မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်သူများ
=========================
ဗုဒ္ဓဘာသာကိုးကွယ်သူတိုင်းသည် “ မြန်မာဓလေ့ထုံးတမ်းဥပဒေ” နှင့် သက်ဆိုင်သလောဆိုသည့် ပြဿ နာကို တင်ပြရန် လိုပါသည်။
ဗုဒ္ဓဘာသာ မိဘများမှ ဆင်းသက်သည့် သားသမီးများသည် အခြားဘာ သာသို့ ကူးပြောင်းကိုးကွယ်ခြင်း မရှိလျှင် ဗုဒ္ဓဘာသာများသာဖြစ် သည်ဟု ယူဆနိုင်သည်။ မိရိုးဖလာအားဖြင့် ဗုဒ္ဓဘာသာဝင် ဖြစ်ကြသူများအဖို့ ဘုရားသွား ကျောင်းတက် အစရှိသည့် ဘာသာရေုးကိုင်းရှိုင်းမှုများ မပြုလုပ်စေကာမူ အခြားဘာသာ သို့ မကူး ပြောင်းသေးမျှ ကာလပတ် လုံး ဗုဒ္ဓဘာသာများသာဖြစ်သည်ဟု လွယ်လင့်တကူ ယူဆနိုင်သည်။ သို့ရာ တွင် အခြားဘာသာမှ ကူးပြောင်းလာသည့်သူများ၊ မိရိုးဖလာအားဖြင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများနှင့်ပတ်သက်၍မူ ထိုသူများသည် ဗုဒ္ဓဘာသာဝင်များ ဟုတ်-မဟုတ် အဆုံးအဖြတ်ပြုရန် မလွယ်ကူပေ။ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ် ရန်အတွက် အခြားဘာသာများကဲ့သို့ ဘာသာသစ်သို့ သွတ်သွင်းသော ပွဲလမ်းအခမ်းအနားဟူ၍ မရှိသည်နှင့် အမျှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်မရောက် သက်သေထင်ရှားပြသရန်ခက်ခဲသည်။
ဘုရား၊ တရား၊ သံဃာ တည်း ဟူသော ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူသည် ဗုဒ္ဓဘာသာဖြစ်သည်ဟု ယေဘုယျ အားဖြင့်ဆိုသည်။ သူတစ်ဦး၏စိတ်ဓာတ်ကို သိရှိနိုင်ရန် ခဲယဉ်းသည်။ “ ဒေါ်မေမေခင် နှင့် ဒေါ်ကျောင်ရှန်း ( ၁၉၇၁ မတစ ၁၂၇ )”။
သူတစ်ဦးတစ်ယောက်၏ စိတ်အတွင်းသို့ ဝင်ကြည့်နိုင်စွမ်းမရှိသဖြင့် ထိုသူသည် မည်သည့်ဘာသာ ၌ သက်ဝင်ယုံကြည်သည်ကို ၎င်း၏ နောက် ကြောင်းရာဇဝင်၊ ကိုယ်အမူအရာ ၊ နှုတ်အမှုအရာနှင့် မိတ်ဆွေ သင်္ဂဟအပေါင်းအသင်း စသည့် ပတ်ဝတ်ကျင်တို့ကို ထည့်သွင်းစဉ်းစားပြီးမှ မည်သည့်ဘာသာကို ကိုးကွယ် ကြောင်း အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။ “ဒေါ်မော်နွီး နှင့် အယ် ( လ်) အနင်း ( ၁၉၆၂ မတစ ရုံးချုပ် ၂၃၂ )”။
မိမိအိမ်၌ တရုတ်ဘုရားစင်၊ မိဘများ၏ လိပ်ပြာစင်နှင့် တရုတ်နတ် စင်တို့ ထားရှိကိုးကွယ်ခြင်းသည် ဗုဒ္ဓ ဘာသာကိုးကွယ်သူ တရုတ် သို့တည်း မဟုတ် တရုတ်ကပြားများသည် မိမိတို့၏ မိရိုဖလာ ကိုးကွယ်မှုကို မစွန့် ကြောင်းမျှသာဖြစ်သည်။ တရုတ်နတ်ကို မိရိုးဖလာထုံးစံအတိုင်း ကိုးကွယ်ရုံးမျှနှင့် ထိုသူသည် ဗုဒ္ဓဘာသာဝင်တစ် ယောက် မဟုတ်ဟု မဆိုနိုင်ပေ။ “ဒေါ်မော်နွီး နှင့် အယ်( လ ) အနင်း ( ၁၉၆၂ မတစ ရုံးချုပ် ၂၃၂ )”။
တရုတ်နတ်တင်ခြင်း၊ တရုတ်ရိုးရာအရ လူကြီးများကို ကန်တော့ခြင်း စသည်တို့မှာ ဘာသာရေး မဟုတ်ဘဲ ယဉ်ကျေးမှု ထုံးတမ်းအရ ဆောင် ရွက်ခြင်းလည်း ဖြစ်နိုင်သည်။ ဗုဒ္ဓဘာသာများအနေဖြင့် ဘာသာရေးနှင့် မသက်ဆိုင်သော နတ်များ ပသခြင်း၊ နတ်အုန်းဆွဲခြင်း စသည်တို့ ပြုလုပ်ကြရာ ထိုသို့ပြုလုပ်ကာမျှနှင့် ဗုဒ္ဓဘာ သာဝင်များ မဟုတ်တော့ဟု မဆိုသာချေ။ “ ကိုဖန်စိမ်း နှင့် ဒေါ်ရှုတင် ( ၁၉၆၅ မတစ ၁၁၇ )”။
လျှောက်ထားခံရသူသည် ပထမခင်ပွန်းနှင့် မင်္ဂလာဆောင်ရန်အတွက်သက်သက်သာ မွတ်စလင်ဘာသို့ ကူးပြောင်းမည်ပြုပြီး မွတ်စလင်ဘာ သာဝင်များကဲ့သို့ အစ်နေ့များတွင် ကျွေးမွေးခြင်း၊ နမတ်စ်ဖတ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ခဲ့ငြားလည်း မူလကိုးကွယ်လာသည့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှု၊ စွန့်ပယ်ခြင်း မပြုသေးသည့်အတွက် မွတ်စလင်တစ်ဦးဖြစ်သည်ဟု မဆိုနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အယူခံ တရား လိုက မွတ်စလင်တစ်ယောက်သည် အဓိကယုံကြည်ချက်အဖြစ် ဘုရားတစ်ပါးတည်းရှိခြင်း၊ နောက်ဆုံး တမန်တော်မှာ မဟာမက်သခင်ဖြစ်ခြင်းတို့မှလွဲ၍ အခြားယုံကြည်ချက်မရှိဟု အတိအလင်း ထွက်ဆိုထားခြင်း ကြောင့်ဖြစ်သည်။ လျှောက်ထားခံရသူသည် ဗုဒ္ဓဘာသာကိုင်းရှိုင်းသူတစ်ဦးအနေဖြင့် ဗုဒ္ဓဘာသာထုံးစံအရ ဘုရားပန်းကပ်လှူခြင်း၊ ဘုန်းကြီး ဆွမ်းလှူခြင်း၊ ရှင်ပြုပေးခြင်းများကို ဆောင်ရွက်ခြင်းအားဖြင့် ဘုရားတစ်ပါး တည်းရှိခြင်းကို ယုံကြည်ရမည်ဟူသော မွတ်စလင်ဘာသာဝင်တိုင်း၏ အခြေခံအချက်နှင့် ကိုက်ညီခြင်းလည်း မရှိပေ။ “ဒေါ်ရဟီမာ နှင့် ဒေါ်သီ ( ၁၉၇၅ မတစ ၇၉)”။
ဒေါက်တာဆွန်ဒရွန်သည် နိုင်ငံခြားသားဖြစ်သည့် တမီလ်လူမျိုးဖြစ်လင့် ကစား ၎င်းသည် မြန်မာပြည်တွင် မွေးဖွားပြီး မြန်မာပြည်တွင် အရိုးထုတ်ရန် ရည်ရွယ်ချက်ဖြင့် နေထိုင်လာပြီး မြန်မာပြည်တွင်ပင် အရိုးထုတ်ခဲ့ သည့် ဗုဒ္ဓဘာသာ နိုင်ငံခြားသားဖြစ်သဖြင့် ၎င်း၏ အမွေဆက်ခံခြင်း ကိစ္စအဝဝကို မြန်မာဓလေ့ထုံးတမ်းဥပဒေ အရသာ စီရင်ဆုံးဖြတ်ရမည်။ “ဦးခင်မောင်မြင့် နှင့် ဦးကိုကို ( ၁၉၇၆ မတစ ၁၂)”။
လင်မယားကွာရှင်းလိုမှုတွင် တရားလိုမိန်းမက ၎င်း၏မိခင်မှာ ဗုဒ္ဓဘာ သာဖြစ်ကြောင်း ၊ ဖခင်မှာ အစ္စလာမ် ဘာသာဝင်ဖြစ်ကြောင်း သို့သော် ၎င်းအနေဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြောင်း၊ ၎င်း၏ ခင်ပွန်းမှာ အစ္စလာမ်ဘာသာကိုးကွယ်သော်လည်း ၎င်းအနေနှင့် ဗုဒ္ဓဘာသာကိုသာ ယုံကြည်ကိုးကွယ်သည်ဟု အခိုင် အမာ အစစ်ခံထားကြောင်း တွေ့ ရ သည်။ ဘာသာတရား သက်ဝင်ယုံကြည်မှုသည် လူတစ်ဦးချင်း၏ ခံယူချက်၊ စိတ်နေသဘောထားအပေါ်၌ တည်သည့်ကိစ္စဖြစ်သည်။ ထို့ကြောင့် တရားရုံးက တရားလို ဇနီးဖြစ်သူသည် ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်သူတစ်ဦးအနေဖြင့် သတ်မှတ်လျက် တရားလို ၊ တရားပြိုင်တို့ လင်မယား ကွာ ရှင်းရေးကိစ္စကို မြန်မာဓလေ့ထုံးတမ်းဥပဒေအရ စီရင်ဆုံးဖြတ်ရမည်ဖြစ်သည်။ “ဦးဟာရှင်( ခ) ဦးမောင်နု နှင့် ဒေါ်ကလေးမ ( ၁၉၉၂ ခုနှစ် တရားမအထူးအယူခံမှုအမှတ် ၅၄ )”။
အချုပ်အားဖြင့် ရေးရလျှင် လူတစ်ဦးတစ်ယောက်သည် မည်သည့် ဘာ သာဝင်ဖြစ်သည်ဆိုသည့် ပြဿနာကို ဆုံးဖြတ်ရာတွင် ထိုသူ၏ ကိုယ်ရေးရာဇဝင်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ ပေါင်းသင်းဆက်ဆံမှုနှင့် ပတ်ဝန်း ကျင်တို့ကို ထောက်ထား၍ အဆုံးအဖြတ်ပေးရမည်ဖြစ်သည်။ သို့ရာတွင် ဘာသာရေးမဟုတ်ဘဲ ယဉ်ကျေးမှု ထုံးစံအရ ဆောင်ရွက်မှုများ။ မိရိုးဖလာကိုးကွယ်အစဉ်အလာများ၊ နတ်ကိုးကွယ်မှုများ ပြုလုပ်ရုံမျှဖြင့် ဗုဒ္ဓဘာ သာဝင် မဟုတ်ဟု မဆိုနိုင်ကြောင်း ထင်ရှားသည်။
တရုတ်လူမျိုး
=======
မြန်မာပြည်တွင်နေထိုင်သည့် တရုတ်လူမျိုးများမှာ များသောအားဖြင့် ဗုဒ္ဓဘာသာများဖြစ်ကြသော်လည်း ၎င်းတို့၏ ဓလေ့ထုံးတမ်းများမှာ မြန်မာလူမျိးများ၏ ဓလေ့ထုံးတမ်းများနှင့်မတူချေ။ ထို့ကြောင့် မြန်မာပြည်တွင် နေထိုင်သည် တရုတ်ဗုဒ္ဓဘာသာဝင်များသည် မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်မသက်ဆိုင်ဆိုသည့် အချက်မှာ မြန်မာနိုင်ငံ တရားစီရင်ရေးသမိုင်း၌ နှစ်ပေါင်း ( ၄၀ ) ကျော်မျှ တိကျပြတ်သားစွာ ဖြေရှင်းမရသည်ရ ပြဿနာတစ်ရပ်ဖြစ်ခဲ့ဖူးလေသည်။
တရုတ်ဗုဒ္ဓဘာသာများသည် “မြန်မာနိုင်ငံဥပဒေများဆိုင်ရာ အက် ဥပဒေ” ၌ ပြဆိုသည့် “ဗုဒ္ဓဘာသာဝင်” ဖြစ်သည်ဟု စီရင်ထုံးတစ်ခု “တန်မရွှေဇင် နှင့် တန်မငွေဇင် ( ၁၀ ရန်ကုန် ၉၇ )” တွင် ဆိုသော်လည်း အခြား စီရင်ထုံးတစ်ခု “ဖန်တီရုတ် နှင့် လင်ကျင်ကောက် ( ၈ ရန်ကုန် ၅၇ )” ကမူ ဗုဒ္ဓဘာသာမဟုတ်၍ မြန်မာဓလေ့ ထုံးတမ်းဥပဒေနှင့် မသက်ဆိုင်ဟုဆိုသည်။
၁၉၃၉ ခုနှစ်တွင် ထွက်ပေါ်လာသည့် “တန်မရွှေစင် နှင့် ခူစူးချောင် ( ၁၉၃၉ ရန်ကုန် ၅၄၈ )” အမှု ၌ တရုတ်လူမျိုး ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် မြန်မာပြည်တွင် အတည်တကျနေထိုင်၍ မြန်မာပြည်တွင် သေဆုံးသွားပါက ၎င်း၏ ပစ္စည်းအမွေ ဆက်ခံရေးမှာ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဖြစ်သည်ဟု ဆုံးဖြတ် လိုက်သည်။
“ တန်စွိကျူ နှင့် ချိန်ချိန်လျန် ( ၁၉၄၇ ရန်ကုန် ၁၀၇ )” အမှု၌ မြန်မာ နိုင်ငံတွင် ထာဝစဉ်နေထိုင်သည့် တရုတ်ဗုဒ္ဓဘာသာများသည် မြန်မာ့ဓလေ့ထုံး တမ်းဥပဒေနှင့် သက်ဆိုင်သည်။ အကယ်၍ အထူးဓလေ့ထုံးတမ်း တစ်ရှိလျှင် ထင်ရှားအောင်ပြရန်တာဝန်မှာ ထိုသူအပေါ်၌ တည်ရှိနေပေသည်ဟု ဖော်ပြသည်။
“ဒေါ်သိုက် နှင့် စီရောင်အလင်း ( ၁၉၅၁ မတစ လွှတ်တော်ချုပ် ၁၃၃ )” အမှု၌မူကား ပိုမို၍ ကျယ်ပြန့်စွာ ဆုံးဖြတ်ထားသည်ကိုတွေ့ရပြန်သည်။ ထိုစီရင်ထုံးအရ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာမှန်လျှင် မည်သည့်လူမျိုးပင် ဖြစ်စေ၊ မည်သည့်တိုင်းပြည်ကပင် လာသည်ဖြစ်စေ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်သည်ဟု ဆုံးဖြတ်သည်။
၁၉၃၆ ခုနှစ် တရားရုံးချုပ် စီရင်ထုံးတစ်ခု “ ဆူဘရာမိုနီယန် နှင့် ဒေါ်ယုံ( ၁၉၆၃ မတစ ၄၂၃ )” ၌ တရုတ် ဗုဒ္ဓဘာ သာများ၏ အမွေကို မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ခန့်ခွဲရမည်ဟု ဆုံးဖြတ်ထားသည်။
“ဒေါ်သိုက် နှင့် စီရောင်အလင်း ( ၁၉၅၁ မတစ လွှတ်တော်ချုပ် ၁၃၃ ) ” အရ တရုတ်ဗုဒ္ဓဘာသာ တစ် ယောက်သည် မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ပို၍ သက်ဆိုင်သင့်သော အကြောင်းများရှိလေ သည်။ တရုတ်မြန်မာကပြားများမှာ ဇာတိအားဖြင့် မြန်မာတိုင်းရင်းသားများဖြစ်၍ ၎င်းတို့၏ အနေအထိုင် ၊ အပြုအမှုများမှာ မြန်မာဗုဒ္ဓဘာသာတစ်ယောက်နှင့် ထပ်တူတပ်မျှပင် ဖြစ်လေသည်။ ထို့ကြောင့် ထိုသူ၏ သက်ဆိုင်ရာ ဓလေ့ ထုံ းတမ်း သည် မြန်မာပြည်တွင် တရားဥပဒေကဲ့သို့ အတည်ဖြစ်နေကြောင်းနှင့် ထိုဓလေ့ထုံး တမ်းသည် မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ဆန့်ကျင်ကြောင်း ထင်ရှားအောင် မပြနိုင်သမျှကာလပတ်လုံး တရုတ်မြန်မာကပြား ဗုဒ္ဓဘာသာများသည် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်လေသည်။
ပုဏ္ဏားလူမျိုး
=======
မဏိပူရအနွယ် ပုဏ္ဏားလူမျိုးများသည် မြန်မာပြည်တွင်ထာဝရနေထိုင်သည့်လူမျိုးများဖြစ်သော်လည်း ၎င်းတို့ သည် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် မဆိုင်ပေ။
“မစောသင် နှင့် ဆရာဆင် ( ၁၉၅၆ မတစ လွှတ်တော် ၈၉ )” အရ မဏိပူရဟိန္ဒူများ သို့မဟုတ် ပုဏ္ဏများ၏ အမွေဆက်ခံမှုမှာ ဟိန္ဒူဥပဒေ ( ဒါယျဘာဂ ) နှင့် ပုဏ္ဏားဓလေ့ထုံးတမ်းဥပဒနှင့် သက်ဆိုင်သည်။ဤအမှုတွင် ပုဏ္ဏားများ အမွေဆက်ခံမှုနှင့်ပတ်သက်သော ဓလေ့ထုံးတမ်းဥပဒေသည် မြန်မာနိုင်ငံတွင် တည်မြဲခိုင်မာခြင်း မရှိ ။ထို့ကြောင့် ဟိန္ဒူဒါယျဘာဂဥပဒေ နှင့် သက်ဆိုင်သည်။
“ဦးကံလှပါ ၃ နှင့် ဒေါ်ရင်ပါ ၂ [၁၉၈၃ ခုနှစ် တရားမအယူခံမှု အမှတ် ၉ ရုံးချုပ် ( မန္တလေး)]” အမှုတွင် ပုဏ္ဏားတို့သည် ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်ကြောင်း ဆုံးဖြတ်သည်။
၁၉၅၆ ခုနှစ် ဟိန္ဒိူလူမျိုးများ ပစ္စည်းဆက်ခံခွင့်နှင့် ဥပေဒေသည် အိန္ဒိယပြည်တွင် ြံပဋ္ဌာန်းထားစေကာမူ ပြည်ထောင်စုမြန်မာနိုင်ငံ၌ ထိုကဲ့သို့ ပြဋ္ဌာန်းထားခြင်းမရှိ၍ လိုက်နာရန် မလိုပေ။ ဟိန္ဒိူလူမျိုးများ၏ ဓလေ့ထုံး တမ်းများနှင့် ထိုဓလေ့ထုံးတမ်းများအပေါ် ချမှတ်ထားသည့် စီရင်ထုံးများသာလျှင် ဟိန္ဒူဥပဒေအဖြစ် ပြည် ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တရားရုံးများက အသိအမှတ်ပြုကာ တရားစီရင်ရာ၌ လိုက်နာကျင့်သုံးရမည် ဖြစ်သည်။ “ စီရာဂျာဂိုပေါ ပါ ၂ နှင့် ဦးတင်ဘော် ပါ ၃ ( ၁၉၆၆ မတစ ၁၁၆၇ )”။
ကွယ်လွန်သူ ဦးတာတိုင်းတို့၏အမွေကို ဆက်ခံသည့်ကိစ္စမှာ တရားလို တရားပြိုင်တို့ကိုးကွယ်သည့် ဘာသာနှင့် သက်ဆိုင်ခြင်းမရှိပေ။ ကွယ်လွန်သူ အမွေရှင် ကိုးကွယ်သည့်ဘာသာနှင့်သာ သက်ဆိုင်သည်။ ဟိန္ဒူဥပဒေ ( ဒါယျဘာဂဥပဒေ ) အရ ယောကျာ်းတစ်ဦး၏ အမွေကို ရှေးဦးစွာ ဆက်ခံသူများမှာ သား၊ မြေး ယောကျာ်းနှင့် မြစ်ယောကျာ်းတို့ဖြစ်သည်။ အမှတ် ( ၅ ) တရားပြိုင် ဦးဘသန်းသည် မြေးယောကျာ်းဖြစ်ရာ အမွေရှင် ဦးတာတိုင်း ကွယ်လွန်စဉ်က အသက်ထင်ရှားရှိနေခဲ့လျှင် ဦးတာတိုင်း၏ အမွေကို ဆက်ခံရရှိမည်ဖြစ် သည်။ အကယ်၍ အမွေရှင် ကွယ်လွန်စဉ်တွင် မမွေးဖွားသေးပါကလည်း ဦးတာတိုင်၏ အမွေကို မုဆိုးမ၊ သမီး၊ သမီး၏သားအနေဖြင့် အစီအစဉ်အတိုင်း လက်ခံရရှိမည်ဖြစ်သည်။
မုဆိုးမနှင့် သားသမီးများသည် အမွေပစ္စည်းတွင် ကန့်သတ်ချက်ဖြင့်သာ အကျိုးသက်ဆိုင်ခွင့်ရရှိ သည်။ မုဆိုးမနှင့် သမီး ကွယ်လွန်သော အခါ ၎င်း၏ အကျိုးသက်ဆိုင်ခွင့်သည် ၎င်း၏ အမွေစား အမွေခံများ လက်သို့ မရောက်၊ ခင်ပွန်းသည်၏နောက် အမွေစား အမွေခံများလက်သို့ရောက်သည်။ “ဒေါ်စောရင် ပါ ၂ နှင့် ဦးခင်မောင်အေး ပါ ၅ ( ၁၉၉၄ ခုနှစ် တရားမ အထူးအယူခံအမှတ် ၁၃၈ )”။
ရခိုင်လူမျိုး
=====
လက်ရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင် နေထိုင်သူ မြန်မာလူမျိုး ရခိုင်များကို နိုင်ငံခြားသားဟု သတ်မှတ်၍ ရနိုင်၊ မရနိုင်မှာ မြန်မာနိုင်ငံအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ငန်းဖြစ်သည်။ ဤအမှုတွင် အငြင်းမပွားသည်မှာ အချင်းဖြစ် မရွှေ့မပြောင်းနိုင်သောပစ္စည်းပိုင်ဆိုင်သူ ဦးစောထွန်းဖြူသည် လည်းကောင်း၊ ဦးစောထွန်းဖြူ ကွယ် လွန်သဖြင့် သက်ရှိထင်ရှား အမွေဆက်ခံသူ ဒေါ်စိန်ဘွင့်ခိုင်သည် လည်းကောင်း ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အမြဲနေထိုင်ကြခြင်းပင်ဖြစ် သည်။ တရားလိုမှာ ဒေါ်စိန်ဘွင့်ခိုင်၏ သမီးတစ်ဦးဖြစ်သည်။ ကျန်မွေးချင်း ငါးဦးမှာလည်း မြန်မာနိုင်ငံတွင် မရှိ ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် နေုထိုင်ကြသည်။ ထို့ကြောင့် ဤအမှု မှာ တရားလိုသည် နိုင်ငံခြားတွင် အမြဲနေထိုင်သူ၊ တစ်နည်းအားဖြင့် နိုင်ငံခြားသို့ အပြီးအပိုင် ထွက်ခွာသွား သူဟု သဘောသက်ရောက်သူများ၏အခွင့်ကို ရယူပြီး တစ်နည်းအားဖြင့် ကိုယ်စားပြုပြီး စွဲဆိုရာရောက်သည်။ ထို့ကြောင့် ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သောပစ္စည်း လွဲှပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ ၆ ( က ) နှင့် ငြိစွန်းနေသည်။ သက်ဆိုင်ရာဝန်ကြီးဌာနက ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ပေးကြောင်း ချမှတ်သည့် အမိန့်မပါရှိဘဲ တရားမ တရားရုံးက စီရင်ပိုင်ခွင့်မရှိပေ။ “ဒေါ်မြရှင်ဦးပါ ၅ နှင့် ဒေါ်မေနုဖြူ ( ၁၉၉၃ မတစ ၄၇ )”။
ရှမ်းပြည်နယ်တွင် အာဏာသက်ရောက်သည့် ဥပဒေပြဋ္ဌာန်းချက်များတွင် မြန်မာနိုင်ငံတရားဥပဒေများ ဆိုင်ရာ အက်ဥပဒေပါဝင်သည်။ ယင်းဥပဒေ ပုဒ်မ ၁၃ ( ၃ ) တွင် အမှုသည်များအကြား အငြင်းပွားသည့် တရားမမှုခင်းများနှင့် စပ်လျဉ်း၍ သီးခြားပြဋ္ဌာန်းချက်မရှိလျှင် တရားရုံးက တရားမျှတမှု ၊ ဿနာညီမျှမှုနှင့် မွန်မြတ်သော အသိတရားတို့အရ အဆုံးအဖြတ်ပေးနိုင်ကြောင်း ဖော်ပြထားသည်။ ရှမ်းပြည်နယ်တွင် လျှောက် ထား သူစွဲဆိုသော အမှုအတွက် သီးခြားဥပဒေပြဋ္ဌာန်းချက်မရှိသဖြင့် သူတောင်းဆိုသော သက်သာခွင့်များ ရသင့်၊ မရသင့် ပြဿနာကို ယင်းဥပဒေ ပုဒ်မ ၁၃ ( ၃ ) အရ အဆုံးအဖြတ်ပြုရန်ဖြစ်သည်။ “ဦးလှမောင် နှင့် ဦးတင် ပါ ၂ ( ၁၉၈၅ မတစ ၉ )”။
( အညွှန်း - ဦးမြစိန် ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအခြေခံမူများ ၊ စာ ၉ ) # DVBLawLab
(Zawgyi)
ျမန္မာဓေလ႔ထုံးတမ္းဥပေဒႏွင္႔ သက္ဆုိင္သူမ်ား
=========================
ဗုဒၶဘာသာကုိးကြယ္သူတုိင္းသည္ “ ျမန္မာဓေလ႔ထုံးတမ္းဥပေဒ” ႏွင္႔ သက္ဆုိင္သေလာဆုိသည္႔ ျပႆ နာကုိ တင္ျပရန္ လုိပါသည္။
ဗုဒၶဘာသာ မိဘမ်ားမွ ဆင္းသက္သည္႔ သားသမီးမ်ားသည္ အျခားဘာသာသုိ႔ ကူးေျပာင္းကုိးကြယ္ျခင္း မရွိလွ်င္ ဗုဒၶဘာသာမ်ားသာျဖစ္သည္ဟု ယူဆႏုိင္သည္။ မိရုိးဖလာအားျဖင္႔ ဗုဒၶဘာသာဝင္ ျဖစ္ၾကသူမ်ားအဖုိ႔ ဘုရားသြား ေက်ာင္းတက္ အစရွိသည္႔ ဘာသာေရးုကုိင္းရႈိင္းမႈမ်ား မျပဳလုပ္ေစကာမူ အျခားဘာသာ သုိ႔ မကူး ေျပာင္းေသးမွ် ကာလပတ္လုံး ဗုဒၶဘာသာမ်ားသာျဖစ္သည္ဟု လြယ္လင္႔တကူ ယူဆႏုိင္သည္။ သုိ႔ရာတြင္ အျခားဘာသာမွ ကူးေျပာင္းလာသည္႔သူမ်ား၊ မိရုိးဖလာအားျဖင္႔ ဗုဒၶဘာသာဝင္မဟုတ္သူမ်ားႏွင္႔ပတ္သက္၍မူ ထုိသူမ်ားသည္ ဗုဒၶဘာသာဝင္မ်ား ဟုတ္-မဟုတ္ အဆုံးအျဖတ္ျပဳရန္ မလြယ္ကူေပ။ ဗုဒၶဘာသာဝင္တစ္ဦး ျဖစ္ ရန္အတြက္ အျခားဘာသာမ်ားကဲ႔သု႔ိ ဘာသာသစ္သုိ႔ သြတ္သြင္းေသာ ပြဲလမ္းအခမ္းအနားဟူ၍ မရွိသည္ႏွင္႔ အမွ် ဗုဒၶဘာသာဝင္အျဖစ္သုိ႔ ေရာက္မေရာက္ သက္ေသထင္ရွားျပသရန္ခက္ခဲသည္။
ဘုရား၊ တရား၊ သံဃာ တည္း ဟူေသာ ရတနာသုံးပါးကုိ ကုိးကြယ္ရာဟူ၍ ဆည္းကပ္သူသည္ ဗုဒၶဘာသာျဖစ္သည္ဟု ေယဘုယ် အားျဖင္႔ဆုိသည္။ သူတစ္ဦး၏စိတ္ဓာတ္ကုိ သိရွိႏုိင္ရန္ ခဲယဥ္းသည္။ “ ေဒၚေမေမခင္ ႏွင္႔ ေဒၚေက်ာင္ရွန္း ( ၁၉၇၁ မတစ ၁၂၇ )”။
သူတစ္ဦးတစ္ေယာက္၏ စိတ္အတြင္းသုိ႔ ဝင္ၾကည္႔ႏုိင္စြမ္းမရွိသျဖင္႔ ထုိသူသည္ မည္သည္႔ဘာသာ ၌ သက္ဝင္ယုံၾကည္သည္ကုိ ၄င္း၏ ေနာက္ေၾကာင္းရာဇဝင္၊ ကုိယ္အမူအရာ ၊ ႏႈတ္အမႈအရာႏွင္႔ မိတ္ေဆြ သဂၤဟအေပါင္းအသင္း စသည္႔ ပတ္ဝတ္က်င္တုိ႔ကုိ ထည္႔သြင္းစဥ္းစားၿပီးမွ မည္သည္႔ဘာသာကုိ ကုိးကြယ္ ေၾကာင္း အဆုံးအျဖတ္ေပးႏုိင္မည္ျဖစ္သည္။ “ေဒၚေမာ္ႏီြး ႏွင္႔ အယ္ ( လ္) အနင္း ( ၁၉၆၂ မတစ ရုံးခ်ဳပ္ ၂၃၂ )”။
မိမိအိမ္၌ တရုတ္ဘုရားစင္၊ မိိဘမ်ား၏ လိပ္ျပာစင္ႏွင္႔ တရုတ္နတ္စင္တုိ႔ ထားရွိကုိးကြယ္ျခင္းသည္ ဗုဒၶ ဘာသာကုိးကြယ္သူ တရုတ္ သုိ႔တည္းမဟုတ္ တရုတ္ကျပားမ်ားသည္ မိမိတုိ႔၏ မိရုိဖလာ ကုိးကြယ္မႈကုိ မစြန္႔ ေၾကာင္းမွ်သာျဖစ္သည္။ တရုတ္နတ္ကုိ မိရုိးဖလာထုံးစံအတုိင္း ကုိးကြယ္ရုံးမွ်ႏွင္႔ ထုိသူသည္ ဗုဒၶဘာသာဝင္တစ္ ေယာက္ မဟုတ္ဟု မဆုိႏုိင္ေပ။ “ေဒၚေမာ္ႏီြး ႏွင္႔ အယ္( လ ) အနင္း ( ၁၉၆၂ မတစ ရုံးခ်ဳပ္ ၂၃၂ )”။
တရုတ္နတ္တင္ျခင္း၊ တရုတ္ရုိးရာအရ လူႀကီးမ်ားကုိ ကန္ေတာ႔ျခင္း စသည္တုိ႔မွာ ဘာသာေရး မဟုတ္ဘဲ ယဥ္ေက်းမႈ ထုံးတမ္းအရ ေဆာင္ရြက္ျခင္းလည္း ျဖစ္ႏုိင္သည္။ ဗုဒၶဘာသာမ်ားအေနျဖင္႔ ဘာသာေရးႏွင္႔ မသက္ဆုိင္ေသာ နတ္မ်ား ပသျခင္း၊ နတ္အုန္းဆြဲျခင္း စသည္တုိ႔ ျပဳလုပ္ၾကရာ ထုိသုိ႔ျပဳလုပ္ကာမွ်ႏွင္႔ ဗုဒၶဘာ သာဝင္မ်ား မဟုတ္ေတာ႔ဟု မဆုိသာေခ်။ “ ကုိဖန္စိမ္း ႏွင္႔ ေဒၚရႈတင္ ( ၁၉၆၅ မတစ ၁၁၇ )”။
ေလ်ွာက္ထားခံရသူသည္ ပထမခင္ပြန္းႏွင္႔ မဂၤလာေဆာင္ရန္အတြက္သက္သက္သာ မြတ္စလင္ဘာသုိ႔ ကူးေျပာင္းမည္ျပဳၿပီး မြတ္စလင္ဘာ သာဝင္မ်ားကဲ႔သုိ႔ အစ္ေန႔မ်ားတြင္ ေကၽြးေမြးျခင္း၊ နမတ္စ္ဖတ္ျခင္း အစရွိသည္တုိ႔ကုိ ျပဳလုပ္ခဲ႔ျငားလည္း မူလကုိးကြယ္လာသည္႔ ဗုဒၶဘာသာကုိ သက္ဝင္ယုံၾကည္မႈ၊ စြန္႔ပယ္ျခင္း မျပဳေသးသည္႔အတြက္ မြတ္စလင္တစ္ဦးျဖစ္သည္ဟု မဆုိႏုိင္ေတာ႔ေခ်။ အဘယ္ေၾကာင္႔ဆုိေသာ္ အယူခံ တရားလုိက မြတ္စလင္တစ္ေယာက္သည္ အဓိကယုံၾကည္ခ်က္အျဖစ္ ဘုရားတစ္ပါးတည္းရွိျခင္း၊ ေနာက္ဆုံး တမန္ေတာ္မွာ မဟာမက္သခင္ျဖစ္ျခင္းတုိ႔မွလြဲ၍ အျခားယုံၾကည္ခ်က္မရွိဟု အတိအလင္း ထြက္ဆုိထားျခင္း ေၾကာင္႔ျဖစ္သည္။ ေလွ်ာက္ထားခံရသူသည္ ဗုဒၶဘာသာကုိင္းရႈိင္းသူတစ္ဦးအေနျဖင္႔ ဗုဒၶဘာသာထုံးစံအရ ဘုရားပန္းကပ္လွဴျခင္း၊ ဘုန္းႀကီး ဆြမ္းလွဴျခင္း၊ ရွင္ျပဳေပးျခင္းမ်ားကုိ ေဆာင္ရြက္ျခင္းအားျဖင္႔ ဘုရားတစ္ပါး တည္းရွိျခင္းကုိ ယုံၾကည္ရမည္ဟူေသာ မြတ္စလင္ဘာသာဝင္တုိင္း၏ အေျခခံအခ်က္ႏွင္႔ ကုိက္ညီျခင္းလည္း မရွိေပ။ “ေဒၚရဟီမာ ႏွင္႔ ေဒၚသီ ( ၁၉၇၅ မတစ ၇၉)”။
ေဒါက္တာဆြန္ဒရြန္သည္ ႏုိင္ငံျခားသားျဖစ္သည္႔ တမီလ္လူမ်ဳိးျဖစ္လင္႔ကစား ၄င္းသည္ ျမန္မာျပည္တြင္ ေမြးဖြားၿပီး ျမန္မာျပည္တြင္ အရုိးထုတ္ရန္ ရည္ရြယ္ခ်က္ျဖင္႔ ေနထုိင္လာၿပီး ျမန္မာျပည္တြင္ပင္ အရုိးထုတ္ခဲ႔ သည္႔ ဗုဒၶဘာသာ ႏုိင္ငံျခားသားျဖစ္သျဖင္႔ ၄င္း၏ အေမြဆက္ခံျခင္း ကိစၥအဝဝကုိ ျမန္မာဓေလ႔ထုံးတမ္းဥပေဒ အရသာ စီရင္ဆုံးျဖတ္ရမည္။ “ဦးခင္ေမာင္ျမင္႔ ႏွင္႔ ဦးကုိကုိ ( ၁၉၇၆ မတစ ၁၂)”။
လင္မယားကြာရွင္းလုိမႈတြင္ တရားလုိမိန္းမက ၄င္း၏မိခင္မွာ ဗုဒၶဘာသာျဖစ္ေၾကာင္း ၊ ဖခင္မွာ အစၥလာမ္ ဘာသာဝင္ျဖစ္ေၾကာင္း သုိ႔ေသာ္ ၄င္းအေနျဖင္႔ ဗုဒၶဘာသာကုိ ကုိးကြယ္ယုံၾကည္ေၾကာင္း၊ ၄င္း၏ ခင္ပြန္းမွာ အစၥလာမ္ဘာသာကုိးကြယ္ေသာ္လည္း ၄င္းအေနႏွင္႔ ဗုဒၶဘာသာကိုသာ ယုံၾကည္ကုိးကြယ္သည္ဟု အခုိင္ အမာ အစစ္ခံထားေၾကာင္း ေတြ႕ ရ သည္။ ဘာသာတရား သက္ဝင္ယုံၾကည္မႈသည္ လူတစ္ဦးခ်င္း၏ ခံယူခ်က္၊ စိတ္ေနသေဘာထားအေပၚ၌ တည္သည္႔ကိစၥျဖစ္သည္။ ထုိ႔ေၾကာင္႔ တရားရုံးက တရားလုိ ဇနီးျဖစ္သူသည္ ဗုဒၶဘာသာ ယုံၾကည္ကုိးကြယ္သူတစ္ဦးအေနျဖင္႔ သတ္မွတ္လ်က္ တရားလုိ ၊ တရားၿပိဳင္တုိ႔ လင္မယား ကြာ ရွင္းေရးကိစၥကုိ ျမန္မာဓေလ႔ထုံးတမ္းဥပေဒအရ စီရင္ဆုံးျဖတ္ရမည္ျဖစ္သည္။ “ဦးဟာရွင္( ခ) ဦးေမာင္ႏု ႏွင္႔ ေဒၚကေလးမ ( ၁၉၉၂ ခုႏွစ္ တရားမအထူးအယူခံမႈအမွတ္ ၅၄ )”။
အခ်ဳပ္အားျဖင္႔ ေရးရလွ်င္ လူတစ္ဦးတစ္ေယာက္သည္ မည္သည္႔ ဘာသာဝင္ျဖစ္သည္ဆုိသည္႔ ျပႆနာကုိ ဆုံးျဖတ္ရာတြင္ ထုိသူ၏ ကုိယ္ေရးရာဇဝင္၊ ကုိ္ယ္အမူအရာ၊ ႏႈတ္အမူအရာ၊ ေပါင္းသင္းဆက္ဆံမႈႏွင္႔ ပတ္ဝန္း က်င္တုိ႔ကုိ ေထာက္ထား၍ အဆုံးအျဖတ္ေပးရမည္ျဖစ္သည္။ သုိ႔ရာတြင္ ဘာသာေရးမဟုတ္ဘဲ ယဥ္ေက်းမႈ ထုံးစံအရ ေဆာင္ရြက္မႈမ်ား။ မိရုိးဖလာကုိးကြယ္အစဥ္အလာမ်ား၊ နတ္ကိုးကြယ္မႈမ်ား ျပဳလုပ္ရုံမွ်ျဖင္႔ ဗုဒၶဘာ သာဝင္ မဟုတ္ဟု မဆုိႏုိင္ေၾကာင္း ထင္ရွားသည္။
တရုတ္လူမ်ဳိး
=======
ျမန္မာျပည္တြင္ေနထုိ္င္သည္႔ တရုတ္လူမ်ဳိးမ်ားမွာ မ်ားေသာအားျဖင္႔ ဗုဒၶဘာသာမ်ားျဖစ္ၾကေသာ္လည္း ၄င္းတို႔၏ ဓေလ႔ထုံးတမ္းမ်ားမွာ ျမန္မာလူမ်ိးမ်ား၏ ဓေလ႔ထုံးတမ္းမ်ားႏွင္႔မတူေခ်။ ထုိ႔ေၾကာင္႔ ျမန္မာျပည္တြင္ ေနထုိ္င္သည္ တရုတ္ဗုဒၶဘာသာဝင္မ်ားသည္ ျမန္မာဓေလ႔ထုံးတမ္းဥပေဒႏွင္႔ သက္ဆုိင္မသက္ဆုိင္ဆုိသည္႔ အခ်က္မွာ ျမန္မာႏုိင္ငံ တရားစီရင္ေရးသမုိင္း၌ ႏွစ္ေပါင္း ( ၄၀ ) ေက်ာ္မွ် တိက်ျပတ္သားစြာ ေျဖရွင္းမရသည္ရ ျပႆနာတစ္ရပ္ျဖစ္ခဲ႔ဖူးေလသည္။
တရုတ္ဗုဒၶဘာသာမ်ားသည္ “ျမန္မာႏုိ္င္ငံဥပေဒမ်ားဆုိင္ရာ အက္ဥပေဒ” ၌ ျပဆုိသည္႔ “ဗုဒၶဘာသာဝင္” ျဖစ္သည္ဟု စီရင္ထုံးတစ္ခု “တန္မေရႊဇင္ ႏွင္႔ တန္မေငြဇင္ ( ၁၀ ရန္ကုန္ ၉၇ )” တြင္ ဆုိေသာ္လည္း အျခား စီရင္ထုံးတစ္ခု “ဖန္တီရုတ္ ႏွင္႔ လင္က်င္ေကာက္ ( ၈ ရန္ကုန္ ၅၇ )” ကမူ ဗုဒၶဘာသာမဟုတ္၍ ျမန္မာဓေလ႔ ထုံးတမ္းဥပေဒႏွင္႔ မသက္ဆုိင္ဟုဆုိသည္။
၁၉၃၉ ခုႏွစ္တြင္ ထြက္ေပၚလာသည္႔ “တန္မေရႊစင္ ႏွင္႔ ခူစူးေခ်ာင္ ( ၁၉၃၉ ရန္ကုန္ ၅၄၈ )” အမႈ ၌ တရုတ္လူမ်ဳိး ဗုဒၶဘာသာဝင္တစ္ေယာက္သည္ ျမန္မာျပည္တြင္ အတည္တက်ေနထုိင္၍ ျမန္မာျပည္တြင္ ေသဆုံးသြားပါက ၄င္း၏ ပစၥည္းအေမြ ဆက္ခံေရးမွာ ျမန္မာဓေလ႔ထုံးတမ္းဥပေဒအရ ျဖစ္သည္ဟု ဆုံးျဖတ္ လုိက္သည္။
“ တန္စိြက်ဴ ႏွင္႔ ခ်ိန္ခ်ိန္လ်န္ ( ၁၉၄၇ ရန္ကုန္ ၁၀၇ )” အမႈ၌ ျမန္မာႏုိင္ငံတြင္ ထာဝစဥ္ေနထုိင္သည္႔ တရုတ္ဗုဒၶဘာသာမ်ားသည္ ျမန္မာ႔ဓေလ႔ထုံးတမ္းဥပေဒႏွင္႔ သက္ဆုိင္သည္။ အကယ္၍ အထူးဓေလ႔ထုံးတမ္း တစ္ရွိလွ်င္ ထင္ရွားေအာင္ျပရန္တာဝန္မွာ ထုိသူအေပၚ၌ တည္ရွိေနေပသည္ဟု ေဖာ္ျပသည္။
“ေဒၚသုိက္ ႏွင္႔ စီေရာင္အလင္း ( ၁၉၅၁ မတစ လႊတ္ေတာ္ခ်ဳပ္ ၁၃၃ )” အမႈ၌မူကား ပုိမုိ၍ က်ယ္ျပန္႔စြာ ဆုံးျဖတ္ထားသည္ကုိုေတြ႔႔ရျပန္သည္။ ထုိစီရင္ထုံးအရ ျမန္မာႏုိင္ငံရွိ ဗုဒၶဘာသာမွန္လွ်င္ မည္သည္႔လူမ်ဳိးပင္ ျဖစ္ေစ၊ မည္သည္႔တုိင္းျပည္ကပင္ လာသည္ျဖစ္ေစ ျမန္မာဓေလ႔ထုံးတမ္းဥပေဒႏွင္႔ သက္ဆုိင္သည္ဟု ဆုံးျဖတ္သည္။
၁၉၃၆ ခုႏွစ္ တရားရုံးခ်ဳပ္ စီရင္ထုံးတစ္ခု “ ဆူဘရာမုိနီယန္ ႏွင္႔ ေဒၚယုံ( ၁၉၆၃ မတစ ၄၂၃ )” ၌ တရုတ္ ဗုဒၶဘာ သာမ်ား၏ အေမြကုိ ျမန္မာဓေလ႔ထုံးတမ္းဥပေဒအရ ခန္႔ခြဲရမည္ဟု ဆုံးျဖတ္ထားသည္။
“ေဒၚသုိက္ ႏွင္႔ စီေရာင္အလင္း ( ၁၉၅၁ မတစ လႊတ္ေတာ္ခ်ဳပ္ ၁၃၃ ) ” အရ တရုတ္ဗုဒၶဘာသာ တစ္ ေယာက္သည္ ျမန္မာဓေလ႔ထုံးတမ္းဥပေဒႏွင္႔ ပုိ၍ သက္ဆုိင္သင္႔ေသာ အေၾကာင္းမ်ားရွိေလ သည္။ တရုတ္ျမန္မာကျပားမ်ားမွာ ဇာတိအားျဖင္႔ ျမန္မာတုိင္းရင္းသားမ်ားျဖစ္၍ ၄င္းတုိ႔၏ အေနအထုိင္ ၊ အျပဳအမႈမ်ားမွာ ျမန္မာဗုဒၶဘာသာတစ္ေယာက္ႏွင္႔ ထပ္တူတပ္မွ်ပင္ ျဖစ္ေလသည္။ ထုိ႔ေၾကာင္႔ ထုိသူ၏ သက္ဆုိင္ရာ ဓေလ႔ ထုံးတမ္းသည္ ျမန္မာျပည္တြင္ တရားဥပေဒကဲ႔သုိ႔ အတည္ျဖစ္ေနေၾကာင္းႏွင္႔ ထုိဓေလ႔ထုံး တမ္းသည္ ျမန္မာဓေလ႔ထုံးတမ္းဥပေဒႏွင္႔ ဆန္႔က်င္ေၾကာင္း ထင္ရွားေအာင္ မျပႏုိ္င္သမွ်ကာလပတ္လုံး တရုတ္ျမန္မာကျပား ဗုဒၶဘာသာမ်ားသည္ ျမန္မာ႔ဓေလ႔ထုံးတမ္းဥပေဒႏွင္႔ သက္ဆုိင္ေလသည္။
ပုဏၰားလူမ်ဳိး
=======
မဏိပူရအႏြယ္ ပုဏၰားလူမ်ဳိးမ်ားသည္ ျမန္မာျပည္တြင္ထာဝရေနထုိ္င္သည္႔လူမ်ဳိးမ်ားျဖစ္ေသာ္လည္း ၄င္းတုိ႔ သည္ ျမန္မာ႔ဓေလ႔ထုံးတမ္းဥပေဒႏွင္႔ မဆုိင္ေပ။
“မေစာသင္ ႏွင္႔ ဆရာဆင္ ( ၁၉၅၆ မတစ လႊတ္ေတာ္ ၈၉ )” အရ မဏိပူရဟိႏၵဴမ်ား သုိ႔မဟုတ္ ပုဏၰမ်ား၏ အေမြဆက္ခံမႈမွာ ဟိႏၵဴဥပေဒ ( ဒါယ်ဘာဂ ) ႏွင္႔ ပုဏၰားဓေလ႔ထုံးတမ္းဥပဒႏွင္႔ သက္ဆုိင္သည္။ဤအမႈတြင္ ပုဏၰားမ်ား အေမြဆက္ခံမႈႏွင္႔ပတ္သက္ေသာ ဓေလ႔ထုံးတမ္းဥပေဒသည္ ျမန္မာႏုိင္ငံတြင္ တည္ၿမဲခုိင္မာျခင္း မရွိ ။ထုိ႔ေၾကာင္႔ ဟိႏၵဴဒါယ်ဘာဂဥပေဒ ႏွင္႔ သက္ဆုိင္သည္။
“ဦးကံလွပါ ၃ ႏွင္႔ ေဒၚရင္ပါ ၂ [၁၉၈၃ ခုႏွစ္ တရားမအယူခံမႈ အမွတ္ ၉ ရုံးခ်ဳပ္ ( မႏၱေလး)]” အမႈတြင္ ပုဏၰားတုိ႔သည္ ဟိႏၵဴဓေလ႔ထုံးတမ္းဥပေဒႏွင္႔ သက္ဆုိင္ေၾကာင္း ဆုံးျဖတ္သည္။
၁၉၅၆ ခုႏွစ္ ဟိႏိၵဴလူမ်ဳိးမ်ား ပစၥည္းဆက္ခံခြင္႔ႏွင္႔ ဥပေေဒသည္ အိႏိၵယျပည္တြင္ ျံပ႒ာန္းထားေစကာမူ ျပည္ေထာင္စုျမန္မာႏို္င္ငံ၌ ထုိကဲ႔သုိ႔ ျပ႒ာန္းထားျခင္းမရွိ၍ လုိက္နာရန္ မလုိေပ။ ဟိႏိၵဴလူမ်ဳိးမ်ား၏ ဓေလ႔ထုံး တမ္းမ်ားႏွင္႔ ထုိဓေလ႔ထုံးတမ္းမ်ားအေပၚ ခ်မွတ္ထားသည္႔ စီရင္ထုံးမ်ားသာလွ်င္ ဟိႏၵဴဥပေဒအျဖစ္ ျပည္ ေထာင္စုျမန္မာႏုိင္ငံအတြင္းရွိ တရားရုံးမ်ားက အသိအမွတ္ျပဳကာ တရားစီရင္ရာ၌ လုိက္နာက်င္႔သုံးရမည္ ျဖစ္သည္။ “ စီရာဂ်ာဂုိေပါ ပါ ၂ ႏွင္႔ ဦးတင္ေဘာ္ ပါ ၃ ( ၁၉၆၆ မတစ ၁၁၆၇ )”။
ကြယ္လြန္သူ ဦးတာတုိင္းတုိ႔၏အေမြကုိ ဆက္ခံသည္႔ကိစၥမွာ တရားလုိ တရားၿပိဳင္တုိ႔ကုိးကြယ္သည္႔ ဘာသာႏွင္႔ သက္ဆုိင္ျခင္းမရွိေပ။ ကြယ္လြန္သူ အေမြရွင္ ကုိးကြယ္သည္႔ဘာသာႏွင္႔သာ သက္ဆုိင္သည္။ ဟိႏၵဴဥပေဒ ( ဒါယ်ဘာဂဥပေဒ ) အရ ေယာက်ာ္းတစ္ဦး၏ အေမြကုိ ေရွးဦးစြာ ဆက္ခံသူမ်ားမွာ သား၊ ေျမး ေယာက်ာ္းႏွင္႔ ျမစ္ေယာက်ာ္းတုိ႔ျဖစ္သည္။ အမွတ္ ( ၅ ) တရားၿပိဳင္ ဦးဘသန္းသည္ ေျမးေယာက်ာ္းျဖစ္ရာ အေမြရွင္ ဦးတာတုိင္း ကြယ္လြန္စဥ္က အသက္ထင္ရွားရွိေနခဲ႔လွ်င္ ဦးတာတုိင္း၏ အေမြကုိ ဆက္ခံရရွိမည္ျဖစ္ သည္။ အကယ္၍ အေမြရွင္ ကြယ္လြန္စဥ္တြင္ မေမြးဖြားေသးပါကလည္း ဦးတာတုိင္၏အေမြကုိ မုဆိုးမ၊ သမီး၊ သမီး၏သားအေနျဖင္႔ အစီအစဥ္အတုိင္း လက္ခံရရွိမည္ျဖစ္သည္။
မုဆုိးမႏွင္႔ သားသမီးမ်ားသည္ အေမြပစၥည္းတြင္ ကန္႔သတ္ခ်က္ျဖင္႔သာ အက်ဳိးသက္ဆုိင္ခြင္႔ရရွိ သည္။ မုဆုိးမႏွင္႔ သမီး ကြယ္လြန္ေသာအခါ ၄င္း၏ အက်ဳိးသက္ဆုိင္ခြင္႔သည္ ၄င္း၏ အေမြစား အေမြခံမ်ား လက္သို႔ မေရာက္၊ ခင္ပြန္းသည္၏ေနာက္ အေမြစား အေမြခံမ်ားလက္သုိ႔ေရာက္သည္။ “ေဒၚေစာရင္ ပါ ၂ ႏွင္႔ ဦးခင္ေမာင္ေအး ပါ ၅ ( ၁၉၉၄ ခုႏွစ္ တရားမ အထူးအယူခံအမွတ္ ၁၃၈ )”။
ရခုိင္လူမ်ဳိး
=====
လက္ရွိ ဘဂၤလာေဒ႔ရွ္ႏုိင္ငံ စစ္တေကာင္းေဒသတြင္ ေနထုိင္သူ ျမန္မာလူမ်ဳိး ရခုိ္င္မ်ားကုိ ႏုိ္င္ငံျခားသားဟု သတ္မွတ္၍ ရႏုိ္င္၊ မရႏုိင္မွာ ျမန္မာႏုိင္ငံအစုိးရ ျပည္ထဲေရးဝန္ႀကီးဌာန၏ လုပ္ငန္းျဖစ္သည္။ ဤအမႈတြင္ အျငင္းမပြားသည္မွာ အခ်င္းျဖစ္ မေရႊ႕မေျပာင္းႏုိင္ေသာပစၥည္းပုိင္ဆုိင္သူ ဦးေစာထြန္းျဖဴသည္ လည္းေကာင္း၊ ဦးေစာထြန္းျဖဴ ကြယ္လြန္သျဖင္႔ သက္ရွိထင္ရွား အေမြဆက္ခံသူ ေဒၚစိန္ဘြင္႔ခုိင္သည္ လည္းေကာင္း ၊ ဘဂၤလာေဒ႔ရွ္ႏုိင္ငံတြင္ အၿမဲေနထုိင္ၾကျခင္းပင္ျဖစ္သည္။ တရားလိုမွာ ေဒၚစိန္ဘြင္႔ခုိင္၏ သမီးတစ္ဦးျဖစ္္သည္။ က်န္ေမြးခ်င္း ငါးဦးမွာလည္း ျမန္မာႏုိ္င္ငံတြင္ မရွိ ၊ ဘဂၤလာေဒ႔ရွ္ႏုိ္င္ငံတြင္ ေနုထုိင္ၾကသည္။ ထုိ႔ေၾကာင္႔ ဤအမႈ မွာ တရားလုိသည္ ႏုိင္ငံျခားတြင္ အၿမဲေနထုိင္သူ၊ တစ္နည္းအားျဖင္႔ ႏိုင္ငံျခားသုိ႔ အၿပီးအပုိင္ ထြက္ခြာသြား သူဟု သေဘာသက္ေရာက္သူမ်ား၏အခြင္႔ကုိ ရယူၿပီး တစ္နည္းအားျဖင္႔ ကုိယ္စားၿပဳၿပီး စြဲဆုိရာေရာက္သည္။ ထုိ႔ေၾကာင္႔ ၁၉၈၇ ခုႏွစ္ မေရႊ႕မေျပာင္းႏုိင္ေသာပစၥည္း လဲႊေျပာင္းျခင္းကုိ ကန္႔သတ္သည္႔ ဥပေဒ ပုဒ္မ ၆ ( က ) ႏွင္႔ ၿငိစြန္းေနသည္။ သက္ဆုိင္ရာဝန္ႀကီးဌာနက ဥပေဒႏွင္႔အညီ အေမြဆက္ခံခြင္႔ေပးေၾကာင္း ခ်မွတ္သည္႔ အမိန္႔မပါရွိဘဲ တရားမ တရားရုံးက စီရင္ပုိင္ခြင္႔မရွိေပ။ “ေဒၚျမရွင္ဦးပါ ၅ ႏွင္႔ ေဒၚေမႏုျဖဴ ( ၁၉၉၃ မတစ ၄၇ )”။
ရွမ္းျပည္နယ္တြင္ အာဏာသက္ေရာက္သည္႔ ဥပေဒျပ႒ာန္းခ်က္မ်ားတြင္ ျမန္မာႏုိ္င္ငံတရားဥပေဒမ်ား ဆုိင္ရာ အက္ဥပေဒပါဝင္သည္။ ယင္းဥပေဒ ပုဒ္မ ၁၃ ( ၃ ) တြင္ အမႈသည္မ်ားအၾကား အျငင္းပြားသည္႔ တရားမမႈခင္းမ်ားႏွင္႔ စပ္လ်ဥ္း၍ သီးျခားျပ႒ာန္းခ်က္မရွိလွ်င္ တရားရုံးက တရားမွ်တမႈ ၊ ႆနာညီမွ်မႈႏွင္႔ မြန္ျမတ္ေသာ အသိတရားတုိ႔အရ အဆုံးအျဖတ္ေပးႏုိ္င္ေၾကာင္း ေဖာ္ျပထားသည္။ ရွမ္းျပည္နယ္တြင္ ေလ်ွာက္ ထား သူစြဲဆုိေသာ အမႈအတြက္ သီးျခားဥပေဒျပ႒ာန္းခ်က္မရွိသျဖင္႔ သူေတာင္းဆုိေသာ သက္သာခြင္႔မ်ား ရသင္႔၊ မရသင္႔ ျပႆနာကုိ ယင္းဥပေဒ ပုဒ္မ ၁၃ ( ၃ ) အရ အဆုံးအျဖတ္ျပဳရန္ျဖစ္သည္။ “ဦးလွေမာင္ ႏွင္႔ ဦးတင္ ပါ ၂ ( ၁၉၈၅ မတစ ၉ )”။
( အၫႊန္း - ဦးျမစိန္ ၊ ျမန္မာ႔ဓေလ႔ထုံးတမ္းဥပေဒအေျခခံမူမ်ား ၊ စာ ၉ ) # DVBLawLab
No comments:
Post a Comment