းလမ္းမ်ားကို ေပၚလာေစမွာ ပဲျဖစ္ပါတယ္။

Step 5️⃣ Create your game plan ( Game Plan တစ္ခုကိုဖန္တီးျခင္း)
သင့္ရဲ့ game plan သည္ social media (fb) ေပၚတြင္ branding တည္ေဆာက္ျခင္းထက္ပိုသင့္ပါသည္။ game plan တစ္ခုကိုဖန္တီးရာတြင္  ေဒါင့္ေပါင္းစုံ ကေနစဥ္းစားသင့္ပါသည္။ ဥပမာ - ဉာဏ ပိုင္းဆိုင္ရာႏွင့္ သင္ေရြးခ်ယ္ထားေသာ career  အတြက္ ျဖည့္ဆည္းျခင္းသာမက ႐ုပ္ပိုင္းဆိုင္ရာ သြင္ျပင္ပုံစံ၊  သပ္ရပ္မွု၊  ေနထိုင္မွုပုံစံ၊ လူမ်ားႏွင့္ဆက္သြယ္ေဆာင္ရြက္နိုင္မွု ( Verbal Communication၊ Non – Verbal Communication)၊ ျပသနာရပ္မ်ားကိုေျဖရွင္နိုင္စြမ္း ၊ အေထြေထြဗဟုသုတအစရွိသည့္ စြမ္းအစရွိသည္တို့ကိုျဖည့္ဆည္းနိုင္ရန္ ထည့္သြင္းစဥ္းစားရပါမည္။ ထို့ေနာက္မွာေတာ့ Internet ကို အသုံးခ်ကာ သင့္ကၽြမ္းက်င္မွုမ်ား၊ ကိုယ္ေရကိုယ္ေသြးမ်ား အေတြ႕အၾကဳံမ်ားကို Fb၊ linkdin, twitter ႏွင့္ blog မ်ားတြင္ အခါအားေလ်ာ္စြာေဖာ္ျပပါ။ အထူးသျဖင့္ သင့္career ႏွင့္ ဆိုင္ေသာ group မ်ားကို  fb ေပၚတြင္ join ထားပါ။ group ထဲတြင္ ေမးျမန္းထားေသာ ျပႆနာတစ္ခ်ိဳ့ကို ႀကိဳးစားကာ ေျဖရွင္းေဝမၽွပါ၊ တစ္ခ်ိဳ့ေသာ ဗဟုသုတရစရာ မိမိ career ႏွင့္သက္ဆိုင္ေသာ အေၾကာင္းအရာမ်ားကို အခါအားေလ်ာ္စြာ ေဝမၽွပါ။ ျပင္ပတြင္ေတာ့ျဖင့္ မိမိ career ႏွင့္သက္ဆိုင္ေသာ Seminar မ်ား Workshop မ်ားကို တက္ေရာက္ပါ၊ ေမးျမန္းေဆြးေႏြးပါ၊ ထိုပြဲမ်ားမွ ရရွိလာေသာ အေတြ႕အၾကဳံမ်ားကိုလည္း လူမွုကြန္ယက္ေပၚတြင္ ေဝမၽွကာ Personal Branding လုပ္ေဆာင္နိုင္ပါသည္။ ထိုမွတစ္ဆင့္ သင့္အေတြ႕အၾကဳံႏွင့္ သင္ယူေလ့လာမွု အားေကာင္းကာ ပညာရပ္ဆိုင္ရာႏွင့္ပတ္သက္၍  ျပည့္ဝလ်င္ ျပည့္ဝလာသလို ကိုယ္တိုင္ဦးေဆာင္ေဆြးေႏြးသူေနရာေရာက္လာေအာင္ ႀကိဳးစားရင္းျဖင့္  Personal Branding လုပ္ေဆာင္နိုင္ပါသည္။

Step 6️⃣  Manage your Brand (သင့္ Personal Brand ကိုစီမံခန႔္ခြဲျခင္း)
သင့္ branding ႏွင့္ပတ္သက္၍ စီစဥ္လုပ္ေဆာင္ရာတြင္ လုပ္ေတြ႕ကၽြမ္းက်င္မွုမ်ားကိုေဝမၽွေဖာ္ျပရင္း အျမဲေရွ႕ကို ေရာက္သင့္ပါသည္။ ဆိုလိုသည္မွာ သင့္ Linkdin Profile တြင္ ေဖာ္ျပထားေသာ ကၽြမ္းက်င္မွုမ်ားကို ပိုင္နိုင္ပါသည္ဆိုတာကို fb တြင္လည္း ထိုသေဘာတရားမ်ားကို အက်ယ္တဝင့္ ေဝမၽွျခင္းျဖင့္ ခ်ိတ္ဆက္ကာ ကၽြမ္းက်င္ေၾကာင္းေဖာ္ျပနိုင္ပါသည္။ ဥပမာ - သင္က Marketing Career ဆိုပါကစို့ Marketing ႏွင့္ပတ္သက္၍ ကၽြမ္းက်င္မွုမ်ား ဥပမာ -  Branding, Promotion,  Customer Service, Product Knowledge, Market Segment ႏွင့္ Market Positioning အေၾကာင္းတရားမ်ားႏွင့္ ပတ္သက္၍ ကၽြမ္းက်င္သည္ဆိုပါစို့၊ ထိုသေဘာတရားမ်ားကို Linkdin တြင္ပဲျဖစ္ပါေစ၊ FB ေပၚတြင္ပဲျဖစ္ပါေစ၊ Post တင္ကာ ထိုအေၾကာင္းအရာမ်ားကု မွတ္စုေရးသား ေဖာ္ျပကာ Personal Branding လုပ္ေဆာင္ၿပီး ဖတ္ရွုသူ၊ ေလ့လာသူႏွင့္ သင့္ကို စိတ္ပါဝင္စားသူ တိုးပြားေအာင္ စီမံေဆာင္ရြက္နိုင္ပါသည္။

📝အႏွစ္ခ်ဳပ္

 Personal Branding ဆိုသည္မွာ ထင္သေလာက္မရိုးရွင္းသည့္အရာပါ၊ လုပ္ေဆာင္ရာတြင္ သင့္ရဲ့ ထူးျခားေသာ အားသာခ်က္ေတြ၊ သင့္ Career goal ေတြႏွင့္ စိတ္အားထက္သန္မွုေတြ၊ လူေတြ သိခ်င္စဖြယ္ ျဖစ္ေနေသာ ဒရာမာဆန္သည့္ သင့္အေတြ႕အၾကဳံေတြကို ပုံမွန္ေလး သင့္  game plan အရ ေဖာ္ျပျခင္းပင္ျဖစ္ပါသည္။ သင့္အတြက္ခက္ခဲခဲ့ေသာအရာမ်ား၊ မွားယြင္းခဲ့ေသာအရာမ်ားႏွင့္ အေတြ႕အၾကဳံမ်ားကို လိုအပ္ေနသူေတြ သင္ခန္းစာယူကာ ေလ့လာနိုင္ေစရန္ အားထုတ္ႀကိဳးပမ္း အကူအညီေပးကာ မိမိ  Career တိုးတက္လာေစရန္ႏွင့္ မိမိကိုယ္စိတ္ပါဝင္စားသူမ်ားျပားလာေစရန္  တစ္ၿပိဳင္နက္လုပ္ေဆာင္ရေသာ လုပ္ငန္းစဥ္လည္း ျဖစ္ပါသည္ဆိုတာ ေဖာ္ျပရင္း ဒီအမွတ္အတြက္ေတာ့ျဖင့္ ဒီမၽွျဖင့္ နိဂုံးခ်ဳပ္ပါရေစ။

(အခြင့္အလမ္းဂ်ာနယ္တြင္ေဖာ္ျပခဲ့ၿပီးျဖစ္ပါသည္။)

#Conchat_Careers
#Personal_Branding

No comments: