Friday, July 31, 2020

ရခိုင္ရိုးရာအမဲသားေၾကာင္ခ်က္ - ကင္းမြန္ႏွင့္ မၽွစ္ခ်ိဳႏုရခိုင္ေသာက္ဆမ္း - မာလာတို့ဟူးခ်က္

ရခိုင်ရိုးရာအမဲသားကြောင်ချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


မနေ့က ရခိုင်လူမျိုးညီမလေးတစ်ယောက်ကရခိုင်ဟင်းချက်နည်းလေးတစ်ခုဝေမျှတယ်။ကြောင်ချက်ဆိုတာကိုမြန်မာလိုအဓိပ္ပါယ်သေချာမပြန်တတ်ဘူးလို့​ပြောပေမယ့် ပါဝင်ပစ္စည်းတွေအကုန်လုံးကိုရောပြီး ဆီလေးအနည်းငယ်နဲ့လုံးချက်တဲ့သဘောပါပဲ။

ထူး​ခြားတာကဝါးပိုးဝါးကြီးထဲ ထည့်ချက်ရင်ပိုမွှေးတယ်လို့ပြောတော့ကျွန်တော်တို့ ရှမ်းပြည်(သို့)ကချင်ပြည်နယ်တွေမှာချက်လေ့ရှိတဲ့ ဝါးမီးအုံးချက် နဲ့တူမယ်လို့ ကိုယ့်အတွေးနဲ့ ကိုယ်တွေးလိုက်ပါတယ်။.
သူပြောတဲ့ လုံးချက်နည်းနဲ့ ချက်ထားပေမယ့် ကျွန်တော်က စားကောင်းချင်တာရော၊ ပုံထွက်လှချင်တာရယ်ကြောင့်
အဆင့်(၃)ဆင့်နဲ့ချက်ထားပါတယ်။နောက်တစ်ခုက ဘာအသားနဲ့ချက်ချက်ရတယ်ဆိုပေမယ့် ကျွန်တော်က အကြောလေးတွေပါတဲ့အမဲသားနဲ့ချက်ပါတယ်။

 ချက်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

အကြောပါအမဲသား..........၃၀ သား
ကြက်သွန်နီ........................၃လုံး
ကြက်သွန်ဖြူ.....................၅တက်
ချင်းသေးသေး...................၁တက်
စပါးလင်............................၂ပင်
ငရုတ်သီးစိမ်း.....................၂ဝတောင့်
ပင်စိမ်း+ရှမ်းနံနံ................ ..၅ပင်စီ
ငါးပိ........... ကွမ်းသီးလုံးကြီးကြီး၁လုံးခန့်

ပထမဆုံး ကိုယ်သုံးမယ့်အသားကို ၁.၅စင်တီမီတာ အတုံးငယ်လေးများတုံးပြီး နနွင်းမှုန့်၊ ငါးပိ၊ ဆား၊ အရသာမှုန့်၊ ရမ်အရက်တစ်ဖုံးခန့်ထည့်နယ်ပြီး (၁၀)မိနစ်ခန့်နှပ်ထားပေးပါ။

ထိုစဉ်အတွင်း ချင်း၊ စပါးလင်ကိုခပ်ကြမ်းကြမ်းနုပ်နုပ်စဉ်းပါ။

အဖုံးလုံသောအိုးတစ်လုံးမှာအရသာနယ်ထားသောအသားကိုထည့်ပါ။

 နုပ်နုပ်စဉ်းထားသောချင်း၊ စပါးလင်တွေထည့်မွှေပြီးဆီဟင်းချက်ဇွန်းတစ်ဇွန်းခန့်လောင်းထည့်ကာ အဖုံးအုပ်ပြီးစတင်အပူပေးပါ။

ပထမအဆင့် အသားအိုးတည်ထားချိန်မှာ
ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကိုနုပ်နုပ်စဉ်းထားပါ။

ပထမတစ်ရစ်ရေခမ်းဆီပြန်လာတာနဲ့နုပ်နုပ်စဉ်းထားတဲ့ကြက်သွန်နီ၊ ဖြူ ထည့်ပါ။

ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ရှမ်းနံနံတို့ကိုလဲခပ်ကြမ်းကြမ်းစဉ်းထားပါ။

ဒုတိယတစ်ကြိမ်ရေခမ်းဆီပြန်လာလျှင်ငရုတ်သီးစိမ်း၊ ပင်စိမ်းတွေထည့်ပြီးသမအောင်မွှေပြီး (၃)မိနစ်ခန့်အဖုံးအုပ်ထားပါ။

ရနံ့တွေကျိုက်ကျိုက်လှောင်အောင်မွှေးလာပြီဆိုရင်အဖုံးဖွင့်ပြီး ဖိုပေါ်မှချပါ။

#ဝန်ခံချက်
တကယ်တော့ သိပ်လွယ်တဲ့လုံးချက်နည်းပါ။ ကျွန်တော်က ကြက်သွန်တွေအနှစ်မပျော်ချင်တာရယ်၊ ပင်စိမ်း၊ငရုတ်သီးစိမ်းလေးတွေစိမ်းနေချင်တာရယ်ကြောင့် အဆင့်(၃)ဆင့် ခွဲချက်ရခြင်းဖြစ်ပါတယ်။

ကင်းမွန်နှင့် မျှစ်ချိုနုရခိုင်သောက်ဆမ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


ရခိုင်လူမျိုးတွေကဒီလိုအတွဲအစပ် ချက်ကြလားသေချာမသိလို့ ရခိုင်စာလို့တော့နာမည်မတပ်ရဲပါဘူး။

မျှစ်ချိုနုနဲ့ ကင်းမွန်လေးကိုအ​ခြေခံပြီး
ရခိုင်တွေစားလေ့ရှိတဲ့ ဆင်ခရမ်းသီး၊ ခရမ်းကစောသီးလေးနဲ့ ရောချက်လိုက်မိတယ်။
အာပူရွက်လေးအုပ်၊ နံနံပင်လေးခပ်ပေါ့။

ဆီမပါပဲ ငရုတ်သီးစိမ်းနဲ့ ငါးပိကိုပြုတ်ပြီးချက်ထားတာ။ မျှစ်ချိုနုက အချဉ်ဓာတ်လေးမသိုးမသီထွက်မှာရယ်၊ ဆင်ခရမ်းသီးကအချဉ်ဓာတ်လေးရှိမှာကြောင့် မန်ကျည်းမှည့်နှစ်အချဉ်သုံးမထားဘူး။

ကျွန်တော့်အကြိုက်ပါပဲ။ ကိုယ်ပိုင် Time line မှာတင်တော့ အားလုံးက ရခိုင်ချက်မှန်တယ်ဆိုလို့ ပေ့ချ်မှာ ပြန်တင်ပါတယ်။

ချက်နည်းလေး ကြည့်ကြရအောင်။

မျှစ်ချိုနု..................၂ဝကျပ်သား
ကင်းမွန်ပြုတ်ပြီး......၁ဝကျပ်သား
ငရုတ်သီးစိမ်း...........၁၅ တောင့်ခန့်
ဆင်ခရမ်းသီး............၄လုံး
ခရမ်းကစော့သီး........၂ဝလုံးခန့်
စပါးလင်.....................၁ပင်
အာပူရွက်+နံနံပင်.........အနည်းငယ်စီ

ပထမဆုံးငရုတ်သီးစိမ်းကို နနွင်းမှုန့်အနည်းငယ်နှင့်နူးအိသည်အထိပြုတ်ပါ။

ထောင်းရန်အတွက် အအေးခံထားပါ။

ဒယ်အိုးတစ်လုံးမှာ ရေ ၁ လီတာခန့်ထည့်ပြီး သန့်စင်ထားတဲ့မျှစ်ချိုနုတွေထည့်ပါ။

စပါးလင်ကိုရိုက်ပြားထုံးချည်ပြီးထည့်ပါ။
ငါးပိကွမ်းသီးလုံးကြီးကြီးခန့်ထည့်ပြီးစတင်ပြုတ်ပါ။

ထိုစဉ်အတွင်း၊ ငရုတ်သီးပြုတ်ကိုထောင်းပါ။ အသင့်ပြုတ်ပြီးကင်းမွန်တွေကိုပြင်ဆင်ထားပါ။

မျှစ်ပြုတ် တစ်ပွက်ဆူလာပြီဆို ထောင်းထားတဲ့ငရုတ်သီး၊ အခွံခွာပါးပါးလှီးထားတဲ့ဆင်ခရမ်းသီး၊ ခရမ်းကစော့သီးတွေထည့်ပါ။

ဆား၊ အရသာမှုန့်ထည့်ပါ။နောက်ဆုံးမှပြုတ်ထားတဲ့ကင်းမွန်လေးတွေထည့်ပါ။
(ကင်းမွန်တွေထည့်ပြီးအချိန်ကြာ ချက်ပြုတ်လျှင် ကင်းမွန်တွေမာသွားတတ်ပါတယ်)

အာပူရွက်လေး နှင့် နံနံပင်လေးအုပ်ပါ။

အရည်လဲသောက်လို့ရ၊ ဆမ်းစားလို့လဲရတဲ့ပူပူစပ်စပ်ရခိုင်သောက်ဆမ်းဟင်းလေးတစ်ခွက်ပါ။

မာလာတို့ဟူးချက်
°°°°°°°°°°°°°°°°°°°°


သက်သတ်လွတ်လေးလဲစားချင်၊ အမြန်လဲလိုချင်၊ ထမင်းလဲမြိန်ချင်ရင်ဒီလိုဟင်းလေးချက်စားပါ။

တိုဟူးနု........................၃ဝဝဂရမ် ၁တုံး
မာလာရှမ်းကောအနှစ်......၁ဇွန်းခွဲ
ထိုင်ဝမ်မုန်ညှင်း.................၁ဇွန်း
ငရုတ်ခြောက်တောင့်ကြော်..၅တောင့်
မြေပဲဆံကြော်..............၁ဝစေ့ခန့်

တို့ဟူး ကို အတုံးလိုက်ရေဆေးပြီးအတုံးငယ်လေးများတုံးကာရေစစ်ထားပါ။

ထိုင်ဝမ်မုန်ညှင်း ကိုလဲသန့်စင်ပြီး သင့်တော်သလိုလှီးဖြတ်ကာရေစစ်ထားပါ။

ငရုတ်ခြောက်တောင့်ကို ၃ ပိုင်း ပိုင်းဖြတ်ပြီးအစေ့များထုတ်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီပါသည်ဆိုရုံလေးထည့်ပြီး မြေပဲဆံကိုထည့်ကြော်ပြီးဆီစစ်ထားပါ။ ငရုတ်ခြောက်တောင့်ကိုလဲထည့်ကြော်ပြီး ဆီစစ်ထားပါ။

ထိုဆီထဲမှာပဲ မာလာရှမ်းကောအနှစ် ၁ ဇွန်းခွဲထည့်ပြီးဆီသပ်ပါ။

မွှေးလာလျှင် ထိုင်ဝမ်မုန်ညှင်းစိမ်းတွေထည့်မွှေပြီး အဖုံးအုပ်ထားပါ။

မုန်ညှင်းလေးတွေစိမ်းရောင်ပြောင်းပြီဆိုမှတို့ဟူးတုံးလေးတွေထည့်ပြီး ၃ မိနစ်ခန့်
ဆက် ချက်ပေးပါ။(အရမ်းမမွှေရ ၊ တို့ဟူးတုံးလေးများကြေတတ်သည်)

ပန်းကန်ထဲခပ်ထည့်ပြီးမြေပဲဆံကြော်၊ငရုတ်ခြောက်ကြော်၊ နှနှမ်းလေးများဖြူးပြီးအလှဆင်ပေးပါ။

Chef: Ko Win Naing Thein

(Zawgyi)

ရခိုင္ရိုးရာအမဲသားေၾကာင္ခ်က္
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မေန႔က ရခိုင္လူမ်ိဳးညီမေလးတစ္ေယာက္ကရခိုင္ဟင္းခ်က္နည္းေလးတစ္ခုေဝမၽွတယ္။ေၾကာင္ခ်က္ဆိုတာကိုျမန္မာလိုအဓိပၸါယ္ေသခ်ာမျပန္တတ္ဘူးလို့​ေျပာေပမယ့္ ပါဝင္ပစၥည္းေတြအကုန္လုံးကိုေရာၿပီး ဆီေလးအနည္းငယ္နဲ႔လုံးခ်က္တဲ့သေဘာပါပဲ။

ထူး​ျခားတာကဝါးပိုးဝါးႀကီးထဲ ထည့္ခ်က္ရင္ပိုေမႊးတယ္လို့ေျပာေတာ့ကၽြန္ေတာ္တို့ ရွမ္းျပည္(သို့)ကခ်င္ျပည္နယ္ေတြမွာခ်က္ေလ့ရွိတဲ့ ဝါးမီးအုံးခ်က္ နဲ႔တူမယ္လို့ ကိုယ့္အေတြးနဲ႔ ကိုယ္ေတြးလိုက္ပါတယ္။.
သူေျပာတဲ့ လုံးခ်က္နည္းနဲ႔ ခ်က္ထားေပမယ့္ ကၽြန္ေတာ္က စားေကာင္းခ်င္တာေရာ၊ ပုံထြက္လွခ်င္တာရယ္ေၾကာင့္
အဆင့္(၃)ဆင့္နဲ႔ခ်က္ထားပါတယ္။ေနာက္တစ္ခုက ဘာအသားနဲ႔ခ်က္ခ်က္ရတယ္ဆိုေပမယ့္ ကၽြန္ေတာ္က အေၾကာေလးေတြပါတဲ့အမဲသားနဲ႔ခ်က္ပါတယ္။

 ခ်က္ၾကည့္ၾကရေအာင္။

ပါဝင္ပစၥည္းမ်ား

အေၾကာပါအမဲသား..........၃၀ သား
ၾကက္သြန္နီ........................၃လုံး
ၾကက္သြန္ျဖဴ.....................၅တက္
ခ်င္းေသးေသး...................၁တက္
စပါးလင္............................၂ပင္
င႐ုတ္သီးစိမ္း.....................၂၀ေတာင့္
ပင္စိမ္း+ရွမ္းနံနံ................ ..၅ပင္စီ
ငါးပိ........... ကြမ္းသီးလုံးႀကီးႀကီး၁လုံးခန္႔

ပထမဆုံး ကိုယ္သုံးမယ့္အသားကို ၁.၅စင္တီမီတာ အတုံးငယ္ေလးမ်ားတုံးၿပီး နႏြင္းမွုန္႔၊ ငါးပိ၊ ဆား၊ အရသာမွုန္႔၊ ရမ္အရက္တစ္ဖုံးခန္႔ထည့္နယ္ၿပီး (၁၀)မိနစ္ခန္႔ႏွပ္ထားေပးပါ။

ထိုစဥ္အတြင္း ခ်င္း၊ စပါးလင္ကိုခပ္ၾကမ္းၾကမ္းႏုပ္ႏုပ္စဥ္းပါ။

အဖုံးလုံေသာအိုးတစ္လုံးမွာအရသာနယ္ထားေသာအသားကိုထည့္ပါ။

 ႏုပ္ႏုပ္စဥ္းထားေသာခ်င္း၊ စပါးလင္ေတြထည့္ေမႊၿပီးဆီဟင္းခ်က္ဇြန္းတစ္ဇြန္းခန္႔ေလာင္းထည့္ကာ အဖုံးအုပ္ၿပီးစတင္အပူေပးပါ။

ပထမအဆင့္ အသားအိုးတည္ထားခ်ိန္မွာ
ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴေတြကိုႏုပ္ႏုပ္စဥ္းထားပါ။

ပထမတစ္ရစ္ေရခမ္းဆီျပန္လာတာနဲ႔ႏုပ္ႏုပ္စဥ္းထားတဲ့ၾကက္သြန္နီ၊ ျဖဴ ထည့္ပါ။

င႐ုတ္သီးစိမ္း၊ ပင္စိမ္း၊ ရွမ္းနံနံတို့ကိုလဲခပ္ၾကမ္းၾကမ္းစဥ္းထားပါ။

ဒုတိယတစ္ႀကိမ္ေရခမ္းဆီျပန္လာလၽွင္င႐ုတ္သီးစိမ္း၊ ပင္စိမ္းေတြထည့္ၿပီးသမေအာင္ေမႊၿပီး (၃)မိနစ္ခန္႔အဖုံးအုပ္ထားပါ။

ရနံ့ေတြက်ိဳက္က်ိဳက္ေလွာင္ေအာင္ေမႊးလာၿပီဆိုရင္အဖုံးဖြင့္ၿပီး ဖိုေပၚမွခ်ပါ။

#ဝန္ခံခ်က္
တကယ္ေတာ့ သိပ္လြယ္တဲ့လုံးခ်က္နည္းပါ။ ကၽြန္ေတာ္က ၾကက္သြန္ေတြအႏွစ္မေပ်ာ္ခ်င္တာရယ္၊ ပင္စိမ္း၊င႐ုတ္သီးစိမ္းေလးေတြစိမ္းေနခ်င္တာရယ္ေၾကာင့္ အဆင့္(၃)ဆင့္ ခြဲခ်က္ရျခင္းျဖစ္ပါတယ္။

ကင္းမြန္ႏွင့္ မၽွစ္ခ်ိဳႏုရခိုင္ေသာက္ဆမ္း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရခိုင္လူမ်ိဳးေတြကဒီလိုအတြဲအစပ္ ခ်က္ၾကလားေသခ်ာမသိလို့ ရခိုင္စာလို့ေတာ့နာမည္မတပ္ရဲပါဘူး။

မၽွစ္ခ်ိဳႏုနဲ႔ ကင္းမြန္ေလးကိုအ​ေျခခံၿပီး
ရခိုင္ေတြစားေလ့ရွိတဲ့ ဆင္ခရမ္းသီး၊ ခရမ္းကေစာသီးေလးနဲ႔ ေရာခ်က္လိုက္မိတယ္။
အာပူရြက္ေလးအုပ္၊ နံနံပင္ေလးခပ္ေပါ့။

ဆီမပါပဲ င႐ုတ္သီးစိမ္းနဲ႔ ငါးပိကိုျပဳတ္ၿပီးခ်က္ထားတာ။ မၽွစ္ခ်ိဳႏုက အခ်ဥ္ဓာတ္ေလးမသိုးမသီထြက္မွာရယ္၊ ဆင္ခရမ္းသီးကအခ်ဥ္ဓာတ္ေလးရွိမွာေၾကာင့္ မန္က်ည္းမွည့္ႏွစ္အခ်ဥ္သုံးမထားဘူး။

ကၽြန္ေတာ့္အႀကိဳက္ပါပဲ။ ကိုယ္ပိုင္ Time line မွာတင္ေတာ့ အားလုံးက ရခိုင္ခ်က္မွန္တယ္ဆိုလို့ ေပ့ခ်္မွာ ျပန္တင္ပါတယ္။

ခ်က္နည္းေလး ၾကည့္ၾကရေအာင္။

မၽွစ္ခ်ိဳႏု..................၂၀က်ပ္သား
ကင္းမြန္ျပဳတ္ၿပီး......၁၀က်ပ္သား
င႐ုတ္သီးစိမ္း...........၁၅ ေတာင့္ခန္႔
ဆင္ခရမ္းသီး............၄လုံး
ခရမ္းကေစာ့သီး........၂၀လုံးခန္႔
စပါးလင္.....................၁ပင္
အာပူရြက္+နံနံပင္.........အနည္းငယ္စီ

ပထမဆုံးင႐ုတ္သီးစိမ္းကို နႏြင္းမွုန္႔အနည္းငယ္ႏွင့္ႏူးအိသည္အထိျပဳတ္ပါ။

ေထာင္းရန္အတြက္ အေအးခံထားပါ။

ဒယ္အိုးတစ္လုံးမွာ ေရ ၁ လီတာခန္႔ထည့္ၿပီး သန္႔စင္ထားတဲ့မၽွစ္ခ်ိဳႏုေတြထည့္ပါ။

စပါးလင္ကိုရိုက္ျပားထုံးခ်ည္ၿပီးထည့္ပါ။
ငါးပိကြမ္းသီးလုံးႀကီးႀကီးခန္႔ထည့္ၿပီးစတင္ျပဳတ္ပါ။

ထိုစဥ္အတြင္း၊ င႐ုတ္သီးျပဳတ္ကိုေထာင္းပါ။ အသင့္ျပဳတ္ၿပီးကင္းမြန္ေတြကိုျပင္ဆင္ထားပါ။

မၽွစ္ျပဳတ္ တစ္ပြက္ဆူလာၿပီဆို ေထာင္းထားတဲ့င႐ုတ္သီး၊ အခြံခြာပါးပါးလွီးထားတဲ့ဆင္ခရမ္းသီး၊ ခရမ္းကေစာ့သီးေတြထည့္ပါ။

ဆား၊ အရသာမွုန္႔ထည့္ပါ။ေနာက္ဆုံးမွျပဳတ္ထားတဲ့ကင္းမြန္ေလးေတြထည့္ပါ။
(ကင္းမြန္ေတြထည့္ၿပီးအခ်ိန္ၾကာ ခ်က္ျပဳတ္လၽွင္ ကင္းမြန္ေတြမာသြားတတ္ပါတယ္)

အာပူရြက္ေလး ႏွင့္ နံနံပင္ေလးအုပ္ပါ။

အရည္လဲေသာက္လို့ရ၊ ဆမ္းစားလို့လဲရတဲ့ပူပူစပ္စပ္ရခိုင္ေသာက္ဆမ္းဟင္းေလးတစ္ခြက္ပါ။

မာလာတို့ဟူးခ်က္
°°°°°°°°°°°°°°°°°°°°

သက္သတ္လြတ္ေလးလဲစားခ်င္၊ အျမန္လဲလိုခ်င္၊ ထမင္းလဲၿမိန္ခ်င္ရင္ဒီလိုဟင္းေလးခ်က္စားပါ။

တိုဟူးႏု........................၃၀၀ဂရမ္ ၁တုံး
မာလာရွမ္းေကာအႏွစ္......၁ဇြန္းခြဲ
ထိုင္ဝမ္မုန္ညႇင္း.................၁ဇြန္း
င႐ုတ္ေျခာက္ေတာင့္ေၾကာ္..၅ေတာင့္
ေျမပဲဆံေၾကာ္..............၁၀ေစ့ခန္႔

တို့ဟူး ကို အတုံးလိုက္ေရေဆးၿပီးအတုံးငယ္ေလးမ်ားတုံးကာေရစစ္ထားပါ။

ထိုင္ဝမ္မုန္ညႇင္း ကိုလဲသန္႔စင္ၿပီး သင့္ေတာ္သလိုလွီးျဖတ္ကာေရစစ္ထားပါ။

င႐ုတ္ေျခာက္ေတာင့္ကို ၃ ပိုင္း ပိုင္းျဖတ္ၿပီးအေစ့မ်ားထုတ္ထားပါ။

ဒယ္အိုးတစ္လုံးမွာဆီပါသည္ဆို႐ုံေလးထည့္ၿပီး ေျမပဲဆံကိုထည့္ေၾကာ္ၿပီးဆီစစ္ထားပါ။ င႐ုတ္ေျခာက္ေတာင့္ကိုလဲထည့္ေၾကာ္ၿပီး ဆီစစ္ထားပါ။

ထိုဆီထဲမွာပဲ မာလာရွမ္းေကာအႏွစ္ ၁ ဇြန္းခြဲထည့္ၿပီးဆီသပ္ပါ။

ေမႊးလာလၽွင္ ထိုင္ဝမ္မုန္ညႇင္းစိမ္းေတြထည့္ေမႊၿပီး အဖုံးအုပ္ထားပါ။

မုန္ညႇင္းေလးေတြစိမ္းေရာင္ေျပာင္းၿပီဆိုမွတို့ဟူးတုံးေလးေတြထည့္ၿပီး ၃ မိနစ္ခန္႔
ဆက္ ခ်က္ေပးပါ။(အရမ္းမေမႊရ ၊ တို့ဟူးတုံးေလးမ်ားေၾကတတ္သည္)

ပန္းကန္ထဲခပ္ထည့္ၿပီးေျမပဲဆံေၾကာ္၊င႐ုတ္ေျခာက္ေၾကာ္၊ ႏွႏွမ္းေလးမ်ားျဖဴးၿပီးအလွဆင္ေပးပါ။

Chef: Ko Win Naing Thein

No comments: